← Chapters

အတွင်းပိုင်းနယ်မြေမှ ခရီးသည်များ၊ စိတ်လှုပ်ရှားနေသည့် အိမ်ရှေ့စံမင်းသား

Vol. 6 Ch. 90

အတွင်းပိုင်းနယ်မြေမှ ခရီးသည်များ၊ စိတ်လှုပ်ရှားနေသည့် အိမ်ရှေ့စံမင်းသား

Vol. 6 Ch. 90

"ဟုတ်ကဲ့ပါဆရာ.. တပည့် သေချာပေါက် နားလည်သဘောပေါက်အောင် လုပ်ပါမယ်။ ဆရာ့ကို စိတ်မပျက်စေရပါဘူး.."

မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်သည်။

"ဆရာမင်းကို ယုံပါတယ်.."

လီရွှမ်က ခေါင်းငြိမ့်၏။ သူ၏ ပုံရိပ်က လေထဲသို့ ပျံသန်းသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွား၏။

မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး ဆရာဖြစ်သူ လေမိုးကြိုး ဗာဂျရာလက်သီးကို သရုပ်ပြခဲ့စဉ်က ကျန်ရစ်ခဲ့သည့် အကြွင်းအကျန် ပုံရိပ်များကို ကြည့်သည်။

သူက မျက်လုံးများကို မှိတ်ကာ ဆရာဖြစ်သူ လေမိုးကြိုးဗာဂျရာ လက်သီးအား ပြသခဲ့သည့် ပုံရိပ်များကို စိတ်ထဲ၌ ပြန်လည် ပုံဖော်လိုက်၏။

ပြင်းထန်ကာ မြန်ဆန်သည်။ မိုးကြိုးကဲ့သို့ စွမ်းအားရှိသည်။ လေကဲ့သို့ အားကောင်းကာ အရာအားလုံးကို ဖောက်ထွင်းသည်။

ကြောက်စရာကောင်းသည့် စွမ်းအားက မုန့်ချုံကို ထိတ်လန့်စွာပင် ခံစားရစေ၏။ ဤသည်မှာ အမှန်တကယ်ပင် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းက လူတစ်ယောက် ထုတ်ဖော်နိုင်သည့် ခွန်အားလေလား။

'ဆရာက မင်းကို လက်သီးရဲ့လမ်းစဉ်ကို သင်ပေးတာ။ လှုပ်ရှားကွက်တွေ မဟုတ်ဘူး..'

'ဒါက လေမိုးကြိုး ဗာဂျရာလက်သီးရဲ့ လမ်းစဉ်ပဲ... ငါဖမ်းဆုပ်ဖို့ လိုတာက အဲ့ဒါရဲ့ မိုးကြိုးလို မြန်ဆန်မှုနဲ့ လေလိုမျိုး မြင်နိုင်ခြင်းမရှိဘဲ အရာအားလုံးကို ဖောက်ထွင်းနိုင်တဲ့ သဘောတရားပဲ။ ဆရာပြသခဲ့တဲ့ လက်သီးကွက်တွေကို မဟုတ်ဘူး..'

မုန့်ချုံက နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို ဆက်တိုက်သတိပေးနေ၏။ ဤသည်က သူ့ကို သရုပ်ပြစဉ်အတွင်း ဆရာပြသခဲ့သည့် ရွေ့လျားကွက်များကို ထားကာ လေနှင့်မိုးကြိုး၏ သဘာဝကို ပိုမို အာရုံစိုက်မိစေသည်။

တီထွင်ထားသည့် လေမိုးကြိုး ဗာဂျရာ လက်သီးသိုင်းကို မုန့်ချုံအား လက်ဆင့်ကမ်းပေးပြီးနောက် လီရွှမ်သည် စိတ်သက်သာရာရစွာ ခံစားလိုက်ရသည်။

