← Chapters

အခန်း (၄၈၁)

Vol. 33 Ch. 481

အခန်း (၄၈၁)

Vol. 33 Ch. 481

မိုးပြာနဂါး ဆွဲပြားက စူးရှသော လေတိုးသံများနှင့်အတူ လေထုအား ထိုးခွင်းကာ ပြေးဝင်သွားသည်။ အစစ်အမှန် နဂါးတစ်ကောင် ကမ္ဘာကြီးပေါ်၌ ပြန်လည်ထွက်ပေါ်လာသည့်အလားပင်။

ထိုမိုးပြာရောင် နဂါးကြီးထံမှ ထွက်ပေါ်နေသော စွမ်းအားက အလွန်ကြီးမားလွန်းလှပြီး ကီလိုမီတာ (၁) သောင်းဝန်းကျင်မှ တောင်များ ၊ မြစ်များအားလုံး ပြိုကျပျက်စီးသွားစေခဲ့သည်။

ကောင်းကင်ထက်ရှိ နေရာ အမြောက်အများ၌ပင် လေဟာနယ်များအက်ကွဲသွားခဲ့၏။

သို့သော် ရွှမ်ယီ၏ အမူအယာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိသေးပေ။

သူက အသာအယာ ပြုံးလိုက်ပြီး ညာလက်အား ဝှေ့ယမ်းလိုက်သည်။

ထိုအခါ သွေးနဂါး (၇) ကောက်ကဲ့သို့ ဖြစ်ပေါ်နေသည့် ကြက်သွေးရောင် ဓါး (၇) ချောင်းက ချက်ချင်း တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

“ ဒီ ဓါးချက်ကိုကြည့်ပြီးမှ ကျုပ်တို့ စကားဆက်ပြောကြတာပေါ့…”

ဝုန်း…

အလွန်ကြောက်မက်ဖွယ်ကောင်းလောက်သော ဧရာမ ကြက်သွေးရောင်ဓါးကြီးက ကောင်းကင်ထက်မှ ပြေးဝင်လာသည့် မိုးပြာရောင်နဂါးကြီးနှင့် လမ်းခုလတ်တွင် တိုက်ရိုက်တွေ့ဆုံသွားခဲ့၏။

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည့်အလား ဖြစ်သွားခဲ့ပြီး တောင်ပိုင်းကောင်းကင်တံခါး၏ ဘယ်ဘက်နှင့်ညာဘက်မှ တောင်များပင် ပြိုကျသွားလေသည်။

၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကောင်းကင်တံခါး၏ ဘယ်ဘက်နှင့် ညာဘက်မှ တောင်များက ကျန်နေရာမှ တောင်များနှင့် နှိုင်းယှဉ်၍ မရပေ။ ၎င်းအား တောင်ပိုင်းကောင်းကင် နတ်ဘုရားကိုယ်တိုင်ချမှတ်ထားသည့် နတ်ရုန်းများဖြင့် ကာကွယ်ထားသည်။

ဆန်းကြယ်ပလ္လင်အ‌ဆင့် ကျင့်ကြံသူတစ်ယောက် အားကုန် တိုက်ခိုက်ခဲ့လျှင်ပင် ယခုကဲ့သို့ ထိခိုက်မှုများ ဖြစ်ပေါ်လိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် ကောင်းကင်ထက်၌ ကြီးမားသော ပေါက်ကွဲမှုကြီးမှ နေ၍ အလွန်တောက်ပသော အလင်းတန်းတစ်ခုဖြာထွက်လာခဲ့ပြီး လူတိုင်းထိုနေရာသို့ စိုက်မကြည့်နိုင်လောက်အောင်ဖြစ်သွားခဲ့ရသည်။

ထိုနေရာမှ ထွက်ပေါ်လာသည့် နတ်အလင်းတန်းက အလွန်စူးရှကာ ပြင်းထန်လွန်းလှသည်ဖြစ်ရာ ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုနေရာသို့ နတ်အသိဖြင့် စူးစမ်းနိုင်ခြင်းမရှိချေ။

ကမ္ဘာကြီး၏ ဥပဒေသစွမ်းအားများပင် နှောက်ယှက်ခြင်းခံလိုက်ရပြီး လေဟာနယ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားလေသည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုနေကြသူများအားလုံး အလွန်ထိတ်လန့်ပြီး တိတ်ဆိတ်သွားကြ၏။

ထိတ်လန့်မှုများပြည့်နေသော နှလုံးသားများဖြင့် ကောင်းကင်ထက်မှ တုန်လှုပ်ချောက်ချားဖွယ် ထိခတ်မှုကြီးကို ငေးကြည့်နေကြသည်။

ထို့အပြင် တစ်ခုသိထားရန်လိုအပ်သည်မှာ ၎င်းက ဆန်းကျယ်ပလ္လင်အဆင့်ကျင့်ကြံသူနှစ်ယောက်ကြားမှ တိုက်ပွဲမဟုတ်ပေ။

တိုက်ခိုက်ခဲ့ကြသူ နှစ်ယောက်အနက် တစ်ယောက်မှာ အသက် (၃၀) ပင်မပြည့်သေးသော အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရ အလွန်အစွမ်းထက်သော အဆင့်တူကျင့်ကြံသူနှစ်ယောက်တိုက်ခိုက်နေကြသည်ဟုပင် ထင်မှတ်ရလောက်၏။

လူတိုင်းထိတ်လန့်တူန်လှုပ်နေစဉ် ကောင်းကင်ထက်၌ ကျယ်လောင်သော ဓါးမြည်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ပေါက်ကွဲမှုတစ်ခု ထပ်မံ၍ ဖြစ်ပေါ်လာပြန်သည်။

ဘုန်း….

