အခန်း (၄၈၈)
Vol. 33 Ch. 488
၎င်းတို့အထဲမှ တစ်ခုချင်းစီတိုင်းက ရွှမ်ယီတို့လက်ရှိနေထိုင်ရာ ချန်ရွှမ်ကုန်းမြေကြီးမှ အစစ်အမှန်နတ်တန်ခိုးစွမ်းရည်များနှင့် ယှဉ်နိုင်စွမ်းရှိသည်။
ထို့အပြင် ရဲ့ချင်းစုန်ထံ၌ နတ်တန်ခိုးစွမ်းရည် မည်မျှပိုင်ဆိုင်ထားသနည်း…?
ထိုမေးခွန်းကလည်း အလွန်အရေးပါ၏။
ရွှမ်ယီ၏အကြည့်များ စနစ်မျက်နှာပြင်ထက်မှ နက်နဲခြင်းအင်ပါယာဂိုဏ်းဟူသော နေရာသို့ ရောက်သွားခဲ့သည်။
ထိုနေရာတွင် ရဲ့ချင်းစုန်နှင့်ပတ်သက်သော အချက်အလက်များ ရှိနေ၏။
[နက်နဲခြင်းအင်ပါယာဂိုဏ်း အကြီးအကဲ - ရဲ့ချင်းစုန်]
[ကျင့်ကြံမှုအဆင့် - စတုတ္ထအတိဒုက္ခအဆင့်အင်ပါယာ (ဆန်းကြယ်ပလ္လင်အဆင့်)]
[မှော်ရတနာ - အစိမ်းရောင်ထင်းရှူးကိုင်း {အဆင့်မြင့်သူတော်စင်လက်နက်}]
[ကျင့်စဉ် - နီဗားနားကျမ်းစာ]
[ နတ်တန်ခိုးစွမ်းရည် - (၃၇)ခု ( မီရတ်၏ (၇)သွယ် ပိုင်းဖြတ်ခြင်း ၊ ဝိညာဉ်(၉)ပါး သတ်ဖြတ်ခြင်း ၊ နတ်တောင်တန်းအား လှုပ်ခါခြင်း ၊ နတ်ဘုရား ဖျက်ဆီးခြင်း လက်ဝါး ၊ ………. ) ]
ထိုနတ်တန်ခိုးစွမ်းရည် (၃၇)ခု နောက်ဘက်တွင် အနီရောင်ဖြင့် အထူးရေးသားထားသော စာသားတချို့လည်း ရှိနေခဲ့သည်။
မဟာနတ်တန်ခိုးစွမ်းရည် - ‘ နယ်မြေ(၂)ခု နှင့် လမ်းကြောင်း (၁၀)ပါး - ကောင်းကင်ဘုံ အင်မော်တယ် ခန္ဓာ ’
ရွှမ်ယီအား ပို၍ စိတ်ဝင်စားစေသည်မှာ ထိုမဟာနတ်တန်ခိုးစွမ်းရည်၏ နောက်ဘက်တွင် ထပ်မံရေးသားထားသော စာလုံးလေးများပင်။
[ဤနတ်တန်ခိုးစွမ်းရည်အား အမွေဆက်ခံနိုင်သည်….။]
[အမွေဆက်ခံရန် လိုအပ်ချက်များ - ပိုင်ရှင်အနေဖြင့် အင်ပါယာအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်]
စနစ်၏အဆိုအရ ထိုနတ်တန်ခိုးစွမ်းရည်အား ပြီးပြည့်စုံစွာ လေ့ကျင့်ပြီးပါက မိမိ၏ခန္ဓာကိုယ်ကို တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိစေနိုင်စွမ်းရှိသည်။
အကယ်၍ အင်ပါယာအဆင့်၌ ၎င်းအား ကန့်သတ်ချက်အထိ လေ့ကျင့်ပြီးပါက ရုပ်ခန္ဓာခွန်အားကို အားကိုးရုံမျှဖြင့် တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူအား စိန်ခေါ်နိုင်ပေလိမ့်မည်။
ဤသို့ဖြင့် အသင်္ချေနဂါးမင်းဆက်က ရွှမ်ယီ၏ မျက်လုံးထဲ၌ မရှိတော့ပေ။
ရွှမ်ယီတို့အဖွဲ့ လေဟာနယ်အက်ကြောင်းအား ကျော်ဖြတ်နေစဉ်
ဝဲပျံခြင်းနဂါးတောင်တန်းပေါ်မှနေ၍ ကျယ်လောင်သော စကားသံတစ်ခု မြည်ဟည်းထွက်ပေါ်လာခဲ့သည်။
“ တိမ်နဂါး အမှိုက်ကောင်…. နာမည်မရှိတဲ့ ဂိုဏ်းလေးကိုတောင် မဖျက်ဆီးနိုင်ဘူး…”
