← Chapters

လှောင်ပြောင်ထေ့ငေါ့ခြင်း

Vol. 127 Ch. 1901

လှောင်ပြောင်ထေ့ငေါ့ခြင်း

Vol. 127 Ch. 1901

နှစ်ယောက်က တကယ်ကြီး စင်ပေါ်တက်သွားတော့မည့်ဟန် ပြင်နေသည်ကို မြင်တော့ ပတ်ဝန်းကျင်ရှိလူတိုင်းက လမ်းဖယ်ပေးလိုက်ကြပြီး လှောင်ပြောင်လိုသည့် အမူအရာတို့ဖြင့်‌ စောင့်ကြည့်နေခဲ့ကြသည်။

ဤလူနှစ်ယောက်က သေမှာ မကြောက်သည့် လူများဖြစ်သည်ဟု သူတို့ ခံစားလိုက်ကြရ၏။

လီချူးဟန်သည် လင်းရီ၏ လက်ကို တိတ်တဆိတ် ဆွဲထားပြီး လင်းရီ ချက်ချင်းပဲ တုံ့ပြန်လိုက်၏။

“ မပူနဲ့ … အောက်ကနေ အေးဆေးကြည့်နေလိုက် …”

လင်းရီ၏ စကားကို ကြားတော့ လီချူးဟန် လက်လွှတ်ပေးလိုက်သည်။

လင်းရီနှင့် အသားညိုညို အမျိုးသားမှာ စင်ပေါ်သို့ အတူတက်သွားခဲ့ကြပြီး စင်လယ်၌ နေရာယူလိုက်ကြ၏။

ထိုအတောအတွင်း နှစ်ယောက်မှာ စကားတစ်ချို့ ဖလှယ်ဖြစ်ခဲ့ကြပြီး လင်းရီသည် အသားညိုညိုနှင့် အမျိုးသားအကြောင်း အနည်းငယ် သိခွင့်ရခဲ့၏။

သူ့နာမည်က ဝမ်ရွှမ်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု၌ အလုပ်ဆင်းနေသူပင်။

နှစ်ယောက်သား စင်ပေါ်၌ နေရာယူပြီးသည့်နောက် ကျူးကျင်းဝူသည် စင်အောက်ရှိ လူများထံသို့လှည့်၍ အပြုံးလေးဖြင့်

“ ကျုပ်တို့ရဲ့ တာအို သိုင်းပညာရပ်နဲ့ ပတ်သက်ပြီး သံသယ ရှိတဲ့လူတွေ ရှိသေးလား …ရှိတယ်ဆိုရင် အခုချိန် တစ်ခါတည်း ရှေ့ထွက်လာခဲ့ပေးကြပါ … ဘာလို့ဆို ခင်များတို့ရဲ့ မေးခွန်းတွေကို တားမြစ်ပေးနိုင်မယ့် နောက်ထပ် တင်ဆက်မှု နှစ်ခု ပြုလုပ်တော့မှာမို့လို့ပါ .. အဲ့ခါကျရင် မေးဖို့ သတ္တိ ရှိကြတော့မှာ မဟုတ်လို့ဘဲ …”

စင်အောက်ရှိ ရာနှင့်ချီသည့် ဧည့်ပရိသတ်များထံမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။

သူတို့၏ အမြင်၌ ကျူးကျင်းဝူ၏ တင်ဆက်မှုတို့က တကယ့် စစ်မှန်သည့် တာအိုကွန်ဖူး အနှစ်သာရများပင်။

သာမန်လူတစ်ယောက်က အဝတ်စ ဖိနပ်များ ဝတ်ဆင်ထားပြီး အုတ်ခဲသုံးလုံးကို ကျိုးအောင် ကန်ပြဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ထို့ပြင် အဆိုပါ အုတ်ခဲသုံးလုံးက ခိုင်မာသည့် အောက်ခံပေါ်၌ တင်ထားသည်များ မဟုတ်ဘဲ လေပေါ်၌ တွဲလောာင်းချိတ်ဆွဲထားသည့် အုတ်ခဲများပင်။ ၎င်းကို ကန်လိုက်သည့် အချိန်၌ ခွန်အားတစ်ဝက်က အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ကျိုးအောင် ကန်ပြလိုပါက အတွင်းအား အသုံးပြုဖို့ လိုသည်။

အနည်းငယ်သော သံသယကို ဖြစ်စေ သို့မဟုတ် မည်သည့်ချေပမှုကို ဖြစ်စေ သူတို့ လက်ခံမှာ မဟုတ်ချေ။

