← Chapters

စစ်မှန်တဲ့သိုင်းပညာနဲ့ အတုအယောင် သိုင်းပညာ

Vol. 6 Ch. 79

စစ်မှန်တဲ့သိုင်းပညာနဲ့ အတုအယောင် သိုင်းပညာ

Vol. 6 Ch. 79

"ဆရာ.. ကျွန်တော်နားလည်ပြီ.."

နားလည်သဘောပေါက်မှုအပြည့် ရရှိသွားသည့် မျက်နှာနှင့် ရွှီယန်က ပြောသည်။

"ဘယ်ရန်သူကိုမဆို လုံးဝ သုတ်သင်ပစ်ရမယ်။ သူတို့ရဲ့ဝိဉာဉ်ကို လုံးဝ ချုပ်ငြိမ်းပေးရမယ်။ ဘယ်တော့မှ သနားညှာတာတာမျိုး မလုပ်ရဘူး.."

"ရန်သူမှာသာ စွမ်းအားကြီးမားတဲ့ နောက်ခံတွေ ရှိနေရင် သူ့ကို သတ်ဖြတ်ပြီးတဲ့အခါမှာ သဲလွန်စ အားလုံးကို ဖျောက်ဖျက်ပြီး ကိုယ်နဲ့ ဘာအဆက်အသွယ်မှ မရှိအောင် ပိုင်းခြားထားရမယ်.."

"ဘယ်သူမှသာ မသိဘူးဆိုရင် အဲ့ဒါက ကိုယ်နဲ့ ဘာမှမဆိုင်တော့ဘူး.."

ဤသည်မှာ သိုင်းပညာလောကရှိ  တိုက်ခိုက်မှု အတွေ့အကြုံတစ်ခု ဖြစ်၏။ သူ၏ ဆရာက အနှိုင်းမဲ့ပေမယ့် သူတို့ကို အမြဲတမ်း ကာကွယ်ပေးနေရန် မဖြစ်နိုင်ပါ။ စစ်မှန်သည့် သန်မာသူတစ်ဦးသည် ရန်သူအားလုံးကို မိမိ၏ ကိုယ်ပိုင်ခွန်အားနှင့် ရှင်းလင်းပြီး ပြဿနာများကို မိမိကိုယ်ကို အားကိုးကာ ကိုင်တွယ်နိုင်ရပေမည်။

လီရွှမ်က တိတ်ဆိတ်စွာ ခေါင်းငြိမ့်၏။ သူ၏ အကြီးဆုံးတပည့်သည် အမြဲတမ်း သူ၏ စကားများအပေါ် နက်ရှိုင်းသည့် နားလည်သဘောပေါက်မှု ရနိုင်ပါသည်။

တကယ့်ကို ကောင်းလှ၏။

"ဆရာ.. ကျွန်တော်လည်းနားလည်ပြီ.."

မုန့်ချုံ၏ မျက်နှာတွင်လည်း နားလည်သဘောပေါက်မှုအပြည့် ရှိလာခဲ့၏။

သူက ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ သိုင်းပညာလောကရှိ အတွေ့အကြုံ များနှင့် ပေါင်းစပ်ပြီးနောက် ယခုအချိန်၌ ရန်သူများကို မည်ကဲ့သို့ ရင်ဆိုင်ရမည်အား နားလည်လာခဲ့ပါပြီ။

ကိုယ်ကိုယ်တိုင် ကိုင်တွယ်နိုင်ခြင်း မရှိပါက လွှဲချရင်အတွက် လူရှာရမည် ဖြစ်၏။ ရန်သူကို အနိုင်ရနိုင်ရင်တော့ ပြာများအဖြစ်သို့ ပြောင်းလဲကာ ဝိဉာဉ်ကို ဖျက်ဆီးရပါမည်။ ထိုအခါ လုံလောက်ပြီ ဖြစ်၏။

