← Chapters

စိတ်လှုပ်ရှားဖွယ်ကောင်းသော ဘဝ ... ။

Vol. 33 Ch. 394

စိတ်လှုပ်ရှားဖွယ်ကောင်းသော ဘဝ ... ။

Vol. 33 Ch. 394

ရင်ချွယ်စကားသည် လီမြောင်ဟုန်ကို ဒေါသဖြင့်တုန်ရီလာစေပြီး ရှက်ရွံ့စိတ်ကြောင့် မျက်နှာနီရဲလာတော့သည်။

“ ကောင်းပြီ ... မင်းဆန္ဒအတိုင်းပဲ။ ”

တခဏအတွင်း သူ့ခွန်အားအကုန်အစင် ထုတ်ဖော်ကာ ရင်ချွယ်ကို သတ်ပစ်ရန်ကြိုးစား မိလေသည်။

“ ဟမ့် ... ။ ”

သို့သော် သူသာလျှင် နောက်ပြန် ဆုတ်ခွာပေးလိုက်ရသည်။ ရင်ချွယ်ခွန်အားသည် ကြောက်စရာကောင်းလွန်းပြီး သူနှင့်ကွာဟချက် မည်မျှကြီးမားသည်ကို နားလည်လာ၏။

သူသာ မမှားသော် ဤနတ်ဆိုးသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ပြီးပြည့်စုံနေပြီ ဖြစ်သည်။ မည်သို့မျှ အနိုင်ယူနိုင်စရာ အကြောင်း မရှိတော့ချေ။

သူ့စိတ်များ မတည်မငြိမ်ဖြစ်လာပြီး၊

“ မကြာခင် ငါ့ရဲ့ချင်းရီတာအိုဂိုဏ်းက ဒီကိစ္စကို ဖြေရှင်းဖို့ ပြန်လာမယ်။ ”

-ဟု ဆိုလျက် ချက်ချင်း ထွက်ပြေးလိုက်တော့သည်။  

“ ဟား ဟား ဟား ... မင်းထွက်ပြေးမယ်ဆိုတာ ငါသိတယ်။ ”

ရင်ချွယ်က ခွင့်မပြုချေ။ ရယ်မောလျက် ခြေထောက်တစ်ဖက်ကို လေဟာနယ်အတွင်း ဆောင့်နင်းချလိုက်သည်။

“ မူး ... ။ ”

နဂါးဟောက်သံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး တုန်ဟည်းလျက် ဒေါသနဂါးမြစ်ရေများ တဝုန်းဝုန်း ရိုက်ခတ်လာ၏။

ကောင်းကင်ရှိ တိမ်များ ပြိုကျလာသည်။ လေဟာနယ်အတွင်း အက်ကွဲပြိုကျနေခဲ့သော လှိုင်းများစွာကို မြင်နေရသည်။

အဆုံးတွင် တောင်နှင့်မြစ်များ အားလုံး ကမောက်ကမဖြစ်လာကာ မြင်ကွင်းတစ်ခုလုံး ကွဲအက်သွား၏။

“ ဒါ ... ။ ”

ရင်ချွယ်၏တိုက်ခိုက်မှုသည် တာအို ပေါင်းထည့်ထားပြီး ဝိညာဉ်ထင်ရှားခြင်းအဆင့် ခွန်အားကို ထုတ်ဖော်ထားသဖြင့် ကြီးစိုးကာ ကမ္ဘာမြေ တုန်ဟည်းသွားစေသည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းဖြင့် အထင်ကြီးဖွယ် ဖြစ်သော်လည်း အလွန်အကျွံ ဖြုန်းတီးမှု ဖြစ်စေသည်။ ထိုမျှ မလိုအပ်ချေ။

နောက်ဆုံးတွင် ဝိညာဉ်ထင်ရှားခြင်း အလယ်အလတ်အဆင့်ဖြင့် ထွက်ပြေးနေသော တစ်စုံတစ်ဦးကိုသတ်ရန် အဘယ်ကြောင့် အပင်ပန်းခံနေရသနည်း။

