← Chapters

မူလစိတ်ဝိဉာဉ်အရိုး၊ လေမိုးကြိုး ဗာဂျရာလက်သီး(၂)

Vol. 6 Ch. 89

မူလစိတ်ဝိဉာဉ်အရိုး၊ လေမိုးကြိုး ဗာဂျရာလက်သီး(၂)

Vol. 6 Ch. 89

လီရွှမ်က တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေ၏။ ရွှီယန်၏ ထိုလက်ဝါးချက်ကို တွေ့လိုက်ရသည်နှင့် ရလဒ်ကို သူသိလိုက်သည်။ မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်က ချိုးဖျက်ခံရတော့မှာပါ။

သို့ပေမယ့် ရွှေခေါင်းလောင်းအား ချိုးဖျက်ခြင်း ခံရလျှင်တောင် ရွှီယန်၏ လက်ဝါးမှ စွမ်းအားဟာလည်း လုံးဝ ပျောက်ပျက်လုနီးပါး ဖြစ်သွားမှာပါ။ မုန့်ချုံအပေါ် မည်သည့် ထိခိုက်မှုမှ မရှိစေဘဲ ရှိနေမှာ ဖြစ်၏။

မုန့်ချုံ၏ သန်မာသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ဤသည်ကို ခံနိုင်ရည် ရှိပါသည်။

ခန္ဓာကိုယ်ကျင့်ကြံသူများသည် ရွှေခေါင်းလောင်းအကာအကွယ် ပျက်စီးသွားပြီးနောက် မည်သည့်ပြင်းထန်သည့် ဒဏ်ရာကိုမှ ရရှိမည် မဟုတ်ပါ။

ဤသည်မှာ ခန္ဓာကိုယ်အပေါ်ရှိ အကာအကွယ်

အလွှာ တစ်ခုသာ ဖြစ်၏။ စစ်မှန်သည့် ခွန်အားမှာ သူတို့၏ အသွေးအသား ခန္ဓာကိုယ်အပေါ်တွင် တည်ရှိနေဆဲ ဖြစ်သည်။

ထင်ထားသည့် အတိုင်းပင်။ ထိုလက်ဝါးချက် တစ်ချက်နှင့် မုန့်ချုံ၏ ခန္ဓာကိုယ်အပေါ်ရှိ ရွှေရောင်အလင်းလွှာက အက်ကွဲသံတစ်ခုနှင့်အတူ ပျက်စီးသွားခဲ့ပြီး ရွှီယန်၏ လက်ဝါးက မုန့်ချုံ၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။

မုန့်ချုံက နောက်သို့ ယိုင်သွား၏။ ထို့နောက် သူ၏ချီနှင့်သွေးတို့ မြင့်တက်လာပြီး ရွှေရောင်အလင်းက လျှင်မြန်စွာ ပြန်လည် ဖုံးလွှမ်းသွားပြန်သည်။

"ဟုတ်ပြီ။ ဂျူနီယာညီလေး.. ထပ်ပြီးတော့ တိုက်ရအောင်.."

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် အသံပြု၏။

သူ၏ ဒီလက်ဝါးချက်သည် ရွှေခေါင်းလောင်းအကာအကွယ်ကို ပျက်စီးသွားစေခဲ့ပေမယ့် လက်ဝါးအား အများစုတို့ ကုန်ခမ်းသွားပြီး မုန့်ချုံ၏ သန်မာသည့် ခန္ဓာကိုယ်အား မည်သည့် ထိခိုက်မှုမှ ဖြစ်ပေါ်စေခြင်း မရှိခဲ့ပါ။ ဒီတိုက်ခိုက်မှုနှင့် ခုခံမှု နှစ်ခုကို ညီမျှသည်ဟု ယူဆနိုင်၏။

"ကောင်းပြီ.."

