← Chapters

#လုံး၀ရက်စက်သွားခြင်း၊ အင်မော်တယ်ဝိဉာဉ်မြွေခန္ဓာ#

Vol. 77 Ch. 1085

#လုံး၀ရက်စက်သွားခြင်း၊ အင်မော်တယ်ဝိဉာဉ်မြွေခန္ဓာ#

Vol. 77 Ch. 1085

မရေမတွက်နိုင်လောက်သည့် နက္ခတ်လေပြင်းများက လေဆင်နှာမောင်းတစ်ခု ဖန်တီးသည်။ 

ဒါက ပိုင်ကောင်းကျွင်းဂုဏ်ယူရသည့် နောက်ထပ်လှုပ်ရှားမှုတစ်ခုပေတည်း။ 

သူ့တွင် အထူးကျင့်ကြံခြင်းကျင့်စဉ်ခန္ဓာာတစ်ခုရှိသည်သာမက လေတာအို၌ အလွန်မြင့်မားသည့် အောင်မြင်မှုတစ်ရပ်လည်းရှိသည်။ 

အဆင့်မြင့်ကြယ်နယ်မြေမှ လူငယ်မျိုးဆက်များအကြားတွင် ပိုင်ကောင်းကျွင်းကသာ လေတာအို၌ ဒုတိယနေရာကို လက်ခံရဲပါက ပထမနေရာကို မည်သူကမှ လက်ခံရဲမည်မဟုတ်။ 

သို့စေကာမူ ပိုင်ကောင်းကျွင်းပို၍ပင် ထိတ်လန့်နေသည်။ 

လေထဲတွင် ဧရာမဟာရီကိန်းကြီးက တဖြည်းဖြည်း သွေးနီရောင်ခြယ်သခံလိုက်ရသည်။ 

ပိုင်ကောင်းကျွင်းတစ်ယောက် ဘာဖြစ်နေသလဲဆိုတာ မသိတော့ပါ။ 

သို့သော် ဒါက သေချာပေါက် နတ်ဆိုးဘုရင်ပိုင်နက်၏ အရင်နတ်ဆိုးသခင်၏ လုပ်ရပ်ဆိုတာကို သူသိပါသည်။ 

ဒီအခိုက်အတန့်မှာပင် ယှဉ်၍မရနိုင်လောက်သည့် နှလုံးခုန်သံတိုးတိုးလေးက သွေးစွန်းနေသည့် နက္ခတ်လေဆင်နှာမောင်းထဲတွင် အမှန်ပင် ပေါ်လာခဲ့သည်။ 

ဒုတ်......!

ဒုတ်.......!

ဒါကတည်ငြိမ်ပြီး အစွမ်းထက်ကာ အချိန်ကြာလာသည်နှင့်အမျှ နှလုံးခုန်သံက ပိုပို၍ ကျယ်လာသည်။ 

ဒီနှလုံးခုန်သံက ကမ္ဘာကြီးနှင့် စည်းချက်ညီနေပုံရသည်။ 

နှလုံးခုန်သံတိုင်းနှင့်အတူ ကမ္ဘာကြီးက တုန်ခါနေသည်။ 

ရှိနေသောသူတိုင်း၏ နှလုံးများက သက်ရောက်ခံနေရပုံရပြီး ဒီနှလုံးခုန်နှင့်အတူ တဒိန်းဒိန်းခုန်နေကြ၏။ 

ရှေးဟောင်းစစ်မြေပြင်၌ မရေမတွက်နိုင်လောက်သောသူများ ခေါင်းမော့လိုက်စဉ် လေးနက်သည့်အမူအရာများနှင့်အတူ နှလုံးခုန်သံကို ခံစားနေကြရသည်။ 

ဒါဘယ်က ခန္ဓာကျင့်ကြံသူလဲ ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားအပျက်အစီးတစ်ခု ပေါ်လာတာများလား!

