← Chapters

နေရာမှားသွားလို့ပါ

Vol. 7 Ch. 96

နေရာမှားသွားလို့ပါ

Vol. 7 Ch. 96

ဟွမ်းတို့အားလုံးသည် ကျုးကောလီ၏ အလုပ်ခန်းအတွင်းသို့ ရောက်ရှိနေခဲ့ကြသည်။ ထိုအချိန်တွင် ဟွမ်းသည် လိုအပ်သည့် ပစ္စည်းများကို ထုတ်ပေးလိုက်၏။

“ဒါတွေက..”

ချုးယွီဟွာ အပါအဝင် လူလေးဦးသည် အံ့ဩသွားကြသည်။ သူတို့သည် စိမ်းပြာရောင်ရှိသည့် ကြည်လင်နေသည့် သလင်းကျောက်တစ်ခုနှင့် ဒေါင်းတစ်ကောင်၏ အမွှေးများကို တွေ့ရှိလိုက်ရသည်။

“ဒါက နဂါးစိမ်းသလင်းကျောက်၊ ဒါကနည်းနည်းရှားပါးတယ်၊ လိုသလောက်မရနိုင်ဘူး”

ဟွမ်းသည် စိမ်းပြာရောင်သလင်းကျောက်ကို ညွှတ်ပြကာပြောလိုက်၏။ နဂါးစိမ်းသလင်းကျောက်၏ မျက်နှာပြင်သည် သန့်စင်ထားသည့်အလား ချောမွေ့ နေပြီး အခြားတစ်ဖက်ကိုပင် ထွင်းဖောက်မြင်နိုင်အောင် ကြည်လင်နေသည်။ ထို့အပြင် စိတ်ကိုအေးမြမှု ပေးစွမ်းနေ၏။ ၎င်းကို စုတ်တံလက်ကိုင်အဖြစ် အသုံးပြုလျှင် စုတ်တံကို ပိုမိုခံနိုင်ရည်ရှိစေပြီး၊ စိတ်ကိုပင်ကြည်လင်စေ နိုင်သည်။ အလျှား နှစ်ပေ၊ အနံ တစ်ပေဝန်းကျင်ခန့်ရှိသောကြောင့် စုတ်တံတစ်ခုပြုလုပ်ရန် လုံလောက်ပေသည်။ ထို့ကြောင့် ဟွမ်းသည် ဝိညာဉ်စုတ်တံ၏ လက်ကိုင်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

“ဒါက ရောင်စဉ်ခုနှစ်သွယ်ဒေါင်း ရဲ့ အမွှေး၊ သက်တံ့ရောင်ဒေါင်းလို့လဲ ခေါ်ကြတယ်၊ ဒါကို ဝိညာဉ်စုတ်တံရဲ့ ထိပ်ပိုင်းအဖြစ်သုံးမယ်”

ဟွမ်းသည် ဒေါင်းမွှေးများကို ညွှန်ပြကာ ပြောလိုက်၏။ သက်တံ့ရောင် ဒေါင်းမွှေးများသည် အမွှေးတစ်မျှင်ချင်းစီတိုင်းတွင် သက်တံရောင်များပေါ်ထွက်နေသည်။ ထို့အပြင် နူးညံ့ပြီး ခိုင်မာလွန်းလှသည်။ သို့သော် ဝိညာဉ်စုတ်တံတစ်ခုပြုလုပ်ရန်အတွက် ထိုအမွှေးများအသုံးပြုသည်ကို ထိုအမွှေးပိုင်ရှင်သည် မည်မျှပင် ဒေါသထွက်နေမည်ကိုတော့ မပြောတက်ပေ။

“ရောင်းရင်း ဒါက ဘယ်တည်ရှိမှု အဆင့်မျိုးတွေလဲ”

ကျုးကောလီသည် ထိုပစ္စည်းများကို ကြည့်အာ အံ့ဩမင်သက်နေသည်။ ထို့အပြင် သူဘဝတစ်လျှောက်လုံး မမြင်ဖူးခဲ့သည့်အရာများဖြစ်သည်။

“ဒါက စာလိပ်ထဲက ပါဝင်ပစ္စည်းတွေလောက် မကောင်းပေမဲ့ သိမ်ဖျင်းတဲ့အထဲတော့မပါဘူး၊ ဒါကြောင့်ရွေးချယ်လိုက်တာ၊ အသင့်ဖြစ်ရင်စတော့”

