ရှို့မီး
Vol. 24 Ch. 348
ဖန်ယန့်အာ၏ ဦးခေါင်းနောက်ကွယ်ရှိ သွေးကန်ထဲတွင် သရဲနှင့် နတ်များ၏ ဝိညာဉ်များသည် သွေးများ ဖုံးလွှမ်းကာ ဤသွေးအိုင်ငရဲမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးပမ်းနေခဲ့သော်လည်း ၎င်းတို့အား နားမလည်နိုင်သော စွမ်းအားများဖြင့် အမြဲတမ်း ပြန်ဆွဲချခံခဲ့ရသည်။
သွေးကန်ကျင့်စဥ်ရဲ့ ထိတ်လန့်စရာ ကောင်းမှုကို ယခု တွေ့မြင်နိုင်ပြီ။
အခြားသရဲတစ္ဆေများနှင့် နတ်များလည်း ဤမြင်ကွင်းကို ကြောက်ရွံ့ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။ ရှေ့ကို အမြန်ပြေးသွားသော အဖော်များသည် တိုတောင်းသော အခိုက်အတန့်အတွင်း သေဆုံးသွားကြပြီး ငှက်မျိုးနွယ်စုကလေး၏ ဦးခေါင်းနောက်ဘက်ရှိ သွေးအိုင်ထဲတွင် သူတို့ဝိညာဉ်များပင် မျိုချခံခဲ့ရသည်။
ဖန်ကျွီရဲ့ သွေးကန်နယ်မြေက အလွန်အစွမ်းထက်သည်။ သူသည် ထိန်းကျောင်းတစ္ဆေနဲ့ ရှန်းကို သတ်သူဖြစ်ကြောင်း အရှေ့နန်းတော်မှ သိရှိခဲ့ပြီး သူဖမ်းမိသော သရဲတစ္ဆေများနှင့် နတ်များစွာကို ထိုသွေးကန် အောက်တွင် မြှုပ်နှံထားသည်။
သို့သော် ဖန်ကျွီ၏ သွေးကန်နယ်မြေက သူ့ညီမထက် များစွာ ညံ့ပါသေး၏။
ခေါင်းသုံးလုံး၊ လက်ခြောက်ခုရှိတဲ့ တစ္ဆေ နတ်ဘုရားရဲ့ မျက်လုံးတွေက တောက်ပလာတော့သည်။
"ဒါဆို သွေးကန်ကျင့်စဥ်ကို မင်းလည်း သိတယ်ပေါ့... သိပ်ကောင်းတယ်!"
သူ့ခန္ဓာကိုယ်သည် ရုတ်တရတ် ဖောင်းကားလာပြီး ပေတစ်ရာမြင့်သော တစ္ဆေနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ့လက်ဖဝါးများသည် အစိမ်းရောင် လေထုဖြင့် တောက်ပလာကာ ဖန်ယန့်အာကို ဖမ်းဆုပ်ရန် ကွေးလိုက်လေ၏။
ဖန်ယန့်အာသည် သူမ၏ အတောင်ပံများကို ခတ်လိုက်ရာ သွေးရောင် ဓားမီးများသည် အတက်အဆင်းဖြင့် ပြေးထွက်သွားကာ ထိုလက်ဖဝါးနှင့် တွေ့ဆုံပြီး အစိမ်းရောင် လေကို ဖောက်ထုတ်လိုက်သည်။
ခေါင်းသုံးလုံး တစ္ဆေနတ်ဘုရားက အနည်းငယ် ပြုံးပြီး သူ့လက်ဖဝါးအလယ်မှာ ထူးထူးခြားခြား စာလုံး ပုံစံတွေက ဒိုင်းကာသဖွယ် ပေါ်ထွက်လာလေသည်။ ထိုအခါ ဖန်ယန့်အာရဲ့ သွေးရောင် ဓားအလင်းသည် သူ့လက်ဖဝါးကို လုံးဝ မဖောက်နိုင်ခဲ့ချေ။
မူလကတည်းက သူသည် နတ်တစ္ဆေတို့ထံမှ အဆင့်မြင့်မားသော မျိုးနွယ်ဖြစ်ပြီး သူ၏ သွေးစွမ်းအားဟာ အစောကတည်းက နိုးကြားလာခဲ့ပြီးပြီ။ ပေတစ်ရာ ရှည်လျားသော ခန္ဓာကိုယ်သည် သက်ရှိကမ္ဘာက နတ်သန့်စင်ခြင်း နယ်ပယ်က သခင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ညီမျှပါသည်။ သွေးကန်ကျင့်စဥ်က အစွမ်းထက်ပေမယ့် သူ့ကို လုံးဝ မထိခိုက်စေနိုင်ပါဘူး။
ဖန်ယန့်အာလည်း အခြေအနေ မကောင်းကြောင်း မြင်လိုက်သဖြင့် တောင်ပံများကို ခတ်ကာ ထွက်ပြေးသွားလေသည်။ ငှက်မျိုးနွယ်သည် ၎င်းတို့၏အရှိန်ကြောင့် နာမည်ကြီးသည်။ သူမ၏ သွေးကြောများ၏ စွမ်းအားကို နိုးကြားလာပြီးနောက် သူမ၏ အမြန်နှုန်းသည် သူမအစ်ကိုထက် များစွာ ပိုမြန်သည်။ အတောင်ပံခတ်လိုက်တဲ့အခါ အသံကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး အတောင်အောက်ကနေ မိုးခြိမ်းသံတွေ ထွက်လာ၏။
ခေါင်းသုံးလုံး တစ္ဆေနတ်ဘုရားက ကျယ်လောင်စွာ ရယ်မောကာ ခုန်ထကာ ဖန်ယန့်အာကို ခြေနှစ်လှမ်းသုံးလှမ်းတည်းဖြင့် လှမ်းဖမ်းလိုက်သည်။ ဖန်ယန့်အာ ပြင်းပြင်းထန်ထန် အညှစ်ခံထားရပြီး ချောင်းတဟွတ်ဟွတ် ဆိုးကာ ထပ်မံ မရုန်းကန်နိုင်တော့ပေ။
"လူကြီးမင်းဖီချစ်... ဒီမှာ နောက်ထပ် အရိုးစုရှိသေးတယ်!"
