စစ်မှန်တဲ့ နတ်ဘုရား ဆင်းသက်လာပြီ
Vol. 24 Ch. 340
"ဘုရင်ကျန်းရဲ့လမ်းကို ငါ နောက်တစ်ကြိမ် လျှောက်လိုက်ရင် တကယ်ပဲ အမတဘေးဆိုး ဖြစ်လာမှာလား"
ရန်ပိ ထွက်သွားပြီးနောက် ချန်ရှီသည် လေးလေးနက်နက် တွေးတောနေခဲ့သည်။ စစ်မှန်သောဘုရင်၏ နန်းထိုင်ခြင်းနှင့် အတိဒုက္ခကို ကျော်လွှားပြီး အထက်ပျံသန်းကို ဖယ်ရှားခြင်းသည် စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ အကျပ်ကိုင်မှု ဖြစ်သလား၊ သို့မဟုတ် သမားရိုးကျ ကျင့်ကြံမှုနယ်ပယ်တွင် အမတ အဆင့်အထိ ပြုစုပျိုးထောင်သည့်အခါ ဘေးဆိုး ဖြစ်သွားလေမလား။
အကယ်၍ ယခင်ကဖြစ်ခဲ့ပါက စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘုရင်ကို ဤအတိုင်းအတာအထိ တွန်းအားပေးနိုင်ဖို့ ဘယ်လောက်တောင် အားကောင်းလိုက်လေမလဲ။
နောက်တစ်ခုက မိရိုးဖလာ နယ်ပယ်မှာ ကျင့်ကြံတဲ့အခါမှာတောင် ဘေးဆိုးဖြစ်ရတဲ့ အကြောင်းရင်းက ဘာများလဲ။ ဘုရင်ကြီး၏ မြို့တော်ကို ၄ကြိမ် ပြောင်းရွှေ့ရခြင်းက ဘေးဆိုးကြီး လေးခုနှင့် အမှန်တကယ် ဆက်စပ်နေသလား။ သို့မဟုတ် အခြား လျှို့ဝှက်ဇာတ်လမ်း ရှိနေတာလား။
လီထျန်းချင် သူ့ကို လာရှာတဲ့အခါ ချန်ရှီ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပြလိုက်သည်။
လီထျန်းချင် : "စိတ်ပျက်ဖွယ်ကုန်းစောင်းက ဘယ်မှာလဲ ငါတို့ သွားစုံစမ်းကြမလား?"
ချန်ရှီ ခေါင်းခါလိုက်သည်။
"မသိဘူး... ငါ့ဦးလေး ချန်ဝူကတော့ စိတ်ပျက်ဖွယ်ကုန်းစောင်းကို သွားတယ် အခုထိ ဘာသတင်းမှ မရှိသေးဘူး ကောင်းလား ဆိုးလားတော့ မသိဘူး"
"ကောင်းကင်နားစွင့်သူတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ တည်နေရာကို ရှာဖို့ သူတို့ကို သုံးနိုင်မလား"
ချန်ရှီက ခေါင်းယမ်းပြီး :"မဖြစ်ဘူး... ကောင်းကင်နားစွင့်သူတွေကို တမန်တော်၊ သင်းထောက်၊ ကျွင်းကျီ၊ ကျွင်းဝမ်၊ ကျွမ်းကျူ ဆိုပြီး ပိုင်းခြားထားတယ်... စိတ်ပျက်ဖွယ်ကုန်းစောင်းရဲ့ တည်နေရာကို ခြေရာခံဖို့ဆို ကျွင်းကျူအဆင့်ကို စောင့်ကြည့်ရမှာ ကြောက်တယ်... ဒါပေမယ့် ကျွင်းကျူကတင် တန်ခိုးကြီးလွန်းနေပြီ..."
ကျွင်းကျူအဆင့်က ချဉ်းကပ်ဖို့ နေနေသာသာ ဇာတိအားဖြင့် စောင့်ကြပ်ရန်ပင် နည်းလမ်းမရှိပေ။
"ကျွိရှန်းမျှော်စင်ကနေ ဦးလေးဝူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေနိုင်မယ် ထင်တယ်..."
လီထျန်းချင်က နားမလည်သလို ကြည့်နေတာကြောင့် ချန်ရှီ ပြုံးပြလိုက်သည်။
"ငါ့ဦးလေး ချန်ဝူက စီမံခန့်ခွဲနိုင်စွမ်း မရှိဘူးလေ... နေ့စဥ်စားရိတ်တွေ အားလုံးကို ကျွိရှန်းမျှော်စင်ကနေ ပေးရတာ... ကျွိရှန်းမျှော်စင်ရဲ့ ငွေစာရင်းစာအုပ်တွေကို နေရာအမျိုးမျိုးမှာ စစ်ဆေးကြည့်ရုံပဲ"
လီထျန်းချင် မျက်လုံးများ တောက်ပလာသည်- "သူ ပိုက်ဆံယူရင် သူ့လှုပ်ရှားမှုတွေကို ငါတို့ သိနိုင်တယ်... သူ ပိုက်ဆံယူတဲ့ နောက်ဆုံးနေရာက စိတ်ပျက်ဖွယ်ကုန်းစောင်း အနီးမှာပဲ ဖြစ်နိုင်တယ်!"
