← Chapters

မိသားစုနံပါတ် ၃၇ (၂)

Vol. 7 Ch. 92

မိသားစုနံပါတ် ၃၇ (၂)

Vol. 7 Ch. 92

လက်ဝါးအရှိန်သည် နူးညံ့ပြီး ယင်ဓာတ်ပါဝင်သည်။ မှောင်မိုက်သော စွမ်းအားသည် မြေကြီးထဲသို့ လုံးဝ ထိုးဖောက်ဝင်ရောက်သွားသည်။

ဘိုင်လီဖုန်းကျီခဏတာ နားစွင့်လိုက်သည်။ ထို့နောက် အခြားနေရာတစ်ခုသို့ ရွှေ့ကာ မြေကြီးကို ဆက်လက်နားထောင်ရင်း မှောင်မိုက်သောစွမ်းအားဖြင့် လက်ဝါးအရှိန်ကို ထပ်မံထုတ်လိုက်သည်။

မြေပြင်ပေါ် လဲလျောင်းနေသော သူမကို မြင်သောအခါ လင်းယွဲ့သည် ဤသို့သော လက်အောက်ခံ ရှိနေခြင်းက တော်တော်ကောင်းသည်ဟု ရုတ်တရက် တွေးလိုက်မိသည်။

ခဏအကြာ နေရာလေးကြိမ်ခန့် ပြောင်းပြီးနောက် ဘိုင်လီဖုန်းကျီနောက်ဆုံးတွင် မတ်တပ်ရပ်လိုက်သည်။ သူမ၏ နူးညံ့သောခန္ဓာကိုယ်သည် အနည်းငယ် ရွေ့လျားသွားပြီး ဖုန်မှုန့်များနှင့် မြေမှုန့်များကို ကျွမ်းကျင်စွာ ခါချလိုက်ပြီးမှ "အရှင်မင်းသား ဒီနေရာရဲ့ မြေအောက် ခုနစ်ပေအနက်မှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရတယ်။ ကျွန်မတို့ တူးကြည့်ရမလား" ဟု ပြောလိုက်သည်။

"တူးကြည့်လိုက်" ဟု လင်းယွဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"အရှင်မင်းသား၊ ကျေးဇူးပြုပြီး နည်းနည်းလောက် နောက်ဆုတ်ပေးပါ"

လင်းယွဲ့ နောက်ဆုတ်ပြီးသည်နှင့် ဘိုင်လီဖုန်းကျီသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမ၏ သွယ်လျသော ညာဘက်ခြေထောက်က ဖြည်းဖြည်းချင်း ကြွတက်လာ၏။ သူမ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် အနီရောင်ရင့်ရင့် စွမ်းအားကြိုးမျှင်များ လျှပ်တစ်ပြက် လင်းလက်သွားပြီး မြေပြင်ကို ဆောင့်နင်းချလိုက်သည်။

"ဒုန်းးး"

မမြင်ရသော စွမ်းအားတစ်ခုက ချက်ချင်းပင် မြေကြီးထဲသို့ စီးဝင်သွားသည်။ ဘိုင်လီဖုန်းကျီက သူမခြေချောင်းထိပ်ဖြင့် ထိကြည့်လိုက်ပြီး ယင်ဓာတ်ပါသော နူးညံ့သည့် လက်ဝါးအရှိန်တစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် မူလက ခိုင်မာသည့် မြေသားများသည် စီးဆင်းနေသော ရေကဲ့သို့ ရုတ်တရက် ဖြစ်သွားပြီး သူမ၏ ခြေချောင်းထိပ် ဦးတည်ရာအတိုင်း ဘေးတစ်ဖက်သို့ စီးဆင်းသွားသည်။

“ဒုန်းးးဒုန်းးးဒုန်းးးး”

ဘိုင်လီဖုန်းကျီ၏ လှပစွာ ကွေးညွှတ်နေသော ခြေထောက်များသည် အဆက်မပြတ် အကြိမ်များစွာ ရိုက်ခတ်လိုက်သည်။ ယင်ဓာတ်ပါသော နူးညံ့သည့် လက်ဝါးအရှိန်များစွာ ပေါက်ကွဲထွက်လာပြီး မီတာအနည်းငယ်ပတ်လည်ရှိ မြေကြီးများကို စီးဆင်းနေသောရေအဖြစ် လျင်မြန်စွာ ပြောင်းလဲစေကာ အနီးအနားက မြေပြင်ပေါ်တွင် စုပုံသွားစေသည်။

