← Chapters

အခန်း (၃၁၈)

Vol. 23 Ch. 318

အခန်း (၃၁၈)

Vol. 23 Ch. 318

ဝုန်း!

နန်းတော်အပြင်ဘက် ကောင်းကင်တွင် လေပြင်းများ၊ လျှပ်စီးများ၊ မိုးခြိမ်းသံများနှင့် ပြည့်နေပြီး တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင်။

“မင်းက သေလမ်းရှာနေတာပဲ!” မင်ယဲ့၏ ခရမ်းရောင်ဆံပင်များ လေထဲတွင် တရမ်းရမ်းလွင့်နေပြီး ဘုရင်တန့်ယိုကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်၏။

“နတ်ဘုရား သံတမန်၊ ကျေးဇူးပြုပြီး အမျက်ကို ဖြေလျော့ပါ!” ဘုရင်တန့်ယို ချက်ချင်းပင် မြေပြင်ပေါ်ဒူးထောက်ကျသွားပြီး ရင်ထဲတွင်လည်း ခါးသီးမှုအပြည့်ဖြင့်။

ငါလည်း သူပြောခိုင်းလို့ ပြောပေးတာပဲလေ။

ငါ့ကို ဒီလိုကြီး အပြစ်ပုံချစရာလား?

ကြက်သီးထလိုက်တာ!

ဘုရင်တန့်ယိုမှာ လွန်စွာခံပြင်းစရာကောင်းလှသည်ဟု ခံစားရ၏။ အကြောင်းမှာ သူ့ကိုယ်ပိုင် အားကောင်းသော ကိုယ်ပွား တစ်ဦးကို ဆုံးရှုံးခဲ့ရပြီး အခုတော့ အကြောင်းမဲ့ ဒေါသထွက်ခံနေရပြန်လေပြီ။ ရင်ထဲတွင် အောင့်သက်သက်ဖြစ်လျက်။

မင်ယဲ့လည်း သူ့အမှားသူ သဘောပေါက်သွားပြီး အကြိမ်များစွာ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။ လက်သီးကိုတင်းတင်းဆုပ်ထားပြီး အကြည့်များမှာတော့ စူးတောက်နေဆဲပင်။

ထိုရန်စကားကြောင့် သူလိုလူတောင် ဤလောက်အထိ လှုံ့ဆော်ခံရမည်ဟု မထင်ထားခဲ့!

သို့သော် ဤအတွက်ကြောင့် စိတ်တည်ငြိမ်မှု ပျက်ပြားသွားပါက ရန်သူ၏အလို အောင်မြင်သွားပေလိမ့်မည်။

“ယဲ့ကျွင်းလင်၊ မင်းလို ခက်ခဲတဲ့ ရန်သူမျိုးနဲ့ ရှားရှားပါးပါး ကြုံတွေ့ရတာ အံ့ဩစရာပါပဲ။ ဒါပေမယ့် ကောင်းပါတယ်။ စစ်ပွဲက အရမ်းလွယ်လွန်းနေရင်လည်း ဘာအဓိပ္ပာယ်ရှိတော့မှာလဲ? အခုထောင်လွှားပြနေတဲ့ မာနတရားအတွက် မင်း တန်ကြေးတစ်ခုတော့ ပြန်ပေးဆပ်ရလိမ့်မယ်!”

မင်ယဲ့ လှောင်ပြုံးတစ်ချက်ပြုံးလိုက်သည်။

“နတ်ဘုရား သံတမန်၊ အခု မရဏအဆင့် မှော်ရတနာလည်း ပျက်စီးသွားပြီဆိုတော့ ကျွန်တော့်အမြင်အရ သူ့ကို ထပ်သွားပြီးမလှုံ့ဆော်တာ အကောင်းဆုံးပါပဲ။ သူ စိတ်မပျော်ရင် မရဏချောက်နက်ထဲထိ ဆင်းလာပြီး လူသတ်ပွဲကျင်းပမှာကို ကျွန်တော် ကြောက်နေမိတယ်။” ဘုရင်တန့်ယို ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။

တံတွေးတစ်ချက်ဖြင့် မီးလျှံနဂါးကိုးကောင်ကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု တစ်ခုကို မရဏချောက်နက်တစ်ခုလုံး ပေါင်းစည်းခုခံရင်တောင် ရင်ဆိုင်နိုင်ပါမည်လား?

မင်ယဲ့ မျက်နှာကြီးမည်းသွားပြီး ပြန်မေးလာသည်။ “မင်းက ကြောက်နေတာလား?”

