#ဓားဘိုးဘေးဂိုဏ်းတုယွန်၊ ပြင်းထန်သောတိုက်ပွဲ#
Vol. 77 Ch. 1084
စုန့်ရှောင်က ဟောင်တျန်းနတ်ဂိုဏ်းကဖြစ်သည်။
ဒီလိုဆိုပါက အရာအားလုံးကို ရှင်းလင်းစွာ ရှင်းပြနိုင်လေပြီ။
မည်သည့်အတွက်ကြောင့် စုန့်ရှောင် အရင်က သူတို့နှင့် ပူးပေါင်းချင်ရလေသနည်း။
ရည်ရွယ်ချက်မရှိပါက ပူးပေါင်းဆောင်ရွက်ရန်အတွက် မည်သည့်အတွက်ကြောင့် တခြားတစ်ယောက်ကို မရှာရလေသနည်း။
ယခုတွင်မူ စုန့်ရှောင်က ဟောင်တျန်းနတ်ဂိုဏ်းကို ကိုယ်စားပြုတယ်ဆိုတာ သူတို့သိလိုက်ရသည်။
ကြီးကြပ်ရေးဗိမာန်၏ ဒီအပြုအမူက တခြားနတ်သခင်အဆင့်ဂိုဏ်းများ၏ အာရုံကိုပါ ဆွဲဆောင်သွားလိမ့်မယ်ဆိုတာ နတ်သခင်ဟောင်တျန်း အစကတည်းက ခန့်မှန်းမိသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏တည်ရှိမှုကို သူသိသည်။
ဒီလိုဆိုပါက ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က ကြီးကြပ်ရေးဗိမာန်ကို စောင့်ကြည့်ရင်း ရှောင်ဟိုင်နှင့်ကျန်သောသူများကို ပစ်မှတ်ထားရန်အတွက် သေချာပေါက် လူများပို့ကြပေလိမ့်မည်။
ထို့ကြောင့်လည်း သူ စုန့်ရှောင်ကို ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။
"အရင်ဆုံးထွက်ပြေးတဲ့သူက ငကြောက်ပဲ"
စုန့်ရှောင်၏ မောက်မာသောစကားလုံးများကို ကြားရသောအခါ ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့၏ အမူအရာများက လေးနက်သွားကြ၏။
နတ်သခင်ဟောင်တျန်းကနေ တပည့်များနှင့် အစေခံများအထိ ဟောင်တျန်းနတ်ဂိုဏ်းက လူတိုင်းက ရူးသွပ်ကြသည်။
သူတို့ကမည်သည့်တိုက်ပွဲကိုမှ မကြောက်ကြပါ။ တစ်ဖက်ကတိုက်ခိုက်ရဲသရွေ့ သူတို့ကလည်း လက်ခံရဲပါသည်။
ဒီအချိန်တွင် ရှောင်ဟိုင်ကလည်း တခြားတစ်ဘက်ကနေ ထရပ်လာသည်။
သူရှေ့သို့လျှောက်လာစဉ် သူ့ခါးကဒဏ်ရာများက မြင်နိုင်သည့်အမြန်နှုန်းတစ်ခုနှင့်အတူ ပြန်လည်ကောင်းမွန်လာနေသည်။ ဒဏ်ရာများကနေ ဓာတ်ငွေ့ဖြူအငွေ့များက ဆက်ခက်မြှင့်တက်နေသည်။
"သူ့ကိုငါနဲ့ထားခဲ့ပါ" ရှောင်ဟိုင်ပြုံးလိုက်သည်။
စုန့်ရှောင် ရှောင်ဟိုင်ဘက်လှည့်ကြည့်ပီ့းနောက် အပြုံးဖြင့်မေးသည်။
"မင်းလုပ်နိုင်လား"
"သူတို့နှစ်ယောက်လုံးကို ငါ့ကို လွှဲထားလိူ့ရတယ်"
စုန့်ရှောင် ပခုံးတွန့်သည်။
"ဒါဆို တစ်ယောက်စီကိုင်တွယ်ကြတာပေါ့၊ ငါထိုးတောင်ထိုးပြီးပြီဆိုတော့ ငါ့ရဲ့နှလုံးသားထဲက တင့်တိမ်ရောင့်ရဲတဲ့အထိ မတိုက်ခိုက်ဘူးဆိုရင် ငါပျော်မှာမဟုတ်တော့ဘူး"
"ဒီလိုဖြစ်သင့်တာပေါ့"
