← Chapters

ငါက ငရဲပဲ

Vol. 24 Ch. 349

ငါက ငရဲပဲ

Vol. 24 Ch. 349

"ဒီအကောင်တွေရဲ့ အလောင်းတွေက နွေးနေတုန်းပဲ... သူတို့ သေထားတာ မကြာသေးဘူး လူသတ်သမားက အခုထိ ဝေးဝေး မရောက်​လောက်သေးဘူး!"

ချန်ရှီ လျှောက်သွားတော့မယ့် အခိုက်မှာပဲ ရုတ်တရက် ရပ်သွားခဲ့သည်။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် နတ်သွေးနှင့် တောက်ပမှုအချို့ကို လှိမ့်ကာ သေးငယ်သော ဘုံကျောင်းထဲသို့ ထည့်ရန် သူ့မှော်အစွမ်းကို တိုက်တွန်းလိုက်သည်။

သူ၏ခေါင်းနောက်တွင် သွေးအိုင်သည် ဟောက်ကာ ပြေးလွှားနေပြီး နတ်သွေးနှင့် တောက်ပသော တန်ခိုးကို ချေဖျက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ ချန်ရှီ လျှပ်စီးကြောင်းကို ထိန်းချုပ်ကာ လေထဲသို့ ပျံတက်သွားကာ ဝူလျောင့် ချောက်ကမ်းပါးပေါ်တက်ကာ ပတ်ပတ်လည်ကို ကြည့်နေလိုက်သည်။

သူ လေထဲတွင် ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း လူသတ်သမား၏ ပုံသဏ္ဌာန်ကို မတွေ့ခဲ့ရပေ။ ခေါင်းကို တခြားနေရာများဆီ လှည့်ကြည့်လိုက်ပေမယ့် လေထဲမှာ သရဲတစ္ဆေရဲ့ အရိပ်တွေတောင် မရှိတော့ချေ။

ဝူလျောင့် ကမ်းပါးအထက်တွင် တောင်တန်း အကြီးပငယ်များ ရှိပါသေးသော်လည်း ယင်တောင်တန်း၏ အခြားနေရာများနှင့် ရာသီဥတု ကွဲပြားသည်။ ဤတောင်တန်းများသည် စိမ်းလန်းစိုပြေပြီး တောင်တန်းများကို ဖုံးအုပ်ထားသည့် အသီးအရွက်များစွာ ရှိသည်။

တောင်ကုန်းလမ်းပေါ်မှာ သူနဲ့တူတဲ့ အရိုးစု သရဲတစ္ဆေတွေ အများကြီး ရှိနေကြသည်။ သူ လေထဲတွင် လွင့်မျောနေတာကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

“ဆင်းလာခဲ့! မြန်မြန်ဆင်းလာခဲ့!”

ချန်ရှီ ဆင်းသက်လာတဲ့အခါ ထိုအရိုးစု သရဲတစ္ဆေများသည် အဝတ်အစားများ ဝတ်ထားကြတာ တွေ့လိုက်ရသည်။ အဝတ်အထည်များကို ရွှေငွေကြိုးများဖြင့် ချည်ချောများစွာဖြင့် ချည်နှောင်ထားသည်။ ၎င်းတို့သည် အလွန်လက်ရာမြောက်သော ယင်ချီကို သန့်စင်ရန် အထူးအသုံးပြုထားသော အဆောင်စာလုံးတွေလည်း ပါလေ၏။

"မင်းက... လူသားကျင့်ကြံသူလား... မင်း အသက်ရှင်နေသေးတာလား"

ချန်ရှီ အံ့သြသွားသည်။

ဤသည်မှာ ယင်တောင်တန်း မရဏကမ္ဘာက ဖြစ်သည်။ ချန်ရှီသည် မရဏကမ္ဘာမှာ မကြာခဏဆိုသလို ပေါ်လာတတ်ပေမယ့် ဒီနေရာကို ရှာရခက်ရာ လူသားကျင့်ကြံသူတွေ ရောက်လာနိုင်ဖို့ မလွယ်ချေ။

