ဟွာ့လင်စုတ်တံ
Vol. 7 Ch. 97
“ရောင်းရင်း စုတ်တံရဲ့ လက်ကိုင်နဲ့ ထိပ်ဖျားပိုင်းတော့သန့်စင်ပြီးသွားပြီ၊ ဒါပေမဲ့ ဒီနှစ်ခုကို ချိတ်ဆက်ဖို့ ပစ္စည်းတစ်ခုလိုအပ်နေသေးတယ်”
ကျုးကောလီသည် သူ၏ခန္ဓာကိုယ်မှ စီးကျနေသည့် ချွေးများကို သုတ်ကာပြောလိုက်၏။ ဤလုပ်ဆောင်မှုတွင် သူသည် ကြားခံတစ်ခုဟုသာ ခံစားမိလေသည်။ တကယ်လည်း ကြားခံသာဖြစ်ပေသည်။ ဟွမ်းသည် လက်နက်သန့်စင်သည့် နည်းစနစ်များကို မတက်မြောက်ပေ။ သို့သော် သူတွင် ဝိညာဉ်စွမ်းအင်များစွာရှိ၏။ ထို့ကြောင့် လက်နက်သန့်စင်ခြင်း၊ ဖန်တီးခြင်း လုပ်ဆောင်ချက်များကို နားလည်သည့် လူတစ်ဦးလိုအပ်ခဲ့ခြင်းဖြစ်သည်။ ကျုးကောလီသည် တကယ်တော်သည့်လူဟုပြောကပေမည်။ သုံးရက်အတွင်းသာလေ့လာပြီး ထိုလုပ်ဆောင်ချက်များကို အမှားယွင်းမရှိ လုပ်ဆောင်နိုင်ခဲ့သည်။
“ယီဟွာ၊ မင်းရဲ့ သွေးတစ်စက်ပေး”
ဟွမ်းသည် ချုးယွီဟွာကိုပြောလိုက်၏။ သူမသည် ချက်ချင်းပင် လက်ညိုးထိပ်ကို ဖောက်ကာ သွေးတစ်စက်ကို ပေးအပ်လိုက်သည်။ ထို့နောက် ချုးယွီဟွာ၏ သွေးစက်ကို သူ၏ ဝိညာဉ်စွမ်းအင်များနှင့် ထိန်းသိမ်းကာ ကျုးကောလီ ထံပေးအပ်လိုက်၏။
“ဒါက ချိတ်ဆက်မှု ကြားခံပဲ”
“ရောင်းရင်း ဒါဆိုရင် ဒီစုတ်တံက ဒီမိန်းကလေးရဲ့ သွေးဝိညာဉ်နဲ့ပေါင်းစည်းသွားမှာနော်”
ကျုးကောလီသည် အံ့ဩသွားကာပြောလိုက်၏။ ဝိညာဉ်စုတ်တံကို သွေးစက်နှင့် ချိတ်ဆက်ခြင်းသည် အလွန်ကောင်းမွန်သည့် ပေါင်းစည်းမှုဖြစ်သည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ထိုလက်နက်ပျက်စီးထိခိုက်သွားပါက ချုးယွီဟွာလည်း သေဆုံးနိုင်ပေသည်။ အကြောင်းမှာ သူမ၏ သွေးကို ကြားခံချိတ်ဆက်မှုအဖြစ် အသုံးပြုလိုက်ပါက သူမ၏ ဝိညာဉ်သည် ထိုလက်နက်နှင့် ပေါင်းစည်းစွားပြီး ထိုလက်နက်၏သခင်သည် ချုးယွီဟွာ ဖြစ်လာမည်ဖြစ်သည်။
“ရတယ်၊ အဲ့ဒါက သူမ အသုံးပြုသွားရမဲ့ ဝိညာဉ်စုတ်တံပဲ”
ဟွမ်းသည် အေးဆေးသည့် အမူအရာနှင့်သာဖြေလိုက်၏။
‘စီနီယာအစ်ကို..’
