← Chapters

နတ်အင်ပါယာဟေးချုံး

Vol. 7 Ch. 98

နတ်အင်ပါယာဟေးချုံး

Vol. 7 Ch. 98

ဟွမ်း၏လက်ထဲတွင် စာလိပ်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ထိုစာလိပ်ကို ကျုးကောလီအား ပေးအပ်လိုက်သည်။

“ဒါက ဒြပ်စင်သန့်စင်ခြင်းနည်းစနစ်လို့ခေါ်တယ်၊ နတ်ဘုရားအဆင့်ရောက်လုနီးပါးဖြစ်တဲ့ နည်းစနစ်တစ်ခုပဲ”

“ဒါ..ဒါက..”

ကျုးကောလီသည် စကားပင်မပြောနိုင်တော့ချေ။ ထိုနည်းစနစ်ကို ဖက်ရှုနေရင်း သူ၏လက်များသည် တုန်ယင်နေ၏။ ထိုစာလိပ်သည် လက်နက်များကို သန့်စင်ရာတွင် မရှိမဖြစ်လိုအပ် သည့် သန့်စင်ခြင်းနည်းစနစ် စာလိပ်ဖြစ်သည်။ ထိုနည်းစနည်သည် လက်နက်ဖန်တီးရှင်များ အတွက် အရေးပါလှသည့်အရာဖြစ်သည်။

“ကျေးဇူးတင်ပါတယ်..”

“မလိုဘူး၊ ခင်ဗျားလုပ်ပေးခဲ့တာအတွက် တန်ကြေးပဲ”

ကျုးကောလီသည် ထိုစကားကြားပြီးနောက် ထိုလူငယ်သည် ‘စကားပြောမကောင်းသော်လည်း စိတ်ရင်းတော့ ကောင်း၏’ ဟူ၍တွေးမိသွားသည်။ ထို့နောက် ဟွမ်းသည် ကျုးကောလီကို အာရုံမစိုက်တော့ချေ။ ထိုက်ဟုန်ကျွင်းကိုကြည့်ကာမေးလိုက်၏။

“ဟုန်ကျွင်း ဆွေးနွေးပွဲက ဘယ်နှစ်ရက်လိုသေးလဲ”

“နှစ်ရက်ကျော်လောက်လိုသေးတယ် စီနီယာ”

“ဘယ်နေရာမှာ ဆွေးနွေးပွဲလုပ်မှာလဲ”

“အဆင့်မြင့်အလွှာမှာရဲ့ ဗဟိုခန်းမမှာပါ စီနီယာ၊ ဒီရက်အတွင်း ဟွမ်းယွီအိမ်တော်ကို မပြန်ဖြစ်ရင် ကျုပ်တို့တည်းတဲ့ အိမ်တော်မှာ လိုက်ပြီးတည်းလို့ရပါတယ်”

ထိုက်ဟုန်ကျွင်းသည် ဟွမ်းကို ဖိတ်ခေါ်လိုက်၏။ သို့သော် ဟွမ်းသည် ငြင်းပယ်လိုက်ကာ ကျုးကောလီကို ပြောလိုက်၏။

“ခင်ဗျား အလုပ်ခန်းကို ကျုပ်ကို နှစ်ရက်ငှားပေး”

“ရပါတယ်၊ ရောင်းရင်း စိတ်ကြိုက် တည်းလို့ရပါတယ်”

ကျုးကောလီသည် စိတ်ထဲ မထားသည့်အလားပြောလိုက်၏။ ထို့ကြောင့် ဟွမ်းသည် ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။

“ခင်ဗျားတို့ ထွက်သွားတော့”

ကျုးကောလီ “...”

“ယွီဟွာ ဒီနှစ်ရက်အတွင်း ဟွာ့လင်းစုတ်တံကို ပိုပြီးရင်းနီးအောင်လေ့လာလိုက်”

ကျုးကောလီတို့ ထွက်သွားပြီးနောက် ချုးယွီဟွာကို နေစေခဲ့သည်။ ချုးယွီဟွာသည် ချက်ချင်းပင် တင်ပုလ္လင်ခွေ ထိုင်လိုက်ကာ ဟွာ့လင်စုတ်တံအတွင်း ဝိညာဉ်စွမ်းအင်များစီးဆင်းစေသည်။

ထို့နောက် ဟွမ်းသည် အခန်းအတွင်း အသံလုံ အစီအရင်ကို ထုတ်ဖော်လိုက်ပြီး ချုးယွီဟွာ အတွက် သီးသန့်အသံလုံအစီအရင်တစ်ခု ပြုလုပ်ပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားဆယ်ခုကို ထုတ်ယူလိုက်၏။ ထိုကျောက်စိမ်းပြားများသည် နဂါးစိမ်းသလင်းကျောက်မှ ထုတ်ယူသန့်စင်ထားသည့် ကျောက်စိမ်းပြားများ ဖြစ်သည်။

