← Chapters

အကျိုးအမြတ်များ ရရှိခြင်း၊ ရွှယ့်ဝူရှင်း၏ ထိတ်လန့်မှု(၂)

Vol. 6 Ch. 76

အကျိုးအမြတ်များ ရရှိခြင်း၊ ရွှယ့်ဝူရှင်း၏ ထိတ်လန့်မှု(၂)

Vol. 6 Ch. 76

ဒီနေရာတွင် မည်သည့် တိုက်ခိုက်သည့် အရိပ်အယောင်မှ မရှိပေ။ လီရွှမ်၏ အကြည့်က ရွှီမိသားစု၏ စံအိမ်ကို ဖြတ်သန်းသွား၏။

ရွှီယန်၏ မိဘများသည် ကျင့်ကြံနေပြီး အစောင့်များမှာလည်း အချို့က တာဝန်ကျကာ အချို့က ကျင့်ကြံနေကြသည်။ အားလုံး လုံလုံခြုံခြုံနှင့် စိတ်ချရစွာ ရှိနေ၏။

'ရွှီယန် မြို့တော်မှာ များလား..'

လီရွှမ်တစ်ယောက် မျက်မှောင်ကြုံ့သွားသည်။

မြို့တော်သည် သုံဟယ်စီရင်စုနှင့် အလွန် ဝေးကွာလွန်း၏။ သူ့အနေနှင့် မြန်နှုန်းအပြည့်ဖြင့် သွားလျှင်တောင် မြို့တော်သို့ ရောက်ရှိချိန်၌ တိုက်ပွဲက  အဆုံးသတ်ပြီး ဖြစ်လောက်မှာပါ။ အနိုင်အရှုံးကို ဆုံးဖြတ်ပြီး ဖြစ်မှာဖြစ်၏။

'ငါမြို့တော်ကို သွားရမလား..'

လီရွှမ်က တုံ့ဆိုင်းသွားသည်။

ရွှီယန်မှာ သူ၏ ချစ်ရသည့် တပည့်ဦး ဖြစ်၏။ သူ၏ လက်ရှိခွန်အားနှင့် ရွှီယန် ရင်ဆိုင်နေရသည့် စွမ်းအားကြီးရန်သူကို လက်တစ်ချက် ဝှေ့ရမ်းရုံနှင့်  ရှင်းလင်းလိုက် နိုင်ပါသည်။

သို့ပေမယ့် မြို့တော်က အလွန် ဝေးကွာလွန်း၏။ ရွှီယန်သာ ရှုံးနိမ့်ပြီးဖြစ်ပါက သူ့အနေနှင့် ကူညီပေးချင်လျှင်တောင် အချိန်မှီ ရောက်နိုင်မည် မဟုတ်ပေ။

'သင်၏တပည့် ရွှီယန်သည် ပြင်းထန်သည့် တိုက်ပွဲအကြားတွင် နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်သို့ ချိုးဖျက်သွားသည်..'

'သင်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်အား အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့သည်..'

ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှုအား ပေးလာပြန်၏။ လီရွှမ်က မှင်သက်သွားသည်။ နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်လေလား။

သူက ဝမ်းသာသွား၏။ သူ၏‌ ဒီတပည့်သည် အမှန်တကယ်ကို မဆိုးလှပေ။ နဂါးနိုင်လက်ဝါးသိုင်း၏ အဆင့်ကို မြှင့်တင်နိုင်ခဲ့၏။

ဒုတိယအဆင့် ပေါ်လာခဲ့ရာ နောင်တွင် တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်များလည်း ပေါ်လာလောက်ပါသည်။

နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်တွင် နဂါးစွမ်းအားအချို့ ပိုင်ဆိုင်လာပြီး ဒေါသစိတ်ဆန္ဒကို လှုံ့ဆော်နိုင်ကာ လက်ဝါး၏ စွမ်းအားကို ကြီးစွာ တိုးမြင့်စေနိုင်သည်။

ထို့အပြင် နဂါးသဏ္ဍာန် လက်ဝါးအားက ပိုမိုသိပ်သည်းလာပြီး နဂါးနှင့် ပိုမိုတူလာ၏။

'ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ ထပ်ပြီးတော့ နားလည်သဘောပေါက် လာနိုင်တယ် ဆိုတော့ သူ့မှာ ရန်သူကို ခုခံဖို့အတွက် စွမ်းအားမရှိဘဲ တစ်ဖက်သတ် ဖြစ်နေတာမျိုးတော့ မဟုတ်လောက်ဘူး..'