သို့စေကာမူ ဒီနှလုံးခုန်သံကို သူတို့ခြေရာခံ၍မရသလို ကမ္ဘာကြီးနှင့်လည်း စည်းချက်ကိုက်ညီအောင်လုပ်၍မရပေ။ သူတို့ ရှာဖွေချင်လျှင်ပင် ရှာမတွေနိုင်ပါ။ 

တစ်ချိန်တည်းမှာပင် ကျယ်ပြောသည့် အပျက်အစီးတစ်ခုထဲတွင် မီးတောက်နက်များနှင့် ဝိဉာဉ်တစ်ခုက ဘယ်ညာလှုပ်ယမ်းနေသည်။ 

ရှေးဟောင်းစစ်မြေပြင်၏ တခြားတစ်ဘက်တွင် သံနက်သစ်တောတစ်ခုရှိသည်။ 

သံနက်သစ်တော၏ အလယ်ဗဟိုတွင် အချိန်ကြာရှည်စွာ တည်ရှိခဲ့သည့် အရိုးစုတစ်ခုရှိနေသည်။ 

အရိုးစုက အကောင်းပကတိအတိုင်းရှိနေပြီး တိုက်စားပျက်စီးနေသည့် အရိပ်အယောင်ဟူ၍မရှိပါ။ 

ရုတ်တရက် အရိုးစု၏ခေါင်းက ဖြည်းဖြည်းချင်းမော့လာပြီး ဖော်ပြ၍မရနိုင်သော အသက်ရှူသံတစ်သံ ထွက်လာခဲ့သည်။ 

.....

ဒါဘယ်လိုအသက်ဓာတ်မျိုးနည်း။ ဒီလိုလုပ်နိုင်ရန်အတွက် နှလုံးက ဘယ်လောက်ပင် အားကောင်းရန် လိုသနည်း။ 

ပိုင်ကောင်းကျွင်း၊ ရှန်းချောင်ယွမ်နှင့် စုန့်ရှောင်တို့အားလုံး ထိတ်လန့်သွားကြ၏။ 

ဟူး.....ဟူး.....ဟူး.....!

သွေးမြူက နက္ခတ်လေတစ်ခုလုံးထဲတွင် ပြည့်နှက်နေပြီး အပြင်ပကမ္ဘာသို့ အမှန်တကယ်ပင် ပျံ့နေသည်။ 

ဧရာမပုံရိပ်တစ်ခုက ပိုင်ကောင်းကျွင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် သွေးမြူနက္ခတ်လေထဲကနေ ၎င်း၏ကိုယ်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်နေသည်။ 

အားကောင်းထူထဲသည့် နတ်ဆိုးနက်ချီက တဖြည်းဖြည်းပွင့်လန်းလာသည်။ 

ရုတ်တရက် ကြီးမားသည့်လက်မည်းကြီးတစ်ဖက်က နက္ခတ်လေကိုဖြတ်ကာ ဆန့်ထုတ်လိုက်၏။ 

ဧရာမလက်ပေါ်၌ သွေးရောင်နှင့် ရွှေအဆင်းများရှိသည်။ 

ပိုင်ကောင်းကျွင်းထိတ်လန့်သွားသည်။ 

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

နယ်ပယ်တူက မည်သူမဆို နက္ခတ်လေ လေဆင်နှာမောင်းထဲကျသွားပါက လွတ်မြောက်ရန်အတွက်ပင် ခက်ခဲသွားပေလိမ့်မည်။ 

သူတို့ နက္ခတ်လေ လေဆင်နှာမောင်းကို မသုံးသေးခင် ပိုင်ကောင်းကျွင်းကို ချေမှုန်းမှသာ ရနိုင်မည်ဖြစ်သည်။ 

သို့သော် ရှောင်ဟိုင်ကရော!

သူ့ရုပ်ခန္ဓာက နတ်အင်ပါယာနယ်ပယ်ကိုပင် မတက်လှမ်းသေးပါ။ ဒါပေမယ့် သူဘယ်လိုလုပ်နိုင်ခဲ့တာလဲ!