ဟွမ်းသည် ထိုပစ္စည်းများကို ကျေနပ်အားရခြင်းမရှိသော်လည်း ယခုအတွက် အကောင်းဆုံးပစ္စည်းများ ဖြစ်နေလေသည်။

“ရောင်ရင်း၊ ဒီပစ္စည်တွေရဲ့ အဆင့်အတန်းနဲ့ အရည်အသွေးက မြင့်လွန်းတယ်၊ ကျုပ်ကြောင့် တန်ဖိုးလျော့ကျသွားမှာစိုးတယ်”

“မပူနဲ့၊ ခင်ဗျားလုပ်စရာရှိတာကိုပဲ အာရုံစိုက်”

“ကောင်းပါပြီ”

ထို့နောက် ကျုးကောလီသည် နဂါးစိမ်းသလင်းကျောက်ကို စတင်သန့်စင်ရန်ပြင်ဆင်လိုက်သည်။ ၎င်းအတွင်း ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အလွန်ပင် တုန်ယင်သွားရသည်။ ထိုသလင်းကျောက်သည် သူ၏ ဝိညာဉ်စွမ်းအင်များ စုပ်ယူသွားသည့်အလားပင်။

“သွားပြီ..”

သို့သော် ထိုအချိန်တွင် ကျုးကောလီ၏ ခန္ဓာကိုယ်အတွင်းသို့ သန့်စင်သည့် ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာသည်။ ဟွမ်းသည် သူ၏ ဝိညာဉ်စွမ်းအင်များကို ကျုးကောလီ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းစေခြင်းဖြစ်သည်။ ထိုအချိန်မှ ကျုးကောလီသည် စိတ်အေးသွားပြီးနောက် နဂါးစိမ်းသလင်းကျောက် သန့်စင်သည့် လုပ်ငန်းကို စတင်လိုက်သည်။

ကျုးကောလီ၏ ရှေ့တွင် နဂါးစိမ်းသလင်းကျောက်သည် လွင့်မျောနေပြီးနောက် သူသည် လက်ပုံစံများ အလျင်အမြန် ပြုလုပ်လိုက်သည်။ ဟွမ်းသည် ကျုးကောလီအား ဝိညာဉ်စွမ်းအင်များ ဝေမျှထားသည့်အပြင် နဂါးစိမ်းသလင်းကျောက်၏ ဂုဏ်သတ္တိများ ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းထား၏။ ထို့ကြောင့်ပင် ကျုးကောလီသည် မပင်မပန်းနှင့် လုပ်ဆောင်နိုင်ခြင်းဖြစ်၏။ မဟုတ်လျှင် ၎င်းသလင်းကျောက်သည် သူ၏ စွမ်းအင်များကို ကုန်စင်အောင်စုပ်ယူသွားမည်ဖြစ်သည်။

ထို့နောက်တွင် ၎င်းသည် ရှစ်လက်မခန့်အရွှယ်သာ ရှိသည့် အပိုင်းအစ တစ်ခု ကွဲထွက်သွားသည်။ နဂါးစိမ်းသလင်းကျောက်သည် အလွန်ပင် မာကျောသော်လည်း ကျုးကောလီ၏ သန့်စင်ခြင်းနည်းစနစ်နှင့် ဟွမ်း၏ ဝိညာဉ်စွမ်းအင် များကြောင့် အလွယ်လွယ်ကူကူပင် ခွဲထုတ်နိုင်ခဲ့၏။

“ရောင်းရင်း ပိုနေတဲ့ သလင်းကျောက်ကို ဖယ်ထုတ်လိုက်မယ်”

“ဖယ်စရာမလိုဘူး၊ အပိုင်းစငယ်လေးတွေဖြစ်အောင်ရသလောက် ဖြတ်ထုတ်လိုက်”

ဟွမ်းသည် ကျန်ရှိသည့် သလင်းကျောက်ကို ကျောက်စိမ်းပြားများအဖြစ် ပြောင်းလဲစေလိုခြင်းဖြစ်သည်။

ကျုးကောလီသည် ဟွမ်း၏ အလိုအတိုင်း ထပ်မံလုပ်ဆောင်လိုက်ကာ တစ်လက်မပတ်လည်ခန့်ရှိသည့် ကျောက်စိမ်းပြား ဆယ်ခုရရှိခဲ့သည်။ ဟွမ်းသည် ထိုနဂါးစိမ်းကျောက်စိမ်းများငယ်များကို သိမ်းဆည်းလိုက်၏။

