← Chapters

ပြောင်းရွှေ့ခြင်း

Vol. 13 Ch. 184

ပြောင်းရွှေ့ခြင်း

Vol. 13 Ch. 184

"ဒါ ဘာကြီးလဲဟယ် ဒီလောက်သေးတဲ့ သေတ္တာလေးက ဒီလောက်တောင် လေးနေရတာ" အရောင်းဝန်ထမ်း ကျန်းလိချင် သေတ္တာတစ်လုံးကို ဓာတ်လှေကားထဲသို့ ဆွဲသွင်းရင်း မောဟိုက်စွာ မြည်တွန်တောက်တီးနေ၏။

၎င်းမှာ သယ်ဆောင်ရန် လေးလံရုံသာမက မတင်ရန်ပင် အားအတော်ယူရသည်။

ကျန်းယန်မှာမူ ချွေးများဖြင့် ရွှဲစိုနေသော်ငြား စွမ်းအင်အပြည့်ဖြင့် လုံးဝ မောပန်းဟန်မပြ။

"ဒါ ငါ တည်ဆောက်ခဲ့တဲ့ ငါ့ရဲ့နိုင်ငံတော်ပဲ" သူမ မျက်လုံးများ ကျဉ်းမြောင်းရင်း အနည်းငယ် ဂုဏ်ယူဟန်ဖြင့် ဆိုလိုက်သည်။

"နင် ကူညီခဲ့မှတော့ ငါ ခြွင်းချက်အနေနဲ့ နင့်ကို ပြလိုက်မယ်။"

ထိုသို့ဆိုကာ သူမ လေးလံသော ခရီးဆောင်သေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။

အတွင်း၌ စွဲမက်ဖွယ် တောက်ပမှုရှိသော ထောင့်မှန်စတုဂံပုံ ရွှေတုံးများ ကျန်းလိချင်၏ရှေ့မှောက်ဝယ် ပေါ်ထွက်လာတော့သည်။

"ရွှေတွေ" ကျန်းလိချင် တုန်လှုပ်သွားသည်။

"ဒါတွေ… ဒါတွေအားလုံး ရွှေတွေချည်းပဲလား။"

သူမ၏ နှလုံးသား တုန်ခါသွား၏။ သူမ ခုနကမှ ရွှေ့ပြောင်းခဲ့သော မဖြစ်နိုင်လောက်အောင် လေးလံသည့် သေတ္တာများအားလုံး ရွှေများဖြင့် ပြည့်နှက်နေသည်တဲ့လား။

"ဒါပေါ့ ဒါတွေအားလုံး ရွှေတွေချည်းပဲပေါ့။ သိပ်များတယ်လို့ မထင်ရပေမဲ့ ဒီမှာ လေးရာကီလိုဂရမ်အပြည့် ရှိတယ် သန်းလေးရာ တန်တယ်" ကျန်းယန် ဆို၏။

ကျန်းလိချင် သိသိသာသာပင် ကြက်သေသေသွားသည်။

ကားအရောင်းဝန်ထမ်းတစ်ဦးအနေဖြင့် သူမ ဖောက်သည်ကြီးအချို့နှင့် ဆက်ဆံခဲ့ဖူးသည် ဘီလီယံနာများပင် ပါဝင်ခဲ့ဖူး၏။ သို့သော် တစ်ကြိမ်တည်းဖြင့် ရွှေ ကီလိုဂရမ် လေးရာ သယ်ဆောင်လာသူမျိုးကိုမူ သူမ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

"နင့်ရည်းစားက ဘာလို့ ရွှေတွေ ဒီလောက်အများကြီး ဝယ်ထားရတာလဲဟင်" ကျန်းလိချင် သူမ၏ အံ့ဩမှုကို ဖိနှိပ်ရန် ကြိုးစားရင်း အသုံးဝင်နိုင်မည့် သတင်းအချက်အလက်အချို့ ရရှိရန် မျှော်လင့်လျက် မေးလိုက်သည်။