ဖုန်မှုန့်များ နေရာအနှံ့ ပျံ့လွင့်နေပြီး လေထုထဲ ပြည့်နှက်နေခဲ့သည်။

"ပြီးပါပြီ အရှင်မင်းသား" ဟု ဘိုင်လီဖုန်းကျီ၏အသံက ပျံ့လွင့်နေသော ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာသည်။

လင်းယွဲ့ သူ၏လက်စွပ်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေဓာတ်တစ်ချက်က ညင်သာသောလေအဖြစ် ပြောင်းလဲသွားပြီး ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။

ဘိုင်လီဖုန်းကျီက နက်ရှိုင်းသော မြေကျင်းဘေးတွင် ရပ်နေပြီး သူမ၏ကိုယ်ထဲမှ စွမ်းအားများသည် ဖုန်မှုန့်များကို ခါထုတ်ရန်အတွက် တုန်ခါနေသောကြောင့် ဖုန်တထပ်ထပ်ဖြစ်နေသော သူမ၏ပုံစံက ချက်ချင်းပြန်လည်ကောင်းမွန်လာသည်။

"ကောင်းတယ်" ဟု လင်းယွဲ့ ချဉ်းကပ်သွားပြီး ချီးကျူးလိုက်သည်။

"နည်းနည်းပါးပါးလေးပါ"

ဘိုင်လီဖုန်းကျီက ခေါင်းအနည်းငယ် ခါရင်း "တိုက်ခိုက်ရေး ကျင့်ကြံသူတွေက ဒါမျိုးမှာ တကယ်ပဲ ကျွမ်းကျင်တာ မဟုတ်ဘူး။ အရှင်မင်းသားသာ လေးသင်္ကေတကောင်းကင် အတားအဆီးအထိ ကျင့်ကြံနိုင်ရင် ရှေးဟောင်းစွမ်းအင်တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်" ဟု ပြောသည်။

"ကျွန်တော် လုပ်ရတာထက်တော့ ပိုလွယ်တာပေါ့" ဟု လင်းယွဲ့ ရယ်မောလိုက်သည်။

သူသည် ဖုန်များခါထုတ်ပြီးစ ဘိုင်လီဖုန်းကျီကို ကြည့်လိုက်ပြီး ရုတ်တရက် လက်လှမ်းလိုက်သည်။ သူ၏လက်ချောင်းထိပ်များတွင် လေညင်းတစ်စင်း ပါလာပြီး သူမ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်လိုက်ရာ ကျန်နေသော ဖုန်မှုန့်လေးများ လွင့်စင်သွားသည်။

"အကုန် ကောင်းသွားပြီ"

လင်းယွဲ့က ဘိုင်လီဖုန်းကျီကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဘိုင်လီဖုန်းကျီ မည်သည့်စကားမျှ မပြောဘဲ အနည်းငယ် မသက်မသာ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူမ မွေးစကတည်းက မည်သည့်ယောက်ျားမျှ သူမကို ဤမျှပေါ့ပေါ့ပါးပါး ဆက်ဆံဝံ့ခြင်း မရှိခဲ့သောကြောင့်ပင်။

သို့သော် သူမ စိတ်ထဲမှ တွေးမိလိုက်သည်မှာ... လင်းယွဲ့နောက် လိုက်ရခြင်းသည် ရှားလီ နောက်လိုက်ရခြင်းထက် တကယ်ပင် များစွာ ပိုကောင်းသည်။

လင်းယွဲ့က ဘိုင်လီဖုန်းကျီ တူးထားသော နက်ရှိုင်းသည့်တွင်းဆီသို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ညဘက်ဖြစ်သောကြောင့် မှောင်မည်းနေသည်။ တွင်းအောက်ခြေရှိ တစ်စုံတစ်ခုကိုမူ မှိန်မှိန်ဖျဖျ မြင်ရသည်။ ထို့နောက် သူ လက်လှန်ပြီး တောင်ပသောလုံပုလဲတစ်လုံးကို ထုတ်ယူကာ တွင်းထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