ချန်ရှီ ညင်ညင်သာသာ ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
"သူ စိတ်ပျက်ဖွယ်ကုန်းစောင်းက ထွက်လာပြီး သူ ပိုက်ဆံယူနေသရွေ့ သူ့ဘယ်မှာလဲ ငါတို့ သိနိုင်တယ်... ဒီကိစ္စကို အစ်ကိုရှောက်ရဲ့ စာရင်းကိုင်ကို လွှဲပေးရမယ် မကြာခင်တော့ သတင်းတွေ ထွက်လာလောက်တယ်"
ရှောက်ကျင်သည် ကောင်းကင်ဘုံတရားရုံး၏ စာရင်းကိုင်ဖြစ်ပြီး စစ်ဆေးဖို့ အချိန်နည်းနည်း ယူလိုက်ရင် သတင်းထွက်လာမှာပါ။ သတင်းကို စောင့်နေစဉ် ချန်ရှီသည် ချန်ထန်အား နတ်ဆင်းသက်နယ်ပယ်နဲ့ နတ်သန့်စင်ခြင်း နယ်ပယ်နှစ်ခု၏ သန့်စင်ရေး နည်းလမ်းများအတွက် အကြံဉာဏ်တွေ တောင်းခဲ့သည်။
"နတ်ဆင်းသက်နယ်ပယ်က အရမ်း ရိုးရှင်းတယ်... ရတနာခုနစ်ပါးကို ပူဇော်ဖို့ ယဇ်ပလ္လင်တစ်ခုလိုတယ်... ရေချိုး၊ နံ့သာပေါင်းကို မီးရှို့ပြီး ကောင်းကင်မှာ ယဇ်ပူဇော်ရတယ်။ မင်းရဲ့နတ်သန္ဓေသားက ကောင်းကင်နဲ့မြေကြီးကို ချိတ်ဆက်ပြီး နတ်ဘုရားအစစ်နဲ့ ချိတ်ဆက်လိမ့်မယ်... စစ်မှန်တဲ့ နတ်ဘုရား ဆင်းသက်လာတဲ့အခါ နတ်သန္ဓေသားက ပိုသန်မာလာလိမ့်မယ်... တခါတလေမှာ နတ်ဆင်းသက်တာက အကြိမ် နည်းနည်းနဲ့ မလုံလောက်ဘူး... ဆင်းလာလေလေ၊ ယဇ်ပူဇော်ရလေလေပဲ..."
ချန်ရှီ : "နတ်ဘုရား ဆင်းသက်လာတာက ကျင့်ကြံမှုကို တိုးတက်စေတာလား"
"တိုးတက်စေရုံတင်မကဘူး ခံယူချက် အမျိုးမျိုးလည်း ရှိတယ်... နတ်ဘုရား ဆင်းသက်လာတဲ့အချိန်မှာ နတ်ဘုရားရဲ့ ကြီးမြတ်မှု၊ နက်နဲတဲ့ ခံယူချက်၊ အမှန်တရား အမျိုးမျိုးက ကိုယ့်စိတ်ထဲမှာ ထင်ရှားပေါ်လွင်လာမယ်... တာအိုဘာသာ အမျိုးမျိုးက မွေးမြူထားတာမရှိဘဲတောင် ကိုယ့်ကိုကိုယ် ကျေနပ်မှု ခံစားနိုင်မှာ...."
ချန်ရှီသည် နတ်ဆင်းသက်နယ်ပယ်က ခံယူချက်နှင့် ပတ်သက်၍ အကြံဉာဏ်တောင်းခဲ့ပြီးနောက် ချန်ထန်က သူ့ကို သူ့ကိုယ်ပိုင်ခံယူချက်ကို သင်ပေးခဲ့သည်။ ဤနယ်ပယ်ဟာ အချို့သော ခံယူချက်များကို စကားလုံးများဖြင့် မဖော်ပြနိုင်ဘဲ နားလည်သဘော ပေါက်နိုင်ရုံဖြင့် လက်ဆင့်ကမ်းနိုင်သည်။
ချန်ရှီ နားလည်သွားပုံရပြီး အဖွားရှားဆီက အကြံဉာဏ် သွားတောင်းပြန်သည်။
အဘွားရှား : "နတ်ဆင်းသက်နယ်ပယ် ဆိုတာက နတ်ဘုရားရဲ့ ဆင်းသက်မှု... မင်းနတ်ဘုရားကို မင်းရဲ့ ရှေးဦးဝိညာဉ်အဖြစ် အသုံးချခွင့်ရအောင် ငါမင်းကို အခွင့်အလမ်း တစ်ခု ပေးမယ်... ကောင်းကင်နဲ့ မြေကြီးကို ခံစားဖို့ နတ်ဘုရားတွေ ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ မင်း စိတ်ကူးကြည့်နိုင်လား... နတ်ဘုရားအစစ်တွေကို မင်းရဲ့ မူလဝိညာဉ်အဖြစ် သုံးလိုက်တာကနေ ရလာတဲ့ ခံစားချက်တွေက ဘယ်လောက် တန်ခိုးကြီးမလဲ"
ချန်ရှီ စိတ်လှုပ်ရှားသွားသည်။ ကောင်းကင်နှင့်မြေကြီးကို ခံစားရန် နတ်အစစ်များကို ၎င်းတို့၏ မူလ နတ်ဝိညာဉ်အဖြစ် အသုံးပြုခြင်းသည် တကယ်ကို အံ့သြဖွယ်ကောင်းသော အခြေအနေဖြစ်ပြီး သူ့ကို အလိုလို ယားယံလာစေသည်။
"ကျွန်တော့်မှာက စစ်မှန်တဲ့ နတ်သန္ဓေသား မရှိဘူး... အဲဒါကြောင့် ဒီနယ်ပယ်ရဲ့ အလှကို မခံစားနိုင်ပါဘူး"
သူ တိတ်တိတ်လေး နောင်တရမိသည်။
ရန်ပိအား သူကြွားဝါခဲ့သော်လည်း နယ်ပယ်နှစ်ရပ်ကို ဖြတ်ကျော်ကာ ခန္ဓာပေါင်းစည်းနယ်ပယ် အထိ တိုက်ရိုက် ကျင့်ကြံနိုင်မည်လား မသေချာသေးပါ။ ဘုရင်ကျန်းသည် ကျင့်ကြံနည်းစနစ်ကို ပြန်လည် ပြင်ဆင်သောအခါက နတ်ဆင်းသက်နယ်ပယ်နှင့် နတ်သန့်စင်ခြင်း နယ်ပယ် ပြုပြင်ပေးထားသောကြောင့် ဤနယ်ပယ်နှစ်ခုဟာ ထူးထူးခြားခြား ဖြစ်နေလိမ့်မည်။
ချန်ရှီ: "နားလည်ဖို့ အချိန်ဘယ်လောက်ကြာလဲ"
အဖွားရှားက "မင်း အချိန် ဘယ်လောက်ကြာကြာ လိုချင်တာလဲ... ခဏလေးက တစ်သက်လုံး နားလည်ထားဖို့ လုံလောက်တယ်နော်... နတ်ဆင်းသက်ချိန်က ခဏပဲ အဲဒီအခိုက်အတန့်မှာ ကမ္ဘာကြီးကို နားလည်နိုင်ပြီး တစ်သက်တာ အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာ!"
