အခန်း (၄၉၁)
Vol. 33 Ch. 491
သူတို့ကြောက်ရွံ့သည်မှာလည်း မဆန်းချေ။ ရွှမ်ယီက အသင်္ချေနဂါးမင်းဆက် ဌာနခွဲကိုပင် ဖျက်ဆီးခဲ့သည် မဟုတ်ပေလော။
အကယ်၍ ရွှမ်ယီသာ အမှန်တကယ် လှုပ်ရှားလာပါက သူတို့ ခုခံနိုင်မည်မဟုတ်ချေ။
ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံသူများ ဖြစ်သည့်အားလျော်စွာ ၎င်းတို့ အပြင်ပန်း အမူအရာများကို တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့၏။
သို့သော် ရင်ထဲ၌ အလွန်လှိုင်းထန်နေခဲ့သည်။
ရဲ့ချင်းစုန်၏ စွမ်းအားက သူတိုဂိုဏ်းမှ အထွတ်အထိပ် အင်ပါယာများကို စစ်ကူ စေလွှတ်လိုက်လျှင်ပင် အနိုင်ရရန် မသေချာချေ။
ယခုအချိန်တွင် ထိုသို့တွေးနေသည်မှာ သူတို့(၂)ယောက်တည်းမဟုတ်ပေ။
တောင်ပိုင်းနယ်မြေရှိ မြင့်မြတ်နယ်မြေ ဌာနခွဲမှ လူတိုင်း တစ်စုံတစ်ခုကို သတိထားမိသွားကြ၏။
အနာဂါတ်တွင် တောင်ပိုင်းကောင်းကင် တံခါးမှ ဌာနခွဲတိုင်း ဂိုဏ်းတစ်ခုကို လေးလေးစားစားဆက်ဆံရတော့မည်။
ယင်းက တခြားမဟုတ်ချေ။
ရွှမ်ယီတည်ထောင်ခဲ့သော နက်နဲခြင်းအင်ပါယာဂိုဏ်းဖြစ်၏။
ယခင်က အလွန်ခမ်းနားစွာတည်ရှိခဲ့သော ဝဲပျံခြင်းနဂါးတောင်တန်းက အပျက်စီးပုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သွေးရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေကာ သက်ရှိဟူ၍ စိုးစင်းမျှ မရှိတော့ချေ။
ယင်းက ခြိမ်းခြောက်မှုတစ်ခုဖြစ်သလို ကြေငြာချက် တစ်ခုအဖြစ်လည်း ယူဆ၍ရသည်။
ရွှမ်ယီက တောင်းပိုင်းနယ်မြေသာမက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ နက်နဲခြင်းအင်ပါယာဂိုဏ်း ထွက်ပေါ်လာပြီးဖြစ်ကြောင်း ကြေငြာလိုက်ခြင်းဖြစ်၏။
ထို့အပြင် အလွယ်တကူ ရန်မစရဲလေအောင် သတိပေး ခြိမ်းခြောက်ခဲ့ခြင်းလည်းဖြစ်သည်။
“ တောင်ပိုင်းနယ်မြေ.. မဟုတ်သေးဘူး… အနာဂါတ်ကျရင် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးရဲ့ အခြေအနေတွေ ပြောင်းလဲသွားတော့မယ်…”
တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ရဲ့ချင်းစုန်၏ အင်မော်တယ် ဝိညာဉ်ခန္ဓာကြီးအား မျက်၀န်း မှေးကျဉ်းကာကြည့်လျက် လီရွှမ် တီးတိုး ရေရွတ်လိုက်သည်။
လီရွှမ်၏ စကားသံက အလွန်လေးနက်နေသော်လည်း မျက်နှာ ထက်၌ ဖုံးကွယ်မရသော ရွှင်လန်းမှုတစ်ခု ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နက်နဲခြင်း အင်ပါယာဂိုဏ်း၏ သန်မာသော ခွန်အားများ မထွက်ပေါ်လာမီကပင် သူက ရွှမ်ယီနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားနိုင်ခဲ့သောကြောင့်ဖြစ်၏။
