← Chapters

မသေမျိုးလက်ဆောင်ထုပ်လေးအတွက် ကျေးဇူးပဲ

Vol. 23 Ch. 314

မသေမျိုးလက်ဆောင်ထုပ်လေးအတွက် ကျေးဇူးပဲ

Vol. 23 Ch. 314

လီဝူကျယ် အံ့သြခြင်းကြီးစွာဖြင့် “ဆရာသခင်!” ဟု အော်ခေါ်လိုက်သည်။ ထိုသူက အဘယ့်ကြောင့် သေတွင်းထဲကိုခုန်ဆင်းဖို့ ဤမျှတက်ကြွခုန်ပေါက်နေရပါသနည်း?

ဟုန်ချန်ယဲ့လည်း ထိတ်လန့်စွာဖြင့် “ဘာလဲဟ…” ဟု ရေရွတ်လိုက်သည်။

“ယဲ့ကျွင်းလင်၊ မင်းကိုယ်တိုင် ရှေ့ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး! ငါ မင်းကို သတ်မယ်၊ ပြီးရင် တခြားလူအားလုံးကိုလည်း သတ်မယ်။ ဒီနေ့ ငါဘုရင်တန့်ယိုရဲ့ လူသတ်ပွဲကြီးကို စတင်မယ်!!!”** ဘုရင်တန့်ယိုသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ဟစ်လိုက်သည်။

မရဏချောက်နက် မှော်ရတနာသည် တစ်ကြိမ်သုံး ပစ္စည်းတစ်ခု ဖြစ်၏။ ၎င်းမှ ထုတ်လွှတ်နေသော ထိုအားကောင်းလှသည့် နဂါးကိုးကောင်စွမ်းအားသည် အချိန်ကြာလာသည်နှင့်အမျှ အားနည်းသွားပြီး နောက်ဆုံးတွင် အပြီးတိုင်ပျောက်ကွယ်သွားပေမည်။

ထို့ကြောင့် အဓိပစ်မှတ်ကို ဖယ်ရှားရန် အခွင့်အရေးကို အရယူရမည်!

ထို့အပြင် မကြာသေးမီက အဆင့်တက်ထားသော ဓားမသေမျိုးအရှင်တစ်ပါး အပါအဝင် စွမ်းအားကြီးပုဂ္ဂိုလ် များစွာသည် ဤနေရာတွင် စုဝေးနေကြသဖြင့် သူ့အစီအစဥ်အားလုံးသာ အထမြောက်ခဲ့ပါက အရှေ့ပိုင်းစီရင်စု၏ အင်အားထုများစွာကို စိတ်ပိုင်းဆိုင်ရာ ကောင်းကောင်းကြီးပြိုလဲစေနိုင်မည်ပင်။

ဤလုပ်ရပ်မှာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်းသာ!

“အကြီးအကဲလျို၊ ခင်ဗျားမြင်လား? အဲ့ဒီ ယဲ့မျိုးရိုးနဲ့လူက သူ့ဆန္ဒနဲ့သူ သေတွင်းထဲကိုခုန်ဆင်းနေတာပဲ!”

ချန်ရှောင်းသည် ကနဦးတော့ လန့်ဖျပ်သွားသေး၏။ ထို့နောက် စိတ်လှုပ်ရှားမှုဖြင့် တုန်ရီသွားသည်။ မျက်လုံးများကို အစွမ်းကုန်ပြူးကျယ်စေကာ ထိုဆံဖြူပုံရိပ် နဂါးကိုးကောင်ကြားတွင် တစ်စစီစုတ်ပြတ်သတ်သွားမည့်မြင်ကွင်းကို မလွတ်တမ်းကြည့်ရဖို့ အရူးအမူးကြိုးစားနေသည်။ ၎င်းသည် သူ့ဘဝတစ်လျှောက်လုံးအတွက် အပြည့်စုံဆုံးအခိုက်အတန့်သာ ဖြစ်ပေမည်။

အကြီးအကဲလျိုလည်း အလွန်ပျော်ရွှင်နေသည်။ သူသည် ဤလုပ်ကြံသတ်ဖြတ်မှု သတင်းကို ရရှိထားပြီးဖြစ်၏။ သို့သော် အဖြစ်အပျက်တွေက ဤမျှမြန်ဆန်သွားလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။

“ဒီလူကို ဖယ်ရှားလိုက်တာနဲ့ ယွင်ရှန်းကျွန်းက ပိုင်ရှင်မဲ့ ဖြစ်သွားလိမ့်မယ်။ ဒါဆို ငါတို့ ကျွန်းထဲကို အလွယ်တကူဝင်ပြီး အရင်းအမြစ်တွေ သိမ်းယူနိုင်ပြီ!”