သူ၏ လက်စားချေလိုမှုကြောင့် ဧကရာဇ်ဝူဆီသို့ သွားခဲ့သကဲ့သို့ပင်။ သေသပ်တိကျစွာ လုပ်ဆောင်ခဲ့ပြီး အားလုံးတို့ ခေါင်းဖြတ်ခံခဲ့ရလေသည်။

လီရွှမ်က သူ၏ ဒုတိယတပည့်လည်း နားလည်သဘောပေါက်မှု ရလာသည့်အတွက် စိတ်ကျေနပ်မှု ရသွားသည်။

တပည့်နှစ်ယောက်လုံးသည် အမှန်တကယ်ကို ပါရမီကောင်းလှ၏။ ဆရာဖြစ်သည့် သူ့ကို အလွန် ဝမ်းမြောက်သွားစေသည်။

"ဆရာ.. ရွှယ့်ဝူရှင်း ပြောတာ အတွင်းဘက်နယ်မြေရဲ့  သိုင်းလောကမှာ အဆင့်၉ဆင့် ခွဲထားတယ်တဲ့။ ပြီးတော့ ပထမအဆင့်ရဲ့ အထက်မှာ အတွင်းအားကို ကျင့်ကြံတဲ့ သိုင်းသခင်တွေ ရှိသေးတယ်။ သိုင်းသခင်ရဲ့ အထက်မှာ စစ်ဘုရင်ရှိတယ်။ အဲ့ဒါတွေက ဘာလို့ ကျွန်တော်တို့နဲ့ ခြားနားနေရတာလဲ.."

ရွှီယန်က သူ၏စိတ်ထဲရှိ သံသယကို မေးမြန်း၏။ ဆရာသင်ကြားပေးသည့် သိုင်းပညာမှာတော့ အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့ကို သန့်စင်ခြင်း ဖြစ်သည်။

ထို့အပြင် ဤသည်မှာ သိုင်းပညာ၏ အခြေခံမျှသာ ဖြစ်ပြီး စတင်ခြင်း အဆင့်သို့ပင် မရောက်သေးပေ။ စတင်ခြင်းအဆင့်မှာ ချီနှင့်သွေးအဆင့် ဖြစ်၏။ ချီနှင့်သွေးအဆင့် အထက်တွင် မူလအဆင့် ရှိသည်။

အတွင်းဘက်နယ်မြေရှိ သိုင်းသခင်အဆင့်က မူလအဆင့်နှင့် တူညီပါသည်။ သူတို့လည်း ချီနှင့်သွေးကို ထိန်းချုပ်ကာ လေထဲတွင် ပျံသန်းနိုင်၏။

သို့ပေမယ့် မူလအစစ်အမှန်ချီကို ကျင့်ကြံခြင်း မရှိပေ။ အတွင်းအားချီကို ကျင့်ကြံကြ၏။

"ဆရာ.. ကျွန်တော်တို့တွေက ချောင်ကျပြီးတော့ စွန့်ပစ်ခံထားရတဲ့ နေရာမှာ ရှိတာတဲ့။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ပျောက်ကွယ်သွားပြီး သိုင်းပညာရှင်အဖြစ် ကျင့်ကြံနိုင်ခြင်း မရှိဘူးဆို.. ဘာတွေဖြစ်ကုန်တာလဲ.."

ရွှယ့်ဝူရှင်း၏ စကားအရ စွန့်ပစ်ဒေသတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ ပျောက်ကွယ်သွားပြီး စိတ်ဝိဉာဉ်စွမ်းအင်က အလွန် ပြင်းထန်လှလေသည်။

စွန့်ပစ်ဒေသရှိ သတ္တဝါများသည် စိတ်ဝိဉာဉ်စွမ်းအင်၏ သဘောသဘာဝတို့ ပျောက်ဆုံးကာ ကြမ်းကြုတ်လာခြင်းကြောင့် စိတ်ဝိဉာဉ်စွမ်းအင်၏ တည်ရှိမှုကို အာရုံခံနိုင်ခြင်း မရှိတော့ပေ။

