ကောင်းကင်ဘုံအောက်က အဆိပ်အတောက်များ(၂)
Vol. 7 Ch. 95
သူ အရက်မူးသွားသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ၎င်းက လင်းယွဲ့ကို အနည်းငယ် မနာလိုဖြစ်စေခဲ့သည်။ တစ်နည်းအားဖြင့် အရက်မူးခြင်းသည် သာမန်လူများသာ ပျော်မွေ့နိုင်သည့် ပျော်ရွှင်မှုတစ်ခုပင်။
လင်းယွဲ့သည် အရက်နှင့်တွဲစားရန် အစားအစာတစ်ခုကို ယူလိုက်ပြီး မျက်မှောင်ကြုတ်မိသွားသည်။ သူ၏အာရုံများသည် ယခုအခါ အင်မတန် အားကောင်းနေပြီဖြစ်ရာ သူ၏ အရသာခံနိုင်စွမ်းနှင့် အနံ့ခံနိုင်စွမ်းများက အလွန်ပြင်းထန်သည်။ ဝက်အူကြော်များကို သေချာဆေးကြောထားသော်လည်း သူ၏ အားကောင်းသော အရသာခံနိုင်စွမ်းက အနည်းငယ် မကောင်းသော အနံ့ကိုပါ သိနေဆဲပင်။ အမွှေးနံများအား အများကြီး ထည့်ထားသော်လည်း ထိုမကောင်းသော အနံ့လေးက သူ့ကို အနည်းငယ် ပျို့တက်စေဆဲပင်။
၎င်းသည် သူ၏ပြောင်းလဲမှုအတွက် ပေးဆပ်ရသည့် တန်ဖိုးဟု ဆိုနိုင်ပါသည်။ လင်းယွဲ့အရင်က အတော်လေးကြည့်ကောင်းသည်ဟု ထင်ခဲ့သော အိမ်တော်မှ အစေခံမလေးများကိုပင် ယခုအခါ သူ ကြည့်ရန် ခက်ခဲနေပြီဖြစ်သည်။ သူ၏ အမြင်အာရုံသည် အင်မတန်အားကောင်းလွန်းသဖြင့် လီဗင်ဟွတ်ကဲ့သို့ပင် လူများ၏ မျက်နှာအရေပြားပေါက်များအတွင်းမှ သေးငယ်သော အညစ်အကြေးများကိုပင် အလွယ်တကူ မြင်နိုင်နေသည်။ အစေခံမလေးများ ပြုံးလိုက်သည့်အခါ သူတို့သွားများကြားမှ ကျောက်ကပ်ချေးများကိုပင် သူမြင်နေရသည်။ မည်သို့ပင်ဆိုစေ ရှေးခေတ်တုန်းက မျက်နှာသစ်ဆေး မရှိခဲ့သလို လူတိုင်းကလည်း သွားတိုက်ဆေးမှုန့်ဖြင့် နေ့တိုင်း သွားမတိုက်နိုင်ကြသည် မဟုတ်ပါလား။
သူ၏ အားကောင်းသော အာရုံများသည် ဇီဝဗေဒဆိုင်ရာ ဗီဇစိတ်နှင့်လည်း ဆက်စပ်နေသောကြောင့် ရှောင်ရှားရန် တကယ်ပင် ခက်ခဲသည်။ ကျင့်ကြံသူများ အဘယ်ကြောင့် သာမန်အမျိုးသမီးများကို လက်ထပ်ခဲပြီး အမျိုးသမီးကျင့်ကြံသူများကိုသာ လိုက်စားကြသည်ကို လင်းယွဲ့သည် ယခု နည်းနည်း နားလည်လာပြီဖြစ်သည်။ ပထမဆုံးအနေဖြင့် အမျိုးသမီးများကို သူတို့ သဘောကျ၍မရခြင်းမှာ အဓိပ္ပာယ်ရှိပါသည်။ ယွီရှီချီနှင့် ဘိုင်လီဖုန်းကျီတို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နတ်သမီးလေးများကဲ့သို့ပင် အပြစ်အနာအဆာ ကင်းမဲ့လှပါသည်။ သာမန်လူများသည် သူတို့နှင့် သာမန်လူများကြားရှိ လှပသူများ၏ ကွာခြားချက်ကို မမြင်နိုင်ကြသော်လည်း ကျင့်ကြံသူများကမူ အလွယ်တကူ ခွဲခြားသိမြင်နိုင်ကြသည်။
"အခု စဉ်းစားကြည့်တော့ သာမန်လူတစ်ယောက်ဖြစ်ရတာ တကယ်ပဲ မဆိုးပါဘူး..."