တစ္ဆေနတ်ဘုရားလည်း အနီးတစ်ဝိုက်တွင် ရှာဖွေခဲ့ရာ ချန်ရှီရဲ့ အရိုးစုကို ရှာတွေ့သွားခဲ့သည်။
"သေသွားပြီ ထင်တယ်!"
ခေါင်းသုံးလုံးရှိ တစ္ဆေနတ်ဘုရား ဖီချစ်က :"ဒီအရိုးစုက ဖန်ကျွီရဲ့ ကြံရာပါ... အဲဒါကိုလည်း ယူသွားလိုက်!"
တစ္ဆေများက အရိုးစုကို မြှောက်ရန် ကြိုးစားသော်လည်း တောင်ကြီးတစ်လုံးလို လေးလံနေတာကြောင့် ရုတ်တရက် မယူနိုင်ခဲ့။
"အရမ်းလေးတာပဲ!"
ခေါင်းသုံးလုံး တစ္ဆေနတ်ဘုရား ဖီချစ်လည်း ရှေ့သို့ရောက်လာပြီး အရိုးစုကို ရုတ်သိမ်းလိုက်သည်။ အရိုးစု၏ ဦးခေါင်းနောက်တွင် လှည့်ပတ်နေသော သွေးကန်တစ်ခုလည်း ရှိသည်။ ပို၍ထူးခြားသည်မှာ ဤသွေးကန်သည် လည်ပတ်ဆဲဖြစ်ပြီး ၎င်းဘေးရှိ သွေးစီးကြောင်းမှ အလင်းတန်းများကို အဆက်မပြတ်စုပ်ယူကာ သန့်စင်နေပေးကာ အရိုးစုကို အာဟာရ ဖြစ်နေစေခြင်းပင် ဖြစ်သည်။
ဤအရိုးစုသည် သေပြီးသည့်အခြေအနေတွင် ရှိနေသော်လည်း ၎င်းသည် လက်တွေ့တွင်တော့ သူ့အလိုလို လေ့ကျင့်နိုင်နေ၏။
"သွေးအိုင်ကျမ်း ဆိုတဲ့ သွေးကန်ကျင့်စဥ်က တကယ်ကို အံ့သြစရာကောင်းတာပဲ"
ဖီချစ် အော်ပြောပြီး အရိုးစုကို ကောက်ယူလိုက်ပေမယ့် မျက်မှောင်သာ ကြုတ်သွား၏။
"အရမ်းလေးတယ် သယ်ရတာ အဆင်မပြေဘူး"
သူသည် အရိုးစုကို မြေပြင်ပေါ်သို့ ပစ်ချပြီး နင်းချပစ်ခဲ့သည်။ အရိုးစုရဲ့ နံရိုး ခုနစ်ချောင်း သို့မဟုတ် ရှစ်ခု ကျိုးသွားခဲ့သည်။
"ဒီငှက်လေးကိုပဲ ယူသွားရအောင်!"
ဖန်ယန့်အာကို ငှက်လှောင်အိမ်ထဲတွင် ထည့်ထားလိုက်သည်။ ခေါင်းသုံးလုံးရှိ တစ္ဆေနတ်ဘုရားက သူ့အား ဝူလျောင့် ချောက်ကမ်းပါးပေါ်သို့ တက်ရန် တွန်းအားပေးကာ ထျန်းကျစ် မြို့တော်ဆီသို့ ဦးတည်သွားခဲ့သည်။
ရှေးဟောင်း အပင်ကြီးသည် စုတ်ပြတ်နေသော ငှက်လှောင်အိမ်များနှင့် ပြည့်နေပြီး သစ်ပင်အောက်ရှိ သွေးစီးကြောင်းဘေးတွင် ချန်ရှီ၏ အရိုးစုသည်လည်း မြေပြင်အနှံ့ ပြန့်ကျဲနေလျက်။
ဖန်ယန့်အာသည် လှောင်အိမ်အပြင်ဘက်ကို ကြည့်လိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်၏။
"အစ်ကိုချန်ရှီ နင်.... ပြန်လာမှာလား။ ငါတို့ကို ကယ်တင်ဖို့ လာမှာလား"
ချန်ယန်တောင်တွင်မူ အဘွားရှား၊ တုယိရန်နဲ့ ဟေးကော်တို့သည် "ချန်ရှီ" ကို ဟွမ်ဖောရွာသို့ ပြန်ခေါ်လာခဲ့ပြီး သူတို့၏မျက်နှာမှာ အလွန်ကောင်းမွန်ခြင်း မရှိပေ။ ဟူရှောင်လျောင်က သတိပေးသည်။
"သူ မကြာခင် နိုးလာလိမ့်မယ်"
အားလုံးက အားကျိုးကို ကြည့်လိုက်တော့ အားကျိုးရဲ့ စိတ်က အနည်းငယ် လှုပ်ရှားသွားသည်။ ထိုစဥ် လူထက်ကြီးသော ပျားများနှင့် အင်းဆက်ပိုးမွှားများစွာ ပျံဝဲလာကာ ပျားအမြီးများက "ချန်ရှီ" ကို တဖြုတ်ဖြုတ်နဲ့ ထိုးဖောက်ပစ်ကြသည်။
"ချန်ရှီ" သည် တစ်ကိုယ်လုံး လေဖြတ်သွားကာ အဆိပ်ပြင်းသော အပ်ဖြင့် ထိုးခံရသောကြောင့် ပါးစပ်ထဲက အမြှုပ်တွေ ပွက်ပွက်ဆူလာပြီး သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်လှုပ်သွားခဲ့သည်။
ချင်းယန် "ချန်ရှီ" ကို စိုးရိမ်တကြီး ကြည့်ကာ။
"မင်း သူ့ကို နောက်ဆုံးအကြိမ် ထိုးထားတာ သိပ်မကြာသေးဘူး... ဒီတစ်ခါ မင်း သူ့ကို အရမ်းထိုးသတ်ပစ်ချင်နေတာလား?"
