မိုးစက်မုန်တိုင်း၏ စုတ်ချက်
Vol. 7 Ch. 101
“လောကကြီးရဲ့ရက်စက်မှုကို မသိရှိသေးတဲ့ မိန်းကလေးပဲ”
ဟွမ်းသည် ချုးယွီဟွာ၏ တိုက်ခိုက်မှုများကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
ချုးယွီဟွာ၏ ဤတိုက်ကွက်သည် ဟေးချုံးကို အတော် ဒုက္ခပေးလိုက်နိုင်သည်။ ဟေးချုံးသည် ထိုမိုးရေအရုပ်များကို အဆက်မပြတ်ခုတ်ပိုင်းနေသော်လည်း ထိုအရုပ်များ၏ ခန္ဓာကိုယ်အတွင်းသာ သူ၏ပုဆိန်သည် ဖြတ်သန်းသွား၏။
“ရွှမ်း..”
သို့သော် ထိုမိုးရေ အရုပ်များသည် မပျက်စီးပေ။ အားပြင်းပြင်းနှင့် ဖျတ်စီးလိုက်သော်လည်း ပြန်လည်ဖြစ်တည်လာခဲ့သည်။ ထို့အပြင် ထိုအရုပ်များ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည့်အခါ နာကျင်မှုကိုပင် ခံစားလိုက်ရ၏။ ထိုအရုပ်ဆယ်ရုပ်သည် ဟေးချုံးကို အဆက်မပြတ် ဖိအားပေးတိုက်ခိုက်နေသည်။ ဟေးချုံးသည် နတ်အင်ပါယာ တစ်ပါးဖြစ်သော်လည်း မိုးရေအရုပ်များကြောင့် ဖရိုဖရဲနှင့် တိုက်ခိုက်နေရ၏။
ထို့နောက်တွင် သူသည် စိတ်မရှည်တော့ချေ။ ထို့ကြောင့် မြေလွှာကို စောင့်နင်းကာ သူ၏ နတ်ဘုရားတစ်ပိုင်းအဆင့် အရှိန်အဝါကို ထုတ်ဖော်လိုက်၏။ ထို့နောက်တွင် သူ၏ ပုဆိန်အတွင်း ဝိညာဉ်စွမ်းအင်များစွာ ထည့်သွင်းလိုက်ပြီးနောက် ထိုမိုးရေ အရုပ်များကို တရစပ် ဖြိုခွဲပစ်လိုက်သည်။
“ဝုန်း..”
များပြားလွန်းပြီး ကြမ်းတမ်းသည် သူ့၏ စွမ်းအင်များကြောင့် မိုးရေအရုပ်များသည် ပြိုကွဲကုန်၏။ ထို့အပြင် ပြန်လည် ဖြစ်တည်နိုင်ခြင်းမရှိတော့ချေ။ ထို့နောက် သူသည် ချုးယွီဟွာကို အဆုံးသတ်တိုက်ခိုက်ရန် ဝိညာဉ်စွမ်းအင်များကို သူ၏ ပုဆိန်အတွင်းစီးဆင်းစေလိုက်သည်။
“မိန်းကလေး ကျုပ်အလှည့်..ဘာတွေဖြစ်ကုန်တာတုန်းဟ”
ဟေးချုံးသည် ချုးယွီဟွာကို ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် သူသည် သူမကို ကြည့်လိုက်သည့် အချိန်တွင် သူမ၏ ပတ်ပတ်လည်မှ သူ့အားချိန်ရွယ်ထားသည့် မိုးစက်ဓား ထောင်ဂဏာန်းဝန်းကျင်ခန့်ကို တွေ့လိုက်ရ၏။ သူ၏ စိတ်အတွင်း စိုးထိတ်မှုကိုခံစားလိုက်ရသည်။
ဟေးချုံးသည် မိုးရေအရုပ်များကို အသည်းသန် ရှင်းထုတ်နေရသည်မို့ ချုးယွီဟွာကို သေချာသတိမမူမိပေ။ အကြောင်းမှာ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျဆင်းနေသော်လည်း နတ်အင်ပါယာတစ်ပါးဖြစ်သည်။ ထို့ကြောင့် ချုးယွီဟွာသာ သူကို တိုက်ခိုက်လျှင် ဝိညာဉ်စွမ်းအင်လှုပ်ရှားမှုများကို ခံစားမိမည်ဖြစ်ပြီး ချက်ချင်းတုန့် ပြန်နိုင်မည်ဖြစ်သည်။
