#နတ်ဓားက ဖုန်မတက်နေသင့်ဘူး#
Vol. 77 Ch. 1087
တုယွန်၏မျက်လုံးထဲတွင် အနိုင်ရသူက ဘုရင်ဖြစ်သည်။ အမြင့်ဆုံးတောင်ထွပ်တွင် ရပ်တည်နိုင်သည့်ဓားကသာ လက်ခံရယူရန်အတွက် အရည်အချင်းပြည့်မီသည်။
လမ်းတစ်လျှောက်က ဓားများက ဖြတ်သွားဖြတ်လာများသာဖြစ်သည်။
ယဲ့ချိုးပိုင်ကရော!
ယဲ့ချိုးပိုင်တွင် ဒီလိုအတွေးမျိုးမရှိပါ။
ဓားက ဓားဖြစ်သည်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ ပစ္စည်းများ၏ ကွာခြားချက်ဖြစ်စေ၊ ဒါက ဓားတစ်လက်ဖြစ်နေဆဲပါ။
ဓားသမားများက မကျင့်ကြံခင် ဓားကို ပိုင်ဆိုင်ရန် လိုအပ်သည်။
ဓားတိုင်းက ဓားသမားတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာခရီးစဉ်နှင့် ကျင့်ကြံခြင်းလမ်းကြောင်းကို ကိုယ်စားပြုသည်။
ဒါကိုဓားတစ်လက်တည်းနှင့် အနှစ်ချုပ်၍မရပေ။
ယဲ့ချိုးပိုင်၏နှလုံးသားထဲတွင် မိစ္ဆာနက်ဓားသွားဖြစ်စေ ကိုးပေရှည်ကြယ်ကြွေဓားဖြစ်စဉ် ၎င်းတို့က သူ့ဘ၀အစိတ်အပိုင်းများဖြစ်ကြသည်။
အလားတူပင် ဓားသင်္ချိုင်းထဲက ဓားကျိုးများကလည်း အတူတူဖြစ်သည်။
သို့စေကာမူ ဒီဓားကျိုးအားလုံးက ဓားသမားတစ်ဦးဆီကလား!
ယဲ့ချိုးပိုင်၏ လက်ချောင်းများက ဓားလက်ကိုင်များကို ညင်သာစွာ ပွတ်သပ်နေသည်။ သူ့မျက်လုံးများက ထိတ်လန့်မှုများနှင့် ပြည့်လျှမ်းနေပြီး ဒီဓားကျိုးအားလုံးက သခင်တစ်ဦးတည်းဆီက လာသလားဆိုတာကို သူ့ဘာသာတွေးနေမိသည်။
ဒီလိုဆိုပါက ထိုလူ၏အတွေ့အကြုံက ဘယ်လောက်ပင် ကြွယ်၀လေမည်နည်း။ သူ့ဓားတာအိုက ဘယ်အဆင့်ကို ရောက်နေမည်နည်း။
သူကျောက်ပြားအပြင်ဘက်တွင် ရပ်ခဲ့သောအခါ အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကနေ ဓားချီတစ်ခု ပေါက်ကွဲသွားခဲ့သည်။
ဒါက ဓားနတ်ဘုရားနယ်ပယ်ကို ရောက်နေပြီဖြစ်သည့် ယဲ့ချိုးပိုင်ကို ခမ်းနားထည်ဝါပြီး ခုခံနိုင်စွမ်းမရှိသည့်အလား ခံစားရစေသည်။
ဒါ့အပြင် ဒါကပေါက်ကွဲလာခဲ့သည့် အကြွင်းအကျန်ဝိဉာဉ်တစ်ခုသာ။ အမြင့်ဆုံးအဆင့်တွင်ဆိုပါက ဘယ်အဆင့်ကိုပင် ရောက်နေလေမည်နည်း။
တုယွန် ဓားသင်္ချိုင်းထိပ်ကို တက်ပြီးသောအခါ ယဲ့ချိုးပိုင် ဓားကျိုးများ၏ အလယ်တွင် တင်ပလ္လင်ခွေထိုင်နေသည်။
တုယွန် ယဲ့ချိုးပိုင်ကို ငုံ့ကြည့်လိုက်ပြီးနောက် အနည်းငယ်မျက်မှောင်ကြုတ်သည်။
