စစ်မှန်သည့်သိုင်းပညာနှင့် အတုအယောင် သိုင်းပညာ(၃)
Vol. 6 Ch. 81
ဤနည်းအားဖြင့် သာလျှင် သူသင်ကြားပေးသည့် သိုင်းပညာကို စစ်မှန်သည့် သိုင်းပညာလမ်းစဉ် ဖြစ်သည်ဟု သက်သေပြနိုင် ပေလိမ့်မည်။
'ငါ့ရဲ့ သိုင်းပညာလမ်းစဉ်သာ ပျံ့နှံ့သွားရင်... ဟစ်စ်..'
လီရွှမ်က ရုတ်တရက် နားလည်လာခဲ့သည်။
သူ၏ သင်ကြားမှုများသာ ပျံ့နှံ့သွားပါက ၎င်းတို့သည် အတွင်းဘက်နယ်မြေရှိ တည်ရှိနေပြီး ဖြစ်သည့် သိုင်းပညာကို သေချာပေါက် အစားထိုးလာမှာ ဖြစ်သည်။
ထိုအခါ အငြင်းအခုန်များ ပေါ်လာမှာ ဖြစ်၏။
'ငါကိစ္စတွေကို လောလို့မရဘူး။ သတိကို ကြီးကြီးထားပြီး စိတ်ရှည်ရှည် နေရမယ်။ အနည်းဆုံးတော့ ငါ့ရဲ့တပည့်တွေ ပိုပြီးတော့ စွမ်းအားကြီးလာတဲ့အထိ စောင့်စားသင့်တယ်..'
လီရွှမ်က ဆုံးဖြတ်လိုက်၏။ သိုင်းပညာ၏ စစ်မှန်ခြင်းအတွက် အငြင်းပွားမှု ပေါက်ပေါက်ကာ ကိစ္စများကို အလောတကြီး ဖြစ်ပွားစေလိုက်ပါက မုန်တိုင်းမှာ သူ၏ လက်ရှိခွန်အားနှင့် ရင်ဆိုင်ရန် အလွန်ကြီးမား နေမှာ ဖြစ်သည်။
ထို့အပြင် သူ၏ ရည်ရွယ်ချက်ပန်းတိုင်က သိုင်းပညာများကို ဖန်တီးပြီး ပါရမီရှင် တပည့်များကို လက်ခံကာ ကိုယ့်ကိုယ်ကို ပိုမိုသန်မာ ပြိုင်ဖက်ကင်းလာအောင် ပြုလုပ်ရန် ဖြစ်သည်။
ခွန်အားကြီးလာခြင်း လမ်းကြောင်းအတွက် အနှောင့်အယှက် အတားအဆီးများ ဖြစ်သည့် ငြင်းခုန်ခြင်းကဲ့သို့သော ကိစ္စများတွင် နစ်မွန်းနေလို့ မဖြစ်ပေ။
'ငါတို့တွေ စွန့်ပစ်ဒေသကနေပဲ စတင်ရမယ်..'