သို့သော် ချုးယွီဟွာ၏ သင်္ကေတရေးဆွဲမှုသည် ဝိညာဉ်စွမ်းအင်ထက် စိတ်စွမ်းအင်များကို အသုံးပြု၍ ရေးဆွဲလျှင် ပို၍ အစွမ်းထက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ဟေးချုံး မိုးရေအရုပ်များနှင့် အလုပ်ရှုပ်နေချိန်တွင် သူမသည် စိတ်စွမ်းအင်သုံးကာ မိုးစက်ဓားသွားများကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဟေးချုံးသတိထားမိသွားချိန်တွင် ‘တိုက်ခိုက်ခြင်း’ ကိုရေးဆွဲကာ ထိုမိုးစက်ဓားသွားများနှင့်ပေါင်းစပ်ကာ ဟေးချုံးထံ ဦးတည်သွားလေသည်။
ဟေးချုံးသည် အန္တရာယ်ဟူသည့် အငွေ့အသက်ကို ခံစားမိသွားသည်။ သူ၏ မျက်မှောင်ကို ကြုတ်ကာ ထိုမိုးစက်ဓားသွားများကို ကာကွယ်ရန်ပြင်ဆင်လိုက်သည်။ ထိုနောက်တွင် သူ၏ ဝိညာဉ်စွမ်းအင်များကို တရှိန်ထိုး တိုးမြင့်လိုက်သည်။ သို့သော် နတ်ဘုရားတစ်ပိုင်းအဆင့်ထိ ကန့်သတ်ခြင်းခံထားရသည်မို့ လိုအပ်သလောက် ထုတ်ယူသုံးစွဲ နိုင်ခြင်းမရှိခဲ့ချေ။
ထို့နောက် သူ၏ ပုဆိန်အတွင်းတွင် ဝိညာဉ်စွမ်းအင်များစွာ စီးဆင်းဝင်လာပြီးနောက် ထောင်ဂဏန်းမျှရှိသည့် မိုးစက်ဓားများကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။
“ဝုန်း..”
များပြားလှသည့် ဓားသွားများသည် တရကြမ်း ဝင်ရောက်လာပြီးနောက် ဟေးချုံးသည် အသည်းအသန် ခုခံနေရသည်။
“ကျုပ် ရောင်းရင်းဟွမ်းနဲ့ နှစ်ကြိမ်ပဲ တွေ့ဆုံရသေးပေမဲ့ လောကကြီးရဲ့ ဆန်းကြယ်မှုကို သိမြင်လာရတယ်”
ရှင်းဝေ့ကျန်းသည် ချုးယွီဟွာ၏ တိုက်ခိုက်မှုပုံစံကိုကြည့်ကာ ထိုက်ဟုန်ကျွင်းအား ပြောလိုက်သည်။
“ကျုပ်လဲ စီနီယာနဲ့ တွေ့ဆုံဖူးတဲ့ အကြိမ်ရေက လက်တစ်ဖက်တောင်မပြည့်သေးဘူး၊ ဒါပေမဲ့ တစ်ကြိမ်ဆုံတိုင်း ကျုပ်အမြင်တွေပြောင်းလဲရတာပဲ”
“အဲ့ဒီလူက ဘယ်ကရောက်ရှိလာတာလဲ၊ နတ်အင်ပါယာထိုက်သိလား”
ရှင်းဝေ့ကျန်းသည် ဟွမ်း၏အကြောင်းကို ပိုမိုသိချင်လာခဲ့သည်။
“နတ်ဘုရားကုန်းမြေဆိုတဲ့ စွမ်းအားမြင့်ကုန်းမြေတစ်ခုကတဲ့၊ ကျုပ်လဲ ရေရေရာရာတော့မသိဘူး”
ထိုက်ဟုန်ကျွင်းသည် ခေါင်းခါယမ်းကာပြောလိုက်၏။
တိုက်ပွဲအတွင်းတွင် ချုးယွီဟွာသည် ဤတိုက်ခိုက်ချက်တွင် စိတ်စွမ်းအင်များစွာသုံးစွဲထားရသည့်အတွက် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။ သို့သော် အရမ်းတော့ မဆိုးဝါးသေးချေ။
“ဝုန်း..”
