← Chapters

#ရှင်းမိသားစုလျှို့ဝှက်ချက်၊ ရှင်းဟုန်ယီ၏ ထိတ်လန့်မှု#

Vol. 77 Ch. 1091

#ရှင်းမိသားစုလျှို့ဝှက်ချက်၊ ရှင်းဟုန်ယီ၏ ထိတ်လန့်မှု#

Vol. 77 Ch. 1091

နက်ရှိုင်းသည့်တောင်နှင့် သစ်တောဟောင်းကြီးထဲတွင် ပတ်၀န်းကျင်က သစ်ပင်များက ၎င်းတို့၏ထူထဲသော အကိုင်းအခက်များကို တစ္ဆေသရဲပမာ ဆန့်ထုတ်ထားပြီး နေရောင်ကို တားဆီးပိတ်ပင်ထားလေရာ ရှင်းမိသားစုနေအိမ်ဟောင်းတစ်ခုလုံးကို အရိပ်ထဲတွင် နစ်မြှုပ်သွားစေသည်။ 

အိမ်အိုကြီး၏ နံရံများဆီမှဆေးများက မှိတ်နေပြီး ရှေးဟောင်းအုတ်ကြမ်းအနေအထားကို ပြသနေသည်။ နံရံထောင့်က ရေညှိများက အချိန်နှင့်အတူ တဖြည်းဖြည်းပျံ့နှံ့ကာ အချိန်၏ခြေရာကို ဖော်ပြနေသည်။ ပြတင်းပေါက်များကို သစ်ရွက်များက တင်းတင်းပိတ်ထားပြီး အက်ကေ့ာင်းများကြားက ခပ်ရေးရေးအလင်းက အရိပ်များကို ထင်ဟပ်ရင်း ပုန်းလျှိုနေသော ကြောက်စရာကောင်းသည့် ဆန်းကြယ်မှုတစ်ခုကို ထုတ်လွှတ်နေသည်။ 

သို့စေကာမူ ဒီလူသူကင်းပြီး နေထိုင်ရန်မသင့်လျော်သော ကြီးမားသည့် ရှေးဟောင်းအိမ်ကြီးမှ အထဲတွင် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကို ‌လှောင်ပိတ်ထားသည့်အလား အလွန်အမင်းနက်ရှိုင်းသည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ တိုးညင်လှသောဟိန်းသံများက အထဲကနေ ထွက်ပေါ်နေသည်။ 

ဘိုးဘေးခန်းမထဲတွင် ပတ်၀န်းကျင်ကို အလင်းပေးနေသည့် ဖယောင်းတိုင်အနည်းငယ်သာရှိသည်။ 

တင်းကျပ်စွာပိတ်ထားကာ အနည်းငယ် ဆွေးမြေ့နေပုံရသည့် သစ်သာပြတင်းပေါက်ကနေ ဖြတ်သွားသည့်လေက ဖယောင်းမီးကို ဘယ်ညာလှုပ်ခတ်စေပြီး ရှင်းဟုန်ယီနှင့် အဖိုးအိုတို့၏ အရိပ်ရှည်များကို ဘယ်ညာလှုပ်ခါစေသည်။ 

ဘိုးဘေး၏စကားလုံးများကို ကြားသောအခါ ရှင်းဟုန်ယီ၏ အမူအရာက အနည်းငယ်တုန်ယင်သွား၏။ 

"အထက်ကလူတွေလား၊ ဘိုးဘေး ဘာကိုပြောချင်တာလဲ"

သူမမွေးဖွားလာစဉ်ကတည်းက ရှင်းမိသားစုက သေမျိုးလောကတွင် ပုန်းကွယ်နေခဲ့သည်။ သူတို့ကအပြင်ပကမ္ဘာက အင်အားစုများနှင့် ပတ်သက်ခြင်းမရှိခဲ့သလို အရင်းအမြစ်များအတွက်လည်း တိုက်ခိုက်ခဲ့ခြင်းမရှိပါ။ 

ထိုအချိန်က ရှင်းမိသားစု၏ အရင်းအမြစ်များက မိသားစုအတွက် လုံလောက်သည်ဟု ရှင်းဟုန်ယီထင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမတို့လိုဂျူနီယာများက သူတို့စိတ်အခြေအနေကို တည်ငြိမ်စေပြီး တိတ်တဆိတ်ကြီးပြင်းကာ အဆင့်အတန်းနိမ့်ချလျက် နေနိုင်ရန်အတွက် သူမမျှော်လင့်ထားခဲ့သည်။ 