လင်းယွဲ့သည် မြေပြင်ပေါ်၌ အရက်ကို တစ်ခွက်ပြီးတစ်ခွက် မော့နေသည့် အဖိုးကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်မကောင်းဖြစ်မိသွားသည်။
တိတ်ဆိတ်ငြိမ်သက်သော မနက်ခင်းတွင် လင်းယွဲ့သည် တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲမှ ထွက်လာကာ ပျင်းရိစွာ ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်သည်။
"အရှင်မင်းသား"
ဘိုင်လီဖုန်းကျီသည် တံခါးအပြင်ဘက်၌ ရပ်နေပြီး တစ်ညလုံး စောင့်ကြည့်နေခဲ့သည်မှာ ထင်ရှားသည်။
"တာအိုဘုန်းကြီးကို သန့်ရှင်းရေးလုပ်ပေးပြီး သူ့အခန်းကို ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ရှာပေးပါ" ဟု လင်းယွဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟုတ်ကဲ့"
ဘိုင်လီဖုန်းကျီက ခေါင်းညိတ်လိုက်သည်။
သူမ အစေခံများကို မှာကြားပြီးနောက် လင်းယွဲ့ကို "ကင်းလှည့်အရာရှိက အရှင်မင်းသားကို ပျံသန်းနေတဲ့လှေ ပေါ်မှာ စကားပြောဖို့ ဖိတ်ခေါ်ထားပါတယ်" ဟု ပြောလိုက်သည်။
ဒါက လင်းယွဲ့နှင့်သူမ သဘောတူညီထားတဲ့အတိုင်း အဖိုးအိုအား တန်တျန်းဂိုဏ်းအကြောင်း မပြောဖို့ ဖြစ်သည်။
"ကောင်းပြီ၊ အခုပဲ သွားကြစို့"
လင်းယွဲ့ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် ဘိုင်လီဖုန်းကျီ သိမ်းပိုက်ထားခဲ့သော ခမ်းနားထည်ဝါသော အိမ်ကြီးမှ ထွက်ခွာပြီးနောက် နှစ်ဦးသား ပျံသန်းနေတဲ့လှေ ဆီသို့ ဦးတည်သွားကြသည်။
ပျံသန်းနေတဲ့လှေ အောက်တွင် ရွှေချပ်ကာ တပ်မတော်အဖြစ် အယောင်ဆောင်ထားသော တန်တျန်းဂိုဏ်း၏ တပည့်များက အသင့်စောင့်ဆိုင်းနေကြပြီး သူတို့ ချဥ်းကပ်လာသည်ကို မြင်သည်နှင့် လျင်မြန်စွာ သတင်းပို့လိုက်ကြသည်။
မကြာမီပင် အမြင့် ပေတစ်ရာခန့်တွင် ပျံဝဲနေသော ဧရာမပျံသန်းနေတဲ့လှေမှ တိမ်များဖြင့် ပြုလုပ်ထားသော လှေကားများ ဆင်းသက်လာသည်။
လင်းယွဲ့သည် ချက်ချင်းပင် သူ့၏ လေဓာတ်ကို အသက်သွင်းလိုက်ပြီး တိမ်လှေကားထစ်များကို သူ့ခြေဖျားလေးများဖြင့် အကြိမ်အနည်းငယ် ဖွဖွနင်းကာ ပျံသန်းနေတဲ့လှေ၏ ကုန်းပတ်ပေါ်သို့ လှပစွာ ဆင်းသက်သွားသည်။
သူသည် လေဓာတ်ကို ထိန်းချုပ်ကာ ခဏတာ ပျံသန်းနိုင်သော်လည်း သူ့စိတ်တစ်စိတ်က ဤတိမ်များကို လက်လွတ်ခံချင်စိတ် မရှိခဲ့ပေ။
ဘိုင်လီဖုန်းကျီလည်း ပျံသန်းနေတဲ့လှေ၏ ကုန်းပတ်ပေါ်သို့ ခုန်တက်လိုက်သည်။