'အခု နဂါးနိုင်လက်ဝါးသိုင်းရဲ့ ဒုတိယအဆင့်ကိုလည်း နားလည်သဘောပေါက်နိုင်သွားပြီ ဆိုတော့ သူမရှုံးလောက်တော့ဘူး မှတ်လား..'

လီရွှမ်က စဉ်းစားသည်။

ရွှီယန်သည် အမှန်တကယ် မြို့တော်တွင် ရှိနေသည်လား။ သို့မဟုတ် အခြားတစ်နေရာသို့ သွားနေသည်လား။

'သူ့ရဲ့ရန်သူက ဒီလောကရဲ့ အခြား သိုင်းသမားတစ်ယောက် ဖြစ်နေမလား။ ဒါမှမဟုတ် မီးတောက်လည်ဆံမွှေးဝံပုလွေလို သားရဲရိုင်း တစ်ကောင်ကောင်များ ဖြစ်နေမလား..'

လီရွှမ်က ရှေ့တစ်ခုကို ပိုမိုဖြစ်နိုင်သည်ဟု ယူဆမိသည်။ 'ဧကရာဇ်ချီများ.. သိုင်းသမား တစ်ယောက်ကို ရှာတွေ့သွားတာလား..'

'ဒါမှမဟုတ် ရွှီယန်က သေမျိုးလောကကို အရမ်းကြီး နှောက်ယှက်လွန်းလို့ စစ်မှန်တဲ့ သိုင်းလောကက လူတွေ သူ့ကို ပစ်မှတ်ထား လာတာလား..'

လီရွှမ်၏ မျက်ခုံးများက ကြုံ့သွားပြီး ဆင်ခြင်တွေးတောမှုအချို့ကို ပြုလုပ်သည်။

'ငါ့ရဲ့ လက်ရှိခွန်အားနဲ့ သိုင်းလောကရဲ့ ဘယ်ဆင့်မှာ ဝင်နေလောက်မလဲ..'

'ဒီလောကရဲ့ သိုင်းပညာအခြေအနေကရော  ဘယ်လိုရှိနေတာလဲ..'

လီရွှမ်သည် ရွှီမိသားစု၏ စံအိမ်ကို ခေါင်းငုံ့ကြည့်ကာ တိတ်ဆိတ်စွာ စောင့်စားနေ၏။ ယခု အချိန်အထိ ရွှီမိသားစု၏ စံအိမ်တွင် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာသေးပါ။ ဆိုလိုသည်ကား မြို့တော်မှ ရောက်လာသည့် မည်သည့် အရေးပေါ် သတင်းမှ ရှိမနေပေ။

'အိမ်ပြန်ပြီးတော့ပဲ ရှီအာကို ကောင်းကင်မိခင်ဂိုဏ်းရဲ့ သတင်းအချက်အလက် စုဆောင်းမှုကို အသုံးပြုခိုင်းပြီး မြို့တော်က အခြေအနေကို စစ်ဆေးကြည့်ရမယ်..'

