← Chapters

#လျှို့ဝှက်မျိုးနွယ်၊ ရှင်းမိသားစု#

Vol. 77 Ch. 1090

#လျှို့ဝှက်မျိုးနွယ်၊ ရှင်းမိသားစု#

Vol. 77 Ch. 1090

ဓားသင်္ချိုင်းက လုံး၀ဗလာကျင်းနေသည်။ 

ဓားကျိူးအားလုံးက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ရှေးဟောင်းဓားချီက ဒီဓားသင်္ချိုင်းထဲတွင် ကျန်ရစ်နေသေးသည်။ ဒီဗလာကျင်းနေသည့် ဓားသင်္ချိုင်းတွင် ကျင့်ကြံနေသည့် ဓားသမားများ၌ သူတို့၏ ဓားတာအိုနယ်ပယ်တွင် ထူးခြားသည့် သက်ရောက်မှုတစ်ခုရှိခဲ့သည်။ 

ယဲ့ချိုးပိုင် ရှေးဟောင်းရွှေဓားအိမ်နှင့် ရှေးဟောင်းရွှေနတ်ဓားကိုယူကာ ဆင်းလာခဲ့သည်။ 

မုဇီရှင်းပြုံးရင်း သူ့ဆီသွားသည်။ သူမ၏ မျက်လုံးများက ကွေးညွတ်နေပြီး မျက်လုံးများထဲက သိမ်မွေ့မှုက ယဲ့ချိုးပိုင်ကို အရည်ပျော်သွားစေပုံရသည်။ 

"ကြည့်ရတာ ဒီတစ်ကြိမ်ရှင့်အများကြီး ရခဲ့ပုံပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်လိုက်သော်လည်း သူ့အမူအရာက အနည်းငယ်လေးလံနေသည်။ 

သူ့အတွက် ရှေးဟောင်းရွှေဓားအိမ်နှင့် ရှေးဟောင်းရွှေနတ်ဓားတို့ကို လက်ခံခြင်းက စိတ်လှုပ်ရှားစရာကောင်းသည့် နတ်ပစ္စည်းနှစ်ခုဖြစ်သည့်အတွက်ကြောင့်တင် မဟုတ်ဘဲ လေးလံသည့် တာ၀န်နှစ်ခုလည်းရှိသည်။ 

သူ့လက်ထဲက ပစ္စည်းနှစ်ခုက တောင်များကဲ့သို့ပင် လေးလံလှသည်။ 

ဒါက ‌လေးလံလွန်းသဖြင့် ယဲ့ချိုးပိုင် ကိုယ့်ကိုယ်ကိုပင် သံသယဖြစ်နေသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ 

ဒီတာ၀န်ကို ငါထမ်းရွက်နိုင်မှာလား!

စီနီယာရဲ့မျှော်လင့်ချက်တွေနဲ့ ယုံကြည်မှုတွေကို ငါတုံ့ပြန်နိုင်မှာလား!

ဒီကမ္ဘာကြီးထဲတွင် လုချန်ရှန်းနှင့် သူ့ဂျူနီယာများအပြင် မုဇီရှင်းကသာ ယဲ့ချိုးပိုင်ကို အကောင်းဆုံးသိသည်။ 

ယဲ့ချိုးပိုင် ရှေးဟောင်းရွှေဓားအိမ်ထဲက ရှေးဟောင်းရွှေနတ်ဓားကိုကြည့်ရင်း သူ့အမူအရာက လေးလံနေတာကို မုဇီရှင်း သတိထားမိသည်။ 

မုဇီရှင်းရှေ့တိုးသွားပြီး ယဲ့ချိုးပိုင်၏ လက်ကိုကိုင်သည်။ ထို့နောက် ရှေးဟောင်းရွှေဓားအိမ်ကိုပါ ကိုင်ပြီး သိမ်မွေ့စွာပြုံးပြသည်။ 