ရွှီယန်က ခေါင်းငြိမ့်ကာ ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး လက်သီးချက်ကို ထိုးလိုက်၏။ သူသင်ယူထားခဲ့သည့် သိုင်းပညာများကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဤသည်က သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ခြင်း မရှိပေမယ့် တိုက်ခိုက်မှုမှာ အသုံးဝင်ဆဲ ရှိ၏။

နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုခြင်း မပြုပါ။ သို့ပေမယ့် အရင်က သင်ယူဖူးသည့် လက်ဝါးသိုင်းကို အသုံးပြုလိုက်၏။ နှစ်ယောက်သားက စတင် တိုက်ခိုက်ကြသည်။ ကျယ်လောင်သော အသံနှင့်အတူ သစ်ပင်များ တစ်ခုပြီးတစ်ခု လဲပြိုကုန်ကြ၏။

စိန်ရွှေရောင်အလင်းနှင့် အနီရောင်အလင်းတို့ တစ်ခုနှင့်တစ်ခု တွေ့ဆုံကြသည်။ ၁၅မိနစ်ပင် မကြာဘဲ သစ်တောတစ်ဝက်လောက် အပျက်အစီး အစအနများအဖြစ် ပြောင်းလဲသွား၏။

ရှီအာမှာ မှင်သက်နေပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သစ်အစအနများကိုပင် ဂရုစိုက်နိုင်ခြင်း မရှိပါ။ ပိုမိုပိုမိုကာ ပြင်းထန်လာသည့် တိုက်ပွဲကို ကြည့်ရှု့နေ၏။ အနည်းငယ် ပိုမိုနီးကပ်သွားပြီး တန်ပြန်အားတစ်ခုနှင့် ထိမိလျှင်တောင် သူ၏အရိုးများ ကျိုးပဲ့ပြီး နေရာတွင် သေဆုံးရလောက်သည်ဟု ခံစားနေရ၏။

'အခုအချိန်မှာ ငါ့ကိုယ်ငါ ပုရွဲဆိတ်တစ်ကောင်လို ခံစားလာရတယ်..'

ရှီအာက ကိုယ့်ကိုယ်ကို အကူအညီမဲ့စွာ စဉ်းစားသည်။

လီရွှမ်က တိတ်ဆိတ်စွာ ကြည့်နေ၏။ သူသည် တပည့်နှစ်ယောက်၏ ယှဉ်ပြိုင်ခြင်းမှ ပိုင်ဆိုင်ထားသည့် ခွန်အားတို့ကို တွေ့မြင်နိုင်နေပြီး ဖြစ်သည်။

'ရွှီယန်က ပိုပြီးတော့ သာနေသေးတယ်။ သူ့ရဲ့သိုင်းပညာက အရမ်းကို သန့်စင်တယ်။ သိုင်းပညာရဲ့ အခြေခံကလည်း သူ့ဆီကနေပဲ စတင်ခဲ့တာ..'

မုန့်ချုံက စွမ်းအားကြီးကာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သိုင်းပညာ အကာအကွယ်က အနှိုင်းမဲ့ပေမယ့် ဗာဂျရာစိန်အရိုးက ကျောက်စိမ်းအရိုးကဲ့သို့ ထူးကဲနေလျှင်တောင် ရွှီယန်ကို အနည်းငယ် ရှုံးနိမ့်နေဆဲ ဖြစ်သည်။

သိုင်းပညာ၏ သန့်စင်မှုနှင့် အခြေခံအရာတွင် ရွှီယန်က ပိုမိုသန်မာဆဲ ရှိ၏။ ဘာပဲဖြစ်ဖြစ် ဒီသိုင်းပညာများ၏ မြစ်ဖျားခံရာမှာ သူကျပန်းတီထွင်လိုက်သည့် ကျင့်စဉ်အား ရွှီယန်၏ နားလည်သဘောပေါက်မှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှီယန်၏ ပိုမိုထူးကဲသည့် ပါရမီအား လီရွှမ်အနေနှင့် အံ့သြခြင်း မရှိပါ။ ဒီလောကကြီးတလျှောက် ရှာဖွေကြည့်လျှင်တောင် ရွှီယန်ထက် သာလွန်သည့် တပည့်တစ်ယောက်ကို ရှာတွေ့ရန် သေချာပေါက် မဖြစ်နိုင်ပေ။

သူသည် တိုက်ပွဲကို ဆက်လက်ကြည့်ရှု့ခြင်း မပြုတော့ပါ။ စီနီယာအစ်ကိုတစ်ယောက် အနေနှင့် ရွှီယန်၏ တည်နေရာက ခိုင်မြဲ၏။ သူ၏ ခွန်အားက သံသယဝင်စရာ မကောင်းလောက်အောင် အသန်မာဆုံး ဖြစ်သည်။

"ဘုန်း.."

