မောက်မာမှု၏အစ
Vol. 7 Ch. 91
ယွဲ့ဝူယောင်သည် ရေခဲဆူးချွန်ကို ယဲ့ချန်းရန် ထံပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ယဲ့ချန်းရန်သည် ချက်ချင်းကာကွယ်လိုက်နိုင်သည်။ သူမသည် ယဲ့ချန်းရန်အား သတိပေးရုံလောက်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မိန်းကလေး တရား လွန်သွားပြီ၊ ဒီနေ့ ငါက ဗဟိုမြို့တော်ရဲ့ အုပ်ချုပ်သူဆိုတာ သက်သေပြပေးရလိမ့်မယ်”
ယဲ့ချန်းရန်သည် အလွန်ပင် ဒေါသထွက်သွားခဲ့သည်။ သူသည် ဤကုန်းမြေတွင် သူ့ထက် စွမ်းအားမြင့်သူ နတ်အင်ပါယာ လေးဦးသားရှိပြီး အခြားနယ်မြေရှိ နတ်ဘုရင်များပင် သူ့အား မျက်နှာသာပေးရသည်။ သို့သော် နတ်ဘုရားတစ်ပိုင်းအဆင့်သာရှ်ိသည့် ထိုမိန်းကလေးသည် သူ့ကိုပင် တိုက်ခိုက်ရဲ၏။ သူမသည် ထိုက်ရွှမ်ဂိုဏ်းကမဟုတ်သောကြောင့် ထိုက်ဟုန်ကျွင်းကို မျက်နှာသာမပေးနိုင်တော့ချေ။
“မြို့အုပ်ချုပ်သူယဲ့၊ ခင်ဗျား ပြန်မတိုက်တာ ကောင်းလိမ့်မယ်”
ထိုဟုန်ကျွင်းသည် သတိပေးလိုက်၏။ ထိုမိန်းကလေးသည် သူနှင့် စတွေ့သည့်အချိန်ကတည်းက မျက်နှာသာမပေးခဲ့ချေ။ ထိုအချိန်တွင် သူသည် နတ်ဘုရင်အဆင့်သာရှိသေးသော်လည်း သူမသည် သူတော်စင်အဆင့် တက်ခါစဟုသာ ဆိုနိုင်ပေမည်။ ယခုအချိန် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ပင်ရောက်ရှိနေသည့် ယွဲ့ဝူယောင်သည် နတ်ဘုရင်တစ်ဦးကို တိုက်ခိုက်ရန်ပင် ဝံ့ရဲနေပြီသည်။
“နတ်အင်ပါယာထိုက် သူမကို ကာကွယ်ပေးတော့မှာလား”
ယဲ့ချန်ရန်၏ လေသံသည် အတော်ပင် အေးစက်လာ၏။ နတ်အင်ပါယာတစ်ပါးကိုပင် ခြိမ်းခြောက်နေသည့်အလား ဖြစ်နေ၏။
“ကျုပ်ကာကွယ်ပေးရလိမ့်မယ်”
ထိုက်ဟုန်ကျွင်း၏ နတ်အင်ပါယာအရှိန်အဝါသည် ယဲ့ချန်ရန်အပေါ်ဖိအားပေးလိုက်၏။ ဗဟိုနယ်မြေနှင့် ပဋိပခ မဖြစ်ချင်သော်လည်း ယွဲ့ဝူယောင်တို့ကို ကာကွယ်ပေးရမည်ဖြစ်သည်။ ဤသည်မှာ သူတို့သည် ဟွမ်း၏ တပည့်များဖြစ်သောကြောင့်မဟုတ်ပေ။ လင်းယွမ်နယ်မြေ၏ လူငယ်များ ဖြစ်သောကြောင့် ဖြစ်သည်။
“နတ်အင်ပါယာထိုက်.. ဒီအတိုင်းဆက်သွားချင်တာသေချာပြီလား”
ယဲ့ချန်ရန်သည် ထိုက်ဟုန်ကျွင်း၏ ဖိအားအောက်တွင် အံကြိတ်ကာပြောလိုက်၏။
“ကျွန်မတို့ အတွက် သက်ညှာမှု မပေးနိုင်ဘူးလား”
လင်းယိုဟန်သည် ဝမ်းနည်းနေသည့် မျက်နှာနှင့် လျှိုမင်ယွမ်ကို ကြည်ကာမေးလိုက်၏။ ဤကိစ္စတွင် နယ်မြေနှစ်ခု၏ ကြီးမားသည့် အရေးကိစ္စဖြစ်လာမည်ဟု မထင်ထားခဲ့ချေ။
“ယိုဟန် တော်တော့”
ထိုအချိန်တွင် လူတစ်ဦးပေါ်ထွက်လာခဲ့သည်။
“အဖေ..”
