← Chapters

အားနည်းလွန်းတယ် ... ။

Vol. 33 Ch. 393

အားနည်းလွန်းတယ် ... ။

Vol. 33 Ch. 393

လေထုအလယ် မီးလျှံ၀တ်စုံဖြင့် အမျိုးသားတစ်ယောက်သည် ရောင်ဝါများ ကောင်းကင်ပေါ် ပျံတက်လျက် မတ်တပ်ရပ်နေသည်။

ဝိညာဉ်တာအိုနယ်ပယ် ဝိညာဉ်ထင်ရှားခြင်းအဆင့် စွမ်းအားသည် ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့၏။

“ မင်းက ဘယ်သူလဲ။ ”

စုရီမှ ပြန်မေးလိုက်သည်။

“ လီမြောင်ဟုန် ... ။ ”

ဤသည်မှာ ချင်းရီတာအိုဂိုဏ်းမှ တတိယအကြီးအကဲဖြစ်၏။ အဆင့်အတန်းနှင့် ခွန်အားသည် ကျန်းယွင်ထောင်ထက် အဆပေါင်းများစွာ မြင့်မားသည်။

“ ဒါဆို မိန်းကလေးမြောင်ရဲ့ အစ်ကိုပဲ။ ”

တစ်ဖက်လူ လာရောက်ရသည့် အကြောင်းအရင်းအပေါ် မှန်းဆနိုင်သဖြင့် ချင်းယာတစ်ယောက် စိုးရိမ်သွားသည်။

ရင်ချွယ်က အံ့အားသင့်သွားပြီးနောက် ချက်ချင်းဝမ်းသာလာ၏။ သူ့အတွက် တံခါးဝ ရောက်လာသည့် အခွင့်အရေးပေပင်။

စုရီအတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးလိုခဲ့သော်လည်း အခွင့်အရေး မရသဖြင့် စိတ်ပျက်ခဲ့ရသည်။ ယခုမူ သေချင်နေသည့် တစ်စုံတစ်ယောက် ရောက်ရှိလာပြီဖြစ်၏။

မြောင်ဟုန်သည်လည်း ရင်ချွယ်ကို သတိထားမိကာ အနည်းငယ် မျက်မှောင်ကြုတ် လိုက်တော့သည်။

ဤစုရီအနားတွင် ဝိညာဉ်ထင်ရှားခြင်း အဆင့်ရှိ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ရှိနေခဲ့ သည်လော။ ယင်းကို မမျှော်လင့်ထားသဖြင့် အသက်ပြင်းပြင်းရှူကာ အနည်းငယ် ဦးညွှတ်လျက်၊

“ ချင်းရီတာအိုဂိုဏ်းမှ လီမြောင်ဟုန်က မင်းကိုတွေ့ရတာ ဂုဏ်ယူပါတယ် မင်းနာမည် သိခွင့်ရမလား တာအိုမိတ်ဆွေ။ ”

-ဟု စုံစမ်းလိုက်သည်။ 

ရင်ချွယ်က လီမြောင်ဟုန်မေးခွန်းကို လျစ်လျူရှုကာ စုရီထံသို့ လှည့်ကြည့်လိုက်ပြီး၊

“ ဆရာစု ... ဒီလို ခုန်ပေါက်နေတဲ့ လူရွှင်တော်ကို မင်းကိုယ်တိုင် ရိုက်နှက်ဖို့ မလိုပါဘူး ငါဖြေရှင်းပေးပါ့မယ်။ ”

-ဟု ပြောကြားလိုက်သည်။

( ခုန်ပေါက်နေတဲ့ လူရွှင်တော်လား။ )

လီမြောင်ဟုန်ခမျာ မျက်ခုံးပင့်ကာ ဒေါသအရိပ်အမြွက်ပြလိုက်သည်။ မဟာရှတွင် သူ့အဆင့်အတန်းသည် တူညီသောနယ်ပယ်မှ တစ်စုံတစ်ဦးနှင့် တွေ့ဆုံခဲ့လျှင်ပင် လေးစား ရပေမည်။

ယခုမူ မည်သည့်အရပ်ဒေသမှ ထွက်လာမှန်းမသိသော နတ်ဆိုးကျင့်ကြံသူ တစ်ဦးသည် သူ့ကို လှောင်ပြောင်နေ၏။  

“ ဟမ့် ... မင်းစကားတွေက အရမ်းရိုင်းပျတယ် မင်းမြန်မြန်ထွက်သွားရင် ငါ မင်းကိုဟန့်တားမှာ မဟုတ်ဘူး ... ။ ”