ချုးယွီဟွာသည် သူမ ကိုယ်တိုင်သာကြားနိုင်သည့်အသံနှင့်ရေရွတ်လိုင်၏။ သူမသည် ထိုအချင်းရာများကို ကြားသိပြီးနောက်တွင် မျက်ရည်များ အနည်းငယ်ဝဲလာခဲ့သည်။ သူမ၏ ရင်တွင်းခံစားချက်ကို မည်သို့ဖော်ပြရမည်မှန်းမသိပေ။ ဟွမ်းသည် ထုတ်မပြောပေမဲ့ တပည့်များလျှောက်လှမ်းနိုင်အောင် လမ်းကြောင်းများဖောက်ပေးသည့်အပြင် သူမအတွက်ပင် များစွာတွေးတောပေးနေခဲ့သည်။ သို့သော် ဟွမ်းသည် သူမက ချန်ယဲ့ဟိုင်၏ တပည့်ဖြစ်နေသောကြောင့် စောင့်ရှောက်ပေးရန် တာဝန်ရှိသည် ဟုခံယူထားသောကြောင့်ပင်။
ကျုးကောလီသည် စုတ်တံ၏ နဂါးစိမ်းသလင်းကျောက်လက်ကိုင်နှင့် ရောင်စဉ်ခုနှစ်သွယ်ဒေါင်းမွှေး ထိပ်ဖျားတို့ကို သူ၏ ဝိညာဉ်စွမ်းအင်နှင့် ထိစပ်လိုက်သည်။ မတူညီသည် အရာနှစ်ခု ပေါင်းစပ်နေသည်မို့ ငြင်းဆန်မှု အနည်းငယ်ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကျုးကောလီသည် ရှုပ်ထွေးသည့် လက်ပုံစံတစ်ခု ပြုလုပ်လိုက်သည်။
ထို့နောက်တွင် ခုနှစ်ရောင်ခြယ် စွမ်းအင် အလင်းတန်းများနှင့် စိမ်းပြာရောင် စွမ်းအင်အလင်းတန်းများသည် ယှက်နွယ်လာခဲ့သည်။ နေ့ဝက်ခန့် ကြာသည်အထိ ထိုပေါင်းစည်းခြင်း လုပ်ငန်းစဉ်သည် မပြီးစီးသေးပေ။
ကျုးကောလီ၏ ခန္ဓာကိုယ်တွင်လည်း ချွေးများသည် ရေချိုးထားသည့်အလားပင်။ ထိုဟုန်ကျွင်းနှင့် ကျုးကောရှန်သည် မျက်တောင်ပင်မခက် ကြည့်ရှုနေကြသည်။ ချုးယွီဟွာသည် အသက်ရှုရန်ပင် မေ့နေသည့်အလား ငြိမ်သက်စွာ ကြည့်ရှုနေ၏။
ထို့နောက်တွင် ထိုအလင်းတန်းနှစ်မျိုးသည် တစ်သားတည်းဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် ကျုးကောလီသည် ချုးယွီဟွာ၏ သွေးစက်အား ထိုဖြစ်ပေါ်ကာစ ဝိညာဉ်စုတ်တံ အတွင်းထည့်သွင်းကာ ချိတ်ဆက်လိုက်၏။
“ရွှီး..”