ထိုသို့ဆိုပြီးနောက် ရှောင်ဟိုင်နှင့် စုန့်ရှောင်တို့မှာ ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့၏ ကြည့်ရဆိုးနေသော အမူအရာများကို လျစ်လျူရှုရင်း တစ်ချိန်တည်းတွင် ပြေး၀င်သွားကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကမူ တိုက်ခိုက်ရန်အတွက် ရည်ရွယ်ချက်မရှိဘဲ နောက်ကျောတွင် ရပ်နေကြသည်။
ရှောင်ဟိုင်၏စရိုက်ကို သူတို့သိသည်။ တခြားသူများ၀င်စွက်ဖက်ပြီး ကူညီတာကို သူမကြိုက်ပါ။
ဒီအချိန်မှာပင် အေးစက်ပုံရသောလူတစ်ယောက်က ဓားသင်္ချိုင်းခြေရင်းသို့ လျှောက်လာပြီး မော့ကြည့်လိုက်၏။
ဒါကိုမြင်သော် ယဲ့ချိုးပိုင်ထူးမခြားနားစွာမေးသည်။
"မင်းလည်းသူ့အတွက် ရှိနေတာလား"
ထိုလူက လက်ထဲကဓားကိုတင်းတင်း ပွေ့ကိုင်ထားပြီး အမူအရာကင်းမဲ့စွာ ခေါင်းခါယမ်းသည်။
"ဒီလိုအရာတွေကို ငါစိတ်မ၀င်စားဘူး"
"မင်းကလည်း နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းကလား"
"ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်း တုယွန်"
"ဒီဓားသင်္ချိုင်းကို မလာသေးခင် သူတို့ပြီးတဲ့အထိ စောင့်လို့ရမလား"
"သေချာတာပေါ့"
တုယွန်ဘယ်သူ့ကိုမှမကြည့်ပါ။ ဒါက မောက်မာမှုလည်းမဟုတ်သလို နှိမ့်ချခြင်းလည်းမဟုတ်။
တုယွန်က ဓားစွဲလန်းသူတစ်ယောက်ဟု ယဲ့ချိုးပိုင်ပြောနိုင်သည်။ သူ့မျက်လုံးများထဲတွင် ဓားကလွဲ၍ တခြားမည်သည့်အရာကမှ အရေးမပါသည့်အလားပင်။
တခြားတစ်ဘက်တွင် ရှန်းချောင်ယွမ်နှင့် စုန့်ရှောင်တို့ တိုက်ခိုက်နေကြလေပြီ။
"ငါတို့ခွန်အားခြားနားချက်က မရမ်းမကြီးမားဘူးဆိုတာ မင်းသိသင့်တယ်၊ ငါတို့ဒီလိုဆက်တိုက်နေမယ်ဆိုရင် ဘာရလဒ်မှ ရှိလာမှာမဟုတ်ဘူး" စုန့်ရှောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ကိုင်တွယ်ရန်အတွက် လှံကိုပစ်လွှတ်ရင်း ရှန်းချောင်ယွမ်အော်ဟစ်နေသည်။
စုန့်ရှောင်ပြုံးရင်း ထိုးလိုက်သည်။
"ဒီတော့ဘာဖြစ်လဲ"
"ဒီမှာရပ်လိုက်တော့၊ ငါ၀င်မစွက်ဖက်တော့ဘူး" ရှန်းချောင်ယွမ်လေးနက်စွာပြောသည်။
"မင်းဒီမှာရှိနေပြီဆိုမှတော့ ငါတို့ရဲ့အဓိကပန်းတိုင်က ဒါမဟုတ်ဘူးဆိုတာ မင်းသိပါတယ်"
စုန့်ရှောင်တောက်ပစွာပြုံးသည်။
"ဒါကအဓိပ္ပာယ်ရှိတယ်၊ ဒါပေမယ့် ငါထိုးပြီးသွားပြီလေ"
ဒီနေရာတွင် စုန့်ရှောင်၏ညာလက်က ကြွက်သားများက ပေါက်ကွဲမှုတစ်ခုအလား ဖောင်းပွလာပြီး သွေးကြောများက တီကောင်များပမာ တွားတွားသွားလာနေကြသည်။
"ငါထိုးပြီးသွားပြီဆိုမှတော့ အဆုံးထိ ထိုးတာပေါ့၊ မဟုတ်ဘူးဆိုရင် ပုရွက်ဆိတ်တွေက ငါ့နှလုံးထဲ တွားတွားသွားနေသလို ငါခံစားရလိမ့်မယ်"
ရှန်းချောင်ယွမ် နှလုံးသားထဲကနေ ကျိန်ဆဲလိုက်မိသည်။
ဒီမျိုးမစစ် စိတ္တဇမသားတွေကတော့...!