ရှီအာ၏ ကျင့်ကြံမှုတွင် ရံဖန်ရံခါ ညွှန်ကြားမှုအချို့ ပြုလုပ်ပေး၏။

မုန့်ချုံ၏ နားလည်သဘောပေါက်နိုင်မည်လား ဟူသည်ကတော့ သူ့အနေနှင့် ပြဿနာမရှိဟု ယုံကြည်ပါသည်။

နားလည်သဘောပေါက်ရန် အချိန်မည်မျှ ကြာမည်နည်းမှာတော့ ခန့်မှန်းနိုင်ခြင်း မရှိပါ။ သို့ပေမယ့် အရမ်းကြီး ရှည်ကြာမည် မဟုတ်ပါ။

နေ့စဉ်နေ့တိုင်း မုန့်ချုံသည် တောတောင်ထဲတွင် အချိန်ကုန်ကာ လေမိုးကြိုး ဗာဂျရာလက်သီးကို လေ့လာနေပြီး ဆရာဖြစ်သူ သရုပ်ပြစဉ်က ပေါ်ပေါက်လာသည့် စွမ်းအားကြီးမားသည့် ခွန်အားက စိတ်ထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။

တဖြည်းဖြည်းနှင့် ထိုစွမ်းအားသည် သူ၏စိတ်ထဲတွင် တံဆိပ်ခပ် စွဲထင်လာ၏။ ထို့နောက် သေသေချာချာ လေ့လာသည်။

ထိုအချိန်မှ စတင်ပြီး မုန့်ချုံသည် မနက်စောစော အပြင်ထွက်ကာ နောက်ကျမှ ပြန်လာခဲ့သည်။ နေ့စဉ်နေ့တိုင်း တောတောင်ထဲသို့ သွားကာ လက်သီးသိုင်းကို ကျင့်ကြံ၏။

စိတ်ထဲရှိ ဆရာဖြစ်သူ သရုပ်ပြသခဲ့သည့် လေမိုးကြိုး ဗာဂျရာလက်သီးသိုင်း၏ စွမ်းအားက ပိုမို နက်ရှိုင်းကာ ဆွဲထင်လာခဲ့သည်။

ထိုအချိန်များတွင် လီရွှမ်က ရွှီယန်၏ မူလအဆင့်သို့ ချိုးဖြတ်မည်အား စောင့်စားနေ၏။ ရွှီယန်သာ အဆင့်ချိုးဖျက်ပါက သူ့ကို မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အား စတင်သင်ကြားနိုင်ပါပြီ။

သိုင်းပညာ၏ လမ်းစဉ်အား ရွှီယန်ကို စတင် ဦးဆောင်ဖွင့်လှစ်ခိုင်းရန် လိုအပ်သေး၏။

မုန့်ချုံ၏ အနာဂတ် ကျင့်ကြံခြင်းအတွက် မဟာဗျူဟာနှင့် ကျင့်ကြံခြင်း နည်းလမ်းများ၊ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်၏ နောက်ဆက်တွဲ ဖွဲ့စည်းပုံများအတွက်မူ လီရွှမ်က ပြင်ဆင်ထားပြီး ဖြစ်သည်။

ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းစနစ်က တဖြည်းဖြည်းနှင့် ပြည့်စုံလာပြီး ဖြစ်၏။ သို့ရာတွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းအတတ်၏ မူလအဆင့်အား လက်ဆင့်ကမ်းပေးရန်မှာ မုန့်ချုံ၏ လေမိုးကြိုး ဗာဂျရာလက်သီးကို နားလည်သဘောပေါက်မှုအား စောင့်စားရန် လိုအပ်ပါသည်။

ယခုအချိန်၌ အကောင်းဆုံးမှာ သူ့ကို အရမ်းကြီး အနှောင့်အယှက် မပေးခြင်း ဖြစ်၏။ ထိုအခါ ကြောင့်ကျမှုများကာ တိုးတက်မှုတို့ နှေးကွေးသွားမှာပါ။

အဆုံးမဲ့တောင်များတွင် ချီနိုင်ငံ၏ အကြီးဆုံးမင်းသားက သိုင်းသမားတစ်စု၏ အကာအကွယ်အောက်တွင် တောင်များအတွင်း၌ ဆက်လက်ရှာဖွေ စူးစမ်းနေ၏။

တဖြည်းဖြည်းနှင့် တောနက်ပိုင်းသို့ ဖြတ်ကျော် ရောက်ရှိလာခဲ့သည်။

"စွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်မှာလဲ.."

