← Chapters

အခန်း (၄၈၄)

Vol. 33 Ch. 484

အခန်း (၄၈၄)

Vol. 33 Ch. 484

တိမ်နဂါးအင်ပါယာက ၎င်း၏ ထာဝရနတ်ဘုရားစင်မြင့်နှင့်အတူ လက်ဝါးရိုက်ချက်အောက်၌ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

အထူးသဖြင့် သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာဖြစ်ပေသည်။

သူ့မျက်လုံးထောင့်စွန်းများ တဆတ်ဆတ်တုန်ခါသွားခဲ့ပြီး မျက်နှာထက်၌ ယခင်တုန်းကကဲ့သို့ လှောင်ပြောင်မှုများ ရှိမနေတော့ပေ။

ထိတ်လန့်မှုနှင့် အံ့အားသင့်မှုများ ရောယှက်နေသည့် မျက်ဝန်းများဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။

ယခု သူမြင်ခဲ့ရသည့် မြင်ကွင်းက လုံးဝမမှားနိုင်ချေ။

ထိုဆန်းကြယ်သည့် အဘိုးအိုက နတ်ဆိုးဘုရင်တစ်ယောက် မဟုတ်ဘဲ အမှန်တကယ် လူသားတစ်ယောက် ဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းတွင် သူအသုံးပြုခဲ့သော ဧရာမလက်ဖဝါးကြီးက လူသားများသာ အသုံးပြုနိုင်သော စွမ်းအားတစ်ခုဖြစ်သောကြောင့်ပင်။

၎င်းက အသေးစားနတ်တန်ခိုးစွမ်းအင် မဖြစ်နိုင်ပေ။ အစစ်အမှန် နတ်တန်ခိုးစွမ်းအင် သို့မဟုတ် ထို့ထက်ပင် ပိုနေနိုင်သေး၏။

ထိုသို့မဟုတ်လျှင် တိမ်နဂါးအင်ပါယာအား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ချေမွပစ်နိုင်လိမ့်မည် မဟုတ်ချေ။

ယခင်တုန်းက ရူးမိုက်စွာ ပြောခဲ့သော စကားများအား ပြန်လည်တွေးမိလိုက်ပြီး သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာ နှလုံးသားထဲ နောင်တများ ပြည့်နှက်လာခဲ့သည်။

အကယ်၍ ထိုအဘိုးအိုသာ သူ၏စကားများအတွက် ပြဿနာလာရှာပါက မည်သို့လုပ်ရမည်နည်း။

သို့သော် သူ မသိထားသေးသော ကိစ္စတစ်ခုမှာ ရွှမ်ယီက ထိုစကားများမပါလျှင်ပင် သန့်စင်ခြင်းမျှော်စင်အား ယခင်ကတည်းက ဖျက်ဆီးပစ်ရမည့်စာရင်းထဲတွင် ထည့်သွင်းထားပြီးဖြစ်ကြောင်းကိုပင်။

ထိုအခိုက်အတန့်တွင် သန့်စင်ခြင်းမျှော်စင်မှ အင်ပါယာ အတွေးများ ရှုပ်ယှက်ခတ်နေတော့၏။

တစ်ဖက်တွင်မူ ရဲ့ရှင်းစုန်က တိမ်နဂါးအင်ပါယာအား သတ်ဖြတ်ခဲ့ပြီးနောက် ရွှမ်ယီအနီးသို့ ပြန်လာခဲ့သည်။

ထို့နောက် ရိုသေစွာ ဦးညွှတ်လိုက်ပြီး

“ ခေါင်းဆောင်… တခြားအမိန့်ပေးစရာ ရှိသေးလား...”

စကားပြောသောအချိန်တွင် ရဲ့ရှင်းစုန်က တမင်တကာ စိတ်ဝိညာဉ်စွမ်းအင်များအား ထည့်သွင်းအသုံးပြုခဲ့၏။

ထို့ကြောင့် သူ့စကားများကို ပတ်ဝန်းကျင်တစ်ခွင်လုံးမှ လူတိုင်းကြားလိုက်ရသည်။

အစပိုင်းကတည်းက ရဲ့ရှင်းစုန်အား ရွှမ်ယီ၏ တာအိုကာကွယ်သူ သို့မဟုတ် ဆက်စပ်ရာတစ်ခုခု ဖြစ်နိုင်ကြောင်း လူတိုင်းမှန်းဆထားခဲ့ပြီးသားပင်။