တောက်ပသောလုံပုလဲသည် သန့်ရှင်းသောလေစီးကြောင်းထဲတွင် မျောပါရင်း ဖြည်းဖြည်းချင်း အောက်သို့ဆင်းသက်သွားကာ ၎င်း၏ တောက်ပပြီး နူးညံ့သောအလင်းရောင်သည် တွင်း၏အတွင်းပိုင်းကို ချက်ချင်း လင်းထိန်စေသည်။

"ဪ"

လင်းယွဲ့ သတိထားမိသည်မှာ တောက်ပသောလုံပုလဲသည် တွင်းအောက်ခြေပတ်ပတ်လည်ကို လင်းထိန်စေသော်လည်း အောက်ခြေဆုံးအပိုင်းမှာမူ မှိန်မှိန်သာ ကျန်ရှိနေပြီး အလင်းကို စုပ်ယူထားသကဲ့သို့ပင်။

သူ ခဏတာ စဥ်းစားပြီးနောက် လေဓာတ်ကို ထိန်းချုပ်ကာ တွင်းထဲသို့ မျောဆင်းသွားသည်။

ဆင်းသက်ပြီးနောက် သူတွေ့ရှိသည်မှာ မှိန်ဖျော့နေသောအောက်ခြေသည် ချောမွတ်မာကျောသော ကျောက်ပြားတစ်ခု ဖြစ်နေသည်။

ခေါင်းတလားအမည်းလား။

လင်းယွဲ့သည် ရေဓာတ်ကို ထိန်းချုပ်ကာ ပတ်ပတ်လည်ရှိ မြေကြီးများကို ဖယ်ရှားလိုက်ရာ ဤကျောက်ပြားတစ်ခုလုံးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

တကယ်ပင် ဆယ်မီတာခန့် ရှည်လျားသော ခေါင်းတလား တစ်ခုဖြစ်သည်။

သို့သော် ၎င်းသည် တစ်လက်မခန့် အထူရှိသော မှောင်မိုက်သောအလွှာဖြင့် အမြဲဖုံးအုပ်ထားပြီး တောက်ပသောလုံပုလဲကပင် အလင်းရောင်မပေးနိုင်ခြင်းမှာ အတော်လေး ထူးဆန်းသည်။

မည်မျှပင် နီးကပ်စွာ ကြည့်စေကာမူ ခေါင်းတလား၏ ပုံစံအမှန်ကို သူ မြင်နိုင်စွမ်းမရှိပေ။

၎င်းသည် တစ်လက်မအတွင်းရှိ အလင်းအားလုံးကို စုပ်ယူထားပုံရသည်။

လင်းယွဲ့သည် ဤခေါင်းတလားအမည်းကို မြှောက်ရန် ကြိုးစားကြည့်ရာ အလွန်ပေါ့ပါးသည်ကို တွေ့ရှိပြီး ၎င်းကို သူ၏ ကျောက်စိမ်းလက်စွပ်အတွင်းသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် တွင်းထဲမှ ပေါ့ပေါ့ပါးပါး ခုန်ထွက်လိုက်သည်။

"ပြန်ဖြည့်လိုက်ပါ"

လင်းယွဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဘိုင်လီဖုန်းကျီသည် ခေါင်းညိတ်လိုက်ပြီး လင်းယွဲ့ ဖယ်ရှားထားခဲ့သော တံခါးဘောင်ကို ပြန်ကောက်ကာ မြေကြီးပုံကို အလွတ်ကျင်းထဲ အလျင်အမြန် တွန်းထည့်ပြီး အားဖြင့် ဖိနှိပ်လိုက်သည်။

"သွားကြစို့"

လင်းယွဲ့ သွေးကြာပန်းမီးခွက်ကို သိမ်းဆည်းလိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။ ဘိုင်လီဖုန်းကျီက နောက်မှလိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။

"အရှင်မင်းသား အဲဒီတွင်းထဲက ပစ္စည်းက ထာဝရညနက်ကျောက်စိမ်း ဖြစ်နိုင်မလား"

"ထာဝရညနက်ကျောက်စိမ်းလား"

လင်းယွဲ့ မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

"ပထမဆုံးအကြိမ် ကြားဖူးတာပါ"