တာအိုရုန်းများဖြင့် လင်းထိန်တောက်ပနေသော ကြက်သွေးရောင်ဓါးတစ်ချောင်းက အဆုံးအစမဲ့သော သတ်ဖြတ်ငွေ့များအား သယ်ဆောင်လျှက် မိုးပြာနဂါးဆွဲပြားကို တိုက်ရိုက်ဖောက်ဝင်သွားပြီး တိမ်နဂါးအင်ပါယာထံသို့ ဆက်လက်တိုးဝင်သွားလေသည်။

တိမ်နဂါးအင်ပါယာ၏ မျက်၀န်းထဲရှိ ဒေါသများနေရာတွင် ထိတ်လန့်မှုများ ချက်ချင်း အစားထိုးသွားခဲ့၏။

သူ့ထံသို့ ၀င်ရောက်လာသော ဓားက အလွန်လျင်မြန်လွန်းသည်ဖြစ်ရာ ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။

လက်ထဲမှ အပြာရောင်ကြိုးအား အထိတ်တလန့်ဆွဲချလိုက်ပြီး မိုးပြာနဂါး စစ်ရထားကြီးဖြင့် တားဆီးလိုက်၏။

“ ဂရား…”

ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေသော နဂါးဟိန်းသံကြီး ထွက်ပေါ်လာခဲ့သည်။

၎င်းက ရွှေရောင် အစစ်အမှန်နဂါးကြီး တစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး တိမ်နဂါးအင်ပါယာ အရှေ့၌ ကာကွယ်ပေးလိုက်၏။

ထို့နောက် သွားများ လက်သည်းများ အသုံးပြုပြီး ကြက်သွေရောင် ဓားအား တားဆီးရန် ကြိုးစားလိုက်သည်။

ဘန်း…

ရွှေနဂါးနှင့် ကြက်သွေးရောင်ဓားတို့ ဆုံတွေရာမှ ထွက်ပေါ်လာသော ပဲ့တင်သံက တောင်များ ၊ မြစ်များ အားလုံးကို တုန်ခါသွားစေနိုင်စွမ်းရှိနေပြီး တိုက်ပွဲကြည့်နေသူများအဖို့ အသိစိတ်ပင်လယ်ပင် အက်ကွဲသွားမတတ်ခံစားလိုက်ကြရ၏။

ကျင့်ကြံမှု နိမ့်ကျသူများဆိုလျှင် သွေးများပင် အန်ထုတ်လိုက်ကြရသော်လည်း မျက်၀န်းများကမူ ကောင်းကင်ရှိ တိုက်ပွဲမှ ဖယ်ခွာသွားခြင်းမရှိချေ။

ကောင်းကင်ထက်ရှိ ကီလိုမီတာ ထောင်ပေါင်းများစွာကျယ်ပြန့်သော မြူခိုးများအကြား ရွှေရောင် ပုံရိပ်ကြီးတစ်ခု နောက်သို့ ကီလိုမီတာ (၈၀၀၀)လောက် ဆုတ်သွားသည်ကို လူတိုင်း ရှင်းလင်းစွာ မြင်လိုက်ရ၏။

မိုးပြာနဂါးစစ်ရထားက သူတော်စင် တစ်ဝက်အဆင့်လက်နက်တစ်ခုဖြစ်ကာ ကံတရားစွမ်းအားများနှင့် ပေါင်းစပ်နိုင်စွမ်းရှိသည်။

၎င်းက အသင်္ချေနဂါး မင်းဆက်၌ နှစ်ပေါင်းသန်းနှင့်ချီ ရှိနေခဲ့ပြီး အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံး၌ ကျော်ကြား၏။

ထိုလက်နက်အောက်တွင် နတ်ဆိုးသားရဲ မည်မျှတို့၏ သွေး မြေခခဲ့ရကြောင်း မည်သူမှ အတိအကျမသိနိုင်ပေ။

ထို့အပြင် အသင်္ချေနဂါးမင်းဆက်က မိုးပြာနဂါးစစ်ရထား၏ စွမ်းအားဖြင့် မြင့်မြတ်နယ်မြေတစ်ခုကိုပင် ဖျက်ဆီးခဲ့ဖူး(ဘူး)သည်။

သို့သော် ယခုတွင် ၎င်းက နောက်သို့လွင့်စင်သွားခဲ့ချေပြီ။

၎င်းအထက်ရှိ ယခင်က တောက်ပနေသော နတ်ရုန်းများ မှေးမှိန်သွားခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါ ခမ်းနားမှုများ ရှိမနေတော့ပေ။