"ရပါတယ် ရပါတယ်.... တစ်ဆယ်လေးလည်း သေသွားပြီပဲကို"
အဘွားရှားက သူမရင်ဘတ်ကို ပွတ်သပ်ပြီး ပြောလေသည်။
"အကြိမ်နည်းနည်း သေသွားရင်တောင် ငါပြန်ရှင်အောင် လုပ်နိုင်တယ်"
တုယိရန် : "သူ့ကို နောက်ထပ် နည်းနည်းလောက် ဓားနဲ့ ထပ်ထိုးလိုက်တာ ပိုကောင်းမယ်.. ဒါမှ သူထပ်မပြေးနိုင်တော့မှာ..."
ချန်ရှီ၏ ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော နတ်ဆိုးသည် လက်နက်ကိုင် အစုံရှိသော မျောက်နှင့်တူသော နတ်ဆိုးအဖြစ် ရှိနေဆဲဖြစ်သည်။ ဤနတ်ဆိုးသည် အသွင်ပြောင်းရာတွင် ကျွမ်းကျင်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သည်။ ပေါ်လာပြီးနောက် အလိုအလျောက် ပျောက်သွားတတ်သည်။ သူ့ကိုဖမ်းဖို့အတွက် လူငါးဦးဟာ အလွန်အမင်း အပင်ပန်းခံခဲ့ရပြီး ပင်လယ်နက်ကမ်းခြေမှာ သူ့ကို မပိတ်ဆို့မီ အနောက်နွားရှင်းကျိုး ကျွန်းရဲ့ တစ်ဝက်လောက်အထိ လိုက်ဖမ်းခဲ့ရ၏။
ဒီနတ်ဆိုးက ပင်လယ်နက်ထဲကို ခုန်ချချင်ပေမယ့် ကံကောင်းစွာနဲ့ပဲ အားကျိုးရဲ့ အဆိပ်ပြင်းတဲ့ ပျားက သူ့ကို ထိုးပြီးနောက် ပင်လယ်ထဲကို ပြုတ်ကျသွားပါတော့သည်။ ဒီနတ်ဆိုးကို ယူလိုက်မယ်ဆိုရင် တခြားနတ်ဆိုးတွေက ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲကို ထပ်ဝင်လာမှာကို အားလုံးက စိုးရိမ်နေတာကြောင့် သူတို့ ဘာမှ မလှုပ်ရှားရဲကြ။
"ချန်ရှီ" ကို ဟွမ်ဖောရွာသို့ ပြန်ခေါ်သွားပြီး သူ့ဝိညာဉ်ကို ပြန်ခေါ်ရန် ကြံစည်ခဲ့ကြသည်။ ဒါပေမယ့် လမ်းခရီးမှာ အမှားအယွင်းများစွာ ရှိခဲ့သေးသည်။ အဆိပ်ရှိသော ပျားများ၏အဆိပ်သည် "ချန်ရှီ" ကို အကြာကြီး မထိန်းထားနိုင်တာကြောင့် အကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် ဟူရှောင်လျောင်က အားကျိုးအား အချိန်မကုန်မီ ထုံဆေးထည့်ရန် တိုက်တွန်းခဲ့သည်။
"ငါတို့ ဟွမ်ဖောရွာကို ပြန်ရောက်ရင်တော့ ချန်ထန် နဲ့ သူ့မိန်းမက ငါတို့ကို လှောင်ပြောင်လိမ့်မယ်..."
တုယိရန်ရဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကားကြောင့် လူတိုင်း တိတ်ဆိတ်နေခဲ့သည်။
"ဒါပေမယ့် ချန်ထန်ကို ခေါ်တာက ပိုလုံခြုံတယ်"
ချင်းယန်: "အဖွားရဲ့ ပစ္စည်းတွေကို အားကိုးရတာ ပျင်းစရာမကောင်းပေမယ့် တစ်ဆယ်လေးရဲ့ ခန္ဓာကိုယ်ထဲက ဘီလူးတွေကို နှိမ်နင်းဖို့က မဖြစ်နိုင်ဘူး"
"ဝုတ် ဝုတ်!"
အဖွားရှား အနည်းငယ် မျက်မှောင်ကြုတ်ကာ ကန့်ကွက်ခြင်းမရှိပေ။ အားလုံး ဟွမ်ဖောရွာကို ရောက်လာကြတဲ့အခါ ချန်ထန်က သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ၎င်းတို့ကို အလေးအနက်ထားပြီး လူသတ်သမားလို ကြည့်လိုက်သည်။
လူငါးယောက်က သူ့ကို မကြည့်ဝံ့။ အဖွားရှားက ချီတုံချတုံနဲ့ ပြောသည်။
"ရှောင်ထန်... ငါတို့ရှင်းပြလို့ ရပါတယ် !"