“မြို့အုပ်ချုပ်သူယဲ့ ဒီကိစ္စက လင်းအိမ်တော်ရဲ့ ကိစ္စမလို့ ကျုပ်ရှင်းလိုက်ပါ့မယ်၊ နတ်အင်ပါယာထိုက် မြို့အုပ်ချုပ်သူယဲ့ကို လွှတ်ပေးလို့ရမလား”
ယဲ့ချန်ရန်သည် ခေါင်းညိတ်လိုက်၏။ ထိုကိစ္စသည် သူနှင့် မသက်ဆိုင်သော်လည်း မြို့အုပ်ချုပ်သူဖြစ်သောကြောင့် ဖြေရှင်းရမည့်တာဝန်ရှိပေသည်။ ထိုက်ဟုန်ကျွင်းသည်ခေါင်းညိတ်လိုက်ကာ သူ၏အရှိန်ဝါကို ရုပ်သိမ်းလိုက်၏။ သူသည် လင်းထျန်းတောက် မည်သို့ဖြေရှင်းမည်ကို စောင့်ကြည့်နေမည်ဖြစ်သည်။
“ဒါဆို အိမ်တော်ခေါင်းဆောင်လင်းနဲ့ ထားခဲ့လိုက်တော့မယ်”
ယဲ့ချန်းရန်သည် ရှင်းဝမ်ကျဲနှင့် ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် အေးစက်လွန်းသည့် အသံတစ်ခုကြောင့် သူ၏ ခြေလှမ်းများရပ်တန့်သွားရ၏။
“ရှင့်ကို သွားခွင့်ပြုပြီလား..”
ယွဲ့ဝူယောင်သည် ယဲ့ချန်းရန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
ထိုက်ဟုန်ကျွင်း “...”
‘မင်းက နတ်အင်ပါယာ တစ်ယောက်မို့ ဒီစကားပြောရင် လက်ခံလို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ အကန့်အသတ်ကို ပြန်ကြည့်ပါဦး’
ပတ်ဝန်းကျင်တစ်ခုလုံးသည် စွန့်ပစ်ကြယ်တစ်ခုအလား တိတ်ဆိတ်ငြိမ်သတ်သွား၏။ မည်သူမှ ဘာပြောရမှန်းမသိကြတော့ချေ။ ထိုခရမ်းရောင် ဆံနွယ်များနှင့် မိန်းကလေးသည် မောက်မာလွန်းလှသည်။
“မိန်းကလေးယွဲ့..”
“ကျွန်မကိစ္စကို ကျွန်မ ရှင်းနိုင်ပါတယ်၊ ထပ်ပြီး ရှင်ဝင်ပါစရာမလိုတော့ပါဘူး”
ယွဲ့ဝူယောင်သည် ထိုက်ဟုန်ကျွင်း ဝင်ပြောမည့်အချိန်တွင် စကားဖြတ်ကာပြောလိုက်၏။ သူမ၏လေသံသည် ထိုက်ဟုန်ကျွင်း အပေါ် ယခင်ကကဲ့သို့ မမာကြောတော့ပေ။ သို့သော် အရမ်းလည်း မယဉ်ကျေးပေ။
လင်းထျန်းတောက်ပင် စွံ့အနေ၏။ နတ်ဘုရားတစ်ပိုင်း အဆင့်သည် နတ်ဘုရင်အဆင့်ကို မောက်မာစွာဆက်ဆံနေ၏။
“မိန်းကလေး မင်းကို နတ်အင်ပါယာထိုက်ကြောင့် သည်းခံထားခဲ့တာ၊ အခုစကား အတွက် မင်းကိုနောက်ဆုတ်ဖို့ အခွင့်အရေးမပေးတော့ဘူး”
ယဲ့ချန်ရန်သည် အလွန်ပင် ဒေါသထွက်နေပြီဖြစ်သည်။ ထိုသို့နတ်ဘုရားတစ်ပိုင်းအဆင့် မိန်းကလေးသည် သူ့အပေါ်တွင် လွန်စွာမောက်မာ ပြနေ၏။
သို့သော်ယွဲ့ဝူယောင်သည် ဟွမ်း၏ တန်ဖိုးရှိသည့် အမှာစကားကို ပြန်လည်မြင်ယောင်လာခဲ့ခြင်းဖြစ်သည်။
သူတို့သည် အရှေ့ပိုင်းနယ်မြေတွင်ရှိစဉ်က ဟွမ်းက အမှာစကားပြောခဲ့ဖူးသည်။
“တပည့်တို့ ကိုယ့်အပေါ် လာပြီးမောက်မာတဲ့သူကို မောက်မာမှုအစစ်က ဘယ်လိုလဲဆိုတာပြသလိုက်၊ ဒါပေမဲ့ လုံလောက်တဲ့ ခွန်အားတော့ရှိဖို့လိုတယ်”
