← Chapters

နတ်ဆိုးလမ်းစဥ်

Vol. 24 Ch. 345

နတ်ဆိုးလမ်းစဥ်

Vol. 24 Ch. 345

ချန်ရှီမျက်နှာက ဒေါသကြောင့် တင်းမာနေ၏။

သက်ရှိကမ္ဘာကြီးက မငြိမ်းချမ်းဘူး။ မိသားစုကြီးဆယ့်သုံးခုက သက်ရှိလောကကို အုပ်ချုပ်ကာ ပြည်သူကို ဝိုင်းပြီး အနိုင်ကျင့်ကြသည်။ လောကမှာ မတရားသေတဲ့သူတွေ အများကြီးပင်။ သေပြီးနောက် သူတို့သည် အမတမြို့ထဲသို့ မ၀င်နိုင်ဘဲ အထီးကျန်သော သရဲတစ္ဆေများသာ ဖြစ်လာရသည်။

မတရားသဖြင့် သေပြီးနောက် တိရစ္ဆာန်များကို အစာကျွေးရန်အတွက် မြေအောက်ကမ္ဘာရှိ နတ်တစ္ဆေများက မြက်ပင်အဖြစ် ဆက်အသုံးပြုကြလိမ့်မည်။ အနိုင်ကျင့်မှုများစွာကို သူ မြင်ဖူးသော်လည်း အခုလို အနိုင်ကျင့်ပုံကိုတော့ သူ တစ်ခါမှ မတွေ့ဖူးပါ။

ကျယ်လောင်သော ခွာသံများက မြူခိုးများထဲမှ ထွက်ပေါ်လာကာ နီမြန်းသော လျှာရှည်​ကြီးများ ပျံတက်သွားပြီး ချန်ရှီနဲ့ ဖန်ကျွီဆီသို့ လှိမ့်ဝင်လာခဲ့သည်။

ချန်ရှီသည် ဘေးသို့ ရှောင်တိမ်းလိုက်ကာ လျှာနီ အရှည်ကြီးကို ဆုပ်ကိုင်ကာ သွေးအိုင်ကျမ်းကို ချက်ချင်း ထုတ်လိုက်သည်။ ရုတ်တရက် လျှာရှည်သော သွေးများက သူ့လက်ချောင်းရိုးတစ်လျှောက်နှင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

တခဏချင်းတွင် လျှာရှည်သည် ထင်းခြောက်ချောင်းကဲ့သို့ လျင်မြန်စွာ ခြောက်သွေ့ကာ အလွန်ကြွပ်ဆတ်လာသည်။ တစ်ချက် ထပ်နှိပ်လိုက်ရုံဖြင့် ကျိုးသွားကာ မြေပေါ်သို့လဲကျကာ ဒါဇင်ထက်မနည်းသော အပိုင်းအစများ ကွဲသွားလေသည်။

ချန်ရှီသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးနှင့် ချီများ လည်ပတ်နေသည့်အပြင် သူ့အရိုးစုခန္ဓာကိုယ်သည် ထိတွေ့မှုအချို့ရှိသကဲ့သို့ ထူးဆန်းသော အသားတစ်ခု ရှိနေဟန် ခံစားနေရသည်။ ခြေဖဝါးများသည် မြေပြင်၏ ကြမ်းတမ်းမှုနှင့်အတူ စီးဆင်းနေသော မြူခိုးများအား သဲပုံစံသဖွယ် ခံစားနိုင်သည်။

ထို့အပြင် သူ့ဦးခေါင်း အနောက်ဘက်ရှိ သွေးအိုင်များက မသိစိတ်အလျောက် ပိုမိုကြီးမားလာသည်။ သွေးအိုင်ကျမ်း စွမ်းအင်၏အရှိန်သည်လည်း ပိုမိုမြန်ဆန်လာ၏။

သူ့ကိုယ်သူပင် အနည်းငယ် လန့်သွားသည်။

သွေးအိုင်ကျမ်းကို ကျင့်သုံးသောအခါ ဤကျင့်စဥ်၏ ကဏ္ဍအားလုံးကို နားလည်သဘောပေါက်ခဲ့သည်။ ၎င်းက နတ်ဝိညာဉ်ကို သန့်စင်ရန်၊ ဦးခေါင်းနောက်ကွယ်ရှိ သွေးအိုင် ငရဲကို သန့်စင်ရန်ပင်။ နတ်ဝိညာဉ်ကို အာဟာရဖြည့်တင်းရန်အတွက် သွေးအိုင်ငရဲကို အသုံးပြုရမည်။ အဓိကအားဖြင့် ပြင်းထန်သော လေ့ကျင့်မှု နည်းစနစ်တစ်ခု ဖြစ်ကြောင်း သိသာ ထင်ရှားလှသော်လည်း မကောင်းမှု တစ်စုံတစ်ရာ မရှိခဲ့။

ဒီမှော်ကျင့်စဥ်ကို လေ့ကျင့်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးကြားက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ပြီး ဦးခေါင်းနောက်မှာ သွေးအိုင်တွေတောင် ဖြစ်ပေါ်လာသေး၏။

ကျင့်​ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ သွေးစက်သည် တဖြည်းဖြည်း သွေးကန်အဖြစ်သို့ ပြောင်းလဲလာ၏။ ထို့နောက် သွေးကန်မှ သွေးအိုင်သို့ လည်းကောင်း၊ သွေးအိုင်မှ သွေးပင်လယ်သို့ ပြောင်းလဲလာသည်။ ဤနည်းအားဖြင့် သွေးအိုင်ငရဲကို ကျင့်ကြံရသည်ဟု ယူဆကြပြီး နတ်ဝိညာဉ်က အကန့်အသတ်မရှိ စွမ်းအား ကြီးမားသည်။

သို့သော် ဘာကြောင့်လဲ မသိပေမယ့် သွေးအိုင်ကျမ်းကို လည်ပတ်လိုက်တဲ့အခါ အခြားသတ္တဝါများရဲ့ သွေးနှင့် ချီကိုပါ အမှန်တကယ် ဆုပ်ကိုင်ထားနိုင်ခဲ့၏။