ချန်ရှီ: "ယဇ်ပူဇော်မှုတွေက နားလည်မှုအချိန်ကို တိုးပေးနိုင်လား?"
အဘွားရှား တုံ့ဆိုင်းနေပြီး :"ဒါက ဖြစ်တော့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ယဇ်ပူဇော်တာက ကျင့်ကြံသူရဲ့ တစ်သက်တာ စည်းစိမ်ကို ဆုံးရှုံးစေတယ်တဲ့..."
မိသားစုကြီးတွေထဲက သားသမီးများမှလွဲ၍ တခြားသူများသည် အလွန်ဆင်းရဲကြလို့ ထိုအဆင့်မှာ အခက်အခဲတွေ ရှိတတ်သည်။ အကြောင်းမှာ နတ်ဆင်းသက်နယ်ပယ်တွင် ယဇ်ပူဇော်ခြင်းသည် ရတနာခုနစ်ပါး လိုအပ်သောကြောင့် ဖြစ်ရာ ရတနာခုနစ်ပါးကို စုဆောင်းရန်အတွက် ၎င်းတို့၏ စည်းစိမ်များကို ရောင်းချနိုင်ခဲ့ကြသော်လည်း အများစုမှာ ၎င်းတို့၏ တစ်သက်တာတွင်ပင် ရတနာခုနစ်ပါးကို မစုဆောင်းနိုင်ကြပေ။
ချန်ရှီ ချင်းယန်ဆီကလည်း အကြံဥာဏ်တောင်းကြည့်သည်။ ချင်းယန်သည် ထိုက်ဟွာချင် နန်းတော်က နတ်ဆိုးကျင့်ကြံသူ ဖြစ်သည်။ သူသည် အသိပညာ ကြွယ်ဝပြီး နတ်ဆင်းသက်နယ်ပယ် အကြောင်း နားလည်မှု အားလုံးကို သင်ကြားပေးခဲ့သည်။
ဟူရှောင်လျောင်ဆီက အကြံဥာဏ်တောင်းရန်လည်း သွားခဲ့သည်။ သူသည် မြေခွေးမျိုးနွယ်စု၏ ဘိုးဘေးဖြစ်ပြီး နတ်ဆင်းသက်နယ်ပယ် အပေါ် ကွဲပြားစွာ နားလည်သဘောပေါက်ထားသည့် နတ်ဆိုးကျင့်ကြံသူ ဖြစ်သည်။
ချန်ရှီ နှိုင်းယှဥ်ကြည့်လိုက်တော့ ချန်ထန်၊ အဘွားရှား၊ ကောင်းကင်မြေခွေးနဲ့ ချင်းယန်တို့အားလုံးသည် နတ်ဆင်းသက်နယ်ပယ်နဲ့ ပတ်သက်၍ မတူညီသော ခံယူချက် ရှိနေကြလေသည်။
စကြာဝဠာငယ်လေးထဲကို သူ ပြန်ဝင်သွား၏။ အထဲ၌ စွင်းယိရှန်းနဲ့ အခွန်ဝန်ကြီးဌာနတွင် အခြားစာရေးများလည်း ရှိခဲ့သည်။ သူတို့ထဲက တော်တော်များများဟာ ခန္ဓာ ပေါင်းစည်းဘုံကို ရောက်နေပါပြီ။ ချန်ရှီ သူတို့ကိုလည်း အကြံဉာဏ်တောင်းကြည့်ရာ စစ်မှန်သော နတ်ဘုရား ဆင်းသက်လာကြောင်းသာ တွေ့ရှိရကာ လူတိုင်းမှာ မတူညီတဲ့ ခံယူချက်တွေ ရှိနေကြ၏။
ထိုအချိန်တွင် ချန်ရှီသည် ယွိထျန်းချန်က နတ်ဆင်းသက်နယ်ပယ် ရောက်ရှိတော့မည်ဟု သတင်းရခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ရှောက်ကျင်သည်လည်း ကောင်းကင်ဘုံသို့ ပူဇော်မည့် သဘာဝရတနာ ခုနစ်မျိုးအား ရှာဖွေရန် တာဝန်ပေးအပ်ခံရသည်။
ကမ္ဘာငယ်လေးကို ဖြတ်၍ တောင်မြင့်ခရိုင်က ယွိထျန်းချန်ကို သွားတွေ့လိုက်သည်။
နတ်ဆင်းသက်နယ်ပယ်က အလွန်အရေးကြီး၏။ ကျင့်ကြံသူအတွက် အတိတ်နှင့် အနာဂတ်ကို ချိတ်ဆက်ပေးသည့် နယ်ပယ်တစ်ခုဟု ဆိုနိုင်သည်။ ထို့ကြောင့် ယွိထျန်းချန်၏ ဆရာ ဟန်ရှန်းစန့်ရန်သည်လည်း ဤနေရာသို့ ရောကိလာခဲ့ပြီး အမှားအယွင်း မရှိစေရန် သူ့အတွက် ယဇ်ပလ္လင်ကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးခဲ့သည်။
ချန်ရှီ ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။ ယဇ်ပလ္လင်၏ ရှေ့တွင် ပင်မပလ္လင်ရှိပြီး အောက်ဘက်တွင် နံ့သာပေါင်းအိုးရှိသည်။ မီးဖိုထဲတွင် အမွှေးတိုင်သုံးချောင်း၊ မီးဖိုရှေ့တွင် လက်ဖက်ရည်ခွက်သုံးခွက်နှင့် သဘာဝရတနာခုနစ်မျိုးတို့ကို လက်ဖက်ရည်ခွက်ရှေ့တွင် အစီအရီ ချထားသည်။ ယွိထျန်းချန် ဒီတစ်ကြိမ်ပြင်ဆင်ထားတဲ့ သဘာဝရတနာ ခုနစ်မျိုးမှာ မီးတောင်သလင်းကျောက်ဖြစ်တဲ့ ပယင်း၊ ရေကန်အနက်ရောင် သံအေး၊ စိုးရိမ်ခြင်းမဲ့မြက်၊ ချီလင်အရိုး၊ နဂါးအကြေးခွံ၊ ဖီးနစ်အမွေးနဲ့ အမည်မသိ ဦးခေါင်းခွံတို့ ဖြစ်၏။