အကြီးဆုံးမင်းသား၏ မျက်နှာက တောင့်တမှုတို့ဖြင့် ပြည့်နက်နေ၏။ ပုလ္လင်၏ ဆက်ခံသူအတွက် ယှဉ်ပြိုင်ပွဲတွင် သူရရှိခဲ့သည့် နေရာမီာ ရုတ်တရက် ပျောက်ကွယ်သွားပေတော့မည်။

ထိုအရာအားလုံးတို့မှာ ရွှီယန်ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်၏။ တစ်ဖက်လူ၏ စွမ်းအားကြီးမားသည့် သိုင်းပညာက တော်ဝင်ဖခင်ကို ဦးညွှတ်စေခဲ့သည်။ ချီနိုင်ငံ၏ တော်ဝင်မိသားစု တစ်ခုလုံးကို ဦးညွှတ်စေခဲ့၏။

ကောရုန်ရှန်သည် ဧကရာဇ်၏ ဒုတိယ၌ ရှိပုံပေါ်ပေမယ့် အမှန်တကယ်တွင် ချီနိုင်ငံ၌ သူ၏ စိတ်ဆန္ဒကို ဆန့်ကျင်ရဲသည့်လူ မည်သူမှ မရှိပေ။ သူ၏ ဖခင်ကိုယ်တိုင်ပင် ဖြစ်၏။

ယခုအချိန်အထိ ကောရုန်ရှန်သည် မည်သည့် လွန်ကျူးသည့် ကိစ္စကိုမှ ပြုလုပ်ခြင်း မရှိသေးပါ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူ့ကို ပညာရှိတစ်ပါး ဟူသည့် ဂုဏ်သတင်းဖြင့် ချည်နှောင်ထားသောကြောင့် ဖြစ်ပြီး ထိုဂုဏ်သတင်းအား ပျောက်ဆုံးသွားမည်ကို မလိုချင်သောကြောင့်သာ ဖြစ်၏။

ထို့အပြင် ယခုအချိန်၌ အကြီးဆုံးမင်းသား၏ မျက်လုံးများက ပွင့်လာပြီး သေမျိုးလောက၏ စည်းစိမ်တို့ကို စိတ်ဝင်စားခြင်း မရှိတော့ပါ။

သူ၏ စွမ်းအားကြီးပုဂ္ဂိုလ်အား ရှာဖွေခဲ့သည့် တာဝန်သည် သူကိုယ်တိုင်အတွက်သာ မဟုတ်ဘဲ ချီနိုင်ငံတစ်ခုလုံးနှင့် တော်ဝင်မိသားစုအတွက်လည်း ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ခံစားရ၏။

"ကောရုန်ရှန်ရဲ့ သားမက်ဆီကနေ ပိုင်ဆိုင်မှုအားလုံး သိမ်းယူဖို့အတွက် ကိစ္စကို ဘယ်သူစပြီး အကြံပေးခဲ့တာပါလိမ့်.."

အကြီးဆုံးမင်းသားက အံကိုကြိတ်ကာ တိတ်တဆိတ် စဉ်းစား၏။ သူတို့သာ ရွှီယန်၏ ပိုင်ဆိုင်မှုများကို အရင်ဆုံး လုယူရန် မကြံစည်ခဲ့ပါက ယခုကဲ့သို့ အရှုပ်အထွေးကြား အတွင်းသို့ ကျရောက်မည် မဟုတ်ပါ။

"အရှင်သား.. ကျွန်တော်တို့တွေ ဒီအဆုံးမဲ့တောင်ထဲကို မိုင်၅၀၀အကျော်တောင်မှ ဝင်ရောက်ခဲ့ ပြီးပါပြီ။ ဆက်ပြီးတော့ သွားဦးမှာလား မသိဘူး.."