ဒါက နတ်ဆိုးလမ်းစဥ်ထဲက မှော်ပညာတစ်ခုပဲ။

သေချာတာကတော့ ဒါဟာ နတ်ဆိုးကျင့်စဥ် မှော်ပညာတစ်ခုပဲ။

ဒါကို သူတွေးတောနေစဉ်တွင် ဘီလူးကြီးသည် တစ္ဆေဦးခေါင်းပါ သားရဲကောင်များနှင့်အတူ မြူခိုးများထဲမှ ရုတ်တရက် အသားများ လှုပ်ရှားနေသော တောင်ကြီးတစ်ခုကဲ့သို့ သူ့ဆီသို့ ပြေးလာသည်။ အခုနတုန်းက လျှာကွဲသွားတဲ့ ဘီလူးကောင်ပင်။

ချန်ရှီ နှစ်ခါမျှ မတွေးနေဘဲ ဘီလူး၏ နဖူးပေါ်သို့ သူ့လက်ကို တင်လိုက်သည်။ သူ့အရိုးတွေ ကျိုးလုမတတ် ပြင်းထန်စွာ ပြန်အရိုက်ခံလိုက်ရ၏။ သူ့ခြေထောက်တွေက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ဘဲ နောက်ပြန် ဆုတ်သွားရလေသည်။

ဖန်ကျွီသည် တိုက်မိခြင်းမှ ရှောင်လွှဲထွက်ရန် အတောင်ပံခတ်ကာ ပျံသန်းချင်သော်လည်း ချန်ရှီက မတည်မငြိမ်ဖြစ်နေတာ မြင်လိုက်ရသောအခါ သူ တွေးမနေဘဲ ခုခံရန် သူ့လက်များကို ဆန့်တန်းလိုက်သည်။

ဤနတ်ဆိုးကို ရှန်း ဟုခေါ်ပြီး မြေအောက်ကမ္ဘာမှ သတ္တဝါဖြစ်သည်။ အသားရှိပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိသည်။ ၎င်းခန္ဓာကိုယ်က အခိုးအငွေ့ ထွက်စေကာ စိတ်ဝိညာဉ်၏ အသွေးအသားကို စားချင်သည့် အကောင်ပင်။ ၎င်းသည် အရွတ်အသားများနှင့် ပြည့်နေပြီး အဆုံးမရှိ ခွန်အားရှိသည်။

တောထဲမှာရှိတဲ့ ရှန်းအရိုင်းတွေဟာ တွေ့ရခဲပြီး သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေကိုတောင် ချောင်းမြောင်းတိုက်ခိုက် ခံရတတ်သည်။ သတိမထားမိပါက တန်ခိုးကြီးသော တစ္ဆေများနှင့် နတ်ဘုရားများပင်လျှင် ၎င်းတို့၏သားကောင် ဖြစ်လာပြီး မြူခိုးထဲသို့ ဆွဲငင် စားသောက်ခံရလိမ့်မည်။

အမဲလိုက်တဲ့အခါ ဧကဒါဇင်ပေါင်းများစွာကို ဖုံးလွှမ်းနိုင်တဲ့ ပါးစပ်ကနေ မြူခိုးတွေ ထုတ်လေ၏။ မြေအောက်ကမ္ဘာမှာ လျှောက်သွားတဲ့အခါ တောထဲမှာ မြူခိုးတွေကို မကြာခဏ တွေ့နေရရင်တော့ အဲဒီထဲမှာ ရှန်း ပုန်းကွယ်နေတာမျိုး ဖြစ်နိုင်ပါသည်။

ရှန်းရှန်းကို အိမ်မွေးတိရိစ္ဆာန်လို မွေးပြီးနောက် ၎င်းသည် သရဲနှင့် နတ်များအတွက် အသားကို ထောက်ပံ့ပေးနိုင်ပြီး ၎င်း၏အသားသည်လည်း မရဏကမ္ဘာ၏ သက်တမ်းကို တိုးမြင့်စေနိုင်သည်။ မရဏကမ္ဘာ၏ သက်တမ်းဟု ခေါ်သော အရာမှာ ဝိညာဉ်၏သက်တမ်းပင်။ ထို့ကြောင့် ရှန်းရှန်း အသွေးအသားကို သရဲနှင့် နတ်ဘုရားများကလည်း နှစ်သက်ကြသည်။

ချန်ရှီနဲ့ ဖန်ကျွီတို့သည် သားရဲ၏ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ဘဲ နောက်ပြန် ဆုတ်သွားကြရသည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးမှ သားရဲနှစ်ကောင်ဟာ ဘယ်တစ်ကောင်၊ ညာဘက်တွင် တစ်ကောင် ပြေးလာကြသည်။ နှစ်ယောက်သား အမြန်ရှောင်လိုက်သဖြင့် ပေါက်ကွဲသံနှစ်ခုနဲ့အတူ အလယ်က တစ်ကောင်အား ထိမှန်သွားသည်။ ထိုသားရဲက သတိလစ်သွားကာ ချန်ရှီတို့ကို ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။

သားရဲနှစ်ကောင်က တဟားဟား ရယ်မောကာ ခြေသည်းများကို ဆန့်ထုတ်ရင်း သူတို့နှစ်ကောင်ကို ဖမ်းဆုပ်လိုက်လေသည်။

"ဖန်ကျွီ.... သွေးအိုင်ကျမ်း!"

