#ပွင့်လင်းစွာထွက်လာခြင်း၊ ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်#
Vol. 77 Ch. 1080
တိမ်များကို ထိုးဖောက်ထားပုံရသည့် ဧရာမလျှပ်စီးသံများက မိုးနှင့်မြေကို ထိုးဖောက်ထားပုံရသည်။
လူတိုင်းဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများနှင့် ပြည့်နေကြ၏။
လျှပ်စီးသံတစ်ခုတည်းကပင် နယ်မြေတစ်၀က်နီးပါးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။
ယခုတွင်မူ နတ်ဖိနှိပ်ခြင်းလျှပ်စီးသံလေးချောင်းက ပြင်းထန်စွာကျဆင်းကာ ခွန်ပန်၏ ဧရာမကိုယ်ပေါ်သို့ လေးနေရာကနေ ထိုးဖောက်ထားသည်။
ခွန်ပန်ချက်ချင်းဆိုသလို နာကွဲလုနီးပါး နာကျင်လှသည့်ဟိန်းသံကို ထုတ်လွှတ်သည်။
ဟိန်းသံက ကမ္ဘာကြီးကို တုန်ခါသွားစေသည်။ ဟုန်ရင်နှင့် ကျန်သောသူများအပါအ၀င် ကျောက်ပြားရှေ့တွင် ရပ်နေကြသောပါရမီရှင်များအားလုံးမှာ ဟိန်းသံကြောင့် ထိတ်လန့်သွားကြပြီး အဆက်မပြတ် နောက်ဆုတ်လိုက်ရသည်။ တစ်ချို့၏ ပါးစပ်ထောင့်စွန်းကမူ သွေးများပင် စီးကျနေသည်။
ဧရာမခန္ဓာကြီးက ရုန်းကန်လူလိမ့်သည့် အကြိမ်တိုင်း အဆုံးမဲ့ပင်လယ်ဒေသတစ်ခုလုံးတွင် မုန်တိုင်းထန်သည့်လှိုင်းများ လှုပ်ခတ်နေသည်။
ပင်လယ်ထဲက မရေမတွက်နိုင်လောက်သည့် မှော်သားရဲများက လှိုင်းများ၏ မယူခြင်းကို ခံရပြီး တစ်ခဏအကြာတွင် မြေကြီးက တုန်ခါသွားသည်။
ကမ္ဘာမြေ၏ အခွံတစ်ခုလုံးက ဆုတ်ဖြဲခံနေရသဖြင့် လူးလိမ့်နေသည့်အသွင်။
အထက်တွင် နန်ကောင်းယင်၏ အမူအရာက လေးနက်နေသည်။ ခွန်ပန်က အပြင်းအထန်ဒဏ်ရာရထားပြီး အချိန်ကြာရှည်စွာ ဆွဲဆန့်နေခဲ့သည့်အပေါ် မူလဇစ်မြစ်က ထိခိုက်နေပြီဖြစ်သော်လည်း သူ့တွင် ရုန်းကန်နိုင်စွမ်းရှိနေသေးသည်။
သူတို့ခန့်မှန်းချက်အရ ဒီနတ်ဖိနှိပ်ခြင်းသံလေးချောင်းက ခွန်ပန်ကို မလှုပ်ရှားနိုင်အောင် လုပ်ရန်အတွက် လုံလောက်နေလေပြီ။
"စီနီယာခွန်ပန်၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပါ၊ ဒါတွေအားလုံးက သေမျိုးနယ်မြေရဲ့ အနာဂတ်အတွက်ပါ" ဟဲရှန်ကော လက်နှစ်ဖက်ဆုပ်ရင်းပြောသည်။