လီရွှမ်က သူ၏ အစီအစဉ်ကို စတင် စဉ်းစားသည်။ သူ၏ သိုင်းပညာကို စွန့်ပစ်ဒေသတွင် စတင် ဖြန့်ကျက်ကာ စွန့်ပစ်ဒေသရှိ ခွန်အားအဆင့်တို့ မြင့်တက်လာမှ သူတို့ကို အတွင်းဘက်နယ်မြေသို့ သွားရောက်ကာ စွန့်စားမှု ထွက်ခိုင်းရပေမည်။
ဤနည်းအားဖြင့် သူ၏ သိုင်းပညာက တဖြည်းဖြည်းသာ ပျံ့နှံလာမည် ဖြစ်၏။ ထိုအခါ စစ်မှန်မှု အတွက် အငြင်းပွားမှုတို့ မြင့်တက်လာလျှင်တောင် သူ့အနေနှင့် နောက်ကွယ်မှ ပုန်းအောင်းကာ အဖြစ်အပျက်များကို ကြည့်ရှု့နိုင်ပါသည်။
စွန့်ပစ်ဒေသတွင် သူတို့၏ ကိုယ်ပိုင်သိုင်းပညာ လမ်းစဉ်အား ခုခံလိုသည့် သိုင်းသမားများ ပေါ်ထွက်လာမှာ သေချာ၏။
သို့ပေမယ့် ဤသည်မှာ အကြမ်းဖျင်း စိတ်ကူးတစ်ခုသာ ဖြစ်ပါသည်။ အကောင်အထည် ဖော်မည်လား။ မည်ကဲ့သို့ အကောင်အထည် ဖော်ရမည်နှင့် အောင်မြင်မှု ရရှိမည်လား ဟူသည် အားလုံးကတော့ သေချာခြင်း မရှိသေးပေ။
ယခုအချိန်၌ အရေးအကြီးဆုံး ကိစ္စမှာ ကိုယ့်ကိုယ်ကို ခွန်အားမြှင့်တင်ပြီး တပည့်များကို အမြန်ဆုံး သန်မာလာအောင် ပြုလုပ်ရန် ဖြစ်သည်။
သူ၏ တပည့်များ ပိုမိုသန်မာလာပြီး သူဖန်တီးလိုက်သည့် ကျင့်စဉ်များကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်မှ သာလျှင် သူလည်း ပိုမိုကြီးမားသည့် ဆုကြေးများကို ရိတ်သိမ်းနိုင်မည် ဖြစ်သည်။
မျက်နှာတွင် မျှော်လင့်ချက်တို့ဖြင့် ပြည့်နက်နေသည့် ရွှီယန်ကို ကြည့်ကာ လီရွှမ်က ခေါင်းငြိမ့်ပြီး ပြောသည်။
"ကောင်းပြီ။ ဒီနေ့တော့ မင်းကောင်းကောင်း အနားယူလိုက်ဦး။ ရွှယ့်ဝူရှင်းနဲ့ တိုက်ပွဲက ရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ သင်ယူမှုတွေကို ကြေညက်အောင် လုပ်လိုက်ဦး။ မနက်ဖြန်ကျမှ ငါ့ကိုလာတွေ့လှည့်.."
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်၏။
"ဆရာ.. ကျွန်တော် သုံဟယ်မြို့ကို ခရီးတစ်ထောက် ပြန်ဖို့ရှိပါသေးတယ်.."
သူသည် သုံဟယ်ရှိ အိမ်တွင် အဖိုးတန်ဓားကို ထားခဲ့၏။
"ကောင်းပြီ.."
လီရွှမ်က ခေါင်းငြိမ့်၏။
ရွှီယန်က လျှင်မြန်စွာ ထွက်ခွာသွားသည်။
သူထွက်ခွာသွားပြီးနောက် လီရွှမ်၏ အကြည့်က နက်ရှိုင်းစွာ ကျင့်ကြံနေသည့် မုန့်ချုံအပေါ်သို့ ကျရောက်သွား၏။
ထို့နောက် ယခုမှ ပြန်လာကာ အဖြစ်အပျက်တို့အား နားလည်နိုင်ခြင်း မရှိသေးသည့် ရှီအာအား ခေါင်းလှည့်ကြည့်သည်။
"မင်း မုန့်ချုံအတွက်ပဲ စားစရာတွေကို ပြင်ဆင်လိုက်.."
"ဟုတ်ကဲ့ပါ သခင်.."