ဤပျံသန်းနေသောလှေသည် သာမန်သင်္ဘောများနှင့် သိပ်မကွာခြားဘဲ ရွက်တိုင်များမပါဝင်သောကြောင့် ပိုမိုခမ်းနားထည်ဝါလှသည်။
သို့သော်လည်း လင်းယွဲ့ သိရှိသည်မှာ ဤဧရာမလှေကြီးသည် တန်တျန်းဂိုဏ်း၏ ရတနာတစ်ခုဖြစ်ပြီး၊ တတိယကွင်းအဆင့်၏ နိယာမများနှင့် ပြည့်နှက်နေသောကြောင့် ကျင့်ကြံသူများစွာက မောင်းနှင်ရန်လိုအပ်ကာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိလှပသည်။
"အရှင်မင်းသားကို ဂါရဝပြုပါတယ်"
ရိုသေစွာ နှုတ်ဆက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ကုန်းပတ်ပေါ်တွင် စစ်မှန်သောမျက်နှာဖုံးအား ဝတ်ဆင်ထားသော တန်တျန်းဂိုဏ်းမှ လူဒါဇင်ပေါင်းများစွာကို တွေ့မြင်နိုင်သည်။
လူဆယ်ယောက်ကျော် အဖွဲ့ထဲတွင် လေးသင်္ကေတအဆင့် ကျင့်ကြံသူများဖြစ်သည့် ယွီရှီချီ၏ ဆရာများအပြင် ဘိုင်လီဖုန်းကျီ အရင်က ဒဏ်ရာရစေခဲ့သော အယောင်ဆောင် ကင်းလှည့်အရာရှိလည်း ပါဝင်သည်။
"အရှင်မင်းသား..."
ယွီရှီချီက လင်းယွဲ့ကို ညင်သာစွာ ခေါ်လိုက်ပြီး ခဏတာ တွန့်ဆုတ်နေသော်လည်း ပိုနီးအောင် မလာဘဲ မနေ့ကထက် ပို၍ စောင့်စည်းဟန်ရှိသည်။
သူမ၏ ဆရာများ သူမကို ဘာတွေ ပြောခဲ့လဲဆိုတာ သူ မသိပေ။
လင်းယွဲ့ ဂရုမစိုက်ပေ။
ဖြစ်နိုင်သည်မှာ ယွီရှီချီ၏ ဆရာများက ဤမင်းသားဦးလေးသည် သူမကို လက်ထပ်ရန် စိတ်ကူးရှိလာနိုင်မည်ကို စိုးရိမ်ပြီး ကြိုတင်ကာကွယ်မှုများ သင်ကြားပေးခဲ့ခြင်း ဖြစ်နိုင်သည်။ တန်တျန်းဂိုဏ်းမှ ဤလူများထဲမှ အများစုက သူ ဂိုဏ်းခေါင်းဆောင်မှန်း မသိကြသေးသောကြောင့် သူ့ကို အရှင်မင်းသားဟုသာ ခေါ်နေကြခြင်း ဖြစ်ပုံရသည်။ ၎င်းသည် သူ၏ တောင်းဆိုချက်ပင်။
"အရှင်မင်းသား၊ ဒီဘက်က ကြွပါ"
ဆရာ ဂူကျင်းရုန်က လင်းယွဲ့ကို ကုန်းပတ်၏ ဒုတိယအဆင့်ရှိ ခန်းမတစ်ခုဆီ ချက်ချင်း လမ်းညွှန်ပေးပြီး တစ်ပြိုင်တည်းမှာပင် "စတုတ္ထမျိုးဆက် တပည့်တွေ မင်းတို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်ပြီး ပြန်ကြတော့" ဟု ညွှန်ကြားလိုက်သည်။ ပျံသန်းနေသောလှေပေါ်မှ တန်တျန်းဂိုဏ်းကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ချက်ချင်း ကွဲလွင့်သွားကြသည်။ ယွီလေးအပါအဝင် ကျန်ရှိသည့် ကိုးယောက်ကလည်း လေးသင်္ကေတအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
