← Chapters

အခန်း (၄၈၃)

Vol. 33 Ch. 483

အခန်း (၄၈၃)

Vol. 33 Ch. 483

ထို ဆန်းကြယ်သော အဘိုးအိုက ရွှမ်ယီ၏ တာအိုကာကွယ်သူဖြစ်လိမ့်မည်ဟု သူခန့်မှန်းဆထားခဲ့ပြီးသားပင်။

လက်ရှိအချိန်တွင် သူ အမှန်တကယ် ကြောက်လန့်နေခဲ့၏။

အသင်္ချေနဂါးမင်းဆက်မှ အကြီးအကဲတစ်ဦးဖြစ်သော တိမ်နဂါးအင်ပါယာ၏ အမြင်က နိမ့်ကျခြင်းမရှိချေ။

သူက ယဲ့ချင်းစုန်၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း မြင်နိုင်သလို လက်ထဲ၌ ကိုင်ထားသော အစိမ်းရောင် ထင်းရှူးကိုင်းက အလွန်အဖိုးတန်ကာ အစွမ်းထက်ကြောင်းကိုလည်း နားလည်ထား၏။

သို့သော် သူ့ကို ပို၍ ထိပ်လန့်သွားစေသောအရာက ထိုသူတော်စင်အဆင့် ထင်းရှူးကိုင်း၌ အဆင့် (၈) ဟူသော စာလုံးအား ရေးထွင်းထားသောကြောင့်ပင်။

ဆိုလိုသည်မှာ ထိုရတနာက သူတော်စင်အဆင့် ကျင့်ကြံသူ‌တစ်ယောက် လက်ထဲ၌သာ စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်မည်ဟု ဆိုလိုခြင်းပင်။

မဟာဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေများမှ လူများပင်လျှင် ၎င်းအား အသုံးပြုမည်ဆိုပါက စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ဆွဲယူအသုံးပြုနိုင်ကြပေလိမ့်မည်။

အင်ပါယာအဆင့် ကျင့်ကြံသူများ ၎င်းအား အသုံးပြုမည်ဆိုပါက အသက်သွင်းရန်အတွက်ပင် ပေးဆပ်ရသော တန်ဖိုးက အလွန်ကြီးမားနိုင်သည်။

ထို့အပြင် အစိမ်းရောင်ထင်းရှူးကိုင်းက သူတော်စင်အဆင့် လက်နက်များထဲတွင်ပင် ထိပ်ဆုံး၌ ရှိနေ၏။

ထို့ကြောင့် ၎င်းစုပ်ယူစားသုံးသော စွမ်းအင်ပမာဏက အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် ခံနိုင်သော အရာမဟုတ်ပေ။

ထို့အပြင် သူ့ရှေ့၌ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် အဘိုးအိုက ပထမအတိဒုက္ခအင်ပါယာအဆင့်၌သာ ရှိနေကြောင်းထင်ရှားသည်။

သို့သော် အစိမ်းရောင်ထင်းရှူးကိုင်းအား အသုံးပြုခဲ့သောအချိန်တွင် ဒဏ်ရာရခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း အရိပ်အယောင် တစ်ခုမှ မရှိချေ။

သူက ထိုသူတော်စင် လက်နက်နှင့် ချောမွေ့စွာ ဆက်ဆံနိုင်ပုံရသည်။

“ အနောက်ပိုင်းနယ်မြေက ထွက်လာတဲ့ နတ်ဆိုးအရှင်သခင်တစ်ယောက်များလား...”

တိမ်နဂါးအင်ပါယာသာမက ယခုတိုက်ပွဲအား စောင့်ကြည့်နေကြသည့် မြင့်မြတ်‌နယ်မြေဌာနခွဲခေါင်းဆောင်များအားလုံး ထိတ်လန့်ဖွယ်မှန်းဆချက်တစ်ခုအား တွေးမိလိုက်ကြပြီး မျက်နှာပျက်သွားခဲ့ကြသည်။

အရှေ့ပိုင်းတိုက်ကြီးတွင် ရှေးဟောင်းသွေးမျိုးဆက်မှ ဆင်းသက်လာသည့် နတ်ဆိုးများသာ ထိုသို့ လုပ်နိုင်စွမ်းရှိသည်။

နတ်ဆိုးမျိုးနွယ်ဆိုသည်မှာ ကမ္ဘာကြီးပေါ်ရှိ ဒြပ်စင်များမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ကောင်းကင်မှ ကောင်းချီးပေးခံထားရသူများဖြစ်ကြ၏။

၎င်းတို့က သူတို့၏ အစစ်အမှန်ခန္ဓာအား နှလုံးသားနှင့် ချိတ်ဆက်ကာ ကိုယ်ပိုင် ဆန်းကြယ်ရတနာများ ပြုလုပ်နိုင်သည်။

သူတို့ ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ ချိတ်ဆက်ထားသော ရတနာများကလည်း သဘာဝအတိုင်း တိုးတက်လာပေလိမ့်မည်။