သို့ပေမယ့်လည်း စင်အထက်တွင် ရှိနေသည့် လူနှစ်ယောက်ကတော့ အမှန်ပင် မေးခွန်းထုတ်ဝံ့နေကြလေသည်။ ပြဿနာ ရှာလိုကြသည့်လူများသာ ဖြစ်လိမ့်မည်။

မည်သည့်ခွန်းတုံ့ပြန်လာမှုကိုမျှ မရရှိသည်ကို မြင်တော့ ကျူးကျင်းဝူ ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ထံသို့ လှည့်လိုက်၏။

“ ကြည့်ရတာ လူကြီးမင်းတို့နှစ်ယောက်ကပဲ ကျုပ်ရဲ့ အရည်အချင်းတွေကို သံသယ ဖြစ်မိတယ်နဲ့တူပါရဲ့ … ဒါပေမယ့် ရတယ် .. ကိစ္စမရှိဘူး … ကျုပ်တို့ တာအို သိုင်းပညာက ဘယ်လို စိတ်သံသယ ၊ ဘယ်လို စိန်ခေါ်မှုမျိုးကိုပဲ ဖြစ်ဖြစ် လက်ခံတယ်…”

ဝမ်ရွှမ်းမှာ နေရာ၌ လှံတစ်စင်းကဲ့သို့ ဖြောင့်စင်းအောင် ရပ်နေရင်း မည်သည့်စကားကိုမျှ မဆိုချေ။ လူရာဂဏန်း၏ မျက်လုံးများဖြင့် ကြည့်ရှုခြင်းကို ခံနေရသည်ဟူသော အတွေးက သူ့အား အနည်းငယ် စိတ်မသက်မသာ ဖြစ်ပေါ်စေသည်။

“ မင်းတို့က ဒီတိုင်း သာမန်လူတွေပဲ … တာအိုဘာသာရဲ့ အတွင်းအားပညာရပ်ကို မင်းတို့ နားမလည်ကြဘူး … ဒီတော့ အုတ်ခဲတွေကို ကျိုးအောင်လုပ်ဖို့ဆို နည်းနည်းတော့ ခက်လိမ့်မယ်…” ကျူးကျင်းဝူ ဟန်ပါပါဖြင့် ပြောလိုက်ပြီး “ ဒီတော့ အုတ်ခဲ တစ်လုံး ကျိုးအောင် လုပ်နိုင်တာနဲ့ မင်းတို့နှစ်ယောက် ဒီအချီကို နိုင်ပြီ … ဒီစည်းမျဉ်းနဲ့ ပတ်သက်ပြီး ဘာအငြင်းပွားစရာမှ မရှိဘူးမလား …”

“ မရှိဘူး …”

ဝမ်ရွှမ်း စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ အုတ်ခဲသုံးလုံးကို ကျိုးအောင် ကန်ပြရမည်ဆိုပါက သူ့အတွက် အနည်းငယ် ခက်ခဲနိုင်လေသည်။

သို့သော် အုတ်ခဲတစ်လုံးကို ကျိုးအောင် ကန်ပြဖို့ကတော့ သူ့စိတ်ထဲ ခက်ခဲလိမ့်မည်လို့ မခံစားရချေ။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်ဆင်းသည့်အခါ၌ အလုပ်ကြမ်းများ မကြာခဏ ပြုလုပ်ဖူးလေရာ သူ့တွင် အုတ်ခဲတစ်လုံးကို ကျိုးအောင် ချိုးပြနိုင်သည့် ခွန်အားတို့ လုံလောက်စွာ ရှိသည်ဟု စိတ်အတွင်းက ယုံကြည်ထားသည်။

“ မင်းတို့ ဘယ်သူကမှ ကန့်ကွက်စရာ မရှိဘူးဆိုတော့ ငါ့ တာအိုညီလေးကို ပြင်ခိုင်းလိုက်တော့မယ်…”

ကျူးကျင်းဝူ တစ်ဖက်သို့လှည့်ပြီး လက်ပြလိုက်၏။ တာအိုဝတ်ရုံနှင့် လူငယ်လေးမှာ စင်ပေါ်သို့ တက်လာခဲ့ပြီး အုတ်ခဲတစ်လုံးကို စောနကအတိုင်း ချည်နှောင်ပြီး ချိတ်ဆွဲလိုက်လေသည်။

ပြီးသည့်နောက် … ကျူးကျင်းဝူက ဖိတ်မန္တက ပြုသည့် လက်ဟန်ကို ပြုလုပ်လိုက်သည။

“ အားလုံး အဆင့်သင့်ဖြစ်ပြီ … မင်းတို့နစ်ယောက်… ဘယ်သူ အရင်စလာချင်လဲ …”