ထိုစိတ်ဝိဉာဉ်စွမ်းအင်ကို အမှီပြုပြီး သိုင်းပညာကျင့်ကြံရန် ပိုမို၍ပင် မဖြစ်နိုင်သေးပေ။ ကြမ်းကြုတ်လာသောကြောင့် လူသားတို့၏ ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်မှု ပြုရန် မဖြစ်နိုင်ပါ။

ဤသည်မှာ ဆရာသင်ကြားပေးသည့် သိုင်းပညာနှင့် အလွန်ကွာခြားနေ၏။

ဘေးရှိ မုန့်ချုံကလည်း ခေါင်းငြိမ့်သည်။ သူ၏မျက်နှာတွင်လည်း သိလိုမှုတို့ဖြင့် ပြည့်နက်နေ၏။

လီရွှမ်က နက်ရှိုင်းသည့် အကြည့်ဖြင့်  ကုလားထိုင်ပေါ်တွင် ထိုင်နေပါသည်။ မေးခွန်းကို တိုက်ရိုက်ဖြေကြားမှု မပြုဘဲ ပြန်မေး၏။

"ငါ့တပည့်... ရွှယ့်ဝူရှင်းနဲ့ မင်းတိုက်ခိုက်တုန်းက သူ့ရဲ့ခွန်အားကို ဘယ်လိုမြင်လဲ.."

"တော်တော်လေး ကြမ်းတမ်းတယ်။ ကျွန်တော်တောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်လု နီးပါးပဲ။ အဲ့ဒါက ကျွန်တော့်ရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့်လို့ ဆိုနိုင်ပေမယ့် သူကလည်း ဒဏ်ရာတွေ ရနေတယ်.."

ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ရွှယ့်ဝူရှင်း၏ ခွန်အားကို သုံးသပ်သည်။

"ကျွန်တော်သာ ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေပြီး ရွှယ့်ဝူရှင်းကလည်း ဒဏ်ရာမရဘဲ အထွတ်အထိပ် အခြေအနေမှာ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုက လက်ရည်ညီနေမယ်လို့ ခံစားရတယ်။ ကျွန်တော်တောင် သူ့ကိုအနိုင်ယူနိုင်လောက်မှာ.."

လီရွှမ်က ပြုံးကာပြောသည်။

"မင်းက သိုင်းပညာရဲ့ စတင်ခြင်းအဆင့် ဖြစ်တဲ့ ချီနဲ့သွေးအဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမယ့် သူက သိုင်းသခင်တစ်ယောက်ပဲ.."

ရွှီယန်က မှင်သက်သွား၏။ ဟုတ်ပါသည်။ ရွှယ့်ဝူရှင်းက သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။

ထို့အပြင် အတွင်းဘက်နယ်မြေတွင် သန်မာသူများထဲမှ တစ်ဦးဖြစ်သည်။ သူကတော့ သိုင်းပညာ၏  စတင်ခြင်းဖြစ်သည့် ချီနှင့်သွေးအဆင့်မှာသာ ရှိသေး၏။

သိုင်းပညာလောကသို့ စတင်ဝင်ရောက်ခဲ့ရုံသာ ရှိပါသေးသည်။ သို့ပေမယ့် သိုင်းသခင်တစ်ယောက်ကို ရင်ဆိုင်နိုင်၏။

ဤသည်မှာ မည်သည်က အစစ်အမှန် ဖြစ်သနည်းဟူသည်ကို သက်သေပြနေပါသည်။

ထိုအချိန်၌ ရွှီယန် နားလည်လာခဲ့သည်။ အဆင့်၉. အဆင့်၈. အဆင့်၅.အဆင့်၃နှင့် အဆင့်၁...အစရှိသဖြင့် အခေါ်အဝေါ်များက လုံလောက်စွာ နက်နဲခြင်း မရှိပါ။