အကယ်၍ သူတို့ရှေ့မှ ထိုဆန်းကျယ်သည့်အဘိုးအိုသာ ထင်းရှူးပင်နတ်ဆိုးတစ်ယောက်ဖြစ်မည်ဆိုပါက သူတော်စင်အဆင့်လက်နက်အား အလွယ်တကူထိန်းချုပ်နိုင်ခြင်းမှာ အံ့ဩစရာတော့မဟုတ်တော့ချေ။

သို့သော် မကြာမီ သူတို့မှန်းဆမှုများ ချက်ချင်းပျောက်ကွယ်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ချင်းစုန်က ထပ်မံ၍ တိုက်ခိုက်လိုက်သောကြောင့်ပင်။

သူက မတိုက်ခိုက်မီ အစိမ်းရောင် ထင်းရှူးကိုင်းအား ပြန်လည်၍ သိမ်းဆည်းလိုက်ဟန်တူသည်။ ၎င်းက လေထဲ၌ ပျောက်ကွယ်သွားခဲ့၏။

တိမ်နဂါးအင်ပါယာအား သူတော်စင်အဆင့်လက်နက်အသုံးမပြုဘဲ လက်ဗလာဖြင့် တိုက်ခိုက်မည့်ဟန်ရသည်။

“ ဒါကြီးက လွန်လွန်းတယ်မဟုတ်ဘူးလား… နတ်ဆိုးတစ်ကောင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ အားကောင်းတယ်ဆိုဦးတော့ လက်ရှိမှာ သူက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ပဲလေ… တိမ်နဂါးအင်ပါယာက မိုးပြာနဂါးစစ်ရထား မရှိတော့ဘူးဆိုရင်တောင် ဆန်းကျယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေတုန်းပဲ… ဒီတော့ သူ့ကို လုံးဝလျော့မတွက်သင့်ဘူး…”

တောင်ပိုင်းကောင်းကင်တံခါးမှ အဆင့်မြင့်အင်ပါယာတစ်ယောက် မျက်မှောက်ကြုတ်ရင်း ရေရွတ်လိုက်သည်။

သူက ယဲ့ချင်းစုန်၏ လုပ်ရပ်အပေါ် အကောင်းမြင်စိတ်မရှိသည်မှာ ထင်ရှားသည်။

တစ်ဖက်တွင်မူ သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာက လှောင်ပြောင်လိုက်၏။

“ သူက အရမ်းလျော့တွက်လွန်းလို့ တိမ်နဂါးသာ အသက်ရှူချောင်သွားမယ်ဆိုရင် ငါတို့လည်း ဝင်ပြီးတိုက်ခိုက်ကြမယ်… ပြီးရင် အဲ့ဒီ အစိမ်းရောင်ထင်းရှူးကိုင်းကို သိမ်းကြတာပေါ့…”

“ ဘာပဲဖြစ်ဖြစ် အဲ့တာက နတ်ဆိုးလူသားတစ်ယောက်ပဲ… ငါတို့သူ့ကိုသတ်လိုက်လို့ ဘာမှမဖြစ်ဘူး… ဂုဏ်သတင်းတောင် တက်သွားနိုင်သေးတယ်…”

သို့သော် သူ၏ စကားမဆုံးမီ ယဲ့ချင်းစုန် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ထက်တွင် တိမ်နဂါးအင်ပါယာက အလွန်လေးနက်သော မျက်နှာအမူအယာဖြင့် ရပ်နေခဲ့သည်။ သူ့အနေဖြင့် အနည်းငယ်မျှ စိတ်လွင့်ရဲခြင်းမရှိချေ။

သူက ပတ်ဝန်းကျင် ကီလိုမီတာ (၃) ထောင်သို့ နတ်အသိအာရုံ ဖြန့်ကျက်ထားခဲ့သည်။

သို့သော် ယဲ့ချင်းစုန်အား မည်သို့မှ ရှာမတွေ့ခဲ့ပေ။

ကမ္ဘာကြီးပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားသည့်အလားပင်။ ခြေရာလက်ရာ အနည်းငယ်မျှ မကျန်ခဲ့ပဲ ပျောက်ကွယ်သွားခဲ့၏။

“ ဘာတွေဖြစ်နေတာလဲ…”

ရယ်မောနေခဲ့သော သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာလည်း ထိတ်လန့်သွားခဲ့သည်။

သူက အဆင့်မြင့် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရုံမျှမကပဲ မှော်ဆေးတာအို၌လည်း အောင်မြင်မှုများရှိ၏။

မှော်ဆေးအင်ပါယာအဆင့်သို့ မရောက်ရှိသေးသော်လည်း မှောဆေးဘုရင်အဆင့်သို့ ရောက်နေခဲ့ပြီး သူ၏ နတ်အသိစွမ်းအားက တော်တော်လေး အားကောင်းသည်။

