← Chapters

အခန်း (၄၉၀)

Vol. 33 Ch. 490

အခန်း (၄၉၀)

Vol. 33 Ch. 490

၎င်းတို့နှစ်ယောက်က လီရွှမ်ကို အစောပိုင်းကတည်းက အာရုံစိုက်နေခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် လီရွှမ် လှုပ်ရှားတော့မည့်အချိန်တွင် ရွှမ်ယီအား ဘေးကျပ်နံကျပ်ဖြစ်သွားစေရန်အတွက် သူတို့က တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

လီရွှမ် မည်သည့်အရာ ပြုလုပ်မည်ဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မသိကြပေ။

သို့သော် လီရွှမ်က အခြေအနေအား ပြောင်းလဲပစ်လိုက်မည်ကို အလွန်စိုးရိမ်နေကြ၏။

“ မိုးကြိုးအင်ပါယာ ခင်ဗျား စိတ်အေးအေးထားစမ်းပါ… တခြားသူတွေရဲ့ ကိစ္စတွေကို လိုက်ပြီးစဉ်းစားမနေပါနဲ့...”

မဟာမူလကုန်းမြေမှ လူက ပြောလိုက်၏။

“ ခင်ဗျား ဂရုမစိုက်သင့်တဲ့ အရာတွေကို လိုက်ပြီး ဂရုစိုက်မနေနဲ့… ငြိမ်ငြိမ်နေ… အဲ့လိုမှမဟုတ်ရင် ကောင်းကင်ကြီးရဲ့အမြင့်ကို မသိတဲ့ ဟိုအရူးကောင်နဲ့အတူ လိုက်သွားရလိမ့်မယ်...”

သန့်စင်ခြင်းမျှော်စင်မှ လူကမူ ပို၍တိုက်ရိုက်ကျသည်။

သူက လီရွှမ်ကို တည့်တိုးခြိမ်းခြောက်လိုက်၏။

လီရွှမ်လှုပ်ရှားလိုက်သည်နှင့် သူတို့ စတင်တိုက်ခိုက်ကြတော့မည်။

လီရွှမ်အနေဖြင့် အဆင့်တူကျင့်ကြံသူနှစ်ယောက်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“ နက်နဲခြင်းအင်ပါယာဂိုဏ်းက မင်းတို့ကို အနာဂတ်ကျရင် လာပြီးလက်စားချေမှာ မကြောက်ဘူးလား...”

“ လက်စားချေမယ် ဟုတ်လား…? ဟားဟားဟား… ဒီနေ့ ရွှမ်ယီ သူ့ကိုယ်သူတောင် ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး...”

သန့်စင်ခြင်းမျှော်စင်မှလူက အလွန်ရယ်စရာကောင်းသော ဟာသတစ်ပုဒ် ကြားလိုက်ရသည့်အလား အားပါးတရရယ်မောလိုက်သည်။

သို့သော် သူ၏ရယ်သံ မပြီးဆုံးသေးခင် ကောင်းကင်ထက်မှ ထူးမခြားနားသော စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ မြင့်မြတ်ပလ္လင်အဆင့် အထွတ်အထိပ်မှာရှိတဲ့ မြွေလေးတစ်ကောင်ပဲ… ဒါက မင်းတို့ ဝဲပျံခြင်းနဂါးတောင်တန်းရဲ့ အသန်မာဆုံး ခွန်အားလား...”

အစိမ်းရောင် နတ်တန်ခိုးအကာအကွယ်အောက်တွင်ရှိသော ရွှမ်ယီက အင်ပါယာယွဲ့လုံကို လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်စကားဆိုလိုက်သည်။

“ဘာ...”

ရွှမ်ယီ၏ စကားကိုကြားလျှင် ယွဲ့လုံသာမက ပတ်ဝန်းကျင်မှ လူတိုင်း၏ မျက်ဝန်းများထဲတွင် ထူးဆန်းသောအကြည့်များ ဖြစ်ပေါ်လာခဲ့သည်။

ရွှမ်ယီက ယွဲ့လုံရဲ့ ကျင့်ကြံအဆင့်ကို လျှော့တွက်နေတာလား…?

