#အရင်ဆုံးထွက်ပြေးတဲ့သူက ငကြောက်ပဲ#
Vol. 77 Ch. 1083
အချိန်များက ကုန်ဆုံးသွားခဲ့ပြီး အင်မော်တယ်နယ်မြေ၌ ခေတ္တခဏနားချိန်တွင် မု၀မ်အာကျင့်ကြံခြင်းကို အပြီးသတ်ကာ လုချန်ရှန်းအား ရလဒ်များကို ပြောပြသောအခါ လုချန်ရှန်း ရုတ်တရက်မေးသည်။
"အဆိပ်ဘယ်လိုသန့်စင်ရမလဲဆိုတာ သိလား"
မု၀မ်အာ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခေါင်းခါယမ်းသည်။
"အဂ္ဂိရတ်ပညာရှင်တစ်ယောက်က အဂ္ဂိရတ်ပညာရပ်ပေါ်မှာ အချိန်များစွာသုံးခဲ့ပြီး ကာကွယ်ရေးနဲ့ သတ်ဖြတ်ခြင်းနည်းစနစ်တွေအများကြီးမရှိဘူး" လုချန်ရှန်း သူ့ကိုယ်သူလက်ညိုးထိုးပြသည်။
"သေချာပေါက် ငါကတော့ခြွင်းချက်ပေါ့"
မု၀မ်အာ "....."
"အနာဂတ်မှာ မင်းတစ်ယောက်တည်း သေချာပေါက် စူးစမ်းသွားလာရနိုင်သလို တစ်ယောက်တည်း နေရာတစ်ခုမှာ ပိတ်မိခံထားရနိုင်တယ်" လုချန်ရှန်း တစ်ခဏမျှ တွေးလိုက်သည်။
"ဒီတော့ မင်းရဲ့သတ်ဖြတ်ခြင်းနည်းလမ်းတွေက အရမ်းကြောက်စရာကောင်းမနေနိုင်ဘူး၊ မင်းရဲ့အဂ္ဂိရတ်ပညာရပ်တွေနဲ့ ဆက်စပ်နေရင်တော့ အကောင်းဆုံးပေါ့"
မု၀မ်အာတွင် ဆေးလုံးကျမ်းရှိနေတာကို သိသဖြင့် လုချန်ရှန်း သူမကို တိုးတက်လာအောင် ကူညီပေးရမည်သာ။
သူမ၏ အဂ္ဂိရတ်စွမ်းရည်များ တိုးတက်လာသရွေ့ နယ်ပယ်ကလည်း တိုးတက်လာပေလိမ့်မည်။
"ဒီတော့ အဆိပ်သခင်တွေက အသင့်တော်ဆုံးလမ်းကြောင်းပဲ" လုချန်ရှန်းပြုံးရင်း ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါကလောလောဆယ် ငါဖန်တီးထားတဲ့ ဆေးလုံးပဲ၊ ငါဒီဆေးလုံးကို နာမည်တစ်ခုပေးဖို့ အရမ်းပျင်းနေတယ်၊ မင်းယူသွားပြီး လေ့လာလို့ရတယ်"
မု၀မ်အာလှမ်းယူပြီး မေးသည်။
"ဆရာ၊ ဖြေဆေးကရော"
"ဖြေဆေးမရှိဘူး" လုချန်ရှန်း ခေါင်းခါယမ်းသည်။
"ငါ့မှာ မင်းကိုအဆိပ်နဲ့ပတ်သက်ပြီး သင်ကြားစရာများများစားစားမရှိဘူး၊ ဒါပေမယ့် ငါမင်းကိုပေးတဲ့ မှတ်စုစာအုပ်မှာ သဘာရတနာတစ်ချို့ရဲ့ သက်ရောက်မှုတွေပါ၀င်တယ်"
"ပြီးတော့ အဆိပ်အပြင်းဆုံးအဆိပ်က အဆိပ်ဖြေဆေးမရှိဘူးဆိုတာကို မှတ်မိပါ"
ဒီနေရာတွင် မု၀မ်အာ အဆိပ်သခင်တာအိုကို စတင်လေ့လာခဲ့သည်။ ဒီတိုးမြှင့်အင်မော်တယ်အမှုန့်က မပြည့်စုံသော်လည်း ဒီနတ်ဘုရင်နယ်ပယ် အထွတ်အထိပ်များကို ကိုင်တွယ်နိုင်တာထက် ပိုနေပါပြီ။
ဒါကလည်း ကျန်ငါးယောက်ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။
ငါတို့ မု၀မ်အာနဲ့ ဝေးဝေးနေရမယ်!