"မင်းဒီအဆင့်အနိမ့်ဆုံးဓားတွေကို ထိန်းချုပ်ချင်တာလား၊ ဒါဆို မင်းနယ်ပယ်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ"
သို့စေကာမူ ဒါကသူနှင့်ဘာမှ မသက်ဆိုင်တာကို တွေးမိပြီးနောက်တွင် သူထပ်ပြီး စိတ်အနှောက်အယှက် အဖြစ်မခံတော့ဘဲ ယင်းအစား သူ့ခြေရင်းက ဓားကျိုးကိုသာ စိုက်ကြည့်ရင်း ဖမ်းကိုင်လိုက်၏။
ဒီဓားကျိုးနှင့်ပတ်သက်ပြီး ဘာတစ်ခုမှ ထူးခြားတာဟူ၍မရှိပါ။
သို့စေကာမူ ဓားလက်ကိုင်၌ ရွှေရောင်အမျှင်စများရှိသည်။ ရွှေရောင်အမျှင်စများပေါ်၌ ခပ်ရေးရေးဓားချီတစ်ခု လည်ပတ်နေသည်။
တုယွန်ဓားလက်ကိုင်ကို ကိုင်လိုက်သောအခါ ဓားချီအမျှင်စများက အပ်ချောင်းများပမာ ဓားလက်ကိုင်ကနေ ထွက်လာပြီး တုယွန်၏ လက်ဖဝါးကို ထိုးဖောက်သွား၏။
တုယွန် ချက်ချင်းဆိုသလို လက်ဖဝါးကို သိမ်းဆည်းရင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
သို့သော် ဒါက သူ့နှလုံးသားထဲက မောက်မာမှုကိုလည်း နှိုးဆွပေးနေသည်။
ဒီကမ္ဘာကြီးထဲတွင် တုယွန် မလွှမ်းမိုးနိုင်သောဓားဟူ၍ ရှိဦးမည်လား။
ထိန်းချုပ်လွှမ်းမိုးရန်အတွက် ပိုခက်လေလေ၊ တုယွန်ဒီဓားကို ပို၍တန်ဖိုးထားလေလေဖြစ်သည်။
ဆန့်ကျင်စွာပင် ပိုလွယ်ကူလေလေ၊ သူစိတ်၀င်စားမှုပိုနည်းလေလေပင်။
လူတိုင်းဒီမြင်ကွင်းကို ကြည့်နေကြပြီး ကျန်းချင်းလန်မေးသည်။
"အဲဒီလူက ထိပ်ကိုတောင်ရောက်သွားပြီ၊ ယဲ့ချိုးပိုင် ဘာလို့အောက်မှာပဲ ရှိသေးရတာလဲ၊ တစ်ဘက်က အမွေအနှစ်ကို အရင်ဆုံး ချုပ်ကိုင်နိုင်သွားရင် ဒါက တစ်ဘက်လူကို အကျိုးခံစားခွင့်ပေးနေတာနဲ့ မတူဘူးလား"
ဒီနေရာတွင် ကျန်းချင်းလန် မုဇီရှင်းကို ကြည့်ပြီး စိုးရိမ်ပူပန်စွာပြောသည်။
"ဇီရှင်း၊ နင်သူ့ကို သတိမပေးတော့ဘူးလား"
မုဇီရှင်းပြုံးနေပြီး သူမ၏မျက်နှာက သိမ်မွေ့နူးညံ့မှုနှင့် ပြည့်နှက်နေကာ ယဲ့ချိုးပိုင်အား ကြည့်ရင်း ဖြည်းညင်းစွာပြောသည်။
"သူကဓားသမားတစ်ယောက်ပဲ၊ သူ့မှာ သူ့အစီအစဉ်နဲ့သူရှိပါတယ်"
စုန့်ရှောင်ကလည်း အပြုံးနှင့်အတူ ဆိုလာသည်။
"နတ်ဘုရင်နယ်ပယ်နဲ့ ဓားနတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်တဲ့ ဓားသမားတစ်ယောက်က ဒီလိုဓားတာအိုအမွေအနှစ်မျိုးမှာ ငါတို့အပြင်လူတွေကို မလိုအပ်ပါဘူး"
"တကယ်လို့ ယဲ့ချိုးပိုင်သာ ဒီအရာတွေကို နားမလည်ဘူးဆိုရင် ဒီနေရာက ဘယ်သူမှ ဓားတာအိုကို နားလည်မှာမဟုတ်ဘူး"