လီရွှမ်က စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် နောက်သို့လှည့်ကာ ယွင်ရှန်းမြို့ငယ်ဆီသို့ ပြန်ခဲ့သည်။

ရွှယ့်ဝူရှင်းက ယွင်ရှန်းမြို့ငယ်ဆီသို့ ပျံသန်းနေ၏။ ပိုမိုကာ အားအင်ခန်းခြောက်လာသည်ဟု ခံစားလာရသည်။

မိုင်၁၀၀ရှိသည့် ခရီးက သူ့ကို အသက်ရှူရ ပိုမိုတင်းကြပ်အောင် ခံစားရလာစေ၏။ သို့ပေမယ့် သူရပ်တန့်ရဲခြင်း မရှိပါ။

ရွှီယန်က နောက်မှ လိုက်လာနေ၏။ သူ့သာ လမ်းတစ်ဝက်တွင် သက်ဆင်းကာ နှေးကွေးသွားပါက  တစ်ဖက်လူမှီလာလျှင် အန္တရာယ် ကျရောက်မှာပါ။

သူ၏ ဒဏ်ရာများကလည်း ပြန်ပေါ်လာနေပါသည်။

'ချီး... စွန့်ပစ်ဒေသကို လာပြီးတာတောင် ငါဒီလောက်ဆိုးဝါးတဲ့ အခြေအနေထဲကို ကျရောက်နေသေးတာလား..'

'မဟုတ်ဘူး.. ဒါကအတွင်းပိုင်း နယ်မြေမှာတုန်းက ထက်တောင် ပိုဆိုးနေသေးတယ်..'

ရွှယ့်ဝူရှင်းက မကျေနပ်စွာနှင့် ဒေါသတို့ဖြင့် ပေါက်ကွဲနေပါသည်။ သူ၏ မျက်လုံးများထဲ၌ သွေးဆာသည့် အလင်းတစ်ချက် လက်သွား၏။

'မြို့ထဲမှာ သွေးစတေးမှု တစ်ခုကို ငါလုပ်ပြီးတာကို စောင့်နေလိုက်။ သွေးအဆီအနှစ်ကို ဝါးမြိုပြီး ငါ့ရဲ့ခွန်အားတွေ ပြန်ရလာခဲ့ရင် မင်းကို အသေသတ်ပစ်မယ်..'

ရွှယ့်ဝူရှင်းက နှလုံးသားထဲတွင် လူသတ်ငွေ့ဆန်စွာ စဉ်းစားသည်။ သူ၏ မျက်ကွင်းထဲတွင် မြို့ငယ်တစ်ခု ပေါ်လာခဲ့၏။

'ဒီမြို့က သိပ့်မကြီးဘူး။ လူသောင်းဂဏန်း အနည်းငယ်ပဲ ရှိတယ်။ သွေးစတေးမှု ပြုလုပ်ပြီးရင် ငါ့ရဲ့ခွန်အား၈၀၊ ၉၀%လောက် ပြန်ကောင်းလာနိုင်တယ်..'

ရွှယ့်ဝူရှင်း၏ မျက်လုံးများက တောက်ပလာပြီး  အဆုံးစွန်သော သွေးဆာလောင်မှုကို ခံစားလာရသည်။

'ဒီလို မြို့ငယ်လေးမှာတော့ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှ မရှိလောက်ဘူးမလား..'

သူက အနည်းငယ်လည်း ကြောင်တောင်သွား၏။ သူသည် အတွင်းဘက်နယ်မြေမှ ထွက်ပြေးလာသည့် တောင်လမ်းတွင် အဖွဲ့တစ်ခုကို ဆုံတွေ့ခဲ့ရသည်။ ထိုထဲမှ တစ်ယောက်မှာ ချီနိုင်ငံမှ စစ်မက်ရေးရာ အမတ်ကြီး၏ သားဖြစ်သူ ဖြစ်၏။

ထိုသူ၏ နောက်ခံနှင့် သန်မာသည့် အစောင့်အရှောက်တစ်ဦး ရှိနေရပေမည်။ သို့ပေမယ့် သူတို့ထဲတွင် အဘယ်ကြောင့် မည်သည့် သိုင်းသမားမှ ပါမလာရသနည်း။

သို့ပေမယ့် တောင်များအတွင်းမှ ထွက်ခွာလာရုံ ရှိသေး  အံ့သြစရာ ကောင်းလောက်အောင် သန်မာလှသည့် လူတစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။

