← Chapters

#ကြီးကြပ်ရေးဗိမာန်က တစ်ယောက်လား၊ ဖော်ပြ၍မရနိုင်သည့် လှောင်ပြောင်မှု#

Vol. 77 Ch. 1081

#ကြီးကြပ်ရေးဗိမာန်က တစ်ယောက်လား၊ ဖော်ပြ၍မရနိုင်သည့် လှောင်ပြောင်မှု#

Vol. 77 Ch. 1081

မည်သူကမှ တခြားသူများ သူတို့ကိုယ်ခန္ဓာကို ထိန်းချုပ်ထားတာကို သဘောမကျကြပါ။ 

ဒါ့အပြင် သူတို့ကမောက်မာပြီး အလိုလိုက်ခြင်းခံထားရသော ပါရမီရှင်အုပ်စုဖြစ်နေသည်။ 

သို့စေကာမူ ကြီးကြပ်ရေးဗိမာန်၏ အကြွင်းမဲ့ခွန်အားအောက်တွင် သူတို့ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်သည်။ 

ဒါက အကန့်အသတ်ကြောင့်တင်မဟုတ်ဘဲ ကြီးကြပ်ရေးဗိမာန်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့်လည်းဖြစ်သည်။ 

ဂိုဏ်းတစ်ဂိုဏ်းက နတ်သခင်အဆင့်ကျွမ်းကျင်သူနှစ်ဦးကိုပင် မွေးထုတ်နိုင်ခဲ့သည်။ ကြီးကြပ်ရေးဗိမာန်တွင် တခြားဝှက်ဖဲများ ရှိသလားဆိုတာ မည်သူသိနိုင်မည်နည်း။ 

ဂိုဏ်းတစ်ဂိုဏ်းက သူတို့၏ဝှက်ဖဲများကို တစ်ခါတည်းမပြတတ်သည်မှာ ဂိုဏ်းများ၏ သဘာ၀သာ။ 

ဒီအကြောင်းကို ဘယ်သူသိနိုင်မည်နည်း။ 

"သေချာတာပေါ့၊ ကြီးကြပ်ရေးဗိမာန်က မင်းတို့ကို နမူနာမထားဘူး" နန်ကောင်းယင်ပြုံးသည်။ 

"အမွေအနှစ်လျှို့ဝှက်မြေကို ရှာဖို့အတွက် မင်းတို့လည်း ရှေးဟောင်းစစ်မြေပြင်ကို ၀င်ချင်တယ်၊ မင်းတို့ လျှို့ဝှက်မြေအမွေအနှစ်ကို ရခဲ့တယ်ဆိုရင်တော့ မင်းတို့ရခဲ့တဲ့ အမွေအနှစ်က ဘယ်လိုအမွေအနှစ်မျိုးလဲ၊ ဘယ်လိုနတ်ပစ္စည်းမျိုးရှိသလဲဆိုတာ မင်းတို့ ငါတို့ကိုပြောပြရမယ်"

ချန်းရုံကျိနှာမှုတ်လိုက်သည်။ 

"ခင်ဗျားတို့ လုယူချင်တာလို့တော့ မပြောနဲ့နော်၊ ဒါ့အပြင် အမွေအနှစ်ရဲ့လျှို့ဝှက်ချက်ကို တခြားသူတွေကို အလွယ်တကူ ပြောလို့ရတာလား"

သူတို့ရရှိသည့် အမွေအနှစ်ကို သူတို့ပိုင်ဆိုင်ရမည်သာ။ 

ဒါက သူတို့စွမ်းအား သို့မဟုတ် ဝှက်ဖဲတစ်စိတ်တစ်ပိုင်းဖြစ်နိုင်လေရာ တခြားသူများကို အလွယ်တကူပြောရန်ဟူသည် မဖြစ်နိုင်ပါ။ 

"မဟုတ်ဘူး၊ မဟုတ်ဘူး" နန်ကောင်းယင် လက်ဝှေ့ယမ်းသည်။ 

"မင်းတို့ဘာရသလဲဆိုတာ ငါ့ကို အမှန်အတိုင်းပြောဖို့ပဲလိုတယ်၊ အသေးစိတ်အချက်အလက်တွေကို ပြောပြစရာမလိုပါဘူး၊ ဒါ့အပြင် ငါတို့ကြီးကြပ်ရေးဗိမာန်မှာ ပန်းတိုင်တစ်ခုပဲရှိတယ်၊ မင်းတို့အဲဒီပစ္စည်းကို မရဘူးဆိုရင် ကြီးကြပ်ရေးဗိမာန်က ဂရုမစိုက်ဘူး၊ မင်းတို့ရခဲ့မယ်ဆိုရင် ကြီးကြပ်ရေးဗိမာန်က မင်းဆီကနေ တခြားအရာတွေနဲ့ လဲလှယ်မယ်....မစိုးရိမ်ပါနဲ့၊ လဲလှယ်မှုက မင်းတို့ကို သေချာပေါက်စိတ်မပျက်စေရပါဘူး"

