← Chapters

အခန်း (၄၈၅)

Vol. 33 Ch. 485

အခန်း (၄၈၅)

Vol. 33 Ch. 485

ထိုအချိန်တွင် ရွှမ်ယီ၏ ခန္ဓာကိုယ်လည်း အပြင်းအထန် တုန်ခါလာခဲ့သည်။

ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ တစ်ဟုန်ထိုး တိုးတက်လာကြောင်း ခံစားမိလိုက်၏။

ထိုခံစားချက်က ကြယ်သေတစ်လုံး ပေါက်ကွဲသွားသည့်အလားပင်။

ရွှမ်ယီ၏ခန္ဓာကိုယ်က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တုန်ခါသွားခဲ့ပြီး အရူးအမူးဝင်ရောက်လာသော စိတ်ဝိညာဉ်စွမ်းအင်များက (၁၀၈)ခုသော မရီဒျန်ကြောများမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ထို့နောက် အသိစိတ်ပင်လယ်အတွင်း၌ စွမ်းအင်လှိုင်းလုံးကြီးများ အထိန်းအကွပ်မဲ့စွာ မြင့်တက်လာခဲ့ပြီး စိတ်ဝိညာဉ်ဒြပ်စင် (၆၄) ခုက ပြင်ပကမ္ဘာသို့ ပျံတက် ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

“ ရွှမ်ယီလည်း အဆင့်ချိုးဖျက်တော့မှာလား..”

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

လက်ရှိအချိန်တွင် ရွှမ်ယီက စိတ်ဝိညာဉ်ဒြပ်စင် (၆၄)ခုအား ဖွဲ့စည်းထားခဲ့ပြီးချေပြီ။

အကယ်၍ သူသာ အင်ပါယာအဆင့်သို့ ချိုးဖျက်ပြီးသွားသည်နှင့် သမိုင်းထဲတွင် မှတ်ကျောက်တင်ခံရမည်မှာ မလွဲပေ။

တစ်နည်းဆိုရလျှင် သူတို့အားလုံးက သမိုင်းစာမျက်နှာတစ်ခု ရေးထွင်းခြင်းကို သက်သေခံပေးမည့် လူများဖြစ်လာတော့မည်။

သို့သော် အချိန် (၁၅)မိနစ်သာ ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်ကြီးကမူ ယခင်အတိုင်း ကြည်လင်နေဆဲဖြစ်ကာ အနည်းငယ်မျှ အပြောင်းအလဲမရှိပေ။

ဤသို့ဖြင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း လူတိုင်းသဘောပေါက်လာကြ၏။

“ ထူးဆန်းလိုက်တာ… မှော်ဆေးအင်ပါယာရွှမ်ယီရဲ့ အရှိန်အဝါမြင့်တက်သွားတာ သေချာပါတယ်… ဒါပေမဲ့ ဘာလို့ မိုးကြိုးကပ်ဘေးက အခုထိ ပေါ်မလာသေးတာလဲ…”

လူတိုင်း အံ့ဩနေကြပြီး ထင်ကြေးအမျိုးမျိုးပေးလိုက်ကြသည်။

တခဏအကြာတွင် တချို့လူများ မဖြစ်နိုင်လောက်သော အချက်တစ်ခုအား စဉ်းစားမိလိုက်ကြ၏။

“ မှော်ဆေးအင်ပါယာရွှမ်ယီက အင်ပါယာအဆင့်ကို ချိုးဖျက်ဖို့ မကြိုးစားဘဲ စိတ်ဝိညာဉ်ဒြပ်စင်အသစ်တစ်ခု ဖွဲ့စည်းဖို့ ကြိုးစားနေတာများလား…”

