ထူးဆန်းသောကျောက်မျက်ဖြင့် ပေးချေခြင်း။
Vol. 33 Ch. 386
“ မိတ်ဆွေစု ... ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပါ ... ။ ”
စုရီကို မြင်သည်နှင့် ကျိုးရှင်းဟဲက ရှက်ရွံ့စွာတောင်းပန်လိုက်သည်။ ထို့ကြောင့် စုရီမှမျက်ခုံးပင့်လိုက်ကာ၊
“ ခွင့်လွှတ်ရအောင် ... မင်းဘာအမှားလုပ်ခဲ့လဲ။ ”
-ဟု စစ်မေးလိုက်၏။
ကျိုးမိသားစုသည် ဤလုပ်ကြံ သတ်ဖြတ်မှုအတွင်း ပါဝင်ပတ်သက်နေသည်မှာ သေချာနေချေပြီ။
“ မိတ်ဆွေလေးစု ... စောစောက ငါတို့မင်းရဲ့ရန်သူ မဖြစ်ချင်ဘူးလို့ ပြောခဲ့တာကို မှတ်မိမယ်လို့ ထင်ပါတယ် ... ငါတို့က တကယ်လည်း ဆန္ဒမရှိပါဘူး ...
... မနေ့ညက မင်းကို ပေးရမဲ့ အရင်းအမြစ်တွေကို စုစည်းထားပြီးသားပါ ဒါပေမယ့် လှေသမား ရောက်လာပြီး သူနဲ့ အတင်းအကြပ် ပူးပေါင်းဆောင်ရွက်ဖို့ စေခိုင်းခံခဲ့ရတာပါ ... ။ ”
ထို့နောက် အဖြစ်အပျက်အားလုံးကို ပြန်၍ရှင်းပြသည်။ မနေ့ညက စုရီအကြောင်းကို အသေးစိတ်မေးမြန်းရန် ဟွာယွင်ရှန်းထံ သူ သွားရောက်ခဲ့၏။
စုရီ၏ ကြီးမားလှသော အောင်မြင်မှုမှတ်တမ်းကို သိရှိလိုက်ရသော အခါတွင် ထိတ်လန့်စွာဖြင့် တောင်းဆိုသမျှ ပေးရန် အမှန်ပင် ပြင်ခဲ့သည်။
သို့သော် လှေသမားရောက်ရှိကာ သူငြင်းလျှင် မိသားစုကို ခြိမ်းခြောက်လာသည်။ သဘောတူရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့ချေ။
“ ဟမ့် ... ဒါကိုခြိမ်းခြောက်ခံနေရတာလို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ လှေသမားရဲ့ဆန္ဒက ကျိုးမိသားစု မျှော်လင့်ထားတဲ့ ကိစ္စတစ်ခုပဲ ငါ့သခင်ကို သတ်လိုက်ရင် ...
... သဘောတူညီမှုကို ဂရုစိုက်နေစရာ မလိုတော့ဘဲ ကျောက်စိမ်းပိုးတုံးလုံးကို မင်းတို့ သိမ်းယူနိုင်မှာ မဟုတ်လား။ ”
ဟွမ်ဟမ်မှ ဒေါသတကြီး အော်ဟစ် လိုက်တော့၏။ ကျောက်စိမ်းအိုးပြည်နယ်ရှိ ထိပ်တန်းမျိုးနွယ်စုသည် ဤမျှအရှက်ကင်းပြီး စက်ဆုပ်ဖွယ်အမှုကို ပြုလုပ်လိမ့်မည်ဟု သူ မထင်ခဲ့မိချေ။
ကျိုးရှင်းကျောက်က အရှက်ကွဲသွားပြီး စိတ်မသက်မသာ ဖြစ်လာကာ၊
“ မိတ်ဆွေလေးစု ... ကျေးဇူးပြုပြီး မင်းစိတ်ကို အေးအေးထားပါ ငါတို့အမှားတွေ လုပ်မိသွားတာ ငါတို့သိပါတယ် လျော်ကြေး အနေနဲ့ မနေ့ညကအဆိုပြုထားတဲ့ ...