ဤသည်မှာ အသင်္ချေနဂါးမင်းဆက် ဌာနခွဲတည်ရှိရာနေရာ ဖြစ်သည်။
ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်ပါက ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိသည်။
ဝဲပျံခြင်းနဂါးတောင်တန်းကြီးပေါ်တွင် နတ်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ခမ်းနားကြီးကျယ်သည့် အဆောက်အအုံများ ပြည့်နှက်နေခဲ့ပြီး ၎င်းတို့အပေါ်တွင် အစီအရင်မျဉ်းကြောင်းများ ရှိနေခဲ့ကာ နတ်အလင်းများလည်း တဖျပ်ဖျပ်တောက်ပနေ၏။
၎င်းအား ကြည့်ရသည်မှာ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သော နတ်ခန်းမတစ်ခုအလား ဖြစ်နေခဲ့ပြီး အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းအား ဖျက်ဆီးရန် မလွယ်ကူလှပေ။
ဤသည်မှာ မြင့်မြတ်မင်းဆက်တစ်ခု၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ဌာနခွဲတစ်ခုလုံး၌ ထိပ်တန်းအဆင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကာကွယ်ရေးအစီအရင်များ ရှိနေ၏။
မြင့်မြတ်နယ်မြေတစ်ခုမှ လာရောက်တိုက်ခိုက်လျှင်ပင် အလွယ်တကူ ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ဌာနတစ်ခုလုံးအား ဖုံးအုပ်ထားသည့် ကာကွယ်ရေးအစီအရင်အား ကျော်ဖြတ်လိုပါက စစ်တပ်အား ဦးဆောင်လာသူတစ်ယောက်အနေဖြင့် မိမိတို့ မြင့်မြတ်နယ်မြေရှိ တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူထံမှ အကူအညီကို ရယူမှဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ဝဲပျံခြင်းနဂါးတောင်တန်းပေါ်၌ အသင်္ချေနဂါးမင်းဆက်ဌာနခွဲခေါင်းဆောင်က ကသုတ်ကယုတ်ဖြင့် ပြန်လည်ပြေးလာခဲ့သော စစ်သည်(၃၀၀၀၀)အား အပြစ်တင်နေခဲ့သည်။
၎င်းက လက်ရှိ အသင်္ချေနဂါးမင်းဆက်အင်ပါယာ၏ ညီတော်ဖြစ်ကာ လူအများက စတုတ္ထမင်းသားဟု ခေါ်ဆိုကြသော အင်ပါယာယွဲ့ဖြစ်သည်။
လက်ရှိအချိန်တွင် ရွှမ်ယီထံမှ ထွက်ပြေးလာခဲ့ကြသော စစ်သည်(၃၀၀၀)တို့က အင်ပါယာယွဲ့ ရှေ့မှောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြ၏။
၎င်းတို့အားလုံး မျက်နှာထက်၌ ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။
ရွှမ်ယီနှင့် ရဲ့ချင်းစုန်တို့က သူတို့ကို အလွန်ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
တောင်ပိုင်းကောင်းကင်တံခါးအနီးမှ တိုက်ပွဲအား လုံးဝပြန်မတွေးချင်တော့ပေ။
ဝဲပျံခြင်းနဂါးတောင်တန်းဆီသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းမှာ သူတို့အတွက် အမှန်တကယ်ကို ကောင်းချီးတစ်ခု ဖြစ်နေခဲ့ချေပြီ။