အဆုံးမဲ့ဖိနှိပ်ခံထားရသည့် ခွန်ပန်၏ ဒေါသတကြီးပြင်းထန်သော အသံက ဟိန်းထွက်လာသည်။
"ချီးကိုအနာဂတ်၊ အတားအဆီးက ကျိုးပဲ့သွားတဲ့အခါ ရှေးဟောင်းစစ်မြေပြင်က အလိုအလျောက် တူးဖော်ခံရလိမ့်မယ်၊ ရှေးဟောင်းစစ်မြေပြင် ဖျက်ဆီးခံရတာနဲ့ သေမျိုးနယ်မြေက တံခါးပေါက်ကို ဆုံးရှုံးသွားရလိမ့်မယ်"
"အင်မော်တယ်နယ်မြေမှာလည်း တံခါးတစ်ချပ်ရှိသလို နတ်ဆိုးနယ်မြေမှာလည်း ရှိတယ်၊ တံခါးပျောက်ကွယ်သွားမယ်ဆိုရင် မင်းတို့နောက်ဆက်တွဲကို ခံနိုင်မှာလား"
အိမ်တစ်လုံးတွင် ခြံ၀င်းဆိုတာရှိပြီး နိုင်ငံတစ်နိုင်ငံတွင် တံခါးပေါက်တစ်ခုရှိသည်။
သေမျိုးနယ်မြေတွင်လည်း ကိုယ်ပိုင်နယ်မြေဂိတ်တံခါးတစ်ခုရှိသည်။
အကယ်၍ မဟာကမ္ဘာတစ်ခုတွင် တံခါးပေါက်မရှိပါက ဘယ်လိုဆိုးဝါးလှသည့် အကျိုးဆက်များဖြစ်လာမည်နည်း။
ဒါက တခြားကမ္ဘာများက မျိုးနွယ်စုများ အတားအဆီးမရှိ ၀င်ရောက်နိုင်ပြီဟု ဆိုလိုနေခြင်းပင်။
နယ်မြေဂိတ်တံခါးပျောက်ကွယ်သွားတာနှင့် သေမျိုးနယ်မြေ၌ ကပ်ဘေးတစ်ခု ကျဆင်းလာပေလိမ့်မည်။ ဒီလိုဆိုပါက အတော်လေး ဒုက္ခကြုံတွေ့ရမည်ဖြစ်သည်။
နန်ကောင်းယင်၏ အမူအရာက လေးနက်နေသည်။
"စီနီယာခွန်ပန်၊ သေမျိုးနယ်မြေက ဒီအတိုင်းအတာထိတောင် ကျဆင်းနေပြီ၊ အထူးအချိန်ကာလတွေမှာ အထူးနည်းလမ်းတွေရှိမှာပါ၊ တကယ်လို့ ကျုပ်တို့သာ သေပြီးသားသူတွေရဲ့အတွေးတွေကို လိုက်နာမယ်ဆိုရင် ဒါကအလုပ်ဖြစ်မှာ မဟုတ်ဘူး၊ သူတို့က ဘယ်လိုပြောင်းလွယ် ပြင်လွယ်တယ်ဆိုတာကို မသိကြဘူးလေ၊ ဒါကအလုပ်မဖြစ်ဘူး"
ဟူး......!
ခွန်ပန်၏အသက်ရှုသံက ဒီအခိုက်အတန့်မှာပင် ထွက်လာပြီးတောင်ကဲ့သို့ခန္ဒာက ရုန်းကန်နေခြင်းအား ရပ်သွားသည်။
"ကောင်လေး၊ မင်းရဲ့အတွေးတွေကို ငါတစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်၊ ငါအခုအကောင်းဆုံးလုပ်ပြီးသွားပြီ၊ နောက်ထပ် သေမျိုးနယ်မြေ ဘာဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်တာပေါ့...."
