← Chapters

ဒီလောက်ပဲလား

Vol. 127 Ch. 1903

ဒီလောက်ပဲလား

Vol. 127 Ch. 1903

အခန်း ( ၁၉၀၃)

ဒီလောက်ပဲလား

အုတ်ခဲ အစအနတို့က လေထုထဲ နေရာအနှံ့သို့ ပျံ့ကျဲသွားခဲ့ပြီး လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

စောနတုန်းက အုတ်ခဲတစ်လုံး ချိုးပြသွားခဲ့သည်ကို ကံကောင်းမှုကြောင့်ဟု သတ်မှတ်ပါက ယခု အုတ်ခဲသုံးလုံး ပေါင်းစည်းထားသည်ကို သာမန်လျှံကာ ကန်ပြီး ချိုးပြသွားခဲ့သည်အား မည်သို့ သတ်မှတ်ရမည်နည်း။ ကံကြမ္မာတစ်ခုတည်းအား အကြောင်းပြချက်ပေးရုံလောက်နှင့် မရိုးစင်းတော့ချေ။

လူအုပ်ကြီးမှာ တိတ်ဆိတ်သွားခဲ့၏။ လူတိုင်း၏ မျက်လုံးက လင်းရီထံသို့ ကျရောက်နေခဲ့ပြီး သူတို့၏ မျက်နှာထက်၌ မည်သည့် လှောင်ရိပ်ကိုမျှ သူ မမြင်ရတော့ချေ။ ထိုအစား မယုံကြည်နိုင်မှုတို့ကိုသာ အစားထိုးထားခဲ့လေသည်။

ထိုအထဲ ကျူးကျင်းဝူနှင့် ကျန်းရန်ကျွင်းလည်း ပါဝင်နေခဲ့၏။

ထိုအရာက အုတ်ခဲသုံးလုံးပင်။

သူ မည်သို့များ ပြုလုပ်သွားခဲ့သနည်း။

ထို့ပြင် သူ၏ သွင်ပန်းသဏ္ဌာန်ကို အကဲခတ်ကြည့်ရသလောက်တော့ ဤလူငယ်က သိုင်းပညာလေ့ကျင့်သူနှင့်လည်း လားလားမျှ တူညီမနေချေ။

သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလို အရည်အချင်းတွေ ရှိနေတာ … ဧကန္တ … ဒါကရော ကံကောင်းသွားတာပဲလား …

“ အုတ်ခဲသုံးလုံးက ဘာမှ ထွေထူးဟုတ်တာမဟုတ်ဘူး … ကျုပ်လို သာမန်လူတောင် တစ်ချက်တည်းကန်ပြီး ချိုးပြနိုင်တယ်… ကျုပ်လိုလုပ်နိုင်တဲ့လူတွေ အများကြီး ရှိမယ်လို့လည်း ကျုပ်ယုံတယ်… ခင်များ ပြောသွားခဲ့တဲ့ တာအိုအတွင်းအားကြီးဆိုတာကတော့ …. ထားလိုက်တော့ … အဲ့တာက နည်းနည်း မရိုးသားရာ ကျလွန်းတယ်… မဟုတ်တာလေးကို ဇာချဲ့ပြီး သိပ်အများကြီး ကြွားလုံးထုတ်ပြမနေနဲ့ …”

ကျူးကျင်းဝူနှင့် ကျန်းရန်ကျွင်းတို့၏ အမူအရာ ကွက်ခနဲ ပျက်သွားခဲ့သည်။

သူတို့နှစ်ယောက်မှာ ယခုပွဲကို တစ်လလောက် ကြို၍ အသေးစိတ် အစီအစဉ်ဆွဲ ပြင်ဆင်ထားခဲ့ပြီး ရနိုင်သမျှ နည်းလမ်းဖြင့် လိမ်ရိုက်ရန် ဟန်ပြင်ထားခဲ့ကြသည်။

ထင်မှတ်မထားစွာဖြင့် အပျော်လင်တစ်ကောင်က သူတို့၏ အစီအစဉ်များကို ဖျက်စီးသွားခဲ့လေသည်။

“ မင်းက ဒီတိုင်း ကံကောင်းပြီး နေရာမှန်ကို တွေ့သွားခဲ့လို့ပါ .. ဒါပေမယ့် ဒါကြောင့်နဲ့ပဲ အတွင်းအားနဲ့ ငါတို့ တာအိုပညာရှင်တွေရဲ့ ကွန်ဖူးပညာကို မင်းငြင်းလို့မရဘူး …”