“ ဒီဘက်မှာ အခြေအနေ သိပ်မကောင်းတော့ရင် နက်နဲခြင်းအင်ပါယာဂိုဏ်းကို အကြီးအကဲတစ်ယောက်အဖြစ် ၀င်ရမယ်…”
လီရွှမ် အနည်းခေါင်းယမ်းရင်း ရေရွတ်လိုက်၏။
ထို့နောက် ရွှမ်ယီ ရှိရာသို့ လှမ်းကြည့်လိုက်လျှင် အကြည့်ချင်းဆုံသွားပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ရွှမ်ယီလည်း ခေါင်းတစ်ချက်ညိတ်ကာ ပြန်လည်တုံ့ပြန်လိုက်၏။
လီရွှမ်ဘက်၌ ဖြစ်ပွားခဲ့သော ပြသနာကို သူသိသော်လည်း ချက်ချင်း မလှုပ်ရှားလိုသေးပေ။
၎င်းက မြင့်မြတ်နယ်မြေ(၂)ခု ပေါင်းစည်းသွားမည်ကို စိုးရွံ့သောကြောင့်လည်း မဟုတ်ချေ။
တဖြည်းဖြည်း သူ၏ အကြည့်များ ဘေးသို့ရွေ့သွားပြီး စနစ်မျက်နှာပြင်ထံသို့ ရောက်သွားခဲ့သည်။
ထိုနေရာတွက် တာ၀န်အသစ်တစ်ခု ရှိနေခဲ့၏။
[ အရံတာ၀န် - ကောင်းကင်(၉)ပါးကို လှုပ်ခါခြင်း_၃ ]
[ လုပ်ဆောင်ရန် လိုအပ်ချက် - ဂိုဏ်း၏ ဂုဏ်သတင်းရမှတ် ၂၀၀၀ ရောက်ရှိရန် ( လက်ရှိ တိုးတက်မှု ၀/၂၀၀၀ ) ၊
ရန်ဘက် မြင့်မြတ်နယ်မြေ ၃ ခုအား ရှင်းလင်းပါ ( လက်ရှိ တိုးတက်မှု ၁/၃ ) ]
[ ဆုလာဘ် - တာအိုအရင်းအမြစ် ဂျင် (၅၀၀၀၀၀) ၊
နတ်တန်ခိုးစွမ်းရည်နတ်တန်ခိုးစွမ်းရည် ခန်းမ ၊
အထွတ်အထိပ် တာအိုအရှင်သခင်အဆင့် တိုက်ခိုက်မှု (၃) ကြိမ် ]
နတ်တန်ခိုးစွမ်းရည်ခန်းမ…!
အထွတ်အထိပ် တာအိုအရှင်သခင်အဆင့် တိုက်ခိုက်မှု (၃)ကြိမ်…!
ရွှမ်ယီ မျက်၀န်းများ တဖျတ်ဖျတ်လက်သွားခဲ့သည်။
စနစ်၏ အဆိုအရ နတ်တန်ခိုးစွမ်းရည်ခန်းမဆိုသည်မှာ ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များအတွက် အထူးပြင်ဆင်ထားသောအရာ ဖြစ်၏။
ထိုနေရာ၌ ကျင့်ကြံခြင်းဖြင့် ကျင့်ကြံခြင်းအရှိန်အဟုန် မြင့်တက်လာမည့်အပြင် ညာဏ်အလင်းရနိုင်ချေလည်း များစွာ မြင့်တက်လာပေလိမ့်မည်။
ထို့အပြင် ၎င်းထံ၌ အလွန်ထူးခြားသော အကျိုးသက်ရောက်မှုတစ်ခု ရှိသေး၏။
နက်နဲခြင်းအင်ပါဂိုဏ်းချုပ်ဖြစ်သော ရွှမ်ယီ အနေဖြင့် နတ်တန်ခိုးစွမ်းရည်ခန်းမရှိ အထူးအစီအရင်များကို အသုံးပြုပြီး မိမိ၏ နတ်တန်ခိုးစွမ်းရည်များကို စမ်းသပ်နိုင်သည်။
ကျင့်စဉ်များ ၊ သိုင်းပညာများနှင့် နတ်တန်ခိုးစွမ်းရည်များကို စမ်းသပ်လေ့ကျင့်ခြင်းက ကျင့်ကြံသူတိုင်းအတွက် အလွန်ခက်ခဲလေ့ရှိသည်။