သို့စေကာမူ ချူတျန်ကျန်းက သူတို့နှင့် နက်ရှိုင်းသည့်ဆက်ဆံရေးတစ်ခု မရှိပုံရသည်။ မည်သူကမှ သူ့ကိုယ်ထဲကအဆိပ်ကို ဖယ်ရှားရန်အတွက် သူ့ကို ကူညီပေးခြင်းမရှိပါ။
"ကျန်တဲ့သူတွေရော" မု၀မ်အာ ကျန်ငါးယောက်ကို အပြုံးဖြင့် ကြည့်လိုက်၏။
သို့စေကာမူ အတော်လေးမိန်းမဆန်ပုံရသော လူတစ်ယောက်က ယပ်တောင်တစ်လက်ကိုကိုင်ပြီး မျက်နှာကို တစ်၀က်ဖုံးထားလိုက်သည်။ ယပ်တောင်နောက်ကနေ ရယ်မောသံတစ်သံထွက်လာခဲ့သည်။
"အဆိပ်သခင်တွေဆီကနေ ဆန့်ကျင်ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်သလို မင်းရဲ့အဆိပ်က ငါတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဆိုပေမယ့် မပြည့်စုံနေပါဘူး၊ ငါတို့အာရုံပိုစိုက်နေသရွေ့ အဆင်ပြေပါတယ်"
ခိုင်မာသည့်အမူအရာနှင့် နောက်တစ်ယောက်ကလည်း လှံကိုကိုင်ထားပြီး လက်မောင်းများကို ဖွင့်ဟထားသည်။
"ဘာလို့လဲ၊ အမွေအနှစ်က လုပ်နိုင်စွမ်းရှိသူတွေအတွက်ပဲ၊ ငါတို့အားလုံးကို မင်းတို့အပြင်ကနေ တားဆီးချင်ကြတာလား"
ဒီလူနှစ်ယောက်၏အော်ရာက ပေါက်ကွဲလာခဲ့ခြင်းမရှိသော်လည်း သူတို့ထုတ်လွှတ်နေသည့်ဖိအားက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်!
ဟုန်ရင် ရှေ့တစ်လှမ်းတိုးလိုက်သည်။
"ရှင်တို့နှစ်ယောက်က ဓားသမားတွေမဟုတ်ဘူး၊ ဒီဓားသင်္ချိုင်းနဲ့ပတ်သက်ပြီး ရှင့်တို့မှာ အတွေးတွေရှိလို့လား"
လှံကိုင်ထားသည့် ခိုင်မာပြတ်သားပုံရသော လူက ခေါင်းခါယမ်းသည်။
"ငါတို့နှစ်ယောက်က ဓားသင်္ချိုင်းအမွေအနှစ်ကို စိတ်မ၀င်စားဘူး၊ ငါတို့ ဒီကို လူတစ်ယောက်အတွက် ရှိနေကြတာ"
"ဘယ်သူလဲ"
"နတ်ဆိုးဘုရင်ပိုင်နင်က အရင်နတ်ဆိုးသခင်"
ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတို့၏ကျင့်ကြံခြင်းအဆင့်များက ထိုးတက်လာခဲ့သည်။
ရှောင်ဟိုင် မျက်ခုံးအနည်းငယ် ပင့်လိုက်မိပြီး သွေးဆာနေသော သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးထဲတွင် ပေါက်ကွဲနေသည်။
"မိုဂျီ မင်းတို့ကိုခေါ်ခဲ့တာလား"
မိန်းမသားဆန်သောလူက အပြုံးဖြင့် ယပ်တောင်ကိုချိုးရင်း နောက်ဆုံးတော့ ရပ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။
"သူ့မှာ ငါတို့ကို ခေါ်ဖို့အရည်အချင်းမရှိဘူး"
ဒီစကားလုံးများကို ကြားရသောအခါ ရှောင်ဟိုင်တင်မဟုတ်ဘဲ မုဖူရှန်း၊ ဖန်ချန်းနှင့် ယဲ့ချိုးပိုင်တို့ပါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။
"ယင်ယန်ဂိုဏ်း၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းက လူတွေလား"
"အိုး၊ ကြည့်ရတာ မင်းရဲ့မှတ်ဉာဏ်က အတော်လေးပြန်ကောင်းလာပုံပဲ" မိန်းမသားဆန်သောလူ၏ ကျဉ်းမြောင်းသောမျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ပွင့်လန်းသွားခဲ့သည်။ သူ့အသံကအနည်းငယ် အေးစက်နေသည်။
"ဒါဆိုအရာတွေက ပိုလွယ်ကူသွားပြီပေါ့၊ မင်းငါတို့နဲ့အတူလာမလား ဒါမှမဟုတ် မင်းရဲ့ခြေလက်အင်္ဂါတွေကိုချိုး၊ မင်းဝိဉာဉ်ကို ဖမ်းချုပ်ပြီး ခွေးသေတစ်ကောင်လို ဆွဲသွားစေချင်လား"
သူ့စကားလုံးများက အလွန်အမင်းယုံကြည်မှုကို ထုတ်ဖော်ပြသနေပြီး သူရှောင်ဟိုင်ကို ဘာအခွင့်အရေးမှ ပေးမည်မဟုတ်။
ရှောင်ဟိုင် သူတို့ကိုတစ်ချက် အကဲခတ်ကြည့်ရင်း ပြုံးလိုက်သည်။
"ကြည့်ရတာ မင်းကအတော်လေးအားကောင်းပုံပဲ"
မိန်းမသားဆန်သောလူက ငြင်းဆန်ခြင်းမရှိဘဲ ပြုံးရင်းခေါင်းညိတ်သည်။
"အနည်းဆုံးတော့ နှိုင်းယှဉ်မယ်ဆိုရင် မင်းရှေ့မှာ ငါကပိုအားကောင်းပါတယ်"
"ဒီလိုဆိုမှတော့....."