ဤသည်မှာ သတ်ဖြတ်မှုတစ်ခုပေပင်။ ဂုဏ်ယူစရာ မရှိနိုင်။ သူ့ထံမှ အသိအမှတ်ပြုမှု ရရှိရန်အတွက် ပုရွက်ဆိတ်တစ်ကောင်အပေါ် ကြိတ်ချေပြစရာလိုသည်လော။

စုရီက အတွေးများဖြင့် ရင်ချွယ်၏ လုပ်ရပ်အပေါ် ခေါင်းရမ်းလိုက်လေသည်။  

“ ဝေါ့ ... ။ ”

ထိုအချိန်တွင် ခြေနင်းချက်ကြောင့် မမြင်နိုင်သော လှိုင်းလုံးများ လေဟာနယ်အနှံ့ ပြန့်ကျဲသွားပြီး ပေပေါင်း ထောင်ဂဏန်းခန့် အကွာတွင် လီမြောင်ဟုန် ပြန်ပေါ်လာ၏။

ပြင်းစွာတုန်လှုပ်လျက် မျက်နှာ ဖြူဖျော့နေကာ ခရမ်းရောင်ကြေးမှန်တစ်ချပ်ကို ချက်ချင်းထုတ်ယူပြီး သူ့ရှေ့တွင် ပိတ်ဆို့ ထားလိုက်သည်။

ယင်းသည် အလွန်တရာမှော်ဆန်သည့် ဝိညာဉ်ရတနာတစ်ခုဖြစ်၏။ တိုက်ခိုက်ခံရပါက ကြေးနီမှန်သည် ပြိုင်ဘက်၏စွမ်းအားကို ရွေ့ပြောင်း ပျက်ပြယ်သွားစေသည်။

“ ခရစ် ... ။ ”

“ ခွမ်း ... ။ ”

သို့သော် ကြေးမှန်သည် လေဟာနယ်လှိုင်းများ ရိုက်ခတ်မှုကြောင့် ချက်ချင်းပေါက်ကွဲသွားတော့သည်။

ထိတ်လန့်တကြား မော့ကြည့်လိုက်စဉ် အနက်ရောင် နဂါးလက်သည်း တစ်ဖက်သည် မှန်အကွဲစများကိုဖြတ်လျက် ဆက်လက် တိုးဝင်လာနေသည်ကို မြင်လိုက်ရ၏။

နဂါးတစ်ကောင်၏ စစ်မှန်သော စွမ်းအားပေပင်။ ကောင်းကင်ဘုံကို ဖြိုဖျက်ပြီး တောင်နှင့်မြစ်ကို ချိုးဖျက်ပစ်နိုင်၏။

“ အသက်ဝင် ... ။ ”

ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးရှိ သွေးများကို လောင်မြိုက် ပစ်‌လေသည်။

ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောင်ဝါ အကာအကွယ်အလွှာနှင့်အတူ ခုခံကာကွယ်ရေး အဆောင်ရတနာများ အသက်ဝင်ပြီး နဂါးလက်သည်းကို တားဆီးတော့၏။

“ ဘောင်း ... ဘောင်း ... ။ ”

သို့သော် နဂါးလက်သည်းသည် အကာအကွယ်အဆောင်ရတနာများ အားလုံးကို ချိုးဖျက်ကာ သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းလာ၏။

“ အား ... ။ ”

နားကျင်စွာ အော်ဟစ်သံပြုလျက် တို့ဟူးတစ်တုံးလို အသွေးအသားအပိုင်းအစများ ပြန့်ကျဲကုန်တော့သည်။

ဤမြင်ကွင်းသည် ရက်စက် ကြမ်းကြုတ် လွန်းသောကြောင့် ရတနာသင်္ဘောပေါ်ရှိ ယွီယွီ တစ်ယောက် မျက်လုံးများ မှိတ်လိုက်ရ၏။

ဒူးနှစ်ဖက်စလုံး ပျော့ခွေလျက် ညွှတ်ကျသွားကာ စိတ်ဝိညာဉ် ခုန်ထွက်လုနီးပါး ပေပင်။ ကျန်းယွင်ထောင်သည်ပင် ချွင်းချက် မရှိနိုင်။