သူကိုယ်တိုင်လည်း ယခင်တုန်းက ကျင့်စဉ်များ ၊ သိုင်းပညာများ၌ အမှားအယွင်းရှိမရှိ စစ်ဆေးလိုပါက အသိစိတ်ပင်လည်အတွင်း၌သာ လုပ်နိုင်ခဲ့၏။
သို့သော် ကျင့်စဉ် ၊ သိုင်းပညာ နှင့် နတ်တန်ခိုးစွမ်းရည် အသစ်များ ဖန်တီးလိုပါက အသိစိတ်ပင်လယ်တစ်ခုတည်း အားကိုးရုံနှင့် မရချေ။
အစစ်အမှန် ခန္ဓာကိုယ်နှင့် ပေးဆပ်ကာ စမ်းသပ်ဖန်တီးရ၏။
အကယ်၍ အခန့်မသင့်ပါက ရုးသွပ်ခြင်း ၊ ပေါက်ကွဲခြင်းများ ဖြစ်နိုင်သည်။
ထို့အပြင် မိမိဖန်တီးသော ပညာရပ်များ အဆင့်မြင့်လေ ပိုခက်ခဲလေဖြစ်၏။
သို့သော် စနစ်၏ အဆိုအရဆိုလျှင် နတ်တန်ခိုးစွမ်းရည်ခန်းမထဲ၌ မိမိခန္ဓာကိုယ်နှင့် တစ်ထပ်တည်းတူသည့် ကိုယ်ပွားကို ဖန်တီးနိုင်သော အထူးအစီအရင်တစ်ခုရှိသည်။
အသစ်ဖန်တီးထားသော ပညာရပ်ကို စမ်းသပ်ရန် ကိုယ်ပွားအသုံးပြုခြင်းဖြင့် အဆိုပါ အားနည်းချက်ကို အပြည့်အ၀ ရှောင်တိမ်းနိုင်ပေလိမ့်မည်။
ထို့အပြင် နတ်တန်ခိုးစွမ်းရည်ခန်းမ၏ တခြားသော သက်ရောက်မှုများကြောင့် အောင်မြင်နိုင်ချေ အလွန်တိုးလာမည်ဖြစ်သည်။
နတ်တန်ခိုးစွမ်းရည်ခန်းမမှလွဲပြီး ရွှမ်ယီ အဓိက တန်ဖိုးထားသည်မှာ နောက်ဆုံးဆုလာဘ်ဖြစ်၏။
အထွတ်အထိပ် တာအိုအရှင်သခင်အဆင့် တိုက်ခိုက်မှု (၃)ကြိမ်…!
ရဲ့ချင်းစုန်အားကိုးဖြင့် မြင့်မြတ်နယ်မြေဆိုသော အင်အားစုများအား ရွှမ်ယီ မကြောက်ရွံ့တော့ချေ။
သို့သော် အရှေ့ပိုင်းတိုက်ကြီး၌ သူ့အားခြိမ်းခြောက်နိုင်သော ဒဏ္ဍာရီလာ မဟာဂိုဏ်းကြီး (၂)ခုနှင့် ရှေးဟောင်း အင်အားစုများ ရှိနေသေး၏။
မြင့်မြတ်နယ်မြေများ၌ တာအိုအရှင်သခင်အဆင့် နောက်ခံများရှိသော်လည်း ၎င်းတို့က အစောပိုင်း၀န်းကျင်မျှသာ။
သို့သော် လုံး၀ ထိပ်သီး အင်အားစုကြီးများ၌မူ အထွတ်အထိပ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူများ ရှိနေသည်။
နက်နဲခြင်းအင်ပါယာဂိုဏ်း ဆက်လက်တိုးတက်လာသည်နှင့်အမျှ ၎င်းတို့ထဲမှ တစ်ခုမဟုတ် တစ်ခုနှင့် ထိပ်တိုက်တွေ့လာမည်မှာ မလွဲပေ။
ထိုအချိန်ကျလျှင် ဤဆုလာဘ်က သူ့အတွက် အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။
ရွှမ်ယီ၏ အကြည့်များ အဝေးတစ်နေရာသို့ လွင့်ပျံသွားပြီး မဟာမူလကုန်းမြေ နှင့် သန့်စင်ခြင်းမျှော်စင် ဌာနခွဲများရှိရာသို့ ရောက်ရှိသွား၏။
၎င်းတို့အား ဖြေရှင်းပြီးပါက နောက်ထပ် ဆုလာဘ်များ ရှိလာတော့မည်။
‘ ခွေးကောင်တွေ ပြေးကြစမ်း.. ပင်မအင်အားစုတွေဆီက စစ်ကူပါ တောင်းလိုက်ဦး… ပိုသန်မာလေ ကောင်းလေပဲ… ပြီးရင်တော့ ဟမ့်…..’