“ ခင်များတို့က တာအိုအတွင်းအား ကောင်းကြောင်းချည်းပဲ ဆက်တိုက်ပြောနေတယ်… ဒါပေမယ့် လူတိုင်းကို ယုံကြည်လာအောင် သက်သေပြပေးဖို့ လိုတာပေါ့ မဟုတ်ဘူလား…” လင်းရီ ပြောလိုက်ပြီး “ တာအို ကွန်ဖူးက သိပ်စွမ်းတယ်လို့ ခင်များထင်ရင် ခင်များ အုတ်ခဲ ငါးလုံး ဒါမှမဟုတ် အဲ့ထက်ပိုပြီး သုံးပြလိုက် … မဟုတ်ရင် ခင်များက လူတွေကို ဒီတိုင်း ပါးစပ်လေးပါတာနဲ့ပဲ အရူးလုပ်နိုင်တယ်ဆိုပြီး အထင်ရောက်နေတော့မှာ …”

“ အုတ်ခဲ ငါးလုံး ….”

စင်အောက်ရှိ ဧည့်ပရိသတ်ကြီးမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လင်းရီက ထိုသို့ တောင်းဆိုလာလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ချေ။

“ ကောင်လေး … မင်း သိပ် မောက်မာလွန်းမနေဘူးလား … မင်း တကယ်ကြီး တာအိုအကြီးအကဲနဲ့ ယှဉ်ပြိုင်ဖို့ စဉ်းစားနေတယ်….”

“ တာအိုအကြီးအကဲက သူတို့ရဲ့ တာအိုအတွင်းအားကို လူတွေ မြင်သာအောင် သရုပ်ဖော်ပြနေရုံပဲကွ .. တိုက်ခိုက်ဖို့ မဟုတ်ဘူး … ငါ ပြောရဲတယ်… တာအိုအကြီးအကဲရဲ့ စံနှုန်းတွေနဲ့သာဆိုရင် အုတ်ခဲ သုံးလုံး မပြောနဲ့ … ဆယ်လုံးဆိုရင်တောင် ပြဿနာ ရှိမှာ မဟုတ်ဘူး ….”

“ တာအို အတွင်းအားဆိုတာ အထင်သေးချင်တိုင်း သေးလို့ ရတဲ့အရာမဟုတ်ဘူး … အုတ်ခဲ ဆယ်လုံး မပြောနဲ့ … တစ်ရာဆိုရင်တောင် ကိစ္စ မရှိဘူး … အကြီးအကဲ … ဒီကောင့်ကို ဖျင်ချပစ် … ကျုပ် အားပေးနေမယ်…”

စင်အောက်ရှိ လူများ၏ အော်ဟစ်နေသည့် အသံကို ကြားတော့ ကျူးကျင်းဝူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ အမှန်တော့ ဤကိစ္စ အလှည့်အပြောင်းက အနည်းငယ် အကျည်းတန်သွားခဲ့စေသည်။

ယခုမတိုင်မီက အုတ်ခဲသုံးလုံးဖြင့်သာ စမ်းကြည့်ခဲ့ဖူးပြီး အုတ်ခဲ ငါးလုံးကိုတော့ သူ တစ်ခါမှ မကြိုးစားကြည့်ခဲ့ဖူးချေ။

နောက်ထပ် အုတ်ခဲလေး နှစ်လုံးမျှသာ ပိုလာသော်လည်းပဲ ခက်ခဲမှု အတိုင်းအတာက ပြောပြ၍ မရနိုင်လောက်အောင်ကို တိုးမြင့်လာပေမည်။ သူ အောင်မြင်နိုင်ပါမည်လော ဆိုတာလည်း သေချာခြင်း မရှိပေ။

သို့သော် ယခု အချိန်တွင်တော့ ထို အကြောင်းအရာများအား စဉ်းစားခေါင်းထဲထည့်နေရန်အတွက် သူ့တွင် အချိန်မရှိတော့ချေ။ အကယ်၍ သူ့ဘက်ကသာ သဘောမတူဘူးဆိုပါက ဤနှစ်များတစ်လျှောက် စုဆောင်းလာခဲ့သည့် တာအိုဘုရားကျောင်း၏ ဂုဏ်သတင်းက ပျောက်ကွယ်သွားပေလိမ့်မည်။