မြင့်မြတ်ပလ္လင်အဆင့်ကျင့်ကြံသူကို မည်သို့ထင်နေသနည်း…?

ဂေါ်ဖီထုပ်လား…?

မြင့်မြတ်ပလ္လင်အဆင့်ကို ရောက်ပြီးနောက်ပိုင်း ဆက်လက်လျှောက်လှမ်းရသော လမ်းတိုင်း မည်မျှခက်ခဲကြောင်း မသိဟန်တူသည်။

၎င်းက ကောင်းကင်ဘုံသို့ တက်နေရသည်နှင့်မခြားပေ။

သို့သော် ရွှမ်ယီကမူ လူတိုင်း၏ ထူးဆန်းသောအကြည့်များကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။

လက်အား အသာအယာဝှေ့ယမ်းလိုက်ပြီး

“ လုပ်တော့… ဆက်ပြီး အချိန်မဖြုန်းရအောင်…”

ရဲ့ချင်းစုန် အသာအယာခေါင်းညိတ်လိုက်ပြီးနောက် လက်ထဲ၌ ကိုင်ထားသော အစိမ်းရောင်ထင်းရှူးကိုင်းက အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

ဘုန်း…

လူတိုင်း၏ အကြည့်များအောက်တွင် ရဲ့ချင်းစုန်၏ပုံရိပ်က ရုတ်တရက်ကျုံ့ဝင်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ စူးရှသော နတ်အလင်းများ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

အလင်းများ ပျောက်ကွယ်သွားချိန်တွင် ပျံဝဲခြင်းနဂါးတောင်တန်းအား လွှမ်းခြုံထားသော ရွှေရောင်နဂါးကြီး၏ အရှေ့ဘက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏။

၎င်းရှေ့တွင် မိုင်ထောင်ချီအောင် ရှည်လျားသော ရွှေရောင်နဂါးကြီးက ရွှမ်ယီပြောခဲ့သော စကားအတိုင်း အတိအကျဖြစ်နေခဲ့သည်။

မြွေတစ်ကောင်နှင့် မခြားပေ။

“ ဟမ့်… ကလေးကလား အကွက်တွေ…”

ရွှေရောင်နဂါးကြီး၏ ဗဟိုနေရာ၌ ရှိသော ယွဲ့လုံ နှာခေါင်းရှုံ့လိုက်သည်။

သူ့ရှေ့မှ ပုံရိပ်ကြီးက ရဲ့ချင်းစုန် အသွင်ပြောင်းသွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။

သို့သော် ၎င်း၏ ကျင့်ကြံအဆင့်က မူလအတိုင်းသာ ရှိသေးသည်။ မြင့်မြတ်ပလ္လင်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးချေ။

လက်ရှိအချိန်တွင် ၎င်းက သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနှင့် ဖျက်စီးနိုင်သော တည်ရှိမှုတစ်ခုမျှသာ။

သို့သော် ယွဲ့လုံ၏ အတွေးများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ထို့နောက် ဘာကြောင့်မှန်းမသိ သူ့မြင်ကွင်းက ရုတ်တရက် ပေတစ်သောင်းခန့် မြင့်တက်သွားပြီး ဝဲပျံခြင်းနဂါးတောင်တန်းတစ်ခုလုံးကိုပင် ခြုံ၍ မြင်တွေ့လိုက်ရ၏။

ဘာတွေဖြစ်နေတာလဲ…?

ဘာလို့ ငါက ဝဲပျံခြင်းနဂါးတောင်တန်းတစ်ခုလုံးကို မြင်နေရတာလဲ...?