အရိုးစု တစ္ဆေက အသံအိုမို့ လူအိုတစ်ယောက် ဖြစ်ရမည်။

"ငါတို့က လောလောဆယ် သေခြင်းအတု အခြေအနေမှာ ရှိနေကြတာ... ဆေးပင်တွေ စုဆောင်းဖို့ မြေအောက်ကမ္ဘာထဲ ဝင်လာကြတာ... မင်းက ဆေးဘုရင်ဂိုဏ်းက တပည့်မဟုတ်ဘူးလား"

သူသည် ချန်ရှီ၏ ခေါင်းနောက်ဘက်ရှိ သွေးအိုင်ကို ကြည့်ကာ အံ့အားသင့်သွားသည်။

အခုလေးတင်ပဲ ချန်ရှီက လေထဲမှာ ပျံနေတာတွေ့တော့ သူကလည်း ဆေးဘုရင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ ထင်ခဲ့ကြပေမယ့် ချန်ရှီရဲ့ ခေါင်းနောက်က သွေးကန်ကို ကြည့်လိုက်တော့ သူက နည်းစနစ်ကျကျ လေ့ကျင့်နေတာ ထင်ရှားပါ၏။ ထို့အပြင် ချန်ရှီ အသံသည် ကလေးဆန်သော လေသံများ ရှိနေသေးပြီး သူ့အသံက စတင်ပြောင်းလဲနေပြီ ဖြစ်သောကြောင့် ငယ်ရွယ်လောက်သည်။

"ဆေးဘုရင်ဂိုဏ်း? ခင်ဗျားက ဆေးဘုရင် စွင်းစစ်မြောင်ကို ဘိုးဘေးအဖြစ် ကိုးကွယ်နေတာလား"

အဘိုးအိုက အံ့သြသွားပြီး :“ငါတို့ ဆေးဘုရင်ဂိုဏ်းရဲ့ ဘိုးဘေးနာမည်ကို မင်းသိတယ်လား”

"ချန်ယန်တောင်မှာ ခင်ဗျားတို့ဘိုးဘေးရဲ့ ဘုံကျောင်း ရှိတယ်... ကျနော်က ခင်ဗျားတို့ ဘိုးဘေးနဲ့ ရင်းနှီးတယ်"

အရိုးစု သရဲတစ္ဆေများစွာသည် အလွန်စိတ်လှုပ်ရှားသွားကာ အဖိုးအိုက တုန်လှုပ်သွားသည်။

"ချန်ယန်တောင်မှာ ဘိုးဘေးရဲ့ ဘုံကျောင်းတစ်ခု တကယ်ရှိတာလား... ဘုရားသခင်က ငါတို့ကို သနားတော်မူပြီ... နောက်ဆုံးတော့ ဘိုးဘေးကို ငါတို့ ပြန်တွေ့ရတော့မယ်.. မင်း ငါတို့ကို လိမ်နေတာလား"

"ကျနော်က ဘာလို့လိမ်ရတာလဲ... ခင်ဗျားတို့ ဘိုးဘေးရဲ့ စိတ်ဝိညာဥ်က ပျက်စီးသွားလို့ ကျနော် သူ့ကို နှိုးပေးတဲ့သူပဲ... အခု သူက ချန်ယန်တောင်ရဲ့ နတ်ဘုရား ဖြစ်သွားပြီ"

အဘိုးအိုက ဆောလျင်စွာ ဦးညွှတ်ပြီး :"ကျုက်က ဆေးဘုရင်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် ထုံချန်းရှို့ပါ....အကြီးအကဲ... ကျေးဇူးပြုပြီး ဘိုးဘေးကို သွားတွေ့ဖို့ ခေါ်သွားပေးနိုင်မလား!"