ချန်ရှီ ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သွေးအိုင်ကျမ်းကို ထပ်မံအသက်သွင်းလိုက်သည်။ သွေးရောင် ဓားစွမ်းအင်သည် ဘယ်ဘက်သို့ ဖြတ်သွားခဲ့သည်။ လက်ဝဲဘက်ရှိ သားရဲ၏ ခြေသည်းကို သွေးရောင်ဓားအလင်းက ဖြတ်ပစ်လိုက်၏။

ထူးဆန်းတာက သွေးရောင် ဓားအလင်းဟာ ခြေသည်းကို ဖြတ်တောက်ပြီးတဲ့ နောက်မှာတောင် စွမ်းအားက လုံးဝ မလျော့သွားဘဲ အရင်ကထက် ပိုပြင်းထန်လာသည်။ ရှန်းရှန်း၏ အကျည်းတန်သော ခြေသည်းများက အဖြတ်ခံရကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် သွေးများထွက်မလာဘဲ လျင်မြန်စွာ ခြောက်​သွေ့သွားသည်။

ရှန်းရှန်း၏ ရှေ့ခြေဖဝါးကို ဖြတ်ထားသည့်နေရာမှလည်း သွေးထွက်မလာပါ။ ရှေ့ခြေလက်များက သစ်ကိုင်းခြောက်နှင့်ပင် တူသည်။ အရင်က အရမ်းထူခဲ့ပေမယ့် အခုတော့ ပိုပါးလာပါပြီ။

ချန်ရှီမှာ အလွန်အမင်း စဉ်းစားရန် အချိန်မရှိသဖြင့် ဓားစွမ်းအားကို တိမ်လွှာဓားပုံစံသို့ ပြောင်းလဲပစ်သည်။ ရှန်းရှန်း၏ လည်ပင်းတစ်ဝိုက်တွင် သွေးအလင်းရောင်များက လျင်မြန်စွာ လှည့်ပတ်သွား၏။

ရှန်းဟာ ထိတ်လန့်တုန်လှုပ်ဖွယ် ဟောက်သံကို ထုတ်လိုက်သော်လည်း ဟောက်သံက တစ်ဝက်သာ။ ခဏအတွင်း ၎င်း၏ ကြီးမားသော တစ္ဆေဦးခေါင်းက လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ ဦးနှောက်ထဲမှာ သွေးမရှိသလို ကြွက်သားတွေ အားလုံးကို ညှစ်ထုတ်ပစ်လိုက်တာကြောင့် ဦးနှောက်က စပျစ်သီးခြောက်နှင့်တူပြီး မျက်နှာပေါ်ရှိ အရေပြားကလည်း အရိုးများနှင့် တင်းတင်းကြပ်ကြပ် ကပ်သွား​ပေသည်။

၎င်း၏ခန္ဓာကိုယ်ထဲက နှလုံးဟာ တခဏချင်း ဘောလုံးအဖြစ်သို့ ကျုံ့သွားသည်။ ခန္ဓာကိုယ်ထဲတွင် သွေးမရှိပေ။ ရှန်းသားရဲသည် ကျုံ့သွားပြီးနောက် ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျသွား​တော့သည်။

"ရွှင်း--"

​သွေး​ရောင်​ဓား​အလင်း​သည်​ ​နောက်​ပြန်​ ပျံသန်းသွားကာ ချန်​ရှီ၏ ခန္ဓာကိုယ်​ထဲ ပြန်လည် နစ်​မြုပ်​သွား၏။ တခဏချင်းမှာပဲ သွေးအလင်းရောင်က သူ့တစ်ကိုယ်လုံးကို စီးဆင်းသွားသည်။ သူ့အရိုးစုတစ်ကိုယ်လုံးကို ကျောက်စိမ်းအနီနဲ့ ထွင်းထုထားသလို အဆက်မပြတ် စီးဆင်းနေပြီး အေးမြနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ပိုလျှံနေသော သွေးအလင်းရောင်သည် ချန်ရှီ၏ ဦးခေါင်းနောက်ဘက်ရှိ သွေးအိုင်ဆီသို့ စီးဆင်းသွားပြီး သွေးအိုင်များ လျင်မြန်စွာ ကြီးထွားလာသည်။

"ဒီကျင့်စဥ်က တကယ်ကို ထူးဆန်းတယ်!"

ချန်ရှီ အံ့သြနေမိသည်။ ထိုစဥ် ဖန်ကျွီ၏ အော်သံကို ကြားလိုက်ရလေသည်။ သတိလစ်သွားသော ရှန်းသည် သူ့ကိုဝိုင်းထားဖို့ အခြားရှန်းနဲ့ ပူးပေါင်းနေတာ တွေ့လိုက်ရသည်။

ဖန်ကျွီလည်း သွေးအိုင်ကျမ်းကို အသက်သွင်းထားခဲ့သည်။ သို့သော် သူသည် ယခင်ကလည်း ကျင့်စဥ်များကို မလေ့ကျင့်ခဲ့ဖူးတာကြောင့် သူ့ခွန်အားကို ဘယ်လို စုစည်းရမလဲ မသိခဲ့ပေ။ သူသည် ဇီးကွက်မျိုးနွယ်၏ သွေးစွမ်းအားကိုသာ အားကိုးပြီး အလိုလို တိုက်ခိုက်နိုင်ရုံသာ ရှိသည်။

အတောင်များကို လှန်ပြီး ပြေးနိုင်သော်လည်း ချန်ရှီကို ဝိုင်းထားတာမှ ကာကွယ်ရန် ချန်ရှီအတွက် ဖိအားအချို့ကို မျှဝေရသောကြောင့် သူ နေခဲ့သည်။ ဘီလူးတစ်ကောင်က လျှာရှည်ဖြင့် သူ့ကို လှိမ့်ချလိုက်သည်။ သူသည် အတောင်ပံများကို ခတ်ကာ လွတ်မြောက်ရန် ကြိုးစားသော်လည်း မြွေဆိုး၏ ပါးစပ်ထဲသို့ ဆွဲသွင်းခံခဲ့ရသေးသည်။

ဘီလူးသည် ချွန်ထက်သော သွားများကို အဖွင့်အပိတ်တွေ လုပ်ပြနေ၏။

ဖန်ကျွီသည် သားရဲမေးရိုး အပေါ်ပိုင်းနှင့် အောက်မေးရိုးကို လက်ခြေများဖြင့် ထောက်ကာ အကိုက်ခံရခြင်းမှ ကာကွယ်ရန် ကြိုးစား​နေသော်လည်း လျှာသည် သူ့ခါးကိုပတ်ထားသဖြင့် ခန္ဓာကိုယ်က တစ်ဝက်က ကျိုးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

အခြားတစ်ကောင်ကလည်း ၎င်း၏ ရှေ့ခြေလက်များကို ဝှေ့ယမ်းကာ ဖန်ကျွီကို ထိုပါးစပ်ထဲက ထုတ်ယူ၍ စားသောက်ရန် ကြံရွယ်နေပြန်ရာ ဖန်ကျွီ ထိုပါးစပ်ထဲသို့ ရောက်ရှိသွားခဲ့သည်။

"ဖန်ကျွီ! သွေးအိုင်ကျမ်း!"