ထိုစကားထွက်ပေါ်လာသည်နှင့် လူတိုင်း အလွန်အံ့အားသင့်သွားကြသည်။

တစ်ခဏအကြာတွင် ပိုမို၍ ရုန်းရင်ဆန်ခတ် ဖြစ်လာ၏။

အစောပိုင်းမှ ကောက်ချက်ချမှုက အလွန်ရူးမိုက်လွန်းလှသည်။

ရွှမ်ယီက စိတ်ဝိညာဉ်ဒြပ်စင်(၆၄)ခုသို့ ရောက်နေပြီဖြစ်ပြီး ယင်းမှနေ၍ ရှေ့သို့ တစ်လှမ်းတိုးသွားတိုင်း သူလှမ်းခဲ့သော ခြေလှမ်းတိုင်းက သမိုင်းကြောင်းတစ်ခုအား ဖန်တီးနိုင်လိမ့်မည်။

သို့သော် တစ်ချိန်တည်းတွင် ထိုသို့ ပြုလုပ်ရန် အခက်အခဲက တွေးဆ၍ မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။

၎င်း၏ စိတ်ဝိညာဉ်ဒြပ်စင် (၆၄) ခုက အရှေ့ပိုင်းတိုက်ကြီး၌ မှတ်တမ်းတင်ထားခဲ့သော နောက်ဆုံးကန့်သတ်ချက်ထက် ကျော်လွန်နေခဲ့ချေပြီ။

ယခုတွင် ၎င်းအား ထပ်ပြီး မြှင့်တင်ဦးမည်လော။

ယင်းက မည်ကဲ့သို့ ဟာသမျိုးနည်း..?

သို့ဖြစ်ပါက အရှေ့ပိုင်းတိုက်ကြီးမှ ယခင်မျိုးဆက်ဟောင်းပါရမီရှင်များက အမှိုက်များပေလော..?

ချက်ချင်း သန့်စင်ခြင်းမျှော်စင်နှင့် ကျန်တစ်ချို့မြင့်မြတ်‌နယ်မြေများမှ ကျင့်ကြံသူများက မျက်မှောက်ကြုတ်လိုက်ကာ

“ အရူးကောင်တွေ… မင်းတို့က ငါတို့အရှေ့ပိုင်းတိုက်ကြီးက မျိုးဆက်ဟောင်းပါရမီရှင်တွေကို အမှိုက်တွေလို့ ထင်နေတာလား…”

“ ခင်ဗျား အဲ့လိုပြောလို့မရဘူးလေ… မှော်ဆေးအင်ပါယာ ရွှမ်ယီက အခုတောင်မှ မှတ်တမ်းတွေကို ချိုးဖျက်ထားပြီးပြီ မဟုတ်ဘူးလား…”

တစ်ချို့လူများက ထိုမောက်မာသော မြင့်မြတ်နယ်မြေများမှ လူများကို သီးမခံနိုင်တော့ပဲ

“ ဟမ့်…. အရူးကောင်တွေ…”

ဟူ၍ တုန့်ပြန်လိုက်ကြသည်။

၎င်းတို့အချင်းချင်း ဆက်လက်ပြောဆိုချင်နေကြသေးသော်လည်း ကျယ်လောင်စွာထွက်ပေါ်လာသည့် မိုးခြိမ်းသံကြီးတစ်ခုက သူတို့ငြင်းခုန်မှုအား ရပ်တန့်သွားစေခဲ့သည်။

ဤသို့ဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားဆက်မပြောတော့ပဲ ကောင်းကင်ထက်သို့ ပြိုင်တူ မော့ကြည့်လိုက်ကြ၏။

ပတ်ဝန်းကျင်မှ လူတိုင်း၏ အကြည့်များအောက်၌ ကောင်းကင်ထက်တွင် ရွှမ်ယီ၏ အသိစိတ်ပင်လယ်အတွင်းမှ ရွှေရောင်ကြယ်ပွင့်ကြီးတစ်ခုက စိတ်ဝိညာဉ်အလင်းပေါင်းများစွာ ခြံရံလျှက် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

“ စိတ်ဝိညာဉ်ဒြပ်စင် (၆၅) ခု… မှော်ဆေးအင်ပါယာ ရွှမ်ယီ လုပ်နိုင်ခဲ့ပြီ… သူ ရှေ့ကို နောက်တစ်လှမ်းတက်သွားပြီဟေ့…”