အင်ပါယာယွဲ့ထံမှ အပြစ်တင်ခြင်းကို ခံရခြင်းက ဘာမှမဖြစ်ချေ။
အနည်းဆုံး သူတို့အသက်အား ကယ်တင်နိုင်ခဲ့ပြီ ဖြစ်၏။
၎င်းတို့၏ ငြိမ်ကုတ်နေသော အမူအရာများ မြင်လျှင် အင်ပါယာယွဲ့ ပို၍စိတ်တိုလာခဲ့သည်။
သို့သော် နောက်ထပ် စကားအနည်းငယ် ထပ်ပြောတော့မည့်အချိန်တွင်
ဝဲပျံခြင်းနဂါးတောင်တန်းအား ဗဟိုပြု၍ ကီလိုမီတာတစ်ထောင်ဝန်းကျင်မှ ကောင်းကင်ကြီး ရုတ်တရက် မှောင်မည်းသွား၏။
ထို့နောက် ကောင်းကင်ထက်တွင် ကီလိုမီတာငါးဆယ်ကျော် ရှည်လျားသော လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
အမှတ်တမဲ့ကြည့်လိုက်လျှင် အဝေးတစ်နေရာမှနေ၍ ကောင်းကင်ကြီးအား လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်သည့်အလားပင်။
ထိုလေဟာနယ်အက်ကြောင်းအတွင်းမှ နတ်အလင်းများ တောက်ပနေသော ခမ်းနားသည့် ပုံရိပ်(၃)ခု ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
၎င်းက ဝဲပျံခြင်းနဂါးတောင်တန်းမှ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ထိုမြင်ကွင်းက အလွန်ထိတ်လန့်စရာကောင်းလှပြီး လူတိုင်းအား နှလုံးခုန်သံများ မြန်သွားစေနိုင်စွမ်းရှိ၏။
ဝဲပျံခြင်းနဂါးတောင်တန်းရှိ ကာကွယ်ရေးအစီအရင်ကလည်း ရုတ်တရက်ရောက်ရှိလာသော ရန်သူများကို ခံစားမိသည့်အလား အလိုအလျောက် အသက်ဝင်လာခဲ့သည်။
ထို့နောက် ကောင်းကင်ထက်မှ ကျဆင်းလာသော ဖိအားကို ကာကွယ်လိုက်၏။
အကာအကွယ်အစီအရင် အသက်ဝင်လာသည်ကိုမြင်လျှင် မူလက အလွန်ထိတ်လန့်နေခဲ့သော ဝဲပျံခြင်းနဂါးတောင်တန်းမှ ကျင့်ကြံသူများ၏ စိုးရိမ်စိတ်များ ပြန်လည် ပြေလျော့သွားတော့သည်။
သူတို့နှလုံးသားထဲတွင် မည်မျှကြီးမားသော အန္တရာယ်ရောက်လာစေကာမူ တောင်တန်းအား ကာကွယ်ပေးထားသည့် ကာကွယ်ရေးအစီအရင်က ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့၏။
ရန်သူများ တိုက်ခိုက်လာလျှင်တောင် ဘာမှ ဖြစ်မည်မဟုတ်ချေ။
ဤသို့ဖြင့် သူတို့ စိတ်များ ပြေလျော့သွားပြီးနောက် နှလုံးသားထဲသို့ သံသယများ ဝင်ရောက်လာလေသည်။
‘ ဒီလူတွေက ဘယ်သူတွေလဲ… တော်တော်မောက်မာကြပါလား… ဒီနေရာက အသင်္ချေနဂါးမင်းဆက် ဌာနခွဲမှန်း မသိကြဘူးလား…’
ဝဲပျံခြင်းနဂါး တောင်တန်းပေါ်တွင် စစ်သည်ပေါင်း (၁) သောင်းကျော်ရှိသည်။
ထိုအထဲမှ တစ်ယောက်က မနေနိုင်တော့ဟန်ဖြင့်
“ မင်းတို့ ဘယ်သူတွေလဲကွ… ဒါ အသင်္ချေနဂါးမင်းဆက်ရဲ့ နယ်မြေပဲ… ဘယ်လိုတောင် ကျူးကျော်ရဲတာလဲ… အသက်ရှင်ရတာ ပင်ပန်းနေကြပြီလား…”
“ အသက်ရှင်ရတာ ပျင်းနေပြီလား…?”