သို့သော် ရဲ့ရှင်းစုန်ကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်သည့်အချိန်မှ အားလုံး အတည်ပြုနိုင်သွားခဲ့ကြသည်။

ရဲ့ရှင်းစုန် ဦးညွှတ်ကာ ပြောလိုက်သောစကားများကြောင့် နဂိုကပင် ထိတ်လန့်တုန်လှုပ်နေသည့် လူအုပ်ကြီး ခါးသီးသွားသလို ခံစားလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် ရဲ့ရှင်းစုန်၏ခွန်အားဖြင့် ဆန်းကြယ်ပုလ္လင်အဆင့်ကျင့်ကြံသူများပင် သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ပေ။

၎င်း၏ခွန်အားက မြင့်မြတ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်နိုင်စွမ်းရှိနေချေပြီ။ ၎င်း၏ အစိမ်းရောင် ထင်းရှူးကိုင်းအား အသုံးပြုလိုက်ပါက မြင့်မြတ်နယ်မြေခေါင်းဆောင်များနှင့်ပင် ယှဉ်နိုင်စွမ်းရှိ‌နိုင်သည်။

[ Note- အဆင့်တွေက Eng နဲ့ဟာ အမျိုးမျိုးဖြစ်နေတယ်ခင်ဗျ အရှေ့မှာ ကောင်းကင်ပလ္လင် ဆန်းကျယ်ပလ္လင်ရေးထားပေမယ့် နောက်ပိုင်းတွေမှာ အဲ့စာလုံးတွေမသုံးဘဲ အသစ်‌တွေသုံးထားပါတယ် Profound God emperor , Saint emperor စသည်ဖြင့်ပေါ့ ။ ကျနော်က အဲ့တာတွေကို ရှေ့က အသုံးနှုန်းတွေအတိုင်းသုံးတာ အမှားနည်းနည်းပါသွားတယ်ထင်တယ်

တိမ်နဂါး အင်ပါယာ တိုက်ခိုက်နိုင်စွမ်းက နောက်ဆုံး မြင့်မြတ်ပလ္လင်အဆင့်ထိပဲ ရောက်နိုင်ပါတယ် ။ ရဲ့ချင်းစုန်က ထင်းရှုးကိုင်းသုံးရင် အန္တိမ အင်ပါယာအဆင့်ထိ ရောက်နိုင်ပါတယ် ။ အရှေ့အပိုင်းတွေမှာ တစ်ဆင့်ပိုရေးထားမိခဲ့မယ်ထင်တယ် ]

သူ့ကို အားအကောင်းဆုံးများထဲမှ တစ်ယောက်ဟု ယူဆ၍ရ၏။

တစ်နည်းဆိုရမည်ဆိုလျှင် ရဲ့ရှင်းစုန် ၊ ရွှမ်ယီတို့နှစ်ယောက်နှင့်ပင် နက်နဲခြင်းအင်ပါယာဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခု၏ အခြေခံအုတ်မြစ် ရှိနေပြီဖြစ်သည်။

စစ်မှန်သော မြင့်မြတ်နယ်မြေတစ်ခုနှင့် အနည်းငယ်မျှသာ ကွာခြားချက်ရှိတော့၏။

“ ဒင်….! အရံတာဝန် ပြီးဆုံးသွားပါပြီ… ဆုလာဘ်များကို ထုတ်ပေးလိုက်ပါတယ်...”

တစ်ချိန်တည်းတွင် ရွှမ်ယီ၏စိတ်ထဲ၌ စနစ်ထံမှ သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် တာအိုအရင်းအမြစ်ဂျင်တစ်သိန်းက စနစ်သိုလှောင်ခန်းအတွင်း ရောက်ရှိခဲ့၏။

ရဲ့ရှင်းစုန်၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားခဲ့ပြီးနောက် ရွှမ်ယီအား ခေါင်းညိတ်ပြလိုက်သည်။

ရွှမ်ယီလည်း ပြန်လည်ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ်လုပ်ဆောင်မည့် ကိစ္စများအား စတင်တွေးတောလိုက်၏။

ထိုအချိန်တွင် ရုတ်တရက် စနစ်ထံမှ အချက်ပြသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

အစောပိုင်းတွင် ရွှမ်ယီက အသင်္ချေနဂါးမင်းဆက်မှ မြင့်မြတ်သားတော်ဝမ်လုံအား သတ်ဖြတ်ခဲ့ပြီး မိုးပြာရောင်စစ်ရထားကို နောက်သို့လွင့်စင်စေခဲ့သည်။

ထိုအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်း၏ ဂုဏ်သတင်းအမှတ်က (၄၈၀)အထိ ရောက်သွားခဲ့၏။

ရဲ့ရှင်းစုန်၏ တိုက်ပွဲပြီးဆုံးချိန်၌ ဂုဏ်သတင်းရမှတ်များ အရူးအမူးတိုးလာခဲ့သည်။

၎င်းက သူ၏ပစ်မှတ်အမှတ် (၅၀၀)ကို တိုက်ရိုက်ကျော်ဖြတ်ပြီး အမှတ် (၇၂၀) သို့တိုင်အောင် ရောက်သွား၏။

“ ဒင်….! ပိုင်ရှင်က တာဝန်ကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပိုမိုကြီးမားတဲ့ ဆုလာဘ် ထုတ်ပေးလိုက်ပါတယ်...”

“ ဒင်….! ရဲ့ရှင်းစုန်ရဲ့ ကျင့်ကြံမှု အဆင့်တစ်ဆင့် တိုးမြင့်သွားပါတယ်… ပိုင်ရှင်ရဲ့ကျင့်ကြံမှုလည်း အဆင့်တစ်ဆင့် တိုးလာပါပြီ...”

“ ဒင်….! အဆင့်မြင့်လက်ဆောင်ထုပ် ရရှိပါတယ်…”

“ ဒင်….! အစစ်အမှန် နတ်တန်ခိုးစွမ်းရည်ဖြစ်တဲ့ ၀င်စားခြင်း တာအို(၆)ပါး ပိုင်းဖြတ်ချက်ကို လက်ခံရရှိပါတယ်...”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအနေဖြင့် ရဲ့ရှင်းစုန် သယ်ဆောင်လာခဲ့သော အံ့ဩမှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်ပြီး ပြန်လည်နိုးထကြခြင်း မရှိသေးချေ။

ထိုအချိန်တွင် ရုတ်တရက် ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

တိုက်ခတ်နေသော လေများ ဖရိုဖရဲဖြစ်သွားပြီး ကောင်းကင်ပြာကို တိမ်မည်းများ ဖုံးအုပ်လာ၏။

သို့ဖြစ်ရာ လူတိုင်းသတိပြန်ဝင်လာကြပြီး ခေါင်းမော့ကြည့်လိုက်မိကြသည်။

ထိုအခါ လျှို့ဝှက်ဆန်းကြယ်သည့် ထင်းရှူးအဘိုးအို၏ ဦးခေါင်းထက်တွင် ကီလိုမီတာ ငါးသိန်းတိုင်အောင် ရှည်လျားကျယ်ပြန့်သော မိုးကြိုးကပ်ဘေးကြီးတစ်ခုအား တွေ့လိုက်ရ၏။

လူတိုင်း ဘာမှမတုံ့ပြန်နိုင်သေးမီ ရဲ့ရှင်းစုန်၏ပုံရိပ်က အနည်းငယ်တောက်ပသွားပြီး အစိမ်းရောင်ထင်းရှူးကိုင်းအား ကောင်းကင်ထက်သို့ ထိုးညွှန်လိုက်သည်။

ထိုအခါ မိုးကြိုးကပ်ဘေးက ချက်ချင်းကွဲအက်သွားပြီး ခရမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရဲ့ရှင်းစုန်၏ စုပ်ယူခြင်း ခံလိုက်ရသည်။

ရဲ့ရှင်းစုံ၏ ကျင့်ကြံမှုလည်း တစ်ပြိုင်နက်တည်း တိုးတက်လာခဲ့၏။

နောက်ကျောဘက်တွင် ထာဝရနတ်ဘုရားစင်မြင့်တစ်ခုရှိနေခဲ့ပြီး ပြင်းထန်သော မိုးကြိုးလျှပ်စီးများအောက်၌ တဖြည်းဖြည်း ခိုင်မာလာခဲ့သည်။

၎င်းအထက်တွင် နတ်ဘုရားအမှတ်အသား လေးခုရှိနေခဲ့ပြီး ၎င်းတို့ကစွမ်းအားကို ပိုမို၍ ကြောက်မက်ဖွယ်ဖြစ်အောင် ထောက်ပံ့ပေးနေ၏။

ယင်းက မည်ကဲ့သို့ အခြေအနေမျိုးနည်း..?

