← Chapters

အခန်း (၁၁၆)

Vol. 9 Ch. 116

အခန်း (၁၁၆)

Vol. 9 Ch. 116

"သူ အသက်ရှင်မှာ"

ဂါးရက် နော့ဒ်မတ်၏ အသံက ကျယ်လောင်စွာ မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် လူငယ် ဂျွန်သည် ဆားရည်ယူရန် အလျင်အမြန် ပြေးထွက်သွားရာ သူ၏စကားသံများက ပွင့်နေသော တံခါးမှတစ်ဆင့် အပြင်ဘက် လူစည်ကားသော ဧည့်ခန်းသို့ ပဲ့တင်ထပ်သွားသည်။

"ဘာ သူ တကယ် အသက်ရှင်မှာလား"

"ဒါ အံ့ဩစရာပဲ"

ဧည့်ခန်းသည် လူအများအပြားဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ဒဏ်ရာရသူကို ခေါ်လာသော အမျိုးသားနှစ်ဦး၊ ဒဏ်ရာရသူ၏ ဇနီး၊ သားသမီးများနှင့် မောင်နှမများ၊ ဒဏ်ရာရသူကယ်ဆယ်ခဲ့သော ကလေး၏ မိသားစုများဖြစ်သည့် လူကြီးများက ငိုကြွေးနေကြပြီး ကလေးများက အော်ဟစ်နေကြရာ ရှုပ်ထွေးကာ ပရမ်းပတာ ဖြစ်နေသည်။ ဆေးဝါးပညာရှင် လင်ဒေက စည်းကမ်းထိန်းသိမ်းရန် အသည်းအသန် ကြိုးစားသော်လည်း အကျိုးသက်ရောက်မှု နည်းပါးပြီး ချွေးများ ရွှဲနစ်လျက် အဆုံးသတ်ခဲ့ရသည်။

ဂျွန် တံခါးဖွင့်လိုက်သည်နှင့် မျက်လုံးဒါဇင်ပေါင်းများစွာ သူ့ဆီသို့ တစ်ပြိုင်နက်တည်း လှည့်လာသည်။ ဂါးရက်က "သူ အသက်ရှင်မှာ" ဟု အော်ပြောသည်ကို ကြားသောအခါ လူတိုင်း ဝမ်းသာအားရ ဖြစ်ပြီး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားကြသည်။ အနီးရှိ လူနှစ်ဦး အလျင်အမြန် ပြေးဝင်လာသည်။

"တကယ်လား တကယ်လား သူ အခု ဘယ်လိုလဲ။ အဆင်ပြေလား"

"သူတို့ကို ဝင်ခွင့်မပြုနဲ့."

ဂါးရက် အော်ဟစ်လိုက်သည်။

ဒါက ခွဲစိတ်ခန်းာာမိသားစုဝင်တွေက ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး ဝင်လာနိုင်မှာလဲ။

ခွဲစိတ်ခန်းရဲ့ ပိုးသတ်စည်းမျဉ်းတွေက အရေးမကြီးတော့ဘူးလား။

ဂျွန် အလျင်အမြန် ရပ်တန့်လိုက်ပြီး လက်များကို ဆန့်တန်းကာ ထိုအမျိုးသားနှစ်ဦးကို ပိတ်ဆို့လိုက်သည်။ ကံမကောင်းစွာဖြင့် သူသည် ဘုန်းတော်ကြီး အသစ်တစ်ဦးသာ ဖြစ်ပြီး ကိုယ်လုံးသေးငယ်သောကြောင့် တစ်ဖက်ကို ပိတ်ဆို့နိုင်သော်လည်း အခြားတစ်ဖက်ကို မပိတ်ဆို့နိုင်ပေ။ ထိုအမျိုးသားနှစ်ဦးသည် အရှိန်အပြည့်ဖြင့် ပြေးဝင်လာရာ သူ လဲကျလုနီးပါး ဖြစ်ပြီး နောက်သို့ ဆုတ်သွားသည်။

ကူကယ်ရာမဲ့စွာ သူသည် လူတစ်ယောက်၏ အဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အသံကို မြှင့်ကာ ရုန်းကန်ရင်း အော်ပြောလိုက်သည်။

"မဝင်နဲ့။ ဝင်ခွင့်မပြုဘူး။ အတွင်းမှာ လုပ်ငန်းစဉ် မပြီးသေးဘူး"