ထိုအချိန်တွင် ကျောက်စိမ်းပြားများသည် သူ၏ အရှေ့တွင်မျှောလွင့်နေ၏။ ထို့နောက် ဟွမ်း၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းလွန်းသည့် သတ်ဖြတ်ခြင်းဆန္ဒများ ထွက်ပေါ်လာခဲ့သည်။ သူ၏ အသံလုံအစီအရင် တစ်ခုလုံးတွင် အနီရောင်စွမ်းအင်အငွေ့အသတ်များနှင့် ပြည့်နှက်နေ၏။ သူသာ ထိုအစီအရင်ကို ထုတ်ဖော်မထားပါက ဗဟိုမြို့တော် တစ်ခုလုံး သတ်ဖြတ်ငွေ့များပျံ့နှံ့သွားပြီး အဆင့်နိမ့်ကျင့်ကြံသူများ သေဆုံးသွားနိုင်သည်အထိ ဖြစ်နိုင်ချေရှိသည်။ သို့သော် ဟွမ်း၏သတ်မှတ်ချက်အရ မည်သည့်အဆင့်က အနိမ့်ဆုံး ဖြစ်သည်ကိုတော့ မသိနိုင်ပေ။

ထိုအငွေ့အသတ်များသည် စွမ်းအင်စက်လုံး ဆယ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဟွမ်းသည် ထိုစွမ်းစက်လုံးများကို ဖြည်းဖြည်းချင်းပင် အသွင်သဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲနေသည်။ အနီရောင်စက်လုံးများသည် တဖြေးဖြေး လူတစ်ဦး၏ အသွင်သဏ္ဌာန် ဖြစ်တည်လာသည်။ ထိုအသွင်သဏ္ဌာန်တစ်ခုလုံးသည် အနီရောင်များသာ ဖြစ်နေသောကြောင့် မည်သူဆိုသည်မှာ မသဲကွဲချေ။ သို့သော် ဟွမ်း၏ အသွင်သဏ္ဌာန်နှင့်တော့ အတော်ပင် တူညီနေသည်။

ထို့နောက်တွင် ဟွမ်း၏ပုံစံရှိသည့် သတ်ဖြတ်ခြင်းစွမ်းအင်ဆယ်ခုသည် ထိုကျောက်စိမ်းပြား ဆယ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ အနီးရှိသတ်ဖြတ်ခြင်းအငွေ့အသက်များသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် စိမ်းပြာရောင်ရှိသည့် ကြည်လင်နေသည့် ကျောက်စိမ်းပြားများသည် သွေးကဲ့သို့ အနီရောင်သို့ ပြောင်းလဲသွား၏။

“တစ်ခါသုံးပဲ ရတာလား၊ သလင်းကျောက် အရည်အသွေးက အနည်းငယ်နိမ့်နေတာ နှမြောစရာပဲ”

ဟွမ်းသည် သူလက်ထဲရှိ သွေးနီရောင်ကျောက်စိမ်းပြားများကို ကြည့်ရင်း ခေါင်းယမ်းကာ ရေရွတ်လိုက်၏။ ထို့နောက် သူ၏ အသံလုံ အစီရင်ကို ပြန်လည်သိမ်းဆည်းလိုက်၏။

“ဒါပေမဲ့လည်း၊ ငါ့တပည့်တွေအတွက်တော့ လုံလောက်ပါတယ်”

ချုးယွီဟွာသည် အချိန်အတော်ကြာပြီးနောက်တွင် ဟွာ့လင်စုတ်တံကို သူမ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ သိမ်းဆည်းလိုက်ကာ သူမ၏ မျက်လုံးများကို ဖွင့်ဟလိုက်၏။ ထို့သော် ပထမဆုံး တွေ့မြင်လိုက်ရသည့် အရာကြောင့် သူမ၏ မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာခဲ့သည်။ အကြောင်းမှာ ဟွမ်းသည် သူမကို စိုက်ကြည့်နေသောကြောင့်ပင်။

“စီနီယာအစ်ကို ကျွန်မတစ်ခုခုမှားယွင်းသွားတာရှိလို့လား”

သူမသည် အတော်လေးရှက်ရွံ့လာသည့်အတွက် မေးလိုက်၏။ သို့သော် ဟွမ်းသည် မျက်နှာသေနှင့်သာဖြေလိုက်သည်

“မဟုတ်ပါဘူး၊ ဝိညာဉ်စုတ်တံနဲ့ ရင်းနှီးအောင် လုပ်တဲ့ မင်းရဲ့ပုံစံက ကြည့်ကောင်းနေလို့”

“ရှင်..”