ရက်စက်လွန်းလှ၏။ လက်သည်း တစ်ချက်တည်းဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် ပြိုင်ဘက်ကို ချေမွှပစ်လိုက်ခြင်းဖြစ်သည်။ နဂါးနက်၏ သွေးဆာနေသောအသွင်ဖြစ်၏။

ဤမြင်ကွင်းကိုသာ မြင်ခွင့်မရသော် နဂါးနက်သည် စုရီအနား၌ အန္တရာယ်မရှိသည့် ရေမြွေလေးတစ်ကောင်မျှသာ ဖြစ်သည်ဟု ထင်မှားနေနိုင်ပေမည်။

လီမြောင်ဟုန်ကို သတ်ပြီးနောက် ရင်ချွယ်သည် သွေးဆာနေသောရောင်ဝါများ ပြန်သိမ်းကာ၊

“ ဆရာစု ... ငါ့ခွန်အားကို မထိန်းနိုင်ဘဲ မြောင်ဟုန်ရဲ့ဝိညာဉ်ကို မတော်တဆ ဖျက်ဆီး ပစ်လိုက်မိပါတယ် ခွင့်လွှတ်ပါ။ ”

-ဟု ရှက်ရွံ့စွာ ပြောကြားလာခဲ့သည်။

ထိုစကားကြောင့် ကျန်းယွင်ထောင်မှ မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ မတောဆမှု မဟုတ်ချေ။ နဂါးနက်တစ်ကောင်၏ အထွတ်အထိပ် ခွန်အားပေပင်။

“ သူ့ကို သတ်လိုက်နဲ့အတွက် ... မင်းငါ့ကိုတောင်းပန်နေစရာ မလိုပါဘူး ... ချင်းရီ တာအိုဂိုဏ်းကို စော်ကားမိတာမို့ မင်းကိုယ်မင်း စိတ်ပူနေသင့်တယ်။ ”

“ သူတို့က ... ငါ့ကိုစော်ကားတာမျိုးဆိုရင် ငါရင်ချွယ် နှာစေးနေနိုင်ပါတယ် အဆုံးမှာတော့ ချင်းရီတာအိုးဂိုဏ်းဟာ သာမန်အင်အားစု တစ်ခုမဟုတ်ပါဘူး ...

... သူ့တို့မှာ အလွန်ရှေးကျတဲ့အုတ်မြစ်နဲ့ အစွမ်းထက်တဲ့ အကြီးအကဲတွေ ... အများကြီး ရှိပါတယ် ဒါပေမယ့် မင်းကိုစော်ကားရင်တော့ ငါရင်ချွယ် သည်းမခံနိုင်ဘူး ဆရာစု ... ။ ”

ဤတစ်ကြိမ်၌ ယွမ်ဟမ်သည်ပင် မျက်ခုံးပင့်သွားသည်။ သခင်၏ အစေခံဖြစ်သော သူသည် ဤမျှ မျက်နှာလိုမျက်နှာရ စကားများ မပြောတတ်ခဲ့ချေ။

နဂါးနက်သည် ထိုကဏ္ဍတွင် အထင်ကြီးစရာကောင်းလှ၏။ စုရီက မျက်ခုံးပင့် လိုက်ကာ။

“ မင်းဆီက ကတိသုံးခု ယူထားတာမို့ ဒီနေ့လီမြောင်ဟုန်ကို ... သတ်လိုက်တဲ့အပေါ် ကတိတစ်ခုအဖြစ် သတ်မှတ်လိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဆရာစု ... ငါကတိသုံးခုကြောင့် ဒီလို လုပ်နေတာ မဟုတ်ပါဘူး ... ငါ့တစ်သက်လုံး မင်းကိုကူညီဖို့ ဆန္ဒရှိနေပါတယ်။ ”

“ ကောင်းပြီ၊ ငါတို့ထွက်သွားတော့မယ်။ ”

စုရီက ထိုအကြောင်းအရာအပေါ် ဆက်မပြောချေ။ ဤနဂါးနက်သည် မြှောက်ပင့် ပြောဆိုရာတွင် အလောင်းထမ်း သရဲအိုကြီး မျိုးရိုးကို မီချေ၏။  