မုဖူရှန်း၊ ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် ကျန်သောသူများကလည်း အနည်းငယ်အံ့ဩသွားကြ၏။ 

ရှောင်ဟိုင်ဆီကနေ သူတို့ငရဲဘုံက မြစ်အကြောင်း သိခဲ့ရသည်။ 

နတ်အင်ပါယာနယ်ပယ်တစ်၀က်အဆင့်အနည်းငယ်၊ နတ်အင်ပါယာနယ်ပယ်နှင့် နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူအများကြီး၏ ဝိုင်းရံခြင်းကို ခံထားရလျှင်ပင် သူတို့အသာစီးရနိုင်ပြီး ရဲရင့်စွာ အနိုင်ယူနိုင်သည်။ 

ပိုင်ကောင်းကျွင်းက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ဖြစ်သော်လည်း ရှောင်ဟိုင်ကို ဒီအတိုင်းအတာအထိ တွန်းအားပေးနိုင်ခဲ့သည်။ 

သို့သော်ဒါက အံ့ဩသင့်စရာမရှိပါ။ 

ပိုင်ကောင်းကျွင်းဖြစ်စေ၊ စုန့်ရှောင်၊ ရှန်းချောင်ယွမ်နှင့် ကျန်သောသူများဖြစ်စေ သူတို့အားလုံးက နတ်သခင်အဆင့်ဂိုဏ်းများက လျှို့ဝှက်စွာ ပျိုးထောင်ထားသည့် ပါရမီရှင်များဖြစ်သည်။ 

အလွန်အမင်းနက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိသည့် နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းက ပျိုးထောင်ထားသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ကို နယ်ပယ်တူက တခြားသူများနှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ 

ပိုင်ကောင်းကျွင်းနှင့် နတ်သခင်အဆင့်ဂိုဏ်းများက တခြားပါရမီရှင်များတွင် နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်းရှိသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ စုန့်ရှောင်ပြုံးလိုက်သည်။ 

"သူဆိုတဲ့အတိုင်းပါပဲ၊ အရှင်နတ်သခင် သူ့ကို အမြင့်ကြီးတွေးထားတာ အံ့ဩသင့်စရာ မရှိတော့ပါဘူး"

သွေးရောင်နက္ခတ်လေက ဒီအခိုက်အတန့်၌ လက်မည်းကြီးနှစ်ခု၏ ဆုတ်ဖြဲပစ်ခြင်းကို ခံရပြီး အထဲကနေ ဒေါသတကြီးအော်သံတစ်သံ ထွက်လာခဲ့သည်။ 

အနက်ရင့်ရောင်နတ်ဆိုးဘုရင်ပုံရိပ်ယောင်ထဲတွင် ရှောင်ဟိုင်၏ခန္ဓာကို သွေးချီနှင့် ဖုံးလွှမ်းထားပြီး သူ့မျက်လုံးများက သွေးကြောများနှင့် ပြည့်နှက်နေသည်။ 

ရှောင်ဟိုင် သွေးရောင်နက္ခတ်လေကို ဆုတ်ဖြဲပစ်ပြီးနောက် ဟင်းလင်းပြင်ပေါ်သို့ တက်လှမ်းသည်။ 

ခရက်ခ်.....!

ဟင်းလင်းပြင်ပြိုကွဲသွားစဉ် ရှောင်ဟိုင် သွေးအရိပ်တစ်ခုအဖြစ်ပြောင်းလဲကာ ပိုင်ကောင်းကျွင်းထံ တိုး၀င်သွား၏။ 

ဒါကိုမြင်သော် ပိုင်ကောင်းကျွင်းအေးစက်စွာပြောသည်။ 

"အဲဒါက ဖြိုခွဲခံလိုက်ရတယ်ဆိုရင်တောင် မင်းရဲ့အကြမ်းဖက်အားက ငါ့ရုပ်ခန္ဓာပေါ်မှာ ဘာခြိမ်းခြောက်......"