ချန်ရှီသည် ဓားကို ကိုင်ဆောင်ကာ တခြားရှန်းရှန်းအား ဖြတ်တောက်လိုက်သည်။

"သွေးစွမ်းအင်ကို အတောင်ပံထဲထည့်ပြီး ခုတ်!"

ဖန်ကျွီသည် ရှန်း၏ပါးစပ်ထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်​နေရပြီး ထိုစကားကို ကြားသောအခါ သွေးအိုင်ကျမ်းကို အသည်းအသန် အသက်သွင်းသည်။ သူ၏ခေါင်းနောက်ဘက်ရှိ သွေးကို အတောင်ပံများဆီသို့ တွန်းပို့ကာ သွေးအလင်းရောင်အဖြစ် ဖွဲ့စည်းစေသည်။

သူ့ဦးခေါင်း အနောက်ဘက်ရှိ သွေးအိုင်မှာ သေးငယ်ပြီး အတောင်ပံများ၏ အမွေးအဖျားများကိုသာ ဖုံးအုပ်ထားနိုင်ကာ သွေးအလင်းရောင် များများစားစား မရှိပေ။

ဖန်ကျွီ အတောင်ပံများကို ဖြန့်လိုက်သည်။ အတောင်များက သုံးလေးပေခန့် ရှည်လျားလာကာ ပွတ်ဆွဲလိုက်သည်နှင့် သွေးမီးနှစ်ချောင်းဖြတ်သွားကာ ရှန်း၏မာကျောသော အကြေးခွံများ၊ ချွန်ထက်သော သွားများ၊ ရှည်လျားသောလျှာနှင့် ထူထဲသော ဦးခေါင်းခွံများကို ကွဲအက်သွား​စေခဲ့သည်။

ဧရာမကင်းမြီးကောက်ကြီးသည် သူ၏အတောင်များဖြင့် သုံးပိုင်း ပိုင်းဖြတ်ခံထားရသည်။ နှစ်ဖက်စလုံးမှာ ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုနှင့်အတူ သားရဲများ ဘယ်ညာသို့ ပြုတ်ကျသွားသည်။ အလယ်အပိုင်းက မြေပြင်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး ခဏအကြာတွင်မှ လဲကျသွားသည်။

ထိုစဥ် ကင်းမြီးကောက်၏ သွေးများသည် သူ့အတောင်များဆီသို့ စီးဆင်းသွားပြီး မကြာမီတွင်ပင် သူ့အတောင်ပံများအား သွေး​ရောင်လို နီရဲစေခဲ့သည်။

ချန်ရှီက အရိုးစုပဲ ဖြစ်သည်။ သူ့မှာ ခံစားချက်တွေရှိပေမယ့် ခိုင်ခံ့မှုမရှိ။ သို့သော် ဖန်ကျွီ အသွေးအသားနှင့် ခန္ဓာကိုယ် ရှိသည်။ သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ပူနွေးသောရေစီးကြောင်းများကို ခံစားလိုက်ရပြီး အချိန်တိုလေးအတွင်းမှာ သူ့ခွန်အားတွေက တိုးလာတော့သည်။

သူ၏ သန့်စင်သော ခွန်အားသည် ယခင်ကထက် လေးငါးဆ ပိုကြီးလာသလိုတောင် ခံစားနေရ၏။ ပိုလျှံသော သွေးများကလည်း သူ့ဦးခေါင်းနောက်ဘက်ရှိ သွေးအိုင်ဆီသို့ စီးဆင်းသွားကာ သူ၏သွေးအိုင်များ ပိုမိုကြီးမားလာသည်။

တစ်ဖက်တွင်လည်း ချန်ရှီက ကျန်တစ်ကောင်ကို သတ်ပစ်လိုက်သည်။ သွေးတွေ သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီးတာနဲ့ သူ့ခန္ဓာကိုယ်က နည်းနည်း ပိုသန်မာလာတယ်လို့ ခံစားရပါ၏။ သူ့ဦးခေါင်းနောက်က သွေးအိုင်က ပိုကျယ်လာပြီး သွေးကန်ဖြစ်ဖို့ တဖြည်းဖြည်း နီးကပ်လာသည်။

"ထူးဆန်းလိုက်တဲ့ ကျင့်စဥ်!"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် ထိတ်လန့်လာသည်။

"ဒီကျင့်စဥ်က နတ်ဆိုးလမ်းစဥ် မှော်ကျင့်စဥ်တစ်ခုပဲ... ဒါပေမယ့် ဝိညာဉ်ရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်!"

သူသည် သွေးအိုင်ကျမ်းဖြင့် သားရဲနှစ်ကောင်ကို သတ်ခဲ့ပြီး သွေးကိုစုပ်ယူသည်။ ပြီးတာနဲ့ သူ့နတ်ဝိညာဉ်ကိုလည်း များစွာ မြှင့်တင်ပေးခဲ့သည်။

သူအရင်က ဝိညာဥ်ပြန်ကြာပန်း အများကြီးကို စားဖူးသဖြင့် ဝိညာဉ်က ခိုင်မာစပြုနေပြီ ဖြစ်သော်လည်း ထိုအချိန်မှစ၍ သူ ဝိညာဉ်ပြန်ကြာပန်းကို ဘယ်လောက်ပဲ စားနေပါစေ အသုံးမဝင်ခဲ့ပေ။ ခုတော့ သူ့စိတ်ဝိညာဉ်က ပြန်ပြီး အားကောင်းလာပြီ။ ထိုအချိန်တွင် မြူမှုန်များ မှေးမှိန်သွားကာ ဘီးလုံးများ သူတို့ဘက်ခြမ်းသို့ လှိမ့်ဝင်လာသည်။