“ ခရီးကို ဂရုစိုက်ပါ ဆရာစု ... ငါဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်ရင် မင်းရဲ့အဆုံးအမတွေကို လိုက်နာဖို့ လာရှာပါ့မယ်။ ”

ရင်ချွယ်က ဦးညွှတ်လိုက်သည်။ စုရီက လက်ဖဝါးအရွယ်ရှိ နဂါးသူတော်စင်ရုပ်တုကို လှမ်းပစ်ပေးလိုက်ကာ၊

“ ဒီအရာက ငါ့အတွက် အသုံးမဝင်ဘူး မင်းကိုယ်မင်း ကာကွယ်ဖို့ ငါပေးလိုက်မယ် နောင်ငါလိုအပ်ရင် ပြန်တောင်းမယ်။ ”

-ဟု မှာကြားခဲ့၏။

ရင်ချွယ်က လက်နှစ်ဘက်နှင့် အမြန်ဖမ်းယူသည်။ တင်ပျဉ်ခွေထိုင်နေသည့် ဘုန်းကြီးတစ်ပါးပေပင်။

လက်နှစ်ဖက်သည် ဝမ်းဗိုက်နေရာ၌ ကြာပန်းတံဆိပ်ပုံ ဖော်ညွှန်းထား၏။ နဂါးကြီး တစ်ကောင်က သူ့နောက်ကျောတွင် ရစ်ခွေအုပ်မိုးပေးနေသည်။

မြင်ရုံဖြင့် သူ့ကိုတုန်လှုပ်လာစေ၏။ ဤသည်မှာ စစ်မှန်သောနဂါးအရိုးဖြင့် ထုဆစ် ထားသည်။ စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များ တုန်ရင်လာတော့သည်။

ရေနဂါးတစ်ကောင်၏ နှလုံးသားထဲတွင် စစ်မှန်သောနဂါးများသည် အမြင့်မြတ်ဆုံးသော တည်ရှိမှုတစ်ခုဖြစ်၏။ သူ့အတွက် လက်လှမ်း မမီနိုင်သော နတ်ဘုရားများပေပင်။

ငယ်ရွယ်စဉ်တည်းကပင် စစ်မှန်သော နဂါးများ၏ မှော်ဆန်သောဒဏ္ဍာရီအကြောင်း ဖခင်ဖြစ်သူမှ ပြန်ပြောင်းပြောပြသည်။

သို့သော် ကမ္ဘာပေါ်တွင် ထိုသို့သော နဂါးများတည်ရှိကြောင်း သူ့ဖခင်ပင် အတည် မပြုနိုင်ခဲ့ချေ။ ယခုကဲ့သို့ နဂါးအရိုးကို လက်၌ ဆုပ်ကိုင်ခွင့်ရခြင်းသည် ကံကြမ္မာပေပင်။ ဆာရာစုပေးသော ကောင်းချီးဖြစ်၏။

အချိန်ကြာမြင့်စွာ နစ်မျောနေရာမှ လန့်နိုးလာသောအခါတွင် ရတနာသင်္ဘောသည် မိုးကုပ်စက်ဝိုင်း၌ အမည်းစက်တစ်စက်အဖြစ် ပြောင်းလဲပျောက်ကွယ်နေပြီ ဖြစ်သည်။

“ ဆရာစု ... ငါ့ဒီတသက် .... မင်းဆီမှာအမှုထမ်းခွင့်ရဖို့ မျှော်လင့်ပါတယ်။ ”

ထိုအရပ်တွင် နေမင်းကြီး ထွက်ပေါ်လာပြီဖြစ်သဖြင့် ရတနာသင်္ဘောကို မမြင်နိုင်တော့ချေ။ ရင်ချွယ်မှ ဒူးထောက်ချကာ ချက်ချင်း သုံးကြိမ်ကန်တော့လိုက်၏။

ရတနာသင်္ဘောပေါ်တွင် စုရီသည် ကြိမ်ကုလားထိုင်ဖြင့် သက်တောင့်သက်သာ လှဲနေပြီး မျက်လုံးမှိတ်ထားလိုက်သည်။