မရေမတွက်နိုင်သော အံ့အားတသင့် အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် မီးဟုန်းဟုန်းတောက်နေသော နတ်ဆိုး နဂါးကိုးကောင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ လူတိုင်း၏အမြင်တွင် အထီးကျန်ဆန်လှသော ဤကျောပြင်ရိပ်မှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းပြီး သူရဲကောင်းဆန်လှပေ၏။

“မဖြစ်ဘူး!!!”

ဟွမ်ကျိုးပြည်နယ်များသည် စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်လည်ရွှဲဖြင့် ဝမ်းနည်းစွာ အော်ဟစ်လာကြသည်။

သူတို့၏ အချစ်ခင်ရဆုံး ရှေ့ဆောင်လမ်းပြ အကြီးအကဲယဲ့ ဤသို့ သတ်ဖြတ်ခံရမည်ကို လက်မခံနိုင်ကြပေ!

ကံမကောင်းစွာဖြင့် သူတို့လုပ်နိုင်တာ ဘာမှမရှိ။ ဓား မသေမျိုးအရှင် ရွှယ်ဝူဟန်ကဲ့သို့သော ထိပ်တန်းစွမ်းအားရှင်ပင် ထို မရဏချောက်နက် မှော်ရတနာကို မခုခံနိုင်ခဲ့ပါ။ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် ရှိသူတစ်ဦးက ထိုတိုက်ခိုက်မှုကို ဘယ်နည်းနှင့်မျှ တားဆီးနိုင်မည်မဟုတ်ကြောင်း သူတို့လက်ခံလိုက်ရပါ၏။

‌ဝေါင်း ~!

နတ်ဆိုး နဂါးကိုးကောင်မှ ခရမ်းရင့်ရောင်မီးတောက်များကို သူ့ဆီ တစ်ပြိုင်တည်းခါထုတ်ပစ်လွှတ်လာသည်အား မြင်သော်..

ယဲ့ကျွင်းလင်သည် လွန်စွာ တည်ငြိမ်နေရုံသာမက သူ၏ နှုတ်ခမ်းများတွင် ယုံကြည်မှုအပြည့်ဖြင့် အပြုံးတစ်ခုပင် ရှိနေသည်။ သူသည် မြင့်မြတ်သော နှစ်ခြင်းမင်္ဂလာကို ခံယူနေရသကဲ့သို့ လက်မောင်းများကို ဖြန့်ကျက်ကြိုဆိုလိုက်၏။

[တင်! ပိုင်ရှင်ဟာ စစ်မှန်သောမသေမျိုး ပဥ္စမမြောက် ကောင်းကင်ဘုံအဆင့် ရန်သူရဲ့ တိုက်ခိုက်ခြင်းခံနေရကြောင်း သိရှိရတဲ့အတွက် အင်အားကြီးသူထံမှ တိုက်ခိုက်ခံရပြီး ပိုလို့အင်အားကြီးလာခြင်း စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ။ ပိုင်ရှင်ဟာ အခု စစ်မှန်သောမသေမျိုး ဆဌမမြောက် ကောင်းကင်ဘုံအဆင့်ထိ တိုးမြှင့်ခံလိုက်ရပါပြီ!]

စနစ်၏ အသိပေးချက်က သူ့စိတ်ထဲတွင် မြည်ဟီးလာသည်။

နောက် တစ်စက္ကန့်အကြာတွင်...

ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်သည် အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုများကို ခံယူခဲ့ရ၏။ သူ၏ တစ်ကိုလုံးတွင် စီးဆင်းနေသော ချီစွမ်းအင်စီးကြောင်းမှာ မသေမျိုးအဆင့်အရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွားသည်။ စွမ်းအားသည် အဆမတန် ပိုမိုသန်မာလာကာ လှုပ်ရှားမှုတိုင်းတွင် ကောင်းကင်နှင့် မြေကြီးကို မှောက်လှန်နိုင်သော ကြောက်မက်ဖွယ်အင်အားထုတစ်ခု ပါဝင်နေလေသည်။

“ဒါက… မသေမျိုးအဆင့် စွမ်းအားတဲ့လား?!”