"သူရှင့်ကို ရွေးချယ်ခဲ့မှတော့ ရှင့်မှာ စွမ်းရည်ရှိတယ်ဆိုတာ ယုံလို့ပေါ့၊ ဒါကြောင့် ရှင့်ဒါကို ဘေးကင်းစွာနဲ့လက်ခံပြီး ပိုကြိုးစားကျင့်ကြံဖို့ပဲလိုတယ်၊ တခြားကိစ္စတွေအတွက်တော့ ရှင့်ခွန်အားက သတ်မှတ်ထားတဲ့အဆင့်တစ်ခုကို ရောက်တဲ့အခါ မဖြေရှင်းနိုင်တာ ဘာမှမရှိပါဘူး"

မုဇီရှင်း၏နှစ်သိမ့်မှုက သံသယမရှိစွာပင် အရေးပါပြီး အချိန်ကိုက်သည်။ 

ဓားသမားတစ်ယောက်က အမြဲလိုလို ဓာစတစ်လက်ပမာ ဖြစ်နေရမည်။ 

ရဲရင့်စွာရှေ့ဆက်ရမည်၊ မဆုတ်မနစ်ကြိုးစားပြီး ဓားနှလုံးသားထဲကနေ ခိုင်မာစွာ ယုံကြည်ရမည်။ 

အကယ်၍ ကိုယ့်ကိုကိုယ်သံသယ၀င်သော အခြေအနေကို ကျရောက်သွားပါက ဓားဖြစ်စေ ဓားလမ်းစဉ်ဖြစ်စေ ထက်မြက်ခြင်းကနေ ပျော့ပျောင်းသွားမည်ဖြစ်သည်။ ဒါက သူတို့၏အနာဂတ်ကျင့်ကြံခြင်းအတွက် ပြဿာနာကြီးတစ်ရပ်ပေတည်း။ 

ယဲ့ချိုးပိုင်ပြုံးရင်း မုဇီရှင်းလက်ကလေးကို ဆုပ်ကိုင်ထားသည်။ 

"မစိုးရိမ်ပါနဲ့၊ ငါအဆင်ပြေပါတယ်"

ဓားနှလုံးသားနက်ရှိုင်းမှုကို ပိုင်ဆိုင်ထားသည့် ယဲ့ချိုးပိုင်အတွက် အရာများစွာကို ရှင်းရှင်းလင်းလင်းတွေးတောရန်ဟူသည် အရမ်းလွယ်ကူသည်။ 

"မင်းတို့ချစ်ကြည်နူးနေတာကို နှောင့်ယှက်မိတဲ့အတွက် ဆော့ရီးပါ" ဒီအချိန်မှာပင် စုန့်ရှောင် အပြုံးနှင့်အတူ လျှောက်လာသည်။ 

"ဒါပေမယ့် ငါမင်းတို့ကို သတိပေးရဦးမယ်၊ ငါတို့ရှန်းချောင်ယွမ်နဲ့ ပိုင်ကောင်းကျွင်းတို့ကို တွန်းလှန်နိုင်ခဲ့တယ်ဆိုပေမယ့် သူတို့စရိုက်အရဆိုရင် ငါတို့ကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး"

"သူတို့ကိုသာ ပြင်ဆင်ဖို့ လုံလောက်တဲ့ အချိန်တစ်ခု ပေးလိုက်မယ်ဆိုရင် နောက်ထပ်တိုက်ခိုက်မှုက ပိုပြင်းထန်လာလိမ့်မယ်"

ယဲ့ချိုးပိုင် စုန့်ရှောင်ကိုကြည့်ရင်း မေးသည်။ 

"ဒါဆို အစ်ကိုစုန့်မှာ ဘယ်လိုအကြံပြုချက်တွေရှိလဲ"

စုန့်ရှောင် လက်အစုံကိုဖြန့်လိုက်၏။ 

"ငါ့မှာဘာအကြံပြုချက်မှ မရှိပါဘူး၊ ဘာပဲဆိုဆို သူတို့နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာ ဘယ်သူမှမသိဘူးလေ"

"ဒါပေမယ့် ငါသာဆိုရင်တော့ မင်းတို့ကို ကိုင်တွယ်ဖို့အတွက် တခြားစိတ်၀င်စားတဲ့ သူတွေနဲ့ သေချာပေါက်ပူးပေါင်းမှာ"