သို့သော် အဓိက ကြောက်မက်ဖွယ်ကောင်းသော ကိစ္စမှာ ၎င်းအား နောက်သို့ လွင့်စင်စေခဲ့သူမှာ အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူ ဖြစ်နေခြင်းပင်။

သူက အင်ပါယာတစ်၀က်အဆင့်၌ပင် ထိုကဲ့သို့ တိုက်ခိုက်နိုင်စွမ်း ပိုင်ဆိုင်ထားချေပြီ။

အင်ပါယာအဆင့်သို့သာ ရောက်သွားပါက မည်မျှ အစွမ်းထက်လာလိမ့်မည်နည်း။

မျိုးဆက်တူ ပါရမီရှင်များက နံပါတ်(၁) ပါရမီရှင်ဟူသော ဘွဲ့အတွက် ပြိုင်ဆိုင်နေကြချိန်တွင် ရွှမ်ယီက ၎င်းတို့ မိဘများ ၊ ဘိုးဘေးများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေခဲ့ပြီး မြင့်မြတ်နယ်မြေတစ်ခုအား မိမိလက်နှင့် ကိုယ်တိုင်တည်ဆောက်ပြီး ထာ၀ရအမွေအနှစ် ထားရှိရန် ကြိုးစားနေခဲ့ချေပြီ။

“ မယုံနိုင်စရာဘဲ… သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်တာလဲ…”

လူတိုင်း အံ့အားသင့်ကာ အတွေးများနေကြစဉ် ရုတ်တရက် တိမ်နဂါးအင်ပါယာထံမှ ကျယ်လောင်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“ ဟားဟားဟား… မင်းက မြင့်မြတ်ပလ္လင်အဆင့်နဲ့ ယှဉ်နိုင်လောက်အောင် အစွမ်းထက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…”

“ ဒါပေမယ့် ကြည့်ရတာ မင်းမှာရှိတဲ့ ဝှက်ဖဲတွေ ကုန်သွားပုံပဲ…”

တိမ်နဂါးအင်ပါယာ၏ နောက်ကျောဘက်ရှိ ထာ၀ရနတ်ဘုရားစင်မြင့်မှ အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး အစစ်အမှန်နီးပါး ထင်ရှားလာ၏။

ထို့နောက် ထိုအလင်းတန်းက မိုးပြာနဂါးစစ်ရထားထံသို့ ကျဆင်းသွားပြီး ၎င်း၏ စွမ်းအားတစ်၀က် ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။

နဂါးဟိန်းသံကြီး ထပ်မံထွက်၍ ပေါ်လာပြန်၏။

မိုးပြာနဂါးစစ်ရထားကြီးပေါ်မှ တိမ်နဂါးအင်ပါယာလည်း စွမ်းအားများ ပြန်လည် ပြည့်၀လာသည်။

သူ့မျက်၀န်းထဲ၌ ထိတ်လန့်မှုများ ရှိနေဆဲ ဖြစ်သော်ငြား အောင်ပွဲက မိမိလက်ထဲသို့ ရောက်နေပြီဖြစ်ဟန်ရသော အပြုံးတစ်ခု မျက်နှာထက်၌ ရှိနေခဲ့၏။

“ တိမ်နဂါးအင်ပါယာက မှော်ဆေးအင်ပါယာရွှမ်ယီကို ကြောက်လန့်သွားတာများလား…

တချို့လူများက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်ကြသည်။

“ မဟုတ်သေးဘူး… တိမ်နဂါးအင်ပါယာ ရယ်နေတာက ရွှမ်ယီကို ကြောက်လို့မဟုတ်ဘူး… သူ့ကို တကယ်တမ်းရယ်မောစေတဲ့အရာက ရွှမ်ယီရဲ့ အစောနက တိုက်ခိုက်မှုက နောက်ဆုံးဝှက်ဖဲဖြစ်နေပြီမို့လို့ပဲ...”

ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်က သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း မူလအတိုင်း ရှိနေဆဲပင်။

အစောပိုင်းတွင် ရွှမ်ယီတိုက်ခိုက်ခဲ့သော ကြက်သွေးရောင်ဓားကြီးက မိုးပြာနဂါးစစ်ရထားအား ဖိနှိပ်နိုင်စွမ်းရှိနေခဲ့သည်။

ကြည့်ရသည်မှာ ထိုတိုက်ခိုက်မှုက ရွှမ်ယီ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုဖြစ်ဟန်တူသည်။ ၎င်းအား သာမန်ဓားနည်းစနစ်များကဲ့သို့ စိတ်ရှိသ၍ အသုံးပြုရန် မဖြစ်နိုင်လောက်ပေ။

တစ်ဖက်တွင်မူ တိမ်နဂါးအင်ပါယာက ထိုတိုက်ခိုက်မှုတွင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏အခြေတည်စွမ်းအားများက ရွှမ်ယီထက် သာလွန်နေသည်။

သူက ဆက်လက်တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသော်လည်း ရွှမ်ယီအတွက်မူ ထိုကဲ့သို့တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။

All Chapters