... အခြေအနေတွေ အပြင် ... ရက်ရက်ရောရောနဲ့ လက်ဆောင်တစ်ခုကိုလည်း ထပ်ပေးပါ့မယ်။ ”
ကျောက်စိမ်းအိုး ပြည်နယ်တွင် ကျိုးမိသားစုသည် အသန်မာဆုံးဖြစ်ပြီး ဂုဏ်သိက္ခါကြီးမားချေ၏။
မိသားစုခေါင်းဆောင်အဖြစ် ကျိုးရှင်းဟဲ၏ ရာထူးသည် တုနှိုင်းမရအောင် ကျော်ကြားလွန်း ချေပြီ။ ယခုမူကား နှိမ့်ချ တောင်းပန်နေ၏။
အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရသော အခါတွင် ရာထူးနှင့် အခွင့်အာဏာများသည် အရာမရောက်တော့ချေ။
“ မင်းတို့ရဲ့အသက်ကို ဝယ်ချင်တာလား ကောင်းပြီ မင်းတို့ရဲ့အသက်တွေ ဘယ်လောက် တန်ဖိုးရှိလဲ ပြောပါ။ ”
စုရီက အေးစက်စွာ မေးမြန်းလိုက်၏။ ထိုစကားကို ကြားသောအခါ ကျိုးရှင်းဟဲနှင့် အကြီးအကဲများမှာ ဂုဏ်သိက္ခာကို နင်းချေ ခံလိုက်ရသကဲ့သို့ ရှက်ရွံ့သွားကြသည်။
လှေသမားဟူသည် ကြယ်စုစည်းခြင်း အဆင့်ရှိ ကျွမ်းကျင်သူဖြစ်၏။ ကျိုးမိသားစုတွင် မဟာအကြီးအကဲသည်ပင် မူလနန်းတော် အဆင့်၌သာရှိသည်။
“ မနေ့ညက သဘောတူထားတဲ့ ပမာဏထက် နှစ်ဆကို ငါ့ကျိုးမိသားစုကနေ ပေးဆောင်ပါ့မယ်။”
ဆိုလိုသည်မှာ ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး (၂၀၀၀၀)ကျော် ဖြစ်ချေပြီ။ ချွင်းချက်မရှိ များပြားသော စျေးနှုန်းဖြစ်၏။
ကျိုးမိသားစုသည် ကျောက်စိမ်းအိုး ပြည်နယ်တွင် အချမ်းသာဆုံး မိသားစုဖြစ်ပြီး ဝိညာဉ်ကျောက်စိမ်း မိုင်းတွင်းများစွာကို ပိုင်ဆိုင်သည်။
သို့သော်မှ အထက်ပါပမာဏကို ပြန်လည်စုဆောင်းရန် နှစ်ပေါင်းများစွာ အချိန် ယူရပေမည်။
“ ဟမ့် ... ကျိုးမိသားစုရဲ့ဘဝတွေဟာ ကျောက်စိမ်းပိုးတုံးလုံး တစ်ကောင်လောက်ပဲ တန်ကြေးရှိတာလား။ ”
စုရီ၏ စကားများတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။ ကျိုးရှင်းကျောက်မှ ထိတ်လန့်လာသည်။
“ ငါးဆ ... ဒါမင်းတို့အသက်ရဲ့ တန်ကြေးပဲ။ ”
အဆုံးတွင် ကျိုးရှင်းဟဲသည် သက်ပြင်းချလျက် သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့၏။ ဆုံးဖြတ်ချက် ချလိုက်ပုံ ပေပင်။
“ မိတ်ဆွေလေးစု၊ မင်းရဲ့တောင်းဆိုမှုကို ငါတို့သဘောတူနိုင်ပါတယ် ဒါပေမယ့် ငါတို့ကို အချိန်နည်းနည်းလောက်ပေးပါလား။ ”
“ ငါ့မှာ အချိန်မရှိဘူး ... မင်းတို့ကို လိုအပ်တာထက် ပိုခက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလည်း မဟုတ်ဘူး ငါတောင်းထားတဲ့ ပမာဏကို မပေးနိုင်ရင် အခြားရတနာတွေနဲ့ အစားထိုးပေးနိုင်တယ်။ ”
ကျိုးရှင်းဟဲခမျာတိတ်ဆိတ်သွားသည်။ ထို့နောက် တစ်စုံတစ်ခုကို ပြန်သတိရလာပြီး အနက်ရောင် သေတ္တာတစ်လုံးထုတ်ယူ လိုက်တော့၏။
“ မိတ်ဆွေလေးစု ဒါကိုကြည့်ပါဦး။ ”
သေတ္တာဖွင့်လိုက်ရာ သေတ္တာအတွင်း၌ ငန်းဥအရွယ်ခန့် မီးခိုးရောင်ကျောက်ဥတစ်လုံး ရှိနေသည်ကို မြင်လိုက်ရ၏။
“ ဒီကျောက်မျက်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိုင်တွင်းတစ်တွင်းထဲကနေ ငါတို့ရလာတာပါ၊ သူ့ကို တွေ့စတုန်းက ထူးဆန်းပြီး မယုံနိုင်စရာ ဖြစ်ရပ်ဆန်းတွေ ပေါ်လာတယ် ...