ဟုန်ရင်နှင့်ကျန်သောသူများက ယဲ့ချိုးပိုင်ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
သူတို့က ယဲ့ချိုးပိုင်နှင့်ပတ်သက်၍ လုံး၀စိုးရိမ်ခြင်းမရှိကြပါ။
တုယွန်က အဆင့်မြင့်ကြယ်နယ်မြေ၌ နံပါတ်တစ်ဓားတာအိုဂိုဏ်းမှ ပါရမီရှင်တစ်ဦးဖြစ်သည့်တိုင် သူ့၏ဓားတာအိုပါရမီက သူတို့၏အမြင်တွင် ယဲ့ချိုးပိုင်ကို မကျော်လွန်နိုင်ပေ။
သူတို့ထင်ထားသည့်အတိုင်းပဲ ခေးအောစ့်အနှစ်သာရဓားကိုယ်ထည်ကို ပိုင်ဆိုင်ထားသူတစ်ယောက်က သဘာ၀၏ ဓားသမားတစ်ယောက်ဖြစ်သည်။
ဒါကယဲ့ချိုးပိုင်ကို ဓားတိုင်း၏ အချိန်အရိပ်အစွန်းများ၊ ပုံစံကွက်များနှင့် ဓား၏ခံစားချက်များကို ရှင်းလင်းစွာ ခံစားရစေသည်။
ဒီဓားကျိုးများ၏အလယ်တွင် တင်ပလ္လင်ခွေထိုင်ပြီး ၀မ်းနည်းဖွယ်ရာအော်ဟစ်သံများကို ခံစားသောအခါ သူတဖြည်းဖြည်း မိန်းမောတွေဝေသွားရသည်။
ယဲ့ချိုးပိုင် အပြည့်အ၀ အာရုံစိုက်သောအခါ သူအသိအာရုံများက အဆုံးမဲ့ကြီးထွားလာခဲ့သည်။
သူ့အသိစိတ်က စစ်မြေပြင်တစ်ခုထဲသို့ ၀င်ရောက်သွားပုံရသည်။
နှင်းဖြူရောင်၀တ်စုံ၀တ်ဆင်ထားသည့် လူတစ်ယောက်က ဒီစစ်မြေပြင်၌ ဂုဏ်ယူ၀င့်ကြွားစွာပင် လေထဲတွင် လွင့်မြောနေသည်။
သူ့၀န်းကျင်၌ မရေမတွက်နိုင်လောက်သည့် အလောင်းများရှိသော်လည်း ထိုလူ၏ ၀တ်စုံဖြူနှင့် ဓားသွားက သွေးစွန်းထင်းနေခြင်းမရှိပါ။
ထိုလူလက်နှစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်က တခြားလူတစ်ယောက်၏ အရပ်ထက်ပင် ပိုမြင့်သော ဓားသေတ္တာတစ်လုံးကို ကိုင်ထားသည်။
သူ့လက်ထဲက ဓားလက်ကိုင်တွင် ရွှေရောင်ပုံစံကွက်များရှိသည်။ ဒါကအမြင့်ဆုံးထိပ်က ဓားကျိုးဖြစ်ပုံရသည်။
ထိုလူရှေ့တွင် ကျော၌ အတောင်ပံတစ်စုံရှိပြီး ခေါင်းတွင် ဦးချိုတစ်ချောင်းရှိသော မိစ္ဆာဆန်ပုံရသော လူတစ်ယောက်ရှိပြီး မျက်လုံးများက နီရဲနေသည်။
မိစ္ဆာဆန်သောလူ၏ ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး ကျောက အတောင်ပံများကို အနည်းငယ်ယပ်ခတ်လိုက်၏။
ချက်ချင်းဆိုသလို လေပြင်းနက်တစ်ခုက ကမ္ဘာကြီးတစ်ခုလုံးကို တိုက်ခတ်သွားသည်။
တစ်ချိန်တည်းမှာပင် သူ့ပုံရိပ်ကလည်း ချက်ချင်းပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်၌ ဓားကိုင်ထားသော လူရှေ့ပေါ်လာကာ သူ့လက်ဖဝါးက ထိုလူ၏ လည်ပင်း၌ ဆန်းကြယ်စွာပင် ပေါ်လာသည်။
သို့စေကာမူ သူဖမ်းမိသောအခါ လွဲချော်သွားခဲ့ရသည်။ ဒါကပုံရိပ်ယောင်တစ်ခုပင်။