ကျန်းယန် ပြန်ဖြေသည် "ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူက အမြဲတမ်း ဒီလို ကြိုတင်ခန့်မှန်းလို့မရတဲ့လူစားမျိုးပဲ။ နောက်ဆုံးတစ်ခေါက် ငါ သူ့ကို မေးကြည့်တော့ အိမ်အလှဆင်ဖို့တဲ့ ဒီလောက်တောင် လောက်ချင်မှလောက်ဦးမယ်တဲ့။"

"အိမ်အလှဆင်ဖို့ ရွှေသုံးတယ် ဟုတ်လား" ကျန်းလိချင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"သူ အဲ့လို ပြောခဲ့တာပဲ ဒါပေမဲ့ အမှန်တော့ မဟုတ်လောက်ပါဘူး။ ဖြစ်နိုင်တာက ရင်းနှီးမြှုပ်နှံမှု သက်သက်ပဲနေမှာ ရွှေဈေးတွေ မကြာသေးခင်က ထိုးတက်နေတာလေ ပြီးတော့ စတော့ဈေးကွက်ကလည်း ထိန်းချုပ်မှုအောက် ရောက်နေပြီ ငါ အဲ့ဒီထဲမှာ သန်းအနည်းငယ် ရှုံးထားခဲ့တာ ဒီတော့ ရုပ်ပိုင်းဆိုင်ရာရွှေမှာ ရင်းနှီးမြှုပ်နှံတာက အကြံကောင်းတစ်ခုလိုပဲ" ကျန်းယန် ထိုအတွေးကြောင့် သူမ၏နားထင်များကို ပွတ်သပ်ရင်း ဆိုသည်။

"ကံဆိုးတာက ငါ အခု ဒေဝါလီခံထားရပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ မတတ်နိုင်တော့ဘူး။"

သူမ ယန်ကျန့် သူမအား ဘောနပ်စ်ပေးမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။ ထိုလူငယ်လေး အနည်းငယ် ထူးဆန်းသော်ငြား ရက်ရောပြီး သူမအား သန်းပေါင်းများစွာ ပေးအပ်သည့်အခါ မျက်တောင်တစ်ချက် မခတ်ခဲ့။

"ဒါက ရင်းနှီးမြှုပ်နှံမှု သက်သက်တော့ မဟုတ်လောက်ဘူး" ကျန်းလိချင် သူ့ဘာသာ တွေးလိုက်မိသည်။

တကယ်လို့သာ အခြားဘီလီယံနာတစ်ဦးဦး ဤမျှများပြားသော ရွှေကို ဝယ်ယူခဲ့ပါက သူမ ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်များအတွက်ဟု ထင်ကောင်းထင်မိမည်။ သို့သော် သူမ၏ပင်ကိုယ်အသိစိတ်ကမူ ယန်ကျန့်၌ အခြားအကြောင်းရင်းများ ရှိလိမ့်မည်ဟု ပြောပြနေသည်။

"ငါလည်း ရွှေနည်းနည်း ဝယ်ထားပြီး မစ္စတာယန့်နောက်လိုက်ရင်း ကံစမ်းကြည့်သင့်တယ်" သူမ ပြုံးရွှင်စွာ သူမ၏ အတွေးများကို မျှဝေလိုက်သည်။

ကျန်းယန် ဆိုသည် "ယန်ကျန့်နောက်လိုက်တာကတော့ သေချာပေါက် အကြံကောင်းတစ်ခုပဲ။ သူ တခြားသူတွေကို လှည့်စားချင်လှည့်စားလိမ့်မယ် ငါ့ကိုတော့ လှည့်စားမှာ မဟုတ်ဘူး။"

မကြာမီ အမျိုးသမီးနှစ်ဦး မောပန်းနွမ်းနယ်စွာဖြင့် ရွှေများကို ကားဆီသို့ ဖြည်းညှင်းစွာ ရွှေ့ပြောင်းကြသည်။

