#မု၀မ်အာကို ကြံစည်ခြင်း၊ အဆိပ်သခင်#
Vol. 77 Ch. 1082
ရှေးဟောင်းစစ်မြေပြင်ထဲတွင် အချိန်အတော်ကြာကတည်းက စွန့်ပစ်ခံထားရသည့် အပျက်အစီးများရှိသည်။
သို့စေကာမူ ဓားနှင့်ဓားကျိုးများကို အနက်ရောင်နှင့် သွေးရောင်မြေများပေါ်တွင် ထိုးစိုက်ထားသည်။
အရိုးဖြူများကို နေရာအနှံ့တွေ့ရသည်။ အရိုးများကို တခြားသူများဖျက်ဆီးပစ်ခဲ့ကြသည့် လက္ခဏာများတွေ့ရသော်လည်း ဖျက်ဆီးခံရပြီး နှစ်သိန်းချီကြာအောင် တည်ရှိနေခဲ့သည့် အရိုးများက အချိန်ကြာလာတာနှင့်အမျှ ပျက်စီးတိုက်စားခံရခြင်းမရှိပါ။
ဒီအရိုးများပိုင်ရှင်၏နယ်ပယ်က မည်သည့်နယ်ပယ်ကိုပင် ရောက်ခဲ့လေသနည်း။
သူတို့ကို သတ်ခဲ့သောသူများက ဘယ်လောက်ပင် အားကောင်းလေသနည်း။
လေထုက သိမ်မွေ့ခမ်းနားသည့် အော်ရာနှင့် ပြည့်နှက်နေသည်။ ဒါကပင် ဒီနေရာက တစ်ချိန်က ကြွယ်၀ခဲ့ပြီး တိုက်ပွဲ၏ ပြင်းထန်မှုကို ပြောပြနေသည်။
"အရင်က သေမျိုးနယ်မြေမှာ အသာစီးရမှုနဲ့ စွမ်းအားအများကြီးရှိခဲ့တာတောင် ကျဆင်းသွားခဲ့ရတယ်၊ အမွေအနှစ်တွေကလည်း ဖြတ်တောက်ခံခဲ့ရတယ်" ယဲ့ချိုးပိုင် လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။
စုန့်ရှောင်ရှိနေသဖြင့် ယဲ့ချိုးပိုင် တခြားအရာများကို မပြောခဲ့ပါ။
သို့သော် ဟုန်ရင်နှင့် ကျန်သောသူများ၏ အနည်းငယ်မျှ လေးနက်နေသည့် အမူအရာများကပင် သူတို့တကယ်နားလည်တာကို ပြသနေသည်။
ထိုအချိန်က အစွမ်းထက်သေမျိုးနယ်မြေကို ငရဲနတ်ဆိုးနယ်မြေက ကျူးကျော်ခဲ့သည်။ သူတို့အစွမ်းကုန်ကြိုးစားသော်လည်း အမွေအနှစ်များကို ဆုံးရှုံစသွားခဲ့ရသည်။ ထို့နောက် ငရဲနတ်ဆိုးနယ်မြေကို ယနေ့ထိတိုင် ချိပ်ပိတ်ရန်အတွက် အရာအားလုံးကို သုံးခဲ့ရသည်။
အကယ်၍ ငရဲနတ်ဆိုးနယ်မြေကသာ ချိပ်စည်းကိုချိုးဖျက်ပြီး သေမျိုးနယ်မြေကို ထပ်မံတိုက်ခိုက်လာပါက သေမျိုးနယ်မြေက လက်ရှိခွန်အားနှင့် ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။
ဒါက တစ်ဘက်သတ်အခြေအနေတစ်ခု ဖြစ်လာလောက်သည်။
သေမျိုးနယ်မြေက ထောင်ချီသော သက်ရှိများက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။
ကပ်ဘေးကြီးက ရောက်ရှိလာနေလေပြီ။
စုန့်ရှောင် နောက်သို့စိုက်ကြည့်ပြီး အပြုံးဖြင့်ပြောသည်။