သေချာကြည့်လိုက်မှ ၎င်းက တောင်ကုန်းငယ်များနှယ် ကြီးမားသော သားရဲ လေးဆယ်ငါးဆယ်လောက်ပင်။ ဤဦးခေါင်းလေးခုပါသော တစ္ဆေဘီလူးများသည် ၎င်းတို့၏ ချွန်ထက်သော သွားများအား ယှက်နွယ်ကာ သူတို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။

ဘီးတပ် ရထားလုံးပေါ်တွင် အသွေးအသားနှင့် ပေါက်နေသော တစ္ဆေနတ်ဘုရား တစ်ပါးသည် အမြင့်ငါးပေ ခြောက်ပေခန့်ရှိ ရှည်လျားသောကြာပွတ်ကို ကိုင်ဆောင်ကာ ထိုသားရဲများကို မောင်းနှင်လာခဲ့သည်။

ရုတ်တရက် တစ္ဆေနတ်ဘုရားက ရပ်လိုက်ပြီး ချန်ရှီနဲ့ ဖန်ကျွီကို ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ အလောင်းများကို လေ့လာလိုက်သည်။

"မင်းတို့နှစ်ယောက် လုပ်လိုက်တာလား?"

သူတို့ဘေးနားက ရွာရှိ ဟွိုင်အပင်များပေါ်မှာတော့ ဇီးကွက်အကောင်တွေက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ ဒါကိုမြင်တော့ အိမ်အစွန်းကို ခုန်ဆင်းပြီး လည်ပင်းကို ဆန့်တန်းလိုက်ကြသည်။

ဖန်ကျွီက ချန်ရှီဆီကိုလာပြီး တိုးတိုးလေး ပြောသည်။

"အဲဒါက အိမ်ကြီးတွေရဲ့ သရဲတစ္ဆေတွေအတွက် နွားကျောင်းရတဲ့ တစ္ဆေပဲ... သူကလည်း မျိုးနွယ်ပါ။ အ​ရေအတွက်နည်းပေမယ့် မွေးလာတဲ့ ဇီးကွက်ကလေးတွေထက်တော့ ပိုသန်မာတယ်... ငါတို့ဆို သူ့ဆီကနေ ခဏခဏ အနိုင်ကျင့်ခံရတယ်... သူ့ရင်ဘတ်ကို ကြည့်လိုက် အဲ့မှာ ခြင်းတောင်းတစ်ခုရှိတယ်"

ချန်ရှီ၏ မျက်လုံးများသည် ထိန်းကျောင်းနေသော တစ္ဆေ၏ ရင်ဘတ်ပေါ် စိုက်ကြည့်ရာ ၎င်းရင်ဘတ်မှာ အရိုးတောင်းပုံသဏ္ဌာန်ရှိ အရိုးများ ပေါက်ထွက်နေတာ မြင်လိုက်ရသည်။ လက်နှစ်ဘက်တွင် နံ့သာပေါင်း ၃ ချောင်း ကိုင်ဆောင်ထားသော ငရဲနတ်လေးက တောင်းထဲတွင် ထိုင်နေ၏။

နံ့သာပေါင်းက ကောက်ကွေးစွာ လောင်ကျွမ်းနေကာ ကျက်စားနေသော တစ္ဆေ၏နှာခေါင်းထဲသို့ ရှူသွင်းခံလိုက်ရသည်။

"ငရဲနတ်လေးက သူ့အတွက် နံ့သာ​ပေါင်းကို မီးရှို့ပေးရတာ...."

ဖန်ကျွီက သူ့အသံကို လျှော့လိုက်ပြီး :"ထိန်းကျောင်းတစ္ဆေရဲ့ ရင်ဘတ်မှာ နံ့သာပေါင်း တောင်းထဲမှာ တစ္ဆေသရဲ မရှိရဘူး ... ဒါက သူ့မှာ တရားဝင်ရာထူး မရှိဘူး... သူ့မှာ တရားဝင်ရာထူး တစ်ခုရှိရင် ဒီတစ္ဆေရဲ့ နောက်ကွယ်မှာ ငါတို့ ထျန်းကျစ်ပြည်ရဲ့ နတ်တစ္ဆေတွ ရှိရမယ် ငါတို့ ဒီအကောင်တွေကို သတ်ရင် ဘေးဥပဒ်က ကြီးလာမှာ ငါ ကြောက်တယ် ... "

"ဒါဆို သူ့ကိုလည်း သတ်လိုက်တာပေါ့!"

ချန်ရှီသည် ဓားစွမ်းအင်ကို လက်ဖြင့် ဖိလိုက်ကာ ထိုးလိုက်သည်နှင့် ဓားစွမ်းအင်သည် သွေးအလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ တဟုန်ထိုး ဖောက်ထွက်သွားသည်။

တိရိစ္ဆာန်များထဲမှ တစ်ကောင်သည် ရှောင်ရန်အချိန်မရှိလိုက်သဖြင့် ဓားစွမ်းအင်က ၎င်း၏ဦးခေါင်းကို ထိုးဖောက်ပစ်ခဲ့သည်။ ချန်ရှီသည် ဒုတိယမြောက် စာလုံးအသစ်ကို အသက်သွင်းလိုက်ပြန်ရာ သူ့ခြေထောက်တွေက လျှပ်စီးတွေ လက်ပြီး သူ့ရုပ်လွှာဟာ ထိုသတ္တဝါရဲ့ ဦးခေါင်းထက်မှာ ချက်ချင်းဆိုသလို ပေါ်လာတော့၏။

သူ့ခန္ဓာကိုယ်ဟာ လေထဲမှာ ပျံတက်လာပြီး ဆယ်ပေနီးပါးရှည်တဲ့ ဓားစွမ်းအင်တစ်ခု ဝေ့ယမ်းလိုက်သည်။ ဓားအလင်းသည် သတ္တဝါရဲ့ဦးခေါင်း အနောက်ဘက်ကနေ ထွက်သွားသည်။ သတ္တဝါရဲ့သွေးတွေကို ဖယ်ထုတ်ပြီးတာနဲ့ သွေးတွေက ဒီသွေးရောင် ဓားအလင်းထဲကို စုစည်းလိုက်လေ၏။

