#အမှောင်သခင်သွေးအန်ရပြီ၊ နတ်ဖိနှိပ်ခြင်းလျှပ်စီးသံ#
Vol. 77 Ch. 1079
အမှောင်ပိုင်နက်!
ဒီအချိန်တွင် ဒီနေရာက အလုပ်များနေသည့် အနေအထားကိုကျရောက်နေသည်။ အုပ်ချုပ်ရေးမှုးများက ၀င်လိုက်ထွက်လိုက် လုပ်နေကြပြီး လေးနက်နေသည့် အမူအရာကိုယ်စီရှိနေကြသည်။
ခေါင်းဆောင်က ခန်းမထဲရှိ ကြမ်းပြင်၌ ထိုင်နေပြီး လျိုကျိယုကလည်း သူ့ရှေ့တွင် ထိုင်နေသည်။
မှန်ပေသည်။ လျိုကျိယု အမှောင်သခင်ဆီကနေ ထာ၀ရသက်တမ်းကမ္ဘာမှ အလျင်အမြန် ပြန်လာရန်အတွက် လျှို့ဝှက်အမိန့်တစ်ခုကို ရခဲ့သည်။
လျိုကျိယုမျက်မှောင်ကြုတ်သည်။
"အမှောင်သခင်၊ ကြီးကြပ်ရေးဗိမာန်က စပြီးလှုပ်ရှားနေပြီလို့ ပြောနေတာလား"
အမှောင်သခင် ခပ်ယဲ့ယဲ့ခေါင်းည်တ်သည်။
"အရင်ကတည်းက ကြီးကြပ်ရေးဗိမာန်က တစ်ခုခုကို စီစဉ်နေတယ်ဆိုတာ ငါတို့ခန့်မှန်းမိကြပါတယ်၊ ကံဆိုးချင်တော့ ငါတို့ အဆုံးမဲ့ပင်လယ်ဒေသကိုပဲ တွေ့ခဲ့ပြီး အနက်ပိုင်းကို မသွားနိုင်ခဲ့ဘူး"
အမှောင်ပိုင်နက်က ကြီးကြပ်ရေးဗိမာန်အကြောင်း သိထားသည်မှာ အတော်လေးကြာမြင့်နေပါပြီ။
ကြားနေဂိုဏ်းတစ်ဂိုဏ်းက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို ကြီးကြပ်ပြီး တခြားကြယ်နယ်မြေများသို့ပင် အကိုင်းအခက်များအား ဆန့်ထားသည်။ ဒီလိုဂိုဏ်းမျိုးက သေမျိုးနယ်မြေတစ်ခုလုံးတွင် အမည်မသိအရင်းအမြစ်ဘယ်နှစ်ခုကို ထိန်းချုပ်ထားလေသနည်း။
ကြီးကြပ်ရေးဗိမာန်က ကြားနေနေဆဲဖြစ်ပြီး မည်သည့်လှုပ်ဆောင်မှုမှ မရှိခဲ့ပါ။
ဒါကဘာကို ဆိုလိုနေသနည်း။
ဂိုဏ်းတစ်ဂိုဏ်း၏ မွေးဖွားနှုန်းက အကျိုးအမြတ်များကို ဦးစားပေးတာကို လူတိုင်းသိကြသည်။
ကြီးကြပ်ရေးဗိမာန်က ဒီလုပ်ရပ်များကနေ ရှောင်ရှားရန်ဟူသည် မဖြစ်နိုင်ပေ။
ထို့ကြောင့် အမှောင်ပိုင်နက်က ကြီးကြပ်ရေးဗိမာန်ကို စတင်စုံစမ်းစစ်ဆေးခဲ့သည်။
"အခု ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်ကို နောက်ဆုံးတော့ ဖော်ပြလိုက်ပြီ" အမှောင်သခင်လေးနက်စွာပြောသည်။
"အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းက အရင်တုန်းက သေမျိုးကမ္ဘာရဲ့ ၀င်ပေါက်ဖြစ်သလို ရှေးဟောင်းစစ်မြေပြင်လည်း ဖြစ်တယ်....."