ရှောင်ဟိုင်တည်ငြိမ်စွာပြောသည်။ 

"ဒီလိုဆိုရင် သူတို့ကိုအရင်ရှာပြီး သတ်ကြရအောင်"

ဒါကိုကြားသော် စုန့်ရှောင် သူ့ကို လက်မထောင်ပြလိုက်၏။ 

"နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အရင်နတ်ဆိုးသခင်ဆိုတဲ့ အတိုင်းပါပဲ၊ ဒီလိုစရိုက်မျိုးနဲ့ မင်းငါတို့ရဲ့ ဟောင်တျန်းနတ်ဂိုဏ်းကို ၀င်သင့်တယ်"

"ဒါပေမယ့် သူတို့ရဲ့တည်နေရာကို သိဖို့က အဓိကပဲ၊ ဒါ့အပြင် ငါတို့သာ သူတို့ကို ထောင့်တစ်ခုထိ တကယ်တွန်းအားပေးမိရင် သူတို့ကို ကိုင်တွယ်ဖို့အတွက် လွယ်ကူမှာ မဟုတ်တော့ဘူး"

ရှောင်ဟိုင်မဖြေဘဲ ယင်းအစား မုဖူရှန်းကိုသာ ကြည့်လိုက်သည်။ 

မုဖူရှန်း၏ အမူအရာက အေးခဲသွား၏။ သူသိသိကြီးနှင့် မေးလိုက်မိသည်။ 

"ဘာလဲ"

ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ မုဖူရှန်းကိုသာ တည့်တည့်စိုက်ကြည့်နေသည်။ 

မုဖူရှန်း၏ခေါင်းက စတင်နာကျင်လာသည်။ 

တကယ်တမ်းတွင် ပိုင်ကောင်းကျွင်း၊ ရှန်းချောင်ယွမ်တို့ကို သူစမ်းသပ်ခဲ့သည်။ တစ်နည်းအားဖြင့် သူတို့အော်ရာကို ခြေရာခံရန်အတွက် သူအဆောင်များကို စီစဉ်ခဲ့သည်။ 

သို့စေကာမူ ဒါကိုသုံးရန် အချိန်မကျသေးသဖြင့် သူအကူအညီမဲ့စွာ ပြောလိုက်၏။ 

"စီနီယာအစ်ကိုရှောင်ဟိုင်၊ စိတ်လျှော့ထားပါဦး၊ နောက်ပိုင်းငါးကြီးကြီးတစ်ကောင် ပေါ်လာနိုင်တာပဲလေ"

မှန်ပေသည်။ မုဖူရှန်း ငါးကြီးတစ်ကောင်ကို မျှားရန်အတွက် စီစဉ်နေခြင်းပင်။ 

တစ်ဘက်လူက လူနှစ်ယောက်တည်းသာ စေလွှတ်တာကို သူမယုံပါ။ 

ဒါကိုကြားသော် ရှောင်ဟိုင်ကလည်း နားလည်သွားသဖြင့် ခေါင်းညိတ်ပြီး တခြားမည်သည့်စကားမှ မဆိုတော့ပေ။ 

သို့စေကာမု စုန့်ရှောင် ဒီမြင်ကွင်းကို မြင်သောအခါ မုဖူရှန်းအား အတွေးနက်စွာ ကြည့်လိုက်သည်။ 

"ကောင်းပြီ၊ ရှေးဟောင်းစစ်မြေပြင်မှာ အမွေအနှစ်ဂူတွေ အများကြီးရှိသေးတယ်၊ သင့်တော်တဲ့ဟာတွေကို မြန်မြန်ရှာကြရအောင်"

.....