ဦးခေါင်းခွံသည် အလွန်အားကောင်းသော နတ်ဘုရားနှင့် အလွန်အစွမ်းထက်သော ရောင်ဝါကို ပေါ်လွင်စေသည်။ ရတနာ ခုနစ်ပါးအနက် အဖိုးတန်ဆုံး ဖြစ်လေ၏။
ရတနာခုနစ်ပါး၏ ရှေ့တွင် ကြေးနီငွေဒင်္ဂါးပြားများ ထားရှိကာ လက်ဝဲနှင့် လက်ယာဘက်တွင် ဓားရှည်များ ချိတ်ဆွဲထားသည်။ အလယ်တွင် ဒြပ်စင်ငါးခုကို ကိုယ်စားပြုသော အလံငါးခု၊ ဇာတာမှန်တစ်ချပ် ချိတ်ဆွဲထား၏။
ယွိထျန်းချန်သည် စစ်မှန်သော ယန် ရောင်ဝါရှိနေကြောင်း သေချာစေရန်၊ နတ်ဘုရား ဆင်းသက်လာစဉ်အတွင်း နတ်ဘုရားကို မနှောင့်ယှက်မိစေရန် အမွှေးနံ့သာ ဆီမီးများ ဝန်းရံထားသည့် ထွန်းလင်းတောက်ပနေသော ကံဇာတာမှန်အောက်တွင် ထိုင်နေခဲ့သည်။
ဟန်ရှန်းစန့်ရန်သည် ရွှီမိသားစုတွင် မွေးဖွားခဲ့ပြီး မဟာယာနနယ်ပယ် ရောက်ရှိနေပြီ။ ဤအစီအစဉ်သည် ယွိထျန်းချန် ယဇ်ပလ္လင်ပေါ်တွင် အကြာဆုံးဉာဏ်အလင်းရရှိရန် သေချာစေရန် လုံလောက်ပါသည်။
ဉာဏ်အလင်းရချိန် ကြာလေ၊ အကျိုးများလေလေပါပဲ။
ဟန်ရှန်းစန့်ရန်သည် ဤတပည့်အား အလွန်တန်ဖိုးထားခဲ့သည်။ ယွိထျန်းချန်ဟာ အလွန်ထက်မြက်သဖြင့် သူ့အမွေကို အမွေဆက်ခံနိုင်ပြီး သူ့ကိုပင် သာလွန်နိုင်လောက်ကြောင်း ယုံကြည်နေသောကြောင့် ဤယဇ်ကြီးကို အလေးထားခဲ့သည်။
ချန်ရှီ: "လူကြီးမင်းယွိ... ကျွန်တော့်မှာ တကယ့် နတ်သန္ဓေသားလေး မရှိဘူး နတ်ဆင်းသက်နယ်ပယ်ကို ကျင့်ကြံလို့ မရဘူး... နတ်ဘုရား ဆင်းလာတဲ့အခါ ကျွန်တော် ယဇ်ပလ္လင်ကို လာပြီး နည်းနည်းလောက် နားလည်ချင်တယ် အဆင်ပြေလား မသိဘူး"
ဟန်ရှန်းစန့်ရန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ကို တားတော့မည် ဖြစ်သော်လည်း ယွိထျန်းချန်က ပြုံးကာ ပြောလိုက်သည်။
"ဘာဖြစ်လို့ အဆင်မပြေရမှာလဲ... ငါတို့ မှော်ဆရာ တချို့က ရတနာ ခုနစ်ပါးလုံး မရနိုင်ဘူးလေ.... ဒါကြောင့် ကျင့်ကြံသူ လေးငါးယောက်လောက် ပေါင်းပြီး ပိုက်ဆံ စုဆောင်း တတ်ကြတယ်... ရတနာ ခုနစ်ပါး လုံလုံလောက်လောက် ရရင် လေးငါးယောက် အတူတူ ယဇ်ပလ္လင်ပေါ် တက်သွားကြတာပဲ... နတ်အစစ်ကလည်း လေးယောက် ငါးယောက် ဆင်းလာ ကြလိမ့်မယ်..."
ဟန်ရှန်းစန့်ရန်က မျက်မှောင်ကြုတ်ပြီး ချောင်းဆိုးကာ စကားစလုဆဲအချိန်တွင် ရုတ်တရက် ချန်းခယ့်စန့်ရန်က သူ့အဝတ်အစားများကို တိတ်တဆိတ် ဆောင့်ဆွဲလိုက်ပြီး။
"စကားမပြောနဲ့... ကုံကျိုးမှာ ငါတို့ကို နောက်ဆုံးအကြိမ်က ဘယ်လောက် ဆိုးဆိုးရွားရွား အရိုက်ခဲ့တာလဲဆိုတာ မေ့သွားပြီလား.... သူ့ကို ဒေါသထွက်ပြီး ပြင်းပြင်းထန်ထန် သေသွားရင် နောက်ထပ် နတ်ဆိုးတစ်ကောင်က ငါတို့နှစ်ယောက်လုံးကို သတ်ဖို့ ထွက်လာလိမ့်မယ်"
ဟန်ရှန်းစန့်ရန်: "ငါက ကောင်းတာကို... ဘယ်လိုလုပ် အနိုင်ကျင့်ခံပြီး မကောင်းမှုကို ကြောက်ရမှာလဲ?"