ဂါးရက်သည် ဆူညံသံကို ကြားသောအခါ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။ အံ့အားသင့်စွာပင် သူ လျစ်လျူရှုမိခဲ့သည်ကို သဘောပေါက်လိုက်သည်။

ဒါက သူ့ရဲ့ ယခင်ဘဝ မဟုတ်ဘူး။

သူ အရင်က အလုပ်လုပ်ခဲ့တဲ့ ဆေးရုံက အရေးပေါ်ခန်းလို လူတွေ လာလိုက်သွားလိုက်၊ လုံခြုံရေးတွေ ကင်းလှည့်၊ ခွဲစိတ်ခန်းကို ဝင်ဖို့ စစ်ဆေးရေးဂိတ်တွေ အများကြီး ရှိတာမျိုး မဟုတ်ဘူး။

ဒီမှာဆို အပေါ်ဆုံးကနေ အောက်ဆုံးအထိ လူခြောက်ယောက်ပဲ ရှိတယ်။

ဆရာဝန် (ဘုန်းတော်ကြီး) ငါးယောက်လုံး ခွဲစိတ်ခန်းထဲ ဝင်သွားပြီး အပြင်မှာ ဆေးဝါးပညာရှင်တစ်ဦးပဲ ကျန်တော့တယ်။ ရန်လည်း မဖြစ်နိုင်ဘူး၊ လူအုပ်ထက် ကျယ်လောင်အောင်လည်း အော်နိုင်မှာ မဟုတ်ဘူး။

အနည်းဆုံးတော့ လုံခြုံရေးတစ်ယောက်တော့ ထားသင့်တာ။

"ဘယ်သူမှ ဝင်ခွင့်မပြုဘူး"

ခွဲစိတ်ခန်းတံခါးကို ကျောပေးထားသည့် ဂါးရက်သည် မရွေ့နိုင်သောကြောင့် ပို၍ ကျယ်လောင်စွာ အော်ဟစ်ရုံသာ ရှိသည်။ ဂျွန်က ရုန်းကန်ပြီး ရပ်တန့်ရန် ကြိုးစားနေသော်လည်း တစ်လှမ်းချင်းစီ နောက်ဆုတ်နေသည်။ သူ ခွဲစိတ်ခန်းတံခါးပေါက်ကျော်လွန်၍ နောက်ဆုတ်သွားသည်ကို မြင်သောအခါ ဘုန်းတော်ကြီး ပက်ထရစ် ရုတ်တရက် ရှေ့သို့ တက်လှမ်းလာပြီး လက်များကို ဝှေ့ယမ်းကာ….

"ထွက်သွား"

"ထွက်သွား"

ဤစစ်သည်တော်ဘုန်းတော်ကြီးသည် စတုတ္ထအဆင့်ပိတ်ဆို့မှုတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့သော်လည်း စစ်သည်တော်ရာထူးမှာမူ ပဉ္စမအဆင့်သို့ ထိုးဖောက်ကျော်လွန်နေခဲ့ပြီဖြစ်သည်။ သူ၏ ခွန်အားသည် အခြေအနေတစ်ခုလုံးကို လုံးဝလွှမ်းမိုးထားသည်။ သူသည် လူတစ်ဦးစီကို တစ်ဖက်လက်ဖြင့် ပစ်ထုတ်ကာ တံခါးဝကို ပိတ်ဆို့ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဝင်ခွင့်မပြုဘူး။ ကြားလား ဘယ်သူမဆို ထပ်ဝင်ဖို့ ကြိုးစားရင် လူနာကိုရော အပြင်ထုတ်ပစ်မယ်။ ကုသတာကို ရပ်လိုက်မယ်"

ဤကျယ်လောင်သော အသံသည် ဆံပင်မရှိသော ဘုန်းတော်ကြီးအာခီ၏ ရိုးရာဓလေ့အတိုင်း အဆောက်အအုံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ နှစ်ထပ်အဆောက်အအုံတစ်ခုလုံး သူ၏ အော်သံများဖြင့် ဆူညံနေသည်။ "ဒုန်း" ခနဲ ကျယ်လောင်သော အသံအပြီးတွင် လေးလံသော တံခါးကြီး ပိတ်သွားသည်။