ဝမ်ရွှမ်း လင်းရီကို တံတောင်ဖြင့်တွတ်၍ “ ညီလေး … မင်းကြည့်ရတာ အတော်နုတယ်… ကြည့်ရတာ ရုံးခန်းထဲမှာပဲ အလုပ်လုပ်ရင်း အချိန်ကုန်တဲ့လူဖြစ်မယ်.. ငါက မင်းထက် သန်မာတယ်… ငါ အရင်သွားပြီး အခြေအနေကို တစ်ချက် စစ်ဆေးလိုက်မယ်… ပြီးရင် ငါပြောတဲ့အတိုင်း မင်းလိုက်လုပ်လိုက် …”

“ ကောင်းပြီလေ… ငါ့အစ်ကို ပြောတဲ့အတိုင်းပေါ့ … “ လင်းရီ ပြုံးလိုက်သည်။

ဝမ်ရွှမ်း ခေါင်းညိတ်ပြီး စတီးဖရိမ်အနားသို့ ကပ်သွား၏။ သူ၏ မျက်နှာအမူအရာမှာလည်း လေးနက်တည်ကြည်နေသည်။

သို့သော် စင်အောက်ရှိ လူများကတော့ ယင်းကို မျက်စိထဲ ထည့်မနေဘဲ ဤတစ်ယောက် သူ့ကိုယ်သူ အရူးဇာတ်နင်းမည်အား ကြည့်ရှုရန်အတွက်သာ စိုင်းပြင်းနေခဲ့ကြသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဝမ်ရွှမ်း ကန်ကျောက်လိုက်၏။

သို့သော် အုတ်ခဲမှာ ကျိုးပဲ့မသွားဘဲ ‘ဂငယ်’ ပုံစံ မျဉ်းကွေးအတိုင်း နောက်သို့ ပြင်းထန်စွာ လည်ပတ်သွားခဲ့သည်။ ကျိုးပဲ့သွားတော့မည့် မည်သည့်အရိပ်အယောင်ကိုမျှ မြင်တွေ့ရခြင်း မရှိပေ။

ဤသည်ကို မြင်တော့ စင်အောက်ရှိ လူများက ဟားတိုက်ရယ်မောလိုက်ကြလေသည်။

“ ငါ ဘာပြောခဲ့လဲ တွေ့လား … ဒီကောင်က စင်အောက်မှာပဲ အာချောင်ရဲတဲ့ ကီးဘုတ်ဖိုက်တာပါဆို ….”

“ သူပြောတာ အုတ်ခဲသုံးလုံးစလုံး ချိုးပြနိုင်တယ်တဲ့ … ကောင်းရောပဲ … အခုကျ တစ်လုံးလေးတောင် ကျိုးမသွားဘူး … ငါဖြင့် သူ့အစား ရှက်လိုက်တာကွာ …”

စင်ပေါ်တွင်တော့ ဝမ်ရွှမ်း မျက်နှာကွက်ခနဲ ပျက်သွားခဲ့သည်။

သူ့အမြင်တွင် သူ၏ ခွန်အားဖြင့်ဆိုပါက အုတ်ခဲတစ်လုံးကို ကျိုးပဲ့အောင် ပြုလုပ်ဖို့ဆိုသည်မှာ လုံးဝ ပြဿနာ ရှိမည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။ သို့သော် သူ ထင်ထားသည့်အတိုင်း ဖြစ်ပျက်မသွားခဲ့သည်က သူ့အား အတော်လေး အံ့အားသင့်သွားစေသည်။

လင်းရီမှာမူ သူ့ဘေးတွင် ရပ်နေရင်း ဤသို့သော ရလဒ်မျိုး ဖြစ်ပေါ်လာမည်ကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အုတ်ခဲစီထားသည့် နည်းလမ်းကြောင့် ခွန်အားက တစ်လွှာချင်းစီတိုင်းသို့ ကောင်းစွာ မသက်ရောက်နိုင်ဘဲ ၎င်းတို့အား ကျိုးပဲ့စေဖို့ မည်သို့မျှ မဖြစ်နိုင်ပေ။

ကျူးကျင်းဝူ၏ သူ့ကိုယ်သူ အတွင်းအား ပိုင်ဆိုင်ထားကြောင်း ပြောစကားတို့မှာ ချဲ့ကားထားခြင်းပင်။