"သူ့အဖေ ချန်ထန်က အဆောင်နတ်ထျန်းကျီး ၃၇ကောင် ပါတဲ့ သေတ္တာတစ်ခုနဲ့ ရှီးကျင်း တစ်ခုလုံးကို တိုက်ခိုက်ခဲ့တာ..."
ဟန်ရှန်းစန့်ရန်က ဂရုမစိုက်သလို ရယ်မောလိုက်သည်။
ချန်းခယ့်စန့်ရန် :"သူ့ဦးလေး ရှောင်ဝူက မိသားစု ဆယ့်သုံးစုရဲ့ ဘိုးဘေးတွေကို ကျော်ဖြတ်သွားလို့ အဲ့ဘိုးဘေး ၁၃ယောက်လည်း နှုတ်ဆိတ်နေရတယ်"
ဟန်ရှန်းဟာ လှောင်ပြောင်ဆဲဖြစ်သော်လည်း ချန်ရှီ ယဇ်ပလ္လင်သို့ ရောက်သောအခါတွင် သူ မတားခဲ့ပေ။
ချန်ရှီ ယွိထျန်းချန်ဘေးမှာ ထိုင်လိုက်သည်။
"ငါ့ဆရာသခင်က ထုံးတမ်းစဉ်လာ တစ်ခုလုပ်ပြီး ရတနာခုနစ်ပါးကို ဆက်ကပ်မယ်... နတ်ဘုရားတွေ ဆင်းသက်လာတဲ့အခါ မင်းသူတို့ကို အာရုံခံစားဖို့ အခွင့်အရေး ယူနိုင်တယ်... ဒါပေမယ့် မင်းကိုယ်မင်းပဲ အားကိုးရမယ် ငါ မင်းကို အများကြီး မကူညီနိုင်ဘူး"
ချန်ရှီ သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ဟန်ရှန်းစန့်ရန်ကိုလည်း ကျေးဇူးတင်လိုက်သည်။
"ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။"
ဟန်ရှန်းစန့်ရန်က သူ့ဒေါသကို မျိုသိပ်ပြီး :"မင်းအဖိုး ငါ့ကိုအများကြီး နစ်နာအောင် လုပ်ခဲ့တယ်...ငါ့တပည့်ကိုပါ မင်းက ဒုက္ခပေးပြန်ပြီ... ငါ့တပည့်ကို မတရားဆက်ဆံလို့ မရဘူး..."
သူက ပိုပြောတော့မလို့၊ ဒါပေမယ့် ချန်းခယ့်စန့်ရန်က သူ့ကို လက်ချောင်းတွေနဲ့ အကြိမ်ပေါင်းများစွာ လှမ်းထိနေတာကြောင့် စကားရပ်သွားခဲ့သည်။
"ကောင်းကင်နဲ့မြေကြီးကို ချိတ်ဆက်ပေးမယ့် ရိုးရာဓလေ့တစ်ခု လုပ်မယ်... ထျန်းချန် မင်း ဒီအခွင့်အရေးကို ယူပြီး ရတနာခုနစ်ပါးကို ပူဇော်ဖို့ လက်လွတ်မခံနဲ့ နားလည်လား"
"တပည့် နားလည်ပါပြီ!"
ဟန်ရှန်းစန့်ရန်က သက်ပြင်းချရင်း :"ငါ့တပည့်က ရိုးသားလွန်းတယ်.... သူရဲ့ မြင့်မြတ်တဲ့ ဉာဏ်အလင်းကို တခြားသူတွေကို ဝေမျှခဲ့တယ် ဒီယဇ်ပူဇော်မှုကနေ ဉာဏ်အလင်းတစ်ဝက်ကို ရနိုင်တယ် ကျန်တဲ့တစ်ဝက်ကို ချန်ယင်တူးရဲ့မြေးက ယူသွားမှာ...."