ယဲ့ကျွင်းလင်သည် ရုတ်တရက် ရရှိလာသော စွမ်းအားအဟုန်ကို ခံစားကြည့်ရင်း သူ့ကိုယ်သူ ညတွင်းချင်း အချမ်းသာဆုံး ပြည့်ရှင်ဘုရင်တစ်ပါး၏ ရာဇပလ္လင်ပေါ် ရောက်သွားသည့် ဆင်းရဲသားတစ်ဦးကဲ့သို့ ခံစားရကာ မနေတတ်မထိုင်တတ်ပင် ဖြစ်လာရ၏။

အရမ်း သန်မာတယ်၊ မယုံနိုင်လောက်အောင် သန်မာတယ်!

မသေမျိုးအဆင့်သို့ တက်ရန် ကျင့်ကြံသူ များစွာ ဤမျှ ဆန္ဒပြင်းပြကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အရှေ့တိုင်းစီရင်စုတွင် လေနှင့် မိုးကို အမိန့်ပေးနိုင်သည်ဟု ဆိုစမှတ်ပြုကြသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူများသည်ပင် စစ်မှန်သော မသေမျိုးအရှင်တစ်ဦး၏ ရှေ့တွင် သာမန် ပုရွက်ဆိတ်လေးများလို အားနည်းဖျော့တော့လှသည်ပင်။

ထိုအချိန်တွင် ခရမ်းရင့်ရောင် နတ်ဆိုးမီးတောက်များဖြင့် စုစည်းထားသော နတ်ဆိုး နဂါးကိုးကောင်သည် သူ့အနားသို့ ရောက်ရှိနေလေပြီ။ သာမန် မသေမျိုးအရှင်သာဆိုလျှင် မည်သူမဆို ထိတ်လန့်ပြီး တလွဲတချော် တုံ့ပြန်မိကြမည်ဖြစ်သော်ငြား ယဲ့ကျွင်းလင်ကတော့ မပြောင်းမလဲခိုင်မာသော ယုံကြည်မှုအပြည့်ဖြင့် သူတို့ကို ရင်ဆိုင်လိုက်သည်။

“ဟေး ~ ထွီ!”

တံတွေးကို ပျစ်ပျစ်နှစ်နှစ် ထွေးချလိုက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ကျွင်းလင်သည် လည်ချောင်းတွင်းမှ သလိပ်ကိုဟပ်ကာ ထွေးချလိုက်ခြင်းပင်။

ထိုစဥ် ဒေါသတကြီးဖြင့် မီးတောက်များ ဟုန်းဟုန်းတောက်လောင်ကျွမ်းနေသော နတ်ဆိုး နဂါးကိုးကောင်သည် နတ်ဘုရားရေစင်ဖြင့် သွန်းလောင်းခံလိုက်ရသကဲ့သို့ ဟုတ်ခနဲပျောက်ကွယ်သွားတော့လေ၏။

ဘယ်တုန်းကမှ မပေါ်လာဖူးသကဲ့သို့။

တိတ်ဆိတ်ခြင်း!

မြင်ကွင်းတစ်ခုလုံး သက်ရှိတစ်ကောင်မှ မရှိတော့သလို တိတ်ဆိတ်နေသည်။

စိတ်ထိခိုက်ဖွယ် ငိုကြွေးအော်ဟစ်သံများလည်း တိခနဲတိတ်ကျသွားကြ၏။

မရေမတွက်နိုင်သော လူများ မျက်တောင်မခတ်ဘဲ အူကြောင်ကြောင် ငေးကြည့်နေကြသည်။ သူတို့၏ စိတ်အစဥ်မှာ ဖြစ်ပွားသွားသော မြင်ကွင်းကို နားလည်အောင် ကြိုးစားနေရဆဲပင်။

အစောကလေးကမှ ဒေါသအမျက် ချောင်းချောင်းထွက်နေသော နတ်ဆိုးနဂါးကိုးကောင်သည် ခရမ်းရင့်ရောင်မီးတောက်များကို ထုတ်လွှတ်ကာ ကောင်းကင်နှင့်မြေကြီးကို မီးတင်ရှို့နိုင်သည့် စွမ်းအားဖြင့် အကြီးအကဲယဲ့ဆီသို့ ပျံသန်းနေကြသည်။ သို့သော် အကြီးအကဲယဲ့က သလိပ်တစ်ချက်ဟပ်ကာ ထွေးထုတ်လိုက်ရုံမျှပင် အရာအားလုံးကို ဖယ်ရှားပစ်လိုက်လေသည်။