ပြင်းထန်သည့် စွမ်းအင်ရိုက်ခက်မှုများ ထွက်ပေါ်လာခဲ့သည်။ ထိုရိုက်ခက်မှုကြောင့် ကျုးကောလီသည် လွင့်စင်လုနီးပါးပင်။ သို့သော် ဟွမ်းသည် သူ၏ ခန္ဓာကိုယ်အား ထိန်းပေးထားသည်။ ထို့ကြောင့် သူသည် အာရုံစိုက်ကာ နောက်ဆုံး အဆင့် ဖြစ်သည့် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုက်၏။
ထိုနောက်ဆုံးအဆင့်သည် အလွန်ပင်ဂရုစိုက်ရကာ အချိန်သည်လည်း ကြာလွန်းသည်။ ဟွမ်းတို့သည် ကျုးကော်လီ၏ ခန်းမသို့ရောက်ရှိနေသည်မှာ တစ်ပတ်ပင်ပြည့်တော့မည်ဖြစ်သည်။
‘စီနီယာရဲ့ စွမ်းအင်တွေက ဘယ်လောက်တောင်များပြားလွန်းတာလဲ’
ထိုက်ဟုန်ကျွင်းသည် ဝိညာဉ်စွမ်းအင်များကို ငါးရက်နီးပါးပင် ဆက်တိုက် ထုတ်သုံးနေသည့် ဟွမ်းကို ကြည့်ကာ အားကျနေမိ၏။ ထို့အပြင် စွမ်းအင်သုံးစွဲမှုနှုန်းသည် ကြောက်စရာကောင်းလောက်အောင်ပင် များပြားလွန်းသည်။
ထို့နောက်တွင် ချုးယွီဟွာ၏ စိတ်ဝိညာဉ်သည် တစ်စုံတစ်ခုနှင့် ချိတ်ဆက်သွားသည်ဟု ခံစားလိုက်ရသည်။
“ရောင်းရင်း အောင်မြင်သွားပြီ..”
ကျုးကောလီသည် ဝမ်းသာလုံးဆို့လုမတက်ပင် အော်ဟစ်ကာပြောလိုက်၏။ ထို့နောက် သူ၏ စွမ်းအင်မသုံးရသော်လည်း အပင်ပန်းခံကာ ပြုလုပ်ထားရသည့် ဝိညာဉ်စုတ်တံကို စေ့စေ့စပ်စပ်ကြည့်ကာ ဝမ်းသာပီတိများဖြစ်ပေါ်နေသည်။
ထိုဝိညာဉ်စုတ်တံ၏ အရှည်သည် ဆယ့်တစ်လက်မခန့်သာရှိပြီး အချင်းသည် လက်မဝက် ခန့်သာရှိသည်။ နဂါးစိမ်းသလင်းကျောက်သည် ရှစ်လက်မကခန့်နေရာယူထားပြီး ရောင်စဉ်ခုနှစ်သွယ်ဒေါင်းမွှေးသည် နှစ်လက်မခွဲခန့်နေရာယူထားသည်။ သူ၏ အသွင်သဏ္ဌာန်သည် လက်ကိုင်၏ အနောက်ဘက်မှ လေးလက်မခန့် တဖြေးညီချောမွေ့နေပြီး အရှေ့ဖက်သုံးလက်မခန့်သည် အခန်းငယ် မြင့်တက်သွားဟန်ရှိသည်။ ထွင်းဖောက်မြင်နိုင်အောင်ကြည်လည်နေပြီး စိမ်းပြာရောင်နုနုလေးသည် ဖြတ်ပြေးနေသည့်အလားပင်။ ထိပ်ဖျားဒေါင်းမွှေးသည်တော့ ငှက်ပြောဖူးသဖွယ် အရင်းမှ ထိပ်ဖျားသို့ နိမ့်ဆင်းသွားသည်။ထို့အပြင် သက်တံ့ရောက်တောက်ပနေသည်။ ၎င်းအရာများနှင့် ပေါင်းစည်းပြီး ဖြစ်ပေါ်လာသည့် ဝိညာဉ်စုတ်တံသည် အလွန်ပင် တင့်တင်လှ၏။
ဟွမ်းသည် ထိုဝိညာဉ်စုတ်တံကို ချုးယွီဟွာအား ပေးအပ်လိုက်၏။
“ယွီဟွာ ဒါက မင်းရဲ့အပိုင်ပဲ၊ မင်းရဲ့သွေးစွမ်းအင်နဲ့ ချိတ်ဆက်ထားတာဆိုပေမဲ့၊ မင်းရဲ့ ဝိညာဉ်စွမ်းအင်နဲ့ ရင်းနှီးအောင် အရင်လုပ်လိုက်”