"အားလုံးပဲ၊ အခုက သက်ပြင်းချနေရမယ့် အချိန်မဟုတ်ဘူး၊ နောက်မှာ လိုက်လာနေတဲ့သူတွေ အများကြီးပဲ"
မုဖူရှန်းအကူအညီမဲ့စွာပြောသည်။
"အစ်ကိုကြီးက အကြွင်းအကျန်ဝိဉာဉ်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ၊ ဒီတော့ ငါတို့မှာ ဒီထက်ပိုတဲ့ သဲလွန်စတွေရှိမယ်လို့ သူတို့သေချာပေါက် တွေးထင်ကြလိမ့်မယ်"
"ဒါဆိုသူတို့ကို အရင်နှင်ထုတ်ပစ်မယ်ဆိုရင်ရော" စုန့်ရှောင်အပြုံးဖြင့်ဆိုသည်။
သူ့မျက်လုံးများက ပေါ့ပြက်ပြက်ဆန်လှသော်လည်း သူ့အသံကမူ အတော်လေး ပေါ့ပါးနိုင်လှသည်။
သူကြွားဝါနေခြင်းမဟုတ်ပါ။
ဒီလူများက သူ့မျက်လုံးထဲတွင် ဘာမှမဟုတ်။
ဒါက စုန့်ရှောင်၏ခွန်အားကနေ ယူဆောင်လာသည့် အကြွင်းမဲ့ယုံကြည်မှုပေတည်း။
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"မလိုပါဘူး၊ ငါတို့တခြားကိစ္စတွေအတွက် သူတို့ကို လိုကောင်းလိုနိုင်တာပဲ"
ထို့နောက် သူဓားပုံစံကွက်တစ်ခုပါသည့် တုံကင်ကို ကောက်ယူလိုက်၏။ ဓားဆန္ဒအမျှင်စများက တစ်နေရာသို့ လွင့်မြောသွားကြ၏။
ယဲ့ချိုးပိုင်သာလျှင် ဒါကိုအာရုံခံနိုင်သည်။
......
လမ်းတစ်လျှောက်တွင် သူတို့ဆွေ့မြေ့နေသည့်ခန်းမများ သို့မဟုတ် ဆန်းကြယ်သောဂူများကို တွေ့ခဲ့ရသည်။
ဒီအရာများက ထိုကျွမ်းကျင်သူများ သေဆုံးပြီးနောက် သူတို့ချန်ထားခဲ့သည့် အမွေအနှစ်တွေဆိုတာ ရှင်းနေသည်။
အမွေအနှစ်များနှင့် အမြင့်ဆုံးရတနာများက နေရာတိုင်းတွင်ရှိသည်။
ဒီစကားလုံးများက ရှေးဟောင်းစစ်မြေပြင်ကို သရုပ်ဖော်ရန်အတွက် လုံလောက်ပါသည်။
အကယ်၍ ရှေးဟောင်းစစ်မြေပြင်၏ သတင်းကိုသာ ထုတ်လွှတ်လိုက်ပါက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက သေချာပေါက် ရူးသွပ်သွားကြပေလိမ့်မည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တောင်ကုန်းလေးတစ်ခုရှေ့တွင် ရပ်လိုက်သည်။
ဓားကျိုးများကနေရာတိုင်းတွင်ရှိသည်။ သို့သော် ဒီဓားကျိုးများတွင် မည်သည့်အော်ရာမှ ရှိပုံမရ။ တစ်နည်းအားဖြင့် ဒါက ဓားသင်္ချိုင်းတစ်ခုပမာ။