မုန့်ချုံက မောဟိုက်နေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် လက်ဝါးရာ များစွာတို့ ရှိနေ၏။ လူတစ်ကိုယ်လုံး နာကျင်နေပါသည်။

'ငါဆက်ပြီး တောင့်မခံနိုင်တော့ဘူး..'

သူက အကူအညီမဲ့စွာ ကြည့်သည်။ ရွှီယန်က ရပ်တန့်သွား၏။ သူ၏ မျက်နှာပေါ်၌ လေးစားသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

"ဂျူနီယာညီလေး.. မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုက တကယ့်ကို သန်မာတယ်.."

သူ့ထက်ပင် အနည်းငယ်သာ အားနည်းပါသည်။ အဆင့်တူတွင် သူမှလွဲ၍ မည်သူမှ ဂျူနီယာညီဖြစ်သူ၏ ခံနိုင်ရည်ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။

"မဆိုးပါဘူး။ အဆင့်တူတွေ အကြားမှာ စီနီယာအကိုပဲ ကျွန်တော့ရဲ့ အထက်မှာ ရှိနိုင်လိမ့်မယ်.."

မုန့်ချုံက ပြုံးသည်။

သူသည် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပေမယ့် စိတ်ပျက်သွားခြင်း မရှိပါ။ သူ၏ ပါရမီက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အပေါ်တွင် မူတည်နေ၏။ သူသာ စီနီယာအကို၏ ပင်ရင်းသိုင်းပညာစနစ်ကို ကျင့်ကြံပါက ယခုမျှရှိသည့် ခွန်အားကိုပင် ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ။

ယှဉ်ပြိုင်ဆွေးနွေးမှု ပြုလုပ်ပြီးနောက် နှစ်ယောက်သား ခြံဝန်းဆီသို့ ပြန်ခဲ့၏။ ရွှီယန်က ကိုယ့်ကိုယ်ကို ဆက်လက်တည်ငြိမ်အောင် ပြုလုပ်ကာ မူလအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်၏။

မုန့်ချုံက လီရွှမ်၏ ရှေ့သို့ ရောက်လာခဲ့သည်။

"ဆရာ.. ကျွန်တော် စတင်ခြင်းအဆင့်ကို ဝင်ရောက်သွားပြီ။ ဘယ်လိုလဲ မသိဘူး.."

သူကပြောရင်းနှင့် ကတုံးပြောင်ကိုကုပ်ကာ အရူးတစ်ယောက်ကဲ့သို့ ရယ်၏။

စီနီယာအကိုက နဂါးနိုင်လက်ဝါးသိုင်းကို ကျင့်ကြံရာ သူလည်းပဲ စွမ်းအားကြီးမားသည့် သိုင်းပညာတစ်ခုကို ကျင့်ကြံသင့်ပေသည်။

"ဆရာ.. ကျွန်တော် လက်ဝါးသိုင်းတွေကို မကျင့်ချင်ဘူး။ လက်သီးသိုင်းကိုပဲ သင်ချင်တယ်.."

မုန့်ချုံက ထပ်မံပြော၏။

"ကောင်းပြီ။ ငါမင်းကို မနက်ဖြန်ကျရင် သင်ပေးမယ်.." လီရွှမ်က ခေါင်းငြိမ့်သည်။ သူသည် ထိုအတွက် ပြင်ဆင်ထားပြီး ဖြစ်၏။

"ကျေးဇူးတင်ပါတယ် ဆရာ.."

မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်သည်။

နောက်တစ်နေ့တွင်..