... အဲဒါက ကောင်းကင်ဂီတသံတွေ လေထဲမှာပြည့်နှက်လာပြီး တိမ်တိုက်တွေက ပန်းပွင့်ချပ်တွေလို လွင့်ပျံနေတယ် ...
... ဒါကြောင့် ငါတို့ဟာ တုနှိုင်းမဲ့ ရတနာတစ်ခုရခဲ့တယ်လို့ ထင်ခဲ့ပေမဲ့ အခုချိန်ထိ သူ့ရဲ့မူလကို မသိနိုင်သေးဘူး ...
... ငါတို့ သိနိုင်တာတစ်ခုက ဒီကျောက်မျက်ဟာ မီးနဲ့ရေကို ခုခံနိုင်စွမ်းရှိပြီး မယုံနိုင်လောက်အောင် မာကြောတယ်၊ ဝိညာဉ် ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူရဲ့ ခွန်အားကို ခုခံနိုင်ပါတယ်။ ”
စုရီမျက်နှာတွင် အံ့သြဖွယ်ရာ အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး နှလုံးသား တစ်ခုလုံး လှိုင်းထန်နေခဲ့၏။
တစ်ဖက်တွင် စုရီအမူအရာ တည်ငြိမ်လွန်းနေသဖြင့် ကျိုးရှင်းဟဲခမျာ အနည်းငယ် စိုးရိမ်လာသည်။
“ မိတ်ဆွေလေးစု ဒီရတနာရဲ့ မူလကို ငါတို့မသိနိုင်ပေမယ့် ဒါက သာမန်ရတနာမျိုး မဟုတ်ဘူးဆိုတာတော့ သေချာပါတယ် ... မင်းကို လုံလောက်တဲ့ ပမာဏသာ ပေးနိုင်ရင် ဒီရတနာကို ငါထုတ်ပေးမှာမဟုတ်ဘူး။ ”
ဤတစ်ကြိမ်တွင် စုရီမှ ခေါင်းညိတ်ပြပြီး၊
“ မင်းရဲ့ ကျိုးမိသားစု တကယ့်ကို ကံကောင်းပါတယ် အဲဒါကိုပေးလိုက်ပါ မင်းတို့ အတွက် ကျောက်စိမ်းပိုးတုံးလုံးပြန်ပေးမယ်။ ”
-ဟု ပြောကြားလိုက်သည်။
( ငါတို့မိသားစုက ကံကောင်းတာလား ... မင်းနောက်နေတာလား သခင်လေး ... ငါတို့သာ ကံကောင်းရင် ဒီလိုအဖြစ်မျိုး ကြုံမှာလား။ )
ကျိုးရှင်းဟဲမှ မျက်နှာရှုံ့မဲ့သွားသော်လည်း ချက်ချင်းပြုံးပြကာ အနည်းငယ် သက်သာရာ ရသွားသည်။
“ ငါတို့အသက်ကို ပေးခဲ့လို့ ကျေးဇူး အများကြီးတင်ပါတယ်။ ”
စုရီ၏ခွင့်လွှတ်မှုအတွက် လျှို့ဝှက်ဆန်းကြယ်သော ဤအမည်မသိ ကျောက်မျက်ဥကို ပေးချေနိုင်ခြင်းသည် ဝမ်းသာစရာပေပင်။
သို့သော် ဤကျောက်မျက်သည် စုရီတောင်းဆိုသော အရင်းအမြစ်ပမာဏ ငါးဆနှင့် ညီမျှနေပြန်ရာ အနည်းငယ် တွန့်ဆုတ်လာမိပြန်၏။
ကျိုးမိသားစု အကြီးအကဲများ၏ အကြည့်များသည်လည်း ပြေလျော့သွားချေပြီ။ ရတနာငါးဆ ပေးဆောင်ရသည်နှင့်ယှဉ်သော် ဤကျောက်မျက်ကို ပေးရခြင်းသည် များစွာ အဆင်ပြေ၏။
သို့သော် ထိုသို့လဲလှယ်ရန် ဆန္ဒရှိနေသောကြောင့် ဤဆန်းကြယ်သည့် ကျောက်မျက်ထက် ငါးဆပိုတန်ကြေးရှိ နေသည်ကို သတိပြုမိလာပြန်၏။
သို့သော် သူတို့မိသားစုအတွက် ထိုလျှို့ဝှက်ဆန်းကြယ်သော ကျောက်ဥသည် အသုံးမဝင်သဖြင့် စိတ်လျော့လိုက်ကြသည်။
စုရီက ပြုံးသည်။ ဤကျောက်မျက် တန်ဖိုးအပေါ် ဝိညာဉ်ကျောက်တုံးများဖြင့် တန်ကြေးဖြတ်၍ မရချေ။
ထိုစဉ် ကျိုးရှင်းဟဲသည် ပြင်ဆင်ထားပြီး ဖြစ်သော ရတနာသေတ္တာတစ်လုံးကို ထပ်မံ၍ ပေးအပ်လာပြန်သည်။
ယင်းသည် ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံသုံးထောင်၊ ဆဋ္ဌမတန်း ဝိညာဉ်ဆေးပင်ရှစ်ရာ၊ ကျောက်စိမ်းပြားအလွတ် တစ်ရာနှင့် ဆဋ္ဌမတန်း ဝိညာဉ်ပစ္စည်း ငါးရာတို့ ပါရှိသည်။
“ မင်းရဲ့ ကျိုးမိသားစုက နောင်မှာ မင်းမိုက်မဲတာတွေ ထပ်မလုပ်တော့ဘူးလို့ ငါမျှော်လင့်ပါတယ် မဟုတ်ရင် ...