သူကျင့်ကြံသည့် အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း တို့မှာတော့ ကိုယ်တွင်းအင်္ဂါနှင့် အရိုးတို့က မိုးကြိုးကဲ့သို့ မြည်ဟီးပြီး ချီနှင့်သွေးက ထည်ဝါသည့် ခွန်အားနှင့် စွမ်းအားကြီးမားလှ၏။

သူတို့ပြောသည့် ပထမအဆင့် သို့မဟုတ် တတိယအဆင့်တို့ထက် များစွာပိုမို နားထောင်ရတာ စွမ်းအားကြီးပါသည်။

"ဆရာ.. ကျွန်တော်အခု နားလည်ပြီ။ သူတို့ကျင့်ကြံနေတာက အတုအယောင် သိုင်းပညာပဲ.."

ရွှီယန်က ရုတ်တရက် နားလည်သွားသည်။

"ကျွန်တော်လည်း နားလည်ပြီ.."

မုန့်ချုံကလည်း  နားလည်သွားသည်။ သူက ဉာဏ်အလင်းပွင့်သည့်အသွင်ဖြင့် ပြော၏။

"ဒါဆိုရင် သူတို့ရဲ့ သိုင်းပညာက အတုအယောင် သိုင်းပညာပေါ့။ ဒ့ါကြောင့်မို့လို့ သိုင်းသခင်အဆင့်က အတုအယောင် မူလအဆင့်ပဲ.."

"သူ့ရဲ့ ခွန်အားက စစ်မှန်တဲ့ မူလအဆင့်ထက် အများကြီး ပိုပြီးတော့ နိမ့်ပါးတယ်။ ကျွန်တော့်ကိုတောင်  တစ်ချက်တည်းနဲ့ မသတ်နိုင်တာ အံ့သြစရာမရှိဘူး.."

ယခုအချိန်၌ သူက အားလုံးကို နားလည်လာခဲ့ပါပြီ။ ရွှယ့်ဝူရှင်းမှာ စစ်မှန်သည့် သိုင်းပညာကို ကျင့်ကြံထားခြင်းမရှိဘဲ ခွန်အားက နိမ့်ပါးလှ၏။ ထို့ကြောင့် သူ့ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

လီရွှမ်က ပြုံးကာ မည်သည်ကိုမှ မပြောပေ။ ဤသည်မှာ သူ့တပည့်များ ကိုယ်ပိုင် နားလည်လာမှု ဖြစ်၏။ သူကတော့ ဤသည်ကို အတုအယောင် သိုင်းပညာဖြစ်သည်ဟု ပြောကြားခဲ့ခြင်း မရှိပါ။

သို့ပေမယ့် သူတီထွင်လိုက်သည့် သိုင်းပညာ လမ်းစဉ်ကိုလည်း အတုအယောင် သို့မဟုတ်  မှားယွင်းမှု တစ်ခုဟု သေချာပေါက် ဝန်ခံမည် မဟုတ်ပါ။

ပိုမိုသန်မာသည့် လမ်းစဉ်သာ စစ်မှန်သည့် သိုင်းပညာလမ်းစဉ် ဖြစ်သင့်၏။ လက်ရှိ ရှု့ထောင့်အရ  သူတီထွင်လိုက်သည့် သိုင်းပညာက ပိုမိုသန်မာ နေပါသေးသည်။

နောင်တွင် သိုင်းပညာရှင်များ အကြား၌ အငြင်းပွားမှု ဖြစ်ပွားလာမည်ကတော့ ဤသည်မှာ လီရွှမ်အနေနှင့် ဂရုစိုက်သည့်အရာ မဟုတ်ပေ။

'ချီနဲ့သွေးအဆင့်က ပထမအဆင့်၊ ဒုတိယအဆင့်နဲ့တတိယအဆင့်ကို ကိုယ်စားပြုတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ချီနဲ့သွေးအဆင့်က ခွန်အားအရာကို ကြည့်မယ်ဆိုရင် အတွင်းဘက်နယ်မြေက သိုင်းသမားတွေရဲ့ အဆင့်၃ကနေ၁အထိ ခွန်အားထက် ပိုပြီးတော့ သာတယ်..'