ဤသည်က တိုက်ဆိုင်မှု တစ်ခုလေလား။ ဒီစွန့်ပစ်ဒေသတွင် မည်သည့်သိုင်းသမားမှ မရှိဘဲ ထိုတစ်ယောက်သာလျှင် ချွင်းချက်အဖြစ် တည်ရှိနေသည်လား။

ရွှယ့်ဝူရှင်းမှာ အနည်းငယ် မရေရာပဲ ရှိနေပါသည်။ သို့ပေမယ့် ယခုအချိန်က ထိုကိစ္စကို စုံစမ်းရန်အတွက် အချိန် မဟုတ်ပါ။ သူ၏ ဒဏ်ရာများကို ကုသခြင်းနှင့် ခွန်အားကို ပြန်လည် ရရှိခြင်းကသာလျှင် ဦးစားပေးဖြစ်သည်။

သူက ယွင်ရှန်းမြို့ငယ်၏ အထက်သို့ တစ်ခါတည်း ပျံသန်းသွားသည်။ သူ၏ ထက်မြသော အာရုံခံမှုနှင့် မြို့ငယ်အတွင်း၌ အားကောင်းသည့် ချီနှင့်သွေး စွမ်းအင်နှင့် လူများစွာတို့ ရှိကြောင်းကို ချက်ချင်းပင် တွေ့လိုက်ရ၏။

ထိုသူများသည် တောင်ထဲတွင် သူစုပ်ယူခဲ့သည့် လူများထက် နိမ့်ကျခြင်း မရှိပါ။

'ဒါက ဘယ်နေရာလဲ..'

ရုတ်တရက် ရွှယ့်ဝူရှင်းသည် အားပြင်းသည့် ချီနှင့်သွေး လှိုင်းအားကို ခံစားလိုက်ရသည်။ ၎င်းက မြို့ငယ်အတွင်းရှိ အခြားလူများ အားလုံးထက် ပိုမိုကာ အားကောင်းပြီး သူ့ကို သန်မာသည့် ဆွဲဆောင်မှုတစ်ခုအား ပေးစွမ်းနေပါသည်။

'သိုင်းသမား..'

သူက ထိတ်လန့်သွား၏။ ယခုကဲ့သို့သော မြို့ငယ်တစ်ခုတွင်ပင် သိုင်းသမား တစ်ယောက် ရှိနေသည်လား။

ဒီစွန့်ပစ်ဒေသသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ ပျောက်ကွယ်သွားပြီး သိုင်းသမားများ ရှိမနေသင့်သည့် နေရာ ဖြစ်သည်။

သူက အာရုံစူးစိုက်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေအကြားရှိ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူရန် ကြိုးစားကြည့်သည်။

သို့ပေမယ့် မည်သည်ကိုမှ ခံစားနိုင်ခြင်းမရှိပေ။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးရဲ့ စွမ်းအင်က ပြန်ပြီးတော့ ပေါ်မလာသေးပါဘူး... တိမ်ကောနေတုန်းပဲ ရှိသေးတယ်....

'အဲ့ဒါဆို ဘာလို့ သိုင်းသမားတွေ ရှိနေရတာလဲ..'

ရွှယ့်ဝူရှင်းက ခုနက သူနှင့် တိုက်ခိုက်ခဲ့သည့် လူငယ်ကို စဉ်းစားမိသည်။ တစ်ဖက်လူ၏ သိုင်းပညာမှာ အလွန်တစ်သီးတစ်သန့် ဆန်ကာ အတွင်းဘက်နယ်မြေနှင့် ခြားနားလှ၏။

'ဘာပဲဖြစ်ဖြစ် ဒီသိုင်းသမားရဲ့ ချီနဲ့သွေးကို စုပ်ယူပြီးရင် ငါ့ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းနိုင်ပြီ..'

'ငါ့ရဲ့ သိုင်းသခင်အဆင့် ခွန်အားကို ပြန်ရလာတာနဲ့ ဒီစွန့်ပစ်ဒေသမှာ သိုင်းသခင်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်မယ့်ရန်သူ ရှိမယ်လို့ ငါမယုံဘူး..'