"ဘာလို့ ဒီလောက် နှေးနေရတာလဲ။ ငါ စောင့်နေတာ ခေတ်တစ်ခုလောက် ကြာနေပြီ" ယန်ကျန့် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း သိုးသားကင်များ စားလျက် ဆို၏။

"နင်က စိတ်နှလုံးမရှိတဲ့လူ ငါက နင့်ပစ္စည်းတွေ ရွှေ့ပေးနေရတာ နင်ကတော့ ဒီမှာ သိုးသားကင်တွေ ထိုင်စားနေတယ်" ကျန်းယန် ညည်းညူလိုက်သည်။

ယန်ကျန့် မေးသည် "မင်း စားချင်လို့လား"

"ငါ သိုးသားကင် မစားချင်ဘူး။ ငါက ပြင်သစ်စားသောက်ဆိုင်မှာ ဝိုင်နီနဲ့ အမဲသားကင် စားချင်တာ ပြီးတော့ နင်ပဲ ပိုက်ဆံရှင်းရမယ်" ကျန်းယန် ဆို၏။

"အမဲသားကင်က သိုးသားကင်ထက် ပိုကောင်းလို့လား။ နောက်မနေနဲ့ကွာ။ ငါ မတတ်နိုင်ဘူးထင်အောင် လုပ်ထားတဲ့ အမဲသားကင် သေးသေးလေးတစ်ဖဲ့လား။ မင်း သိုးသားကင် မစားချင်တာ သေချာလို့လား" ယန်ကျန့် နောက်ပြောင်လိုက်သည်။

ကျန်းယန် တုံ့ဆိုင်းသွားပြီး အနည်းငယ် ဗိုက်ဆာသလို ခံစားလိုက်ရသည်။

"ထားပါတော့ တစ်ချောင်းပေး။"

သူမ သိုးသားကင်တစ်ချောင်း ယူလိုက်ပြီး ဂရုတစိုက် တစ်ကိုက် ကိုက်လိုက်သည်။

"အင်း မဆိုးပါဘူး။ တကယ် ကောင်းတာပဲ။"

"အစားရွေးတာက အကျင့်ဆိုးတစ်ခုပဲ။ မင်း အဲ့ဒါကို စွန့်လွှတ်သင့်တယ်" ယန်ကျန့် သူ၏သိုးသားကင်များ ကုန်အောင်စားပြီး မတ်တပ်ရပ်ရင်း ဆို၏။

"အရာအားလုံး ရွှေ့ပြီးပြီလား။"

အနီးအနားတွင် ရပ်နေသော ကျန်းလိချင် ဆိုသည် "မစ္စတာယန် အားလုံး ရွှေ့ပြီးပါပြီ။ အားလုံး ဒီမှာပါပဲ။"

"ကျွန်တော့်ကို မစ္စတာယန်လို့ မခေါ်ပါနဲ့။ ကျွန်တော်က ကုမ္ပဏီတစ်ခု လုပ်ကိုင်နေတာ မဟုတ်ဘူး။ သာမန်လူတွေက ကျွန်တော့်ကို နာမည်နဲ့ပဲ ခေါ်ကြတယ် အကြောင်းသိတဲ့သူတွေကတော့ တစ္ဆေမျက်လုံး ယန်ကျန့်လို့ ခေါ်ကြပြီး သူငယ်ချင်းတွေကတော့ အစ်ကိုကြီး ခြေထောက်လို့ ခေါ်ကြတယ်။ ခင်ဗျား ကြိုက်သလို ခေါ်နိုင်ပါတယ်" ယန်ကျန့် လျှောက်လာရင်း ကားနောက်ဖုံးဖွင့်ကာ ကီလိုဂရမ်လေးရာရှိ ရွှေများကို အတွင်းသို့ တင်ရင်း ဆို၏။

"ဒါပဲလား။ မင်းတို့မှာ အဝတ်အစားတွေ ဒါမှမဟုတ် တခြား ရွှေ့စရာပစ္စည်းတွေ မရှိတော့ဘူးလား" သူ မေးလိုက်သည်။