ခွန်ပန်ဘယ်လောက်ကြာကြာအသက်ရှင်ခဲ့သနည်း။
ရှေးခေတ်တုန်းက လူတော်တော်များများပင် ဒီအကြောင်းကိုမသိကြပါ။
လူဘယ်နှစ်ယောက်မျှ သူတွေ့ဖူးခဲ့သနည်း။ ထို့ကြောင့် လူတစ်ယောက်ဘာတွေးနေသလဲဆိုတာနှင့် သူပြောတာက မှန်လား၊ မှားလားဆိုတာ ခွန်ပန်တစ်ချက်တည်းနှင့် ပြောနိုင်သည်။
ထိုသို့ဆိုပြီးနောက် ခွန်ပန်ငြိမ်သက်သွားခဲ့သည်။
တစ်ချို့လူများ ဒီစကားလုံးတွေကို ကြားသောအခါ သူတို့အားလုံးစိတ်ရှုပ်ထွေးသွားကြရ၏။
မည်သို့ပင်ဆိုစေကာမူ ခွန်ပန်ပြောနေသည့် နတ်ဆိုးနယ်မြေ သို့မဟုတ် အင်မော်တယ်နယ်မြေအကြောင်း သူတို့မသိကြပါ။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် တခြားသူများ၏ မျက်လုံးများကမူ လေးနက်မှုနှင့် ပြည့်လျှမ်းနေသည်။
ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်က နတ်ဆိုးနယ်မြေနှင့် ဆက်စပ်နေသည်။
(နတ်ဆိုးနယ်မြေကို ငရဲနတ်ဆိုးနယ်မြေလို့လည်းခေါ်ပါတယ်)
ဒီအချိန်တွင် နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကျောက်ပြားအတားအဆီးဆီသို့ အစီအရင်စာလိပ်နှစ်ခုကို ပစ်လိုက်ကြသည်။
စာလိပ်ကဖြန့်လာပြီး ပင့်ကူအိမ်များက အတားအဆီးဆီသို့ စတင်တွားတွားသွားကာ ဆက်လက်တိုးချဲ့ရင်း လူတိုင်းရှိရာ အတားအဆီးကို နောက်ဆုံးတော့ လွှမ်းခြုံပစ်သည်။
တစ်ချိန်တည်းမှာပင် နောက်ထပ်စာလိပ်တစ်ခုထဲတွင် ပင့်ကူများက ပင့်ကူအိမ်ဆီသို့ စတင်တွားတွားသွားကြသည်။
ပင့်ကူတစ်ကောင်စီက အလွန်အမင်းသေးငယ်သော်လည်း ဖျက်ဆီးခြင်းအော်ရာတစ်ခုစီကို သယ်ဆောင်ထားသည်။
ဒီဖျက်ဆီးခြင်းအော်ရာနှင့် ပင့်ကူများက ပင့်ကူအိမ်တစ်ခုလုံးကို ဖုံးပစ်သည်အထိ အထပ်လိုက်ထပ်ပိုးလိုက်ကြ၏။
နန်ကောင်းယင် အရင်ဆုံးနောက်တစ်လှမ်းဆုတ်ပြီးပြောသည်။
"သတိမပေးလို့ဆိုပြီး ငါ့ကိုအပြစ်မတင်ကြနဲ့၊ မင်းတို့ဒီမှာရပ်နေသေးဦးမယ်ဆိုရင်တော့ မင်းတို့ဝိဉာဉ်တွေက ပေါက်ကွဲသွားလိမ့်မယ်"
ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းစတင်နောက်ဆုတ်ကြသည်။
မည်သူကမှ သူတို့အသက်ကို စွန့်စားရန်အတွက် ဆန္ဒမရှိပါ။
ဒါ့အပြင် နန်ကောင်းယင်နှင့် ဟဲရှန်ကောကဲ့သို့ နတ်သခင်အဆင့်ကျွမ်းကျင်သူများပင်လျှင် နောက်ဆုတ်ခဲ့ကြရသည်။
သူတို့က ရပ်နေပြီး သေခြင်းတရားကို စောင့်နေရလောက်သည်အထိ မတုံးအကြသေးပါ။