ရွှီယန်နှင့် မုန့်ချုံတို့ ကျင့်ကြံခဲ့သည့် တောအုပ်သည် ယခုအချိန်၌ မည်သည့် သစ်ပင်ပန်းမန်မှ မရှိသည့် မြေကွက်လပ်တစ်ခု ဖြစ်နေခဲ့ပါပြီ။

လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်နေပြီး သူ၏ ခန္ဓာကိုယ်တွင် ဆန်းကြယ်သည့် အငွေ့အသက်တစ်ခု ဝန်းရံနေ၏။ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာသခင်တစ်ယောက်၏ အရှိန်အဝါက ထွက်ပေါ်လာခဲ့၏။

မုန့်ချုံက သူ၏ဘေးတွင် လေးစားစွာ ရပ်နေသည်။

"ငါတပည့်.. ငါမင်းကို သင်ပေးမှာက လမ်းစဉ်ပဲ။ နည်းပညာ မဟုတ်ဘူး။ အခု လက်သီးပညာမှာလည်း ငါမင်းကို သင်ပေးမှာက လက်သီးသိုင်းကွက်တွေ မဟုတ်ဘဲ လက်သီးရဲ့ အနှစ်သာရပဲ.."

လီရွှမ်က လေးနက်စွာဖြင့် ပြော၏။

"အနှစ်သာရဆိုတာ အတွင်းထဲမှာရှိတဲ့ အဓိပ္ပါယ်အပေါ် လေ့လာခြင်းနဲ့ နားလည်သဘောပေါက်မှုမှာ မူတည်တယ်.."

"မင်းသိထားရမှာက အနှစ်သာရကို နားလည်မှု ရလာမှပဲ လူတစ်ယောက်က ဆက်တိုက်ပိုမို ကြီးထွားသန်မာလာနိုင်တယ်.."

"နည်းပညာတွေ အားလုံးလည်း အဲ့ဒီ အနှစ်သာရထဲမှာပဲ ရှိနေကြတယ်.."

"ငါမင်းကို လက်သီးရဲ့ လမ်းစဉ်ကို သင်ပေးမယ်.."

"မင်းသာ နားလည်သဘောပေါက်နိုင်ရင် မင်းရဲ့ ကျင့်ကြံမှုအဆင့် မြင့်တက်လာတာနဲ့အမျှ အနှစ်သာရအပေါ် နားလည်မှုလည်း ပိုပြီးတော့ တိုးတက်လာလိမ့်မယ်.."

"လမ်းစဉ်အပေါ်မှာ ဆက်ပြီးတော့ လျှောက်လှမ်းနိုင်လိမ့်မယ်.."

"သိုင်းပညာမှာ အဆုံးသတ်မရှိဘူး။ ဒါ့ကြောင့် ဆရာတစ်ယောက်အနေနဲ့ ငါမင်းတို့ကို အမြဲတမ်း ညွှန်ကြားထောက်ပြနေတဲ့ စကားတစ်ခွန်း ရှိတယ်။ အဲ့ဒါက အသွင်သဏ္ဍာန်အပေါ်မှာ အာရုံစိုက်မယ့်အစား စစ်မှန်တဲ့အဓိပ္ပါယ်နဲ့ နားလည်သဘောပေါက်မှုကို အဓိက ထားသင့်တယ်လို့ပဲ.."

"နားလည်လား.."

မုန့်ချုံက လေးစားစွာ ခေါင်းငြိမ့်သည်။

"ဆရာ.. ကျွန်တော်နားလည်ပါပြီ.."

လီရွှမ်က ခေါင်းငြိမ့်ကာ နောက်သို့လှည့်ပြီး သူ၏ဒုတိယတပည့်ကို ကြည့်၏။

"အခု ငါမင်းကို သင်ပေးမှာက လေမိုးကြိုးဗာဂျရာလက်သီးပဲ။ လှုပ်ရှားကွက်တွေကိုတော့ လျစ်လျူရှု့ထားလိုက်။ အဲ့ဒီ့ရဲ့ အဓိပ္ပာယ်ကိုပဲ အာရုံထားပြီး သေသေချာချာကြည့်.."