ကျန်းယန် သူမ၏ပါးစပ် သိုးသားကင်ကြောင့် ဆီပေနေလျက် အရောင်းသမားထံမှ နောက်ထပ် ဆယ်ချောင်း တောင်းလိုက်သည်။

"ငါ အသစ်တွေ ဝယ်လိုက်မယ်။ ငါ့အဝတ်အစားအဟောင်းတွေက ဘယ်လိုပဲဖြစ်ဖြစ် ခေတ်နောက်ကျနေပြီ။ နင် ငါ့ကို လစာ ကြိုတင်ပေးရလိမ့်မယ်။"

"အဲ့ဒါကတော့ မင်းရဲ့ အလုပ်လုပ်တဲ့ စိတ်ဓာတ်ပေါ် မူတည်တယ်" ယန်ကျန့် ဆို၏။

"ထုပ်ပိုးလိုက်တော့ သွားကြရအောင်။ နောက်ထပ် မစားနဲ့တော့။ လျှောက်သွားနေဖို့ သိပ် နောက်ကျနေပြီ။ တကယ်လို့ ငါတို့ နောက်ထပ် တစ္ဆေဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရင် ဒုက္ခရောက်ကုန်မှာ။ ငါ မှတ်မိသလောက်တော့ တာချန်းမြို့ထဲမှာ လှည့်လည်သွားလာနေတဲ့ တစ္ဆေတစ်ကောင် ရှိနေသေးတယ်။ ငါ မကြာသေးခင်က အဲ့ဒါနဲ့ မကြုံတွေ့ခဲ့ရပေမဲ့ အခု အဲ့ဒါ ဘယ်ရောက်သွားပြီလဲ ဘယ်သူသိနိုင်မှာလဲ။"

"ဘာ" ကျန်းယန် လည်ချောင်းနင်လုနီးပါး ဖြစ်သွားသည်။

"နင် ဘာလို့ အစောကြီးကတည်းက မပြောခဲ့တာလဲ။"

သူမ လျင်မြန်စွာ ထုပ်ပိုးလိုက်ပြီး ကားထဲဝင်ကာ ရှေ့ခရီးသည်ထိုင်ခုံကို သိမ်းပိုက်လိုက်သည်။

"မင်း ဘာရပ်ကြည့်နေတာလဲ။ သွားကြစို့" သူမ တိုက်တွန်းလိုက်သည်။

ယန်ကျန့် ဆိုသည် "နင် တကယ်ပဲ သေမှာကို ကြောက်တာပဲ။ မမကျန်း ငါတို့နဲ့ လိုက်ခဲ့မှာလား ဒါမှမဟုတ် ကျွန်တော် အိမ်ပြန်ပို့ပေးရမလား။"

"ကျွန်မ… ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့ပါ့မယ်။ စာချုပ်စာတမ်းကိစ္စတွေ မပြီးသေးဘူးလေ" ကျန်းလိချင် တုံ့ဆိုင်းသွားသော်လည်း ကားထဲသို့ ဝင်လိုက်သည်။

၎င်း စာချုပ်ကိစ္စတစ်ခုတည်းကြောင့်သာ မဟုတ်။ သူမ ယန်ကျန့်နှင့်အတူ ရှိနေလျှင် ပို လုံခြုံသည်ဟု ခံစားရပြီး ထွက်ခွာသွားရန် မရဲခဲ့ပေ။

"ဒါဆို သွားကြစို့" ယန်ကျန့် ဆိုပြီး ကားစက်နှိုးကာ ကွမ်းကျန်းအိမ်ရာဆီသို့ ဦးတည်သွားသည်။

လမ်းတစ်ဝက်တွင် သူ၏ဂြိုလ်တုဖုန်း မြည်လာသည်။

"ဟယ်လို ယန်ကျန့်လား ငါ ကျောက်ကျန့်ကော်ပါ။"

