← Chapters

#ဓားဝိဉာဉ်ပုံသွင်းခြင်း၊ အနှစ်သာရချိုးဖျက်ခြင်းနယ်ပယ်#

Vol. 77 Ch. 1089

#ဓားဝိဉာဉ်ပုံသွင်းခြင်း၊ အနှစ်သာရချိုးဖျက်ခြင်းနယ်ပယ်#

Vol. 77 Ch. 1089

ယဲ့ချိုးပိုင်၏ စိတ်နေသဘောထားကို မြင်ရသောအခါ ၀တ်စုံဖြူလူ ခေါင်းညိတ်သည်။ 

"ငါ့တိုက်ပွဲမြင်ကွင်းကိုလည်း မင်းမြင်ပြီးပြီဆိုတော့ ရှေးဟောင်းရွှေဓားအိမ်က ဓားကို ဖုံးထားဖို့အတွက်ပဲ သုံးတာမဟုတ်ဘူးဆိုတာ မင်းသိမှာပါ"

"တကယ်တော့ ဒါက ဓားအိမ်ဓားဝိဉာဉ်ပဲ"

ဓားအိမ်ဓားဝိဉာဉ်လား!

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် အနည်းငယ် ကြက်သေသေသွား၏။ 

၀တ်စုံဖြူလူက ဆက်ပြောသည်။ 

"ဓားတိုင်းမှာ ကိုယ်ပိုင်ဓားဝိဉာဉ်ရှိတယ်၊ တကယ်လို့ ဓားဝိဉာဉ်ရှိတဲ့ ဓားတစ်လက်ကို ဓားတစ်လက်နဲ့အတူသုံးချင်တယ်ဆိုရင် ဒါက မလိုက်ဖက်ဘူး"

တကယ်တမ်းတွင် အရမ်းရိုးရှင်းသည်။ ဓားဝိဉာဉ်က ကိုယ်ပိုင်အသိစိတ်ရှိသည့် ဓားတစ်လက်ဖြစ်သည်။ 

ကိုယ်ပိုင်အသိစိတ်ရှိသောအရာတစ်ခုက တခြားအသိစိတ်များနှင့် ဘယ်လိုလုပ် စည်းချက်ကိုက်အောင် လုပ်ဆောင်နိုင်မည်နည်း။ 

"ရှေးဟောင်းရွှေဓားအိမ်ကတော့ ဓားဝိဉာဉ်တွေရဲ့ပုံသွင်းမှုဖြစ်တဲ့ ဒီဓားဝိဉာဉ်အသိစိတ်တွေနဲ့ ဆက်သွယ်နိုင်တယ်၊ တစ်ချိန်တည်းမှာပင် ကြီးစိုးလွှမ်းမိုးထားတဲ့ ဓားဝိဉာဉ်က အားကောင်းတယ်ဆိုရင် တခြားဓားဝိဉာဉ်တွေကို အဆက်မပြတ်ပျိုးထောင်ပြီး ပိုအားကောင်းလာအောင် လုပ်နိုင်တယ်"

ဒီနေရာတွင် ယဲ့ချိုးပိုင်၏မျက်လုံးများ တုန်ယင်သွားရသည်။ 

ဒီလိုသာဆိုပါက ဒီရှေးဟောင်းရွှေဓားအိမ်က ပြိုင်ဘက်ကင်းနတ်ပစ္စည်းတစ်ခုပင်။ 

သူအထဲတွင် တိမ်ပြာဓားကို ထည့်ပါကရော ဘယ်လိုဖြစ်လာမည်နည်းဟု မေးချင်သည်။ သူတခြားဓားများကို ပျိုးထောင်ရန်အတွင် တိမ်ပြာဓား၏ ဓားဝိဉာဉ်ကို အသုံးပြု၍ရမည်သာ။ 

ဒီလိုဆိုပါက တခြားဓားများက ဘယ်လောက်ထိ ခရီးသွားနိုင်မည်နည်း။ 

တစ်ချိန်တည်းမှာပင် တိမ်ပြာဓားထက်သာ နိမ့်ကျသောဓားများက ရန်သူများကို သတ်ရန် တစ်ချိန်တည်းတွင် ပေါ်လာပါက အဆင့်မြင့်ဓားပိုင်နက်ကိုပါ ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိခိုက်မှုဘယ်လောက်များများ ပေးနိုင်လေမည်နည်း။ 