“အာ၊ ဒါက…”

ရွှယ်ဝူဟန်သည် ဓားကိုဝင့်လျက် အလောတကြီး ပြေးဝင်လာရင်း ဤ ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်။ ဓားကို လေထဲတွင် တန်းလန်းကြီးဆက်ကိုင်ထားရင်း အမူအရာသည် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေလျက်။

ထို့နောက် ဆံဖြူလူငယ်ကို တစ်ချက်ကြည့်လိုက်သောအခါ ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မသေမျိုးအရှင်တစ်ပါး၏ အရှိန်အဝါများ ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။ သူ၏ ကိုယ်ပိုင်အရှိန်အဝါထက်ပင် များစွာပိုသာလွန်လျက်။ ရွှယ်ဝူဟန်၏ မျက်လုံးများ အံ့သြတကြီး ပြူးကျယ်လာပြီး သူ ထအော်လိုက်သည်။ “အကြီးအကဲ ယဲ့! ခင်ဗျား မသေမျိုးအရှင် ဖြစ်သွားပြီ!”

ဤစကားများ ထွက်လာသည်နှင့်..

မြင်ကွင်းတစ်ခုလုံး ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

“ကောလာဟလတွေက မှန်များနေသလား? အကြီးအကဲယဲ့ ဆိုတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်များစွာက ရှင်သန်ခဲ့တဲ့ မသေမျိုးအရှင်တစ်ပါးတဲ့။ အချိန်အကြာကြီး အိပ်မောကျနေခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်ကမှ ပြန်နိုးထလာတာ။ နောက်ပြီး လူ့လောကကို လွတ်လွတ်လပ်လပ် လှည့်လည်သွားလာဖို့အတွက် သူ့ရဲ့မူရင်းပုံစံကို ဖုံးကွယ်ထားတာတဲ့လေ!”

“အဲလိုဆိုရင် ရှင်းသွားပြီ။ သူက ပွဲဦးထွက်ကတည်းက တိုက်ပွဲတစ်ခုပြီးတိုင်း ပိုသန်မာလာတာလေ။ အတိုင်းအဆမရှိတော့သလို ဆက်တိုက်ကြီးတိုးတက်လာတာ။ အခုဆိုရင် မသေမျိုးအရှင်တောင် ဖြစ်သွားပြီပဲ"

“အကြီးအကဲယဲ့ဟာ စစ်မှန်ရိုးသားတဲ့ စကားလုံးတွေကို ရွတ်ဆိုရုံနဲ့ ကျွန်တော်တို့ကို ထိုးထွင်းသိမြင်ဉာဏ်တွေ ပွင့်လန်းစေနိုင်တယ်။ သူ့ရဲ့ တပည့်တွေအားလုံးဟာလည်း တစ်ယောက်တစ်မျိုး ထူးခြားနေကြတာပဲလေ။ စာလုံးလေးတစ်လုံးလောက် ချရေးပြလိုက်ရုံနဲ့ ဖတ်တဲ့သူက မသေမျိုးဖြစ်သွားတဲ့အထိ စွမ်းထက်လှတာ အံ့သြစရာ မဟုတ်တော့ပါဘူး!”

“အရာအားလုံး၊ အရာအားလုံးမှာ သဲလွန်စတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကျဥ်းမြောင်းလှတဲ့ အမြင်တွေကြောင့် အမှန်ကိုမမြင်နိုင်ခဲ့ကြတာ။ တကယ်တော့ သူဟာ လောကရဲ့ထိပ်ဆုံးမှာ ရပ်နေခဲ့တာ ကြာပြီ။ လေနဲ့တိမ်တွေကြားမှာ အရာအားလုံးကို အပြုံးတစ်ခုနဲ့ပဲရပ်ကြည့်နေခဲ့တာ။ သူက ဘာကောင်ကိုမှ မျက်လုံးထဲထည့်တဲ့သူမဟုတ်ဘူး!”