နောင်အနာဂတ်၌ ဤလူများထံမှ ပိုက်ဆံလိမ်လည်ဖို့ဆိုသည်မှာ မည်သို့မျှ ဆက်ဖြစ်နိုင်မှာ မဟုတ်တော့ချေ။

“ မင်း သေချာပြီလား …” ကျူးကျင်းဝူ မေးလိုက်သည်။

“ ဘယ်အချိန်မှာ ရပ်သင့်လဲဆိုတာ သိတာ အကောင်းဆုံးပဲ … ကိုယ့်ခွန်အား ဘယ်လောက်ရှိလဲဆိုတာ မင်းကိုယ်မင်း အသိဆုံး ဖြစ်မှာပါ …”

မလိုလားအပ်သည့် စွန့်စားမှုများအား ရှောင်ကြဉ်နိုင်ရန်အတွက် ကျူးကျင်းဝူသည် ယခုအပိုင်းတွင် လင်းရီနှင့် မယှဉ်ပြိုင်လိုပေ။

အဘယ်ကြောင့်ဆိုသော် သူ့အဖို့ ဤသည်က စွန့်စားမှု တစ်ခု ဖြစ်သောကြောင့် ဖြစ်၏။

“ ရတယ် … ဘယ်လိုပဲ ဖြစ်ဖြစ် အပျော်ပဲလေ…” လင်းရီ ပြုံးလိုက်ပြီး “ အရေးကြီးဆုံးက ခင်များရဲ့ အတွင်းအား ဘယ်လောက် ကောင်းလဲဆိုတာ ကျုပ်မြင်ချင်လို့ပဲ … ဒီ အခွင့်အရေးကို အသုံးချပြီး ခင်များဆီက သင်ယူလို့လည်း ရတာပေါ့ …”

ကျူးကျင်းဝူ မျက်လုံးမှေးကျဉ်းသွားခဲ့သည်။ အမည်မသိ မီးညွှန့်တစ်ခုက ရင်ဘက်ထဲ မြင့်တက်လာသည်။ အကယ်၍ ဖြစ်နိုင်ခဲ့မည်ဆိုပါက သူသည် လင်းရီအား စင်ပေါ်ကနေ အောက်သို့ ပိတ်ကန်ချပစ်လိုက်ချင်သည်။

ဤမျှ မောက်မာသည့်လူကို ပထမဆုံးအကြိမ် သူ မြင်တွေ့ဖူးခြင်းပင်။

ယနေ့တွင်တော့ သကောင့်သားအား သင်ခန်းစာပေးနိုင်မည့် နည်းလမ်းကို သူ စဉ်းစားမှရလိမ့်မည်။

“ မင်းက သံသယတွေ ရှိနေသေးတယ်ဆိုမှတော့ မင်း ကျေနပ်အောင် လုပ်ပေးရသေးတာပေါ့ …”

အုတ်ခဲငါးလုံးကို သူ တစ်ခါမျှ မကြိုးစားကြည့်ဖူးသော်လည်း သူ၏ လေ့ကျင့်မှုများကိုတော့ ယနေ့တိုင် ပျက်ကွက်ခဲ့ခြင်း မရှိဖူးချေ။ ထို့ကြောင့် ပြဿနာ ရှိလိမ့်မည်လို့ သူ မထင်ပေ။

ထိုအကြောင်း တွေးမိတော့ ကျူးကျင်းဝူသည် စင်အောက်ရှိ လူငယ်လေးအား လှမ်းပြောလိုက်သည်။

“ အုတ်ခဲ ငါးလုံး ယူလာခဲ့ …”

“ ဟုတ်ကဲ့ …”

လူငယ်နှစ်ယောက်မှာ စင်အောက်၌ ပြင်ဆင်ပြီး မိနစ် အနည်းငယ် အတွင်းမှာပဲ အုတ်ခဲ ငါးလုံး သယ်ဆောင်လာကာ စတီးဖရိမ်၌ ချိတ်ဆွဲထားလိုက်၏။

ကျူးကျင်းဝူ ဖိတ်မန္တက ပြုသည့် လက်ဟန်ကို ပြုလုပ်လိုက်သည်။

“ အားလုံး ရယ်ဒီပဲ … မင်း အခု စလို့ရပြီ …”