ဒါကိုကြားသော် လူတိုင်းတိတ်ဆိတ်သွားသည်။ 

ဒီလိုသာဆိုပါက ယုတ္တိတန်ပါသည်။ 

သို့သော် ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်က ရှင်းနေလေပြီ။ 

သူတို့ရှေးဟောင်းစစ်မြေပြင်ထဲက နတ်ပစ္စည်းသို့မဟုတ် အမွေအနှစ်တစ်ခုကိုသာ ရရှိပိုင်ဆိုင်လိုခြင်းပင်။ 

"ကောင်းပြီ၊ အခုအားလုံးလွတ်လပ်စွာ သွားလာနိုင်ပါပြီ" ဒီနေရာတွင် နန်ကောင်းယင် လက်ဝှေ့ယမ်းသောအခါ အကာသတယ်လီပို့အစီအရင်စာလိပ်တစ်ခု ပျံ့သန်းသွားပြီး လေဟာနယ်ထဲတွင် တယ်လီပို့အစီအရင်တစ်ခုကို ဖွင့်ပေးသည်။ 

ထို့နောက် လူအုပ်စု၏ အမြင်ထဲတွင် လူခုနှစ်ယောက်ထွက်လာကြသည်။ 

သူတို့ထဲကငါးယောက်က နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေကြလေပြီ။ 

ရှေ့ဆုံးက ဦးဆောင်လာသည့် အမျိုးသမီးကမူ နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်နေသည်။ 

သို့စေကာမူ မုဖူရှန်း၏အာရုံကို ဆွဲဆောင်သွားခဲ့တာက ဒီအမျိုးသမီးမဟုတ်ဘဲ သူမဘေးတွင် ရပ်နေသည့် တွေဝေနေပုံရသော လူပင်။ 

ထိုလူ၏အော်ရာက နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သော်လည်း မတည်ငြိမ်ပါ။ သူက အလွန်အမင်းအားနည်းပြီး သူ့နယ်ပယ်က မတည်ငြိမ်သည့်အလား ထင်ရသည်။ 

သို့သော် ကြီးကြပ်ရေးဗိမာန်က ဒီလိုအရေးကြီးသည့် ကိစ္စရပ်ပေါ်၌ အားထုတ်မှုအများကြီး လုပ်ခဲ့သလို ယခုလိုကြီးမားသည့် တန်ဖိုးတစ်ခုကိုပင် ပေးဆပ်ခဲ့သည်။ ဒီလူတစ်ယောက်ကို သူတို့ဘယ်လိုလုပ် စေလွှတ်နိုင်မည်နည်း။ 

လူတစ်ယောက်က ယဲ့ချိုးပိုင်ကို ကြည့်ပြီး အပြုံးနှင့်အတူ မျက်ခုံးပင့်လိုက်မိသည်။ 

"မင်းက အကြွင်းအကျန်ဝိဉာဉ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ ဓားသမားမလား"

ယဲ့ချိုးပိုင် ထိုလူအား လှမ်းကြည့်သည်။ 

"သိနေပြီဆိုမှတော့ ဘာလို့မေးနေရသေးတာလဲ"

ယဲ့ချိုးပိုင်၏ စကားလုံးများကို ကြားသောအခါ ထိုလူခေါင်းအနည်းငယ် မော့လိုက်သည်။ 

"အကြွင်းအကျန်ဝိဉာဉ်ရဲ့ အသိအမှတ်ပြုမှုကိုရပြီး ကျောက်ပြားကို ပွင့်လာအောင် လုပ်နိုင်ပြီးတဲ့နောက်မှာ မင်းမောက်မာနိုင်ပြီလို့ ထင်ရင်တော့ မင်းမှားနေပြီ"

ယဲ့ချိုးပိုင်ရယ်မောသည်။ 

"မင်းက အကြွင်းအကျန်ဝိဉာဉ်ရဲ့ အသိအမှတ်ပြုမှုကို မရရှိဘဲ တခြားသူတွေ ရသွားတာကို မြင်ရတော့ စကားလုံးအနည်းငယ် ပြောပြီး မင်းရဲ့ညံ့ဖျင်းမှုကို ဖုံးကွယ်ဖို့အတွက် ဟန်ဆောင်ချင်တာလား"

"ဒီလိုဆိုရင်တော့ မေ့လိုက်ပါတော့၊ မင်းရဲ့ သဘောထားကြီးမြတ်မှုအတွင် ငါမင်းကို အပြစ်မတင်ပါဘူး"