"ကပ္ပတိန်ကျောက် ဘာကိစ္စရှိလို့လဲခင်ဗျာ" ယန်ကျန့် မေးလိုက်သည်။

ကျောက်ကျန့်ကော် ရယ်မောလိုက်သည် "ငါ မင်းကို ကျေးဇူးတင်ကြောင်း ဖုန်းဆက်တာပါ။ မင်းရဲ့ အကူအညီကြောင့် ငါတို့ တစ္ဆေထိန်းကျောင်းသူ ထုံချန်ကို တစ္ဆေနယ်မြေထဲကနေ ကယ်တင်နိုင်ခဲ့တယ်။ ထုံချန်ရဲ့ အစီရင်ခံစာအရ မင်း ဝမ်ယွဲ့လို့ခေါ်တဲ့ တစ္ဆေထိန်းကျောင်းသူတစ်ယောက်ကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အဲ့ဒီတစ္ဆေကို ဖမ်းဆီးခဲ့တယ်ဆို"

"ခင်ဗျား အဲ့ဒီတစ္ဆေကို မျက်စိကျနေတာတော့ မဟုတ်ဘူးမလား" ယန်ကျန့် ဆို၏။

"ကျွန်တော် ခေါင်းတလားကို ပါမောက္ခဝမ်ဆီ နောက်ဆုံးတစ်ခေါက်က ရောင်းခဲ့ပြီးပြီ ဒါပေမဲ့ ဒီတစ္ဆေကိုတော့ ရောင်းဖို့ ကျွန်တော် စီစဉ်မထားဘူး။"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အထင်မလွဲပါနဲ့။ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ကြောင်း ဖုန်းလှမ်းဆက်တာပါ ခင်ဗျား အဲ့ဒီတစ္ဆေကို ဖမ်းဆီးခဲ့တာက ကောင်းတဲ့အရာတစ်ခုပဲ တာချန်းမြို့အတွက် နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးခဲ့တာပေါ့။ အဲ့ဒါက ကြီးမားတဲ့ ဆောင်ရွက်ချက်ကောင်းမှုတစ်ခုပဲ ပြီးတော့ အဲ့ဒါက ဒေသဆိုင်ရာအကြီးအကဲ ရာထူးအတွက် ခင်ဗျားရဲ့ လျှောက်လွှာအတွက် အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားမှာ ဆောင်ရွက်ချက်ကောင်းမှုတွေ များလေလေ အထက်လူကြီးတွေ ခင်ဗျားကို မျက်နှာသာပေးလေလေပဲ" ကျောက်ကျန့်ကော် ရှင်းပြသည်။

"ဟွမ်ကန်းရွာ ဖြစ်ရပ်သာ မရှိခဲ့ရင် အထက်လူကြီးတွေ ဒီတစ်ကြိမ် ခင်ဗျားရဲ့ တောင်းဆိုမှုကို သဘောတူခဲ့မှာ မဟုတ်ဘူး။ ဒါ့အပြင် ခင်ဗျား တာချန်းမြို့ရဲ့ ဒေသဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ယူဖို့ တရားဝင် လုပ်ငန်းစဉ်က ပြီးဆုံးဖို့ လိုအပ်နေသေးတယ်။ တစ်စုံတစ်ယောက် ဆယ်ရက်အတွင်း ခင်ဗျားကို ဆက်သွယ်ပါလိမ့်မယ်။ စိတ်မပူပါနဲ့ ငါတို့ ကတိအတိုင်း လုပ်ဆောင်ပါ့မယ်။"

ယန်ကျန့် ဆိုသည် "အဲ့ဒါ ကောင်းတာပေါ့ တခြား ဘာရှိသေးလဲ ကျွန်တော် တစ်နေကုန် ပြေးလွှားနေခဲ့ရပြီး မောနေပြီ တကယ်လို့ တခြား ဘာမှမရှိဘူးဆိုရင် ကျွန်တော် အိပ်ချင်နေပြီ။"