သို့စေကာမူ စုန့်ရှောင်၏လက်သီးက သူ့ထံ အားအပြည့်နှင့် ၀င်လာတာကို မြင်ရသောအခါ သူ့တွင် အစွမ်းကုန်တိုက်ခိုက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိပါ။
သူတို့အကြား ခွန်အားကွာဟချက်က အရမ်းကြီး မကြီးမားသော်လည်း သူသာ အစွမ်းကုန်မသုံးပ်က တစ်ဘက်လူက အခွင့်အရေးကို အမိဖမ်းကာ သူ့ကို ချက်ချင်းအနိုင်ယူပစ်ပေလိမ့်မည်။
တခြားတစ်ဘက်တွင် ရှောင်ဟိုင်ကလည်း ပိုင်ကောင်းကျွင်းကို တိုက်ခိုက်နေသည်။
ပိုင်ကောင်းကျွင်း ပြင်းထန်သော သွေးအော်ရာတစ်ခုကို ထုတ်လွှတ်နေသည့် ရှောင်ဟိုက်ကို ကြည့်ရင်း အေးစက်စွာပြုံးသည်။
"ရှန်းချောင်ယွမ်ရဲ့ အကူအညီမပါတော့ဘူးဆိုတာနဲ့ မင်းက ငါ့ပြိုင်ဘက်ဖြစ်မယ် ထင်နေတာလား"
"ဒါ့အပြင် ငါကျင့်ကြံတဲ့ ကျင့်ကြံခြင်းနည်းစနစ်ရဲ့ ရုပ်ခန္ဓာပုံစံက အကြမ်းဖက်အားသုံးဖို့ကိုပဲသိတဲ့ မင်းတို့လိုခန္ဓာကျင့်ကြံသူတွေကို ထိန်းချုပ်ဖို့ သင့်တော်တယ်လေ"
ပိုင်ကောင်းကျွင်းပြောတာ မှန်ပါသည်။
သူ့အဆစ်တိုင်း၊ အရိုးတိုင်း၊ ကြွက်သားတိုင်းနှင့် မရီဒျန်တိုင်းကို တစ်လက်မချင်းစီ အလိုရှိသလို ဆွဲဆန့်ကွေး၍ရသည်။
ရှောင်ဟိုင်၏လက်သီးက သူ့ကိုထိမိတော့မည့်အချိန်တွင် ပိုင်ကောင်းကျွင်းလက်သီး ကျရောက်မည့်နေရာကို လိမ်ပတ်ပစ်ပြီး တခြားတစ်ဘက်ကနေ တိုက်ခိုက်နိုင်သည်။
ဒါကိုကာကွယ်ရန်ဟူသည်မဖြစ်နိုင်။
ရှောင်ဟိုင်၏ လက်သီးက ပိုင်ကောင်းကျွင်း၏ရင်ဘတ်ကို ထပ်မံရိုက်ခတ်တော့မည့်အချိန်တွင် ပိုင်ကောင်းကျွင်းမျက်နှာထက်တွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူယပ်တောင်လေးကို ကိုင်ပြီး ကိုယ်အထက်ပိုင်းကို ထူးဆန်းသည့်နည်းလမ်းတစ်ခုနှင့် လိမ်ပစ်သည်။
ရှောင်ဟိုင်၏တိုက်ခိုက်မှုက လွဲချော်သွားသောအခါ ပိုင်ကောင်းကျွင်း ရှောင်ဟိုင်လက်မောင်းကို လက်တစ်ဖက်နှင့်ကိုင်ပြီး ပြင်းထန်စွာ ပစ်ချလိုက်သည်။
ပိုင်ကောင်းကျွင်းအလွတ်မပေးဘဲ လွှဲယမ်းပစ်စဉ် ရုတ်တရက်အားသုံးလိုက်လေရာ ဒါက ရှောင်ဟိုင်ကိုယ်ခန္ဓာကို မြေကြီးနှင့် ရိုက်ဆောင့်ထိမှန်သွားစေသည်။
ဘန်း..... ဘန်း...... ဘန်း!
