← Chapters

အတွင်းပိုင်းနယ်မြေနှင့် စွန့်ပစ်ဒေသ

Vol. 6 Ch. 77

အတွင်းပိုင်းနယ်မြေနှင့် စွန့်ပစ်ဒေသ

Vol. 6 Ch. 77

ထိုသွေးစုပ်ခြင်း အမျှင်နှစ်ခုတို့က ပြီးခဲ့တုန်းက တစ်ခုထက် များစွာပိုမို စွမ်းအားကြီးပြီး မြန်ဆန်လှသည်။

၎င်းတို့သည် သမဏိပြားတစ်ခုကို အလွယ်တကူ ထိုးဖောက်နိုင်၏။

မုန့်ချုံသည် ဒီအချိန်၌ သန်မာသည့်အန္တရာယ်ကို ခံစားလာရသည်။ မာန်ဖီသံတစ်ခုကို ထုတ်လွှတ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ မာကြောလာခဲ့သည်။ အသွေးအသား ခန္ဓာကိုယ်က ခေါင်းလောင်းတစ်ခုကဲ့သို့ သိပ်သည်းလာခဲ့၏။ အဖြူရောင်အလင်း တစ်ခုပင် ရေးတေးတေး လင်းလက်လာခဲ့သည်။

သူက ရင်ဘက်နေရာအား လက်သီးနှစ်ဖက်ဖြင့် ကာလိုက်ပြီး အဓိက အစိတ်အပိုင်းများကို ကာကွယ်ထားသည်။

"ဇွက်.."

သွေးစုပ်ခြင်း အမျှင်များက သူ၏လက်သီးများကို ချက်ချင်းပင် ထိုးဖောက်သွားပြီး အေးစက်သည့် ခံစားချက်တစ်ခုက လက်သီးမှတစ်ဆင့် လက်ချောင်း.. ပြီးနောက် ခန္ဓာကိုယ်ဆီသို့ ဝင်ရောက်လာခဲ့၏။

"ဘုန်း.."

ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီက ရုတ်တရက် မြင့်တက်လာခဲ့သည်။ တစ်ကိုယ်လုံးအနှံ့ ဖြတ်သန်းသွားပြီး သူ၏ အတားအဆီးမှာလည်း ကျိုးပျက်သွားခဲ့၏။

မုန့်ချုံသည် ကြေးအရိုး၏ အကန့်အသတ်ကို ကျော်လွန်ခဲ့ပါပြီ။ သို့ရာတွင် အန္တရာယ်က ပျောက်ကွယ်သွားခြင်းမရှိပေ။

သူ့အနေနှင့် ရွှေအရိုးကို အောင်မြင်တော့မည် ဆိုလျှင်တောင် တစ်ဖက်လူကို ရင်ဆိုင်နိုင်ခြင်း မရှိသေးပါ။

စူးရှသည့် နာကျင်မှုက လက်သီးများမှ ထွက်ပေါ်လာပြီး အေးစက်သည့် ခံစားချက် ၎င်းတို့ကို အေးခဲသွားစေတော့မည့်ပုံပါ။

မုန့်ချုံက အော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေး မုန်တိုင်းက ထိန်းချုပ်မှုအောက်တွင် လက်သီးဆီသို့ မြင့်တက်လာခဲ့၏။

"ဘုန်း.."

လက်သီးနှစ်ဖက်လုံးဖြင့် ထိုးချလိုက်ကာ  သူ၏ လက်သီးများကို ထိုးဖောက်ထားသည့် သွေးစုပ်ခြင်းအမျှင်များကို ဖျက်ဆီးပစ်လိုက်၏။

ရွှယ့်ဝူရှင်း၏ မျက်နှာပေါ်၌ ထိတ်လန့်သည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။ ဤသည်မှာ မည်ကဲ့သို့သော ခန္ဓာကိုယ်မျိုးနည်း။ သူ၏ သွေးစုပ်ခြင်း အမျှင်များကို ကာကွယ်နိုင်သည်လား။

'ဒီတခါတော့ မင်းကာကွယ်နိုင်မယ်လို့ ငါမယုံဘူး..'