ချန်ရှီသည် ဓားအလင်းကို အပေါ်အောက် လှန်လိုက်သည်နှင့် သူ့အနောက်မှ သတ္တဝါ၏ ဦးခေါင်းလည်း ကွဲသွားခဲ့သည်။ ချန်ရှီ ဆင်းသက်ပြီးချိန်တွင် သူ့ရဲ့ဓားလက်ချောင်းသည် ပေါ့ပါးစွာ လှုပ်ခါသွားပြီး သွေးရောင်ဓားစွမ်းအင်က နှစ်ပိုင်းကွဲသွားသည်။ တစ်ဆက်တည်း ဓားအလင်းဟာ ဘယ်ညာနှစ်ဖက်လုံးရှိ သတ္တဝါများ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားပြန်သည်။

အရိပ်တစ်ခုလို ရှေ့သို့ ဆက်လျှောက်သွားကာ အရိုးစု၏ ဘယ်ညာ လက်နှစ်ဖက်အား ဓားအမူအရာများဟန် အသီးသီး ဝေ့ယမ်းသည်။ သွေးရောင် ဓားစွမ်းအင် နှစ်ခုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရက်စက်စွာ သတ်ဖြတ်လေ၏။

ယခု သွေးနီရောင် ဓားအလင်းသည် ဆယ်ပေကျော် ရှည်လျားလာပြီ။ ဓားအလင်း အလှည့်အပြောင်း ထွက်လာတိုင်း တခဏချင်းတွင် ထိန်းကျောင်းတစ္ဆေတို့ ခြေနှင့် လက်များ ကျိုးသွားလေသည်။

သွေးနီဓားစွမ်းအင်ကို လေးချက်၊ လေးချက်မှ ရှစ်ချက်၊ ရှစ်ချက်မှ ဆယ့်ခြောက်ချက်၊ ဆယ့်ခြောက်ချက်မှ သုံးဆယ့်နှစ်ချက်အဖြစ် ပုံဖော်သွားသည်။ ချန်ရှီ တိရိစ္ဆာန်အုပ်စုထဲမှ ပြေးထွက်လာသောအခါတွင် ဓားစွမ်းအင် ၆၄ချက် ပေါ်လာပြီ။ တစ်ယောက်ပြီးတစ်ယောက်ကြား သွေးနီရောင် ဓားအလင်းက အပြန်ပြန် အလှန်လှန် ဖြတ်ကျော်သွားပြီး ဓားလှုပ်ရှားမှုတွေက ရှုပ်ထွေးလှသည်။ ပြိုးပြိုးပြက်ပြက် အလင်းတွေအဖြစ်သာ ထိန်းကျောင်းတစ္ဆေများကြား ဖြတ်ပျံနေခဲ့သည်။

ချန်ရှီသည် တိရိစ္ဆာန်အုပ်စုများထဲသို့ ပြေးဝင်ချိန်ကစလို့ ထိန်းကျောင်းတစ္ဆေများစွာကို သတ်ခြင်းအထိ၊ ဓားစွမ်းအင် ၆၄ချက် အဖြစ်သို့ ပြောင်းလဲရန် တစ်ခဏသာ အချိန်ယူရသည်။

ထိုစဥ် ထိန်းကျောင်းတစ္ဆေသည် ရှည်လျားသော ကြာပွတ်ကို ကိုင်ဆောင်လျက် ရုတ်တရက် လှည့်ကာ ခုန်ချလာပြီး ဓားမီးများကို ပိတ်ဆို့ထားခဲ့သည်။ သူ့အောက်က ဘီးတွေကလည်း လေချွန်ပြီး လှည့်ပြီး ချန်ရှီဆီ ပြေးသွား၏။

ရုတ်တရက် လျှပ်စီးလက်သွားစဥ် ချန်ရှီသည် သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းတွင် ပေါ်လာပြီး သွေးနီရောင် ဓားမီးကို ဖမ်းကိုင်ကာ လည်ပင်းကို ခုတ်ထစ်လိုက်သည်။

ချန်ရှီသည် သေးငယ်ပြီး အရိုးစုတစ်ခုသာ။ သူနဲ့ အရိုးစုက အလွန်လိုက်လျောညီထွေ ရှိသော်လည်း ထိန်းကျောင်းတစ္ဆေကတော့ ကြီးမားလှသည်။ သူ့ဘီးများသည် လျင်မြန်သော်လည်း ချန်ရှီရဲ့ နတ်ဘာသာစကား ဒုတိယစာလုံး အသစ်ထက် အဆပေါင်းများစွာ နှေးကွေးပြီး သူ့ဓားကို ရှောင်ရန် ခက်ခဲသည်။

ထူးဆန်းသော စာလုံးပုံစံများသည် ချန်ရှီ၏ သွေးနီဓားအလင်းတန်းများနှင့်အတူ ပေါ်လာသည်။ သူ့မျက်နှာရှေ့၌ နတ်ဘုရားများကို သရုပ်ဖော်ထားသည့် ပုံစံများ သို့မဟုတ် တစ္ဆေစာများကဲ့သို့ ထူးဆန်းသော ပုံစံများက အဆက်မပြတ် ပေါ်လာသည်။

"ဗုန်း!"