ဒါကို ယဲ့ချိုးပိုင် တိမ်ပြာဓားကို ထိန်းချုပ်နိုင်သည့် နယ်ပယ်ကို ရောက်လာသောအခါမှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 

၀တ်စုံဖြူလူက ယဲ့ချိုးပိုင်၏ အမူအရာကို ကြည့်လိုက်သောအခါ ယဲ့ချိုးပိုင် ရှေးဟောင်းရွှေဓားအိမ်၏ နက်ရှိုင်းမှုကို နားလည်တာကို သဘောပေါက်သွားသဖြင့် အနည်းငယ်ဂုဏ်ယူမိသလို ခံစားရသည်။ 

မည်သို့ပင်ဆိုစေကာမူ ဒါကသူပိုယ်တိုင် ဖန်တီးခဲ့သည့် နတ်လက်နက်ပေတည်း။ 

"မင်းရဲ့ကိုယ်ပိုင်ဓားကို ထုတ်ယူပြီး ရှေးဟောင်းရွှေဓားအိမ်ရဲ့ အဓိကဓားအဖြစ်လည်း သုံးလို့ရတယ်၊ သေချာတာပေါ့၊ ငါမင်းကို ရှေးဟောင်းရွှေဓားကို အဓိကဓားအဖြစ် သုံးဖို့ အကြံပေးချင်တယ်၊ ဘာပဲဆိုဆို ရှေးဟောင်းရွှေဓားအိမ်ရဲ့ ဓားဝိဉာဉ်အဆင့်က......"

၀တ်စုံဖြူလူဆက်ပြောနေစဉ် ယဲ့ချိုးပိုင် တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် တိမ်ပြာဓားကို ထုတ်ယူလိုက်၏။ 

၀တ်စုံဖြူလူ၏ အမူအရာက အေးခဲသွား၏။ 

သူ့မျက်သူငယ်အိမ်များက တဖြည်းဖြည်းကျုံ့သွားပြီး အဆက်မပြတ်တုန်ယင်နေသည်။ 

သူတစ်ခုခုပြောချင်သော်လည်း ဘာတစ်ခုမှပြောနိုင်စွမ်းမရှိဘဲ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေလေသည်။ 

ယဲ့ချိုးပိုင်သိချင်စိတ်ဖြင့်မေးသည်။ 

"စီနီယာ၊ ဘာမှားနေလို့လဲ၊ ခင်ဗျား မသက်မသာခံစားနေရတာလား"

ယဲ့ချိုးပိုင်၏မေးခွန်းကို ကြားသောအခါ ၀တ်စုံဖြူ လေးလံစွာချောင်းဟန့်လိုက်၏။ 

"အဟမ်း၊ မဆိုးပါဘူး၊ ဒါပေမယ့် မင်းဒီဓားကို ဘယ်ကရခဲ့တာလဲ"

ယဲ့ချိုးပိုင် တွေးမနေဘဲဖြေလိုက်သည်။ 

"ဒါက ဆရာကျွန်တော့်ကို တပည့်အဖြစ် လက်ခံစဉ်က နှုတ်ဆက်လက်ဆောင်တစ်ခုပါ"

ဒီလိုနည်းနှင့်တွေးတာက လူကျင့်၀တ်နှင့် သွေဖည်နေသော်လည်း အဖြူ၀တ်လူက အကြွင်းအကျန်ဝိဉာဉ်တစ်ခုသာ။ ဒီတစ်ကြိမ်ပေါ်လာပြီးနောက် သူက လက်ကျန်ခွန်အားကို လောင်ကျွမ်းစေခဲ့သည်။ အချိန်ကျလာပါက သူပျောက်ကွယ်သွားမည်ဖြစ်လေရာ ဖုံးကွယ်ထားစရာမလိုပေ။ 

၀တ်စုံဖြူလူ ဒါကိုကြားသောအခါ အပြာရောင်လျှပ်စီးကြောင်းတစ်ခု ထိမှန်သွားသည့်အလားပင် ခံစားလိုက်ရသည်။ 

နှုတ်ဆက်လက်ဆောင်လား၊ သူတော်စင်အဆင့်ရှေးဟောင်းပစ္စည်းတစ်ခုလား!