သူက ပိုမိုလေးနက်လာခဲ့၏။

ရွှယ့်ဝူရှင်းမှာ သိုင်းသခင်တစ်ယောက် ဖြစ်သည်။ သူက ခွန်အားအများကြီးကို အသုံးမပြုခဲ့ပေမယ့် ခုနက တိုက်ခိုက်မှုနှစ်ခုသည် အတွင်းပိုင်းနယ်မြေရှိ တတိယတန်းစား သိုင်းသမားတစ်ယောက်ကို အလွယ်တကူ ဖောက်ထွင်းသွားနိုင်စွမ်း ရှိပါသည်။

စွမ်းအားကြီးမားသည့် သိုင်းသခင်တစ်ယောက် ပင်လျှင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်း သက်သက်နှင့် ကာကွယ်ရန် မဖြစ်နိုင်ပေ။

သို့ရာတွင် ဒီဦးခေါင်းပြောင်နှင့် လူငယ်ကတော့ တတိယတန်းစား သိုင်းသမားလောက်တောင် သန်မာခြင်း မရှိပေမယ့် သူ၏ခန္ဓာကိုယ် မာကျောမှုက အလွန်မယုံကြည်နိုင်စရာ ကောင်းလှသည်။

"စွက် စွက်.."

လက်ချောင်းများကို ဝှေ့ရမ်းလိုက်ပြီးနောက် အနည်းငယ် ပိုမို ထူထဲသည့် သွေးစုပ်ခြင်း အမျှင်က ထွက်လာပြီး မုန့်ချုံ၏ နှလုံးသားကို တည့်မတ်စွာ ဦးတည်သွားသည်။

ဒီတိုက်ခိုက်ချက်တွင် သူသည် စစ်မှန်သည့် သိုင်းသခင်တစ်ဦး၏ စွမ်းအားကို အသုံးပြုထား၏။

'ငါမကာနိုင်တော့ဘူး..'

မုန့်ချုံက ထိတ်လန့်သွား၏။ သူကား မည်သို့ပင်ဆိုစေကာမူ ဒီတိုက်ခိုက်မှုကို ကာကွယ်နိုင်မှာ မဟုတ်ပေ။

သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ပင် ဝင်ရောက်ခြင်းမရှိသေးသည့် လူတစ်ယောက်အနေနှင့် ရွှေခေါင်းလောင်းအကာအကွယ်က မည်မျှပင် သန်မာနေစေကာမူ မူလအဆင့်သို့ ရောက်ရှိနေသည်ဟု သံသယဝင်ရသည့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် မဖြစ်နိုင်ပေ။

သူ့အနေနှင့် ရွှေအရိုးများကို သန့်စင်နိုင်ခဲ့လျှင်တောင်၊ ဗာဂျရာစိန်အရိုးကို သန့်စင်နိုင်ခဲ့လျှင်တောင် ကာကွယ်နိုင်မည် မဟုတ်ပါ။ ခြားနားချက်က အလွန်ကြီးမားလှ၏။

သေခြင်း၏ အန္တရာယ်က ချဉ်းကပ်လာချိန်၌ မုန့်ချုံမှာ အကူအညီ ကင်းမဲ့နေပါသည်။ သူသည် ရွှယ့်ဝူရှင်းနှင့် နှိုင်းယှဉ်ပါက အလွန် အားနည်းနေ၏။

"ဘုန်း.."

အရေးကြီးသည့် သေခြင်းရှင်ခြင်း အချိန်အခါတွင် ရုတ်တရက် ကောင်းကင်ပေါ်မှ ရွှေရောင် နဂါးတစ်ကောင် သက်ဆင်းလာခဲ့သည်။

သွေးစုပ်ခြင်း အမျှင်က ရုတ်တရက် ပျက်စီးသွားပြီး  ရွှေရောင်နဂါးကြီးက ရွှယ့်ဝူရှင်းကို တစ်ခါတည်း ထိန်းချုပ်ပြီး လေထဲသို့ ရစ်ပတ်ကာ ဆွဲခေါ်သွားသည်။

မုန့်ချုံက ပျော်သွား၏။ ကပ်ဘေးတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့သည့်နှယ် ရှိနေတော့သည်။

"ဆရာ.."

လီရွှမ်က သုံဟယ်ကောင်တီမှ ပြန်လာပြီးနောက် ရှီအာကို ကောင်းကင်မိခင်ဂိုဏ်း၏ သတင်းအချက်အလက် စုဆောင်းရေးအား အသုံးပြုခိုင်းပြီး မြို့တော်ရှိ  အရေးကိစ္စများကို စုံစမ်းခိုင်းဖို့ ပြင်ဆင်ထားတာပါ။

သို့ရာတွင် ယွင်ရှန်းမြို့ငယ် ဆီသို့ ပြန်ရောက်ပြီးနောက် အေးစက်သည့် အငွေ့အသက် တစ်ခုကို ခံစားရ၏။

ဤသည်မှာ သိုင်းသမားတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူ၏ ခြံထဲမှာ ရှိနေပါသည်။