…

ယဲ့ကျွင်းလင်၏ မသေမျိုးအရှင်ဟူသော ပုံစံအမှန်ကို မြင်လိုက်ရချိန်၌ လူတိုင်း လက်ခံနိုင်ဖို့ရာ ခက်ခဲသော်ငြား မဖြစ်မနေလက်ခံရမည့် အဖြစ်မှန်ဖြစ်နေသောကြောင့် အဓိပ္ပာယ်မရှိရှိအောင် ဆွဲဆက်ဖို့ကြိုးစားကုန်ကြလေသည်။

“ဘုရားရေ! ဆရာသခင်က တကယ်ပဲ စစ်မှန်တဲ့ မသေမျိုးအရှင်တဲ့လား!” လီဝူကျယ်၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်လာသည်။ မျက်ဆံများပင် အပြင်ထွက်ကျတော့မည့်အလား။ ရင်ထဲမှာလည်း ဘုရားပွဲလှည့်နေသကဲ့သို့။

မသေမျိုးအရှင်တစ်ပါး၏ တပည့်ရင်းကြီးဖြစ်လာဖို့ အတိတ်ဘဝက သူ ကောင်းမှုကုသိုလ် မည်မျှတောင် လုပ်ခဲ့ပါသနည်း?

ဆရာသခင်က သူတို့အားလုံး စိတ်ကူးပင်မယဉ်နိုင်သော ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ပေးနေနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အားကောင်းသော ရန်သူများကို ရင်ဆိုင်ရသောအခါတိုင်းလည်း အမြဲတမ်း တည်ငြိမ်ပြီးရင်း တည်ငြိမ်နေခဲ့သည်။ “မင်းတို့လုပ်ချင်သလိုလုပ်၊ ငါကတော့ရှုံးမှာမဟုတ်ဘူး" ဟု ပြောနေသလိုလို မျက်နှာထားဖြင့် အမြဲတမ်း သက်တောင့်သက်သာရှိနေခဲ့သည်သာ။

အကြောင်းပြချက်က ရိုးရှင်းသည်- မသေမျိုးအရှင်တစ်ပါး၏ မျက်လုံးအောက်တွင် သက်ရှိ အားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်၏!

“ဒီလူ၊ ဒီလူက...တကယ်ကြီးကို…” ဟုန်ချန်ယဲ့ အံ့အားသင့်စွာ ဆွံ့အနေသည်။ သူ၏ မျက်လုံးများမှာ မသေမျိုးအလင်းဖြင့် ဝန်းရံထားသော ထိုစွမ်းအားကြီးပုဂ္ဂိုလ်ထံ၌သာ စွဲကပ်လျက်။

အတိတ်က အဖြစ်အပျက်များအားလုံးကို ပြန်ပြောင်းအောက်မေ့လိုက်သောအခါ အရာအားလုံးတွင် သဲလွန်စများ ရှိနေသလိုပင်။ အထူးသဖြင့် ဆေးဘုရင်တောင်ကြားတွင် မသေမျိုးအရှင်တစ်ပါးက ချမှတ်ထားသော ‘စည်းမျဉ်းများ’ အောက်တွင် တစ်ဖက်လူသည် သူ၏ကျင့်ကြံဆင့်ကို စိတ်ကြိုက် ပြောင်းလဲချိန်ညှိနိုင်ခဲ့သေး၏။ ၎င်းသည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦး လုပ်နိုင်မည့်အရာ မဟုတ်ပေ။

မသေမျိုးအရှင်တစ်ပါး၏ ‘စည်းမျဉ်းများ’ ကို မသေမျိုးအရှင်တစ်ပါးကသာ ဝင်ရောက်စွက်ဖက်လှုပ်ရှားနိုင်မည်ပင်။

“ဒါ၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?!” ဘုရင်တန့်ယို အံ့သြထိတ်လန့်သွားရသည်။ ကြောက်စိတ်ဖြင့် ဦးရေပြားတစ်ပြင်လုံး ကျဥ်တက်လာကာ တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်လျက်သား။

အစီအစဥ်မစမီ သူသည် မမျှော်လင့်ထားသော အခြေအနေများစွာကို ကြိုတင်ခန့်မှန်းထားခဲ့သည်။ သို့သော် သူစိတ်ပင်မကူးခဲ့သော မဖြစ်နိုင်စရာနည်းလမ်းဖြင့် ကျရှုံးရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဝှစ်!