သေမျိုးနယ်မြေတစ်ခုလုံးတွင်ပင် မြင့်မြတ်အဆင့်ခေါ် သူတော်စင်အဆင့် ရှေးဟောင်းပစ္စည်းနှစ်ခုတည်းသာရှိသည်။ 

၀တ်စုံဖြူလူမေးလာသည်။ 

"မင်းဆရာက.... ဘယ်လူသားဘိုးဘေးလဲ"

ယဲ့ချိုးပိုင်သိချင်စိတ်ဖြင့်မေးသည်။ 

"လူသားဘိုးဘေးဆိုတာက...."

ဒီပဟေဠိဖြစ်နေသည့်အမူအရာကို မြင်သောအခါ အဖြူ၀တ်လူမှာ ထပ်မံဆွံအသွားရပြီးနောက် ခေါင်းခါယမ်းသည်။ 

"ရှေးဟောင်းရွှေဓားအိမ်က မင်းဓားကို ခံနိုင်မှာမဟုတ်ဘူး"

"ရှေးဟောင်းရွှေဓားအိမ်ကို မြင့်မြတ်ရှေးဟောင်းပစ္စည်းအဆင့်တစ်ခုအဖြစ် မမြှင့်တင်သေးသရွေ့ပေါ့"

ယဲ့ချိုးပိုင်မေးသည်။ 

"မြင့်မြတ်ရှေးဟောင်းပစ္စည်းဆိုတာဘာလဲ"

ဒီနေရာတွင် ၀တ်စုံဖြူလူက စိတ်မရှည်မဖြစ်ဘဲ စိတ်ရှည်စွာပင် ရှင်းပြသည်။ 

"မြင့်မြတ်ရှေးဟောင်းပစ္စည်းလို့ ခေါ်ရတဲ့အကြောင်းရင်းက နတ်ပစ္စည်းက သူတော်စင်အော်ရာအမျှင်စတစ်စနဲ့ ပြည့်နှက်နေလို့ပဲ"

"လက်ရှိခွဲဝေမှုအရပြောရရင် ငွေနဂါးပုံစံကွက်တွေနဲ့ မင်းအခုသုံးနေတဲ့ဓားက အဆင့်နိမ့်နတ်သခင်ဓားတစ်လက်ပဲ"

တစ်နည်းအားဖြင့် ငွေနဂါးဓားဖြစ်သည်။ 

ထို့နောက် ၀တ်စုံဖြူလူ လက်ထဲတွင် ရှေးဟောင်းရွှေနတ်ဓားကို ကိုင်လိုက်၏။ 

"နတ်သခင်အဆင့်နောက်မှာ အစစ်အမှန်နတ်ဘုရားအဆင့်ဆိုတာရှိတယ်၊ ရှေးဟောင်းရွှေနတ်ဓားက အဆင့်မြင့် အစစ်အမှန်နတ်ဘုရားအဆင့်ပဲ"

"အစစ်အမှန်နတ်ဘုရားနယ်ပယ်အထက်မှာ ဘိုးဘေးအဆင့်ရှိတယ်၊ ဘိုးဘေးအဆင့်အထက်မှာ မြင့်မြတ်အဆင့်ရှိတယ်...."

ယဲ့ချိုးပိုင် လက်ထဲက ရှေးဟောင်းတိမ်ပြာဓားကို ကြည့်လိုက်၏။ 

သူ့ဆရာသူ့ကို ပေးခဲ့သော တိမ်ပြာဓားက ယခုလိုအစွမ်းထက် လက်နက်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ 

၀တ်စုံဖြူလူဆီကနေ သေမျိုးနယ်မြေတစ်ခုလုံးတွင် မြင့်မြတ်အဆင့်ရှေးဟောင်းပစ္စည်း နှစ်ခုသာရှိတာကို သူသိခဲ့ရသည်။ 

ဒါကိုသိရသောအခါ ယဲ့ချိုးပိုင် ငိုရမလား၊ ရယ်ရမလား မသိတော့ပါ။ 

ထိုအချိန်က သူ့ဆရာ သူါကိုတပည့်အဖြစ် လက်ခံခဲ့ပြီး ယခုလိုကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် မြင့်မြတ်ရှေးဟောင်းပစ္စည်းတစ်ခုကို ပေးခဲ့သည်။ 

ငါ့ဆရာက ငါ့ကိုဒီလောက်ထိတောင် ယုံကြည်တာလား!