ရှီအာက လေးစားစွာ ပြန်ကြားသည်။
လီရွှမ်က ကုလားထိုင်ပေါ်မှ ထကာ လက်တစ်ဖက်တွင် ရွှယ့်ဝုရှင်း၏ ဓားရှည်ကိုကိုင်ပြီး အခြားတစ်ဖက်နှင့် ရွှယ့်ဝူရှင်း၏ အိတ်ကိုဆွဲကာ သူ၏အခန်းဆီသို့ သွားရောက်၏။
သူက ဒီအထုပ်ကို တမင်ချန်ထားခြင်း ဖြစ်သည်။ အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဓားရှည်ကို ဘေးတွင်ချသည်။ ဓားက သာမန် သံမဏိဓားတစ်ချောင်း မဟုတ်ပေ။ အစစ်အမှန် စွမ်းအင်ကို သယ်ဆောင်နိုင်သည့် အဖိုးတန်ဓားတစ်ချောင်း ဖြစ်၏။
အိတ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် အတွင်းထဲ၌ သွေးစွန်းနေသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။
သိသာစွာပင် တစ်ချက်ကြည့်သည်နှင့် ဤသည်မှာ ကောင်းမွန်သည့် ပစ္စည်းတစ်ခု မဟုတ်ပေ။
'ရွှယ့်ဝူရှင်း ကျင့်ကြံတဲ့ သိုင်းပညာပဲ..'
လီရွှမ်က ဝမ်းသာသွား၏။ အမှန်တကယ်ကို အကျိုးအမြတ်များ ရှိခဲ့၏။
သူက စာအုပ်ငယ်ကို ထုတ်လိုက်သည်။ အိတ်အတွင်းထဲတွင် အဖြူရောင် ပုံဆောင်ခဲ နှစ်ခုတို့လည်း ရှိ၏။ လီရွှမ်က ၎င်းတို့ကို ထုတ်လိုက်ပြီးနောက် အထဲတွင်ပါဝင်သည့် စိတ်ဝိဉာဉ်စွမ်းအင်ကို ခံစားလိုက်ရသည်။
'ဒါတွေက စိတ်ဝိဉာဥ်ကျောက်တုံး သို့မဟုတ် စိတ်ဝိဉာဥ်ပုံဆောင်ခဲတွေ ဖြစ်မယ်။ အတွင်းဘက်နယ်မြေက ပစ္စည်းတွေပေါ့..'
အတွင်းဘက်နယ်မြေရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတည်ရှိမှုက ညင်သာသည့် စိတ်ဝိဉာဉ်စွမ်းအင်ကို ရရှိစေပြီး စိတ်ဝိဉာဥ်စွမ်းအင် ပါဝင်သည့် ကျောက်မျက်တုံးများ တည်ရှိနေခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
စိတ်ဝိဉာဥ်စွမ်းအင်ကို သိုလှောင်နိုင်သည့် ကျောက်မျက်တုံးများမှာ စိတ်ဝိညာဉ်ကျောက်တုံး သို့မဟုတ် စိတ်ဝိဉာဥိပုံဆောင်ခဲများ ဖြစ်မှာပါ။
သို့ရာတွင် ၎င်းတို့၏ အလွန် ရှားပါးမှုက သိသာလှ၏။ ဘာပဲဖြစ်ဖြစ် ရွှယ့်ဝူရှင်းသည် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်ပါသည်။ သို့ပေမယ့် နှစ်ခုသာလျှင် ရှိ၏။
သူ့အနေနှင့် ဒဏ်ရာကုသခြင်း အတွက်လည်း ကိုယ်ပိုင်သွေးအဆီအနှစ် အပေါ်ကိုသာ မှီခိုရန်လိုပြီး စိတ်ဝိဉာဉ်ပုံဆောင်ခဲများ အပေါ်တွင် မှီခိုခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဒဏ်ရာကုသခြင်း အတွက် ကုန်ဆုံးသွားသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဟူ၍ ရှိမည် မဟုတ်ပါ။
ထို့ကြောင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများမှာ သူကဲ့သို့သော သိုင်းသခင်တစ်ယောက်တွင်ပင် အများကြီး ပိုင်ဆိုင်နိုင်ခြင်း မရှိလောက်အောင် ရှားပါးသည်ဟု ဆိုလိုနေပါသည်။