ယဲ့ချိုးပိုင် တုံကင်ကို သိမ်းဆည်းလိုက်သောအခါ တုံကင်ပေါ်က ဓားဆန္ဒကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူခေါင်းမော့ကာလှမ်းကြည့်သည်။ ဓားတိုင်းတွင် လက်ကိုင်တွင်ဖြစ်စေ ဓားသွား၌ဖြစ်စေ အက်ရာများရှိနေပြီး အင်မတန်တိတ်ဆိတ်ခြောက်ကပ်နေသည့်အလား ထင်ရသည်။
ယဲ့ချိုးပိုင် ဒီဓားများ၏ ၀မ်းနည်းမှုကို ခံစားနိုင်သည့်အလား ဓားသင်္ချိုင်းကို လေးနက်သည့် အမူအရာနှင့်အတူ ဖြည်းဖြည်းလေး ဦးညွတ်သည်။
ဒီဓားအားလုံးက သေမျိုးနယ်မြေအတွက် ကျိုးသွားခဲ့ကြခြင်းဖြစ်လေရာ လေးစားရန် ထိုက်တန်ပါသည်။
ဟုန်ရင်နောက်သို့လှမ်းကြည့်လိုက်၏။
"ကြည့်ရတာ သူတို့မသည်းခံနိုင်တော့ပုံပဲ"
ရုတ်ချည်းဆိုသလို ဟုန်ရင်နှင့် ကျန်သောသူများ၏ အမြင်ထဲတွင် လူခြောက်ယောက် ပေါ်လာခဲ့သည်။
မု၀မ်အာ မောက်မာစွာ နှာခေါင်းရှုံ့သည်။
"အရှက်မဲ့လိုက်တာ၊ သူတို့က နောက်မှာ ထိုင်နေကြပြီး တခြားသူတွေရဲ့အလုပ်က အသီးအပွင့်တွေကို ခံစားနေကြတယ်၊ အစ်ကိုကြီး သဲလွန်စတွေကို ရသွားတာကို သူတို့မြင်တော့ အဆုံးထိနောက်လိုက်ဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်"
သူတို့ထဲကသုံးယောက်ကို မြင်သောအခါ စုန့်ရှောင်မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာတစ်ခုမှမပြောပါ။
သူတို့ထဲကတစ်ယောက်က မု၀မ်အာ၏ စကားလုံးများကို ကြားသည့်အလား ပြုံးရင်း လက်ဖြန့်သည်။
"သဲလွန်စက သဲလွန်စပါပဲ၊ အမွေအနှစ်ဆိုတာ ရယူနိုင်စွမ်းရှိသူတွေအတွက်ပါပဲ၊ တကယ်လို့မင်းမှာ စွမ်းရည်မရှိဘူးဆိုရင် သဲလွန်စရှိတာက အလကားပဲလေ၊ ဒါကြောင့် ဒီလိုကလေးဆန်တဲ့စကားလုံးတွေကို ပြောစရာမလိုပါဘူး"
"ငါ့ကိုကလေးဆန်တယ်လို့ ပြောလိုက်တာလား" မု၀မ်အာ ရုတ်တရက် ချိုမြိန်စွာ ပြုံးလိုက်၏။
ဒီအမူအရာက ချူတျန်ကျန်းကို စိတ်ရှုပ်သွားစေသည်။
ဒေါသမထွက်ဘူးဆိုရင်တောင် ရယ်တော့ မရယ်သင့်ဘူးမလား!
"ဟေး၊ အစ်ကိုချူ၊ ဘာလို့မျက်နှာက ဒီလောက်မည်းမှောင်နေရတာလဲ၊ ပြီးတော့.... ခရမ်းရောင်ရောပဲ"
ဘေးကလူများက သူ့ကိုသတိပေးသည်။
တခြားသူများထံမှ သတိပေးချက်ကို ကြားရသောအခါ ချူတျန်ကျန်း၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။
နောက်တစ်စက္ကန့်၌ ချူတျန်ကျန်းရုတ်တရက် ခေါင်းမူးသလိုခံစားလိုက်ရသည်။ မု၀မ်အာ၏ လှပသောအပြုံးကလည်း ထပ်နေခဲ့သည်။
အား၊ မဟုတ်ဘူး!