နောက်ဆုံးစကားလုံးကို မပြောနိုင်သေးခင်မှာပင် ရှောင်ဟိုင်၏ လက်သီးက သူ့ရှေ့တွင် ပေါ်လာခဲ့လေပြီ။ 

ပိုင်ကောင်းကျွင်း သူ့ကိုယ်အပေါ်ပိုင်းကို ထပ်မံလိမ်ကျုံ့ပစ်ရန်အတွက် ရုပ်ခန္ဓာကို အလောတကြီးသုံးလိုက်၏။ သူရှောင်ဟိုင်၏ ကြောက်စရာကောင်းသော လက်သီးချက်ကို ရှောင်ရှားချင်သည်။ 

ရှောင်ဟိုင်၏ လက်သီးချက်က သူ့မျက်နှာကို ဖြတ်သန်းသွားသည်။ 

ပိုင်ကောင်းကျွင်း သူ့ကိုလှောင်ပြောင်နော့မည့်အချိန်တွင် ရှောင်ဟိုင်၏ နောက်လက်တစ်ဖက်က ပစ်၀င်လာခဲ့သည်။ 

ပိုင်ကောင်းကျွင်းထိတ်လန့်သွား၏။ သူ့ကိုယ်အပေါ်ပိုင်းက လေထဲတွင် စက်ဝိုင်းခြမ်းတစ်ခုပမာ လည်ပတ်စေပြီးနောက် သူ့၀န်းကျင်၌ လည်ပတ်စေသည်။ 

သူလက်သီးချက်နှစ်ချက်ကို ရှောင်ရှားနိုင်ခဲ့သည်။ 

ပိုင်ကောင်းကျွင်း ဆိုးယုတ်စွာရယ်မောသည်။ သူ့ကိုယ်အထက်ပိုင်းက ဟင်းလင်းပြင်ကို ဖြတ်သွားပြီး အောက်ကနေအပေါ်သို့ တက်သွားကာ ခေါင်းနှင့်အတူ ရှောင်ဟိုင်၏ မေးစေ့ကို ရိုက်ချိုးပစ်သည်။ 

ဒါကိုမြင်သော် ရှီရှန်းအော်ဟစ်သည်။ 

"အာ၊ မဟုတ်ဘူး၊ စီနီယာအစ်ကိုရှောင်ဟိုင် အန္တရာယ်ထဲရှိနေပြီ"

နင်းချန်ရှင်း၏ အကြည့်ကလည်း အေးစက်သွား၏။ သူ့ကိုယ်ထဲက တာအိုချီက ထိုးထွက်လာပြီး သင်္ကေတစကားလုံးကိုးလုံးကို ရွတ်ဆိုရန်ပြင်လိုက်သည်။ 

လူတိုင်း ရှောင်ဟိုင်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြ၏။ 

ရှောင်ဟိုင် ပိုင်ကောင်းကျွင်း၏ တိုက်ခိုက်မှုကို မြင်သောအခါ မျက်နှာပေါ်၌ အားထုတ်ရင်း အံကြိတ်ပြီး လည်မြိုကနေ ဒေါသတကြီး အော်သံတစ်သံထွက်လာခဲ့သည်။ 

ခရက်ခ်.....ခရက်ခ်.....!

အရိုးအက်ကွဲသံနှစ်သံကို ကြားရသည်။ 

ရှောင်ဟိုင် သူ့လက်မောင်းများကို အမှန်တကယ်ပင် အတင်းချိုးပစ်ခဲ့သည်။ 

မရီဒျန်အမျှင်များနှင့် အာရုံကြောများက သူ့လက်မောင်းနှင့် အတော်လေးထူးဆန်းသည့် လမ်းပြောင်းတစ်ခုအဖြစ် ဆက်စပ်နေလေရာ ဒါက သူ့လက်မောင်းများကို ကိုးဆယ်ဒီဂရီထောင့်တစ်ခုတွင်ရှိစေပြီး ပိုင်ကောင်းကျွင်း၏ ခေါင်းနောက်ဘက်ကို ရိုက်ချလိုက်သည်။ 

ဘန်း.......!