... မင်းတို့ရဲ့ကံ ဘယ်လောက်ပဲ ... ကောင်းနေပါစေ မင်းမိသားစုကို ဖျက်ဆီးဖို့ ငါပြန်လာမယ်။ ”
စုရီက လွယ်လွယ်နှင့် ခွင့်လွှတ်ရန် ရည်ရွယ်ချက် မရှိသောကြောင့် လျော်ကြေးကို ငါးဆပေးချေခိုင်းခြင်းဖြစ်သည်။
ကံကောင်းသည်မှာ ကျိုးမိသားစုတွင် ဤသို့ရှားပါးသော ရတနာတစ်ပါးရှိနေခဲ့ချေပြီ။ ထို့ကြောင့် စိတ်ပြောင်းကာ လက်ခံလိုက်ခြင်း ဖြစ်၏။
“ သွားကြရအောင်။ ”
စုရီက လှမ်းထွက်သွားသည်။ ယွမ်ဟမ်နှင့်ပိုင်ဝမ်ချင်းမှ ချက်ချင်းနောက်သို့ ပြေးလိုက်သွားကြ၏။
ယနေ့ည လုပ်ကြံသတ်ဖြတ်မှုတွင် လျှို့ဝှက်ချက်များ များစွာ ကျန်ရှိသော်လည်း စုရီမှ ထပ်ပြီး စူးစမ်းလိုခြင်း မရှိခဲ့ချေ။
ယင်းအပေါ် သတိထားမိသော ဝမ်ရှင်းကျောက်တစ်ယောက် မျက်ခုံးပင့် လိုက်၏။
တစ်ဖက်တွင် ဟွာယွင်ရှန်းတို့ သုံးယောက်သည် သက်ပြင်းချလိုက်တော့သည်။ စုရီတစ်ယောက် လှေသမားထံမှ မည်သည့် သတင်းမျှ ရခဲ့ပုံမရချေ။
“ အစ်ကိုကျိုး၊ ငါတို့ အခု ထွက်သွားတော့မယ်။ ”
ကျန်းယွင်ထောင်မှ ဦးညွှတ်ပြီး နှုတ်ဆက် လိုက်သည်။ ကျိုးမိသားစုအတွင်း ဤသို့သော ဘေးဥပဒ် ဖြစ်သွားသောကြောင့် အပြင်လူ အနေနှင့် ဆက်မနေသင့်တော့ချေ။
“ အစ်ကိုကျန်း ... ဒီနေ့အတွက် ငါတောင်းပန်ပါတယ် ဖြစ်နိုင်ရင် အစ်ကိုကျန်း အနေနဲ့ ဖြစ်ပျက်ခဲ့သမျှကို မဖြန့်မိစေဖို့ မျှော်လင့်ပါတယ် ...
... မဟုတ်ရင် ငါ့ရဲ့ကျိုးမိသားစုက ကျောက်စိမ်းအိုး ပြည်နယ်မှာ ခေါင်းထောင်နိုင် တော့မယ် မထင်ဘူး ... ။ ”
ကျိုးရှင်းဟဲက သက်ပြင်းချကာ တောင်းဆိုလိုက်လေသည်။ တခဏချင်းမှာပင် နှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ သူ၏ အသက်အရွယ်သည်လည်း ကြီးရင့်လာခဲ့၏။
***