ရုတ်ချည်းဆိုသလို သူ့ကိုယ်ခန္ဓာနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတာကို ချူတျန်ကျန်းသတိထားမိသွားသဖြင့် သူ့ကိုယ်ခန္ဓာကို လှုပ်ယမ်းရင်း မု၀မ်အာကို စိုက်ကြည့်ကာ အော်ဟစ်သည်။
"မင်းဘာလုပ်လိုက်တာလဲ"
မု၀မ်အာ လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထားပြီး တခစ်ခစ်ရယ်နေသည်။
"ငါလား၊ ငါဘာမှမလုပ်ခဲ့ပါဘူး"
လုချန်ရှန်း သူမအင်မော်တယ်နယ်မြေတွင် ရှိစဉ်က သူမကို တစ်ခုခုကိုပြောခဲ့သည်။
အဆိပ်ကို ဘယ်လိုသန့်စင်ရမလဲဆိုတာကို မသိသော အဂ္ဂိရတ်ဆရာက အရည်အချင်းမရှိသည့် အဂ္ဂိရတ်ဆရာပင်။
သူမက ဆေးပညာနှင့်ရင်းနှီးပြီး ကျင့်ကြံခြင်းကို တိုးမြှင့်စေနိုင်သည့် ဆေးလုံးများ သန့်စင်နိုင်သလို သေခြင်းရှင်ခြင်းကနေပင် ပြန်လည်ရှင်သန်နိုင်စေသည့် နတ်ဆေးလုံးများကိုပင် သန့်စင်နိုင်သည်။ ထို့ကြောင့် သူမ လူများကို တိတ်တဆိတ် သေဆုံးအောင် လုပ်နိုင်သည့် အဆိပ်ကိုလည်း သေချာပေါက် သန့်စင်နိုင်သည်။
ထို့နောက် မု၀မ်အာ ဟုန်ရင်နောက်ကနေ စူးစမ်းလေ့လာလေးခရီးတွင် လိုက်ပါခဲ့ပြီး အဆိပ်ကို ဘယ်လိုသန့်စင်ရမလဲဆိုတာက်ုလည်း လေ့လာခဲ့သည်။
ဒီတိုးမြှင့်အင်မော်တယ်အမှုန့်ဆေးပုလင်းက မု၀မ်အာ၏ တီထွင်မှုများအနက်မှ တစ်ခုဖြစ်သည်။
အကယ်၍ အဆိပ်မိသွားသောသူက အချိန်မီ ပြန့်သွားအောင်မလုပ်နိုင်ပါက ကိုယ်ထဲက ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီက မရီဒျန်များနှင့် ဆန့်ကျင်ရာသို့ အလွန်အမင်းမြန်ဆန်သည့်နှုန်းနှင့် စီးဆင်းသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဒါက အသိစိတ်ပင်လယ်ကို သက်ရောက်သလို စိတ်အခြေအနေနှင့် အတွေးများကိုပါ သက်ရောက်စေပြီး ကိုယ်ထဲက တိုးမြှင့်အင်မော်တယ်အမှုန့်အပေါ် အာရုံစူးစိုက်မှုကို နှောင့်နှေးသွားစေသည်။
အကယ်၍ အကြာကြီးဆွဲဆန့်ထားပါက မရီဒျန်များကပေါက်ကွဲပြီး ဝိဉာဉ်ချီနှင့် အင်မော်တယ်ချီကြောင့် အသိစိတ်ပင်လယ်ကလည်း ကြေမွပျက်စီးသွားရပေလိမ့်မည်။
မု၀မ်အာ တိုးမြှင့်အင်မော်တယ်အမှုန့် တစ်ဘက်လူကို အောင်မြင်စွာ ထိမိရန်အတွက် တစ်ဘက်လူ၏အာရုံကို လွှဲပြောင်းရန် ဒီအမူအရာကို တမင်တကာပင် ဖွင့်ဟပြသခဲ့ခြင်းပင်။
ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ မု၀မ်အာကို အံ့ဩသင့်တကြီး ကြည့်လိုက်ကြ၏။
ငါတို့မတွေ့ရတာ နည်းနည်းလောက်ပဲ ရှိသေးတာလေ!
ဘယ်အချိန်ကစပြီး ၀မ်အာမှာ မျက်နှာနှစ်ဖက်ရှိလာရတာလဲ!