"မင်းအိပ်တာကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဒါပေမဲ့ မင်းကို အသိပေးစရာ နောက်တစ်ခု ရှိသေးတယ် မိနစ်နှစ်ဆယ်အကြာက တာချန်းမြို့လယ်ခေါင်က တစ္ဆေနယ်မြေ ပျောက်ကွယ်သွားကြောင်း အတည်ပြုပြီးပြီ အရင် မှတ်တမ်းတွေမှာ ဖော်ပြထားတဲ့အတိုင်း တံခါးခေါက်တစ္ဆေ ထွက်ခွာသွားခဲ့ပြီ"

ယန်ကျန့် ဆိုသည် "ဒါဆိုရင် ခင်ဗျားတို့ တခြားနေရာမှာ အသင့်အနေအထား ရှိနေသင့်ပြီ။ တကယ်လို့ တံခါးခေါက်တစ္ဆေ တာချန်းမြို့ကနေ ထွက်ခွာသွားခဲ့ပြီဆိုရင် အဲ့ဒါ တခြားတစ်နေရာရာမှာ သေချာပေါက် ပေါ်လာလိမ့်မယ်။"

"အတိအကျပဲ။ အထက်လူကြီးတွေ တံခါးခေါက်တစ္ဆေကို ဖမ်းဆီးဖို့ စစ်ဆင်ရေးတစ်ခု စီစဉ်နေနှင့်နေပြီ။ ငါတို့ ဒီလောက် ကြောက်မက်ဖွယ်ရာ တစ္ဆေတစ်ကောင်ကို လွတ်လွတ်လပ်လပ် လှည့်လည်သွားလာပြီး စိတ်ရှိတိုင်း သတ်ဖြတ်ခွင့် မပြုနိုင်ဘူး။"

ကျောက်ကျန့်ကော် ဆိုသည် "ဒီဖြစ်ရပ်အပေါ် မင်းရဲ့ အစီရင်ခံစာက သိပ် အထောက်အကူ ဖြစ်ခဲ့တယ်။ ငါ မင်းအတွက် စကားကောင်းတစ်ခွန်း ထည့်ပြောပေးပါ့မယ်။ တာချန်းမြို့အတွက်တော့ ကျေးဇူးပြုပြီး အခြေအနေကို စောင့်ကြည့်ပေးပါ။"

"ဖြစ်ပွားပြီးသား ဒါမှမဟုတ် ဖြစ်ပွားနိုင်တဲ့ တစ္ဆေဖြစ်ရပ်တွေပဲဖြစ်ဖြစ် မင်း သူတို့ကို ကိုင်တွယ်ဖြေရှင်းပြီး သတင်းပို့သရွေ့ ငါတို့ မင်းရဲ့ ဆောင်ရွက်ချက်ကောင်းမှုတွေကို မှတ်တမ်းတင်ပေးပါ့မယ်။ အဲ့ဒါက အနာဂတ်မှာ မင်းအတွက် အကျိုးရှိပါလိမ့်မယ်။"

"လိုအပ်ရင် ကျွန်တော် သတင်းပို့ပါ့မယ်" ယန်ကျန့် ဆို၏။

"ကောင်းပြီလေ ငါ မင်းရဲ့ အနားယူချိန်ကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး။ သြော် နောက်တစ်ခု ကျန်သေးတယ် ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တစ္ဆေထိန်းကျောင်းသူ ကျောက်ခိုင်မင် အသက်ရှင်ကျန်ရစ်ခဲ့တယ်။သူ မသေဆုံးခဲ့ဘူး နောင်ကျရင် မင်းတို့နှစ်ယောက် အဆင်ပြေကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။"

ထိုသို့ဆိုပြီး ကျောက်ကျန့်ကော် ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။