ဒါကို ကြားသောအခါ ကျန်သောသူများ ရယ်လိုက်မိကြသည်။ 

ဒါကအရှက်ရစရာပင်။ 

တစ်နည်းအားဖြင့် ထိုလူအား ယခုလိုစွမ်းရည်မရှိသည့်အပေါ် သွယ်ဝိုက်အပြစ်တင်နေတာနှင့် တူနေသည်မဟုတ်ပေလော။ 

မုဇီရှင်းပြုံးရင်းမေးသည်။ 

"ရှင့်ဘယ်တုန်းက ဒီလောက်အာသွက်လျှာသွက်ရှိလာတာလဲ"

"သူ ဂျူနီယာမောင်လေးမုဆီက သင်ယူခဲ့တာနေမှာပေါ့"

မုဖူရှန်း "....."

ဘာကိုဆိုလိုတာလဲ၊ ကျွန်တော့်ကို ဒီထဲ ဆွဲသွင်းနေတာလား!

မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူ၏ အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားပြီး အံကြိတ်သည်။ 

"ငါတို့အခုတိုက်ခိုက်ကြမယ်ဆိုရင်ရော၊ သေခြင်းရှင်ခြင်းအကြောင်းကို မပြောကြေး၊ မင်းတိုက်ရဲလား"

ဒါကိုကြားသောမခါ နင်းချန်ရှင်း ထိုလူအား အတွေးများစွာကြည့်ပြီးနောက် နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ကို ကြည့်လိုက်၏။ 

သူတို့နှစ်ယောက်က လှုပ်ပင်မလှုပ်ရှားဘဲ ဒီပြဇာတ်အပေါ် မျက်စိပင် မှိတ်ပြလိုက်ကြသေးသည်။ 

တစ်ခုခုမှားနေသော်လည်း နင်းချန်ရှင်း ဒါကို မပြောနိုင်ပေ။ 

ယဲ့ချိုးပိုင် ထိုလူအားကြည့်လိုက်၏။ 

"ငါ့မှာ ကန့်ကွက်စရာမရှိဘူး"

"အရမ်းကောင်းတယ်"

ယခုအခြေအနေများက ဒီအထိ ရောက်လာလေရာ စုန့်ရှောင် ရုတ်တရက် သူတို့နှစ်ယောက်ကြားတွင် ရပ်ပြီး အပြုံးဖြင့်ပြောသည်။ 

"ငါတို့ရှေးဟောင်းစစ်မြေပြင်ကိုတောင် မ၀င်ရသေးဘူး၊ ဒီလိုမျိုးတွေဖြစ်နေတာက မကောင်းဘူး၊ ဟုတ်တယ်မလား၊ စုန့်စီ"

စုန့်ရှောင်နှင့်စုန့်စီတို့တွင် 'စုန့်'ဟူသော မိသားစုနာမည်ရှိသော်လည်း သူတို့က သွေးချင်းဆက်စပ်မှုမရှိပါ။ 

"မင်းငါ့ကိုသိတာလား" စုန့်စီ၏ အမူအရာက လေးနက်သွား၏။ 

သူ့အကြောင်းကို လူအနည်းငယ်ကသာ သိကြသည်။ 

ကြီးကြပ်ရေးဗိမာန်က တပည့်များက အမြဲလိုလို ပုံရိပ်အလွန်အမင်းနိမ့်ကျကာ နေတတ်ကြသည်။ 

စုန့်ရှောင်ပြုံးရင်း ခေါင်းညိတ်သည်။ 

"ငါတို့တစ်ခဏတာပဲ ဆုံခဲ့ရတယ်ဆိုပေမယ့် ငါ့မှတ်ဉာဏ်က အဲလောက်ထိ မဆိုးသေးပါဘူး"

"ငါ့ကိုမျက်နှာသာနည်းနည်းပေးပြီး ဒီတိုက်ပွဲကို ရှေးဟောင်းစစ်မြေပြင်ထဲကိုပဲ ယူသွားကြရအောင်"

စုန့်စီ 'ငါမင်းကို ဘာလို့မျက်နှာသာပေးရမှာလဲ' ဟုပြောချင်သည်။ 

သို့စေကာမူ တစ်ဘက်လူက သူ့ကိုသိလေရာ ဒါက ဒီလူက ကိုယ်ပိုင်လက္ခဏာ၌ဖြစ်စေ ပါရမီ၌ဖြစ်စေ မရိုးရှင်းဘူးဟု ဆိုလိုနေခြင်းပင်။ 

ဒီအချိန်တွင် ရှေ့ဆုံးက အမျိုးသမီး လှည့်လာပြီး စုန့်စီကို စိုက်ကြည့်သည်။ 

"ပြဿာနာမဖြစ်စေနဲ့"

စုန့်စီနှာမှုတ်ရင်း အမျိုးသမီးနောက်ကနေ ရှေးဟောင်းစစ်မြေပြင်သို့ လိုက်သွားလေတော့သည်။ 