ဘုရင်တန့်ယို နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်သွားသည်။ သေရမှာတော့ လူတိုင်းကြောက်တာပေါ့ဗျာ။

မင်ယဲ့ ပိုင်နိုင်စွာ တစ်ချက်ပြုံးလိုက်သည်။ “ဟမ့်၊ သူ့ကိုယ်တိုင် မရဏချောက်နက်ကို ဆင်းတိုက်ဖို့မပြောနဲ့၊ ခွင်းလွင်နယ်မြေ တစ်ခုလုံးက မသေမျိုးအရှင်တွေအားလုံး အခုပြေးဝင်လာရင်တောင် ငါက တစ်ယောက်မှ အသက်ရှင်လျက်လွှတ်‌ပေးလိမ့်မယ် မထင်နဲ့"

သူ၏ လေသံတွင် မေးခွန်းထုတ်စရာမရှိသည့် အာဏာပါဝါအငွေ့အသက် အပြည့်ပါဝင်နေသည်။

“ဒီလိုလား…” ဘုရင်တန့်ယို အကြီးအကျယ် တုန်လှုပ်သွားသည်။ ဘာကိုအားကိုးပြီး ဒီလိုစကားမျိုးကို ထုတ်ပြောရဲရတာလဲ?

ထိုမသေမျိုးအရှင် တစ်ဦးတည်းနှင့်ပင် မရဏချောက်နက်ကို ပိပြားသွားအောင် လုပ်နိုင်လောက်သည်။ ခွင်းလွင်တစ်နယ်လုံးက မသေမျိုးအရှင်အားလုံးသာဆိုလျှင် ပြောမပြောနှင့်လေတော့။

မဟုတ်သေးပါဘူး ကောင်လေးရာ။ မင်း ကြွားလုံးထုတ်ရင်လည်း ချင့်ချိန်ပြီး ထုတ်သင့်တယ် မဟုတ်လား?

“ငါ့ကို ကျပ်မပြည့်သလို လာမကြည့်နဲ့။” မင်ယဲ့ တစ်ဖက်သို့လှည့်လိုက်ပြီး အပြင်ဘက်က မှောင်ပိတ်နေသောကမ္ဘာအား တစ်ချက်လှမ်းကြည့်ရင်း ကျေနပ်ပြုံးပြုံးလိုက်သည်။

“မင်းကို ပြောပြနေလို့လည်း ဘာထူးမှာလဲ။ မရဏချောက်နက်ကို ငါတို့ ဝိညာဥ်မျိုးနွယ်ရဲ့ ဘိုးဘေးတွေ က ဖန်တီးခဲ့တာလို့ ငါ အရင်က ပြောခဲ့တယ်မဟုတ်လား။ မင်းတို့ မရဏချောက်နက် မျိုးနွယ်စုအသီးသီးဟာ ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြပေမယ့် နောက်ကွယ်က ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ရှာမတွေ့နိုင်ခဲ့ကြဘူးပဲ"

“ပြီးတော့ အဲ့ဒီလျှို့ဝှက်ချက်ရဲ့ တည်ရှိမှုက သာမန် စစ်မှန်သော မသေမျိုးအရှင်တစ်ပါးကို အသာထား၊ ဒဏ္ဍာရီလာ မသေမျိုးအရှင်သခင်ကြီးကိုယ်တိုင် ဆင်းသက်လာရင်တောင် သတ်နိုင်လိမ့်ဦးမယ်လို့ ငါယုံကြည်တယ်"

“လက်ရှိ ခွင်းလွင်နယ်မြေမှာ မသေမျိုးအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုလောက်ကိုတောင် မင်းမြင်ဖူသလား? ခွင်းလွင်နယ်မြေက အဲ့ဒီမဖြစ်စလောက် သာမန်မသေမျိုးအရှင်တွေအားလုံး ပေါင်းစည်းပြီး မရဏချောက်နက်ထဲ ခုန်ဝင်လာရင်တောင် ပြန်ထွက်သွားနိုင်မှာမဟုတ်ဘူး။ စိတ်ချ!”

“ယဲ့ကျွင်းလင်ဆိုတာလည်း ဘာကောင်မှမဟုတ်နေဘူး!”

မင်ယဲ့ မာန်အပြည့်ဖြင့် ကြိမ်းဝါးလိုက်၏။

ယုံကြည်စိတ်ချလောက်သော အားကိုးစရာတစ်ခုခု အခိုင်အမာရှိနေသကဲ့သို့။

ဟူး ~!!!