သို့သော် ယဲ့ချင်းစုန်အား အနည်းငယ်မျှ ခြေရာခံမိခဲ့ခြင်းမရှိပေ။

“ တိမ်နဂါးရဲ့ အနောက်မှာ… မဟုတ်သေးဘူး… သူက ကောင်းကင်ပေါ်မှာ… ဘုရားရေ… အဲ့တာက ဘယ်လိုနတ်တန်ခိုးစွမ်းအားမျိုးလည်း…”

နောက်ဆုံးတွင် အင်ပါယာတစ်ယောက်က ယဲ့ချင်းစုန်အား ရှာတွေ့သွားပြီး အထိတ်တလန့်အော်ဟစ်မိလိုက်သည်။

တစ်ဖက်တွင် တိမ်နဂါးအင်ပါယာက ချက်ချင်းခေါင်းမော့ကြည့်လိုက်ပြီး လက်များကို နဂါးတစ်ကောင်အလား ဆန့်ထုတ်လိုက်၏။

ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးများထွက်‌ပေါ်လာပြီး အပြာရောင်ရေနဂါးနှစ်ကောင်ကဲ့သို့ ပြောင်းလဲသွားသည်။

ယဲ့ချင်းစုန်၏ မျက်ဝန်းများကမူ သာမန်အတိုင်းငြိမ်သက်နေဆဲပင်။ သူက ညာလက်အားရှေ့သို့ ဆန့်ထုတ်လိုက်၏။

ထိုအခါ လက်ဝါးကြီးက မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တွင်ပြည့်နှက်သွားခဲ့ပြီး အစိမ်းရောင် နတ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် တာအိုစာလုံးများက ကောင်းကင်နှင့်မြေပြင်အား တားမြစ်နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

တိမ်နဂါးအင်ပါယာကမူ ထိုလက်ဝါးကြီး၏ စွမ်းအားအောက်တွင် ဖိနှိပ်ခြင်းခံနေရပြီး အာရုံ (၅) ပါးနှင့် ခံစားမှု (၆) ပါး အားလုံးပိတ်ဆို့ခံထားရ၏။

သူ့ တိုက်ခိုက်မှုများကမူ ပင်လယ်ပြင်ထဲသို့ ကျသွားသော ကျောက်တုံးတစ်တုံးအလား ပျောက်ဆုံးသွားခဲ့၏။

မကြာမီ အဆုံးမဲ့တာအို စာလုံးများက တိမ်နဂါး အင်ပါယာအား လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။

“ အား….”

တိမ်နဂါးအင်ပါယာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ကောင်းကင်ထက်မှ တိမ်များအားလုံး လွင့်စင်သွားပြီး ပတ်ဝန်းကျင်မှ တောင်တန်းများပင် တုန်ခါသွားခဲ့သည်။

ထို့နောက်တွင် သူ့ခန္ဓာကိုယ်က အလျှင်အမြန်ကြီးထွားလာခဲ့ပြီး ကျန်း (၁) သောင်းအမြင့်ရှိသော ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွား၏။

သု့ရှေ့တွင် ထာဝရနတ်ဘုရားစင်မြင့်က တစ်ဖျတ်ဖျတ်တောက်ပနေခဲ့ပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား ကာကွယ်ရန်ကြိုးစားနေလေသည်။

ဘုန်း…..

သို့သော် အရာအားလုံး အချည်းနှီးသာ။

ရဲ့ချင်းစုန်က ကြောက်မက်ဖွယ်ဖိအား နှင့် စွမ်းအားများ ဝန်းရံနေသည့် လက်ဖဝါးကြီးနှင့် တိုက်ရိုက် ရိုက်ချလိုက်၏။

ထိုအခါ တိမ်နဂါးအင်ပါယာ၏ ရွှေရောင်ခန္ဓာကိုယ်နှင့် ထာဝရနတ်ဘုရားစင့်မြင့်တို့က ကြောက်မက်ဖွယ် လက်ဖဝါးကြီးအောက်၌ တအုန်းအုန်း မြည်လျက် ပေါက်ကွဲသွားခဲ့သည်။

ဧရာမ လက်ဖဝါးကြီးအောက်တွင် တိမ်နဂါးအင်ပါယာအနေဖြင့် အနည်းငယ်မျှ ထွက်ပြေးနိုင်စွမ်းမရှိပဲ တိုက်ရိုက် ဖိကြိတ်ခြင်း ခံလိုက်ရ၏။

သူနှင့်အတူ ထာဝရနတ်ဘုရားစင်မြင့်ပါ မြေပြင်ထက်သို့ ရိုက်ချခံလိုက်ရသည့် မြင်ကွင်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေယုံသာ တတ်နိုင်ခဲ့သည်။

ဝုန်း….

တောင်ပိုင်းကောင်ကင်တံခါး အရှေ့ဘက်တွင် ဖုန့်မှုန့်များ ၊ ကျောက်ခဲအစအနများ ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွား၏။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြေပြင်ထက်တွင် ဧရာမ လက်ဖဝါးသဏ္ဍာန်ချိုင့်ခွက်ကြီးတစ်ခု ထင်းကျန်ရစ်ခဲ့သည်။

All Chapters