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ဟိုင်၏ခန္ဓာက ပစ်၀င်သွား၏။
သူပြေးထွက်သွားသည့်နေရာ၌ ကြီးမားသည့် အပေါက်နှစ်ပေါက်ရှိနေသည်။
ရှောင်ဟိုင်၏ပုံရိပ်က သွေးအရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး သူ့၏ရက်စက်ခြင်းအော်ရာက ပြေး၀င်သွားသောအခါ ဆန်းကြယ်စွာပင် ထိုးတက်သွားခဲ့သည်။ သူ့မျက်နှာပေါ်၌ ရက်စက်သည့်အပြုံးနှင့်အတူ အထင်အမြင်သေးသည့် အမူအရာကို ဖော်ပြရင်း မိန်းမဆန်သောသူ၏ မျက်နှာကို ထိုးနှက်လိုက်၏။
မိန်းမဆန်သောသူကနှာမှုတ်သည်။ သူ့ကိုယ်ခန္ဓာက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာပြောင်းလဲမှုတစ်ခုကို ကြုံနေရသည်။ သူက ထိုနေရာ၌တင် ရပ်နေသော်လည်း ခါးအပေါ်က ကိုယ်တစ်၀က်က နောက်သို့အနည်းငယ် ရှည်ထွက်သွား၏။
ရှောင်ဟိုင်အနည်းငယ် ကြက်သေသေသွားသည်။ သူ့လက်သီးချက်က သူ့အစီအစဉ်အတိုင်း ထိုလူ၏မျက်နှာကို မထိမိပေ။ သူထိုလူ၏မျက်နှာနောက်သို့ ဆက်လိုက်သော်လည်း ထိုလူ၏ကိုယ်အပေါ်ပိုင်းက ရှည်ထွက်နေဆဲပင်။
သို့စေကာမူ မိန်းမသားဆန်သောသူက ဘယ်လိုလုပ် ရှောင်ဟိုင်ကို တိုက်ခိုက်ခွင့်ပေးမည်နည်း။
သူရုတ်တရက် အောက်ခြေကို လွှဲယမ်းရင်း ရှောင်ဟိုင်ခါးကို ကျာပွတ်တစ်ခုနှင့် ရိုက်သည့်ပမာ ရိုက်ချလိုက်သည်။
ခရက်ခ်......!
ထိုပိန်သွယ်သောခြေများက ဒီအခိုက်အတန့်၌ အလွန်အမင်းအားကောင်းလာသည်။
ရှောင်ဟိုင်၏ ခန္ဓာကလွင့်စင်သွားပြီး သူ့ခါးအရိုးက ကြေမွသွားခဲ့သည်။
ဒီအချိန်မှာပင် လူတိုင်း၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် မိန်းမသားဆန်သောသူက ပြန်ကျုံ့လာပြီး မူလအတိုင်း ပြန်ဖြစ်လာသည်။
"အရမ်းကြီးလည်းမဟုတ်ပါဘူး"
ရှောင်ဟိုင်မထရပ်နိုင်သေးခင်မှာပင် နောက်ခိုင်မာပြတ်သားသောတစ်ယောက်က လှံကိုကိုင်ပြီး ရှောင်ဟိုင်ကျသွားသောနေရာဆီသို့ တိုက်ခိုက်လိုက်၏။
ဒါကိုမြင်သောအခါ ဟုန်ရင်လှုပ်ရှားတော့မည်ဖြစ်သလို မုဖူရှန်းကလည်း လက်ထဲတွင် အဆောင်တစ်ခုကို ဖျစ်ညှစ်ထားစဉ် လေပြင်းတစ်စင်းက ရုတ်တရက် သူတို့ကို ဖြတ်သန်းတိုက်ခတ်သွားသည်။
ပြတ်သားသောလူအရှေ့တွင် စုန့်ရှောင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာပြီးနောက် လက်သီးမြောက်ကာ ကျယ်လောင်သော အသံနှင့်အတူ ထိုးနှက်ပစ်သည်။
အုန်း......!