မြောင်ဟုန်က အေးစက်စွာပြောသည်။ အကယ်၍သာ တစ်ဖက်လူသည် ဝိညာဉ်တာအို နယ်ပယ် ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် မရှိသော် တိုက်ရိုက်သတ်ပြီး ဖြစ်ပေမည်။

ကျန်းယွင်ထောင်နှင့် အဖွဲ့သည် မြောင်ဟုန်ကို အံ့ဩတကြီး လှမ်းကြည့်မိ၏။ ဤလူမိုက်သည် တစ်ကယ်ပင် မိုက်မဲလွန်း ချေပြီ။

သူမောင်းထုတ်နေသော ရင်ချွယ်သည် တစ်ချိန်က သွမ့်ချန်ရှန်းမှန်းသိခဲ့သော် ဤသို့ မာနကြီးဝံ့ဦးမည်လောဟု သိချင်လာ၏။

သည်တစ်ကြိမ်တွင် ချင်းရီတာအိုဂိုဏ်း၏ တတိယအဆင့်အကြီးအကဲမှာ ကျောက်နံရံထံ ကန်မိချေပြီ။ သနားစရာပေပင်။

ထိုအချိန်တွင် စုရီက ခေါင်းရမ်းကာ၊

“ မေ့လိုက်ပါ၊ မင်းဒါကို လုပ်နိုင်ပြီ။ ”

-ဟု ဆိုလျက် ရတနာသင်္ဘောပေါ် ပျံသန်းသွားသည်။

ဤမတိုင်မီ မူလတာအိုနယ်ပယ်တွင် ပြိုင်ဘက်များ မရှိတော့သဖြင့် ဝိညာဉ်တာအို နယ်ပယ်ဖြင့်တွေ့သော် ခွန်အားကို စမ်းသပ် နိုင်မည်ဟု တွေးနေခဲ့သည်။

လီမြောင်ဟုန် အသွင်သည် ထိုအတွေးကို အကောင်အထည်ဖော်နိုင်သော်လည်း ရင်ချွယ်မှ ပြသလိုနေသဖြင့် ငြင်းဆန်ပါက အတင်းအကြပ် ထင်ပေါ်လိုသူအဖြစ် သူ့ကိုထင်သွားနိုင်မည်။

“ ကျေးဇူးတင်ပါတယ် ဆရာစု။ ”

စုရီထံမှ ခွင့်ပြုချက်ရသဖြင့် ရင်ချွယ်က စိတ်လှုပ်ရှားလာပြီး မြောင်ဟုန်ထံ လှည့်ကြည့် လိုက်လေသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း မြောင်ဟုန်ကို သနားသွား၏။

ဆရာ့အာရုံကို တောင့်တသော ကျောင်းသားနှင့်တူနေသည့် နဂါးတစ်ကောင်ကို မည်သူမဆို စိတ်ကူးကြည့်နိုင်သည်။

ထိုအချိန်တွင် စုရီက ကြိမ်ကုလားထိုင် ထုတ်ကာ မှိန်းနေတော့၏။ မြောင်ဟုန်အတွက် ဒေါသထွက်ဖွယ် အပြုအမူများပေပင်။

ကျင့်ကြံမှုလမ်းကို စလျှောက်ချိန်မှစကာ ဤမျှအရှက်ခွဲခံရဖူးခြင်း မရှိချေ။ သတ်လိုသော တစ်စုံတစ်ယောက်သည် သူ့အပေါ်ကြည့်ရန်ပင် စိတ်မဝင်စားခဲ့ချေ။

“ မင်းက လီမြောင်ဟုန်လား ... ၊ မင်းဒီတိုက်ပွဲမှာ အားလုံးပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ် မဟုတ်ရင် မင်းအတွက် မကောင်းနိုင်ဘူး။ ”

ရင်ချွယ်အသွင်က ချုပ်နှောင်မှုမှ လွတ်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ချက်ချင်း ကြီးစိုးလာ၏။

“ နတ်ဆိုးကောင် ... ငါမင်းကို သည်းခံပေးခဲ့တဲ့ အချိန်ကုန်ပြီ မင်းလိုရိုင်းစိုင်းတဲ့ နတ်ဆိုးအတွက် ယဉ်ကျေးနေစရာ မလိုတော့ဘူး။ ”

“ ချွင် ... ။ ”