ဒီအချိန်တွင် လူရိုင်းဒေသ၌ ဟုန်ရင် ဒီကြယ်နယ်မြေကို ထိန်းချုပ်ပြီး မိုးနှင့်မြေ၏ ဝိဉာဉ်စွမ်းအင်ကို ဆွဲယူပစ်သလို တိမ်ပြာဓားဂိုဏ်း၊ ပညာသင်ခန်းမနှင့် တိမ်ဖီးနစ်အင်ပါယာတို့အား ထူထောင်ပြီးကတည်းက လူရိုင်းဒေသတစ်ခုလုံးက မရေမတွက်နိုင်လောက်သည့် ကျွမ်းကျင်သူများကို ပေါက်ဖွားလာစေပြီး တိုးတက်ကြီးပွားလာခဲ့သည်။ လူရိုင်းဒေသ၏ အလုံးစုံစွမ်းအားကလည်း ရေတွင်းတစ်တွင်းပမာ တိုးလာခဲ့သည်။ 

တောင်းပိုင်းဒေသကလည်း လူရိုင်းဒေသတစ်ခုလုံး၌  ဖူးမြော်ရသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။ 

မည်သို့ပင်ဆိုစေကာမူ တောင်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်တွင် စံအိမ်တော်တည်ရှိသည် မဟုတ်ပေလော။ 

ယနေ့က ကျောင်းတော်လေးခုကြားမှ လျှို့ဝှက်တာအိုကျောင်းပြိုင်ပွဲနေ့ဖြစ်သည်။ 

တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော် ကိုယ်စားပြုက ရှင်းဟုန်ယီဖြစ်သည်။ 

ရှင်းဟုန်ယီက လူရိုင်းဒေသတစ်ခုလုံးအတွင်း နာမည်ကြီးစံနမူရာဓားသမားတစ်ဦးဖြစ်သည်။ 

အပြင်ပကမ္ဘာ၏အမြင်တွင် တစ်ခုခုမမှားယွင်းသွားသရွေ့ ရှင်းဟုန်ယီက နောက်တစ်ကြိမ် ချန်ပီယုဆုကို ရရန်အတွက် တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်ကို ဦးဆောင်ပေလိမ့်မည်။ 

ဒီအခိုက်အတန့်၌ တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်တွင် ချင်းတျန်နျန် ကျောင်းတော်၏ တပည့်များရှေ့က စင်မြင့်တစ်ခုပေါ်၌ ရပ်နေသည်။ 

ရှင်းဟုန်ယီက တပည့်များ၏ ရှေ့တန်းတွင် ရပ်နေခဲ့သည်။ 

ချင်းတျန်နျန်အပြုံးဖြင့်ပြောသည်။ 

"အားလုံး ဒေသလေးခုပြိုင်ပွဲအတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားကြလိမ့်မယ်ဆိုတာ ငါသေချာတယ်၊ ဒါက ကျောင်းတော်အတွက်မဟုတ်ဘဲ ဒီတစ်ခါ ဆုလာဘ်အတွက်ပဲ"

ဒါကိုကြားသော် ဒေသလေးခုပြိုင်ပွဲတွင် ပါ၀င်ကြသည့် တပည့်များက စိတ်အားထက်သန်သည့် အမူအရာများကို ဖော်ပြကြသည်။ 

ဒီတစ်ကြိမ်ဆုလာဘ်က ဒဏ္ဍာရီလာပုဂ္ဂိုလ်တဖြစ်လဲ တိမ်ပြာဓားသူတော်စင်၊ တိမ်ဖီးနစ်ဧကရီနှင့်တခြားသူများ၏ ဆရာက သူတို့အား ဟောကြားခြင်းပင်။ 

ဒါက တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်အတွက် ထူးခြားသည့် ဆုလာဘ်တစ်ခုလည်းဖြစ်သည်။ 

ရလဒ်အဖြစ် လူရိုင်းဒေသက မရေမတွက်နိုင်လောက်သော ပါရမီရှင်များက ၀င်နိုင်ရန်အတွက် လိုလားတောင့်တကြသည်။ 

ဒီအချိန်တွင် ရှင်းဟုန်ယီမေးသည်။ 

"ကျောင်းအုပ် စီနီယာလုကို ကူညီဖို့အတွက် အကူအညီတောင်းနိုင်သေးလို့လား"

ချင်းတျန်နျန်ဒါကိုကြားသော် သူ့မုတ်ဆိတ်များကို သပ်ရင်းစိုက်ကြည့်လိုက်၏။ 

"သူလုပ်ရဲလို့လား"