ယခု ဘိုးဘေး၏စကားလုံးများကို ကြားသောအခါ ရှင်းဟုန်ယီ 'ပူးပေါင်းကြံစည်မှု' ဟုခေါ်သော မီးခိုးရောင်မျက်နှာဖုံး အလွှာတစ်ခုက သူမနှလုံးသားကို ဖုံးလွှမ်းနေသည့်ပမာ ခံစားလိုက်ရသည်။ 

ဒါကို မတင်ကြည့်၍မရသလို မြင်နိုင်စွမ်းလည်းမရှိချေ။ 

ဘိုးဘေးအိုကြီး ခါးကိုကိုင်ကာ လမ်းလျှောက်တုတ်နှင့် ဖြည်းညင်းစွာ ထရပ်ရင်း ရှင်းဟုန်ယီကို လှည့်ကြည့်သည်။ သူ့အသံက စိတ်ဓာတ်ကျမှုများနှင့် ပြည့်နှက်နေသည်။ 

"ဒါကအရမ်းရှုပ်ထွေးတယ်၊ ငါမင်းကို အရင်ဆုံးအတိုချုပ်ရှင်းပြမယ်၊ ငါမင်းကို အသိအမြင်ကြွယ်အောင် လုပ်ပေးပြီးတာနဲ့ အသေးစိတ်ကို မင်းနားလည်သွားမှာပါ"

"ဒါပေမယ့်ငါသိချင်တယ်၊ ဟုန်ယီ၊ ရှင်းမိသားစုကံကြမ္မာအတွက် မင်းအရာတိုင်းကို စွန့်လွှတ်ဖို့ဆန္ဒရှိလား" ဒီနေရာတွင် ဘိုးဘေးအို၏မျက်လုံးများက ထက်ရှသည့် နတ်အလင်းနှင့် ပြည့်လျှံနေပြီး ရှင်းဟုန်ယီကို လင်းယုန်ကဲ့သို့ မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေခဲ့သည်။ 

ရှင်းဟုန်ယီ၏ကိုယ်က တင်းမာသွားသော်လည်း သူမတုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။ 

"ရှင်းမိသားစုက ကျွန်မကို ဘ၀တစ်ခုပေးခဲ့တယ်၊ ဒီတော့ ကျွန်မအသက်ကို ရှင်းမိသားစုက ပိုင်ဆိုင်ပါတယ်"

ဒါ့အပြင် ရှင်းဟုန်ယီက ရှင်းမိသားစုတွင် မွေးဖွားခဲ့ပြီး ဘိုးဘေး၊ မိဘများနှင့် အကြီးအကဲများ၏ နှစ်သက်မြတ်နိုးခြင်းကို ခံခဲ့ရသည်။ ရှင်းဟုန်ယီအတွက် ရှင်းမိသားစုနှင့် ဝေးကွာအောင်လုပ်ရန် အကြောင်းရင်းမရှိပါ။ 

ဒါကိုကြားသော် ဘိုးဘေးအိုကြီး ကျေနပ်စွာခေါင်းညိတ်သည်။ 

"ဒီလိုဆိုမှတော့ ငါမင်းကို ငါတို့ရှင်းမိသားစုရဲ့မူလဇစ်မြစ်ကို အရင်ပြောပြမယ်"

"တကယ်တော့ ငါတို့က သေမျိုးနယ်မြေက မဟုတ်ဘူး"

ရှင်းဟုန်ယီထိတ်လန့်သွား၏။ သူမက ရှင်းမိသားစုတွင် မွေးဖွားခဲ့သည်။ သေမျိုးနယ်မြေတွင် ဘာတွေရှိသလဲဆိုတာ ရှေးဟောင်းစာအုပ်များတွင် ဖော်ပြထားသည်။ 

"ဒါဆိုကျွန်မတို့က....." ရှင်းဟုန်ယီ မိန်းမောတွေဝေစွာမေးသည်။ 

ဘိုးဘေးအိုကြီး ထူးမခြားနားစွာပြောသည်။ 

"ငရဲနတ်ဆိုးနယ်မြေက..."