ထိုဝိညာဉ်စုတ်တံသည် ချုးယွီဟွာ၏ လက်ထဲတွင်ရောက်ရှိသွားသည့်အခါ ပထဆုံးခံစားချက်သည် အေးမြနေမှုဖြစ်သည်။ ထို့ကြောင့် သူမ၏ စိတ်အတွင်းတွင်လည်း အေးချမ်းသွားခဲ့၏။ သူမသည် ၎င်းကို သဘောကျစွာကြည့်ရှုနေပြီး သူမမျက်နှာထက်တွက် အေးချမ်းလှသည့် အပြုံးပန်းလေးများ ပွင့်ဖူးနေသည်။
“မိန်းကလေး ဒီစုတ်တံကို မင်းနာမည်ပေးသင့်တယ်”
ကျုးကောလီသည် ချုးယွီဟွာကို စိတ်အားထက်သန်စွာပြောလိုက်၏။ ဤဝိညာဉ်စုတ်တံသည် မည်သည့် အဆင့်တွင်ရှိမည်ကို မသိသော်လည်း ကောင်းကင်အဆင့်လက်နက်များထက်သာလွန်မည်ဟု ခံစားမိနေသည်။
“စီနီယာအစ်ကို၊ ဘယ်လိုနာမည်ပေးရမလဲ”
ချုးယွီဟွာသည် ဟွမ်းကို အားကိုးတကြီးမေးလိုက်၏။ သူမ၏ စီနီယာအစ်ကို နာမည်ပေးလျှင်ပိုကောင်းမည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် ဟွမ်းသည် အချိန်းအနည်းငယ်ကြာ အတွေးနက်သွားပြီးနောက် သူစဉ်းစားမိသည့်နာမည်ကိုပြောလိုက်၏။
“စိမ်းပြာရောင်ဝိညာဉ်စုတ်တံ လို့ခေါ်လိုက်လေ”
ကျုးကောလီ “...”
‘မင်း အချိန်ယူပြီးစဉ်းစားတာတောင် ဒီနာမည်ပဲထွက်လာတာလား’
“မိန်းကလေးချုး မင်းစဉ်းစားထားတဲ့ နာမည်ရောရှိလား”
ထိုက်ဟုန်ကျွင်းသည် ချုးယွီဟွာကို တိုးလျသည့် လေသံနှင့်မေးလိုက်၏။ သူတို့တောင်မဆုံးဖြတ်နိုင်သည့် အဆင့်တွင်တည်ရှိနေသည့် ပစ္စည်းများနှင့် ပြုလုပ်ထားသည့် ဝိညာဉ်စုတ်တံကို ထိုသို့ဖြစ်ကရပ်ဆန်း နာမည်ပေးရန်မသင့်ဟု ခံစားမိကြသည်။
“ရှိတော့ရှိတယ်..”
ချုးယွီဟွာသည် ပြောရခက်နေသည် အမူအယာနှင့် ဖြေလိုက်၏။
“ယွီဟွာ မင်းကိုယ်တိုင်ပဲ နာမည်ပေးလိုက်ပါ”
ဟွမ်းသည် ဖြစ်တောင့်ဖြစ်ခဲ စိတ်ပျက်သွားသည့် အသံနှင့်ပြောလိုက်၏။ သူသည် အတက်နိုင်ဆုံး အကောင်းဆုံးနာမည်ကို ရွှေးပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အနီးနားရှိ လူလေးဦးသည် ထိုနာမည်ကို မလိုချင်သည့်အလားပြုမှုနေကြ၏။ ထို့ကြောင့် ချုးယွီဟွာသည် သူမ စဉ်းစားထားသည့် နာမည်ကို ပြောလိုက်သည်။
“ဝိညာဉ်ဖန်တီးခြင်းစုတ်တံ(ဟွာ့လင်စုတ်တံ) လို့ခေါ်လိုက်မယ်”
“မိန်းကလေးချုး နာမည်ကောင်းပဲ”
“ဟွာ့လင်စုတ်တံ... မိန်းကလေးပေးတဲ့ နာမည်က တကယ်လိုက်ဖက်ညီလှတယ်”
ဟွမ်း “...”