ထို့နောက်တွင် ထိုက်ဟုန်ကျွင်းသည် ဟွမ်းနှင့် ချုးယွီဟွာတို့နှစ်ဦး ကျုးကောလီ၏ အလုပ်ခန်းအတွင်းမှ ထွက်လာသည်ကို မြင်တွေ့လိုက်၏။ ဟွမ်းသည် တည်တည်ငြိမ်ငြိမ် နှင့်ပင် လျှောက်ထွက်လာသည်။ သို့သော် ချုးယွီဟွာသည် သူမ၏ မျက်နှာသည် နီရဲနေပြီး ခေါင်းကိုလည်းငုံ့ထားသေး၏။ ထိုက်ဟုန်ကျွင်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း မည်သို့မျှ မတွေးတော့ပဲ ဟွမ်းကို ပြောလိုက်သည်။

“စီနီယာ ဒီနေ့က ဆွေးနွေးပွဲနေ့ပါ၊ အချိန်အနည်းငယ်တော့ လိုသေးပေမယ့် စီနီယာအသင့် ဖြစ်ရင် သွားလို့ရပါပြီ”

“ကောင်းပြီ သွားကြတာပေါ့”

ထို့နောက် ထိုက်ဟုန်ကျွင်းသည် ကျုးကောလီကို နှုတ်ဆက်ကာ ထွက်သွားကြသည်။

“ရောင်းရင်း၊ လိုအပ်တာရှိရင် ကျုပ်ဆီ အချိန်မရွေးလာခဲ့ပါ”

ကျုးကောလီသည် နှုတ်ဆက်လိုက်၏။ သို့သော် ဟွမ်းသည် ပြန်မဖြေခဲ့ချေ။ သူတို့သည် ဗဟိုခန်းမသို့ ဦးတည်သွားလိုက်ကြသည်။ ထို့နောက် ဟွမ်းတို့သုံးသည် ဗဟိုခန်းမသို့ရောက်ရှိလာခဲ့ကြသည်။

“နတ်အင်ပါယာထိုက်၊ ဆရာကို အကြောင်းကြားထားပါတယ်၊ ထိုင်ကြပါဦး”

ရှင်းဝမ်ကျဲသည် ရိုသေစွာပြောလိုက်၏။ သို့သော် ဟွမ်းကိုတော့ မကြည့်ပေ။ အရှေ့ပိုင်းနယ်မြေတွင်ဖြစ်ပျက်ခဲ့သည် အကြောင်းရာများကြောင့် ဖြစ်နိုင်သည်။ ရှင်းဝမ်ကျဲသည် ခန်းမအတွင်းသို့ ပို့ဆောင်ပေးခဲ့၏။

‘အဲ့ဒီလူကို သေချာသတိထားရမယ်၊ ဗဟိုနယ်မြေရဲ့ ကပ်ဘေးဖြစ်လာနိုင်တယ်’

ရှင်းဝမ်ကျဲသည် ထိုက်ဟုန်ကျွင်းတို့ကို ခန်းမအတွင်း ပို့ဆောင်ပြီးနောက် အတွေးများစွာထွက်ပေါ်လာသည်။

“ဆရာ ရောက်လာပြီလား” ရှင်းဝမ်ကျဲသည် သူ၏ဆရာကို မြင်လိုက်ပြီးနောက် နှုတ်ဆက်လိုက်၏။ ပုံမှန်ဆိုလျှင်တော့ ရှင်းဝေ့ကျန်းသည် အခြားနတ်အင်ပါယာများ စုံလင်စွာရောက်ရှိပြီးမှသာ ထွက်ပေါ်လာတက်သည်။ သို့သော် ယခုတွင် ဟွမ်းရောက်နေပြီ ဖြစ်သောကြောင့် ချက်ချင်းထွက်လာခဲ့ခြင်း ဖြစ်သည်။

“ရောင်းရင်းဟွမ်း၊ နတ်အင်ပါယာထိုက်”

ရှင်းဝေ့ကျန်းသည် ခန်းမအတွင်းဝင်ရောက်လာပြီးနောက် နှုတ်ဆက်လိုက်၏။

“နတ်အင်ပါယာရှင်း”