သူက ချက်ချင်းပင် မှင်သက်သွား၏။ သိုင်းသမားသည် မည်သည့် နေရာမှ လာခဲ့သနည်း။

ချက်ချင်းပင် တယ်လီပို့ခြင်းကို အသုံးပြုကာ ခြံဝန်းငယ်၏ အထက်သို့ ရောက်ရှိလာခဲ့သည်။ မုန့်ချုံ၏ အန္တရာယ်ကို တွေ့လိုက်ရပြီး ချက်ချင်းကယ်တင်မှုပြုကာ ရွှယ့်ဝူရှင်းကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

'ကံကောင်းစွာပဲ ငါခြေတစ်လှမ်း စောလာခဲ့လို့.. မဟုတ်ရင် ငါ့ရဲ့ ဒုတိယတပည့်ကို ဆုံးရှုံးရတော့မှာ..'

လီရွှမ်က စိတ်သက်သာရာ ရသွား၏။

သူ၏ ဒုတိယတပည့်သည် သိုင်းပညာ၏ စတင်ခြင်းသို့ ဝင်ရောက်တော့မှာ ဖြစ်၏။ တစ်ယောက်ယောက်၏ သတ်ဖြတ်ခြင်းသာ ခံရပါက သူ့အတွက် ကြီးမားသည့်  ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။

ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ကျင့်ကြံရန်အတွက် နောက်ထပ် တပည့်ကို မည်သည့်နေရာမှာ ရှာရတော့မည်နည်း။

ထိုကဲ့သို့ တွေးမိပြီးနောက် သူက ဒေါသတကြီးဖြစ်သွားသည်။ ရွှယ့်ဝူရှင်းကို စူးရှစွာ ကြည့်၏။ နဂါးနိုင်လက်ဝါးစွမ်းအင်နှင့် ရစ်ပတ်ရင်းက သူ၏မျက်နှာက မဲမှောင်နေသည်။

ဤသည်မှာ သိုင်းသမားတစ်ယောက်ဖြစ်ပြီး အားနည်းတဲ့လူ မဟုတ်ပေ။ သို့ပေမယ့် ကြည့်ရတာ ဒဏ်ရာ ရရှိနေသည့်ပုံ ရှိသည်။ ထို့အပြင် တစ်ဖက်လူ လေ့ကျင့်သည့် စွမ်းအင်မှာ သွေးနှင့်ချီ မဟုတ်ပေ။

ညှို့မှိုင်းသည့် အငွေ့အသက်တစ်ခုဖြစ်ပြီး သွေးညှီနံ့တစ်ခုကိုလည်း ရပါသည်။ သေချာပေါက် လူကောင်း မဖြစ်နိုင်ပေ။

"အစစ်အမှန်ချီလား.."

လီရွှမ်၏ မျက်ခုံးများက အနည်းငယ်ကြုံ့သွား၏။

"မဟုတ်ဘူး... ဒါက အစစ်အမှန်ချီနဲ့ တူပေမယ့်  အစစ်အမှန်ချီထက် အရည်အသွေး နိမ့်တယ်..'

တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီသည် သူ၏ မူလအစစ်အမှန်ချီထက် သန့်ရှင်းမှုအရာ၌ များစွာနိမ့်ပါးလှသည်။ စွမ်းအားနှင့် အရည်အသွေးလည်း အလွန် နိမ့်ကျ၏။

"ဆရာ.. သူက ဘယ်သူလဲ။ ရောက်လာတာနဲ့ တပည့်ကို သတ်ဖို့လုပ်နေတာ။ ဧကရာဇ်ဝူ ပို့လိုက်တဲ့လူ ဖြစ်နေမလား.."

အသက်ချမ်းသာမှု ရလာသည့် မုန့်ချုံက ရွှယ့်ဝူရှင်းကိုကြည့်ကာ ဒေါသတကြီး ပြောသည်။

လီရွှမ်က ကုလားထိုင်တွင် ထိုင်ကာ သူ၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခု  ထွက်ပေါ်လာ၏။ သူ့ကို ပိုမိုကာ အနှိုင်းမဲ့သည့်အသွင် ဖြစ်လာစေသည်။

"ဒဏ်ရာတွေ ရသေးလား.."