"ကြားလား။ ဘယ်သူမှ ဝင်ခွင့်မပြုဘူး။ ဘယ်သူမဆို ကြိုးစားရင် လူနာနဲ့အတူ အပြင်ထုတ်ပစ်မယ်။ ငါတို့ ကုသတာ ပြီးပြီ"

ဤကျယ်လောင်သော အော်သံက နောက်ဆုံးတွင် လူအုပ်ကို တိတ်ဆိတ်သွားစေသည်။ ဂါးရက်သည် အူများကို ဖြည်ရင်း ဘုန်းတော်ကြီးများကို ရှင်းပြနေစဉ် ငြိမ်သက်စွာ ခွဲစိတ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။

"ပြင်းထန်စွာ ဒဏ်ရာရရှိထားတဲ့ လူနာတွေ၊ အထူးသဖြင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာများစွာ ရရှိထားတဲ့ သူတွေနဲ့ ပတ်သက်လာရင် နေရာတိုင်းက အရေးပေါ်ပါပဲ။ ဒီလိုကိစ္စတွေမှာ ကုသဖို့ အစီအစဉ်တစ်ခု ရှိတယ်။ အတိုချုပ်ပြောရရင် လူက ဘယ်နေရာကနေ အမြန်ဆုံး သေဆုံးနိုင်လဲဆိုတာကနေ စတင်ပါ..."

"ရိုးရိုးရှင်းရှင်းပြောရရင် နှလုံးခုန်သံနဲ့ အသက်ရှူခြင်းကို အရင်စစ်ဆေးပါ။ ဒီနှစ်ခု မရှိတော့ရင် လူဟာ သုံးမိနစ်အတွင်း သေဆုံးသွားမှာပါ။ နောက်တစ်ခုက ဝမ်းဗိုက်ကို စစ်ဆေးပါ။ ပြင်းထန်တဲ့ အတွင်းသွေးယိုစီးမှုရှိရင် သေဆုံးမှုက နှလုံးခုန်သံနဲ့ အသက်ရှူခြင်းထက် အနည်းငယ် နှေးကွေးပေမယ့် နှိုင်းယှဉ်ရင် မြန်မြန် ဖြစ်ပေါ်ပါလိမ့်မယ်။ ပြီးရင် ကျောရိုး၊ ဦးခေါင်း၊ တင်ပဆုံ၊ သွေးလွှတ်ကြောတွေနဲ့ အာရုံကြောတွေဆီကို ရွှေ့ပြီး သေဆုံးနိုင်ခြေကို အနည်းဆုံးဖြစ်အောင် အဲဒီအစီအစဉ်အတိုင်း ကုသပါ"

ဘုန်းတော်ကြီးလေးပါးလုံး စေ့စေ့နားထောင်နေကြပြီး စကားလုံးတိုင်းကို အာရုံစိုက်နေကြသည်။ ပက်ထရစ် ရုတ်တရက် မေးလိုက်သည်။

"ကျွန်တော် မြင်းနင်းမိတဲ့သူတစ်ယောက်ကို ကုသဖူးတယ်... သွေးထွက်တာ ရပ်သွားပြီ၊ လူက ထရပ်နိုင်ပြီ၊ ဒါပေမဲ့ ရုတ်တရက် လဲကျပြီး သေသွားတယ်။ ကျွန်တော် အတွင်းသွေးယိုစီးတာကို လွဲချော်ခဲ့တာလား"

"အဲဒီလူ... ကျွန်တော့်ရဲ့ အိမ်နီးချင်း ကျွန်တော့်ရဲ့ ရဲဘော်ပါ။ သုံးနှစ်လောက်က အဲဒီတိုက်ပွဲကြီးမှာ သူ ကျွန်တော့်ကို အသည်းအသန် တွန်းဖယ်ပေးခဲ့ပေမဲ့ မြင်းခွာအောက် ရောက်သွားခဲ့တယ်။ ကုသရေးပညာတွေ အကုန်ထုတ်သုံးပြီး သူ့သွေးထွက်တာကို ရပ်တန့်နိုင်ခဲ့ပေမဲ့ သူ သေဆုံးသွားတာကို ကျွန်တော် ကြည့်နေခဲ့ရတုန်းပဲ..."