ထိုက်ဟုန်ကျွင်းသည် ပြန်လည်နှုတ်ဆက်လိုက်၏။ သို့သော်ဟွမ်းသည်တော့ ထိုင်ရာမှပင်မထခဲ့ချေ။ ချုးယွီဟွာသည် ဟွမ်း၏ အနောက်တွင်သာ တိတ်တဆိတ်ရပ်နေသည်။ နတ်အင်ပါယာများ၏ စကားဝိုင်းတွင် သူမသည် မည်သို့နေရမည်ကိုပင်မသိတော့ချေ။

“နတ်အင်ပါယာထိုက် အစောကြီး ရောက်လာတာပဲ”

ရှင်းဝေ့ကျန်းသည် ဟွမ်း၏ မတုန့်ပြန်မှုကို စိတ်ထဲမထားချေ။

“ကျုပ်မှာလဲ အချိန်အနည်းငယ်အားလပ်နေတာနဲ့ စီနီယာနဲ့ အတူထွက်လာလိုက်တာ”

ထိုက်ဟုန်ကျွင်းသည် ပြောလိုက်၏။ ထို့နောက်တွင် သူတို့နှစ်ဦးသည် အပြန်အလှန်ပြောဆိုနေကြသည်။ ရှင်းဝေ့ကျန်းသည် နတ်အင်ပါယာထျန်းရှီ၏ သေဆုံးမှုအကြောင်းနှင့် မိစ္ဆာနယ်မြေ၏ အဖြစ်အပျက်များကို မေးမြန်းနေ၏။ အကြောင်းစုံသိပြီးနောက်တွင် သူ၏တပည့်ကို အနိုင်ယူခဲ့သည့် မိန်းကလေးသည် ဟွမ်း၏ တပည့်ကြီး မှန်းသိရှိသွားပြီး အလွန်ပင်မှင်သက်သွားသည်။

ခဏအကြာတွင် မိစ္ဆာအင်ပါယာချီမင်ယောင်သည် ခန်းမအတွင်းဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင် အသားညိုညို ထွားထွားကြိုင်းကြိုင်းရှိသည့် လူတစ်ဦးဝင်ရောက်လာခဲ့သည်။

“နတ်အင်ပါယာဟေးချုံး..”

ထိုက်ဟုန်ကျွင်းသည် ထရပ်ကာ နှုတ်ဆက်လိုက်၏။ သူသည် နတ်အင်ပါယာလေးပါထဲတွင် သူသည် အငယ်ဆုံးနတ်အင်ပါယာ တစ်ပါးဖြစ်သည်။ သူသည် ချီမင်ယောင်နှင့် နှစ်ငါးရာခန့်သာကွာသော်လည်း အခြားနတ်အင်ပါယာနှစ်ဦးထက် နှစ်ပေါင်းသုံးထောင်ခန့်ငယ်လေသည်။ နတ်အင်ပါယာထျန်းရှီသည် ထျန်းယွမ်ကုန်းမြေ၏ နတ်အင်ပါယာများတွင် သက်တမ်းအရင့်ဆုံး ဝါရင့်တစ်ဦးဖြစ်ခဲ့ပြီး သူမရှိတော့သည့်နောက်တွင် ရှင်းဝေ့ကျန်းသည် အကြီးဆုံး အင်ပါယာ ဖြစ်လာခဲ့သည်။

“နတ်အင်ပါယာရှင်း ခင်ဗျားက မိစ္ဆာမကိုပါ ဖိတ်ခေါ်ထားတာပဲ”

ဟေးချုံးသည် ချီမင်ယောင်ကို တွေ့မြင်ပြီးနောက် ခနဲ့လိုက်သည်။ ချီမင်ယောင်သည် မျက်မှောင်ကြုတ်သွား၏။

“နတ်အင်ပါယာ ဟေးဆုံး အကုန်လုံးက မဟာမိတ်ဖွဲ့ထားတာပဲ၊ အတိတ်ကရန်ငြိုးတွေကို အတိတ်မှာပဲ ထားခဲ့ပါ၊ ပြီးတော့ မိစ္ဆာအင်ပါယာရဲ့ အရင်မျိုးဆက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေလေ၊ သူမနဲ့ မသက်ဆိုင်ပါဘူး”

ရှင်းဝေ့ကျန်းသည် ဝင်ရောက်ဖျန်ဖြေလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီမိန်းမက ကျုးကျော်သူမျိုးနွယ်ပဲ၊ ဘယ်သူသိမှာလဲ၊ မိစ္ဆာမျိုးနွယ် အင်အားကောင်းလာရင် ထျန်းယွမ်ကုန်းမြေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားချင် ကြိုးစားနေနိုင်တယ်”

ဟေးချုံးသည် နှာမှုတ်ကာ ပြောလိုက်၏။

All Chapters