လုချန်ရှန်း အပြင်ပကမ္ဘာတွင် နယ်ပယ်တစ်ခုခုကို ရောက်ခဲ့ပြီး ဘယ်နယ်ပယ်မှာရှိနေသလဲဆိုတာ မသိရသည့်တိုင် သူ့ကို အန်ကယ်ချင်းဟု နာခံစွာခေါ်နေဆဲပါ။ 

ချင်းတျန်နျန်ကလည်း လုချန်ရှန်းကို ကြိုတင်ပြောခဲ့သည်။ 

လုချန်ရှန်း ထိုအချိန်က အတော်လေးကို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့သည်။ 

"ကောင်းပြီ၊ အားလုံးပဲ ထွက်ခွာဖို့အတွက် အသင့်ပြင်ကြ" ချင်းတျန်နျန်လက်ဝှေ့ယမ်းသောအခါ သူတို့ရှေ့က ဗလာလေဟာနယ်၌ ကြိုးကြာအနည်းငယ် ဆင်းသက်လာသည်။ 

ရှင်းဟုန်ယီ ကြိုးကြာပေါ် တက်တော့မည့်အချိန်တွင် မိုးကုတ်စက်ဝိုင်းကနေ အသံတစ်သံထွက်လာခဲ့သည်။ 

"ဟုန်ယီ၊ ကလန်ကိုပြန်လာခဲ့တော့"

ရှင်းဟုန်ယီတင်မဟုတ်ဘဲ ချင်းတျန်နျန်နှင့် ကျန်သောအကြီးအကဲများပါ အနည်းငယ် ကြက်သေသေသွားကြ၏။ 

ရှင်းမိသားစုက လူရိုင်းဒေသမှ ရှေးဟောင်းလျှို့ဝှက်လူမျိုးစုတစ်ခုဖြစ်သည်။ သူတို့က အတော်လေးကြာမြင့်စွာ တည်ရှိနေခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ရှင်းမိသားစုက ကမ္ဘာကြီးထဲတွင် အမြဲပုန်းကွယ်နေပြီး အပြင်ပကမ္ဘာက မည်သည့်အရာအတွက်မှ မည်သောအခါမှ တိုက်ပွဲမ၀င်ခဲ့ပါ။ 

ထို့ကြောင့် သူတို့၏အတိအကျခွန်အား သို့မဟုတ် သတင်းအချက်အလက်များကို ဘယ်သူမှမသိကြပေ။ 

ရှင်းဟုန်ယီ၏အမူအရာက လေးနက်သွား၏။ သူမတုံ့ဆိုင်းမနေဘဲ ထိုနေရာကနေ ပျောက်ကွယ်သွားလေတော့သည်။ 

.....

တောင်ပိုင်းဒေ၏ နက်ရှိုင်းသည့် တောအုပ်ဟောင်းတစ်ခုထဲတွင် အနီး၀န်းကျင်၌ မည်သူမှမရှိသလို မှော်သားရဲများပင် မရှိချေ။ 

သို့စေကာမူ အနက်ပိုင်းတွင် ဧရာမရှေးဟောင်းနေအိမ်ကြီးတစ်လုံးရှိသည်။ 

ဒါကရှင်းမိသားစုတည်ရှိရာနေရာပေတည်း။ 

ရှင်းဟုန်ယီ ဘိုးဘေးခန်းမကို ရောက်လာခဲ့သည်။ ဆံပင်ဖြူနှင့်အဖိုးအိုတစ်ဦးက ဘိုးဘေးခန်းမရှေ့၌ ဒူးထောက်နေပြီး နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။ 

"ဟုန်ယီ၊ မင်းစံအိမ်တော်ကို ၀င်မယ့်ကိစ္စကို မပြီးမြောက်ခဲ့ဘူးဆိုရင်တောင်မှ အခုအချိန်ကျလာပြီဆိုတော့ မင်းလည်း တစ်ချို့အရာတွေကို သိသင့်ပါပြီ"

အပိုင်း(1091) coming။ 

All Chapters