သို့စေကာမူ သူတို့မထွက်သွားခင် သူ့ကို ကြည့်သွားသည့် သတ်ဖြတ်လိုသော အကြည့်တစ်ခုကို ယဲ့ချိုးပိုင်ခံစားနေရဆဲပင်။ 

ဒီအချိန်တွင် ဟုန်ရင် ယဲ့ချိုးပိုင်ဘေးကို ရောက်လာသည်။ 

"ဘယ်လိုတောင် ဖော်ပြလို့မရတဲ့ လှောင်ပြောင်မှုတစ်ခုလဲ၊ အစ်ကိုကြီး သူ့ကို အရင်က ရန်စမိဖူးလို့လား"

"ဟင့်အင်း" ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"ဒါဆို အစ်ကိုကြီးသတိထားရမယ်"

သူတို့အဆင့်တွင် မည်သူကများ သူတို့ကို လှောင်ပြောင်ရဲမည်နည်း။ 

ဒီလိုသာဆိုပါက ဒါက တကယ်ပင် ယဲ့ချိုးပိုင် အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရနိုင်ခဲ့သည့်အတွက်ကြောင့်ပင်။ ဒီအတွက် သူမနာလိုဖြစ်လွန်းသည့်အပေါ် မဖိနှိပ်ထားနိုင်ဘဲ စကားလုံးများနှင့် တိုက်ခိုက်လိုခြင်းဖြစ်ရမည်။ 

ဒီကိစ္စတွင် သူဝေးဝေးမသွားနိုင်ရန်အတွက် ကံတရားက သတ်မှတ်ထားလေပြီ။ 

စုန့်ရှောင် အပြုံးနှင့်အတူ လျှောက်လာသည်။ 

"ကောင်းပြီ၊ ငါတို့ပူပေါင်းဆောင်ရွက်မှုကို ဆက်လုပ်လို့ရသေးလား"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ငါတို့ပူးပေါင်းဆောင်ရွက်တာကို ဆက်လုပ်တာက ဘာမှမဖြစ်ပါဘူး၊ဒါပေမယ့် ညီအစ်ကိုစုန့်၊ စုန့်စီနဲ့ပတ်သက်ပြီး...."

"ငါနားလည်ပါတယ်" စုန့်ရှောင်မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေပြီး လက်နှစ်ဖက် နောက်ချထားသည်။ 

"ကြီးကြပ်ရေးဗိမာန်က ဒီလူတွေက လူကြားထဲမှာ မျက်နှာမပြကြဘူး၊ သူတို့က အတော်လေးနိမ့်ကျနေကြတယ်"

"ငါသိသမျှကို မင်းတို့ကိုပြောမှာပါ၊ ဘာပဲဆိုဆို ဒီလိုအကြောင်းတွေကလည်း မင်းတို့ကို ပြောပြတာက ငါ့အတွက်လည်း ဘာဖြစ်သွားမှာမှ မဟုတ်တာ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

ဒီအခိုက်အတန့်၌ ချန်းရုံကျိ လျှောက်သွားပြီး ယဲ့ချိုးပိုင်ကိုကြည့်သည်။ 

"ညီအစ်ကိုယဲ့၊ ငါတို့ကြားမှာ ယှဉ်ပြိုင်မှုတစ်ခုရှိနေတုန်းပဲ၊ ဒီရှေးဟောင်းစစ်မြေပြင်မှာ စကြရအောင်၊ ငါတို့ တူညီတဲ့ ‌အမွေအနှစ်လျှို့၀ှက်မြေတစ်ခုကို ရှာတွေ့တဲ့အခါကျရင် ဒီတိုက်ပွဲရဲ့အနိုင်ရသူကို ဆုံးဖြတ်မယ်၊ ဘယ်လိုသဘောရလဲ"

ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းညိတ်သည်။ 

"သေချာတာပေါ့"

ယဲ့ချိုးပိုင်တွင် ချန်းရုံကျိအပေါ် အမြင်ကောင်းတစ်ခုရှိသည်။ 

"ကောင်းပြီ၊ ငါတို့လည်း၀င်သင့်နေပြီ"

ထို့နောက်သူနောက်သို့ကြည့်လိုက်သည်။ 

မျက်လုံးနှစ်စုံက သူတို့ဆီကနေ တိတ်တဆိတ်ဖယ်ခွာသွားကြ၏။ 

"ဒီတစ်ကြိမ် သူတို့ရဲ့ပန်းတိုင်က ငါတို့မဟုတ်ပေမယ့် သူတို့နှစ်ယောက်လုံးကို ကိုင်တွယ်နိုင်ရင်လည်း မဆိုးဘူး"

အပိုင်း(1082) coming။ 

All Chapters