ဟွမ်းသည် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်၏။ သူသည် တပည့်များကို ကျင့်ကြံခြင်းတွင် မပျင်းရိစေရန် သူနားလည်ထားသည့် ခံယူချက်ကိုပြောကာ ဆုံးမပေးခဲ့ခြင်းဖြစ်သည်။ တပည့်များသည် ထိုစကားကို သေချာမှတ်ထားထားကြကာ သူတို့အပေါ်မောက်မာရဲသူမရှိစေရန် ရည်ရွယ်ကာ ကြိုးစားကျင့်ကြံခဲ့ကြသည်။ မော့ရွှယ်အာသည်လည်း အလားတူပင် မှတ်သားထားလိုက်၏။ ချုးယွီသွာသည်တော့ ထိုလမ်းလွဲကုန်သည့် တစ်သိုက်ကိုကြည့်ကာ သက်ပျင်းချကာ တီးတိုးရေရွတ်လိုက်မိသည်။
“နောက်ဆို ထျန်းယွမ်ကုန်းမြေမှာ သူတို့ကို မော်ကြည့်ရဲတဲ့သူရှိပါဦးမလား”
လက်ရှိတွင် ယွဲ့ဝူယောင်သည် ယဲ့ချန်ရန်ကို အေးစက်သည့် မျက်ဝန်းများနှင့် ကြည့်ကာ ပြောလိုက်၏။
“ရှင့်ကို သိစေချင်တာက ကျွန်မ ဆရာရဲ့ မျက်နှာသာပေးမှုကို ခံရဖို့ ထိုက်တန်စရာအကြောင်းမရှိဘူးဆိုတာကိုပဲ”
ယွဲ့ဝူယောင်သည် ယဲ့ချန်ရန်ကို တိုက်ခိုက်ချင်သည့် အကြောင်းအရင်းဖြစ်သည်။ ထို့အပြင် သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့်သည် နတ်ဘုရင်အဆင့်၏ ကနဦး အဆင့်ဟု သိရှိပြီးနောက် နတ်ဘုရင်တစ်ဦးနှင့် တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်နေ၏။ အဆင့်တူဖြစ်သည့် ရှင်းဝမ်ကျဲနှင့် တိုက်ခိုက်စဉ်က သူမသည် ပင်ပင်ပန်းပန်း တိုက်ခိုက်စရာမလိုခဲ့ချေ။ ထိုအကြောင်းရင်းကြောင့်လဲ ယဲ့ချန်ရန်ကို အလွတ်မပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယွဲ့ဝူယောင်၏ ခန္ဓာကိုယ်တွင် အအေးစွမ်းအင်များ ထပ်မံလည်ပတ်လာခဲ့၏။ သို့သော် ရှင်းဝမ်ကျဲကဲ့သို့ အလွယ်တကူ အနိုင်ယူနိုင်မည်မဟုတ်မှန်း သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် အစွမ်းကုန်တိုက်ရန် ပြင်ဆင်လိုက်သည်။ ထို့နောက် သူမ၏ လက်ထဲတွင် ပြုလုပ်နေကျ ဖြစ်သည့် ရေခဲဓားကို ဖော်ထုတ်လိုက်သည်။
ထိုအအေးဓာတ်သည် ထိုက်ဟုန်ကျွင်းကိုပင် မျက်မှောင်ကြုတ်သွားစေသည်။
‘ဒီမိန်းကလေးရဲ့ စွမ်းအားကလဲ သူ့ဆရာလိုပဲ တိုင်းတာလို့မရတော့ဘူးလား’
ယဲ့ချန်ယန်သည် ကြီးမားရှည်လျားသည့် ဓာမော့ရှည်ကြီးကို ထုတ်ကာ အသင့်ပြင်လိုက်သည်။ ထိုအချိန်တွင် ယွဲ့ဝူယောင်သည် သူရှေ့တွင်ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထို့နောင် သူမသည်ယဲ့ချန်ရန်ကို ခုတ်ပိုင်းလိုက်သည်။
‘မြန်လိုက်တာ’
ယဲ့ချန်ရန်သည် အနည်းငယ်အံ့အားသင့်သွားသော်လည်း လျင်လျင်မြန်မြန်ပင် တုံ့ပြန်လိုက်သည်။ သူမ၏ ရေခဲဓားကို ဓားမော့ဖြင့် ကာကွယ်လိုက်သည်။
“ဝုန်း..”