ဒါက လူသားသဘာ၀ကို ပုံပျက်စေတာလား ဒါမှမဟုတ် ကိုယ်ကျင့်တရားကို ဆုံးရှုံးစေတာလား!
သူတို့၏အမူအရာများကို မြင်သောအခါ ဟုန်ရင်ရယ်မောလိုက်သည်။
"အနာဂတ်မှာ ရှင့်တို့အားလုံး ညီမလေး၀မ်အာကို ကောင်းကောင်းဆက်ဆံရမယ်၊ မဟုတ်ဘူးဆိုရင် သူ့လက်ထဲမှာ နာကျင်ခံစားရလိမ့်မယ်"
"ငါ့ကိုဖြေဆေးပေးစမ်း" ချူတျန်ကျန်းညာလက်ကို ဆန့်ထုတ်ထားပြီး ခေါင်းကို ဘယ်လက်နှင့် ဆုပ်ကိုင်ထားသည်။ သူ၏ တုန်ယင်နေသည့်ခန္ဓာကို သူတည်ငြိမ်အောင် လုပ်ရင်း အော်ဟစ်သည်။
"မဟုတ်ဘူးဆိုရင် မင်းအကျိုးဆက်တွေကို သိစေရမယ်"
"အကောင်းဆုံးအဆိပ်က ဖြေဆေးမရှိဘူးလို့ ဆရာငါ့ကိုပြောဖူးတယ်" မု၀မ်အာ ကျောက်စိမ်းပုလင်းကို ဖြည်းဖြည်းလေး သိမ်းဆည်းပြီးနောက် ပြုံးသည်။
"ငါအဲဒီနယ်ပယ်ကို မရောက်နိုင်သေးပေမယ့် အဆိပ်ဖြေဆေးကို မလေ့လာပဲ လုပ်နိုင်တုန်းပဲ"
ဒါကိုမြင်သော် ချူတျန်ကျန်းတစ်ခုခုပြောချင်နေသည်။
"ငါသာနင့်နေရာမှာဆိုရင် ပေါက်ကရပြောရင်း ငါ့စွမ်းအင်ကို ဖြုန်တီးနေမှာမဟုတ်ဘူး၊ ငါသာအဆိပ်ကို မြန်မြန်မထုတ်နိုင်ဘူးဆိုရင် မျှော်လင့်ချက်တကယ်ရှိတော့မှာ မဟုတ်တော့ဘူး" မု၀မ်အာထပ်ပြောသည်။
ဒါကိုကြားသော် ချူတျန်ကျန်း၏အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းတင်ပလ္လင်ခွေထိုင်ရင်း ကိုယ်ထဲက တိုးမြှင့်အင်မော်တယ်အမှုန့်များကို စတင်ဖယ်ရှားပစ်နေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ မု၀မ်အာ ယဲ့ချိုးပိုင်ကိုပြုံးပြသည်။
"အစ်ကိုကြီး၊ ပြိုင်ဘက်တစ်ယောက်ကို ရှင်းထုတ်ပစ်ဖို့အတွက် ကျွန်မ အစ်ကိုကြီးကို ကူညီခဲ့တယ်၊ အနည်းဆုံးတော့ ခုနှစ်ရက်အတွင်းမှာ သူဘာတစ်ခုမှ ထပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး"
ဒီအချိန်မှာပင် ချူတျန်ကျန်းဘက်က ကျန်ငါးယောက်က တိတ်တဆိတ် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိကြပြီး တစ်ချိန်တည်းမှာပင် မထိန်းသိမ်းထားဘဲ အဆိပ်ဆန့်ကျင်ရတနာမျိုးစုံနှင့် ဝိဉာဉ်ချီများကို ပစ်လွှတ်လိုက်ကြ၏။
အဆိပ်သခင်တစ်ယောက်က အမြဲလိုလို ခြေရာမကျန်ဘဲ သတ်ပစ်နိုင်သည်။
အပိုင်း(1083) coming။