တိမ်မီးတောက်များ သိုင်းခြုံနေသော ဓားတစ်လက်ကို ဆွဲထုတ်ကာ လီမြောင်ဟုန်က အော်ဟစ်လိုက်သည်။ အမှန်ပင် သူ ဒေါသထွက်နေပြီဖြစ်၏။

ဓားသည် လေးပေခန့်ရှည်ကာ ထက်ရှမှုကြောင့် ဓားဖျားရှိ လေဟာနယ်ပင် အက်ကွဲနေခဲ့သည်။

မြေပြင်ရှိ တောင်နှင့် မြစ်သည် ဖိနှိပ်ခံလိုက်ရကာ လူသတ်အငွေ့အသက်များ ဖုံးလွှမ်းသွား၏။

တစ်စုံတစ်ဦးသည် ဝိညာဉ်ထင်ရှားခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် သဘာဝတရား အပေါ် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

လှုပ်ရှားမှုတိုင်းတွင် ကြီးကျယ် ခမ်းနားသော သဘာဝဖြစ်စဉ်များ လိုက်ပါနိုင်၏။

“ ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ် အဆင့်နဲ့ ဝိညာဉ်တာအိုအဆင့် ဓားရည်ရွယ်ချက် အပေါ် နားလည်နေတယ် ... ဒီလူက သာမန်လူမဟုတ်ဘူး ... ။ ”

စုရီက နှမျောတသစွာ မှတ်ချက်ပေးလိုက်သည်။

“ ဟား ဟား ဟား ... စိတ်မပူနဲ့ ဆရာစု၊ ငါဒီလိုလူမျိုးကို သတ်ရတာ အရမ်းပျော်တယ်။ ”

ရင်ချွယ်က ကောင်းကင်ပေါ် ခုန်တက်လိုက်ပြီး ရယ်မောလျက် လက်ဖဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။

“ ဂျိန်း ... ။ ”

ကောင်းကင်တွင် မိုးခြိမ်းသံများ မြည်ဟည်းကာ လေပြင်းများတိုက်ခတ်လျက် လေနှင့်မိုးသည် တစ်စုံတစ်ဦး၏ ဆင့်ခေါ်သံကို ကြားလိုက်သကဲ့သို့ အပြေးဝင်လာ၏။

“ ဝှစ် ... ။ ”

လက်ဖဝါး တစ်ဖက်တည်းသာ ဖြစ်သော်လည်း နတ်နဂါး၏ ခြေသည်းများကဲ့သို့ လေဟာနယ်ကိုခွဲကာ ပျံသန်းနေသည်။

“ ဟမ့် ... ။ ”

လီမြောင်ဟုန်မျက်ဝန်းများ မှေးစင်းလျက် ဓားဖြင့် ချက်ချင်းခုတ်ချလိုက်သည်။ မိုးတိမ်များ မီးစွဲလောင်ကုန်၏။ ဓားမီးတောက်တစ်လက်က ကောင်းကင်ကို ဖြတ်ကျော်ကာ လက်ဖဝါးထံ ဖြတ်သန်းသွားသည်။

ကောင်းကင်ဘုံရှိ အရှိန်ပြင်းသော မီးမုန်တိုင်းကြီးတစ်စင်းအလား ပျက်စီးခြင်း၏ အငွေ့အသက်များ အံ့မခန်းလိုက်ပါလာ၏။

ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူနှစ်ပါးကြား တိုက်ပွဲသည် မည်မျှ ကြောက်စရာကောင်းမည်ကို မြင်နိုင်သည်။

“ ဂျိန်း ... ။ ”

ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပေတစ်ထောင်အတွင်း ကောင်းကင်နှင့်မြေကြီး ရောင်ဝါသည် ပရမ်းပတာ လူးလွန့်ကုန်၏။

ကျန်းယွင်ထောင်နှင့် အဖွဲ့သည် စူးရှလွန်းသော အလင်းကြောင့် မျက်ဝန်းများ နာကျင်ကုန်ကြသည်။

သူတို့အတွက် တိုက်ပွဲအချက်အလက်များ အပေါ် အသေးစိတ် မမြင်လိုက်ရချေ။ နယ်ပယ် ကွာခြားချက်သည် ကြီးလွန်းလှ၏။

ဝိညာဉ်တာအိုနယ်ပယ် စွမ်းအားသည် မူလတာအိုနယ်ပယ်မှ စိတ်ကူးယဉ်နိုင်သော အရာမဟုတ်ချေ။

“ ဝုန်း ... ။ ”