အဲဒီနေ့ကစပြီး ဘုန်းတော်ကြီးအဆင့်က တိုးတက်မှု မရှိခဲ့ဘူး။ ဒီနေ့အထိပဲ။

ဟင် တော်တော်လေး အတွေးနက်စရာပဲ။

ဂါးရက်က သူ့ကို တစ်ချက်ကြည့်ပြီး ချီးကျူးလိုက်သည်။ သို့သော် သူ့မေးခွန်းကို ရင်ဆိုင်ရသောအခါ တွန့်ဆုတ်မနေဘဲ ခေါင်းခါလိုက်သည်။

"လူနာကို မတွေ့ရဘဲ တိကျစွာ မပြောနိုင်ပါဘူး။ အတွင်းသွေးယိုစီးတာ ဖြစ်နိုင်သလို၊ ဦးနှောက်ထိခိုက်တာလည်း ဖြစ်နိုင်တယ်၊ ဒါ့အပြင် ပိုပြီး ဖုံးကွယ်ထားတဲ့ အခြေအနေတွေလည်း ရှိနိုင်တယ်။ ဒီလို လူနာတွေနဲ့ ပတ်သက်ရင် ကျွန်တော် ပြောနိုင်တာကတော့ ခင်ဗျား ကံမကောင်းဘူးလို့ပဲ ပြောနိုင်တာ။ ခင်ဗျား လုပ်ခဲ့တာ ဒါမှမဟုတ် မလုပ်ခဲ့တာနဲ့ ပတ်သက်တာ မဟုတ်ဘူး"

သူ၏ ယခင်ဘဝက ဆေးရုံတွင် အဘိုးကြီးတစ်ဦးကို လက်ခံဖူးသည်။ သူ လမ်းလျှောက်ဝင်လာကာ လမ်းလျှောက်၍ ပြန်ထွက်သွားသည်။ လူနာလည်း စိတ်ကျေနပ်သလို မိသားစုလည်း စိတ်သက်သာရာရသည်။ သူ ငွေရှင်းကောင်တာသို့ လျှောက်သွားသည်။ တန်းစီနေစဥ်ပင် မရောက်ခင် လဲကျပြီး သေဆုံးသွားသည်...

သေဆုံးသွားသည်...

နောက်ဆုံး ရောဂါရှာဖွေတွေ့ရှိချက်ကတော့သွေးလွှတ်ကြော ပေါက်ပြဲခြင်းဖြစ်သည်။

သူတို့ ဘယ်မှာမှ ငြင်းနိုင်မှာ မဟုတ်ဘူး။ အဘိုးကြီးက ပေါင်ကျိုးပြီး ရောက်လာတာ။

ပတ်ထရစ်တွေဝေနေစဥ် ဂါးရက်က အူများကို ဆက်လက်ပြုပြင်ခြင်း၊ ဆားရည်ဖြင့် ဆေးကြောခြင်းနှင့် သွေးထွက်နေခြင်းရှိမရှိ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်နေခဲ့သည်။ အရာအားလုံး ပြီးဆုံး၍ ချွေးများ သုတ်လိုက်ပြီးနောက်…

"ဂျိုအန်နာ ဆရာ့ဆီ မက်ဆေ့ချ်ပို့လိုက်ပါ။ သူ နောက်မှ နည်းနည်း လာလို့ရတယ်၊ ပြီးတော့ ဝက်သစ်ချသား တောင်ဝှေးကို ယူလာပေးပါလို့ ပြောလိုက်ပါ"

"ပက်ထရစ်၊ ဂျိုအန်နာရဲ့ နေရာမှာ ရပ်ပါ၊ လူနာရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူခြင်းကို စောင့်ကြည့်ပါ။ ပြဿနာရှိရင် ကျွန်တော့်ကို အချိန်မရွေး ခေါ်လိုက်ပါ"

"အီဗင်၊ ဝမ်းဗိုက်ကို ပိတ်ဖို့ ပြင်ဆင်... နည်းနည်း ချွေတာပြီး အသေးစားကုသမှုနဲ့ စလုပ်၊ ကျွန်တော့် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ဝမ်းဗိုက်ကို တစ်ထပ်ချင်းစီ ပိတ်၊ အတွင်းကနေ အပြင်ကို၊ မှော်ပညာကို မဆင်မခြင် မသုံးနဲ့။ လာ၊ ဒီအလွှာကို ပိတ်တာ စလိုက်ရအောင်၊ ဒါက ဒီပါးလွှာတဲ့ အမြှေးပါး..."