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

သူက နှလုံးသားထဲတွင် သက်ပြင်းချ၏။

"ဆရာ့ရဲ့ သိုင်းပညာကမှ တကယ့်ကို စစ်မှန်တဲ့ သိုင်းပညာပဲ.."

လီရွှမ်က လက်ကိုမြှောက်ကာ လက်သီးများကို ဆုပ်လိုက်သည်။ အစစ်အမှန်ချီနှင့် ပေါင်းစပ်ပြီးနောက် လက်သီးချက်တစ်ခုကို ထုတ်လွှတ်လိုက်၏။

ထိုလက်သီးချက်က ထည့်ဝါလှသည့် အစစ်အမှန်ချီတို့ကို ထွက်ပေါ်လာစေပြီး စွမ်းအားက အံ့သြစရာကောင်းလွန်းသည်။

ထို့အပြင် သူ၏ အထူး ထိန်းချုပ်မှုအောက်တွင် အစစ်အမှန်ချီက လျှပ်စီးကြောင်း တစ်ခုကဲ့သို့ ထွက်ခွာသွားပြီး မိုးကြိုးခြိမ်းသံဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

ကြည့်ရတာ ဒေါသမိုးကြိုးတစ်ခု ပစ်ခတ်လာသည့်ပုံပါ။

"ဘုန်း.."

မုန့်ချုံက ထိတ်လန့်သွား၏။ သူသည် လျှပ်စီးကြောင်းတစ်ခု ထွက်ခွာသွားမှုကိုသာ တွေ့လိုက်ရပြီး အဝေးရှိ သစ်ပင်များ လျှပ်တစ်ပြက် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြောင်းကို တွေ့လိုက်ရသည်။

အလွန်မြန်ဆန်ကာ ကြမ်းကြုတ်လှ၏။

လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။ ယခုအချိန်၌ သူသည် အရင်ကနှင့် တူညီခြင်းမရှိတော့ပေ။ ခွန်အားက အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှ၏။

ယခုအချိန်၌ သူ့တွင် လုံလောက်သည့် ခွန်အားတို့ ပိုင်ဆိုင်ထားရာ ထုတ်လွှတ်ပြသရန် လိုအပ်လာခဲ့၏။

ထိုအနှိုင်းမဲ့လှသည့် ခွန်အားကို အသုံးပြုပြီး တပည့်များကို အံ့သြသွားစေခြင်းက သူတို့၏ ဉာဏ်အလင်းရရှိမှုအတွက် ပိုမို အကူအညီ ဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ် သိုင်းပညာ၏ အထောက်အပံ့ မရှိလျှင်တောင် သူ၏ အကြွင်းမဲ့ခွန်အားအား ပြသခြင်းမှ ထုတ်လွှတ်လာသည့် စွမ်းအားက ကြောက်ဖို့ကောင်းလှ၏။

"ဘုန်း.."

ထို့နောက် သူက လက်သီးများကို ဆက်လက်လွှဲရမ်း၏။ သို့ပေမယ့် ဒီတစ်ကြိမ်တွင် မိုးကြိုးကဲ့သို့ ကြမ်းကြုတ်မနေပါ။ အဲ့ဒီ့အစား လေကဲ့သို့ ရွေ့လျားသွားပြီး လျှင်မြန်သည့် လက်သီးချက်များက ခုခံမှု အားလုံးတို့ကို ဖောက်ထွင်းနိုင်သည့်ပုံ ရှိ၏။

မုန့်ချုံ၏ မျက်လုံးများက မှင်သက်နေပြီး သူ၏ ဦးခေါင်း၌ အနည်းငယ် ရီဝေစွာ ခံစားလာရသည်။

'သန်မာလွန်းတယ်..'

'ဆရာက ငါ့ကို သရုပ်ပြပေးရုံလေးပဲ ရှိတာကို.. စွမ်းအားက တကယ့်ကို မယုံကြည်နိုင်စရာ ဖြစ်နေပြီးပြီ..'