ဘုရင်တန့်ယို သက်ပြင်းအလေးကြီးချလိုက်ပြီး ထိတ်လန့်ခုန်လှုပ်နေသော နှလုံးသားလည်း နောက်ဆုံးတော့ ငြိမ်သက်သွားရပါသည်။

မရဏချောက်နက်တွင် ထိုကဲ့သို့ စွမ်းအားကြီးလျှို့ဝှက်လက်နက်တစ်ခု ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့။ ဒဏ္ဍာရီလာမသေမျိုးအရှင်ကိုတောင် နှိမ်နင်းနိုင်စွမ်း ရှိသတဲ့လေ။

မရဏချောက်နက်၏ မူလသခင်များသာ သိရှိသော လျှို့ဝှက်ချက်တစ်ခု ဆိုပါကလား? သူတို့ မရဏမျိုးနွယ်စုများမှာ ဤနေရာတွင် နှစ်ပေါင်းကြာ‌ညောင်းရှည်လျားစွာ နေထိုင်ခဲ့ပါသော်ငြား နောက်ဆုံးတော့ မူလသခင်များထံ ပြန်လည်မှီခိုနေရဆဲပါပင်။

“ဒါနဲ့ နတ်ဘုရား သံတမန် အခု ကိုယ်ပိုင်အင်အားကို သုံးနိုင်သွားပြီလား?” ဘုရင်တန့်ယို ရုတ်တရတ် တစ်ခုခုကို သဘောပေါက်သွားပြီး အံ့ဩတကြီး မေးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ?”

မင်ယဲ့က သူ့လက်ကို အေးစက်စက် အမူအရာဖြင့် ဆန့်ထုတ်လိုက်သည်။ ဘုရင်တန့်ယိုသည် ချက်ချင်းဆိုသလို အရပ်လေးမျက်နှာမှ ဖိညှစ်လာသည့် ကြောက်မက်ဖွယ်စွမ်းအားထုတစ်ခုကို ခံစားလိုက်ရ၏။ သူ့ကို ထိုနေရာမှာတင် အမှုန့်ချေပစ်တော့မည့်အလား။

ဘုရင်တန့်ယိုသည် ခုခံနိုင်စွမ်းကင်းမဲ့သည့် ဤခံစားချက်အား လွန်စွာရင်းနှီးပါ၏။

မသေမျိုးအရှင်၊ ဤသည်မှာ မသေမျိုးအရှင်တစ်ပါး၏ စွမ်းအားပင်!

“ကျုပ်ကအခု သာမန် မသေမျိုးတစ်ပါးရဲ့ ခွန်အားကိုပဲ ထုတ်ဖော်နိုင်သေးပေမယ့် ဒီလောက်နဲ့တင် လုံလောက်တာထက် ပိုနေပါပြီ"

“ကျုပ်တို့ အခုလုပ်ရမှာကတော့ အရှေ့ပိုင်းစီရင်စုက လူသားမျိုးနွယ် ထိပ်တန်းစွမ်းအားရှင်တွေကို ဆန္ဒအလျောက် ထောင်ချောက်ထဲစုဝင်လာအောင် ဆွဲဆောင်ဖို့ပဲ။ ဖြစ်နိုင်ရင် သူတို့အားလုံးကို တစ်ချိန်တည်းမှာ ရှင်းလင်းပစ်ရမယ်!”

မင်ယဲ့ လက်ကိုအောက်ပြန်ချလိုက်ပြီး သတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြိမ်းဝါးလာ၏။

ဘုရင်တန့်ယို ကြောက်စိတ်ဖြင့် အသက်ရှူရပ်လုနီးပါး ဖြစ်သွားသည်။ နဖူးမှ ချွေးအေးများ စီးကျနေပြီး ရင်ထဲမှလည်း နင့်နင့်နဲနဲ ဝမ်းနည်းလာရ၏။ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်တွင် ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ဦး ဖြစ်နေတော့ရော ဘာထူးမည်နည်း။ စစ်မှန်သော မသေမျိုးအရှင်များရှေ့တွင် သူသည်ကား အသာနင်းချေလိုက်စရာ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

“နတ်ဘုရား သံတမန်၊ ဒါပေမယ့် ပြဿနာက သူတို့ကို ဘယ်လိုထောင်ချောက်နဲ့ ဆွဲဆောင်မလဲ"

မင်ယဲ့က လက်များကိုအနောက်ပစ်ကာ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ “ဒီနေရာမှာ အပြင်မှာချထားခဲ့တဲ့ စစ်တုရင်ရုပ်လေး အသုံးဝင်လာတော့မယ်လေ"

All Chapters