"အရှင်မင်းသား ထိုင်ပါ"
ဆရာ ဂူကျင်းရုန်က လင်းယွဲ့ကို ခန်းမထဲရှိ အဓိကထိုင်ခုံဆီ ခေါ်သွားသည်။ လင်းယွဲ့ ထိုင်ပြီးသည်နှင့် သူ လက်စွပ်ကို ဝှေ့ယမ်းပြီး ခန်းမတံခါးများကို ပိတ်လိုက်သည်။ ထို့နောက် ရိုသေစွာ ဦးညွှတ်ပြီး "ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
ကျန်ရှိသော ရှစ်ယောက်ကလည်း ရိုသေစွာ ဦးညွှတ်ကြပြီး ယွီရှီချီကလည်း သူတို့နှင့်အတူ လိုက်လုပ်ရန် တွန်းအားပေးခံလိုက်ရသည်။
လင်းယွဲ့ ညင်သာစွာ ခေါင်းညိတ်ပြီး "အားလုံး ထိုင်ကြပါ" ဟု ပြောလိုက်သည်။ သူ မအံ့ဩပေ။
ယွီလေး၏ ဆရာနှင့် ဒုတိယဆရာက သူ့အတွက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ သဘောတူခဲ့ကြသော်လည်း တန်တျန်းဂိုဏ်း၏ တခြားရာထူးမြင့်အဖွဲ့ဝင်များဆီမှတော့ လျှို့ဝှက်ထား၍ မရနိုင်ပေ။ သို့မဟုတ်ပါက သူတို့၏ အကူအညီကို ရနိုင်မည်မဟုတ်ပေ။
တန်တျန်းဂိုဏ်း၏ ထိပ်တန်းအဖွဲ့ဝင်များ ထိုင်ပြီးသည်နှင့် လင်းယွဲ့သည် အဓိကထိုင်ခုံတွင် ကိုယ်တည့်မတ်စွာ ထိုင်ကာ ဘိုင်လီဖုန်းကျီက သူ၏နောက်တွင် ရပ်နေသည်။ သူ အားလုံးကို တစ်ချက်ကြည့်ပြီး "ဒီဟုန်မြို့က မုန်တိုင်းရဲ့ ဗဟိုချက်ဖြစ်ပေမဲ့ ကျွန်တော် သွားကိုသွားရမယ်ဆိုတာ ခင်ဗျားတို့ အားလုံး သိကြမှာပါ။ အချိန်ကို နည်းနည်း နောက်ဆုတ်လို့ရရုံပါပဲ။ ခင်ဗျားတို့ အားလုံး တစ်ချိန်က ဆယ့်ခြောက်ယောက်မြောက်မင်းသားနောက်ကို လိုက်ပါခဲ့ဖူးတယ်။ ကောင်းမွန်တဲ့ ဗျူဟာတွေများ ရှိမလား" ဟု ပြောလိုက်သည်။
ဆရာ ခဏတာ စဉ်းစားပြီး ပထမဆုံး မေးလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်က ဘယ်လောက်ကြာအောင် နောက်ဆုတ်ဖို့ ပြောတာလဲ။ အကြာဆုံးက နှစ်ငါးဆယ်လား။ နှစ်တစ်ရာလား။"
"နှစ်ငါးဆယ်လား။ နှစ်တစ်ရာလား။"
လင်းယွဲ့ ခေါင်းအနည်းငယ် ခါရင်း "တစ်နှစ်နှစ်နှစ်အတွင်းပါပဲ။ အများဆုံး နှစ်နှစ်အတွင်း ကျွန်တော် မြို့တော်ကို ဝင်ရပါမယ်" ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ထိုနေရာရှိ တန်တျန်းဂိုဏ်းမှ တတိယမျိုးဆက် တပည့်များ မျက်မှောင်ကြုတ်ကုန်ကြသည်။ သူတို့ အလွန်အမင်း စိတ်ပူပန်နေကြသည်မှာ ထင်ရှားသည်။ ဤအရှင်မင်းသားသည် ခုမှ နိုးထလာခြင်းဖြစ်ပြီး သာမန်ပြည်သူများကြားတွင် လွင့်ပါးခဲ့သော မင်းသားတစ်ပါးဖြစ်ပြီး တရားရုံးတွင် မည်သည့်အခြေခံ၊ မည်သည့်ဆက်သွယ်မှုမျှ မရှိသေးသူ ဖြစ်သည်။ သို့သော် ဒီဟုန်မြို့သို့ တစ်နှစ်၊ နှစ်နှစ် ပြင်ဆင်ချိန်လေးဖြင့် သွားရောက်ရန် မျှော်လင့်နေခြင်းလား။ ဤမျှတိုတောင်းသောအချိန်အတွင်းတွင် မည်သည့်ပြင်ဆင်မှုများ လုပ်နိုင်မည်နည်း။