"တိုက်ရိုက် ကုသခြင်း မှော်ပညာကိုပဲ သုံးလိုက်ရင်ရော"

ပက်ထရစ် ရုတ်တရက် မေးလိုက်သည်။ ဖြည်းဖြည်းချင်း ကောင်းမွန်လာနေသော ဝမ်းတွင်းအဆီဖုံးအမြှေးပါးကို စိုက်ကြည့်ရင်း ဂါးရက် ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"မမှန်ကန်စွာ ချုပ်လိုက်ရင် အတွင်းပိုင်းက ပေါင်းစပ်မှာ မဟုတ်ဘူး၊ အတွင်းအပြင်အလွှာတွေက ထောင့်ဖြတ် ကပ်သွားနိုင်တယ်၊ ဒါမှမဟုတ် အူတွေ ကပ်သွားနိုင်တယ်... ဒါမှမဟုတ် မင်း မမှန်ကန်စွာ ချုပ်မိတဲ့ အကွာအဝေးကနေ အူတွေ ယိုစိမ့်သွားနိုင်တယ်... ပြဿနာအမျိုးမျိုး ဖြစ်နိုင်တယ်။ ဘာတွေ မှားသွားနိုင်လဲ ဘယ်သူသိမလဲ"

ပက်ထရစ် တိတ်ဆိတ်သွားပြီး ဂါးရက်က လက်များ လျင်မြန်စွာ လှုပ်ရှားနေရင်း ရှင်းပြနေသည်၊ ဒဏ်ရာရသူ၏ ကြွက်သားများနှင့် အရေပြားကို တစ်ထပ်ချင်းစီ ပိတ်ကာ အီဗင်ကို ကုသခြင်း မှော်ပညာ အသုံးပြုရန် ညွှန်ကြားနေသည်။ ဆွဲတင်ရင်း ရှင်းပြနေသည်။

"ဒါက ဝမ်းဗိုက်အမြှေးပါး... ဒါက ဝမ်းဗိုက်အမြှေးပါးအပြင်ဘက် အမြှေးပါး၊ အလျားလိုက် အမြှေးပါး၊ rectus sheath... ငါတို့က အဖြူရောင်မျဉ်းတစ်လျှောက် ခွဲစိတ်တာ၊ မဟုတ်ရင် မင်းက rectus sheath ရဲ့ နောက်ဘက်အလွှာဖြစ်တဲ့ ဝမ်းဗိုက်ကြွက်သား (six packs)ရှိတဲ့ rectus sheath ရဲ့ ရှေ့ဘက်အလွှာကို မြင်ရလိမ့်မယ်..."

(T/L rectus sheath ဆိုတာက ဝမ်းဗိုက်ကြွက်သားကိုဖုံးအုပ်ထားတဲ့ အမျှင်တစ်သျှူးကိုပြောတာပါ)

ဝမ်းဗိုက်ကို တစ်ဖက်က ပိတ်ပြီးနေစဥ် အခြားတစ်ဖက်တွင် ဂျိုအန်နာ၏ သိမ်းငှက် အော်သံ ထွက်ပေါ်လာသည်၊ အတောင်ပံများ ခေါက်လျက် ဝက်သစ်ချသားတောင်ဝှေးကို ဆုပ်ကိုင်ကာ ပြတင်းပေါက်တန်းပေါ်သို့ ဆင်းသက်လာသည်။ ပြတင်းပေါက် တုန်ခါသွားပြီး ဂါးရက် မော့ကြည့်လိုက်ရာ ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားသည်။

"ရောက်ပြီ။ မြန်မြန် ယူလာခဲ့"

ဆရာ့ရဲ့ ဝက်သစ်ချသား တောင်ဝှေး။

မှော်ပညာ စစ်ဆေးရေးရင်းမြစ်။

ဓာတ်မှန်ရိုက်ခြင်း၏ ဓာတ်ရောင်ခြည်ရင်းမြစ်။

သူ ဝမ်းဗိုက်ဒဏ်ရာကို ကုသပြီးကာစ ခြေထောက်နှစ်ဖက်ကို စတင်ကုသတော့မည့်အချိန်မှာပင် ပစ္စည်း ရောက်လာ၏။

"လာ ဒီလူကို ကူညီပြီး ထူပေးပြီး ဘေးတစောင်း လှဲလိုက်"

ဂါးရက်က အမြန်အမိန့်ပေးသည်။

"ဝက်သစ်ချသား တောင်ဝှေးကို သူ့နောက်မှာ ထားလိုက်။ ငါ အရင် အရိုးတွေကို စစ်ဆေးမယ်။ မင်းတို့ အားလုံးကို တရားထိုင်တဲ့ အခြေအနေထဲ ဝင်ပြီး ပိုပြီး သေချာ ကြည့်စေချင်တယ်..."