"အဲဒီအချိန်တုန်းက သေမျိုးနယ်မြေနဲ့ အင်မော်တယ်နယ်မြေတို့ ပူးပေါင်းပြီး ဖိနှိပ်ခဲ့တဲ့နောက်မှာ ငါတို့ ငရဲနတ်ဆိုးနယ်မြေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်" ဘိုးဘေးအိုကြီး သက်ပြင်းချသည်။ 

"ဒါပေမယ့် ငါတို့ရဲ့ငရဲနတ်ဆိုးနယ်မြေက သေမျိုးနယ်မြေနဲ့ အင်မော်တယ်နယ်မြေတို့ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေနိုင်ခဲ့တယ်၊ ငါတို့အင်္ကျီလက်ထဲမှာ ဘယ်လိုလုပ် လှည့်ကွက်နည်းနည်းမရှိဘဲနေမှာလဲ၊ နှစ်များစွာ ဖိနှိပ်ခံရပြီးနောက်မှာ တစ်ယောက်ယောက်က ငါတို့ကို ပုန်းလျှိုးနေတဲ့ စစ်တုရင်အပိုင်းစတစ်ခုဖြစ်ပေးဖို့အတွက် အသိပေးလာခဲ့တယ်"

ရှင်းဟုန်ယီ၏အမူအရာက အလွန်အမင်းတောင့်တင်းကာ ထိတ်လန့်နေသည်။ သူမ၏ စိတ်အခြေအနေကပင် စတင် လှုပ်ခါလာရသည်။ 

သူမဒါကိုတခါမှမတွေးတောထားခဲ့သလို မသိစိတ်ကနေ သူမကိုယ်သူမ သေမျိုးနယ်မြေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။ 

သို့သော် ယခုတွင်မူ သူမက တကယ်လူသားမဟုတ်ဘဲ လူသားမျိုးနွယ်စုကို ဆန့်ကျင်ပြီး သေမျိုးနယ်မြေကို ကပ်ဘေးဖြစ်စေခဲ့သည့် ရန်သူမျိုးနွယ်စုကဖြစ်နေခဲ့သည်။ 

မည်သူပင်ဖြစ်ပါစေ ယခုလိုကြီးမားသည့် သတင်းအချက်အလက်က သူတို့ကို ထိတ်လန့်တုန်လှုပ်စေမည်သာ။ 

ဘိုးဘေးအိုက ရှင်းဟုန်ယီကိုစိုက်ကြည့်သည်။ 

"မင်းဒါကို လောလောဆယ်လက်မခံနိုင်သေးတာကို ငါသိပါတယ်၊ ဒါပေမယ့် အချိန်မရှိတော့ဘူး"

"ငါ လူရိုင်းဒေသကို အဆင့်လျှော့ချခံလိုက်ရတော့ ဒီနေရာက အမွေအနှစ်တွေ ဖြတ်တောက်ခံရပြီး ကျင့်ကြံခြင်းယဉ်ကျေးမှု အရမ်းနောက်ကျတဲ့နေရာတစ်ခုလို့ ငါထင်မိခဲ့တယ်၊ ဒါပေမယ့်ငါ့ကို ပြောပြပြီးနောက်မှာ လူရိုင်းဒေသမှာ ရှေးခေတ်မတိုင်မီက အကြီးကျယ်အခမ်းနားဆုံးကာလတစ်ခုရှိခဲ့တာကို သိခဲ့ရတယ်"

"သေမျိုးနယ်မြေ လူသားဘိုးဘေးလေးဦးထဲက နှစ်ဦးက ဒီနေရာကလာခဲ့ကြတာပဲ"

ရှင်းဟုန်ယီ ထပ်မံထိတ်လန့်သွားရသည်။ 

လူသားဘိုးဘေးများသည် သေမျိုးနယ်မြေ၏ အမြင့်ဆုံးအဆင့်တည်ရှိမှုများဖြစ်သည်။ သူတို့ထဲကတစ်၀က်က လူရိုင်းဒေသက လာကြသည်တဲ့လား။ 