"ဂိုဏ်းခေါင်းဆောင် ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ။ အကြောင်းရင်းတွေကို ပြောပြလို့ ရမလား"
လူအုပ်စုသည် သင့်တော်သော ဗျူဟာကို ရှာမတွေ့ဘဲ ခဏတာ စဥ်းစားနေကြသဖြင့် ဒုတိယဆရာက ချဥ်းကပ်ပုံကို ချက်ချင်းပြောင်းလဲကာ မေးခွန်းကို ပြန်လည်စတင်ခဲ့သည်။
လင်းယွဲ့သည် စဥ်းစားဆင်ခြင်ပြီး ချဥ်းကပ်ပုံကို ပြောင်းလဲနိုင်သည်ဟု ထင်မြင်ကာ ဖုံးကွယ်ခြင်းမရှိဘဲ တည့်တိုး ပြောလိုက်သည်။
"ကျွန်တော် ဒီဟုန်မြို့ကို သွားရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် ကိစ္စနှစ်ခုကို ဆောင်ရွက်ဖို့ပါ။ တစ်ခုက ဘဏ္ဍာတစ်ခုကို ရယူဖို့ဖြစ်ပြီး၊ နောက်တစ်ခုကတော့ နက်နဲတဲ့ အဆိပ်တစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ပါ"
"ဘဏ္ဍာတစ်ခု ရယူဖို့လား"
ဆရာက ပြောသည်။
"ဖြစ်နိုင်ရင် ဂိုဏ်းခေါင်းဆောင်အတွက် ဘဏ္ဍာကို ကျွန်တော်တို့ ရယူပေးနိုင်ပါတယ်။ အဲ့ဒါဆို အရှင်မင်းသား မြို့တော်ကို အလျင်စလို ဝင်ဖို့ မလိုတော့ဘူးပေါ့၊ နက်နဲတဲ့ အဆိပ်ကတော့..."
"မဖြစ်နိုင်လောက်ပါဘူး"
လင်းယွဲ့ စကားဖြတ်လိုက်ပြီး ခေါင်းအနည်းငယ် ခါကာ ပြောသည်။
"ဘဏ္ဍာကို ရယူဖို့ တံဆိပ်က ကျွန်တော့်ကိုပဲ သခင်အဖြစ် အသိအမှတ်ပြုထားတာမို့ တခြားလူတစ်ယောက်က အစားထိုးလို့ မရပါဘူး"
"အဲဒီလိုဆိုရင်..."
စစ်မှန်သောမျက်နှာဖုံး ဝတ်ထားသည့် အမျိုးသမီးတစ်ဦးက ညင်သာစွာ ပြောသည်။
"ဖြစ်နိုင်ရင် ဂိုဏ်းခေါင်းဆောင်ကို ဒီဟုန်မြို့ထဲ လျှို့ဝှက်ဝင်ရောက်နိုင်အောင် နည်းလမ်းရှာပြီး ဘဏ္ဍာကို တိတ်တိတ်ဆိတ်ဆိတ် ရယူနိုင်ရင် မင်းသားတစ်ပါးအနေနဲ့ မြို့တော်ထဲကို ပေါ်ပေါ်တင်တင် ဝင်ရောက်ပြီး မလိုအပ်တဲ့ အာရုံစိုက်မှုကို ခံစရာ မလိုတော့ဘူးပေါ့"
ဆရာ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ဂိုဏ်းခေါင်းဆောင် ပြောတဲ့ နက်နဲတဲ့ အဆိပ်က ဘာအမျိုးအစားလဲ။ ကျွန်တော်တို့ နတ်ဆိုးလမ်းကြောင်းက အဆိပ်အတောက်ပညာမှာ ထူးချွန်တာမို့ ကူညီနိုင်တာလည်း ဖြစ်နိုင်ပါတယ်" ဟု မေးလိုက်သည်။
"အင်း..."