'ဘာပဲဖြစ်ဖြစ် ဒီသိုင်းသမားရဲ့ ချီနဲ့သွေးကို စားသုံးပြီးရင် ငါ့ရဲ့အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နိုင်ပြီ..'

သိုင်းသခင်များမှာ အတွင်းပိုင်းနယ်မြေတွင်ပင်  ထိပ်တန်းရှိ သိုင်းသမားများ ဖြစ်ကြ၏။ ဒီစွန့်ပစ်ဒေသတွင် သိုင်းသခင် တစ်ယောက် ပေါ်လာရန်မှာ သေချာပေါက် မဖြစ်နိုင်ပါ။

'ဒီသိုင်းသမားက ငါ့ထက်အများကြီး ပိုပြီးအားနည်းတယ်။ ကိုင်တွယ်ဖို့ မခက်ခဲလောက်ပါဘူး..'

ရွှယ့်ဝူရှင်းက အလွန် စိတ်အားထက်သန်သွား၏။ လှုပ်ရှားမှုတစ်ခုနှင့် အတူ ခြံဝန်းငယ်၏ အထက်သို့ ရောက်ရှိသွားပြီး မုန့်ချုံကို တွေ့လိုက်ရသည်။

တောက်ပ ပြောင်လက်နေသည့် ဦးခေါင်းနှင့် ဗလထွားကြိုင်းသည့် မုန့်ချုံကို ကြည့်ကာ ရွှယ့်ဝူရှင်း၏ မျက်လုံးများ၌ လောဘနှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်လာခဲ့သည်။

'ဒီလောက် ပေါများကြွယ်ဝတဲ့ ချီနဲ့သွေးတွေ... သူက ခုနကလူထပ် ပိုပြီးတော့ နိမ့်ကျပေမယ့် သူ့ရဲ့သွေးအဆီအနှစ်ကို စားသုံးပြီးရင် ငါ့ရဲ့ဒဏ်ရာတွေကို သေချာပေါက် ပြန်ကောင်းစေမှာ။ ငါ့ရဲ့ခွန်အားလည်း အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားမှာ..'

'ပြီးရင် ခုနကကောင်ကိုပါ သတ်ပြီး သွေးအဆီအနှစ်ကို ထပ်စားလိုက်ရင် စစ်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့အတွက် မဝေးတော့ဘူး..'

ရွှယ့်ဝူရှင်းက စဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။ သူသာ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မှာက စွန့်ပစ်ဒေသတွင် မဆိုထားနှင့်  အတွင်းပိုင်းနယ်မြေတွင်တောင် မည်သူ့ကိုမှ  ကြောက်စရာ မလိုတော့ပေ။

စစ်ဘုရင်အဆင့်မှာ အတွင်းပိုင်းနယ်မြေ၌ပင်လျှင်  သိုင်းပညာ၏ အထွတ်အထိပ်ကို ကိုယ်စားပြု၏။

'သူ့ရဲ့ ချီနဲ့သွေးကို စားသုံးရမယ်..'

သူက အချိန်ဖြုန်းလိုခြင်း မရှိတော့ပါ။ ချက်ချင်းပင် လှုပ်ရှားမှုပြု၏။

သူမှတ်မိတာ မှန်ပါက ရွှီယန်က နောက်မှ လိုက်လာနေပါသေးသည်။ ရွှီယန် မရောက်ရှိခင်တွင် ရှေ့ရှိ ဒီလူငယ်ကို အပြီးစားသောက်ပြီး ဖြစ်ရန် လိုအပ်၏။ ဒီလူငယ်၏ သွေးအဆီအနှစ်ကိုသာ သန့်စင်ပြီး ဒဏ်ရာများပျောက်ကင်းသွားပါက ရွှီယန်ကို သိုင်းသခင်တစ်ယောက်၏ ကြီးမြတ်မှုအား ပြသလိုက်မှာပါ။

သူက လက်ချောင်းကို ဝှေ့ရမ်းလိုက်ပြီးနောက် သွေးစုပ်ခြင်း အမျှင်တစ်ခု ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ နှလုံးသားဆီသို့ တည့်မတ်စွာ ဦးတည်သွားသည်။