ယန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။

ကျောက်ခိုင်မင် အသက်ရှင်နေတုန်း ဟုတ်လား အဲ့ဒါ သတင်းဆိုးပဲ။

ဒါပေမဲ့ သူ တံခါးခေါက်တစ္ဆေလက်ကနေ ဘယ်လို လွတ်မြောက်ခဲ့တာလဲ သူ့မှာ တစ္ဆေတစ်ကောင်တည်းပဲ ထိန်းချုပ်ထားတာလေ။

"သူ ဒီတစ်ကြိမ် အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင် သူ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရမှာ သေချာတယ်" ယန်ကျန့် တွေးလိုက်သည်။

"ဒါပေမဲ့ သူ အသက်ရှင်နေသရွေ့ သူက ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။"

ယန်ကျန့် ကျောက်ခိုင်မင်ကို သူ့ရဲ့စွမ်းရည်တွေကြောင့် သတိထားနေတာမဟုတ်ဘဲ သူ့ရဲ့စရိုက်ကြောင့်သာ ဖြစ်သည်။ သူက ပုန်းအောင်းနေတဲ့ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လိုပဲ သူကိုယ်သူ ထုတ်ဖော်ပြသလိုက်တဲ့အခါ သေစေနိုင်လောက်တဲ့ တိကျမှုနဲ့ တိုက်ခိုက်တတ်တယ်။

တကယ်လို့ ယန်ကျန့် ဝမ်ယွဲ့ကို မကိုင်တွယ်ဖြေရှင်းခဲ့ရင် ကျောက်ခိုင်မင်ရဲ့ အကြံအစည် အောင်မြင်သွားနိုင်ပြီး ဝမ်ယွဲ့နဲ့ ရှောင်ကျန်ကလပ်ကို အသုံးပြုပြီး ယန်ကျန့်ကို ဝိုင်းရံသတ်ဖြတ်ပစ်နိုင်ခဲ့လောက်သည်။ အဲ့ဒါ သေချာပေါက် သေလမ်းပဲ ဖြစ်ခဲ့မှာ။

ယန်လီကို သတ်ဖြတ်ခဲ့တာက ကိုယ်ရေးကိုယ်တာ အငြိုးအတေးကြောင့် မဟုတ်ဘဲ ယန်ကျန့်ပတ်ဝန်းကျင်က ဖြစ်နိုင်ခြေရှိတဲ့ မဟာမိတ်တွေကို ဖယ်ရှားပစ်ဖို့နဲ့ ဝမ်ယွဲ့ကို ပဋိပက္ခထဲ ဆွဲသွင်းဖို့သာ ဖြစ်သည်။

"သူ ဘာလို့ ငါ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီလောက် စိတ်ပိုင်းဖြတ်နေရတာလဲ။ သူ ငါ့အပေါ်မှာ အမြဲတမ်း ပြင်းထန်တဲ့ ရန်လိုစိတ် ရှိနေခဲ့တာ" ယန်ကျန့် ကားမောင်းရင်း စဉ်းစားနေမိသည်။

မူအရတော့ ယန်ကျန့်နဲ့ ကျောက်ခိုင်မင်ကြားမှာ ကိုယ်ရေးကိုယ်တာ အငြိုးအတေး မရှိခဲ့ဘူး သူတို့ အရင်က တစ်ခါမှတောင် မတွေ့ဆုံခဲ့ဖူးဘူး။

သူတို့ရဲ့ ပထမဆုံး ကြုံတွေ့ဆုံစည်းမှုက ကျောက်ခိုင်မင် ယန်ကျန့်ကို စုဆောင်းဖို့ ကြိုးစားခဲ့တုန်းကဖြစ်ပြီး ယန်ကျန့် ငြင်းပယ်ခဲ့သည်။

သူတို့ကြားထဲမှာ ရန်ညှိုးမှ ရှိခဲ့တယ်ဆိုရင် အဲ့ဒါက ကျောက်ခိုင်မင် တစ္ဆေထိန်းကျောင်းသူတစ်ယောက်အဖြစ် သူ့ရာထူးကို လက်လွှတ်ချင်စိတ် မရှိလို့ပဲ ဖြစ်နိုင်လောက်သည်။