ပြင်းထန်လွန်းသည့် စွမ်းအင်ရိုက်ခက်မှုကြောင့် လေဟာနယ်ပင် ပေါက်ပြဲကုန်၏။ ထိုရိုက်ချက်ကောင်း ကောင်းကင်ပေါ်တွင် သူတို့နှစ်ဦးသည် ကိုယ်စီနောက်ဆုတ်လိုက်ရသည်။
ယွဲ့ဝူယောင်သည် သူမ၏ အအေးစွမ်းအင်များနှင့် ဓားပျံများကို ပုံဖော်ကာ ယဲ့ချန်ရန်ထံ ပစ်လွှတ်လိုက်သည်။ ရေခဲဓားပျံ တစ်ဒါဇင်ခန့်သည် ယဲ့ချန်ရန်ထံ ဦးတည်သွားခဲ့သည်။ ယဲ့ချန်ရန်သည် ချက်ချင်းပင် သူ၏ ဓားမော့နှင့် ထိုဓားပျံများကို အဆက်မပြတ် ခုတ်ပိုင်းနေ၏။
ထို့အချိန်တွင် ယွဲ့ဝူယောင်သည် ယဲ့ချန်ရန်၏ ရှေ့ရောက်လာကာ ခုတ်ပိုင်းလိုက်သည်။ သို့သော် လေကိုသာ ခုတ်ပိုင်းမိသွားခဲ့သည်။ ယဲ့ချန်းရန်သည် နတ်ဘုရင်တစ်ဦးဖြစ်၏။ ထို့ကြောင့် သူ၏ တုန့်ပြန်နိုင်စွမ်းသည် လည်း အလွန်လျင်မြန်သည်။ ထို့နောက်တွင် ယွဲ့ဝူယောင်၏ နောက်မှ ပေါ်ထွက်လာခဲ့ပြီး သူမအလစ်ကို ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..”
ယွဲ့ဝူယောင်၏ နောက်တွက် ကြီးမားသည့် ရေခဲအလွှာကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ယဲ့ချန်ရန်၏ ဓားမော့ကြီးကို ကာကွယ်လိုက်သည်။ သို့သော် ယဲ့ချန်ရန်၏ ခုတ်ချက်တွင် စွမ်းအားများစွာပါရှိနေသောကြောင့် သူမ၏ ရေခဲအလွှာသည် ချက်ချင်းကွဲအက်သွားခဲ့သည်။
သို့သော် ယွဲ့ဝူယောင်သည် အကာအကွယ် ပျက်စီးသွားသော်လည်း ဂရုမစိုက်ခဲ့ချေ။ ယဲ့ချန်ရန်၏ ဓားမော့ ခုတ်ချက်ကို တားဆီးလိုက်နိုင်သောကြောင့် သူမလှုပ်ရှားရန် အချိန်ရရှိခဲ့သည်။
သူမသည် ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ရေခဲဓားဖြင့် ယဲ့ချန်ရန်ကို ထိုးချလိုက်သည်။ ထိုအချိန်ကို စောင့်နေသည့်အလား ယဲ့ချန်ရန်သည် ပြုံးလိုက်၏။ ထို့နောက် ယွဲ့ဝူယောင်၏ ရေခဲဓားကို သူ၏ ဓားမော့နှင့်ထိန်းထားလိုက်ပြီးနောက် သူ၏ အရှိန်အဝါကို ဖွင့်ထုတ်လိုက်၏။ နတ်ဘုရင်တစ်ဦး၏ အရှိန်အဝါဖြစ်သောကြောင့် ယွဲ့ဝူယောင်သည် အနည်းငယ် တုန့်နှေးသွားသည်။
ထိုအခြေအနေတွင် ယဲ့ချန်ရန်သည် သူမရှေ့တွင် ချက်ချင်းပေါ်လာခဲ့ပြီး ဓားမော့နှင့် လွှဲခုတ်လိုက်၏။ ယွဲ့ဝူယောင်သည် ချက်ချင်းတုန့်ပြန်ကာ ရှောင်လိုက်သော်လည်း ယဲ့ချန်ရန်၏ ဓားမော့သည် သူမ၏ လက်မောင်းကို ရှပ်ထိသွားခဲ့၏။
“အစ်မကြီး..”