သို့သော်လည်းပဲ ပြင်းထန်သည့် လေ့ကျင့်မှုတို့ မရှိပါဘဲနှင့်တော့ အုတ်ခဲကို ယခုလိုပုံစံမျိုး ချိုးပြဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

ဝမ်ရွှမ်းက အဆိုပါ သဘောတရားကို နားလည်နိုင်သည့် ဗဟုသုတ ကင်းမဲ့နေခဲ့ခြင်းပင်။

မနီးမဝေးတွင်တော့ ကျန်းရန်ကျွင်းမှာ အပြုံးမျက်နှာတစ်ခုဖြင့် ရှိနေသည်။

ယခုလို ဖြစ်လာမည်ကို သူ ကြိုတင် မျှော်လင့်ထားပြီးဖြစ်သည်။

ကျူးကျင်းဝူက အမှန်တကယ် လေ့ကျင့်ထားသူတစ်ဦးဖြစ်ပြီး လက်ရှိ အရည်အချင်းသို့ရောက်ရန်အတွက် ခြောက်နှစ်ကျော်မျှ သွေး၊ချွေးတို့ဖြင့် ပေးဆပ်ခဲ့ရသူ ဖြစ်သည်။

ဝမ်ရွှမ်းကဲ့သို့ သာမန်လူက ကျူးကျင်းဝူကု ယှဉ်နိုင်ဖို့ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပေ။ သူသွားနိုင်သည့် အနက်ထက်ကို ကျော်လွန်နေပြီ ဖြစ်၏။

“ ဘာရယ်စရာပါလို့တုန်းကွ …” ဝမ်ရွှမ်း အော်ဟစ်လိုက်ပြီး “ ငါ သေချာလေး မပြင်ဆင်ရသေးလို့ … နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်မယ်.. ဒီတစ်ခါတော့ သေချာပေါက် ကျိုးအောင် ချိုးပြမယ်….”

သို့သော် စင်အောက်ရှိလူတို့က စိတ်ဝင်စားဟန် မပေါ်ချေ။

“ စင်ပေါ်ကသာ ဆင်းခဲ့စမ်းပါ … ကိုယ့်ကိုယ်ကို အရှက်ခွဲနေတာ တော်လိုက်တော့ …”

“ မင်းသိအောင် ပြောလိုက်မယ်… အတွင်းအား မရှိရင် မင်း အကြိမ်တစ်ရာကြိုးစားလို့လည်း အချည်းနှီးပဲ … တာအိုအကြီးအကဲကိုသာ တောင်းပန်လိုက် …”

“ တော်ကြပါ တော်ကြပါ …” ကျူးကျင်းဝူ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ သူက နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ချင်တယ်ဆိုလည်း ခွင့်ပြုပေးလိုက်ကြတာပေါ့ … ကျုပ်တို့ တာအို အတွင်းအားပညာရပ်ရဲ့ နက်ရှိုင်းမှုတွေကို နားလည်ဖို့ ခါးသီးတဲ့ အမှန်တရားနဲ့ ရင်ဆိုင်ဖို့ လိုတယ်လေ… မဟုတ်ရင် စင်ပေါ်တက်လာပြီး ဘာလုပ်တော့မှာ …”

“ ကြည့်စမ်း … အကြီးအကဲက ဘယ်လောက်တောင် စိတ်သဘောထားကြီးမြတ်ထားလဲ … သူ့ကို ယိုးစွပ်နေတာတောင် ဒီလို သဘောထားကြီးကြီးနဲ့ တုံ့ပြန်နိုင်တယ်.. ဒါတွေ ငါတို့ သင်ယူသင့်တယ်…”

စင်အောက်ရှိ လူများ တစ်ဖန် တိတ်ဆိတ်သွားသည်ကို မြင်တော့ ကျူးကျင်းဝူသည် တစ်ဖန်ထပ်ပြီး ဖိတ်မန္တကပြုသည့် အမူအရာကို ပြုလုပ်လိုက်သည်။

“ မင်း နောက်သုံးလေးကြိမ် ထပ်ကြိုးစားကြည့်လို့ရတယ် … အုတ်ခဲ ကျိုးသွားပြီဆိုတာနဲ့ မင်း နိုင်ပြီပဲ ..”