ဒါကိုကြားသော် လျိုကျိယု၏ အမူအရာက လေးနက်သွားခဲ့သည်။
"ကြီးကြပ်ရေးဗိမာန်က အဆုံးမဲ့ပင်လယ်ဒေသကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတာ အံ့ဩသင့်စရာမရှိတော့ပါဘူး"
"ဒါဆိုကျွန်တော်ဘာလုပ်ရမလဲ" လျိုကျိယုမေးသည်။
အထူးအရေးကြီးကိစ္စတစ်ခုခုသာ မရှိပါက အမှောင်သခင် သူ့ကို ထာ၀ရသက်တမ်းကမ္ဘာကနေ အထူးတလည် လှမ်းခေါ်မည်မဟုတ်။
အမှောင်သခင်ခေါင်းညိတ်သည်။
"မင်း ရှေးဟောင်းစစ်မြေပြင်ကို လျှို့ဝှက်ခရီးတစ်ခု ထွက်ရမယ်၊ တခြားကြယ်ငါးပွင့်ကွပ်မျက်သူတွေဆီက အစီအရင်ခံစာတွေအရဆိုရင် ကြီးကြပ်ရေးဗိမာန်မှာ ရှေးဟောင်းစစ်မြေပြင်ရဲ့ အကန့်အသတ်တွေကို အတင်းချိုးဖျက်ဖို့အတွက် နည်းလမ်းတစ်ခုရှိတယ်၊ သူတို့အခုဆို ၀င်သွားကြလောက်ပြီ"
"ဒီကိစ္စက အကျိုးစီးပွားပဋိပက္ခတစ်ခုဆိုတာထက် ပိုတယ်၊ သေချာပေါက်မရိုးရှင်းဘူး၊ ကြီးကြပ်ရေးဗိမာန် ရှေးဟောင်းစစ်မြေပြင်က အမွေအနှစ် ဒါမှမဟုတ် သတင်းအချက်အလက်တစ်ချို့ကို ရပြီးတဲ့အခါကျရင် ဒါက ကြီးကြပ်ရေးဗိမာန်ရဲ့ ခွန်အားကို မြှင့်တင်ဖို့တင်မဟုတ်လောက်ဘူး"
နတ်ဆိုးနယ်မြေတွင် ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို အမှောင်သခင်သိသည်။ ယခုလိုအရေးပါသည့်အချိန်ကာလတွင် ကြီးကြပ်ရေးဗိမာန်၏ လုပ်ဆောင်ချက်များက လူများကို စိတ်မသက်မသာဖြစ်စေသည်။
ဒါကိုကြားလိုက်သောအခါ အမှောင်သခင် ဘာကိုတွေးနေသလဲဆိုတာ လျိုကျိယုနားလည်လိုက်သည်။
"အမှောင်သခင် ကျွန်တော့်ကိုပြန်ခေါ်ယူတာက စီနီယာလုရဲ့ခွန်အားကို ငှားယမ်းချင်လို့မလား" လျိုကျိယု တည့်တိုးမေးလိုက်၏။
အမှောင်သခင်ခေါင်းညိတ်သည်။
"ဒါလည်းတစ်ခုအပါအ၀င်ပဲ၊ နောက်တစ်ခုက မင်းခွန်အားနဲ့ လျှို့ဝှက်စွမ်းအားကလည်း အများကြီးတိုးတက်လာပြီ၊ ဒါက တခြားကြယ်ငါးပွင့်ကွပ်မျက်သူတွေ မရောက်နိုင်တဲ့အရာတစ်ခုပဲ၊ ဒီတော့ ဒါက မင်းနဲ့အလိုက်ဖက်ဆုံးပဲ"
ဒါ့အပြင် လျိုကျိယုက ထာ၀ရသက်တမ်းကမ္ဘာ၌ ဘာအဆင့်အတန်းမှမရှိသော်လည်း စီနီယာလု၏ ယုံကြည်မှုကို သူရရှိခဲ့သည်။
သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိသည်။
ထို့ကြောင့် လျိုကျိယုစုံစမ်းစစ်ဆေးမှုက လုချန်ရှန်းကိုလည်း အနည်းနှင့်အများ သက်ရောက်မည်သာ။
အမှောင်သခင်ဒီအချက်ကို နားလည်သလို လျိုကျိယုကလည်း နားလည်သည်။
သို့သော် သူတို့နှစ်ယောက်စလုံး မထုတ်ဖော်ကြပါ။
ထုတ်ဖော်ပြောနေစရာမလိုဘဲ အချင်းချင်းနားလည်နိုင်သည့် အကောင်းဆုံးအရာတစ်ချို့ ရှိပါသေးသည်။
"စီနီယာလု ကျွန်တော်ဒီလိုလုပ်တာကို မကြိုက်မှာကိုပဲ စိုးရိမ်မိတယ်" လျိုကျိယု တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောသည်။
"သူက ဘာပဲဆိုဆို ကံကြမ္မာတွေကို စွဲလမ်းရတာကို သဘောမကျတဲ့သူတစ်ယောက်ပဲလေ"
လျိုကျိယု၏စကားလုံးများကို ကြားသောအခါ အမှောင်သခင်ခါးသီးစွာပြုံးသည်။
မင်းကငါတို့အမှောင်ပိုင်နက်ရဲ့ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ယောက်ဖြစ်နေတုန်းပါကွာ၊ အတိတ်တုန်းကဆို မင်းအရမ်းနာခံတတ်ပါတယ်၊ အခြေခံအားဖြင့်ဆိုရင် မင်းဘယ်တာ၀န်ကိုမှ မငြင်းပယ်တတ်ဘူး!