ဒါပေမဲ့ အဲ့ဒီအကြောင်းပြချက်က လုံလောက်အောင် မခိုင်မာဘူး။

ယန်ကျန့် နားမလည်နိုင်ဖြစ်သွားပေမဲ့ အဲ့ဒီအပေါ်မှာ ဆက်မစဉ်းစားတော့ဘူး။ သူတို့ ရန်သူတွေ ဖြစ်နှင့်နေမှတော့ အကြောင်းရင်းက အရေးမကြီးတော့ဘူးလေ။

မကြာမီ ကား ကွမ်းကျန်းအိမ်ရာစီမံကိန်းရဲ့ အရောင်းပြခန်းရှေ့မှာ ရပ်တန့်သွားသည်။

ကျန်းရှန်းကွေ့ ထိထိရောက်ရောက် အလုပ်လုပ်သည်။ အရောင်းပြခန်းရဲ့ ဆိုင်းဘုတ်ကို ဖယ်ရှားပြီးဖြစ်ကာ အလုပ်သမားများ အဆောက်အဦးပတ်လည်တွင် သံဘာရီကာများ တပ်ဆင်ပြီးနှင့်နေပြီ။ ဆောက်လုပ်ရေးလုပ်ငန်း အလွန် လျင်မြန်စွာ ပြီးစီးသွားသဖြင့် ပထမဆုံးအကြိမ် မြင်တွေ့သူတိုင်း ၎င်းကို အရောင်းပြခန်းတစ်ခုမဟုတ်ဘဲ ဇိမ်ခံ ဥရောပပုံစံ ဗီလာတစ်လုံးဟု ထင်မှတ်ကြပေလိမ့်မည်။

"ဒါ နင့်အိမ်အသစ်လား" ကျန်းယန် ကားပေါ်မှ ဆင်းပြီးနောက် ငါးထပ်ဗီလာကို မြင်သောအခါ တုန်လှုပ်သွားသည်။

"ဟုတ်တယ် ငါ့အတန်းဖော်က အိမ်ခြံမြေလုပ်ငန်းလုပ်တာ။ သူ့အဖေ ငါ့ကို ပေးခဲ့တာ။ ငါတို့ ဒီအချိန်ကစပြီး ဒီမှာပဲ နေကြတော့မယ်" ယန်ကျန့် ဆို၏။

"အံ့ဩစရာပဲ" ကျန်းယန် အားရဝမ်းသာ အော်ဟစ်လိုက်ပြီး သူမ၏အိမ်အသစ်ကို စစ်ဆေးရန် အတွင်းသို့ ချက်ချင်း ပြေးဝင်သွားသည်။

ကျန်းလိချင် အံ့ဩခြင်းမရှိပေ။ သန်းပေါင်း ရာနဲ့ချီ သုံးစွဲနိုင်သော ဘီလီယံနာတစ်ဦး သဘာဝအတိုင်း ထိုကဲ့သို့သော ဗီလာမျိုးတွင် နေထိုင်ပေလိမ့်မည်။

"သူမ ဒီအတိုင်းပဲ ပြေးထွက်သွားတာလား။ အခု ပစ္စည်းတွေ ရွှေ့ဖို့ ငါ့ကို ဘယ်သူက ကူညီမှာလဲ" ယန်ကျန့် အော်ခေါ်လိုက်သည်။

သူ ကျန်းလိချင်ကို ကြည့်လိုက်သည်။

ကျန်းလိချင် တောင်းပန်သော အမူအရာဖြင့် ဆိုသည် "ကျွန်မ ကြွက်သားနာသွားလို့ အခု ဘာမှ မ မနိုင်တော့ဘူး။"

"ဒါဆိုရင် အတွင်းထဲကို သွားလိုက် ကျွန်တော် ကိုယ့်ဘာသာကိုယ် လုပ်လိုက်မယ်"

All Chapters