ထိုအချိန်၌ စင်အောက်ရှိ လူတိုင်းနီးပါးက အသက်အောင့်ထား၍ လင်းရီကို မျက်တောင်မခတ် ကြည့်ရှုနေသည်။

အနည်းငယ်သော လူတစ်ချို့ကသာလျှင် လင်းရီသည် ခြေကန်ချက် တစ်ချက်တည်းဖြင့် အုတ်ခဲငါးလုံး ချိုးပြနိုင်ကြောင်းကို ယုံကြည်နေခဲ့ကြသည်။

စတီးဖရိမ်ရှေ့နားတွင် ရပ်နေရင်း လင်းရီသည် မည်သည့် ပြင်ဆင်မှုကိုမျှ ပြုလုပ်ခြင်း မရှိဘဲ သာမန်လျှံကာ တစ်ချက် ကန်ကျောက်လိုက်၏။

ခွပ် …

အတူ စည်းနှောင်ထားသည့် အုတ်ခဲငါးလုံးမှာ ချက်ချင်း ကွဲကြေသွားခဲ့သည်။

“ စောက်ကျိုးနည်းဟ ….”

ကြည့်ရှုနေသူများအားလုံး တစ်ပြိုင်နက်တည်း မြည်တမ်းသွားမိခဲ့ကြ၏။

လူတစ်ချို့ဆို သူတို့မျက်လုံးသူတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။

အုတ်ခဲငါးလုံး အတူစည်းထားတာကို ဒီတိုင်း တစ်ချက်တည်း ကန်လိုက်တာ ကျိုးသွားတယ်…

အဲ့ကန်ချက်ကို လက်ခံလိုက်ရတဲ့ကောင်သာဆိုရင် ဘယ်လိုများ နေပါလိမ့်..

လင်းရီသည် လူအုပ်ကြီး၏ တုံ့ပြန်မှုကို ခေါင်းထဲထည့်မနေဘဲ ကျူးကျင်းဝူထံ လှည့်ကြည့်လိုက်သည်။

“ ကျုပ်ပြီးပြီ … ခင်များအလှည့်ပဲ …”

ကျူးကျင်းဝူ ကွက်ခနဲ မျက်နှာပျက်သွားခဲ့၏။

အုတ်ခဲငါးလုံးကို လင်းရီ ဤမျှ လွယ်ကူစွာ ချိုးပြနိုင်လိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ချေ။

ဒါ သူ့ရဲ့ သဘာဝ ခွန်အားကြောင့် ဖြစ်နေမလား …

“ တာအိုအကြီးအကဲ … သူ့ကို အတွင်းအားက ဘာလဲဆိုတာ သိအောင် ပြပေးလိုက် … သူ့ကို အခွင့်အရေး လုံးဝ မပေးနဲ့ ….”

“ သူ့လို ကိုယ်ဘယ်လောက်တတ်ကြောင်း ကြွားချင်တဲ့ ကောင်တွေကို သင်ခန်းစာ ပေးဖို့လိုတယ်… မဟုတ်ရင် နောင်ကျ ပိုပိုဆိုးလာနိုင်တယ်…”

လူအုပ်ကြီး၏ အားပေးမှုနှင့် ရင်ဆိုင်လိုက်ရသည်တွင် ကျူးကျင်းဝူ ရွေးချယ်စရာ မရှိပါဘဲ ယုံကြည်ချက် အပြည့်နှင့် ကိုယ်ဟန်ကိုသာ ထိန်းသိမ်းထားရတော့သည်။

သူ ထောင့်ကပ်ခံထားရ၏။ နောက်ပြန်ဆုတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ထိုးနှက်ချက်တွေ ဘယ်လိုပဲ လာလာ သူ့ဘက်က ရင်ဆိုင်ကျော်ဖြတ်ရမည် ဖြစ်၏။

“ ဂျူနီယာညီလေး … အုတ်ခဲတွေ ပြင်လိုက်တော့ …”

ကျူးကျင်းဝူ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ့တွင် ထွက်ပြေးနိုင်သည့် အခွင့်အရေး လုံးဝ မရှိတော့ချေ။ ပြင်ဆင်သည့် အချိန်ကို အကောင်းဆုံး အသုံးချ၍ ကိုယ့်ကိုယ်ကို အဆင်သင့် ဖြစ်အောင် ပြုလုပ်ထားဖို့လိုသည်။ သူ့ဘက်က အုတ်ခဲ ငါးလုံးကို ချိုးပြုနိုင်သည်နှင့် အဆုံးသတ်က မည်သို့ပဲ ဖြစ်လာပါစေ သူ အရှက်ကွဲတော့မှာ မဟုတ်ချေ။