ပတ်ဝန်းကျင်မှ လူတိုင်း အလွန်အံ့ဩသွားကြ၏။

၎င်းတို့ကြားထဲတွင် အင်ပါယာအဆင့်ကျင့်ကြံသူများ ရှားပါးခြင်းမရှိချေ။ ကောင်းကင်ပလ္လင်အဆင့်နှင့် ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူများလည်း ရှိနေပေသည်။

သူတို့အထဲမှ မည်သူမဆို နောက်တစ်ဆင့်အား ကျော်ဖြတ်လိုပါက လိုအပ်သော ပြင်ဆင်မှုများ လုပ်ကြလေ့ရှိကြသည်။

ထိုအခါမှ သူတို့ နှလုံးသားထဲမှ ကြောက်စိတ်များ အတန်ငယ်လျော့ပါးသွားပြီး အင်ပါယာအဆင့် မိုးကြိုးကပ်ဘေးအား ခံယူရန် ကြိုးစားဝံ့ကြ၏။

သို့သော် သူတို့ရှေ့ရှိ မြင်ကွင်းက အဘယ်သို့နည်း။

အင်ပါယာအဆင့် မိုးကြိုးကပ်ဘေးက မည်သည့်အချိန်တုန်းက ဤမျှ ပေါ့ပါးလွယ်ကူလာခဲ့သနည်း။

ရွှမ်ယီ၏ မျက်ဝန်းများကမူ သာမန်အတိုင်း တည်ငြိမ်နေဆဲပင်

၎င်းက သူ့မျှော်လင့်ချက်ထဲ၌ ရှိနေဆဲဖြစ်၏။

ရဲ့ရှင်းစုန်ဖြစ်စေ၊ ပင်းယုဖြစ်စေ ၎င်းတို့က ဤကမ္ဘာကြီးမှ ကျင့်ကြံသူများ မဟုတ်ပေ။

ပင်းယုကမူ ပြဿနာမရှိချေ။ သူက ဤကမ္ဘာကြီးသို့ ရောက်လာပြီးကတည်းက အဆင့်တက်ရန် အခွင့်အလမ်းမျိုး တစ်ခါမှမကြုံသေးချေ။

ထို့ကြောင့် သူမ၏ကျင့်ကြံမှုက ယခင် သူမ လာခဲ့သည့်ကမ္ဘာမှ ကျင့်ကြံမှုအဆင့်နှင့် အတူတူသာ ရှိသေးသည်။

သို့သော် ရဲ့ရှင်းစုန်က ခြားနားသွားချေပြီ။

စနစ်က သူ၏အဆင့်အား မြှင့်တင်ပေးလိုက်ချိန်တွင် ဤကမ္ဘာကြီးမှ စည်းမျဉ်းဥပဒေသများနှင့် ကိုက်ညီစေရန်အတွက် ၎င်း၏ခွန်အားနှင့် ကျင့်ကြံမှုအဆင့်ကို သဘာဝအတိုင်း ပြန်လည်ပြင်ဆင်ပေးလိုက်သည်။

ဤသို့ဖြင့် ရဲ့ရှင်းစုန်၏ ကျင့်ကြံမှုက ဤကမ္ဘာကြီးမှ အဆင့်များအတိုင်း ပြောင်းလဲသွားခဲ့၏။

ယခင်တုန်းက ရဲ့ရှင်းစုံအနေဖြင့် ပထမအတိဒုက္ခအဆင့် ပြီးပြည့်စုံခြင်း၌ ရှိနေခဲ့သည်။

စနစ်က တစ်ဆင့်မြှင့်တင်ပေးလိုက်ပြီးနောက် ကောင်းကင်ပလ္လင်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွား၏။

ထို့အပြင် ပထမအတိဒုက္ခအဆင့် ပြီးပြည့်စုံခြင်းအတွက် ဦးတည်ကာ ကျရောက်လာခဲ့သော မိုးကြိုးကပ်ဘေးက ရဲ့ရှင်းစုန်အတွက် ဘာမှမဟုတ်ပေ။

သို့သော် တစ်ဖက်တွင်မူ ရဲ့ရှင်းစုန်၏ အလွယ်တကူအောင်မြင်မှုက လူတိုင်းအတွက် အလွန် အံ့ဩစရာ ဖြစ်နေခဲ့သည်။

……

All Chapters