သူသည် သူ့လက်ဖဝါးဖြင့် မိုးခြိမ်းသံကို တီးခတ်လိုက်ပြန်သည်။ သူ၏လက်ဖဝါးပုံစံအောက်တွင် သွေးနီရောင်ဓား အလင်းတန်းများ ကွဲအက်သွားသည်။ ချန်ရှီသည် တုနှိုင်းမရတဲ့ နတ်တန်ခိုးတစ်ခု ရောက်ရှိလာတာ ခံစားလိုက်ရသည့်အခိုက် ထိန်းကျောင်းတ​စ္ဆေရဲ့ လက်ဖဝါးစွမ်းအားကြောင့် မြေပြင်ပေါ်ထိမှန်ပြီး နောက်ပြန် ပျံသွားကာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ဟွိုင်အပင်ကြီးကို ထိမှန်သွားပါ၏။

အပင်ပေါ်ရှိ ငှက်သိုက်ကဲ့သို့ အိမ်အများအပြား ဘယ်ညာ တုန်လှုပ်သွားကြသည်။ ငှက်ကောင်များစွာက စိတ်လှုပ်ရှားမှုကို စောင့်ကြည့်ရန် အိမ်၏အစွန်းတွင် ရပ်နေကြသည်။ ဒါကိုမြင်တော့ တစ်ဖက်ကမ်းကို ခုန်ဆင်းပြီး ပြုတ်ကျတာကို ရှောင်ဖို့ လက်သည်းတွေနဲ့ အိမ်အစွန်းကို ဆွဲကိုင်လိုက်ကြသည်။ တချို့က လည်ပင်းကို ဆန့်တန်းကာ ချန်ရှီ အသတ်ခံရသလား ဆိုတာကို သိနိုင်ဖို့ ချောင်းကြည့်နေကြသေး၏။

ဖန်ကျွီလည်း အားအင်အပြည့်ဖြင့် ပြေးလာသည်။ မူလက ချန်ရှီ ဤသတ္တဝါများကို ကူညီဖြေရှင်းရန် စီစဉ်ခဲ့သော်လည်း သတ္တဝါအများစုမှာ ချက်ချင်း သေဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချန်ရှီ တစ္ဆေများအား ထိန်းကျောင်းနေတဲ့ နတ်တစ္ဆေရဲ့ တွန်းလှန်မှုကြောင့် လွင့်သွား၏။ ပြေးလွှားလာတဲ့ ရှန်းနှစ်ကောင်ကိုလည်း သူ ကိုင်တွယ်ခဲ့ဖူးတယ် မဟုတ်လား။

ထိန်းကျောင်းတစ္ဆေသည် အဆင့်အတန်း နိမ့်သော တစ္ဆေနတ် ဖြစ်သော်လည်း ၎င်းမှာ တစ္ဆေနတ်ဘုရားဖြစ်သည်။ တစ္ဆေနတ်ဘုရားတွေရဲ့ တန်ခိုးက ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။

ဤထိုးနှက်ချက်သည် ချန်ရှီကို အပိုင်းပိုင်း ပြတ်တောက်သွားစေဖွယ် ရှိသည်။

ဖန်ကျွီ ဝမ်းနည်းသွား၏။ သူသည် Chen Shi နှင့် ရက်အနည်းငယ်သာ အဆက်အသွယ် ရှိခဲ့သော်လည်း ချန်ရှီကို အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သည်။ ချန်ရှီ ရှုံးသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

ရုတ်တရက် သွေးရောင်ဓားမီးများ တဖျပ်ဖျပ်ခတ်ပြီး သစ်ပင်တွင်းထဲ၌ တောက်ပလာ၏။

ချန်ရှီသည် သစ်ပင်၏ အတွင်းနက်၌ မြှုပ်နှံခံထားရသည်။ သူ့အရိုးတွေက အက်ကွဲလုနီးပါး ဖြစ်နေပေမယ့် သူ့အရိုးတွေထဲကို သွေးရောင်ဓားမီးတွေ နစ်မြုပ်ထားတာကြောင့် သူ့အရိုးတွေဟာ ခပ်မြန်မြန်ပဲ အနာကျက်သွားပြီး အက်ကြောင်းတွေ ပျောက်သွားလေသည်။

ဤဓားချီ အများအပြားတွင် ချီသွေးများစွာ ပါရှိသည်။ သွေးအိုင်ကျမ်း ပျံ့နှံ့သွားသည်နှင့်အမျှ ၎င်းတို့သည် သူ့အရိုးများကို အာဟာရ ကျွေးမွေးပြီး နတ်ဝိညာဉ်ကို အားကောင်းလာစေသည်။ ခဏလေးအတွင်းမှာပင် သူသည် အထွတ်အထိပ်သို့ ပြန်လည် ကောင်းမွန်လာခဲ့ပေ၏။

ချန်ရှီ သစ်ပင်ပေါက်ထဲမှ ပြန်ခုန်ထွက်လာသည်။ ဒုတိယစာလုံးကို ထပ်မံ အသက်သွင်းလိုက် သောအခါ လျှပ်စီးက အနီရောင်ပြောင်းသွားသည်။ ချက်ချင်းပင် သူသည် သိုးထိန်းတစ္ဆေရှေ့သို့ ရောက်လာပြီး ဓားချီကို စုဆောင်းကာ ဓားအလင်းကို လှန်၍ သိုးထိန်းတစ္ဆေကို ခုတ်ထစ်ပစ်လိုက်သည်။

သိုးထိန်းတစ္ဆေရဲ့ ဘီးတွေက လှည့်လာပြီး ခြေလှမ်းဒါဇင်ပေါင်းများစွာ မြန်မြန် ပြန်ဆုတ်သွား၏။ တစ္ဆေသည် သူ့လက်မောင်းပေါ်ရှိ ထူးဆန်းသော ပုံစံမျိုးစုံကို တောက်ပလာစေလိုက်ရာ နတ်တန်ခိုးက အလွန်တိုးပွားလာပြီး ဓားအလင်းကို ရင်ဆိုင်ရန် သူ့လက်ကို မြှောက်လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ သူ ချန်ရှီကို မခေါက်ချနိုင်ခဲ့ပါ။

သွေးရောင် လျှပ်စီးတွေနဲ့ ချန်ရှီက သူ့အနောက်မှာ ပေါ်လာပြီး ခေါင်းနောက်ကို ဓားနဲ့ ထိုးလိုက်လေပြီ။ တစ္ဆေရဲ့ဘီးက ရှေ့ကို လှည့်လာပြီး ရုတ်တရက် ပေဒါဇင်နဲ့ချီပြီး လွင့်ထွက်သွားခဲ့သည်။ ချန်ရှီက နောက်ကနေ အနီးကပ် လိုက်လာတာကြောင့် လွတ်လမ်းမရှိ။