“ရောင်းရင်း ဒီစုတ်တံလက်ကိုင်ကို အချောသတ်လိုက်တော့မယ်”

ထို့နောက် လက်ကိုင်အဖြစ်အသုံးပြုမည့် သလင်းကျောက်အား ကိုင်ရချောမွတ်စေရန် ထပ်မံလုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျုးကောလီသည် စတင်လိုက်၏။ ဤသည်မှာ အသေးစိတ် လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် အချိန်ယူရန်လိုအပ်လေသည်။ ကျုးကောလီသည် လက်ပုံစံ အမျိုးမျိုး ပြုလုပ်နေကာ တစ်ဆင့်ခြင်း လုပ်ဆောင်နေ၏။

‘ဒီရောင်းရင်းမှာ ဝိညာဉ်စွမ်းအင်တွေ အလွန်များပြားလွန်းတာပဲ၊ ဒီသလင်းကျောက်ရဲ့ စွမ်းအင်စုပ်ယူနှုန်းက ငါ့စွမ်းအင်နဲ့သာဆို ငါးမိနစ်တောင် ခံမှာမဟုတ်ဘူး’

တစ်ရက်ကြာပြီးနောက်တွင် စုတ်တံလက်ကိုင်၏ သဏ္ဌာန်သည် အလွန်ပင် ရုပ်လုံးကြွလာပြီဖြစ်သည်။

“ရောင်းရင်း လက်ကိုင်တော့ရပြီ၊ ပုံဖော်ချင်သေးလား”

“ရပြီ၊ ဒေါင်းမွှေးတွေ ဆက်ပြီးသန့်စင်မယ်”

ဟွမ်းသည် ထိုသလင်းကျောက်လက်ကိုင်ကို ကိုင်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျုးကောလီသည် ဒေါင်းမွှေးများကို ဝိညာဉ်စွမ်းအင် သွင်းလိုက်၏။

“ဝုန်း..”

ကျုးကောလီသည် ချက်ချင်းပင် အဝေးသို့လွင့်စင်သွားရ၏။

“ငါ့ရဲ့ ရောင်စဉ်ခုနှစ်သွယ်ဒေါင်းမွှေးတွေကို ဘယ်သူသန့်စင်ရဲတာလဲ”

သာယာနာပျော်ဖွယ်အသံလေးတစ်ခုထွက်ပေါ်လာပြီး ကျုးကောလီ၏ အခန်းတစ်ခုလုံးပဲ့တင်ထပ်သွား၏။ ထို့အသံကြောင့် ထိုက်ဟုန်ကျွင်းပင် အားနည်းသွားသည့်အလား ခံစားလိုက်ရ၏။ ဟွမ်းသည် ချုးယွီဟွာ အနားရောက်လာပြီးကာကွယ်ပေးလိုက်သည်။

ထို့နောက်တွင် မိန်းကလေးတစ်ဦးအသွင် ပုံရိပ်ယောင်တစ်ခုပေါ်လာခဲ့၏။ သူမသည် ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း ရှည်လျားသည့် စိမ်းပြာရောင် ဆံနွယ်များနှင့် သက်တံ့ရောင် ဝတ်စုံအား ဆင်မြန်းထား၏။ ထို့နောက် သူမ၏ စိမ်းပြာရောင် မျက်ဝန်းများနှင့် ကျုးကောလီကိုကြည့်ကာမေးလိုက်၏။ သူမ၏ လေသံသည် သာယာနာပျော်ဖွယ်ကောင်းသော်လည်း အလွန်ပင် ဒေါသထွက်နေဟန်ရှိသည်။

“ရှင်လုပ်တာလား၊ ရှင့်ကို တစ်စစီလုပ်ပစ်မယ်”

“ငါလုပ်လိုက်တာ မိန်းကလေးခုန်း”

ထို့နောက် ထိုမိန်းကလေးသည် အသံလာရာသို့ကြည့်လိုက်မိပြီးနောက် သွေးပျက်သွားသည့်အလား ဖြစ်သွား၏။

“ရှင်..ရှင်.. အရှင် လုပ်လိုက်တာလား၊ ရပါတယ် ဆက်လုပ်ပါ၊ ကျွန်မ နေရာမှားပြီးရောက်လာတာပါ၊ မနှောက်ယှက်တော့ဘူး”

သူမ၏ ပုံရိပ်ယောင်သည် ချက်ချင်းပင်ပျောက်ကွယ်သွားသည်။ ကျုးကောလီ၏ အခန်းသည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလားပင် ချက်ချင်း တိတ်ဆိတ်သွား၏။

ဟွမ်း “...”