အကြီးဆုံးမင်းသား၏ နောက်မှလိုက်သည့် မိန်းမစိုးက စိုးရိမ်စွာ မေးသည်။

စစ်မက်အမတ်ကြီး၏ သားဖြစ်သူသည် အဆုံးမဲ့တောင်များအတွင်း၌ မိုင်၅၀၀အကျော်တွင် မတော်တဆဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပြီး အသေဆိုးနှင့် သေခဲ့ရ၏။

ဤသည်မှာ လက်ရှိလားရာတွင်တော့ မဟုတ်ပါ။ မိုင်၁၀၀လောက် အဝေးရှိ နောက်ထပ် တောင်လမ်းကြောင်း လားရာတစ်ခု၌ ဖြစ်၏။

အကြီးဆုံးမင်းသားက ပတ်ဝန်းကျင်ကို စူးစမ်းစွာကြည့်သည်။ ယခုအချိန်၌ သူတို့၏ စိတ်ကူးမှာ ဘယ်ညာနှစ်ဖက်အား စူးစမ်းရှာဖွေရန် ဖြစ်၏။ အတွင်းသို့ နက်ရှိုင်းစွာ ဆက်လက်သွားပါက အန္တရာယ်များမှာပါ။

သူကအဖွဲ့ကို ကြည့်လိုက်သည်။ အားလုံးတို့မှာ သိုင်းသမားများဖြစ်ကြ၏။ နန်းတော်အတွင်းရှိ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ ၁၀ယောက်ကျော်ပင် ပါဝင်သေးသည်။

ဒီအုပ်စု၏ တိုက်ခိုက်မှု စွမ်းအားမှာ စစ်မက်အမတ်ကြီး၏ သားဖြစ်သူတို့တုန်းက စွမ်းအားထက် များစွာ ပိုမိုသာလွန်၏။ အန္တရာယ်အား ကြုံတွေ့ရလျှင်တောင် အကူအညီမဲ့စွာဖြင့် မည်သည်မှ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်နေမည်မဟုတ်ပါ။

သူတို့တွင် ခုခံရန်အတွက် မည်သည့်နည်းလမ်းမှ မရှိလျှင်တောင် လူများစွာတို့ ရှိနေရာ သားရဲကောင်အတွက် အားလုံးကို သွေးစုပ်နိုင်ခြင်း မရှိခင် ဗိုက်ဝသွားလောက်ပါသည်။

အကြီးဆုံးမင်းသားက အံကိုကြိတ်ကာ ပြောသည်။

"ရှေ့ကို ဆက်ပြီးတော့ သွားရှာဦးမယ်.."

လူတစ်ယောက်သည် ကောင်းကျိုးချမ်းသာကို ရရှိရန်အတွက် စွန့်စားမှုတို့ကို ရင်ဆိုင်ရန် လိုအပ်ပါသည်။

သိုင်းသမားများလည်း ထိုနည်း၎င်းပင် ဖြစ်၏။

"ဟုတ်ကဲ့ပါ။ အရှင်မင်းသား.."

မိန်းမစိုးက သဘောတူစွာ ခေါင်းငြိမ့်ပြီး အမိန့်ကို သွားရောက်ပြန်ကြား၏။

သို့ရာတွင် သူ့ကိုယ်သူ စဉ်းစားသည်။

'စစ်မှန်တဲ့ သိုင်းပညာဆိုတာက ငါ့ရဲ့အမြစ်ကို ပြန်ပြီးတော့ ကြီးထွားနိုင်မှာလား မသိဘူး။ ဒါမှမဟုတ် အမြစ်မရှိတာက ကျင့်ကြံရာမှာ သက်ရောက်မှာ များလား..'

သူသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပြည့်စုံခြင်း မရှိပေမယ့် သိုင်းပညာအတွက် မျှော်လင့်ချက်တို့ ရှိနေဆဲ ဖြစ်သည်။

အကြီးဆုံးမင်းသား၏ လူ၃၀၀ကျော်သည့် အုပ်စုသည် လက်နက်အပြည့်အစုံ ဝတ်ဆင်ထားကြ၏။ သူတို့ ဖြတ်ကျော်သွားသည့် နေရာတိုင်းတွင် သားရဲများ ထွက်ပြေးကုန်ပြီး တောင်ကိုတက်ကာ မြစ်ကို ဖြတ်ကူးခဲ့ကြသည်။

လမ်းတလျှောက်တွင် မည်သည့်အန္တရာယ်ကိုမှ ကြုံတွေ့ခဲ့ခြင်းမရှိပေ။

ရံဖန်ရံခါ အဆိပ်ရှိမြွေများ ပေါ်လာသောအခါ လူအုပ်စု၏ အတွင်းဘက်ပိုင်းသို့ မရောက်ခင်တွင်ပင် ခုတ်ပိုင်းခြင်းကို ခံကြရ၏။

အစောင့်များသည် သားရေချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး မြွေနှင့်အင်းဆက်များ ကြောက်ကြသည့် အနံ့များကို လိမ်းကြံထားသည်။

ဤသည်ကား အဆိပ်ရှိမြွေ အများစုတို့ကို အဝေးမှ လှည့်ကွင်းသွားစေ၏။

"စွမ်းအားကြီး ပုဂ္ဂိုလ်တွေက ဘယ်မှာတောင် ရှိနေတာလဲ.."

အကြီးဆုံးမင်းသား၏ စိတ်အခြေအနေက အနည်းငယ် ကျဆင်းလာခဲ့သည်။

အဆုံးမဲ့တောင်များ၏ နက်ရှိုင်းသည့် အတွင်းတွင် ပုံရိပ်နှစ်ခုတို့ သက်တောင့်သက်သာ လမ်းလျှောက်နေကြ၏။

သူတို့၏ ခြေထောက်များက မြေပြင်နှင့် ထိခြင်းမရှိဘဲ သစ်ပင်များအကြား၌ ပျံဝဲနေသည့်အလား ရှိနေပါသည်။

ရုတ်တရက် ဟိန်းသံတစ်ခု ပေါ်လာခဲ့ပြီး ကြီးမားသည့် ကျားကြီးတစ်ကောင် ခုန်အုပ်လာခဲ့၏။ ရှေ့ရှိ ပုံရိပ်မှာ အသက်၂၀လောက် ရှိသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူက အရောင်စုံသည့် ကျားကြီးကို ကြည့်ကာပြုံး၏။

"ဒါက မျက်လုံးနီကျားလား.."

သူ၏နောက်မှ နီးကပ်စွာလိုက်နေသည့် လူလတ်ပိုင်း လူကြီးက ခေါင်းငြိမ့်ပြီးနောက် ပြောသည်။

"ဟုတ်ပါတယ်။ သခင်လေး.."

မျက်လုံးနီကျားက ရှေ့သို့ခုန်အုပ်ကာ သူ၏ စွမ်းအားကြီးမှုကို ပြသတော့မည့် အချိန်၌ လူငယ်၏အကြည့်ကို တွေ့လိုက်ရပြီး ချက်ချင်းပင် ကြောက်ရွံ့သွားကာ မြေပြင်ပေါ်၌ လိမ္မာသည့် ကြောင်ကြီးတစ်ကောင်သဖွယ် ဝပ်တွားသွားသည်။

လူငယ်ကပြုံးကာ အဆုံးမဲ့တောင်များ၏ အလွန်သို့ လှမ်းမျှော်ကြည့်၏။

All Chapters