သူ့နောက်တွင် ဓားဆန္ဒကကောင်းကင်ပေါ် ထိုးတက်သွား၏။
ဓားကိုင်ထားသောလူက ဓားကို လက်ချောင်းလေးနှင့် တောက်ချလိုက်သည်။
ချက်ချင်းဆိုသလို ဓားသေတ္တာကနေ ဓားအများအပြား ကောင်းကင်သို့ ထိုးတက်သွားပြီး အလင်းစက်များအဖြစ် ပြောင်းလဲကာ မိစ္ဆာဆန်သောလူဆီသို့ ပျံသန်းသွားကြ၏။
ဒီဓားများက ကောင်းကင်၌ပြည့်နှက်နေသည့် ဥက္ကာခဲများအလား ထင်ရပြီး မိစ္ဆာလူကို ထူထဲစွာ ပိုင်းဖြတ်ပစ်သည်။
မိစ္ဆာလူ ဒီမြင်ကွင်းကိုမြင်သောအခါ ဘာအမူအရာမှ မပြသဘဲ ဓားများကို ထူးမခြားနားစွာကြည့်ရင်း လက်သီးနှစ်ဖက်လုံးနှင့် တစ်ချိန်တည်းတွင် ထိုးနှက်လိုက်သည်။
ဧရာမလက်သီးချက်နှစ်ချက်က ဓားများကို ရိုက်ချိုးပစ်ခဲ့သည်။
ခရက်ခ်....ခရက်ခ်.....!
ကြောက်စရာကောင်းသည့် ဓားဆန္ဒကို သယ်ဆောင်လာသော ဒီဓားများတွင် လက်သီးချက်ကြီးနှစ်ချက်ကို ခုခံနိုင်စွမ်းမရှိပါ။
ဓားများက ဆွေးမြေ့နေသည့် သစ်သားများကနေ ပြုလုပ်ထားသည့်အလား ကျိုးသွားကြ၏။
တစ်ချောင်းပြီးတစ်ချောင်း ဓားများက လက်သီးချက်ကို ပိုင်းဖြတ်စဉ် မီးတောက်ထဲက ပိုးဖလံများပမာ ကျိုးသွားကြသည်။ သို့စေကာမူ ဓားများကရပ်သွားခြင်းမရှိ။
၀တ်စုံဖြူလူ ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများက သေရန်အတွက် စိတ်ပိုင်းဖြတ်မှုနှင့် ပြည့်နှက်နေသည်။
သူ့လက်ထဲက ဓားသေတ္တာ၏ အတောင်ပံအဖုံးနှစ်ချပ်က လုံး၀ပွင့်သွားပြီး ထောင်ချီသော ဓားများက ပိုင်းဖြတ်လာသော်လည်း လက်သီးချက်ကို မချိုးဖျက်နိုင်ချေ။
ထိုဓားများက ဓားကျိုးများအဖြစ်သာ ပြောင်းလဲသွားရပြီး အစွမ်းမဲ့စွာ ကျသွားကြသည်။
"ဒါပဲလား" မိစ္ဆာလူရယ်မောသည်။
သို့စေကာမူ ထောင်ချီသော ပျံသန်းနေသည့်ဓားများအနောက်တွင် ၀တ်စုံဖြူလူ ရုတ်တရက် လက်ထဲတွင် သုံးပေရှည်ဓားတစ်လက်ကိုကိုင်ပြီး ပေါ်လာသည်။
ဓားဆန္ဒနှင့် ဓားတာအိုက သူ့လက်ထဲက ဓားတွင် ပေါင်းစပ်သွားကြပြီး သူ့အမူအရာက အေးစက်နေသလို သူ့မျက်လုံးများက ပြတ်သားနေသည်။
သူလက်သီးချက်နှစ်ချက်ကို ဖြတ်တောက်ပစ်သည်။
ဓားဝှေ့ယမ်းမှုနှင့်အတူ လေနှင့်တိမ်များက ပြောင်းလဲသွားကြ၏။
ထွက်လာသည့်ဓားဆန္ဒက ကောင်းကင်ကိုပင် ကြေမွသွားစေပုံရသည်။
မိစ္ဆာလူ၏ မယုံနိုင်စရာအကြည့်အောက်တွင် လက်သီးချက်နှစ်ချက်ကလည်း နှစ်ခြမ်းကွဲသွားရသည်။
ဖူး......!