ဒီလိုဆိုပါက ‌လူရိုင်းဒေသက မည်သည့်အတွက်ကြောင့် ယခုလိုအခြေအနေမျိုးနှင့် အဆုံးသတ်သွားရလေသနည်း။ 

ရှင်းဟုန်ယီတွေးနေတာကို မှန်းဆမိပုံရသည့်အလား ဘိုးဘေးအိုခေါင်းခါယမ်းသည်။ 

"အတိအကျတော့ ငါလည်းမသိဘူး၊ ဒီနေရာမှာ ရာထူးလျှော့ချခံရပြီးနောက် ငါတို့ရှင်းမိသားစုက ဒီလိုဖြစ်လာခဲ့တာပဲ"

"ဒါပေမယ့် ဒါကငါတို့နဲ့ဘာမှ မသက်ဆိုင်ပါဘူး၊ ပုန်းလျှိုးနေတဲ့စစ်တုရင်စတစ်ခုအဖြစ် ငါတို့တာ၀န်က တကယ်တော့ သူလျှိုလုပ်ဖို့နဲ့ ချဉ်းကပ်ဖို့ပဲ"

ချဉ်းကပ်မယ်.....!

ရှင်းဟုန်ယီ ကြက်သေသေသွားပြီးမေးသည်။ 

"ဘိုးဘေး ကျွန်မကို စံအိမ်တော်ကို စောင့်ကြည့်စေချင်တာလား"

ထိုအချိန်က ရှင်းမိသားစုက စီနီယာလုအကြောင်းကို သိနှင့်ပြီးသားပင်။ 

သူမတောင်ပိုင်းဒေသက လျှို့ဝှက်တာအိုကျောင်းတော်ကို ၀င်သောအခါ လုချန်ရှန်းအကြောင်း မည်သူမှမသိပါ။ 

ဘိုးဘေးအိုခေါင်းညိတ်သည်။ 

"မှန်တယ်၊ အရင်စံအိမ်တော်သခင်နဲ့ ပတ်သက်ပြီး ငါပြောခဲ့တာကို မင်းမှတ်မိသေးတယ်မလား၊ ငါမင်းကို စံအိမ်တော်နဲ့ ဆက်သွယ်စေချင်တာက အရင်စံအိမ်သခင်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ခြေရာတွေကို ဖော်ထုတ်စေချင်လို့ပဲ"

"အဲဒီသခင်ရဲ့အဆိုအရဆိုရင် စံအိမ်တော်ရဲ့ အရင်ခန်းမသခင်က ငရဲနတ်ဆိုးနယ်မြေနဲ့ သေမျိုးနယ်မြေကြားက တိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ မဟာကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ချေများတယ်၊ တစ်ချိန်တည်းမှာပဲ ဒါက ငါတို့ငရဲနတ်ဆိုးနယ်မြေ ဖိနှိပ်ခံရမှုနဲ့ အနည်းနဲ့အများ သက်ဆိုင်နေတယ်"

ရှန်းဟုန်ယီ တုန်လှုပ်သွားရသည်။ 

"သူက နတ်သခင်တစ်ယောက်လား"

"ငါမသိဘူး" ဘိုးဘေးအိုခေါင်းခါယမ်းသည်။ 

"ဒီလူကအတော်လေး လျှို့ဝှက်ဆန်းကြယ်တယ်၊ သူသာအခုအသက်ရှင်နေမယ်ဆိုရင် သူက ငါတို့ငရဲနတ်ဆိုးနယ်မြေ ပြန်လာဖို့အတွက် အတားအဆီးတစ်ခုဖြစ်လာမှာကို ငါစိုးရိမ်မိတယ်"

"ဒါပေမယ့် ဒီတာ၀န်ကို ကျရှုံးမှုတစ်ခုလို့ မှတ်ယူလို့ရတယ်" ဘိုးဘေးအို စိတ်မကောင်းစွာ ခေါင်းခါယမ်းသည်။ 

"မူလကငါ့မှာ ကြိုးစားချင်စိတ်ရှိခဲ့ပါသေးတယ်၊ ကျရှုံးသွားတယ်ဆိုရင်လည်း ထားပါတော့"

"ငါမင်းကိုအခုပြောချင်တာက သူ့ကို စောင့်ကြည့်ထားဖို့ပဲ"