မုန့်ချုံသည် သူ၏ ကျင့်ကြံမှုတွင် ပြီးပြည့်စုံသည့် ကြေးအရိုးအား ရရှိလာခဲ့ပါပြီ။ သူ၏ ခန္ဓာကိုယ်က ပိုမိုကာ ကြံ့ခိုင်လာပြီး ရွှေအရိုးကို ရရှိရန်အတွက် ခြေတစ်လှမ်းသာ လိုတော့၏။

သို့ရာတွင် ထိုခြေတစ်လှမ်းကို တက်နိုင်မည့် လမ်းတွင် အတားအဆီးတစ်ခုကို မုန့်ချုံ ခံစားရ၏။ ယာယီအတွင်း ရွှေအရိုးအား ချိုးဖျက်နိုင်ခြင်း မရှိ ဖြစ်နေပါသည်။

ရုတ်တရက် သူ၏နှလုံးသားက အခုန်မြန်သွား၏။ အန္တရာယ်၏ အာရုံခံစားမှု ပေါ်လာခဲ့သည်။ ထိုအန္တရာယ်က မည်သည့်နေရာမှ လာသနည်း။

မုန့်ချုံက အန္တရာယ်အား ပိုင်းခြားနိုင်ခြင်း မရှိသေးခင်တွင် တစ်ခုခုက သူ၏နှလုံးသားကို ရုတ်တရက်  ထိုးဖောက်လာခဲ့သည်။ အလွန်အေးစက်သည့် အငွေ့အသက်က ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်လာ၏။

သူ၏ နှလုံးခုန်မှုက ရုတ်တရက် ပြင်းထန်လာပြီး ချီနှင့်သွေးတို့ ရုတ်တရက် စီးထွက်လာခဲ့သည်။

ကြည့်ရတာ သူ၏ခန္ဓာကိုယ်အတွင်းတွင် ချီနှင့်သွေး စွမ်းအားများ မုန်တိုင်းထန်လာသည့် ပုံရှိ၏။ ဤသည်မှာ ဆီအိုးအတွင်းသို့ ရေတစ်စက် ကျသွားသည့်နှယ် ရှိနေ၏။

ချီနှင့်သွေးမုန်တိုင်းက ဖြတ်သန်းလာသည်နှင့်အမျှ  မူလက ရပ်တန့်သွားခဲ့သည့် ကြေးအရိုး သန့်စင်မှုသည် ချီနှင့်သွေး၏ ပြင်းထန်သည့် ထိုးနှက်မှုအောက်တွင် အတားအဆီးတို့ ပြေလျော့လာခဲ့၏။

"ဘာဖြစ်တာလဲ.."

မုန့်ချုံက ထိတ်လန့်သွား၏။ ဒီအေးစက်သည့် အမျှင်က မည်သည် ဖြစ်သနည်း။ ထိုအမျှင်နောက်သို့ လိုက်ကာ ကြည့်လိုက်ပြီးနောက် လေထဲတွင် လွင့်မျောနေသည့် ရွှယ့်ဝူရှင်းကို သူတွေ့လိုက်ရသည်။

ချက်ချင်းပင် မုန့်ချုံသည် အရိုးများအထိ အေးစိမ့်စွာ ခံစားလိုက်ရသည်။ သူ၏ နှလုံးသားက တင်းကြပ်သွား၏။

'မူလအဆင့် သိုင်းသမား တစ်ယောက်လား... ဒီမူလအဆင့် သိုင်းသမားက ဘယ်နေရာကနေ လာတာလဲ.. ချီနိုင်ငံမှာ ဘာသိုင်းသမားမှ မရှိဘူး မဟုတ်ဘူးလား..'

'ငါ့ရဲ့ စီနီယာအကို ဆိုရင် ရှန်းဝိန်စစ်တပ်ကို တစ်ယောက်တည်း အနိုင်ယူခဲ့ပြီး ချီနိုင်ငံရဲ့တော်ဝင်မိသားစုကို အသာလေး နင်းချေနိုင်ခဲ့တယ်..'