တစ်ချို့လူများက မနေနိုင်တော့ပဲ ချက်ချင်းအော်ဟစ်အားပေးလိုက်ကြသည်။

သို့သော် ရွှမ်ယီ၏ မြင့်တက်နေသော အရှိန်အဝါက ထိုနေရာ၌ ရပ်တန့်သွားခြင်းမရှိသေးချေ။

စနစ်ထံမှ ပံ့ပိုးပေးသော အဆင့်တစ်ခုတိုးခြင်းဆုလဒ်က သူ၏ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံဆင့်ကို အင်ပါယာအဆင့်သို့ ရောက်ရှိစေရန် လုံလောက်သည်။

ရွှမ်ယီ၏ နတ်အသိစွမ်းအားများအားလုံး အသိစိတ်ပင်လယ်အတွင်း၌ စုဝေးလာ၏။

မကြာခင်တွင် နောက်ထပ်ရွှေရောင် ကြယ်ပွင့်တစ်ပွင့် ထွက်ပေါ်လာပြန်သည်။

“ စိတ်ဝိညာဉ် ဒြပ်စင် (၆၆) ခု…”

ကောင်းကင်ထက်မှ တစ်ဖျတ်ဖျတ်တောက်ပနေသော ရွှေရောင်ကြယ်များအား ငေးကြည့်ရင်း လူတိုင်းမှင်သက်သွားခဲ့ကြသည်။

ရုတ်တရက် ရွှမ်ယီ ပေးအပ်လာသော ထိတ်လန့်မှုအား သူတို့နှလုံးသားများ ခံနိုင်ရည်မရှိတော့ချေ။

(၆၇)…

(၆၈)….

(၆၉)….

နောက်ဆုံး (၇၀) မြောက်စိတ်ဝိညာဉ်ဒြပ်စင် ထွက်ပေါ်လာပြီးမှ ရွှမ်ယီထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများ တဖြေးဖြေးနှေးကွေးလာခဲ့သည်။

နောက်ဆုံးတွင် လူတိုင်းပြန်လည်သတိဝင်လာခဲ့ကြသော်လည်း သူတို့မျက်လုံးများကမူ ကောင်းကင်ထက်မှ ရွှမ်ယီ၏ စိတ်ဝိညာဉ်ဒြပ်များပေါ်၌ ကပ်တွယ်နေဆဲပင်။

စိတ်ဝိညာဉ် ဒြပ်စင် (၇၀)….

၎င်းက အရှေ့ပိုင်းတိုက်ကြီးမှ စံချိန်များကို လုံးလုံးလျားလျား ချိုးဖျက်သွားခဲ့ချေပြီ။

တောင်ပိုင်းကောင်းကင်တံခါးရှိ အင်အားစုများမှ ပါရမီရှင်များအားလုံး ယခုအချိန်တွင် သူတို့ရှေ့၌ လုံးဝဖြတ်ကျော်နိုင်စွမ်းမရှိသည့် တောင်ကြီးတစ်လုံးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်မိကြ၏။

၎င်းတို့ နှလုံးသားများထဲတွင် များပြားလှသော ခံစားချက်များ ပြည့်လျှံလာခဲ့သည်။

ရွှမ်ယီနှင့် သူတို့အကြားမှ ခြားနားချက်က အမှန်တကယ်ကို ကြီးမားလွန်းလှသည်။

ရွှမ်ယီက ကောင်းကင်ထက်တွင် တည်ငြိမ်စွာရပ်နေသော်လည်း ကြည့်ရသည်မှာ လုံး၀ ဖောက်မြင်နိုင်စွမ်းမရှိသော မြူခိုးများအကြားရပ်နေသည့်အလားပင်။

သူတို့အနေဖြင့် နစ်မြုပ်နေသော ရေခဲတောင်ကြီး၏ တစ်စွန်းတစ်စကိုသာ မြင်တွေ့နေရသည်ဟု ခံစားနေကြရသည်။