ဘိုးဘေးအို၏ စကားလုံးများနှင့် အပြုအမူများကို ဂရုတစိုက်နားထောင်ရင်း ရှင်းဟုန်ယီ၏ အမူအရာက လေးနက်လာရသည်။ 

"ရှေးခေတ်တုန်းက သေမျိုးနယ်မြေရဲ့ ကျွမ်းကျင်သူအားလုံးနီးပါး သေဆုံးခဲ့ရတယ်၊ ငရဲနတ်ဆိုးနယ်မြေက တစ်နေ့မှာ ချိပ်စည်းကို ချိုးဖျက်လိမ့်မယ်ဆိုတာ သူတို့သိကြတယ်၊ ဒါကြောင့် သူတို့ရဲ့အမွေအနှစ်ကို ရှေးဟောင်းစစ်မြေပြင်မှာ ချန်ထားခဲ့ကြတယ်"

"အဲဒီလူသားဘိုးဘေးလေးယောက်ကလည်း ခြွင်းချက်မဟုတ်ဘူး၊ သူတို့ဘာအမွေအနှစ်မှ မချန်ထားခဲ့ဘူးဆိုပေမယ့် ငရဲနတ်ဆိုးနယ်မြေကို ပစ်မှတ်ထားနေတဲ့ ပစ္စည်းတွေကိုတော့ ချန်ထားခဲ့ကြတယ်"

"အခု ကြီးကြပ်ရေးဗိမာန်က လှုပ်ရှားမှုတစ်ခုလုပ်ပြီးသွားပြီ" ဘိုးဘေးလေးနက်စွာပြောသည်။ 

"ဒီတော့မင်းလုပ်ဖို့လိုတာက ရှေးဟောင်းစစ်မြေပြင်ကို သွားပြီး တခြားလူသားတွေ အဲဒီပစ္စည်းကို မရအောင်တားဆီးရမယ်၊ ပြီးသွားရင် မင်းအဲဒါကို ယူလာနိုင်ရင် ယူလာရမယ်၊ မဟုတ်ရင် ဖျက်ဆီးပစ်ရမယ်"

"ဉာဏ်အလင်းပွင့်ပြီးနောက်မှာ မင်းသွေးကြောက နိုးထလာပြီး မင်းနယ်ပယ်ကလည်း အကြီးအမား တိုးတက်လာလိမ့်မယ်၊ မင်းဘယ်လောက်ထိ စုပ်ယူနိုင်မလဲဆိုတာကတော့ မင်းသွေးကြောက ဘယ်လောက်ထိ ခံနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်"

"ဒါပေမယ့် ငါမင်းကိုထပ်မေးရဦးမယ်" ဘိုးဘေးအို၏ လင်းယုန်ကဲ့သို့မျက်လုံးများက ရှင်းဟုန်ယီအား လှမ်းကြည့်ရင်း မေးသည်။ 

"မင်းရှင်းမိသားစုကို တကယ်သစ္စာရှိမှာလား၊ ဒီတာ၀န်ပြီးသွားတာနဲ့ ငရဲနတ်ဆိုးနယ်မြေ ပြန်လာတဲ့အခါကျရင် ငါတို့ဘိုးဘေးတွေကို အသိအမှတ်ပြုဖို့အတွက် ငရဲနတ်ဆိုးနယ်မြေကို ပြန်သွားလို့ရပြီ"

ဒါကိုကြားသော် ရှင်းဟုန်ယီ၏ နှလုံးသားထဲတွင် အနည်းငယ်ဝိရောဓိဖြစ်နေသည်။ သို့စေကာမူ သူမဘိုးဘေးအို၏ မျက်လုံးများကို ကြည့်မိသောအခါ သူမက မူလကတည်းက ရှင်းမိသားစု၀င်တစ်ယောက် ဖြစ်တာကို သတိရသွား၏။ ထို့နောက် သူမအသက်ပြင်းပြင်းတစ်ချက် ရှုရင်း လေးနက်စွာခေါင်းညိတ်သည်။ 

"ကျွန်မ လူသားမျိုးနွယ်ရဲ့ ရှင်းဟုန်ယီဆိုတဲ့ ကိုယ်ပိုင်လက္ခဏာကို စွန့်လွှတ်မယ်"

အပိုင်း(1092) coming။ 

All Chapters