တိုက်ပွဲအား ကြည့်ရှုရန် ရောက်လာသူများဖြစ်စေ၊ ဝဲပျံခြင်းနဂါးတောင်တန်းမှ ကျင့်ကြံသူများဖြစ်စေ၊ ယခုအချိန်တွင် ပါးစပ်အဟောင်းသားဖြင့် မျက်လုံးများပြူးကာ နေရာတစ်ခုတည်းသို့ စိုက်ကြည့်နေခဲ့ကြသည်။

သူတို့ ဘာမြင်လိုက်ရသနည်း။

ရဲ့ချင်းစုန် ပြောင်းလဲလိုက်သော ဧရာမပုံရိပ်ကြီးက ၎င်း၏လက်တစ်ဖက်အား ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံမျှသာ။

မြင့်မြတ်ပလ္လင် အထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်သော ဝဲပျံခြင်းနဂါးတောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ရွှေနဂါးကြီးအနေဖြင့် အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိခဲ့ချေ။ ဧရာမလက်ကြီး၏ တိုက်ရိုက်ထိုးဖောက်ခြင်း ခံလိုက်ရ၏။

ထို့နောက် ထိုဧရာမလက်ကြီးက ယွဲ့လုံ၏ဦးခေါင်းကို ခန္ဓာကိုယ်မှ ဆွဲဖြုတ်ပစ်လိုက်သည်။

ဝဲပျံခြင်းနဂါးတောင်တန်းပေါ်တွင် သွေးနံ့များ ပျံ့နှံ့လာ၏။

ဝဲပျံခြင်းနဂါးတောင်တန်းပေါ်မှ အဆင့်မြင့်ကျင့်ကြံသူပေါင်းများစွာ ပူးပေါင်းတည်ဆောက်ထားခဲ့သော မဟာအစီအရင်ကြီးက ရဲ့ချင်းစုန်၏ တစ်ခုတည်းသော တိုက်ခိုက်မှုဖြင့် အလုံးစုံ ပျက်စီးသွားခဲ့သည်။

ထိုအခါ ပျံဝဲခြင်းနဂါးတောင်တန်းတစ်ခုလုံး တုန်ခါသွားခဲ့ပြီး မြေကြီးများ အက်ကွဲကာ အဆောက်အအုံများလည်း ပြိုကျလာခဲ့သည်။

ရဲ့ချင်းစုန် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ပျက်စီးမှုများသာ ကျန်ရှိခဲ့၏။

အစီအရင်ကြီး ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ဝဲပျံခြင်းနဂါးတောင်တန်းပေါ်မှ ကျင့်ကြံသူပေါင်းများစွာတို့ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

တချို့မှာ ချက်ချင်းပေါက်ကွဲကာ သေဆုံးသွားကြ၏။

မိမိတို့ ထာ၀ရ နတ်ဘုရားစင်မြင့်များကို အစီအရင်နှင့် ဆက်သွယ်ထားခဲ့သော အင်ပါယာအဆင့် ကျင့်ကြံသူများက ပို၍အခြေအနေဆိုးသည်။

၎င်းတို့ကျင့်ကြံအဆင့်က ဝဲပျံခြင်းနဂါးတောင်တန်း၌ အမြင့်ဆုံးဖြစ်ကာ အစီအရင်ကြီးနှင့်လည်း အနက်ရှိုင်းဆုံး ဆက်သွယ်မှုရှိသည်။

ထို့မျှ မကသေးဘဲ ၎င်းတို့ ထာဝရနတ်ဘုရားစင်မြင့်များအား အစီအရင်အတွင်း၌ ဝှက်ထားခဲ့ကြ၏။

ဤသို့ဖြင့် အန္တရာယ်ကင်းမည်ဟု ထင်ထားခဲ့ကြသော်လည်း မမျှော်လင့်ထားစွာ အစီအရင်ကြီးက တိုက်ရိုက်ပျက်စီးသွားခဲ့သည်။

ရဲ့ချင်းစုန်၏ တိုက်ခိုက်မှုဖြင့် ၎င်းတို့ ထာဝရနတ်ဘုရားစင်မြင့်များအားလုံး ပြာအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ကျင့်ကြံမှုအဆင့်နိမ့်ကျသူများသာ ထိုကပ်ဘေးမှ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့ကြ၏။