လီရွှမ်က မုန့်ချုံ၏ လက်သီးရှိ ဒဏ်ရာကို ကြည့်သည်။

ထိုနေရာတွင် အေးစက်သည့် အငွေ့အသက်က ရစ်ဝဲနေ၏။ သို့ရာတွင် ပြဿနာ မကြီးပေ။ အသေးစား ဒဏ်ရာ တစ်ခုသာ ဖြစ်၏။

လက်ရှိမုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာကုသနိုင်စွမ်းနှင့် ၂ရက်၃ရက် အတွင်းတွင် ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်သွားမှာပါ။

ထို့အပြင် ထိုအေးစက်သည့် အငွေ့အသက်၏ လှုံ့ဆော်မှုဖြင့် မုန့်ချုံ၏ သွေးနှင့်ချီင လှိုင်းထန်လာပြီး အတားအဆီးကို ချိုးဖျက်ကာ ကြေးအရိုး၏ အကန့်အသတ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ရွှေအရိုး သန့်စေခြင်းအဆင့်သို့ ဝင်ရောက်ခဲ့၏။

ဖြစ်နိုင်တာက အဆိုးထဲမှ အကောင်း ကြုံခဲ့သည်လား။

ရွှယ့်ဝူရှင်းသည် ထိတ်လန့်စွာ ခံစားနေရပြီး မြေပြင်ပေါ်တွင် လဲကျနေပါသည်။ ရွှေရောင် နဂါးကြီးတစ်ကောင်က သူ၏ ပတ်ဝန်းကျင်တွင် လှည့်လည်နေပြီး ကြောက်စရာကောင်းသည့် ဖိအားဖြင့် သူ့ကိုခိုင်မာစွာ ဖိနှိပ်ထား၏။

လှုပ်ရှား၍ မရနိုင်အောင် ဖြစ်နေစေသည်။

သူ၏အတွင်းအားချီက ပိုမိုကာပင် ဖိနှိပ်ခြင်း ခံထားရပြီး အချိန်မရွေး ပြိုလဲသွားတော့မည့်ပုံ ရှိသည်။

'စစ်ဘုရင် တစ်ယောက်လား။ စွန့်ပစ်ဒေသမှာ ဘယ်လိုလုပ်ပြီး စစ်ဘုရင်တစ်ယောက် ရှိနေရတာလဲ..'

'မဟုတ်ဘူး မှားနေပြီ။ စစ်ဘုရင်တစ်ယောက်ဆိုရင်တောင် ဒီလောက်ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို မပိုင်ဆိုင်ထား နိုင်လောက်ဘူး..'

'ဒီလူက ဘယ်သူလဲ။ ကြည့်ရတာ အနှိုင်းမဲ့သလိုပဲ..'

ရွှယ့်ဝူရှင်း၏ နှလုံးသားက လေးလံသွားသည်။ ဒီနေရာသည် စွန့်ပစ်ဒေသဖြစ်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ မရှိပေ။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်သည် ကျင့်ကြံနိုင်စွမ်းတို့ လစ်ဟင်းနေပြီး ၎င်းတို့ကို ခန္ဓာကိုယ်အတွင်းသို့ ညွှန်ကြားနိုင်ခြင်း မရှိပေ။

လူသားတို့၏ ခန္ဓာကိုယ်က ထိုပြင်းထန်သည့် စိတ်ဝိဉာဉ်စွမ်းအင်ကို သန့်စင်နိုင်ခြင်း မရှိသလို ခံနိုင်ရည်လည်း မရှိကြပေ။ ထို့ကြောင့် သိုင်းသမားများ တည်ရှိရန် မဖြစ်နိုင်ပါ။

ထိုအကြောင်းကြောင့်ပင် သူသည် အတွင်းဘက်နယ်မြေ၌ သဲကြီးမဲကြီး လိုက်လံခံရပြီး မည်သည့်နေရာကိုမှ ထွက်ပြေးစရာ မရှိတော့သည့် အချိန်တွင်  ဒီစွန့်ပစ်ဒေသသို့ လာရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သို့ပေမယ့် မည်သူက တွေးမိသနည်း။ စွန့်ပစ်ဒေသလို နေရာမျိုးတွင် ယခုကဲ့သို့ စွမ်းအားကြီးမားသည့်  ပုဂ္ဂိုလ်တစ်ယောက် တည်ရှိနေပါသည်။

'သူက ဒီကောင်တွေရဲ့ ဆရာများလား..'

ဤသည်မှာ  ရပ်တန့်နိုင်ခြင်း မရှိသည့် အရှိန်အဝါတို့နှင့် ရွှေရောင်နဂါးကြီးကို ထုတ်လွှတ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်သည်။

ခုနကကောင်လေးနှင့် တူညီသည့် သိုင်းပညာ အရင်းအမြစ်ရှိ၏။ သံသယဝင်စရာ မကောင်းလောက်အောင် ထိုကောင်လေး၏ ဆရာ ဖြစ်လောက်မှာပါ။

All Chapters