ဝမ်ရွှမ်း ဘာမျှ မဆိုချေ။ အုတ်ခဲကို ပြန်တည့်မတ်လိုက်ပြီး လေးနက်တည်ကြည်သည့် အမူအရာဖြင့် အသက်ကိုပြင်းပြင်းရှူကာ တစ်ဖန်ထပ်ကြိုးစားရန် ဟန်ပြင်လိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ပြင်ဆင်သည့် အချိန်က ပိုမိုရှည်ကြာပြီး ပို၍ လေးလေးနက်နက်လည်း ရှိသည်။

ကျူးကျင်းဝူ၏ လှုပ်ရှားမှု တစ်ချို့ကိုပင် သူ အတုခိုးလိုက်သေးလေသည်။

သူ၏ အမြင်၌ အုတ်ခဲ မကျိုးသွားရခြင်းက သူ တိုက်ခိုက်သည့် ထောင့်နေရာများ လွဲချော်သွားခဲ့ခြင်းကြောင်းဟု ယူဆထားသည်။ သူ့ဘက်က ပြင်ဆင်လိုက်သည်နှင့် ကျိန်းသေပေါက် ပြဿနာ ရှိတော့မှာ မဟုတ်ချေ။

မိနစ်ဝက်ခန့်ကြာညောင်းပြီးနောက် ဝမ်ရွှမ်း မာန်တစ်ချက်သွင်းကာ အုတ်ခဲအား ထပ်မံကန်ကျောက်လိုက်ပြန်သည်။

သူ၏ ခွန်အားက အရင်တစ်ခေါက်ထက် ၇၀ ရာခိုင်နှုန်းကျော် များပြားပြီး ကိုယ်ဟန်အနေအထားက ကောင်းမွန်နေသော်လည်းပဲ အုတ်ခဲမှာ ဂငယ်သဏ္ဌာန် နောက်သို့ လည်ပတ်သွားခဲ့ပြီး နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ဝမ်ရွှမ်း မျက်လုံးပြူးသွားခဲ့ပြီး ကြက်သေသေသွားခဲ့လေသည်။ လေထဲ၌ ရှေ့နောက် လှုပ်ခါနေသည့် အုတ်ခဲကို ကြည့်ရင်း သူ၏ ပုံစံမှာ မယုံကြည်နိုင်သည့် အနေအထားဖြင့် ဖြစ်နေခဲ့၏။

မကျေမနပ်ဖြစ်စွာနဲ့ ဝမ်ရွှမ်း စိတ်ရှိလက်ရှိ နောက်ထပ် အကြိမ်အရေအတွက် အနည်းငယ်မျှ ထပ်ကြိုးစားကြည့်လိုက်သော်လည်း ရလဒ်က အတူတူပဲ ဖြစ်နေလိမ့်ဦးမည်လို့ မည်သူက ထင်ထားလိမ့်မည်နည်း။

တစ်ကြိမ်၌ သူ့ဘက်က ကန်ကျောက်လိုက်ရာ ပုံစံမမှန်၍ အုတ်ခဲက သူ့ထံ ပြန်လာထိမှန်ပြီး စင်အောက်ရှိ လူများအား ရယ်စရာ ပြက်လုံးတစ်ခုနှယ် ပွဲကျသွားခဲ့စေလေသည်။

စင်အောက်ရှိ တာအိုဝတ်ရုံနှင့် လူငယ်လေးသည်လည်း လိုက်လံမရယ်မောဘဲ မနေနိုင်ခဲ့ချေ။

ဒီလူက တကယ့်ဟာသပဲ … လူတွေ ရယ်မောရအောင် ဒီကို ရောက်လာတာလားမသိ …

ထိုအခိုက်အတန့်၌ ကျူးကျင်းဝူသည် မောက်မာတင်စီးသည့် မျက်ဝန်းတစ်စုံနှင့်အတူ အနားသို့ ရောက်လာသည်။

“ လူကြီးမင်း … မင်း ကြိုးစားကြည့်နေတာ အကြိမ်ရေ မနည်းတော့ဘူးနော်… ထပ်ပြီး ကြိုးစားကြည့်ချင်သေးလား …”

“ ငါ လုပ်မယ်… ငါ သေချာပေါက်ချိုးနိုင်တယ်…”

“ ကောင်းပြီလေ… ဒါဆိုလည်း နောက်သုံးလေးခေါက်လောက် ထပ်ကြိုးစားကြည့်‌ပေါ့ …”

ကျူးကျင်းဝူ ထွက်ခွာသွားပြီးနောက် ဝမ်ရွှမ်း ကန်ကျောက်ရန် ဟန်ပြင်နေသည့် အချိန်မှာပဲ လင်းရီ အနားသို့ ရောက်ချလာခဲ့သည်။

“ ကိုယ့်လူ … ခင်များ တော်လိုက်တော့ … ဒီလောက်ထိ လုပ်ဖို့ မလိုအပ်ဘူး ….”

All Chapters