ဓားအလင်းကို ဒီလက်သီးအမှတ်က မတားဆီးနိုင်ဘဲ ယင်းအစား သူ့ရင်ဘတ်ကို ဖြတ်သွားခဲ့သည်။
မိစ္ဆာလူ၏ ရင်ဘတ်၌ ကြောက်စရာကောင်းသည့် ဒဏ်ရာတစ်ခုပွင့်လာသည်။
တစ်ချိန်တည်းမှာပင် ၀တ်စုံဖြူလူ၏ကိုယ်က ပိုပို၍ဝေဝါးလာပြီး သူ့လက်ထဲက ဓားကလည်း တစ်လက်မချင်းကျိုးသွားခဲ့သည်။
ဒါကအရာတိုင်းကို လောင်ကျွမ်းစေနိုင်သည့် ဓားတစ်လက်ပင်။
သူ့ကိုယ်ခန္ဓာလှုပ်ဆောင်မှုအားလုံးကို သူလောင်ကျွမ်းပစ်စေခဲ့သည်သာမက သူ့လက်ထဲက ဓားသက်တမ်းအားလုံးကိုပါ လောင်ကျွမ်းစေခဲ့သည်။
မိစ္ဆာလူဒါကိုမြင်သောအခါ သူ့အမူအရာက လေးနက်သွား၏။
"ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ ဒီအဆင့်ကိုတောင် ရောက်နိုင်တယ်၊ မင်းသေရတာက ကောင်းသားပဲ၊ အနာဂတ်မှာဆိုရင် ငါမင်းရဲ့ ပြိုင်ဘက်မဟုတ်လောက်တော့ဘူး"
ထို့နောက်မိစ္ဆာလူထွက်သွားလေတော့သည်။
၀တ်စုံဖြူလူ၏ဓားကလည်း အောက်က တောင်ကုန်းပေါ်သို့ကျသွားပြီး ဓားသင်္ချိုင်းတစ်ခုကို ဖြစ်စေခဲ့သည်။
ဒီမြင်ကွင်းက ယဲ့ချိုးပိုင်ကို ထိတ်လန့်သွားစေသည်။
သူအရင်က နားလည်မှုလွဲခဲ့တာကိုလည်း နားလည်သဘောပေါက်သွားသည်။
ဒီဓားများမှ ထုတ်လွှတ်သည့် ၀မ်းနည်းဖွယ်ရာဟစ်ကြွေးသံများက ကျိုးပဲ့သွားသည့်အတွက်ကြောင့်မဟုတ်ဘဲ ယင်းအစား အနာဂတ်၌ နတ်ဆိုးများကို မသတ်နိုင်တော့ဘဲ ဓားသင်္ချိုင်းထဲတွင်သာ လှဲနေရတော့သည့်အပေါ် စိတ်မကောင်းဖြစ်မိသည့် အတွက်ကြောင့်ပင်။
ယဲ့ချိုးပိုင်ထရပ်ပြီး ဓားများကို ညင်သာစွာ ပွတ်သပ်သည်။ သူ့မျက်လုံးများက ၀တ်စုံဖြူလူကဲ့သို့ ခိုင်မာနေသည်။
"မင်းတို့ဆန္ဒမရှိကြသေးဘူးဆိုတော့ အဲဒီနတ်ဆိုးတွေကို ငါနဲ့အတူသတ်ဖို့ ဆန္ဒရှိလား"
တစ်ခဏအကြာတွင် ထိပ်ဆုံးကဓားကလွဲ၍ ဓားသင်္ချိုင်းတစ်ခုလုံးက စတင်တုန်ခါလာလေတော့သည်။
အပိုင်း(1088) coming။