သူမသည် အားကျိုးကို ဖင်ကိုကန်ပြီး ချန်ထန်ရှေ့ရောက်အောင် တွန်းပို့လိုက်သည်။
အားကျိုး တိတ်တဆိတ် ညည်းညူလိုက်သည်။ ချန်ထန် အမုန်းဆုံးသူကတော့ ဖန်တီးခံရှောင်ဝူ ဖြစ်ပြီး ဒုတိယကတော့ သူပဲ ဖြစ်ပါ၏။ ငယ်စဉ်ကပင် ချန်ယင်တူးနောက်သို့ လိုက်ခဲ့ပြီး ချန်ယင်တူးက သူ့သားထက် သာလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သဖြင့် ချန်ထန်၏ မနာလိုသော မျက်လုံးများကို မြင်တွေ့ခဲ့ရသည်။
အားကျိုးလည်း သွားများကို အံကြိတ်ကာ အကြောင်းရင်းနှင့် အကျိုးသက်ရောက်မှုကို ရှင်းပြရန် ခပ်သွက်သွက်ပြောသည်။
ယခုအခါတွင် သူသည် မဟာယာနနယ်ပယ်သို့ ဖောက်ထွင်း ဝင်ရောက်လာခဲ့ပါပြီ။ သူသည် ကမ္ဘာပေါ်တွင် ရှားရှားပါးပါး သခင်တစ်ဦးဖြစ်သည်။ သို့သော် ဤရှင်းပြချက်သည် အရွယ်ရောက်ပြီးသော နတ်ဆိုးတစ်ကောင်ကို တိုက်ခိုက်ခြင်းထက် သူ့ကို ပိုပင်ပန်းစေ၏။
ချန်ထန်က အမူအရာမဲ့နေရာ စကားမပြောပေ။ တုယိရန်သည် သူ၏သက်ကြီးရွယ်အို ဟူသော အနေအထားကို အခွင့်ကောင်းယူကာ၊ သူ့ဦးလေး ဟူသော အဆင့်အတန်းကို အသုံးချကာ သူ့ကိုဖိအားပေးချင်သော်လည်း ယခု အသက်ငယ်လွန်းလာရာ စကားပြောရန် ရှက်သွားခဲ့သည်။
ခဏအကြာတွင် ချန်ထန်က ဆိုလာ၏။
"ခင်ဗျားက အသက်ကြီးပေမယ့် သိပ်အပျော်ကြီး မရှာသင့်တော့ဘူး... ကျနော့်မိန်းမနဲ့ ကျနော့်မှာ ဒီသားတစ်ယောက်ပဲ ရှိတယ်... သေခြင်းမှ ပြန်ထလာဖို့ ခက်တယ်...လူကြီးတို့ ငါးယောက် နားလည်မယ်လို့ မျှော်လင့်ပါတယ်"
လူငါးယောက်လည်း ရှက်သွားခဲ့သည်။
ချန်ထန်: "သားရဲ့ဝိညာဉ်ကို အရင်ပြန်ခေါ်ကြည့်ရအောင်... ဒီတစ်ခါလို အရာအားလုံး ပေါက်ကရတွေ မဖြစ်လာအောင် နတ်ဆိုးကို သုတ်သင်ဖို့ ကိစ္စတွေကို ကျနော် စီစဉ်လိုက်မယ်"
အဖွားရှားနှင့် အခြားသူများ တုံ့ဆိုင်းသွားကြသည်။ ချန်ထန်က စီစဉ်ပေးရင် စေ့စေ့စပ်စပ် ဖြစ်လိမ့်မယ်။ ၎င်းတို့ငါးဦးသည် နတ်ဆိုးကို သုတ်သင်ရန် ကိရိယာများ ဖြစ်လာမည် ဖြစ်ပြီး ပျော်ရွှင်စရာ လုံးဝ မရှိတော့ပေ။
မကြာခင်မှာပဲ အဘွားရှားက ချန်ရှီရဲ့ ဝိညာဉ်ကို ပြန်ခေါ်ခဲ့ပြီး တုယိရန် နဲ့ တခြားသူတွေက သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ဆွဲထုတ်ဖို့ အခွင့်အရေးယူခဲ့ကြသည်။ ချန်ရှီ၏ ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူ လန့်လန့်ဖျပ်ဖျပ်နဲ့ နိုးလာပေမယ့် တစ်ကိုယ်လုံး လေဖြတ်ထားသဖြင့် မျက်လုံးများပင် မလှုပ်ရှားနိုင်တော့ပေ။
"အားကျိုး.... ပျားအဆိပ်ကို ဖယ်ရှားဖို့ ဘယ်လောက်ကြာမလဲ"
အဘွားရှားဆီက အသံထွက်လာသည်။
"နာရီဝက်...."
"တစ်ဆယ်လေးရဲ့ ဝိညာဉ်ဟာ အရင်ကနဲ့ မတူတော့သလိုပဲ... ပိုသန်မာလာတယ်"
တုယိရန်ကလည်း သူ့ကို စစ်ဆေးပြီး :"တကယ်က ပိုအားကောင်းလာတာ... ဒါပေမယ့် နတ်ဝိညာဉ် ကြီးထွားမှုက တိုးမလာဘူး ထူးဆန်းတယ်"
နာရီဝက်ကြာပြီးနောက် ချန်ရှီသည် နောက်ဆုံးတွင် အနည်းငယ် လှုပ်ရှားလာနိုင်ပြီး တွန့်ဆုတ်စွာ ပြုံးကာ မေးလိုက်သည်။
"ဒေါ်လေးရှား... ဦးလေးတု ကျနော့်ခန္ဓာကိုယ်ထဲက နတ်ဆိုးအားလုံးကို ဖယ်ထုတ်လိုက်ပြီလား။"
တုယိရန်က အကြိမ်ကြိမ် ချောင်းဆိုးပြခဲ့ပြီး လူတိုင်း၏ မျက်နှာများသည် အနည်းငယ် သဘာဝမကျပေ။
ချန်ရှီ: "တစ်ခုခုမှားသွားလို့လား?"
"ဒါက အသေးအမွှား ပြဿနာပါ..."
အဖွားရှားက ပြုံးပြီးပြောသည်။
"နတ်ဆိုးနှစ်ကောင်ကို ငါတို့ ဖယ်လိုက်ကြပေမယ့် မကြာခင် အကုန်လုံး ဖယ်နိုင်တော့မှာပါ... စိတ်မပူပါနဲ့ မင်းထပ်ပြီး သေသရွေ့ နတ်ဆိုးတွေအားလုံးကို ငါတို့ ဖယ်ရှားနိုင်မှာ!"