၎င်းအား အဆုံးထိမြင်နိုင်စွမ်းမရှိချေ။

သေချာသည့်အချက်မှာ သူတို့အနေဖြင့် ထိုလူနှင့် လုံးဝမယှဉ်နိုင်ခြင်းပင်။

ကံကောင်းထောက်မစွာနှင့် ရွှမ်ယီ၏ မြင့်တက်နေသော အရှိန်အဝါက ရပ်တန့်သွားခဲ့ပြီး လူတိုင်းအား သက်ပြင်းချနိုင်စေခဲ့သည်။

သို့သော် ရွှမ်ယီပေးအပ်ခဲ့သော ထိတ်လန့်မှုကြောင့် သူတို့ နှလုံးသားများ တုန်ယင်နေဆဲပင်။

“ စိတ်ဝိညာဉ်ဒြပ်စင် (၇၀) … ဒါက လုံးဝ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီ… သူ မသေသေးသ၍ မြင့်မြတ်နယ်ဆိုတာ နောက်ဆုံးကန့်သတ်ချက်မဟုတ်တော့ဘူး… မဟာဂိုဏ်းကြီးတစ်ခု တည်ထောင်သွားနိုင်ဖို့တောင်မှ မျှော်လင့်ချက်ရှိတယ်…”

တောင်ပိုင်းကောင်းကင်တံခါးမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က မနေနိုင်ပဲ ရေရွတ်လိုက်သည်။

ထိုစကားအား ပတ်ဝန်းကျင်မှ လူများကြားလျှင် အားလုံးပြိုင်တူ ခေါင်းညိတ်မိလိုက်ကြ၏။

ထိုအချိန်တွင် နံဘေးမှ တိုးညှင်းသောစကားသံတစ်ခု ထွက်ပေါ်လာလေသည်။

“ ဟေး… မင်းတို့သတိထားမိကြလား… မှော်ဆေးအင်ပါယာ ရွှမ်ယီရဲ့ အသက်ရှူနှုန်းက နှေးကွေးသွားပေမယ့် မြင့်တက်နေတဲ့ အရှိန်အဝါက လုံးဝပျောက်ကွယ်မသွားသေးဘူး…”

ထိုအသံအား ကြားလျှင် လူတိုင်းအံ့ဩသွားကြသည်။

ဤသို့ဖြင့် ရွှမ်ယီ ရှိရာသို့ မယုံကြည်နိုင်သော အကြည့်များ ထပ်မံကျရောက်လာပြန်သည်။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…?

သို့သော် မကြာမီ ရွှမ်ယီက ဖြစ်နိုင်မဖြစ်နိုင်ကို ထပ်မံ၍ သက်သေပြလိုက်ပြန်၏။

ရွှမ်ယီ၏ အရှိန်အဝါများက တည်ငြိမ်စပြုလာပြီဖြစ်သော်လည်း ဖြည်းညှင်းစွာနှင့် တစ်ရိပ်ရိပ်မြင့်တက်နေဆဲပင်။

ဤသို့ဖြင့် (၁) နာရီကြာပြီးနောက် (၇၁) ခုမြောက် စိတ်ဝိညာဉ်ဒြပ်စင် ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

လူတိုင်း၏ ဆွံ့အနေသော အကြည့်များအောက်တွင် (၇၁) ခုမြောက်ရွှေရောင်ကြယ်က ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့ပြီး နဂိုရှိရင်းစွဲ စိတ်ဝိညာဉ်ဒြပ်စင် (၇၀) နှင့် ပူးပေါင်းသွား၏။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။

ယခုအချိန်တွင် လူတိုင်းအံ့ဩရလွန်း၍ ထုံကျင်နေကြပြီး မည်သည့်စကားပင် မပြောနိုင်ကြတော့ချေ။

ဤသို့ဖြင့် နောက်ထပ် (၁) နာရီ ကုန်ဆုံးသွားပြန်သည်။

ထိုအချိန်မှ သူတို့မျက်ဝန်းထဲသို့ အလင်းရောင်တစ်ချို့ ပြန်လည်ရောက်ရှိလာခဲ့၏။

“ သူ ကန့်သတ်ချက်ကို ရောက်သွားပြီနေမယ်…”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

All Chapters