“ ငါ ... မူလနန်းတော်ဖွင့်လှစ်ဖို့ ပြင်ဆင်သင့်နေပြီ။ ”

မတော်ဆမှုများမရှိသော် ခုနစ်ရက်အတွင်း အတွင်းပိုင်းသန့်စင်ခြင်းအဆင့်အပေါ် ပြီးပြည့်စုံ စေနိုင်မည်ဖြစ်၏။

မူလနန်းတော်ဟူသည် မူလတာအိုနယ်ပယ်၏ ဒုတိယမြောက်အဆင့် ဖြစ်သည်။

၎င်းကိုဖွင့်လှစ်ခြင်းဖြင့် ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင်ကို စုပ်ယူစုစည်းနိုင်မည်။

တာအိုနားလည်နိုင်စွမ်း၊ ကျင့်ကြံမှုနှင့် မူလစွမ်းအင်များကို သိုလှောင်ရာအရပ်လည်း ဖြစ်သည်။ ထိုနန်းတော်၌ တာအိုမျိုးစေ့ သည်လည်း အမြစ်တွယ်မည်ဖြစ်၏။

ဤနည်းဖြင့် ကြယ်စုစည်းခြင်းအဆင့်တွင် မူလစွမ်းအင်များစွာကို ကြယ်တာရာများသဖွယ် သိမ်းဆည်းထားနိုင်ပေမည်။

ထိုကြယ်အရေအတွက်သည် တစ်စုံတစ်ဦး၏တိုက်ပွဲဝင် စွမ်းအားအပေါ် တိုက်ရိုက် အချိုးကျသည်။

ဆိုလိုသည်မှာ မူလနန်း‌တော်သည် မူလတာအိုအဆင့်သုံးပါးကို ချိတ်ဆက်ပေးသော တံတားဖြစ်သည်။ မူလနန်းတော် မရှိသော် စွမ်းအင်မျိုးစေ့သည် အပင်မပေါက်ချေ။

ဤနည်းဖြင့် ကြယ်စုစည်းခြင်းအဆင့်တွင် ကြယ်ပွင့်များအဖြစ် မူလစွမ်းအင်ကို စုစည်းရန် ပျက်ကွက်မည် ဖြစ်သည်။

မူလနန်းတော် အရည်အသွေးသည် စွမ်းအင်မျိုးစေ့မှ မြင့်မားသောသစ်ပင်တစ်ပင်ကို မွေးဖွားပေးနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပေးသည်။

အရိုင်းပြည်နယ်ကိုးပါးတွင် မူလနန်းတော် အရည်အသွေးကို အဆင့်မြင့်၊ အလယ်အလတ်၊ အဆင့်နိမ့်ဟူ၍ သုံးဆင့်ခွဲခြားထားသည်။

အဆင့်မြင့်မူလနန်းတော်သည် သာလျှင် အဆင့်မြင့်စွမ်းအင်မျိုးစေ့ကို ထိန်းထားနိုင်မည်။ တစ်ချိန်က ကျောက်စိမ်းနန်းတော်ကို တည်ဆောက်နိုင်ခဲ့သည်။

ယင်းသည် တူညီသောနယ်ပယ်တွင် အကောင်းဆုံးဟု မှတ်ယူနိုင်ကာ အရိုင်းမြေ ကိုးပါး၌ ပြိုင်ဘက်ကင်းခဲ့၏။

ရှေးခေတ် တာအိုအမွေများ ရရှိထားသည့် ပြိုင်ဘက်ကင်း သန့်ရှင်းသောသားတော်များသာ သူ့နှင့်ယှဉ်နိုင်သည်။

ဤတစ်ကြိမ်၌ အသန်မာဆုံးသော တာအိုမျိုးစေ့ဖန်တီးထားနိုင်ပြီ ဖြစ်သောကြောင့် မည်သို့သော မူလနန်းတော်မျိုးတည်ဆောက် နိုင်မည်ကို မစောင့်နိုင်တော့ချေ။

ပြန်လည်မွေးဖွားလာပြီးနောက် လက်ရှိဘဝသည် ရုတ်တရက် စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့သည်။

***

All Chapters