ဒါပေမယ့် အခုတော့ လုချန်ရှန်း၏အမြင်ကို အရင်စဉ်းစားဖို့လိုနေတာလား!
သူကအိမ်ထောင်ကျသွားသည့် သမီးတစ်ဦးပမာ။
မင်းရဲ့တံတောင်ဆစ်ကို မင်းအရမ်းနောက်ဆုတ်ဖို့အတွက် ခွင့်ပြုမနေလွန်းဘူးလား!
"စီနီယာလု ဒါကိုငြင်းမှာမဟုတ်ဘူး" အမှောင်သခင်ရှင်းပြသည်။
"ဘာပဲဆိုဆို ရှေးဟောင်းစစ်မြေပြင်က နတ်ဆိုးနယ်မြေနဲ့ ဆက်စပ်နေတယ်၊ စီနီယာလုက အခုနတ်ဆိုးနယ်မြေနဲ့ အနီးကပ်ဆက်နွှယ်နေပြီ၊ အဆုံးမှာ ဒီသတင်းအချက်အလက်က သူ့အတွက် အသုံးမ၀င်ဘူးဆိုရင်တောင် သူဘာကိုမှ လက်လွတ်ခံမှာမဟုတ်ဘူး....."
ဒါကိုကြားသော် လျိုကျိယုခေါင်းညိတ်သည်။
လုချန်ရှန်း ကံကြမ္မာထဲတွင် ၀င်ပါရတာကို မကြိုက်ပါ။
သို့စေကာမူ သူပါ၀င်ပတ်သက်လာသောအခါ ဒီကံကြမ္မာကို မည်သည့်ခြေရာမှ မချန်ဘဲ တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်တောက်ရန်အတွက် နည်းလမ်းတစ်ခုကို တွေးတောမည်သာ။
"ကျွန်တော်နားလည်ပါပြီ၊ ကြည့်ကြည့်လိုက်ပါမယ်"
အမှောင်သခင်ရယ်မောသည်။
လျိုကျိယု ရှက်ရွှံ့စွာခေါင်းကုတ်ပြီး အမှောင်သခင်ကို ဂရုတစိုက် စိုက်ကြည့်ရင်း ဆက်ပြောသည်။
"ဒါပေမယ့် ကျွန်တော် စီနီယာလုကို အရင်ဆုံးတင်ပြရဦးမယ်၊ မဟုတ်ဘူးဆိုရင် သူ့ဆီကနေ ကျွန်တော်ဖုံးကွယ်ထားရင် သူဒေါသထွက်သွားလိမ့်မယ်....."
အမှောင်သခင် သွေးပွက်ပွက်အန်လိုက်မိတော့သည်။
သို့စေကာမူ လျိုကျိယုက ထွက်ပြေးသွားလေပြီ။ ဒီကိစ္စက စီနီယာလုအတွက် အကူအညီဖြစ်လောက်သည့်တိုင် သူအစီရင်ခံ တင်ပြရဦးမည်။
သို့သော် သူ့နောက်ကျောတွင် ဒါကိုလုပ်နေတာက သူ့ကိုကြိုတင်အစီရင်ခံတင်ပြတာနှင့် လုံး၀ကွဲပြားသည်။
လျိုကျိယုရုတ်တရက်ညည်းညူချင်မိသည်။
ဒီအမှောင်သခင်ကတော့ ကမ္ဘာကြီးရဲ့ နည်းလမ်းတွေကို မသိသေးဘူးပဲ၊ ကလေးဆန်သေးတယ်!