လင်းယွဲ့ ခဏတာ စဥ်းစားပြီးနောက် "အဲဒီ နက်နဲတဲ့ အဆိပ်ကို ခွဲခွာသောဝမ်းနည်းခြင်းလို့ ခေါ်ပါတယ်။ ကြားဖူးတဲ့သူ ရှိမလား မသိဘူး" ဟု ပြောလိုက်သည်။
သူ၏ စကားသံကျရောက်သည်နှင့် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
ထို့နောက် ခဏတာ တိတ်ဆိတ်မှုအပြီးတွင်….
"ခွဲခွာသောဝမ်းနည်းခြင်းလား"
"ကမ္ဘာပေါ်မှာ အသေခံရဆုံး အဆိပ်။ ခွဲခွာသောဝမ်းနည်းခြင်းလား"
"ကုသလို့မရတဲ့ အဆိပ်..."
"တကယ်တော့ အသေခံအဆိပ်တွေထဲမှာ ထိပ်တန်းမလား"
မယုံနိုင်စရာ တိုးတိုးလေး ပြောသံများ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်လာပြီး သူတို့မျက်နှာများ ပြောင်းလဲသွားကြသည်။
လင်းယွဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
တာအိုဘုန်းကြီး၏ လျှို့ဝှက်ချက်တွင် ဖော်ပြထားသော နက်နဲသည့်အဆိပ်သည် သူ ထင်ထားသည်ထက်ပင် ပို၍ အံ့အားသင့်စရာကောင်းပုံရသည်။
တာအိုဘုန်းကြီး၏ လျှို့ဝှက်ချက်ကို ကြားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
"...သူ့မှာ ခွဲခွါသောဝမ်းနည်းခြင်း အဆိပ်သင့်နေတာ။ ရှန်ရှောင်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က အားထုတ်မှုအစွမ်းကုန် ထိန်းချုပ်ထားပေမဲ့ နှစ်နှစ်ဆယ်၊ နှစ်သုံးဆယ်လောက်ပဲ အသက်ရှင်နိုင်ဦးမယ်..."
ဤသည်မှာ တာအိုဘုန်းကြီး၏ တတိယကွင်းအဆင့် လျှို့ဝှက်ချက်နှင့် ပတ်သက်သည့် မူရင်းစာသား၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အဆိပ်သင့်မှုက သူ့မွေးဖွားပြီး မကြာမီမှာ ဖြစ်ပွါးခဲ့ခြင်းပင်။
သူသည် အသက် ၁၉ နှစ်နီးပါး ရှိနေပြီဖြစ်သည်။ သူ၏ဘဝသက်တမ်းအားလုံးကို ထည့်သွင်းစဉ်းစားပါက အသက်ရှင်သန်ရန် နောက်ထပ် နှစ်အနည်းငယ်သာ ကျန်ရှိတော့သည်။
ယခင်က သူ့တွင် မည်သည့်စွမ်းရည်မျှ မရှိခဲ့သလို ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးလည်း မရှိခဲ့ပေ။ သို့ရာတွင် ယခုအခါ မင်းသားတစ်ပါးအနေဖြင့် သူသည် နည်းလမ်းရှာဖွေရန် လိုအပ်ပါသည်။
သို့သော်လည်း….
"ဂိုဏ်းခေါင်းဆောင်"
ဆရာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ခွဲခွါသောဝမ်းနည်းခြင်းက ကမ္ဘာပေါ်မှာ အသေခံရဆုံး အဆိပ်တွေထဲက တစ်ခုလို့ သတ်မှတ်ခံရပြီး ကုသလို့မရတဲ့ အဆိပ်လို့ လူသိများပါတယ်။ အရှင်မင်းသား ဘယ်သူ့အတွက် ကုသဖို့ ကြံစည်နေတာလဲတော့ မသိပေမဲ့ စွန့်လွှတ်လိုက်တာ ပိုကောင်းပါတယ်"