အင်း၊ ဦးခေါင်းခွံ ကောင်းတယ်၊ လည်ပင်းကျောရိုး ပုံမှန်ပဲ၊ ရင်ဘတ်ကျောရိုး ပုံမှန်ပဲ၊ နံရိုးကျိုးတာ မရှိဘူး၊ တင်ပဆုံလည်း ရှင်းနေတယ်၊ ကောင်းကင်ဘုံကို ကျေးဇူးတင်ရမယ်။

ကောင်းပြီ သူ့ကို ပက်လက်လှဲလိုက်၊ ခြေထောက်နှစ်ဖက် ဘယ်လို ကျိုးလဲဆိုတာ ကြည့်ရအောင်၊ အရိုးဆက်ဖို့ ပိုလွယ်အောင်လို့...

အနည်းငယ် မှေးမှိန်သော တရားထိုင်ခြင်း အခြေအနေတွင် ဦးခေါင်းမှ ခြေဖျားအထိ အရိုး ၂၀၆ ချောင်း။ ပြီးခဲ့သော တစ်လတာအတွင်း သူ မှတ်မိဖို့ ရုန်းကန်ခဲ့ရသော အရာများက ယခုအခါ တောက်ပသော အလင်းအောက်တွင် ထင်ရှားစွာ မြင်ရနေပြီ။

"ဒါဆို သူတို့က ဒီလို ပုံသဏ္ဌာန်တွေ ရှိတာကိုး..."

ဘယ်တုန်းကမှ လူတစ်ယောက်ရဲ့ လက် ဒါမှမဟုတ် ခြေထောက်ကို ကိုယ်တိုင် မချိုးဖူးသော ဒေါ်နယ်လ်က ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်သည်။

"ဒါကြောင့်ပဲ ဆရာ့ဆီ သွားရှာရတာကိုး..."

ဂျိုအန်နာ လက်သီးဆုပ်လိုက်သည်။ သူမသာ အဆင့်တစ်ဆင့် မြင့်ခဲ့ရင် ဝက်သစ်ချသား တောင်ဝှေးကို အကြီးအကဲတွေရဲ့ အကူအညီမပါဘဲ အသုံးပြုနိုင်မှာပဲ။

"ဒါဆို... ဒီလိုပဲကိုး..."

ပက်ထရစ်က တရားထိုင်ခြင်း အခြေအနေထဲက အရိုးစုတွေကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ စောစောကတည်းက သိခဲ့ရင်၊ စောစောကတည်းက မြင်ခဲ့ရင်...

ဝေါလ်တာ၊ ကားလ်၊ ရွန်၊ မင်းတို့ခြေထောက်တွေ...

မင်းတို့ ခြေထောက်မသန်မစွမ်း မဖြစ်အောင် ရှောင်ရှားနိုင်ခဲ့မှာလား?

"ဟေ စိတ်ကူးမယဉ်နဲ့"

ရေစက်များ သူ့မျက်နှာပေါ်သို့ စီးကျလာသည်။ ပက်ထရစ် သူ့အတွေးများမှ ရုတ်တရက် လွတ်မြောက်လာပြီး တစ်ဝက်ပွင့်နေသော မှော်လက်သည် ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်နေသည်ကို မြင်လိုက်သည်။ ဂါးရက်က သူ့ကို ရေပက်လိုက်ခြင်း ဖြစ်သည်။

"သတိထား။ ပေါင်ကို မြှောက်ဖို့ ကူညီပေး"

အဆင့်မြင့် စစ်သည်တော်တစ်ဦး။

ပြီးပြည့်စုံသော အလုပ်သမားတစ်ဦး။

သူ ခင်ဗျားကို ခေါ်တာ ပေါင်ကို မြှောက်ဖို့ ကူညီပေးဖို့ပဲ။

All Chapters