‘ဒါဆို ငါ့ကို ဘာလို့မေးနေသေးတုန်း’
ထိုက်ဟုန်ကျွင်းနှင့် ကျုးကောလီသည် ထိုနာမည်ကို အလွန်ပဏာသင့်လှသည်ဟုဆိုက ချီးကျုးနေကြသည်။ ချုးယွီဟွာသည်လည်း အလွန်ပင် သဘောကျနေ၏။ ထို့နောက်တွင် တိတ်ဆိတ်နေသည့် ဟွမ်းသည် ကျုးကောလီကိုကြည့်ကာ ပြောလိုက်၏။
“ကောင်းပြီ၊ ဒီဟွာ့လင်စုတ်တံပြုလုပ်ဖို့ကူညီခဲ့တဲ့အတွက် ခင်ဗျားလိုချင်တာတောင်းဆိုနိုင်တယ်”
“ရောင်းရင်း ဒီလိုအဆင့်လက်နက်မျိုးကို ပြုလုပ်ဖူးတာနဲ့တင် ကျုပ်ဘဝကြီးမှာ အရှုံးမရှိတော့ဘူးလို့ ခံစားမိတယ်၊ ပြီးတော့ ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ ရောင်းရင်းက အပင်ပန်းခံရတဲ့သူလေ၊ ကျုပ်က လိုအပ်တဲ့ နည်းစနစ်ပဲ ထုတ်သုံးရုံပဲရှိခဲ့တာ၊ ဒါကြောင့် ကျုပ်တစ်ခြားလက်ဆောင်မလိုအပ်ပါဘူး”
ကျုးကောလီသည် ဟွမ်း၏ စကားကြောင့် အံ့ဩသွား၏။ သို့သော် ငြင်းပယ်လိုက်သည်။ သူသည် ထိုသို့ ဝိညာဉ်လက်နက်ဖန်တီးခြင်းတွင် ရူးသွပ်သူဖြစ်ပြီး ထိုသို့လုပ်ကိုင်နေရလျှင်ပင် သူ့အတွက် တန်ဖိုးရှိနေပြီဖြစ်သည်။ နဂါးစိမ်းသလင်းကျောက်နှင့် သက်တံ့ရောင်ဒေါင်းမွေးကဲ့သို့ ပစ္စည်းများကို မတုန့်မဆိုင်း ထုတ်ယူပုံအရ ဟွမ်းထံတွင် ပစ္စည်းကောင်းများ ထပ်မံရှိသေးမည်ဟုတွေးမိသည်။ သို့သော် သူသည် ရိုးသားသည့် လူတစ်ဦးဖြစ်နေသေးသည်။မည်သည့်အရာမျှ မတောင်းဆိုပေ။
“ကျုပ်က ခင်ဗျားကို မတရားမဆက်ဆံပါဘူး၊ ခင်ဗျားနဲ့ ထိုက်တန်တဲ့ တန်ကြေးပေးမယ်”
(Note - ဟွာ့လင် ရဲ့ ဟွာ့က ဖန်တီးခြင်းကိုဆိုလိုတာပါ)
ယွင်ကျန့် = တိမ်လွှာဓါး
ဖုန့်ရှင်းချန် = ဖီးနစ်နှလုံးသားလှံ