ထိုစကားအားကြားလျှင် ကောင်းကင်ထက်ရှိ (၃) ယောက်အဖွဲ့မှ လူငယ်၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး
“ ရဲ့ချင်းစုန်…”
ထိုအချိန်တွင် ရောက်လာကတည်းက တိတ်ဆိတ်နေခဲ့သော နောက်ဘက်မှ အဘိုးအိုက ရှေ့သို့ ထွက်လာပြီး အောက်ဘက်သို့ လက်ညိုးညွှန်လိုက်သည်။
ဘုန်း….
ထိုအခါ ကောင်းကင်နှင့် မြေကြီးအကြားမှ စိတ်ဝိညာဉ်စွမ်းအင်များက တောမီးအလား လက်ညိုးရှိရာသို့ စုစည်းရောက်ရှိလာ၏။
ထို့နောက် ကြောက်မက်ဖွယ်ဧရာမ လက်ညိုးကြီးတစ်ချောင်းက အစောပိုင်းက ပြောလိုက်သော အစောင့်ထံသို့ နတ်ဘုရားပြစ်ဒဏ်အလား ကျဆင်းသွားခဲ့သည်။
၎င်းအား မြင်လိုက်လျှင် အစောင့်၏မျက်နှာ အလွန်ပျက်ယွင်းသွားသော်လည်း မကြာမီ ပြန်လည်တည်ငြိမ်သွားခဲ့၏။
ကောင်းကင်ထက်မှ ကျဆင်းလာသော ဧရာမလက်ညိုးကြီးအား ကြည့်ကာ လှောင်ပြုံးလိုက်ပြီး
“ ဒီအရူးကောင်တွေ ဘယ်ကရောက်လာတာလဲ… ငါက ဝဲပျံခြင်းနဂါး တောင်တန်းပေါ်မှာ ရှိနေတာ… အစီအရင်ရဲ့ ကာကွယ်မှုအောက်မှာဆိုရင် ဆန်းကျယ်ပလ္လင်အဆင့် ကျင့်ကြံသူတောင် ဘာမှ မလုပ်နိုင်ဘူး…”
စကားပင်မဆုံးသေးချေ ၊ ကောင်းကင်ထက်မှ ကျဆင်းလာသော ဧရာမ လက်ညိုးကြီးက ရွှေရောင် အကာအကွယ်ကြီးကို ဖောက်ထွင်းသွား၏။
ထို့နောက် အစောင့်အနေဖြင့် အော်ပင် မအော်ဟစ်လိုက်နိုင်ပဲ ပြာများအဖြစ်ပြောင်းသွားခဲ့သည်။
“ တိုက်တော့…”
ကောင်းကင်၌ ပျံ့လွင့်နေသော နတ်အလင်းများကြားမှ ရွှမ်ယီ၏ စကားသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်အထက်မှ နတ်အလင်းများက သမုဒ္ဒရာကြီးတစ်စင်းအလား ဝဲပျံခြင်းတောင်တန်းရှိရာသို့ ကျဆင်းသွားခဲ့သည်။
မကြာမီ ဝဲပျံခြင်းနဂါးတောင်တန်းအား ကာကွယ်ပေးထားသည့် အစီအရင်ပျက်စီးသွားပြီး တောင်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ဘုန်း…
ဝဲပျံခြင်းနဂါးတောင်တန်း၏ တုန်ခါမှုကြောင့် ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြသည်။
၎င်းတို့က တောင်ပိုင်းကောင်းကင်တံခါးမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ကြားလိုက်ရသော အသံကျယ်ကြီးကြောင့် သိချင်စိတ် မထိန်းနိုင်တော့ပဲ ဝဲပျံခြင်းနဂါးတောင်တန်းရှိရာသို့ အလျှင်အမြန် ပြေးလာကြ၏။