လွန်ခဲ့သည့် ဆယ်ရက်အတွင်း အကြီးအကဲငါးဦးသည် နတ်ဆိုးအားလုံးကို ဖယ်ရှားခဲ့လောက်ပြီဟု ချန်ရှီ တွေးထင်ခဲ့သော်လည်း နှစ်ကောင်သာ ဖယ်ရှားနိုင်လိမ့်မယ်လိူ့ မမျှော်လင့်ခဲ့ပေ။ သူအနည်းငယ် စိတ်ပျက်သွားသော်လည်း တွေးလိုက်သည်ကား။
"ဒါဆို ငါနောက်တစ်ခေါက် မရဏကမ္ဘာကို ပြန်သွားရမှာပဲ..."
မြေအောက်ကမ္ဘာရှိ ချန်ယန်တောင်တွင် ရှာဖွေရန် လျှို့ဝှက်ချက်များစွာ ရှိနေသေးပြီး ဖန်ကျွီနဲ့ ဖန်ယန့်အာကလည်း မိတ်ဆွေဖွဲ့ထိုက်သော သရဲတစ္ဆေများ ဖြစ်သည်။ ယခင်ကတော့ သူ မြေအောက်ကမ္ဘာသို့ ပြန်သွားရန် မနှစ်သက်ခဲ့။
အဖွားရှားတို့ ငါးယောက်နှင့် ဟေးကော်သည် ချန်ထန်နံဘေးသို့ ရောက်လာပြီး တိုးတိုးပြောကာ ချန်ရှီကို ရှောင်လိုက်သည်။
ချင်းယန်: "ဒီတစ်ကြိမ် နတ်ဆိုးကို သုတ်သင်တဲ့ နေရာက ကွဲပြားမှုတွေများလွန်းတော့ မြေအောက်ကမ္ဘာမှာ မဖြစ်နိုင်တော့ဘူး... နတ်ဆိုးကို သုတ်သင်တဲ့ နေရာကို လောင်တုရဲ့ အနတ္တလေဟာပြင်ဘုံထဲမှာ လုပ်ကြည့်မယ်... နတ်ဆိုးအသွင် ပြောင်းသွားရင်တောင်မှ နတ်ဆိုးက လွတ်မြောက်ဖို့ ခက်ခဲသွားမှာပဲ"
ချန်ထန်က ခေါင်းခါလိုက်ပြီး :"နတ်ဆိုးအသွင်ပြောင်းခြင်းက သူ ဖုံးလွှမ်းထားတဲ့ နေရာက အရာအားလုံးကို ညစ်ညမ်းသွားစေမှာ... နတ်ဆိုးစွမ်းအင်ကြောင့် သက်ရှိသတ္တဝါတွေလည်း နတ်ဆိုးစွမ်းအင် အတိုင်း ညစ်ညမ်းသွားလိမ့်မယ်... ဦးလေးတုရဲ့ အနတ္တလေဟာပြင်ဘုံထဲမှာ လုက်ရင်း နတ်ဆိုးဖြစ်လာမယ့် ပထမဆုံးလူက ဦးလေးတုပဲ... အဲဒါကြောင့် ကျွန်တော်တို့ ဒီကမ္ဘာထဲမှာပဲ ပြင်ဆင်မှုတွေ လုပ်ရမယ်"
ချင်းယန် : "ပျင်းစရာကြီး..."
ချန်ထန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချင်းယန် စကားမပြောရဲတော့ပေ။
ချန်ထန်: "အစ်မရှားထုန်ရဲ့ အစီအစဉ်ကို ဆက်သုံးသွားမယ်....ဒါပေမယ့် ကျွမ်းကျင်သူတွေကို ယဇ်ပလ္လင်ကို အချိန်မရွေး ရွှေ့ဖို့ ယဇ်ပလ္လင်တစ်ခုစီရဲ့ဘေးမှာ စီစဉ်ပေးထားရမှာ... မှော်အသွင်ပြောင်းတဲ့ အကွာအဝေးရဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့ ယဇ်ပလ္လင်ရဲ့ လွှမ်းခြုံမှုကို ချဲ့ထွင်ခြင်း ဒါမှမဟုတ် လျှော့ချဖို့ လုပ်ရမယ်.... နတ်ဆိုးတစ်ကောင်စီအတွက် မှော်နယ်မြေတစ်ခုက မိုင်တစ်ရာပဲ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး... တချို့ နတ်ဆိုးတွေက ပိုအားကောင်းပြီး နတ်ဆိုးနယ်မြေရဲ့ ကန့်သတ်ချက်ကလည်း ပိုကြီးမားလိမ့်မယ်... "
သူက မိုင်တစ်ရာအကွာသို့ လှည့်ကြည့်လိုက်ပြီး။
"ဒီတစ်ခါ ခင်ဗျားတို့က အဓိက အင်အားစုပဲ... ဦးလေးတုနဲ့ အားကျိုးက အဓိက လှုပ်ရှားမယ်... အားကျိုးက မှော်အသွင်ပြောင်းမှုအစမှာ နတ်ဆိုးတွေရဲ့ စွမ်းအင်အရှိန်ကို ဖိနှိပ်ဖို့ လေထဲမှာ နေပြီး ဦးလေးတုက နတ်ဆိုးတွေရဲ့ မှော်အစွမ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်....ဦးလေးယန်က သူနဲ့ လုံးထွေးပြီး ဦးလေးဟူက သူ့ဘေးပတ်ဝန်းကျင်က အာကာသတွေကို တားဆီးထားရမယ်....."
"အစ်မရှားက တိုက်ပွဲမှာ တိုက်ရိုက် မပါဝင်ပါနဲ့... အစ်မရဲ့ တစ်ခုတည်းသောတာဝန်က နတ်ဆိုးဝိညာဉ်ကို လင်းထိန်စေရန် သိုးချိုမိုးကောင်းကင် ဝိညာဥ်မီးအိမ်ကို သုံးနေဖို့ပဲ...."