အနတ္တလေဟာပြင်ဘုံကို အသက်သွင်းလိုက်တဲ့အခါ ကောင်းကင်နဲ့ မြေကြီး ရောင်ဝါက အသက်ဝင်လာပြီး စစ်မှန်သော နတ်ဘုရားနှင့် ဆက်သွယ်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိနေသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်လိုက်သည်။
ချန်ရှီနဲ့ ယွိထျန်းချန်လည်း အလွန်စိတ်အားထက်သန်လာကြသည်။ စကြဝဠာနှင့် ကြယ်ရောင်စုံသော ကောင်းကင်ကြီးတွင် ယဇ်ပလ္လင်သည် အနောက်နွားရှင်းကျိုးက၏ အပြင်ဘက်ကမ္ဘာအထိ မျှောနေပုံရပြီး စစ်မှန်သော နတ်ဘုရားထံ ရောက်သွားသလို သူတို့ခံစားခဲ့ရသည်။
သူတို့ရှေ့က နတ်ဘုရား အစစ်ဟာ အလွန်ကြီးကျယ်ခမ်းနားလှသည်။ သူတို့၏ ဝိညာဉ်အသိစိတ်သည် နတ်ဘုရားရှေ့၌ သမုဒ္ဒရာထဲက ရေတစ်စက်အတိုင်းပင်။
ယွိထျန်းချန် ချက်ချင်းပင် ရတနာခုနစ်ပါးကို ကမ်းလှမ်းခဲ့သည်။ ယဇ်ပလ္လင်ပေါ်ရှိ သဘာဝပစ္စည်းများနှင့် ရတနာခုနစ်မျိုးတို့သည် လူးလှိမ့်ကာ အနှစ်သာရအဖြစ် ပြောင်းလဲသွားပြီး ဟန်ရှန်းစန့်ရန်၏ ရောင်ဝါနှင့်အတူ ကောင်းကင်သို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။
ကောင်းကင်မှ နတ်အလင်းကလည်း လှိုင်းထန်ကာ ဆင်းသက်၍ ယဇ်ပလ္လင်ပေါ် ထွန်းလင်းလာသည်။ ထို့နောက် ထိုအလင်းရောင်များက ယဇ်ပလ္လင်ပေါ်ရှိ လူနှစ်ယောက်အပေါ် လင်းထိန်လာ၏။
နတ်ကွန်းတစ်ခုက ယွိထျန်းချန်ရဲ့ နောက်ကွယ်တွင် အလိုအလျောက် ပေါ်လာပြီး နတ်ကွန်းရှိ နတ်သန္ဓေသားသည် ကောင်းကင်သို့ ပျံတက်ကာ နတ်အလင်းတန်းတစ်လျှောက် ပျံသန်းသွားခဲ့သည်။
ချန်ရှီသည် နတ်အလင်းရောင် တစ်လျှောက် ကျဆင်းလာသော နတ်ဘုရားများထံမှ တီးတိုးသံတစ်ခုကဲ့သို့ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။ သူ့စိတ်ထဲတွင် ကြီးမားပြီး နားမလည်နိုင်သော စွမ်းအားတစ်ခု ကျဆင်းလာတာ ခံစားလိုက်ရကာ သူ၏ နတ်ကွန်းသည် ရွှေ့ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း နတ်ကွန်းပေါ်ရှိ အဖြူရောင်ဝတ်နတ်သမီးက မျက်လုံးမှိတ်ထားပြီး မပျံတက်သွားပေ။
မယ်မယ်ရှစ်ကျီသည်လည်း နတ်ကွန်းပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး မတုန်မလှုပ်။ သူ့ကိုယ်ပိုင် နတ်ဝိညာဥ်ကလည်း လုံးဝတုံ့ပြန်ခြင်း မရှိချေ။
ဒုတိယသေးငယ်သော ဘုံကျောင်းတွင် ပုန်းအောင်းနေသော ကလေးမလေး တစ်ယောက်ရှိသည်။ သူ ဖမ်းပြီး ဒုတိယဗိမာန်ငယ်ရဲ့ နတ်ကွန်းပေါ်မှာ တင်ထားခဲ့တဲ့ အရှင်ချင်းထျန်း လူဝင်စားသော နန်းနန်းပင်။ နတ်အလင်းသည် ချန်ရှီအပေါ် ထွန်းလင်းစေသော်လည်း နတ်သန္ဓေသားဆီသို့ ဦးတည်မသွားခဲ့ပေ။
ဟန်ရှန်းစန့်ရန်က သက်ပြင်းချပြီး တိုးတိုးလေးပြောလိုက်သည်။
"မင်းက ငါ့တပည့်ကို ဘာမှ အခွင့်အရေး မယူနိုင်ဘူးပဲ..."
ချန်ရှီ၏ ဝိညာဉ်သည် ယွိထျန်းချန်၏ နတ်သန္ဓေသားနှင့် ချိတ်ဆက်ထားသည်။ ထိုနတ်သန္ဓေသားသည် နတ်အလင်းရောင်ဖြင့် ကောင်းကင်သို့ ပျံတက်သွားကာ ကောင်းကင်ကနတ်ဘုရားနဲ့ ချိတ်ဆက်သွားသည်။
နတ်သန္ဓေသားကို မူလကတည်းက ကောင်းကင်ကနတ်ဘုရားက ပေးခဲ့ခြင်းဖြစ်သည်။ နတ်သန္ဓေသားသည် ၎င်းထဲသို့ ပေါင်းစည်းလိုက်သောအခါ ယွိထျန်းချန်ဟာ ကောင်းကင်ကနတ်ဘုရား အဖြစ် ပြောင်းလဲသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ တခဏအတွင်းမှာပင် ကြီးမားသော ထိုးထွင်းသိမြင်မှုများက တစ်ခုပြီးတစ်ခု သူ့စိတ်ထဲ တိုးဝင်လာ၏။
ထိုအချိန်တွင် ကောင်းကင်ကနတ်ဘုရားက သူ့ရဲ့ နတ်ဝိညာဥ် ဖြစ်နေပုံရသည်။ ဒါက နတ်ဆင်းသက်နယ်ပယ် အတွက် နက်နဲသော အရာဖြစ်သည်။
ကောင်းကင်မှ နတ်ဘုရားသည် နတ်သန္ဓေသားနယ်ပယ်၌ ရှိစဉ်တွင် နတ်သန္ဓေသားကို ပေးသနားမည် ဖြစ်သည်။ နတ်သန္ဓေသားလေးဟာ ကျင့်ကြံသူတွေကို လေ့ကျင့်ပေးပြီး သူတို့ရဲ့ ချီကို ထိန်းညှိပေးနိုင်တဲ့ ရှေးဦး နတ်ဝိညာဉ်အပေါ် အကျိုးသက်ရောက်မှု ရှိစေမည်။
နတ်ဆင်းသက်နယ်ပယ်သို့ ရောက်ရှိသောအခါ နတ်သန္ဓေသားသည် နတ်ဘုရား၏ ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိချိန်တွင် နတ်ဘုရားက ကျင့်ကြံသူရဲ့ နတ်ဝိညာဥ်ကို အသုံးပြုမည်၊ ကောင်းကင်ဘုံကို ခံစားပြီး မြေကြီးကို နားလည်ကာ အကျိုးကျေးဇူးများစွာကို ရရှိစေမည်။
ခဏလေးနဲ့ တစ်သက်လုံး အကျိုးရှိစေလိမ့်မည်။
ဟန်ရှန်းစန့်ရန်သည် ကောင်းကင်မှကျလာသော အလင်းတန်းကို ကြည့်လိုက်ရာ၊ အလင်းတိုင်သည် ပိုထူပြီးရင်း ထူလာကာ ရောင်စုံအလင်းသည် မိုင်ပေါင်းများစွာ တောက်ပနေတာ တွေ့လိုက်ရသည်။
ဟန်ရှန်းနဲ့ ချန်းခယ့်တို့ အကြီးအကဲနှစ်ဦးက စိတ်လှုပ်ရှားသွားပြီး ချန်းခယ့်စန့်ရန်က ဆိုလိုက်သည်။
"ဟန်ရှန်း... မင်းတပည့်က ဘယ်လိုဘုရား နတ်သန္ဓေသားလဲ... သူ့ရဲ့ နတ်ဆင်းသက်ပုံက အစွမ်းထက်လွန်းတယ်!"