နောက်လာမည့် အစီအစဉ်က သူ၏ ကိုယ်ဖော့ပညာကို သရုပ်ဖော်ပြသရမည့် အစီအစဉ်ပင်။

ထိုအရာနှင့်ဆိုပါက သူ့မျက်နှာ ပြန်ရဖို့ လုံလောက်၏။

မကြာမီ လူငယ်လေးနှစ်ဦးက အုတ်ခဲ ငါးလုံကို ယခင် အတိုင်း ပြင်ဆင်ပေး၍ စင်အောက်သို့ ပြန်ဆင်းသွားခဲ့သည်။

ထို့ပြင် သူတို့က အတော်လေး ခိုးကြောင်ခိုးဝှက်လည်း နိုင်လှ၏။ ပွယောင်းယောင်းနိုင်သည့် အုတ်ခဲများကိုသာ ရွေးယူလာခဲ့ကာ လင်းရီ၏ အုတ်ခဲများကဲ့သို့ မာကျောကျစ်လျစ်နေခြင်း မရှိပေ။

အုတ်ခဲများ ချိတ်ဆွဲပြီးသည်နှင့် စင်အောက်မှ တခဲနက်အားပေးသံတို့ ဆူညံလာသည်။

“ တာအိုအကြီးအကဲ … မင်းလုပ်နိုင်တယ်… တာအိုအတွင်းက ဘာဆိုတာ သူသိအောင် လုပ်ပြလိုက် …”

ကျူးကျင်းဝူသည် စင်အထက်တွင် မတ်တပ်ရပ်နေပြီး လူအုပ်ကြီးအား တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်၏။ ထို့နောက် အလျင်မလိုသည့် လေသံဖြင့်

“ ကျုပ်တို့က တာအိုကို ကျင့်ကြံပြီး သိုင်းပညာကို လေ့ကျင့်တယ်… စိတ်ကို ပျိုးထောင်ဖို့ အာရုံစိုက်ပြီး ခန္ဓာကိုယ် သန်မာလာဖို့ကို ဦးစားပေးတယ်… ကျုပ်တို့က သွေးလည်း မရဲသလို … ရက်လည်း မရက်စက်တတ်ဘူး … ဒါပေမယ့် ဒီနေ့ … ဒီရဲ့ လူကြီးမင်းက ကျုပ်ကို စိန်ခေါ်လာတယ်… တာအို အတွင်းအားက ဒီလိုမျိုးပဲဆိုတာ သူသိအောင် ကျုပ် ပြရတော့မယ်..”

ထိုသို့ပြောပြီးသည့်နောက် ကျူးကျင်းဝူသည် စတီးဖရိမ်ရှေ့တွင် ကီထိုင်သည့် ပုံစံဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ထို့နောက် … ကန်ကျောက်လိုက်၏။

ဘန်း …

ခပ်အုပ်အုပ် အသံတစ်ခု ထွက်ပေါ်လာသည်။

အုတ်ခဲငါးလုံးက ဂငယ်သဏ္ဌာန် နောက်သို့ လည်ပတ်သွားခဲ့ပြီး အုတ်ခဲ တစ်လုံးမျှ ကျိုးသွားခဲ့ခြင်း မရှိပေ။

ထိုအစား ကျူးကျင်းဝူသည် နေရာ၌သာ မလှုပ်မယှက် ရပ်နေခဲ့ရ၏။

ယခုလေးတင် သူ ပြုလုပ်လိုက်သည့် ခြေကန်ချက်က သူ့ ခြေထောက် အရိုးများအား ကျိုးအက်လုနီးပါး ဖြစ်သွားစေခဲ့လေသည်။

လင်းရီ ဘေး၌ ရပ်ကြည့်နေရင်း အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“ အုတ်ခဲတွေ တစ်လုံးမှလည်း ကျိုးမသွားဘူး … ခင်များတို့ရဲ့ တာအိုအတွင်းအားက ပြောသလောက်လည်း ဟုတ်မနေပါဘူး..."

All Chapters