"ဟေးကော်လည်း တိုက်ပွဲမှာ မပါဝင်ရဘူး... အစ်မရှားထုန် နတ်ဆိုးရဲ့ ဝိညာဉ်အစိတ်အပိုင်းကို ဖောက်ထုတ်နေသရွေ့ မင်းက အဲဒီအပေါ်မှာ ခုန်ပေါက်ကိုက်ပြီး နတ်ဆိုးဝိညာဉ်ကို ဆွဲထုတ်ရလိမ့်မယ်...."
သူက စနစ်တကျ စီစဉ်ပေးတဲ့အတွက် လူတိုင်းနဲ့ ခွေးက ခေါင်းညိတ်ပြနေကြသည်။ အလုပ်သမားတွေကို ရှင်းရှင်းလင်းလင်း အလုပ် ပိုင်းခြားပေးထားရင် အမှားနည်းနည်းပဲ ရှိမှာပင်။
"ကျနော် ထျန်းကျီးကို စီစဉ်ပြီး အပြင်ဘက်ကနေ ပံ့ပိုးပေးထားမယ်... လိုအပ်ရင် ထျန်းကျီးရဲ့ နတ်တစ္ဆေနယ်မြေကို သုံးပြီး ကူညီပေးမယ် ဒါပေမယ့် ထျန်းကျီရဲ့ ဉာဏ်ရည်က အတော်လေးနိမ့်ပါးတယ်... နတ်ဆိုးတွေ ကျူးကျော်ဖို့ လွယ်တဲ့အတွက် တိုက်ပွဲမှာ တိုက်ရိုက် မပါဝင်နိုင်တော့ဘူး... ဒါကြောင့် ခင်ဗျားတို့ကိုပဲ အားကိုးရလိမ့်မယ်"
အဖွားရှားနှင့် အခြားသူများ၏ မျက်နှာများသည် ချန်ထန်က အသုံးမဝင်ကြောင်း သိပေမယ့် အနည်းဆုံးတော့ သူတို့ ဘူလုံလုံလောက်လောက် ရှိသည်ဟု ထင်ကာ အနည်းငယ် စိတ်ပေါ့ပါးသွားခဲ့သည်။
"ဒါပေမယ့် ကျနော်တို့မစခင်မှာ လေ့ကျင့်ထားရမယ်.. ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး ချောမွေ့အောင် လုပ်ဖို့လိုတယ်.... အခု အပြင်ထွက်ပြီး လေ့ကျင့်ကြရအောင် ကျနော်က ထျန်းကျီးကို နတ်ဆိုးအဖြစ်သုံးမယ် ခင်ဗျားတို့ငါးယောက်က ကောင်းကောင်းတိုက်ခိုက်ပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမယ်... ကိုယ့်အလုပ်သာလုပ်ပါ... တခြားသူတွေရဲ့အလုပ်ကို ဘယ်တော့မှ မလုပ်နဲ့!"
အဖွားရှားနှင့် အခြားသူများ ခါးသီးလာပြီး ချန်ထန်က တကယ် အသုံးမဝင်ကြောင်းသာ ခံစားလာခဲ့ရသည်။
တုယိရန် သက်ပြင်းချလိုက်ပြီး။
"သူ့နောက်ကို လိုက်သွားလိုက်ပါ... ဘယ်သူကများ ငါတို့ကို စိတ်ရှုပ်အောင် လုပ်လိုက်တာလဲ"
အားလုံးက တောင်ပေါ်မှာ လေ့ကျင့်ကြသည်။
ချန်ရှီ လမ်းလျှောက်နိုင်သည်မှာ မွန်းလွဲပိုင်းမှသာ ဖြစ်သည်။ အားကျိုး၏ အဆိပ်ရှိသော ပျားများသည် ရက်စက်လွန်းပြီး ပျားအဆိပ်ကို အလွန်အကျွံ ထိုးသွင်းလိုက်သောကြောင့် သူ့ခန္ဓာကိုယ်ကို အနည်းငယ်ပင် ထိန်းမရတော့ပေ။
အဖြူရောင်ဝတ်နတ်သမီးက သူ့ဝိညာဉ် ပြန်ရောက်လာတာကို သတိပြုမိပြီး အရမ်းပျော်သွားသည်။ သူမက သူ့ကို လှည့်ပတ်ကြည့်နေ၏။
ချန်ရှီသည် နေရောင်အောက်တွင် အနားယူရန် ခြံဝင်းအတွင်းရှိ လျောင်းစက်ပေါ်တွင် လဲလျောင်းနေသည်။ အဖြူရောင်နတ်သမီးက သူ့ကို ပွေ့ဖက်ပြီး စပျစ်သီးလေး ကျွေးသည်။ ချန်ရှီအမေ အဘွားဝူကျူရဲ့ စပျစ်ခြံက ခူးဆွတ်ခဲ့သော လတ်ဆတ်သော စပျစ်သီးများသည် အချဉ်ဓာတ် အနည်းငယ်ပါပေမယ့် ချိုမြိန်ပါသည်။
"ဘုံကျောင်းလေးကို မယူဘဲ မရဏကမ္ဘာကို သွားရတာ နည်းနည်းတော့ အဆင်မပြေသေးဘူး... ဘုံကျောင်းငယ်ကို ငါ့ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီး ငါ့ဝိညာဉ်နောက်ကို လိုက်ခိုင်းနိုင်ပါ့မလား"
ချန်ရှီသည် စပျစ်သီးအရေခွံကို တံတွေးထွေးလိုက်စဥ် အဖြူဝတ်နတ်သမီးက စက္ကူနှင့် အမြန်ဖမ်းလိုက်သည်။
"ငါ ဒီဘုံကျောင်းလေးကို ငါနဲ့အတူ ယူသွားနိုင်ရင် ပိုလုံခြုံလိမ့်မယ်... ဘုံကျောင်းငယ်လေးက ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး၊ တစ်နည်းဆိုရရင် ကိုယ်ခန္ဓာနဲ့ တွဲနေစရာ မလိုဘူး... ဝိညာဉ်က မြေအောက်ကမ္ဘာကို ခေါ်သွားနိုင်တယ်... ဟေးကော် နတ်ကွန်းပေါ်မှာ ထိုင်ရင်လည်း အဲဒီနေရာကို ယူသွားနိုင်တယ်"