"ဒုတိယတန်းအဆင့် နတ်သန္ဓေသား... ဒါက ချန်ရှီကို ပေးခဲ့တဲ့ အဆင့်ထဲက အစိတ်အပိုင်းတစ်ခု ဖြစ်နေတုန်းပဲ... မဟုတ်သေးဘူး!"
နတ်ဆင်းသက်ခြင်း အလင်းတန်းသည် ပိုပိုထူလာကာ ဒုတိယတန်းစား နတ်သန္ဓေသား ရရှိနိုင်သည့် ခံယူချက်ကို ကျော်လွန်လာသည်။ ထို့အပြင် နတ်ဘုရားများ၏ ဆင်းသက်မှုသည် ခဏတာမျှသာ ကြာမြင့်သည်။ နတ်သန္ဓေသားသည် စစ်မှန်သော နတ်ဘုရား၏ ကိုယ်ခန္ဓာထဲသို့ ပြန်ရောက်သည်နှင့် နတ်သန္ဓေသားက ပြန်လာလိမ့်မည်။
သူတို့ပြင်ဆင်ထားတဲ့ ရတနာခုနစ်ပါးက ကောင်းပေမယ့် နတ်ဘုရားတွေရဲ့ ဆင်းသက်လာမှုက သိပ်မကြာခင်မှာပဲ ကုန်ဆုံးသင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်တည်ခဲ့တာပင်။ သို့သော် ကောင်းကင်မှ ကျလာသော အလင်းရောင်သည် ပို၍ပို၍ ပြင်းထန်လာပြီး ၎င်းတွင်ရောထွေးနေသော နတ်ဘုရားရဲ့ ခံယူချက်ကလည်း ပိုမိုနက်ရှိုင်းလာသည်။
"ပထမတန်းစားထက် ပိုနေတာလား"
ဟန်ရှန်းစန့်ရန် တုန်လှုပ်သွားသည်။ ယဇ်ပလ္လင်ပေါ်ရှိ မြင့်မြတ်သော လက်ဆောင်သည် ပထမတန်းမှ သန္ဓေသားရရှိနိုင်သည့် မြင့်မြတ်သောလက်ဆောင်ထက် ကြာမြင့်ခဲ့ပြီ။
ပထမတန်းအဆင့် နတ်သန္ဓေသားကို ခရမ်းရောင်ကျောက်စိမ်းနှင့် ဝမ်ချန်းဟူ၍ နှစ်မျိုးခွဲထားသည်။ နှစ်ဦးစလုံးသည် ကမ္ဘာပေါ်တွင် ပထမတန်းစား နတ်သန္ဓေသားများ ဖြစ်သည်။ နတ်ဆင်းလာသောအခါ ဤနတ်သန္ဓေသား နှစ်ကောင်သည် ကောင်းကင်မှ ပျံတက်ကြပြီး စစ်မှန်သောဘုရားများနှင့် သဟဇာတ ဖြစ်ကြ၏။ သူတို့သည် စစ်မှန်သော နတ်ဘုရားသညာ၏ အခိုက်အတန့်ကို ရရှိနိုင်မည်။ သန်မာသော နတ်သန္ဓေသား ဆင်းသက်ပြီးနောက် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သို့ ပြန်သွားနိုင်သည်။
သူကိုယ်တိုင်က ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသား ပိုင်ဆိုင်ထားသူပင်။ နတ်ဆင်းသက်နယ်ပယ် အထိ ကျင့်ကြံခဲ့စဥ်က နတ်ဆင်းသက်လာသော အတိုင်းအတာသည် ယခုထက်ပင် နည်းပါးပါသည်။
မြှောက်ပင့်ဖို့တောင် နောက်ကျသွားပြီ။
ဤသည်မှာ ယွိထျန်းချန်ရဲ့ နတ်သန္ဓေသား ရရှိနိုင်သော နတ်လက်ဆောင်တစ်ခု မဟုတ်တာ သေချာသွားပါပြီ။ နတ်အလင်းသည် အလွန်တောက်ပနေသဖြင့် မိုင်တစ်ရာဝေးသော ရှီးကျင်းကပင်လျှင် ပြတ်ပြတ်သားသား မြင်နိုင်သည်။
စစ်ထျန်းကျန်း ဌာနသည် ဤလမ်းကြောင်းကို စူးစမ်းရန် ကြေးမှန်ကြီးများကို စုစည်းထားပြီ ဖြစ်သည်။ အခြားသခင်များစွာတို့က ရှီးကျင်းက ထွက်ခွာပြီး တောင်မြင့်ခရိုင်သို့ အပြေးအလွှား သွားနေကြသည်။
အသက်ကြီးသူနှစ်ယောက် ဖြစ်သော ဟန်ချန်းသည်လည်း ထိတ်လန့်တုန်လှုပ်သွားကာ သူတို့ကိုယ်ထက် အားနည်းသော ရောင်ဝါများစွာ ရှိနေကြောင်း ခံစားလိုက်ရသည်။ သူတို့သည် မဟာယာနနယ်ပယ်၏ အရှင်သခင် ဖြစ်ရာ တစ်စုံတစ်ဦးမှ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိလာမှာကို စိုးရိမ်တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင် အနတ္တလေဟာပြင်ဘုံကို ချက်ချင်း ထုတ်လွှတ်ပေးလိုက်သည်။
"မဟုတ်ဘူး...မဟုတ်ဘူး ထျန်းချန်ရဲ့ နတ်သန္ဓေသားက ဒီလောက်ကြီးတဲ့ ရောင်ဝါကို မပေါ်လာစေနိုင်ဘူး!"