ဒီလျှို့ဝှက်ဆန်းကြယ်သည့် သိုင်းသမားသည် ရှင်းလင်းစွာပင် ရန်ပြုလိုစိတ် ကြီးမားစွာ ရှိနေပါသည်။ သူ၏ နှလုံးသားထဲရှိ ထိုအမျှင်က သေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်မှာပါ။

သူ၏ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို ကျင့်ကြံထားခြင်းကြောင့်သာလျှင် အလွန်သန်မာသည့် ခံနိုင်ရည်ရှိပြီး ၎င်းက သူ၏ နှလုံးသားကို မထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

'အရေပြားပဲ.. တော်သေးတယ်..'

မုန့်ချုံက လက်သီးချက်ကို ထုတ်လိုက်ပြီးနောက် အမျှင်ကို ချက်ချင်းပင် ဖျက်ဆီးလိုက်သည်။

'ဆရာက ဘယ်ကို ရောက်နေတာလဲ..'

သူက ချွေးစေးများ ထွက်ပေါ်လာခဲ့၏။ ယခုအချိန်၌ သူသည် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ပင် ဝင်ရောက်ခြင်း မရှိသေးပေ။ ဘယ်လိုလုပ်ပြီး ကောင်းကင်၌ ပျံနိုင်သည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်နိုင်မည်နည်း။

ဆရာက မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။

သူ၏ဆရာသည် ခုနက ထွက်ခွာသွားပြီး ပြန်လာခြင်း မရှိသေးပေ။ တစ်ဖက်ရန်သူက ဆရာဖြစ်သူ မရှိသည့်အချိန်ကို အခွင့်အရေးယူပြီး သူ့ကို လာရောက် သတ်ဖြတ်သည်လား။

'ဒါက ဧကရာဇ်ဝူ လွှတ်လိုက်တဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်များလား..'

ထိုအချိန်၌ မုန့်ချုံသည် ဧကရာဇ်ဝူကို တွေးမိလိုက်သည်။

သူသည် ဝူနိုင်ငံ၏ ဝရမ်းစာရင်းတွင် ပါဝင်နေပြီး ဆုကြေးမှာ ရွှေတစ်မီလီယံတောင် ဖြစ်၏။

သို့ပေမယ့် လေထဲရှိ ရွှယ့်ဝူရှင်းက အံ့သြသွားခဲ့သည်။

သူပစ်လွှတ်လိုက်သည့် သွေးစုပ်ခြင်းအမျှင်က ခွန်အားအပြည့်ဖြင့် မဟုတ်လျှင်တောင် ကျောက်တုံးတစ်ခုကို ထိုးဖောက်သွားနိုင်စွမ်း ရှိပါသည်။

သို့ပေမယ့် အောက်ရှိ ဦးခေါင်းပြောင်နှင့် လူငယ်၏  နှလုံးသားကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ အဲ့ဒီ့အစား အရေပြား အနည်းငယ်ကိုသာ ထိုးဖောက်နိုင်ခဲ့သည်လား။

သူက ဒီစွန့်ပစ်နယ်မြေကို ထူဆန်းလှသည်ဟု ခံစားရပြီး အနည်းငယ်ပင် ကြောက်ရွံ့လာခဲ့သည်။ သူတွေ့ဆုံခဲ့သည့် မည်သူမဆိုတို့သည် ပုံမှန်မဆန်စွာ အလွန် သန်မာလွန်းနေပါသည်။

ဒီလူ၏ ခန္ဓာကိုယ်မှာလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် မာကျောနေ၏။

'ငါမြန်မြန်လေး တိုက်ခိုက်ပြီး အနိုင်ယူမှရမယ်..'

ရွှယ့်ဝူရှင်းက လက်ချောင်းများကို ဆက်တိုက် ဝှေ့ရမ်းလိုက်ပြီးနောက် သွေးစုပ်ခြင်းအမျှင် နှစ်ခုတို့ကို  ပစ်လွှတ်လိုက်သည်။

All Chapters