ဘိုင်လီဖုန်းကျီက ရှင်းပြသည်။

"ကျွန်မ အနောက်မြောက်တောင်ကြားမှာ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းက နယ်စပ်အပြင်ဘက်က ထာဝရည အကြောင်း နည်းနည်းပါးပါး နားလည်ခဲ့ဖူးပါတယ်။ ဒီကျောက်စိမ်းက အမြဲတမ်း မှောင်မိုက်မှုနဲ့ ဖုံးအုပ်နေပြီး ထာဝရည နယ်မြေထဲမှာ ရှာရအရှားပါးဆုံး ပစ္စည်းလို့ သတ်မှတ်ကြပါတယ်"

"အသုံးဝင်တာတွေ ရှိလား"

လင်းယွဲ့ မေးလိုက်သည်။

"ကျွန်မ ကြားဖူးတာပဲ ရှိတယ်၊ နားမလည်ပါဘူး"

ဘိုင်လီဖုန်းကျီက "ဒါပေမဲ့ အရုဏ်တက်စင်မြင့်ရဲ့ ထာဝရည ကို မကြာခဏ ရှာဖွေသူတွေကတော့ နားလည်လိမ့်မယ်"

"အရုဏ်တက်စင်မြင့်လား"

လင်းယွဲ့ ဆက်မမေးတော့ပေ။

ဘာပဲဖြစ်ဖြစ် သူ လေးသင်္ကေတကောင်းကင် အတားအဆီးကို ဖြတ်ကျော်ပြီးသည်နှင့် ဒီခေါင်းတလားအမည်းထဲမှာ ဘာတွေရှိလဲဆိုတာ သူသိလာမှာပင်။

သိုင်းလောကကို ရူးသွပ်စေမည့် လျှို့ဝှက်ချက်တစ်ခုလား။

သူ အနည်းငယ် မျှော်လင့်နေမိသည်။ သို့သော် ထိုခေါင်းတလားအမည်းက သူ့မိခင် ချန်ထားခဲ့တာလားဆိုတာကိုလည်း သူ တွေးနေမိသည်။

"ဒါနဲ့ အရှင်မင်းသား"

ဘိုင်လီဖုန်းကျီက သူမ၏ လှုပ်ရှားမှုနည်းစနစ်ကို မြှင့်တင်လိုက်ပြီး လင်းယွဲ့ဘေးကနေ ယှဉ်တွဲလျှောက်လာသည်။ ထို့နောက် လျှပ်စီးကြောင်းလေးများ မှိန်မှိန်လေးလင်းနေသည့် အဆောင်တစ်ခုကို ထုတ်ယူပြီး လင်းယွဲ့ကို ပေးလိုက်သည်။

"ဒါ တာအိုဘုန်းတော်ကြီးတုကျွန်မကို ပေးခဲ့တဲ့ ဆာဟာရဒြပ်စင်ခြောက်ပါးဘဝအဆောင်ပါ"

သူမက ပြောသည်။

"အရှင်မင်းသား ပြန်ပေးဆွဲခံရတဲ့နေ့က ကျွန်မ တာအိုဘုန်းတော်ကြီးတုဆီက အကူအညီတောင်းဖို့ ကြိုးစားခဲ့တယ်။ သူက အကူအညီပေးဖို့ သဘောမတူပေမဲ့ ဒီအဆောင်ကိုတော့ ပေးခဲ့တယ်"

ထိုစကားကို ကြားလိုက်သည်နှင့် လင်းယွဲ့၏ ခြေလှမ်းများရပ်တန့်သွားသည်။ သူသည် အဆောင်ကို ယူလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဘာလို့ သူ့ကို သွားရှာတာလဲ"

ဘိုင်လီဖုန်းကျီ အနည်းငယ် အံ့အားသင့်သွားပြီး ရှင်းပြသည်။

"အဲဒီတုန်းက ကျွန်မ အရှင်မင်းသားရဲ့ ဘေးကင်းရေးကို စိုးရိမ်ခဲ့တယ်။ အရှင်မင်းသားက တာအိုဘုန်းတော်ကြီးတုကို အရမ်းယုံကြည်ပုံရတယ်လို့ ကြားရတော့ သူရဲ့ကျင့်ကြံမှု မြင့်မားမယ်လို့ ထင်ပြီး သူ့ကို သွားမေးခဲ့တာပါ"

All Chapters