ဟန်ရှန်းစန့်ရန် ထိတ်လန့်တုန်လှုပ်လာသည်။
"ဒါက ချန်ရှီကြောင့် ဆင်းသက်လာတာလား? မွေးရာပါ တာအိုသန္ဓေသားက တကယ်ကို အစွမ်းထက်တာလား... မဟုတ်ဘူး ဒီလောက် မသန်မာနိုင်ပါဘူး... ပြီးတော့ သူ့ရဲ့ မွေးရာပါ တာအိုသန္ဓေသားကို တစ်ယောက်ယောက်က ဖယ်ထုတ်လိုက်ပြီးပြီလေ!"
ချန်းခယ့်စန့်ရန်လည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စစ်မှန်သော နတ်ဘုရား၏ ဆင်းသက်မှုက အဆုံးမသတ်သေးချေ။
ချန်းခယ့်: "ဒါကို ဖြစ်စေတဲ့ သူ့စိတ်ထဲမှာ မွေးရာပါ တာအိုသန္ဓေသားရဲ့ အကြွင်းအကျန် အငွေ့အသက် ရှိနေသေးတာကြောင့် ဖြစ်နိုင်တယ်"
ဟန်ရှန်းစန့်ရန် : "ကျန်နေတဲ့ အငွေ့အသက်ကြောင့် ဖြစ်ပေါ်လာတဲ့ နတ်ဆင်းသက်တဲ့ အတိုင်းအတာက ပထမတန်းစား နတ်သန္ဓေသားထက် ဆယ်ဆ ပိုတယ်... ဒါက ဖြစ်နိုင်လို့လား..."
တကယ်တော့ ချန်းခယ့်စန့်ရန်လည်း မယုံနိုင်သေးပေ။ ဤအခိုက်အတန့်တွင် အရှည်သုံးမီတာကျော် ရှိသော နတ်သန္ဓေသားလေးသည် ကောင်းကင်မှ အံ့သြဖွယ်အသက်ရှုသံများဖြင့် ပြန်ဆင်းသက်လာသည်။
အသက်ကြီး သူနှစ်ယောက်ဖြစ်တို့ဟာ ဒီနတ်သန္ဓေသားကိုသာ စိုက်ကြည့်နေခဲ့ကြပြီး နတ်သန္ဓေသားရဲ့ အတိုင်းအတာက သာမာန်ထက် အဆပေါင်းများစွာ ပိုကြီးနေ၏။ ဟန်ရှန်းစန့်ရန်လည်း အလွန်ဝမ်းမြောက်ကာ ညည်းညူလိုက်သည်။
"ငါ့တပည့်ကသာ ကလေးပညာရှင်ကို အခွင့်ကောင်းယူခဲ့တာပဲ..."
နတ်သန္ဓေသားသည် တဖြည်းဖြည်း သေးငယ်လာပြီး နတ်ကွန်းထဲသို့ ကျသွားသည်။ ထိုစဥ် ယွိထျန်းချန်က ခေါင်းနောက်ကွယ်ရှိ နတ်ကွန်းသည် တုန်ခါနေပြီး ချန်ရှီခေါင်းနောက်သို့ ဆက်လက်ရွေ့လျားနေတာ တွေ့လိုက်ရလေ၏။
နှစ်ယောက်သား ထိတ်လန့်သွားသည်။ ဤတစ်ကြိမ် နတ်ဆင်းသက်မှုသည် ချန်ရှီ၏ မွေးရာပါ တာအိုသန္ဓေသား အကြွင်းအကျန် ထွက်သက်ဝင်သက်ကို ခံစားလိုက်ရရာ နတ်သန္ဓေသားသည် ယွိထျန်းချန်ရဲ့ ထိန်းချုပ်မှုမှလွတ်မြောက်ရန် ကြိုးပမ်းရင်း ချန်ရှီထံသို့ ချဉ်းကပ်လာခဲ့သည်။
ယွိထျန်းချန်၏ နတ်သန္ဓေသားသည် ချန်ရှီ၏ ဘုံကျောင်းနောက်သို့ ပြေးသွားလေသည်။ ချန်ရှီဆီက အသိအမှတ်ပြု ခံပါက ဤရိုးသားသော တပည့်ဟာ အသတ်ခံရမည်ကို ကြောက်လာသည်။ နောက်ဆုံးတွင် နတ်အလင်းရောင်များ ပျောက်ကွယ်သွားပြီး ယွိထျန်းချန်ခေါင်း အနောက်ဘက်ရှိ နတ်ကွန်းသည် တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။
ဟန်ရှန်းစန့်ရန် သက်ပြင်းတစ်ချက်ချကာ ချွေးသုတ်လိုက်သည်။ ထိုအခိုက် ယွိထျန်းချန်ကလည်း မျက်လုံးများကို ဖွင့်လိုက်ပြီး ခဏတာ အံ့အားသင့်သွားခဲ့သည်။
"ဆရာ...ကျနော် အနတ္တသန့်စင်နယ်ပယ် ဖြတ်ကျော်သွားသလိုပဲ!"
ဤအခိုက်အတန့်တွင် သူသည် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်နှစ်ထက်ပိုသော ကြိုးစားအားထုတ်မှုထက် ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများစွာကို ရရှိခဲ့လေသည်။