လူတိုင်း နေရာတစ်ခုဆီသို့ ဆုတ်သွားကြပြီးနောက် ခွန်ပန်၏ ဧရာမအမြီးအောက်တွင် နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ အချင်းချင်းကြည့်ပြီး အနည်းငယ် ခေါင်းညိတ်ကာ တစ်ချိန်တည်းမှာပင် ရှုပ်ထွေးသည့် လက်တံဆိပ်တစ်ခုကို ဖန်တီးသည်။
အတားအဆီးတစ်ခုလုံး၌ သွားလာနေသည့် ပင့်ကူများက ရုတ်တရက် ဖျက်ဆီးခြင်းအော်ရာကို ထုတ်လွှတ်သည်။
မီးခိုးရောင်အော်ရာရောင်ခြည်များက ပွင့်ထွက်လာသော်လည်း မပေါက်ကွဲဘဲ ယင်းအစား အတားအဆီးထဲတွင် တစ်ချိန်တည်းတွင် ပေါက်ကွဲသွားလေသည်။
ဒီပေါက်ကွဲမှု၌ မည်သည့်အသံမှမရှိခဲါ။
အသံအားလုံးကို ဒီဖျက်ဆီးခြင်း လေဆင်နှာမောင်က ဝါးမြိုပစ်သည့်အသွင် ဆိတ်ဆိတ်ကာ ငြိမ်သက်နေခဲ့သည်။
အတားအဆီးပေါ်၌ အတွင်းကနေ အပြင်သို့ အပေါက်ကြီးတစ်ပေါက် တိတ်တဆိတ် ပေါ်လာခဲ့သည်။
ဒီအချိန်တွင် ဒီမြင်ကွင်းကိုမြင်သော သူတိုင်း နားလည်သွားကြရတော့သည်။
မည်သည့်အတွက်ကြောင့် ကြီးကြပ်ရေးဗိမာန်က သူတို့ကိုဆင့်ခေါ်ရလေသနည်း။ မည်သည့်အတွက်ကြောင့် သူတို့ အဆင့်မြင့်ကြယ်နယ်မြေက လူတိုင်းကို ဆင့်ခေါ်ရလေသနည်း။
ဒါက သူတို့ထဲကတစ်ယောက်ကို အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရစေရန်အတွက်ပင်။ ထိုသို့ဆိုပါက ကျောက်ပြားက အသက်၀င်လာမည်ဖြစ်ကာ အတားအဆီးထဲတွင် အပေါက်တစ်ပေါက်ပွင့်သွားပေလိမ့်မည်။
ဒီနည်းနှင့် အထဲကနေ ဖျက်ဆီးရန်အတွက် သူတို့အထူးသတ်ဖြတ်ခြင်းအစီအရင်များကို သုံးနိုင်ပေသည်။
အတွင်းဘက်က အမြဲလိုလို အပြင်ဘက်ပင် ပိုနုသည်။ ဒါက လူတိုင်းနားလည်ကြသည့် ရိုးရှင်းသော အခြေခံမူတစ်ခုပင်။
အတားအဆီးကို အတင်းဖျက်ဆီးပစ်သောအခါ ရှေ့က ကျောက်ပြားက မပျက်စီးသေးသော်လည်း ခြောက်သွေ့ကာ ဆွေးမြေ့နေသည့်သွေးရနံ့များက ပတ်၀န်းကျင်သို့ စိမ့်၀င်လာခဲ့သည်။
ခွန်ပန်ကလည်း သက်ပြင်းချသည်။
အဆုံးမှာတော့ ဒါကပြိုကွဲသွားဆဲပင်။
သေမျိုးနယ်မြေကရော ဘယ်လိုဖြစ်သွားမည်နည်း။ လုံး၀ကျဆင်းသွားမလား သို့မဟုတ် ဆက်လက်ရှင်သန်နေမလား။
ဒီအရာများက သူနှင့်ဘာမှမဆိုင်တော့ပါ။
သူလုပ်စရာရှိတာ အကုန်လုပ်ပြီးသွားလေပြီ။
နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့မျက်လုံးများမှ ကျေနပ်အားရမှုကို ပြသကြသည်။