တစ်ခဏအကြာတွင် ယဲ့ချိုးပိုင်တစ်ယောက် စိတ်လှုပ်ရှားသွားရသည်။ 

ပညာရှင်တစ်ယောက်ပင် သူ့ယုံကြည်မှုကြောင့် သေဆုံးသွားနိုင်မည့် ပြင်းထန်သည့် ခံစားချက်တစ်ခုရှိနေခဲ့သည်။ 

သို့စေကာမူ လုချန်ရှန်း၏ တကယ့်အတွေးကိုသာ သိမည်ဆိုပါက ယဲ့ချိုးပိုင် ဒီလိုတွေးမည်မဟုတ်။ 

မြင့်မြတ်ရှေးဟောင်းပစ္စည်းတစ်ခုက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ လုချန်ရှန်းမသိပါ။ 

ယဲ့ချိုးပိုင်က ဓားသမားတစ်ဦးဖြစ်ပြီး စနစ်ကလည်း သူ့ကိုဓားတစ်လက်ပေးလာသဖြင့် ယဲ့ချိုးပိုင်သုံးနိုင်သည်ဟုသာ သူတွေးခဲ့သည်။ 

၀တ်စုံဖြူလူ သက်ပြင်းတစ်ချက်ရှုသွင်းပြီးနောက် တိတ်ဆိတ်နေသည့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း ရုတ်တရက် စိတ်ပြေလျော့သွားရသည်။ 

မြင့်မြတ်ရှေးဟောင်းပစ္စည်းတစ်ခုကိုပင် အလွယ်တကူ ထုတ်ယူလာနိုင်လေရာ ဒါက ယဲ့ချိုးပိုင်နောက်ကွယ်က ဆရာက မရိုးရှင်းဘူးဟု ဆိုလိုနေခြင်းပင်။ 

ဒီလိုဆိုပါက ငရဲနတ်ဆိုးနယ်မြေ ထပ်ပြီးတိုက်ခိုက်လာပါက သေမျိုးနယ်မြေ ဖျက်ဆီးခံရတော့မည်မဟုတ်။ 

ဒါကိုတွေးမိသောအခါ ၀တ်စုံဖြူလူ ပြုံးလိုက်မိသည်။ 

၀တ်စုံဖြူလူနှင့် ပတ်သက်၍ တစ်ခုခုမှားနေတာကို ခံစားမိသဖြင့် ယဲ့ချိုးပိုင်လှမ်းကြည့်ကာမေးသည်။ 

"စီနီယာ၊ ဘာလို့ရယ်နေတာလဲ"

၀တ်စုံဖြူလူခေါင်းခါယမ်းသည်။ သူတွေးနေတာကို ယဲ့ချိုးပိုင်အား မပြောပြချင်ပါ။ 

အကယ်၍ တစ်ဘက်လူက သူ့တပည့်ကို မြင့်မြတ်ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်၍ မပြောထားပါက ဒါက သူ့တပည့်လမ်းကြောင်းတွင် သူမကူညီပေးချင်ဟု ဆိုလိုနေခြင်းပင်။ 

ဒီလိုဆိုပါက သူယဲ့ချိုးပိုင်ကို ကိုယ်ပိုင်လမ်းကြောင်း၌ အမြင့်ဆုံးအဆင့်တွင် ပွင့်လန်းနိုင်စေရန်အတွက် အလွတ်ပေးထားခြင်းဖြစ်သည်။ 

ဒါပေမယ့် သေမျိုးနယ်မြေတစ်ခုလုံးရဲ့ ကံကြမ္မာကို သူ့တပည့်ရဲ့ လေ့ကျင့်ရေးကွင်းအဖြစ် သုံးတာက နည်းနည်းလွန်ကဲလွန်းတယ်မလား!

သူက မြင့်မြတ်ရှေးဟောင်းပစ္စည်းတစ်ခုကိုပင် အလွယ်တကူပေးပစ်နိုင်သည့် အစွမ်းထက်တန်ခိုးရှင်တစ်ဦးဟုသာ ဆို၍ရတော့သည်။ 

"ကောင်းပြီ၊ နှုတ်ဆက်ရမယ့် အချိန်ကျလာပြီ" ၀တ်စုံဖြူလူ၏ကိုယ်က စတင်ဝေဝါးလာသည်။ သူပြုံးပြသည်။ 

"ငါမထွက်သွားခင် ငါမင်းဆီကို နောက်ထပ် အခွင့်အလမ်းတစ်ခု ပေးလိုက်ပါမယ်"

ထိုသို့ဆိုပြီးနောက် ယဲ့ချိုးပိုင်ပြောတာကိုပင် စောင့်မနေတော့ဘဲ ၀တ်စုံဖြူလူ လက်ဖဝါးနှစ်ချက်ကို အတူတကွဖိထားစဉ် ထိုးထွက်လာသော ဓားဆန္ဒက စတင်ဆူပွက်လာသည်။ 

ယဲ့ချိုးပိုင် ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေသည်။ 

ဒီဓားဆန္ဒများက သူ့ဓားတာအိုနယ်ပယ်နှင့် အတော်လေးကွဲပြားသည်။ 

နိယာမစွမ်းအား!