ယခုလိုနီးကပ်လှသည့် အကွာအဝေးတွင်ပင် ရှောင်ဟိုင်က အတော်လေးမြန်ဆန်သည်။ ရှောင်ဟိုင်၏လက်သီးများက ပိုင်ကောင်းကျွင်းကို တုံ့ပြန်ရန်အတွက်ပင် အခွင့်အလမ်းမပေးဘဲ သူ့ခေါင်းနောက်စေ့ကို ရုတ်တရက်ထိမှန်သည်။ 

ဘန်း......!

ယှဉ်၍မရနိုင်သည့် အစွမ်းထက်အားက ပိုင်ကောင်းကျွင်း၏ ခေါင်းကို ရိုက်ခွဲပစ်သည်။ 

သို့စေကာမူ ဒါကမဟုတ်သေး။ 

ဒီတိုက်ချက်အပြီးတွင် ရှောင်ဟိုင်၏ လက်မောင်းများက အစွမ်းမဲ့စွာ ကျသွားသော်လည်း သူ့ခြေထောက်များကို လှုပ်ရှားနိုင်ဆဲပင်။ 

သွေးချီက သူ့ညာခြေတွင် ပြည့်နှက်သွားပြီး ရှောင်ဟိုင် လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့်ပိုင်ကောင်းကျွင်း၏ ခါးကို ကန်ကျောက်ပစ်သည်။ 

သို့စေကာမူ ရှောင်ဟိုင် သူ့ခြေထောက်က ဝါဂွမ်းလုံးတစ်လုံးကို ကန်ကျောက်ပစ်လိုက်သည့်အလား ခံစားလိုက်ရသည်။ 

အထဲတွင် အသားနှင့်အရိုးများဟူ၍ မရှိသည့်အလားပင်။ 

ယင်းနောက်တွင် ပိုင်ကောင်းကျွင်း၏ ကိုယ်ခန္ဓာက ထောက်ကူပေးရန်အတွက် အရိုးများ သို့မဟုတ် အသားမရှိတော့သည့်အလား အရေပြားလွှာတစ်ခုပမာ မြေပေါ်လဲကျသွား၏။ 

ပုံရိပ်ယောင်တစ်ခုက ရှောင်ဟိုင်ကို ဖြတ်ကျော်ပြီး အဝေးတစ်နေရာ၌ ပေါ်လာသည်။ 

ထိုပုံရိပ်လေထဲတွင် ရပ်လိုက်သောအခါ လူတိုင်း အနည်းငယ်လေးနက်နေသည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ 

ဒါဘာလဲ!

မု၀မ်အာ ရေရွတ်လိုက်မိသည်။ 

"ရွှံစရာကောင်းလိုက်တာ....."

ထိုပုံရိပ်ကို အရေပြားနှင့်မဖုံးထားသဖြင့် အသား၊ သွေးကြောများ၊ အရိုးများနှင့် အတွင်းအင်္ဂါများကို အနှီမျက်လုံးနှင့် မြင်နိုင်ပါသည်။ 

စုန့်ရှောင်နှင့် ရှန်းချောင်ယွမ်တို့ တိုက်ချက်များ ဖလှယ်ကြပြီးနောက်ဆုတ်သွားကြသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ စုန့်ရှောင်တွင် ပြုံးယောင်သမ်းနေသည့် အမူအရာတစ်ခုရှိနေသည်။ 

"ယင်ယန်ဂိုဏ်းမှာ အရေပြားချွတ်လှန်ခြင်းဆိုတဲ့ လျှို့ဝှက်လွတ်မြောက်နည်းစနစ်တစ်ခုရှိတယ်"

"ဒီအရေပြားချွတ်လှန်နည်းစနစ်ကို အင်မော်တယ်ဝိဉာဉ်မြွေခန္ဓာလိုမျိုး အထူးရုပ်ခန္ဓာတစ်ခုနဲ့ပဲ ကျင့်ကြံလို့ရတယ်၊ ပိုင်ကောင်းကျွင်းက ဒီလိုလူမျိုးဆိုတာ ရှင်းနေတာပဲ"

အပိုင်း(1086) coming။ 

All Chapters