အကယ်၍ အမှောင်သခင်သာကြားပါက သွေးအဆီအနှစ်အားလုံးကို အန်ထုတ်မိပေလိမ့်မည်။
.....
မိုင်ထောင်ချီကျယ်၀န်းသည့် အရာတစ်ခု၏ အမည်ရှည်က ခွန်ဖြစ်သည်။ ပန်ဟုခေါ်သော ငှက်တစ်ကောင်လည်းရှိသည်။ ၎င်း၏အတောင်ပံများက ကောင်းကင်ကနေ တွဲလွဲကျနေသည့်တိမ်စိုင်များအသွင်။ ၎င်း၏ကိုယ်ကို ခွန်ဟုခေါ်သည်။
ခွန်ပန်၏ ကိုယ်ခန္ဓာက အပြည့်အ၀ မပေါ်လာသေးသည့်တိုင် ကီလိုမီတာသောင်းချီရှည်လျားသည့် တောင်တန်းတစ်စင်းကဲ့သို့ လူတိုင်းရှေ့တွင် ကိုယ်ထင်ပြဟလာသည်။
ဒီဧရာမကိုယ်ထည်က ယူဆောင်လာသည့် ဖိအားက ယှဉ်၍မရလောက်အောင် အစွမ်းထက်သည်။
ပါရမီရှင်အားလုံး ဒါက သူတို့၏ကိုယ်ခန္ဓာများအတွက်ပင် အတော်လေးခက်ခဲသည်ဟု ခံစားနေရသည်။
ခွန်ပန်၏ အတော်လေးမကြည်လင်သော အသံက ထပ်မံထွက်လာသည်။
"ဒီလိုလုပ်ခြင်းရဲ့အကျိုးဆက်တွေကို မင်းသိလား"
နန်ကောင်းယင် လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာခွန်ပန်၊ ကြီးကြပ်ရေးဗိမာန်က ဒါကို သေမျိုးနယ်မြေအတွက်ပဲ လုပ်နေရတာပါ"
ခွန်ပန် ဒေါသထွက်သွား၏။
"မင်းရဲ့ကိုယ်ကျိုးအတွက် လုပ်နေတာကို မြင့်မြတ်သလို ဟန်ဆောင်ပြနေတာလား၊ မင်းဒီသူရဲကောင်းတွေရဲ့ ဝိဉာဉ်နဲ့ ပြည့်နှက်နေတဲ့ စစ်မြေပြင်ကို ခြေချဖို့အတွက် မထိုက်တန်ဘူး"
ရှေးဟောင်းစစ်မြေပြင်က နှစ်များစွာကြာ တည်ရှိခဲ့ပြီး ခွန်ပန်က ဒီနေရာကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သည်။
သူရှေးဟောင်းစစ်မြေပြင်နှင့် သူရဲကောင်းများ ချန်ထားခဲ့သည့် စည်းမျဉ်းများကို ချိုးဖျက်သော မည်သည့်လုပ်ရပ်ကိုမှ ခွင့်ပြုမည်မဟုတ်။
ဘေးက ဟဲရှန်ကော၏ အမူအရာက ကြည့်ရဆိုးသွားသည်။
"စီနီယာခွန်ပန်၊ ခင်ဗျားက ရှေးဟောင်းတိုက်ပွဲမှာ အပြင်းအထန်ဒဏ်ရာရခဲ့တယ်၊ အခုတောင်မှ ရှေးဟောင်းစစ်မြေပြင်ကို ကာကွယ်ဖို့အတွက် ခင်ဗျားဒဏ်ရာတွေကနေ မသက်သာလာသေးဘူး၊ ဒီအစား ခင်ဗျားကပိုပိုပြီး လေးဖင့်နေတယ်"
"ခင်ဗျားရဲ့ လက်ရှိပြိုကွဲနေတဲ့ခန္ဓာနဲ့ ကျုပ်တို့ကို တားနိုင်မယ်ထင်နေတာလား"
ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပင်လယ်ပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