အဖြူရောင်ဝတ် နတ်သမီးက ပျားအဆိပ်ကို မြန်မြန်ပျော်သွားအောင် သူ့ပုခုံးနဲ့ နောက်ကျောကို ပြင်းပြင်းထန်ထန် နှိပ်နယ်ပေးနေခဲ့သည်။ ချန်ရှီ ထထိုင်လိုက်ပြီး သူ့နတ်ဝိညာဉ်က ပျံထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ရာ သူ့ခေါင်းနောက်ဘက်တွင် ထိုးထွင်းသိမြင်မှုမျိုးစုံကို မြင်လိုက်ရသည်။
ခန္ဓာကိုယ်သည် လျှို့ဝှက်ချက်များ ပြည့်နှက်နေသော ကမ္ဘာငယ်လေးဖြစ်သည်။
စိတ်၌ ဝိညာဥ်ပင်လယ်သည် ကျယ်ပြော၍ အဆုံးမရှိသော ဝိညာဥ်၏ သမုဒ္ဒရာအတိုင်းပင်။ ရံဖန်ရံခါ လျှပ်စီးလက်၍ မိုးခြိမ်းသံကဲ့သို့ အကွာအဝေး တစ်ခုသို့ ပစ်ခတ်လိုက်၏။ ဒါဟာ ချန်ရှီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အသိစိတ်ပင်လယ်ထဲမှာ ချောက်ကြီးတစ်ခု ရှိ၏။ ၎င်းက ပိတ်နေတဲ့ အနေအထားနဲ့ ပင်လယ်အောက်မှာ ပုန်းနေသည်။ ချန်ရှီသေဆုံးပါက အသိစိတ်ပင်လယ်က ခန်းခြောက်သွားကာ တွင်းနက်ကြီး ပေါ်လာမည် ဖြစ်သည်။ တွင်းနက်ထဲမှာ ဝှက်ထားတဲ့ နတ်ဆိုးက တွင်းထဲကနေ တွားသွားတက်လာပြီး ဒီခန္ဓာကိုယ်ကို သိမ်းပိုက်လိမ့်မည်။
ဝိညာဥ် အသိစိတ်ပင်လယ်၏ အထက်၌ ကောင်းကင်ဘုံ နန်းတော်ကဲ့သို့ ထက်မြက်သော ဝိညာဉ်ကျိန်းဝပ်ရာ မြင့်မြတ်သော ရင်ပြင်ရှိသည်။ ထို့အပြင် နတ်ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်သွားသည့် ၎င်းက ကောင်းကင်တံခါး ဖြစ်လာသည်။
အောက်ကို ငုံ့ကြည့်လိုက်ရင် နှာခေါင်းက ကောင်းကင်တွင်းနက်ကြီးလို၊ လျှာက ရေကန်လို၊ လည်ချောင်းက တစ်ဆယ့်နှစ်ထပ်မျှော်စင်လို၊ ကျောရိုးက ၃၃ထပ် မျှော်စင်လို၊ ကောင်းကင်၊ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့က လေထဲတွင် လွင့်မျောနေသော တောင်ကြီးငါးလုံးလို ဖြစ်နေသည်။ အူမကြီးတို့သည် အဝါရောင် ရေစင်လိုပင်။
အသားအိတ်သည် ခန္ဓာကိုယ်အတွင်းရှိ ဤခမ်းနားသော မြင်ကွင်းကို လွှမ်းခြုံထားသည့် ကောင်းကင် အတားအဆီးနှင့် ညီမျှလေသည်။ လေဟာပြင်ကို ချိုးဖျက်ခြင်းသည် အတားအဆီး၏ ခြေချင်းများကို ချိုးဖျက်ခြင်းပင် ဖြစ်သည်။
ချန်ရှီသည် လေဟာပြင်ကို ချိုးဖျက်ပြီး ပြင်ပကမ္ဘာနှင့် ပေါင်းစည်းလိုက်သော်လည်း အန္တရာယ်များကြောင်း ခံစားရပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ နတ်ဆိုးစွမ်းအင်ကို အမြဲခံနေရသည်။
သူ့မျက်လုံးများက ဘုံကျောင်းငယ်လေးကို စူးစိုက်ကြည့်နေသည်။ သူ၏ သေးငယ်သော ဘုံကျောင်းဟာ ဦးခေါင်း အနောက်ဘက်ရှိ လည်ပင်းအရိုးများထဲတွင် ဝှက်ထားသည်။
အလွန်အရေးကြီးသော ကျောရိုးနှင့် ခေါင်းအောက်ရှိ ကျောရိုးတို့၌ ကောင်းကင်ယံသို့ ရောက်ရှိနိုင်သည့် အရိုးအပေါက်တစ်ခု ရှိသည်။ ကောင်းကင်ပြင်မှာ စစ်မှန်တဲ့ နတ်ဘုရားက ပေးခဲ့တဲ့ နတ်သန္ဓေသားက အဲဒီနေရာမှာ ရှိနေရတာ ဖြစ်မည်။
ချန်ရှီသည် နတ်သန္ဓေသားလေး အဘယ်ကြောင့် ဤနေရာတွင် ဆင်းသက်လာသည်ကို ယခင်က သေသေချာချာ မတွေးခဲ့မိသော်လည်း ယခုအခါ ၎င်းကို အသေအချာ စဉ်းစားပြီး အံ့သြဖွယ်ကောင်းမှုကို တွေ့ရှိခဲ့သည်။
"နတ်သန္ဓေသား ကြွေကျဖို့အတွက် အားကိုးစရာ နေရာရှိရမယ် အဲဒါကြောင့် ဘုရင်ကြီးဟာ နတ်သန္ဓေသားလေး ကောင်းကင်က ပြုတ်ကျလာတဲ့အခါ နေရာရဖို့အတွက် နတ်သန္ဓေသားနယ်ပယ်နဲ့ နတ်ကွန်းနယ်ပယ် နှစ်ခုကို တည်ထောင်ဖို့ အကြံဉာဏ်တစ်ခု ပေါ်လာခဲ့တာ... ဒါပေမယ့် ဒီလိုလုပ်ရတာက..."
သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် :"နတ်သန္ဓေသားက ငါ့ထဲကို ဆင်းဖို့ မလိုဘူး... ငါ့မှာ နတ် သန္ဓေသား မရှိဘူး ပြီးတော့ ငါ့ဘုံကျောင်းနဲ့ နတ်ကွန်းအသေးလေးတွေက လည်ပင်း ပေါက်မှာ ဝှက်ထားစရာ မလိုဘူး!"
သူ့စိတ်က အနည်းငယ် လှုပ်ရှားသွားသည်နှင့် သူ့ဦးခေါင်းနောက်က ဘုံကျောင်းငယ်လေးက ထွက်ပေါ်လာပြီး နတ်ဝိညာဥ်ရဲ့ အနောက်မှာ လွင့်မျောနေတော့သည်။ ချန်ရှီရဲ့ နတ်ဝိညာဥ်က ခုန်ပျံလိုက်တာနဲ့ ဘုံကျောင်းငယ်လေးကလည်း သူ့ခေါင်းနောက်ကို အမြဲလိုက်နေခဲ့လေ၏။
နောက်နေ့ညနေမှာတော့ ချန်ထန်ဟာ သူတို့ရဲ့ လေ့ကျင့်မှုတွေဟာ ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အတွက် ချန်ရှီကို အားလုံးနဲ့အတူ မရဏကမ္ဘာဆီ ခေါ်ဆောင်သွားခဲ့သည်။ စွင်းယိရှန်းလို့ ခန္ဓာပေါင်းစပ်နယ်ပယ်မှ သခင်များစွာကလည်း လိုက်ပါလာခဲ့ကြသည်။
စွင်းယိရှန်း နှင့် အခြားသူများသည် အခွန်ဝန်ကြီးဌာနတွင် အသေးစားအရာရှိများ ဖြစ်သော်လည်း ၎င်းတို့အားလုံးသည် နတ်ဆင်းသက်နယ်ပယ်နဲ့ အနတ္တသန့်စင်နယ်ပယ်က သခင်များ ဖြစ်လေသည်။ တောင်နီခန်းမသို့ ရောက်ပြီးနောက်၊ သူတို့သည် ငွေ၊ သူငယ်ချင်း၊ မြေနှင့် မှော်အတတ်များ အပါအဝင် လိုအပ်သမျှ အရာအားလုံးကို ရခဲ့ပြီး ကျင့်ကြံမှုကလည်း ခုန်ကျော်ကာ အရှိန်မြှင့်လာခဲ့သည်။
၎င်းတို့သည် ချန်ထန်၏ လက်အောက်ငယ်သားဟောင်းများဖြစ်ပြီး ယဇ်ပလ္လင်တစ်ခုစီအတွက် တာဝန်ယူလိုက်ကြသည်။ ချန်ထန်က စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အမှားအယွင်း မရှိခဲ့သဖြင့် ကျေနပ်သွား၏။
"ကျေးဇူးပြုပြီး ကျနော့်သားကို သတ်ပစ်ပေးဖို့ ဦးလေးယန်ကို တောင်းဆိုပါတယ်... ကျနော် ဒါကို မလုပ်နိုင်ဘူး"
ချင်းယန်သည် ဤလမ်းကြောင်းနှင့် ရင်းနှီးခဲ့ပြီးသား ဖြစ်တာကြောင့် ချန်ရှီ၏ နောက်ကျောကို ဆွဲကိုင်ကာ မရဏလမ်းပေါ် စေလွှတ်လိုက်တော့သည်။ ချန်ရှီခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ဝိညာဉ်သည်လည်ူ သူ့ခန္ဓာကိုယ်မှ ပျံထွက်သွား၏။
ချန်ရှီ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲကျသွားကာ ရုတ်တရက် တဟားဟား အော်ရယ်လေသည်။
"နောက်ဆုံးတော့ ငါ့အလှည့်ပဲ!"
"ချန်ရှီ" မတ်တပ်ထရပ်လိုက်သည်နှင့် နတ်ဆိုးနယ်မြေ ပေါက်ကွဲသွားပြီး။
"ဒီကမ္ဘာကြီးပေါ် ငါ နောက်ဆုံးတော့ ခြေချနိုင်ပြီ... လက်မြှောက်မလား... ဖျက်ဆီးခံမလား မင်းတို့ ရွေးချယ်လိုက်!"
သွေးမြစ်ဘေးရှိ ဝူလျောင့် ချောက်ကမ်းပါးရှေ့။
ယင်တောင်တန်း၏ နက်နဲသောနေရာ၌ ရှုပ်ထွေးနေသော အရိုးများသည် ဖြည်းညှင်းစွာ တုန်ခါသွားကာ ပြီးပြည့်စုံသော အရိုးစုတစ်ခုအဖြစ် ရုတ်တရက် ပေါင်းစည်းသွားသည်။ အရိုးစု၏ ခေါင်းနောက်ဘက်တွင် မီးတောက်ပြီး သွေးအိုင်များ လည်ပတ်နေပြီး သွေးကန်အထက်တွင် သေးငယ်သော ဘုံကျောင်းတစ်ခု လွင့်မျောနေသည်။
အရိုးစုက သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ငှက်ပေါင်းများစွာရဲ့ အလောင်းတွေကို တွေ့လိုက်ရရာ သူ့ရင်ဘတ်ထဲက မီးတောက်တွေ ဝုန်းကနဲ တောက်လောင်လာတော့၏။