မုန့်ချုံတစ်ယောက် နက်ရှိုင်းစွာ တုန်ခါသွားမိ၏။

လီရွှမ်က လက်သီးချက်များ အပြီးတွင် ထိတ်လန့်စွာ ရှိနေသည့် မုန့်ချုံကို ကြည့်၏။ အလွန်ကျေနပ်စွာ ခံစားလိုက်ရသည်။ စည်းကမ်းကြီးသည့် ဆရာတစ်ယောက်၏ အသွင်ဆောင်ကာ ပြော၏။

"ငါ့တပည့်.. ဒါက လေမိုးကြိုး ဗာဂျရာ လက်သီးပဲ။ ခွန်အားကို ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းမှာ ထိန်းချုပ်ထားတယ်.."

သူက ရှက်ရွံ့ခြင်း သို့မဟုတ် မျက်တောင်ခတ်ခြင်းပင် မရှိဘဲ ကြွားဝါမှုကို စတင်လုပ်၏။ အလိမ်အညာ စကားများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

'ငါက တကယ့်ကို ဆရာကြီးပဲ။ ငါ့ရဲ့ ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းမှာ ရှိတဲ့ လေမိုးကြိုး ဗာဂျရာလက်သီးက မူလအဆင့်နဲ့တောင် နှိုင်းယှဉ်နိုင်နေပြီ။ မိုက်တယ်မှတ်လား..'

သူသည် တပည့်ဖြစ်သူအား ဆရာဟူသည်မှာ တောင်ကြီးတစ်ခုသဖွယ် မြင့်မားလှပြီး ဖြတ်ကျော်နိုင်ခြင်း မရှိကြောင်းကို သိသွားစေလို၏။

မုန့်ချုံ၏ မျက်လုံးများက ပြူးကျယ်နေ၏။ ဤသည်မှာ အမှန်တကယ်ကို ချီနှင့်သွေး၏ ပြီးပြည့်စုံခြင်းအဆင့်၌ ထုတ်လွှတ်နိုင်သည့် လေမိုးကြိုး ဗာဂျရာလက်သီးလေလား။ လုံးဝကို ကြောက်စရာကောင်းလှသည်။

'ငါ.. ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရရှိရင်တောင် ဒီလောက် ဒီလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး..'

'ဆရာက တကယ့်ကို စစ်မှန်တဲ့ ပုဂ္ဂိုလ်ကြီးပဲ..'

လီရွှမ်က အသံနိမ့်စွာ ပြော၏။

"လေမိုးကြိုးဗာဂျရာလက်သီးရဲ့ အနှစ်သာရက လေနဲ့မိုးကြိုးပေါ်မှာ ရှိနေတယ်။ မိုးကြိုးက မြန်ဆန်ပြီး ကြမ်းကြုတ်တယ်။ လေက ပုံသဏ္ဌာန်ကင်းမဲ့ပြီး ထိုးဖောက်ဝင်ရောက်နိုင်တယ်.."

'မင်းလေ့လာဖို့ လိုတာက ဒီမိုးကြိုးနဲ့လေကိုပဲ။ မြန်ဆန်မှုနဲ့ ကြမ်းကြုတ်မှုက လေမိုးကြိုးလက်သီးသိုင်းရဲ့ လက္ခဏာရပ်တွေပဲ..'

'ခုနက ငါမင်းကို မိုးကြိုးရဲ့ မြန်ဆန်ကြမ်းကြုတ်မှုနဲ့ လေရဲ့ အတားအဆီးမရှိဘဲ အရာအားလုံးကို ထိုးဖောက်နိုင်မှုကို ပြသပြီးပြီ။ ကောင်းကောင်းလေ့လာ..'

သူ၏ လက်သီးချက်များသည် တပည့် ဖြစ်သူထက် များစွာသာလွန်သည့် စွမ်းအားဖြင့် ထွက်ပေါ်လာခဲ့၏။ထို့ကြောင့် တပည့်ဖြစ်သူ၏ အမြင်နှင့် ကြည့်ပါက အမှန်တကယ်ကို မြန်ဆန်ကာ ကြမ်းကြုတ်လှသည်။

ကျန်သည်များမှာတော့ မုန့်ချုံ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှု အပေါ်တွင်သာ မူတည်တော့၏။

All Chapters