ပင်လယ်ထဲတွင် ခွန်ပန်၏ခန္ဓာကို အဆက်မပြတ် လှုပ်ယမ်းသောအခါ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက ငလျင်တစ်ခုကို ကြုံကြိုက်နေရသည့်အလား ထင်ရသည်။
"ငါဒီမှာရှိနေသရွေ့ ရှေးဟောင်းစစ်မြေပြင်ကလည်း ဒီမှာပဲရှိလိမ့်မယ်"
ခွန်ပန်နောက်ဆုံးစာသားကိုတော့ မပြောခဲ့ပါ။
သူသာသေသွားပါက ရှေးဟောင်းစစ်မြေပြင်ကို ထိုလူများလက်ထဲသို့ ပေးလိုက်ရမည်သာ။
လက်ရှိတွင် သူလုပ်ရမည့်အရာကို လုပ်ခဲ့သည့်အပေါ် သူအရမ်းကြီးဂရုမစိုက်ချေ။
နန်ကောင်းယင်ရယ်မောသည်။
"စီနီယာခွန်ပန်၊ သေမျိုးနယ်မြေမှာ ခင်ဗျားရဲ့အကူအညီတွေကို ကျုပ်တို့မမေ့ပါဘူး၊ ဒီတော့ ခင်ဗျားအသက်ကို ကျုပ်တို့မယူပါဘူး၊ ဒီဖြစ်စဉ်ကတော့ ခင်ဗျားကို နည်းနည်း မသက်မသာဖြစ်စေလိမ့်မယ်...."
ထို့နောက် တိမ်များက ကောင်းကင်ထဲတွင် နှစ်ခြမ်းကွဲသွားသည်။
မရေမတွက်နိုင်လောက်သည့် လူများ ကောင်းကင်သို့ မော့ကြည့်လိုက်စဉ် ကမ္ဘာကြီးကို ထိုးဖောက်နေသည့် သံချောင်းလေးချောင်းကို တွေ့လိုက်ရသည်။ ၎င်းတို့က ခရမ်းရောင်လျှပ်စီးနှင့် တောက်ပနေပြီး ခွန်ပန်၏ကိုယ်ထည်ကို ထိုးဖောက်သွား၏။
ဂရား.......!
သံချောင်းကြီးလေးချောင်းက ခွန်ပန်ကိုယ်ထဲ နစ်၀င်သွား၏။
ခရမ်းရောင်လျှပ်စီးက သူ့ကိုယ်ထဲတွင် ကျူးကျော်နေသည်။ ဒဏ်ရာရပြီးသားအခြေအနေ၌ ဆက်လက်ဖိနှိပ်ခံရသောအခါ သူအစွမ်းကုန်ရုန်းကန်လျှင်ပင် အသုံးမ၀င်တော့။
နန်ကောင်းယင် ပြောသည်။
"စီနီယာခွန်ပန်လို ကျွမ်းကျင်သူတစ်ယောက်ကို ထောင်ချောက်ဆင်ဖို့အတွက် ကျုပ်တို့ရဲ့ကြီးကြပ်ရေးဗိမာန်က အချိန်အများကြီး ကုန်ဆုံးခဲ့ရပြီး နတ်ဖိနှိပ်ခြင်းလျှပ်စီးသံကို တည်ဆောက်ဖို့အတွက် အတော်လေးပေးဆပ်ခဲ့ရတယ်"
ခွန်ပန်က အပြင်းအထန် ဒဏ်ရာရထားပြီး သူ့ဝိဉာဉ်၊ အဆီအနှစ်နှင့် ခွန်အားက အရင်ကလောက်အားမကောင်းတော့ဘဲ အမြင့်ဆုံးအချိန်တုန်းကထက် ၂၀ရာခိုင်နှုန်းပင်လျှင် မရှိတော့သည့်တိုင် သူ့တွင် နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်ခွန်အား ရှိနေဆဲပင်။
ကြီးကြပ်ရေးဗိမာန်က သူ့ကိုဖိနှိပ်ရန်အတွက် အများကြီးကြိုးအားအားထုတ်ခဲ့ရသည်။
အပိုင်း(1080) coming။