ရှေးဟောင်းစစ်မြေပြင်၏ အတားအဆီးသာ ချိုးဖျက်ခံရပါက သူတို့လူများကို အထဲသို့ စိတ်ကြိုက်၀င်နိုင်အောင် စီစဉ်ပေးနိုင်သည်။
လျှို့ဝှက်စာအုပ်၏ အဆိုအရ အမွေအနှစ်လျှို့ဝှက်မြေတွင် ထိုကန့်သတ်ချက်က ရှိသေးပြီး သူတို့ကို အမွေအနှစ် အချက်အလက်များအား တိုက်ရိုက် လုယူခြင်းကနေ တားဆီးထားသည်။
သို့စေကာမူ ကြီးကြပ်ရေးဗိမာန်က ဘယ်တော့မှ ပါရမီရှင်မရှားခဲ့ပါ။
သူတို့နတ်ပစ္စည်းကိုရနိုင်သရွေ့ အရာအားလုံးက ကြီးကြပ်ရေးဗိမာန်၏ လက်ထဲတွင် ရှိနေပေလိမ့်မည်။
ထို့နောက် ဟဲရှန်ကောရုတ်တရက် တိုက်ခိုက်သည်။ သူလက်ဝှေ့ယမ်းသောအခါ ဝိဉာဉ်စွမ်းအားစီးကြောင်းများက ပါရမီရှင်များ၏ မျက်ခုံးကြားသို့ ၀င်သွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အပါအ၀င် လူတိုင်းထိတ်လန့်သွားကြ၏။
ကျောင်းရှုမင် ကြည့်ရဆိုးသည့် အမူအရာဖြင့် ပြောသည်။
"စီနီယာ၊ ဘာကိုဆိုလိုတာလဲ"
ချန်းရုံကျိ နက်ရှိုင်းသည့်အသံဖြင့် ဆိုလာသည်။
"ကြည့်ရတာ စီနီယာက ဒီမှာဖြစ်ပျက်ခဲ့တာတွေကို ကျုပ်တို့ကို ဘယ်သူ့ကိုမှ မပြောစေချင်ဘူးနဲ့တူတယ်"
သူ့ဝိဉာဉ်အတွင်း နေရာချထားသည့် အချုပ်အနှောင်များကို သူခံစားနေရလေပြီ။
ဒါက ကန့်သတ်ချက်တစ်ခုပေတည်း။
ဟဲရှန်ကောအေးစက်စွာပြောသည်။
"သေချာတာပေါ့၊ မင်းတို့ဒီနေရာကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားဖို့ဆန္ဒရှိနေသရွေ့ ကန့်သတ်ချက်က အသက်၀င်လာမှာ မဟုတ်ဘူး၊ ဒါကိုချိုးဖျက်ဖို့တော့ မကြိုးစားပါနဲ့၊ မင်းတို့မှာစွမ်းရည်မရှိဘူး"
ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ပါရမီရှင်များ၏ အမူအရာများက အလွန်အမင်းကြည့်ရဆိုးသွားကြသည်။
တကယ်တမ်းတွင် သူတို့ထဲကတစ်ချို့က ဒီသတင်းကို ဂိုဏ်းဆီသို့ တင်ပြချင်ကြသည်။
ကောင်းကင်ဘုံ၏ နှစ်သက်ခြင်းကို ခံရသောသူတို့က တခြားသူများ သူတို့အပေါ် ကန့်သတ်ထားတာကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
သို့စေကာမူ ယဲ့ချိုးပိုင်တို့က အဆင်ပြေပါသည်။
သူတို့၏ဝိဉာဉ်များကို လုချန်ရှန်းကိုယ်တိုင် ကာကွယ်ပေးထားသည်။
ကန့်သတ်မန္တန်မှာ သူတို့ဝိဉာဉ်ကို မရောက်နိုင်သေးခင်မှာပင် လုချန်ရှန်း၏ ကာကွယ်ရေးအတားအဆီးကြောင့် ဖျက်ဆီးခံရသည်။
အပိုင်း(1081) coming။