ထို့နောက် သူပြန်ဆွဲပြီး ထပ်မံရိုက်ချလိုက်၏။
မြေကြီးထဲကအပေါက်က ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
ပိုင်ကောင်းကျွင်း၏ မျက်နှာထက်၀ယ် မိန်းမသားဆန်သော အပြုံးတစ်ပွင့်ရှိနေပြီး ရှောင်ဟိုင်ခန္ဓာကို ထပ်မံလွှဲယမ်းလိုက်၏။ ဒီတစ်ကြိမ်တွင် သူလွှတ်ချလိုက်ပြီး ရှောင်ဟိုင်ခန္ဓာအား ကောင်းကင်ပေါ်သို့ လွင့်ပျံသွားစေသည်။
သူ့လက်ထဲက ယပ်တောင်ကို အနည်းငယ် ယပ်ခတ်လိုက်စဉ် ကြီးမားသည့် လေပြင်းက လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ရှောင်ဟိုင်အား တိုက်ခတ်သွား၏။
ဒီမြင်ကွင်းကိုမြင်သောအခါ ပိုင်ကောင်းကျွင်း အနည်းငယ်မျပ်မှောင်ကြုတ်လိုက်သည်။
ဟုန်ရင်နှင့်ကျန်သောသူများတွင်လည်း လေးနက်သည့်အမူအရာများ ရှိနေကြ၏။
"ဂျူနီယာမောင်လေးရဲ့ရန်လိုစိတ်က ပြန်ပြီး ထိန်းချုပ်မရစဖြစ်လာပုံပဲ၊ သူ့အသိစိတ်က အခုရန်လိုစိတ်ကြောင့် သက်ရောက်ခံနေရပြီး သူပုံမှန်လိုတွေးလို့မရတော့ဘူး၊ သူရှေ့ကို အမြန်ပြေးသွားဖို့အတွက် ကြမ်းတမ်းတဲ့အားကိုပဲ သုံးနိုင်တော့တယ်"
မုဖူရှန်းအကူအညီမဲ့စွာပြောသည်။
"သေခြင်းတရားမြစ်ကတည်းက သူဒီလိုဖြစ်လာခဲ့တာ၊ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပုံပဲ၊ ဒီရက်စက်ခြင်းအော်ရာကို လုံး၀ချေဖျက်ပစ်ဖို့အတွက် အဆက်မပြတ် တိုက်ခိုက်မှုတွေကိုပဲ မှီခိုအားကိုးလို့ရမယ်"
"အခုသူ့အပေါ်ကိုပဲ အားကိုးရတော့မယ်၊ တခြားနည်းလမ်းမရှိတော့ဘူးဆိုမှ တိုက်ခိုက်ကြတာပေါ့"
လေဆင်နှာမောင်း၏ တိုက်ခတ်ခြင်းကို ခံရပြီး မလွတ်မြောက်နိုင်သော ရှောင်ဟိုင်ကို ကြည့်ရင်း ပိုင်ကောင်းကျွင်းရယ်မောသည်။
"အခု မင်းမှာတခြားဘာနည်းလမ်းတွေရှိလဲ"
လေဆင်နှာမောင်းထဲတွင် လေပြင်းများက ထက်ရှသည့်ဓားသွားများအလား ရှောင်ဟိုင်ခန္ဓာကို ဖြတ်တောက်နေသည်။