တစ္ဆေသည် သူ့ကြာပွတ်ရှည်ကို ပစ်ချသော်လည်း ရှည်လျားသော ကြာပွတ်သည် ချန်ရှီ၏ တိုက်ခိုက်မှုကို ကိုင်တွယ်ရန် နောက်ကျသွား၏။ သူသည် ချန်ရှီဓားကို ပိတ်ဆို့ရန် သူ၏တခြားလက်ကို အသုံးပြုကာ ထိုထူးဆန်းသော ပုံစံကို စုစည်းလိုက်သည်။

ချန်ရှီ ရောက်လာပြီးတာနဲ့ သွေးနီရောင် လျှပ်စီးကြောင်းကလည်း လျှပ်တစ်ပြက်အတွင်း ဝင်လာသည်။ ဓားမီးရောင်များက သူ့ခန္ဓာကိုယ် အရပ်ရပ်ကနေ ထွက်ပေါ်လာသလိုပင်။ ထိန်းကျောင်းတစ္ဆေသည် မိုးခြိမ်းသံကြီးလို ဟိန်းဟောက်ကာ ဘီးများကို ပျံသွားစေသည်။ သူ အကြိမ်ကြိမ် ခုခံ​နေခဲ့သော်လည်း တဖြည်းဖြည်း မခံနိုင်တော့ဘဲ သူ့လည်ချောင်းကို ဓားထိုးခံလိုက်ရ​လေသည်။

ထိန်းကျောင်းတစ္ဆေက စူးစူးဝါးဝါး အော်ဟစ်ပစ်လိုက်ရာ သူ့လည်ပင်းပေါ်မှ အလင်းတန်းများ လင်းထိန်သွားကာ လှပသော အသွင်အပြင်များ ထွက်ပေါ်လာလေသည်။ ထိုနတ်အလင်းသည် ဓားကို ပိတ်ဆို့ဖို့အတွက် ထွန်းလင်း တောက်ပနေ၏။

ချန်ရှီကို ဖမ်းဖို့ သူ့လက်ကို မြှောက်လိုက်ပေမယ့် မထင်မှတ်ဘဲ လျှပ်စီးကြောင်းတွေ ပေါက်ကွဲသွားပြီး ချန်ရှီရဲ့ ရုပ်ပုံက ပျောက်သွားသည်။ နောက်အခိုက်အတန့်မှာပဲ ချန်ရှီက သူ့ကို လည်ချောင်းထဲကို ဓားထိုးသွင်းပြန်သည်။

ထိန်းကျောင်းတစ္ဆေ၏ လည်ချောင်းများ တင်းကျပ်လာပြီး နောက်တစ်ကြိမ် ဖမ်းရန် လက်လှမ်းလိုက်သော်လည်း အရိပ်ကို လွဲချော်သွားပြန်၏။

ရွှင်း!

သွေးရောင် ဓားစွမ်းအင်များက ၎င်းရဲ့ လည်ချောင်းကို အဆက်မပြတ် ထိုးဖောက်ဖို့ ကြိုးစားနေစမြဲ။ ဓားစွမ်းအင်တွင် ပါရှိသော ကြီးမားသော စွမ်းအားသည် ထိန်းကျောင်းတစ္ဆေကို ထိမှန်ကာ သူ့ကို အဆက်မပြတ် ဆုတ်ခွာသွားစေသည်။ ချန်ရှီကို ဖမ်းဖို့ သူ့လက်ကို ဆန့်ထားပေမယ့် ဘယ်အရာကိုမှ အမြဲမကိုင်မိပေ။

ရုတ်​တရက်​ ​သွေးတစ်​ဖျပ်​ဖျပ်​​ ပေါ်လာပြီး သူ့လည်​ပင်း​ပေါ်ရှိ လှပ​သော နတ်အလင်းကို ဓားအလင်း​ရောင်​များက ထိုး​ဖောက်​ပစ်လိုက်​သည်​။ ချန်ရှီ၏ သေးငယ်သော အရိုးစုကိုယ်ခန္ဓာသည် အားအင်အပြည့်ဖြင့် ရှေ့သို့ ပြေးထွက်လာ၍ သွေးရောင်ဓားစွမ်းအင်က ၎င်း၏ထူထဲသော လည်ပင်းကို ထိုးဖောက်သွားသည်။

ချန်ရှီ သူ့ဓားကို အလွန်ကြွယ်ဝသော ဓားစွမ်းအင်အဖြစ် ဆွဲထုတ်လိုက်သည်။ ထိန်းကျောင်းတစ္ဆေ၏ ကြီးမားသော ခန္ဓာကိုယ်သည် ချက်ချင်းပင် သွေးများ စီးကျလာပြီး ပါးလျပိန်ပါးလာ၏။ ခဏကြာတော့ ပေါက်ကွဲသံနှင့်အတူ ဗုန်းကနဲ ပြုတ်ကျသွားသည်။

ငရဲနတ်လေးသည် အမွှေးတိုင် သုံးချောင်းအား ပစ်ချ၍ အရိုးတောင်းထဲမှ အမြန်ခုန်ဆင်းလာသည်။ သူက ထိန်းကျောင်းတစ္ဆေ၏ အလောင်းဘေးမှာ အော်ဟစ်ငိုနေရာ ချန်ရှီ သူ့ဓားစွမ်းအင်ကို ဖယ်လိုက်လေသည်။

"ငါမင်းကို မသတ်ဘူး... တခြားအလုပ်သွားရှာ"

ငရဲနတ်လေးသည် မျက်ရည်များဝဲကာ ကြည့်လာ၏။ ထို့နောက် သူ့ပစ္စည်းများကို ထုပ်ပိုးကာ မြေကြီးပေါ်မှ လူ့ခြေထောက်အရိုးတစ်ချောင်းကို ကောက်ယူလိုက်သည်။ အထုပ်သေးလေးကို ပုခုံးပေါ်ဆွဲတင်ကာ မျက်ရည်​လေးများကို သုတ်၍ ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်မှစ၍ ထျန်းကျစ်ပြည်၏ နေရာတိုင်းတွင် အလုပ်ရှာနေသော ငရဲနတ်လေး တစ်ကောင် ပေါ်လာခဲ့​လေသည်။

All Chapters