'ဘာပဲဖြစ်ဖြစ် ရွှီယန်ဆီမှာ ကျောက်စိမ်းအရိုး အခြေခံရှိတယ်။ ဒ့ါကြောင့် သူ့ရဲ့ခွန်အားက သာမန်ချီနဲ့သွေးအဆင့်ထက် အများကြီး ပိုပြီးတော့ သာလွန်တယ်..'

'ဒါ့ကြောင့် အဆင့်ကျော်ပြီးတော့ မူလအဆင့် သိုင်းသမားတစ်ယောက်နဲ့ တိုက်ခိုက်နိုင်တာ။ သူ့မှာ ရွှေအရိုးအခြေခံရှိရင်လည်း မူလအဆင့်နဲ့ တိုက်ခိုက်နိုင်လောက်သေးတယ်..'

'ဒါပေမယ့် ကြေးအရိုး သို့မဟုတ် သံအရိုး အခြေခံနဲ့  သွေးနဲ့ချီအဆင့်မှာ ဆိုရင်တော့ သိုင်းသခင်အဆင့်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့ဘူး..'

'ဒါပေမယ့် အဲ့လိုဆိုရင်တောင် အဆင့်၃ကနေ၁အထိ သိုင်းသမားတွေထက် ပိုမို သန်မာလောက်သေးတယ်..'

လီရွှမ်က သူ၏စိတ်ထဲတွင် သုံးသပ်မှုပြုကာ သိုင်းစနစ် နှစ်ခုအကြား ခွန်အားခြားနားချက်ကို  အကြမ်းဖျင်း တွက်ချက်သည်။

အတွင်းဘက်နယ်မြေတွင် သိုင်းသခင်များ၏ ခွန်အားက ပထမအဆင့် သိုင်းသမားများထက် များစွာ သာလွန်ပေလိမ့်မည်။

'သိုင်းသခင် တစ်ယောက်က အတွင်းအားချီကို ကျင့်ကြံတယ်။ ဒါက နာမည်ပြောင်းတာပဲ ရှိမှာ။ အဲ့ဒါကို အစစ်အမှန်ချီလို့လည်း ခေါ်လို့ရမှာ..'

'ဒါပေမယ့် ကျင့်ကြံပုံကတော့ ခြားနားတယ်။ သူတို့ကျင့်ကြံကြတဲ့ အစစ်အမှန်ချီက မူလအဆင့်ရဲ့  စွမ်းအား၊ သန့်စင်မှုနဲ့ အရေအသွေးထက် နိမ့်ပါးတယ်..'

'ငါက မူလအဆင့်ရဲ့ စတင်မှုမှာပဲ ရှိသေးပေမယ့်  ခွန်အားအရာကို ကြည့်မယ်ဆိုရင် အတွင်းဘက်နယ်မြေရဲ့ စစ်ဘုရင်တစ်ယောက်ထက် မနိမ့်ကျလောက်ဘူး..'

လီရွှမ်က နှိုင်းယှဉ်မှု ပြုပြီးနောက် စိတ်ထဲတွင် ချင့်ချိန်စဉ်းစားသည်။

ချီနှင့်သွေးအဆင့်ကို အတွင်းဘက် နယ်မြေရှိ ထိပ်ဆုံးသိုင်းအဆင့် ၃ခုနှင့် တူညီသည်ဟု ဆိုနိုင်ပေမယ့် ချီနှင့်သွေးအဆင့်ရှိ သိုင်းသမား တစ်ယောက်မှာတော့ အတွင်းဘက်လောက၏ အဆင့်တစ် သိုင်းသမားတစ်ယောက်ထက် ခွန်အားအရာတွင် ပိုမိုသန်မာနေမှာ ဖြစ်သည်။

All Chapters