“တော်တော်ပြင်းထန်တဲ့ ဓားသွားတွေပဲ၊ မကုန်နိုင်တော့ဘူးလားကွာ”
ဟေးချုံးသည်လည်း ထိုမိုးစက်ဓားသွားများကို ခုခံဖျတ်စီးနေရင်း ပင်ပန်းလာသည်။ သူ၏ ကျင့်ကြံမှု အဆင့် ကန့်သတ်ထားခံရခြင်းကြောင့် အတော်လေးအခြေအနေဆိုးနေ၏။
‘ငါ ဒီဓားသွားတွေကို အကုန်ရှင်းလိုက်ပြီးရင် သူမ နောက်ထပ် ထပ်လွှတ်ဦးမှာပဲ၊ မဖြစ်တော့ဘူး’
ထို့နောက်တွင် သူ၏ ဝိညာဉ်စွမ်းအင်များ များစွာ ထုတ်သုံးကာ မြေအကာအကွယ်ကို ထပ်မံထုတ်ဖော်လိုက်၏။ ထို့နောက် တွင် သူသည် ထိုအကာအကွယ်ကို သူ၏ ရှေ့တွင်ထားပြီးနောက် လက်သဏ္ဌာန်တစ်ခု ပြုလုပ်လိုက်သည်။
ချက်ချင်းပင် ချုးယွီဟွာ၏ အောက်ရှိ မြေသားများလှုပ်ခါလာပြီးနောက် ရှည်လျားသည့် မြေသားဆူးချွန်များသည် သူမအား ထိုးစိုက်လိုက်သည်။
ချုးယွီဟွာသည် ထွက်ပေါ်လာသည့် မြေသားဆူးချွန်များကို ဆက်တိုက် ရှောင်တိမ်းနေရ၏။ သူမသည်လည်း ပင်ပန်းနေပြီဖြစ်သောကြောင့် အရှိန်သည် အနည်းငယ်လျော့ကျလာသည်။
သူမသည် ရှောင်တိမ်း၍ မရသော မြေသားဆူးချွန်းများကို ဟွာ့လင်စုတ်တံနှင့် ခုခံကာကွယ်လိုက်ရသည်။
“ဝုန်း..”
ဟွာ့လင်စုတ်တံ နှင့်ရိုက်ခက်မိသွားချိန်တွင် အစိမ်းနုရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မြေများဆူးချွန်များသည် ကြေမွှသွားခဲ့၏။ မြေသားများသည် ဆက်တိုက်ထွက်ပေါ်ကာ သူမကို ဖိအားပေးနေခြင်းကြောင့် သူမသည် စုတ်ချက်ရေးဆွဲဖို့ အချိန်မယူနိုင်ချေ။
‘ဒီတိုင်းဆို ဝိညာဉ်စွမ်းအင်ကုန်ပြီး ငါရှုံးတော့မယ်၊ အဆင့်ကွာဟချက်ကြောင့် ဒီလူကို မနိုင်နိုင်ဘူးဆိုတော့ နောက်ဆုံးလက်ကျန်စွမ်းအင်နဲ့ တိုက်ခိုက်မှုတစ်ခုကို စမ်းသပ်ကြည့်မယ်’
ဆူးချွန်များကို ရှောင်တိမ်းနေသည့် ချုးယွီဟွာ၏ မျက်ဝန်းများသည် ပြတ်သားသည့် ဆုံးဖြတ်ချက်ချသည့်အလားပင်။
“မိန်းကလေးချုး ဘယ်လိုလုပ်လိုက်တာလဲ”
ထိုက်ဟုန်ကျွင်းသည် အလွန်ပင် လန့်ဖြန့်သွားသည်။
အကြောင်းမှာ ချုးယွီဟွာသည် ကောင်းကင် ပေါ်သို့ ခုန်တက်သွားသည့် အတွက် ကြောင့်ပင်။ ထိုအချိန်တွင် ချုးယွီဟွာသည် သူမ၏ ဝိညာဉ်စွမ်းအင်များ အဆမတန် ကုန်ဆုံးနေသည့် အဖြစ်နှင့် ကြံတွေ့နေရသည်။