“ငါက အဲ့လောက်ကြောက်စရာကောင်းလို့လား”

ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။ ချုးယွီဟွာ၏ အမူအရာသည်လည်း လက်မခံချင်သည့် အလားပင်။

‘စီနီယာအစ်ကိုက မောက်မာပေမဲ့၊ ကြောက်စရာမကောင်းပါဘူး’

သို့သော် သူမသည် ထိုအမျိုးသမီးငယ်လေးကို စိတ်ထဲတွင် စွဲနေအောင် မှတ်သားထားလိုက်၏။

“ကျုပ်တို့ ဘာဖြစ်သွားတာလဲ”

ကျုးကောရှန်သည်လည်း ထိုမိန်းကလေး၏ အသံကြောင့် သတိလစ်လုနီးပါးဖြစ်သွားခဲ့ရ၏။ ထို့ကြောင် တစ်ခဏအတွင်း ဘာဖြစ်သွားမှန်းမသိလိုက်ရပေ။

ထိုက်ဟုန်ကျွင်းသည် အံ့ဩသွား၏။ ထိုမိန်းကလေး၏ ငြိမ့်ညောင်းသည့် အသံနှင့်ပင် အားနည်းသွားသလိုဖြစ်သွားခဲ့သည်။ သူသည် ဟွမ်းအနားရှိလေ အားကောင်းသည့် လူများနှင့် တွေ့ဆုံလေဟု ခံစားမိလိုက်၏။ သို့သော် ထိုလူများသည် ဟွမ်းကို တွေ့သည်နှင့် ကြောက်ရွံ့သည် အမူအရာပဲ ဖြစ်သွားတက်ကြသည်။

‘စီနီယာရဲ့ အစစ်မှန်စွမ်းအားက ဘယ်လောက်တောင်များ ရှိနေတာလဲ’

“ရောင်းရင်း ခုနအမျိုးသမီးငယ်လေးက ဘယ်သူလဲ”

ကျုးကောလီသည် ပါးစပ်မှသွေးများကို သုတ်ကာမေးလိုက်၏။

“ဒီဒေါင်းမွှေးပိုင်ရှင်လေ၊ ထားလိုက်တော့၊ အခု သန့်စင်ခြင်းလုပ်ငန်းကို ပြန်စမယ်”

ကျုးကောလီသည် သန့်စင်ရန် ထိတ်လန့်နေသော်လည်း သူ၏ဝိညာဉ်စွမ်းအင်များကို ထိုဒေါင်းမွှေးအား ရစ်ပတ်လိုက်၏။ သို့သော် ယခုတွင်တော့ မည်သည့် ဆန့်ကျင်မှုမျှ မခံစားရတော့ပေ။ ထို့နောက် ဟွမ်းသည် ဝိညာဉ်စွမ်းအင်များကို ကျုးကောလီထံ တဖန်စီးဆင်းစေလိုက်သည်။

ကျုးကောလီသည် ဆက်တိုက်ဆိုသလို သူ၏ လက်ပုံစံများကို ပြောင်းလဲနေ၏။ နူးညံ့လွန်းသည့် အသွင်သဏ္ဌာန်ရှိနေသည်မို့ သူသည် အလျှင်စလိုမပြုရဲချေ။ သို့သော် သူမထင်ထားသည်မှာ ထိုသက်တံ့ဒေါင်းမွေးများသည် အလွန်ပင် ခိုင်မာလွန်းနေသည်ကိုပင်။

နေ့ဝက်ကြာပြီးနောက်တွင် နှစ်လက်မခွဲခန့်အရွယ်ရှိသည့် ဒေါင်းမွှေးများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထူးခြားသည်မှာ ထိုဒေါင်းမွှေးများသည် တိုသွားခဲ့သော်လည်း ရောင်စဉ်ခုနှစ်သွယ်သည် ထွက်ပေါ်နေဆဲပင်။

All Chapters