အကျိုးဆက်အနေဖြင့် ကြယ်တံခွန် တစ်စင်းကဲ့သို့ ပြုတ်ကျနေသော မြောင်ဟုန်ကို မြင်လိုက်ရသည်။

အရှိန်ကြောင့် မြေပြင်တွင် ချိုင့်ဝှမ်းကြီး ဖြစ်ပေါ်လာကာ အခိုးအငွေ့နှင့် ဖုန်မှုန့်များစွာ လူးပျံနေ၏။

ဖုန်မှုန့်များအတွင်း ဆံပင်များ ဖွာလန်ကျဲလျက် အဝတ်အစားများစုပ်ပြဲကာ နှုတ်ခမ်းထောင့်တွင် သွေးများစီးကျနေသော မြောင်ဟုန်ကို မြင်လိုက်ရသည်။

လက်ဖဝါးတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားချေ၏။ ယွီယွီက အနားတွင် စုရီရှိနေ သဖြင့် အသံမထွက်ဝံ့ဘဲ တုန်ရင်နေသည်။

ဤမတိုင်မီ စုရီကို လီမြောင်ဟုန်မှ သတ်နိုင်မည်ဟုထင်ကာ ဝမ်းသာနေခဲ့သည်။ ယခုမူ မည်သည့်အရပ်က ထွက်လာမှန်း မသိသော နတ်ဆိုးကျင့်ကြံသူ လက်တွင် လီမြောင်ဟုန်ခမျာ ကြွက်စုတ်ဖြစ်နေသည်။

ဝိညာဉ်တာအိုထင်ရှားခြင်းအဆင့်ရှိ တတိယအကြီးအကဲဖြစ်သော်လည်း လက်ဖဝါး တစ်ချက်ကိုပင် မခံယူနိုင်ခဲ့ချေ။

“ အရမ်းပြင်းတယ် ... ။ ”

ကျန်းယွင်ထောင်မှ ညည်းတွားလိုက်၏။ ဤနဂါးနက်သည် ဓားညီလာခံ၌ မည်မျှကြီးစိုးခဲ့ မည်ကို မတွေးဘဲ မနေနိုင်တော့ချေ။

ဟွမ်ဟမ်က စိတ်လှုပ်ရှားလာသည်။ ရင်ချွယ်၏ တိုက်ပွဲဝင်စွမ်းအားမှာ ကြောက်စရာ ကောင်းကြောင်း နားလည်လိုက်၏။ နယ်ပယ်တူ ဖြစ်သော်မှ အဆင့်သစ် ရောက်ရှိနေသည်။

စုရီက ကြည့်ရန်ပင် အနည်းငယ် ငြီးငွေ့လာသည်။ ရင်ချွယ်သည် နှစ်တစ်ထောင် အုတ်မြစ်ကို ဖိသိပ်ထားသော နဂါး ဖြစ်သည်။ ထို့ကြောင့် မြောင်ဟုန်သည် သူ့ပြိုင်ဘက် ဖြစ်မလာနိုင်တော့ချေ။

“ ဟမ့် ... ချင်ရီတာအိုဂိုဏ်းရဲ့ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျင့်ကြံသူလား မင်းအရမ်းအားနည်းတယ်။ ”

ရင်ချွယ်သည်လည်း အနည်းငယ် စိတ်ပျက်သွားကာ မျက်မှောင်ကြုတ်လိုက် တော့သည်။ ဆရာစုရှေ့တွင် သူ့စွမ်းရည်ကို ပြသချင်ခဲ့သော်လည်း ပြိုင်ဘက်သည် အားနည်းလွန်းနေ၏။

တစ်ဖက်တွင် မြောင်ဟုန်သည် မျက်နှာပြောင်းသွားကာ ဒေါသများ ချက်ချင်း ပျောက်ကွယ်လျက် ကြောက်ရွံ့မှုများ ဝင်လာခဲ့သည်။

“ လာပါ ... မင်းရဲ့ဝှက်ဖဲကို ထုတ်ပြီး ငါ့ကိုသတ်ပါ ချင်းရီတာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာ အပေါ် ကျဆင်းအောင် မလုပ်ပါနဲ့။ ”

ထိုစဉ် ရင်ချွယ်အသံသည် ဒေါသတကြီး ထွက်ပေါ်လာသည်။ အားနည်းလွန်းနေသဖြင့် သူ့ကို မကျေမနပ် ဖြစ်နေပုံရ၏။

***

All Chapters