၀တ်စုံဖြူလူပြုံးပြသည်။ 

"မင်းဓားတာအိုထဲမှာ ဓားတာအိုနိယာမအနည်းငယ် ပါ၀င်နေပြီးသား၊ ဒါပေမယ့် ဓားနတ်ဘုရားနယ်ပယ်ရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး အနှစ်သာရချိုးဖျက်ခြင်းနယ်ပယ်ကို ရောက်ဖို့အတွက် ဒီဓားတာအိုနိယာမအနည်းငယ်ကို မှီခိုအားကိုးဖို့ ဆိုတာက ရူးမိုက်လွန်းတဲ့အိပ်မက်တစ်ခု ဖြစ်နေတုန်းပဲ"

ထိုသို့ဆိုပြီးနောက် ၀တ်စုံဖြူလူ လက်အစုံကို ဖြန့်လိုက်၏။ သူ့လက်ကြားတွင် ဓားတာအိုနိယာမကနေ သိပ်သည်းထားသည့် အလင်းလုံးတစ်လုံး ပေါ်လာခဲ့သည်။ 

ထို့နောက် သူ့လက်ညိုးကို ညွှန်ပြရင်း ယဲ့ချိုးပိုင်၏ ဒုတိယဒန်တျန်ထဲသို့ ပို့လိုက်၏။ 

ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ၀တ်စုံဖြူလူ၏ကိုယ်က လုံး၀ဝေဝါးသွားလေတော့သည်။ 

"ဓားတာအိုနိယာမစွမ်းအားကို စုပ်ယူပြီး နားလည်ဖို့အတွက် အချိန်ယူပါ၊ ဒါကို တစ်ပြိုင်နက်တည်းစုပ်ယူတာက အနာဂတ်မှာ မင်းရဲ့ဓားတာအိုပေါ်မှာ အပျက်သဘောဆောင်လာလိမ့်မယ်"

"ငါ ငရဲနတ်ဆိုးနယ်မြေကို မင်းအရှင်သခင်ရဲ့လက်ထဲမှာ ချန်ထားခဲ့ပါမယ်...."

ဒီနေရာတွင် ၀တ်စုံဖြူက လုံး၀ပျောက်ကွယ်သွာ၏။ 

ယဲ့ချိုးပိုင်၏ အသိစိတ်ကလည်း သူ့ခန္ဓာဆီသို့ ပြန်ရောက်လာသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ ရှေးဟောင်းရွှေနတ်ဓားနှင့် ရှေးဟောင်းရွှေဓားအိမ်တို့က သူ့ရှေ့တွင် လွင့်မြောနေတာကို တွေ့လိုက်ရသည်။ 

၀တ်စုံဖြူလူ၏ စကားလုံးများကို သူတွေးနေမိသည်။ 

သူပြန်သွားရန်အတွက် အခွင့်အရေးတစ်ခုရှာပြီး သူ့ဆရာကို ဒီရှေးဟောင်းရွှေဓားအိမ်ကို အဆင့်မြှင့်တင်ပေးရန်အတွက် ပြောရန်ပင် တွေးလိုက်သည်။ 

ထိုအချိန်တွင် သူသာ တိမ်ပြာဓားကို အဓိကဓားအဖြစ်သုံးပါက မြင်ကွင်းက အနည်းငယ် ကြောက်စရာကောင်းသွားပေလိမ့်မည်။ 

ဒါပေမယ့် စီနီယာ အဆုံးမှာဘာလို့ 'မင်းရဲ့ အရှင်သခင်'ဆိုတဲ့ စကားကိုသုံးခဲ့တာလဲ!

ဒါကယဲ့ချိုးပိုင်ကို ပဟေဠိဖြစ်စေသည်။ 

အပိုင်း(1090) coming။ 

All Chapters