ရှောင်ဟိုင်၏ရုပ်ခန္ဓာကသာ အတော်လေးအားကောင်းသည့် အချက်ကြောင့်သာ မဟုတ်ပါက ဒီထက်ရှသည့်လေပြင်းက သာမန်ကျင့်ကြံသူများကို ပိုင်းဖြတ်ပစ်သည်မှာ ကြာနေလေပြီ။
အားကောင်းသည့် နက္ခတ်လေပြင်းလေဆင်နှာမောင်းက ရှောင်ဟိုင်ကို ပို၍ရုန်းကန်လေလေ၊ သူ့ကိုယ်ပေါ်၌ ထိခိုက်မှုပိုကြီးမားလေလေဖြစ်သည်။
"အရှုံးကို၀န်ခံလိုက်ပါ" ပိုင်ကောင်းကျွင်းဒီမြင်ကွင်းကိုကြည့်ရင်း ဆိုးယုတ်စွာပြုံးသည်။
"မင်းဒီလိုဆက်ပြီး ရုန်းကန်နေမယ်ဆိုရင် မင်းမှာချိုးဖျက်လွတ်မြောက်နိုင်မယ့် အစွမ်းရှိရင်တောင် မင်းခန္ဓာက အပိုင်းပိုင်းအစစဖြတ်တောက်ခံရလိမ့်မယ်"
"မင်းအခုအရှုံးကို၀န်ခံပြီး ငါ့နောက်က နာနာခံခံနဲ့လိုက်မယ်ဆိုရင် မင်းခံစားရတာ လျော့နည်းပါးသွားကောင်း လျော့နည်းသွားနိုင်တယ်လေ"
သို့စေကာမူ ရန်လိုသည့်အခြေအနေတွင် ရှိနေသည့် ရှောင်ဟိုင် ဘယ်လိုလုပ် အညံ့ခံမည်နည်း။
ပိုင်ကောင်းကျွင်း၏ လှောင်ပြောင်မှုကို ကြားရသည့်တိုင် သူရုန်းကန်နေတာကို မရပ်သလို လည်မြိုကနေ လူမဆန်သည့် အော်သံတစ်သံကိုပင် ထုတ်လွှတ်သည်။ သူ့ရုန်းကန်မှုအတိုင်းအတာက ပိုပို၍ပင် ကြီးမားသည်။
ဒီမြင်ကွင်းပိုမြင်သောအခါ ပိုင်ကောင်းကျွင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ရှောင်ဟိုင်ကိုသာ တကယ်သတ်ပစ်ပါက ဒါက နတ်သခင်ကို မကျေမနပ်ဖြစ်သွားစေလောက်သည်။
နတ်သခင်က သူ့ကို အရှင်လတ်လတ် ဖမ်းရန်အတွက် အမိန့်ပေးခဲ့သည် မဟုတ်ပေလော။
ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က နတ်ဆိုးဘုရင်ပိုက်နက်ထဲက သေတ္တာ၏သော့ကို လိုချင်ကြသည်။ ရှောင်ဟိုင်သာလျှင် ဘယ်လိုဖွင့်ရမလဲဆိုတာကို သိသည်။
နတ်ဆိုးဘုရင်ပိုင်နက်ကမူ သူတို့ကိုလျစ်လျူရှုကာ ရှောင်ဟိုင်အား သတ်ပစ်ချင်သည်။
ပိုင်ကောင်းကျွင်းဒါကိုတွေးနေစဉ် ဧရာမနက္ခတ်လေပြင်းက ရုတ်တရက် စတင်အနီရောင်သမ်းလာခဲ့သည်။
အရောင်နဲ့လေဆင်နှာမောင်းက သွေးဆန္ဒကြောင့် တဖြည်းဖြည်းတိုက်စားခံရသည်။
ဘာဖြစ်သွားတာလဲ!
အပိုင်း(1085) coming။