ထို့နောက်တွက် သွက်သွက်လက်လက်နဲ့ ရေးဆွဲမှုတစ်ခုပြုလုပ်လိုက်သည်။ ‘မိုး’ နှင့် ‘မုန်တိုင်း’ ဟူသည် စာလုံးနှစ်ခုကို လက်ကျန်စွမ်းအင်များနှင့် လျင်လျင်မြန်မြန် ရေးဆွဲပြီးနောက် မြေသား အကာကွယ်နောက်တွင် ရှိနေသည့် ဟေးချုံးထံ ဦးတည်လိုက်၏။
လေထုအတွင်းတွင် ကြီးမားသည့် မိုးစက်မုန်တိုင်းတစ်ခု ဖြစ်တည်လာပြီး ဟေးချုံးကို ဖျတ်ဆီးရန် အလျှင်အမြန်ရွှေ့လျားနေသည်။ ဟေးချုံးသည် ထိုအရာကို မြင်တွေ့ပြီးနောက် မျက်နှာပျက်သွားခဲ့၏။ သူ၏ မြေသားဆူးချွန်တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအင် ကန့်သတ်ချက်ကြောင့် ခုခံရန်သာရွှေးချယ်လိုက်သည်။
“အကန့်သတ်မဲ့ မြေထုထည်”
ဟေးချုံးသည် ဟစ်ကြွေးလိုက်ပြီးနောက်တွင် ကြီးမားသည့်မြေလွှာအကာကွယ်များ ဆယ်လွှာဝန်းကျင် ထွက်ပေါ်လာပြီး ရင်ဆိုင်လိုက်သည်။ အစောကဖော်ထုတ်ထားသည့် မြေလွှာအကာကွယ်ထက်ပင် မာကြောခိုင်မာ၏။
ချုးယွီဟွာ၏ မိုးစက်မုန်တိုင်းကြီးသည် ကောင်းကင်ထက်မှ လျင်မြန်လွန်းသည့် အရှိန်နှင့် ဟေးချုံး၏ ထိပ်ဆုံး၌ရှိသည့် အကာအကွယ်နှင့် ထိခတ်သွားလေသည်။
“ဝုန်း..”
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ဟေးချုံး၏ ပထဆုံး အကာအကွယ်သည် ကျိုးပျက်သွား၏။ သို့သော် ဟေးချုံး၏ နောက်ထပ် အကာအကွယ်သည် ထိုမိုးစက်မုန်တိုင်းကို မတားဆီးနိုင်သည့်အလားပင်။ မြေသားနံရံများညတစ်ခုပြီး တစ်ခု အက်ကွဲကြေမွကုန်သည်။
နတ်အင်ပါယာတစ်ပါးဖြစ်သည့် ဟေးချုံးသည် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူ၏ နောက်ဆုံးအကာအကွယ်တွင် အံကြိတ်ကာ ဝိညာဉ်စွမ်းအင်များစွာ ထည့်သွင်း၍ တားဆီးလိုက်၏။
မိုးစက်မုန်တိုင်းသည် ကြမ်းတမ်းစွာလည်ပတ်နေရင်း ဟေးချုံး၏ နောက်ဆုံးမြေသားနံရံကို တိုက်စားနေသည်။ ဟေးချုံးသည် သူ၏ဝိညာဉ်စွမ်းအင်များကုန်ဆုံးလုပ်မတက်ဖြစ်နေခဲ့သည်။ သူသည် ထိုကဲ့သို့ အားနည်းသည့် ခံစားချက်မျိုး မခံစားရသည်မှာ ကြာပြီဖြစ်သည်။
ချုးယွီဟွာသည်လည်း သတိလစ်မတက်ပင် ဖြစ်နေ၏။ သူမ၏ ဝိညာဉ်စွမ်းအင်သည် ကုန်ဆုံးလုနီးပါးဖြစ်နေသည်။ ထို့နောက်တွင် သူမ၏ လက်ကျန်စိတ်စွမ်းအင်များပါ ထည့်သွင်းပြီးနောက် စုတ်ချက်တစ်ချက် ထပ်မံရေးဆွဲလိုက်သည်။ ထိုစုတ်ချက်မှာ ‘ဖောက်ခွဲခြင်း’ ပင်။
“ဝုန်း..”