သို့သော် ၎င်းတို့အားလုံး ပြိုကျပျက်စီးနေသည့် အဆောက်အအုံများနှင့် တောင်တန်းပေါ်မှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေရဆဲပင်။

ထို့နောက် အကြာကြီးထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ရဲ့ချင်းစုန်က မရပ်တန့်ခဲ့သောကြောင့်ပင်။

သူဖြတ်သန်းသွားခဲ့ရာ နေရာတိုင်း အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင် ဝဲပျံခြင်းနဂါးတောင်တန်းတစ်ခုလုံး ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ထက်တွင် ရပ်နေသော ရွှမ်ယီ၏ မျက်ဝန်းများက သာမန်အတိုင်းရှိနေခဲ့ပြီး အနည်းငယ်မျှ ထူးခြားသွားခြင်း မရှိချေ။

သူ့အနေဖြင့် အသင်္ချေနဂါးမင်းဆက်မှ ကျင့်ကြံသူများအား ဆက်လက်ရှင်သန်ခွင့်ပေးရန် စိတ်ကူးမထားခဲ့ပေ။

လက်ရှိ ပျက်စီးသွားသော ဝဲပျံခြင်းနဂါးတောင်တန်းက အသင်္ချေနဂါးမင်းဆက်မှ ဌာနခွဲလေးတစ်ခုမျှသာ။

သို့သော် ၎င်းတို့အထဲမှ အနည်းငယ်မျှ ရှင်သန်ခွင့်ပေးလိုက်ပါက အနာဂတ်တွင် ပြဿနာများလာပေလိမ့်မည်။

ရွှမ်ယီအနေဖြင့် ၎င်းတို့အား မကြောက်ရွံ့သော်လည်း သူ့အနားသို့ ယင်ကောင်များအလား တဝီဝီလာဝဲနေခြင်းကိုမူ မနှစ်သက်ပေ။

ဝဲပျံခြင်းနဂါးတောင်တန်းပတ်ဝန်းကျင်မှ ကြည့်ရှုနေကြသူများအတွက်မူ အားလုံး ဆောင်းဝင်လာသော ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေခဲ့ကြပြီး စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။

လီရွှမ်ကမူ ဘယ်ဘက်နှင့် ညာဘက်ရှိ မြင့်မြတ်နယ်မြေနှစ်ခုမှ ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာနှစ်ယောက်အား လှည့်ကြည့်ရင်း လှောင်ပြုံးလိုက်သည်။

ယခုအချိန်တွင် ၎င်းတို့နှစ်ယောက်လုံး၏ မောက်မာမှုများ ပျောက်ကွယ်သွားချေပြီ။

၎င်းတို့မျက်နှာများက သေမင်းနှင့်တွေ့လိုက်ရသည့်အလား မည်းမှောင်ကာ ရှုံ့တွနေခဲ့သည်။

ရွှမ်ယီက သူတို့အပြုအမူများကို သတိထားမိသွားပြီး ဤနေရာ၌ ချက်ချင်းသတ်ပစ်မည်ကို အလွန်စိုးရိမ်နေကြ၏။

လက်ရှိအချိန်တွင် သူတို့ အလွန်အလျင်လိုနေကြပြီး နှလုံးခုန်သံများ မြန်ဆန်နေခဲ့၏။

ရွှမ်ယီပြသခဲ့သော ခွန်အားများက အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး သူတို့နှလုံးသားများကို တုန်ခါသွားစေခဲ့သည်။

လက်ရှိအချိန်တွင် သူတို့နှစ်ယောက်လုံး တောင်ပိုင်းကောင်းကင်တံခါးသို့ အမြန်ဆုံးပြန်ရောက်ချင်နေကြပြီး မိမိတို့ ခေါင်းဆောင်များထံမှ အကူအညီတောင်းခံလိုနေခဲ့ကြသည်။

All Chapters