သူ့လက်သီးက ပြတ်သားသောလူ၏ လှံဆီသို့ ကျရောက်သွား၏။
လှံထိပ်ကို ရုပ်ခန္ဓာနဲ့ တိုက်ခိုက်တာလား!
ပြတ်သားသောလူမှာ ထိတ်လန့်နေသည့် အမူအရာနှင့်အတူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ့လှံက သာမန်မဟုတ်ပါ။
နယ်ပယ်တူကလူများပင်လျှင် သူ့လှံကို အတင်းလက်ခံရန်အတွက် ကိုယ်ခန္ဓာများကို မသုံးရဲကြပါ။
"မင်းဘယ်သူလဲ"
ပြတ်သားသောလူ နောက်သို့အနည်းငယ် ဆုတ်လိုက်ရသည်။ နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ရသော စုန့်ရှောင်ကို သူကြည့်ပြီးပြောသည်။
"ဟောင်တျန်းနတ်ပိုင်နက်က အဲဒီစိတ္တဇတွေပဲ ငါ့လှံကို သူတို့ခန္ဓာနဲ့ ခံနိုင်ရည်ရှိမှာ"
စုန့်ရှောင်ပြုံးသည်။
"ဘာလို့လဲ၊ မင်းတို့ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းက လူတွေပဲ တိုက်ခိုက်နိုင်တာလား"
နတ်သခင်အဆင့်ဂိုဏ်းတိုင်းတွင် သူတို့၏ လူငယ်ပါရမီရှင်များကို သိုဝှက်ထားကြသည်။
နတ်သခင်အဆင့်ဂိုဏ်းအသီးသီးက ပေါ်လွင်စွာဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ တိုက်ခိုက်နေကြသည်။ ထို့ကြောင့် စောင့်ကြပ်ရန်ဟူသည် ခက်ခဲသည်။ အကယ်၍ သူတို့သာ မရင့်ကျက်လာသေးသည့် ပါရမီရှင်တစ်ဦးကို ထုတ်ဖော်ပြသပါက တစ်ဘက်လူက သတ်ပစ်ရန်အတွက် နည်းလမ်းတစ်ခုကို သေချာပေါက်စဉ်းစားပေလိမ့်မည်။
လူငယ်မျိုးဆက်၏ ပါရမီရှင်များက ဂိုဏ်းတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
အကယ်၍ ကွာဟချက်တစ်ခုရှိနေပါက အကျိုးဆက်များက စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်။
ထို့ကြောင့်လည်း တခြားဂိုဏ်းများက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းထဲတွင် ဘယ်ပါရမီရှင်များရှိနေသလဲဆိုတာ အခြေခံအားဖြင့် မသိကြခြင်းပင်။
"ဘာလို့လဲ၊ မင်းတို့ဟောင်တျန်းနတ်ဂိုဏ်းက ဒီကိစ္စမှာ တကယ်ပဲအဆုံးထိ ၀င်စွက်ဖက်တော့မှာလား" ရှန်းချောင်ယွမ် လက်ထဲကလှံကို တင်းတင်းကိုင်လျက် မျက်မှောင်ကြုတ်သည်။
မိန်းမသားဆန်သောသူဖြစ်သည့် ပိုင်ကောင်းကျွင်းကလည်း လျှောက်လာပြီး ဆိုးယုတ်စွာပြောသည်။
"မင်းတို့ဟောင်တျန်းနတ်ဂိုဏ်းက ငါတို့ဂိုဏ်းနှစ်ဂိုဏ်းပူးပေါင်းသွားမှာကို တကယ်ပဲ မကြောက်ဘူးလား"
စုန့်ရှောင်၏ မျက်နှာပေါ်၌ ပြုံးယောင်သမ်းနေသည့် အမူအရာတစ်ခုရှိနေသော်လည်း သူ့၏ကျဉ်းမြောင်းနေသော မျက်လုံးများက ပွင့်လာခဲ့ပြီး အေးစက်မှုနှင့် ဒေါသထွက်မှုအရိပ်အယောင်တစ်ခုစီ ရှိသည်။
"ဟောင်တျန်းနတ်ပိုင်နက်က ဘယ်တုန်းက ပြိုင်ဘက်ကို ကြောက်ဖူးလို့လဲ၊ မင်းတို့တိုက်ခိုက်ရဲသရွေ့ ငါတို့လက်ခံရဲတယ်"
"အရင်ဆုံးထွက်ပြေးတဲ့သူက ငကြောက်ပဲ"
အပိုင်း(1084) coming။