ယဲ့ကျွင်းလင်သည် ဘုရင်တန့်ယိုအရှေ့သို့ ဖျတ်ခနဲရောက်ရှိသွား၏။ သူ၏ ကြယ်တံခွန်လို မျက်လုံးများသည် အရင်ကထက် ပိုမို တောက်ပနေကာ စစ်မှန်သော မသေမျိုးအရှင် ဆဋ္ဌမမြောက် ကောင်းကင်ဘုံအဆင့်၏ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလို့နေသည်။ တစ်ဖက်လူကို နှိုင်းတုဖို့ရာမဖြစ်နိုင်လောက်သည့် ဖိအားတစ်ခုဖြင့် လေးလံစွာ ဖိနှိပ်ထားခဲ့လေ၏။

စစ်မှန်သော မသေမျိုးအရှင်တစ်ပါး ဖြစ်ပြီးသည့်နောက်တွင်ပင် ကောင်းကင်ဘုံကိုးဆင့်ဟူ၍ ထပ်မံပိုင်းခြားထားသော ဘုံအဆင့်ဆင့်များ ရှိနေသေးသည်။

မရဏချောက်နက် မှော်ရတနာက ထုတ်လွှတ်လိုက်သော စွမ်းအားသည် စစ်မှန်သော မသေမျိုးအရှင် ပဉ္စမမြောက် ကောင်းကင်ဘုံအဆင့်နှင့် ညီမျှသည်။ သာမန်အဆန်ဆုံး အမျိုးအစားတစ်ခုမျှသာ ဖြစ်သော်လည်း ယဲ့ကျွင်းလင်၏ ရွှေလက်ချောင်းစွမ်းရည်နှင့် ရင်ဆိုင်ရသောအခါ ဆဌမမြောက် ကောင်းကင်ဘုံအဆင့်ထိ တိုးမြှင့်ခြင်းခံခဲ့ရလေသည်။

ယဲ့ကျွင်းလင်၏ ခိုင်မာတည်မြဲသော ကျင့်ကြံမှုအခြေခံနှင့် ထူးခြားသော တာအိုအရိုးဖွဲ့စည်းပုံများ၊ အမျိုးမျိုးသော ကျင့်စဥ်ပြုပြင်မွမ်းမံမှုများသာမက မသေမျိုးကောင်းချီးနှစ်ခုကိုလည်း လက်ခံရရှိထားသေးသည်။ ထို့အပြင် ဤသို့ မသေမျိုးအဆင့်၏ ဆဌမ‌မြောက်ကောင်းကင်ဘုံအဆင့်ကိုပါ တိုးမြှင့်ခံလိုက်ရလေရာ အင်အားစုစုပေါင်းမှာ ပြိုင်ဘက်ကင်းခမ်းနားထည်ဝါလှ၏။

ထို့ကြောင့် နဂါးကိုးကောင်ကို တံတွေးတစ်ချက်ထွေးရုံမျှဖြင့် ပွဲသိမ်းလိုက်နိုင်ခြင်းပင်။

“ဒီလောက် အဝေးကြီးကနေလာပြီး ငါ့ကိုအဆင့်လာမြှင့်ပေးရှာတာကိုး၊ ကောင်းလေစွ ကောင်းလေစွ” ယဲ့ကျွင်းလင် ခေါင်းတညိတ်ညိတ်ဖြင့် ဘုရင်တန့်ယိုကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

“အဆင့်လာမြှင့်ပေးတာ?”

ဘုရင်တန့်ယို အူကြောင်ကြောင်ဖြစ်သွားသည်။ ဤသို့သော စကားလုံးကို သူ ပထမဆုံး ကြားဖူးခြင်းပင်။ သို့သော် ဆက်တွေးဖို့ရာ အချိန်မရှိခဲ့ပေ။ သူသည် အရှေ့မှလူကို လျင်မြန်စွာ ဦးညွှတ်ချလိုက်ပြီး ချွေးစေးများလည်း တမြိုက်မြိုက်စီးထွက်နေကြ၏။ အရင်က ကြမ်းတမ်းရက်စက်သော အသွင်အပြင် ချက်ချင်း ပျောက်ကွယ်သွားပြီး သေခြင်းတရားကို လွန်စွာကြောက်ရွံ့စိုးထိတ်နေရှာဟန် သနားစရာမျက်နှာဖြင့် စတင်ငြီးတွားလိုက်သည်။

“ဒီ အကြီးအကဲ မသေမျိုးအရှင်၊ ခင်ဗျားသာ စိတ်ကျေနပ်မယ်ဆိုရင်…”

All Chapters