ရွှမ်ယီ အေးစက်စွာ တစ်ချက် ပြုံးလိုက်ပြီး နောက်လှည့်ကာ ရဲ့ချင်းစုန် ကြိုတင်ပြင်ဆင်ထားသည့် လေဟာနယ်လမ်းကြောင်းအတွင်း ၀င်သွားတော့၏။
“ အားလုံးက ငါ့ရဲ့ နက်နဲခြင်းအင်ပါယာဂိုဏ်း ကြီးထွားလာဖို့ ခြေနင်းကျောက်တုံးတွေ ဖြစ်လာလိမ့်မယ်…”
ယခုမှ ဝဲပျံခြင်းနဂါးတောင်တန်းအား ဖျက်ဆီးခဲ့သည်ဖြစ်ရာ ရွှမ်ယီအနေဖြင့် ကျန်မြင့်မြတ်နယ်မြေ(၂)ခုအား အလျင်စလို မတိုက်ခိုက်ချင်သေးပေ။
လေဟာနယ်လမ်းကြောင်းအား ကျော်ဖြတ်ပြီးသည်နှင့် တောင်ပိုင်းနယ်မြေရှိ မဟာပျက်စီးခြင်းနယ်မြေ အဆုံးသို့ ရွှမ်ယီ ရောက်လာခဲ့သည်။
ဤနေရာက တောင်ပိုင်းနယ်မြေရှိ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ ထိစပ်ရာဖြစ်ပြီး တစ်ဖက်သို့လွန်သွားလျှင် နတ်ဆိုးများနေထိုင်ရာ နယ်မြေသို့ ရောက်သွားတော့မည်။
တောင်ပိုင်းကောင်းကင်တံခါးမှ မိုင်ပေါင်း (၁)သိန်း ၀န်းကျင်တွင် နတ်ဆိုးများ မရှိသကဲ့သို့ ဤနေရာတွင်လည်း လူသားများ နေထိုင်ခြင်းမရှိချေ။
မျက်စိတစ်ဆုံး မြင်နေရသမျှ အရိုးဖြူဖြူများချည်းသာ။
ရွှမ်ယီ ရောက်ရှိလာရာ နေရာနှင့် မလှမ်းမကမ်းတွင် အလားလိုက်တန်းစီထားသော သံမဏိ ဆူးချွန်များရှိနေပြီး ဆူးချွန်တိုင်းတွင် ဦးခေါင်းများ ရှိနေခဲ့၏။
၎င်းတို့ထဲမှ တချို့က ခြောက်သွေ့ကာ အရိုးစုများအဖြစ် ပြောင်းလဲသွားပြီဖြစ်သော်လည်း တချို့ကမူ သွေးများ စိုစွတ်နေဆဲပင်။
ထိုဦးခေါင်းများက မျက်လုံးများပြူးကျယ်နေပြီး ပါးစပ်များလည်း ပွင့်ဟနေသည်။
ကြောက်ရွံ့မှုလော ၊ မကျေနပ်မှုလော ဆိုသည်ကို ကာယကံရှင်များသာ သိပေလိမ့်မည်။
သို့သော် သေချာသော အချက်တစ်ခုက ၎င်းတို့အားလုံး လူသားများနှင့် နတ်ဆိုးများ စစ်ပွဲ၌ ကျဆုံးသွားခဲ့သော လူသားမျိုးနွယ် သူရဲကောင်းများ ဖြစ်ကြသည်။
“ အေချမ်းစွာ အနားယူကြပါ…”
ရွှမ်ယီ လက်ဝှေ့ယမ်းကာ မီးလျှံများ စေလွှတ်လိုက်၏။
သံမဏိ ဆူးချွန်များအားလုံးကို ပြာအဖြစ် ပြောင်းလဲလိုက်သည်။