ချန်ရှီ သူ့ကို အမြန် ကူညီလိုက်သည်။

"ကျ​နော့်နာမည် ချန်ရှီ... ဒီနှစ်မှ အသက် ဆယ့်သုံးနှစ်ပါ... အကြီးအကဲ မဟုတ်ပါဘူး... ကျနော့်ကို ချန်ကျွမ့်ယွမ်လို့ ခေါ်လို့ရတယ်....ကျနော့်မှာ တခြား လုပ်စရာ ရှိ​သေးတယ်...ဒီအနီးနားက တစ္ဆေနတ်ဘုရား တစ်ယောက် တွေ့မိလား...သူက ချပ်ဝတ်တန်ဆာ ဝတ်ထားလောက်တယ်"

ငှက်ရွာတွင် တစ္ဆေများနှင့် နတ်ဘုရားအလောင်းများစွာရှိပြီး ၎င်းတို့သည် စံလက်နက်ဖြစ်သည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ တစ္ဆေဘုရားများဟု ခေါ်ဆိုရခြင်း အကြောင်းရင်းမှာ လက်ထဲတွင် အမွှေးတိုင်များ ကိုင်ဆောင်ထားသည့် ငရဲနတ်လေးများ၏ အလောင်းအများအပြားကိုလည်း တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ဆေးဘုရင် ဂိုဏ်းလက်အောက်ခံ လူများသည် သူဟာ ရွှေစာမေးပွဲတွင် မည်သူမည်ဝါ ဖြစ်ခဲ့ကြောင်း ဂရုမစိုက်ကြသဖြင့် ချန်ရှီအား အနည်းငယ် စိတ်ပျက်သွားစေသည်။

ဆေးဘုရင်ဂိုဏ်း၏ ခေါင်းဆောင် ထုံချန်းရှို့က ဆိုသည်။

"အခုလေးတင် သရဲတစ္ဆေတွေနဲ့ နတ်ဘုရားအုပ်စုတစ်စု ခပ်မြန်မြန်ပဲ ဖြတ်ကျော်သွားတယ်... ထျန်းကျစ်ပြည်မြို့တော်ဆီ ဦးတည်သွားနေပုံပဲ..."

ဆေးဘုရင် ဂိုဏ်းဝင် အရိုးစုတစ်ခုကလည်း :"အဲဒီ သရဲတစ္ဆေတွေနဲ့ နတ်တွေက ချပ်ဝတ်တန်ဆာ ဝတ်ထားတယ်... ခေါင်းပေါ်မှာ နံ့သာပေါင်းကို မီးရှို့တဲ့ သရဲတစ္ဆေလေးတွေလည်း ရှိတယ်... စကားမစပ် တစ္ဆေတစ်ကောင်က လှောင်အိမ်တစ်လုံး သယ်သွားသေးတယ်... ငှက်လှောင်အိမ်ထဲမှာ ငှက်တစ်ကောင်ရှိတယ်"

သူမ သေသေချာချာ သတိထားပြီး ဆက်ပြောသည်။

"အဲဒီငှက် မိန်းကလေး ဖြစ်မယ်... အဝတ် ဘယ်လို ဝတ်ရမယ်ဆိုတာ သိတယ်... သူတို့ ဟိုဘက်ကို ထွက်သွားကြတာ...."

"ငါရှာနေတာ သူတို့ပဲ!"

လျှပ်စီးကြောင်းပေါ် လှမ်းတက်ပြီး ပျံတက်တော့မည့် အခိုက် ထုံချန်းရှို့က တားလာ၏။

"ချန်ကျွမ့်ယွမ်... မင်းမပျံသန်းနိုင်ဘူး ဒီနေရာက အရမ်းအန္တရာယ်များတယ်၊ မင်းလမ်းလျှောက်လို့ရတယ်!"

"ဘာလို့ မပျံသန်းနိုင်တာလဲ"

"တောင်တွေပေါ်မှာ နတ်ဆိုးတွေရှိတယ်... ဒီနတ်ဆိုးတွေက ကောင်းကင်နဲ့မြေကြီးကြားက နတ်ဆိုးတွေ မွေးထားတဲ့ ထူးဆန်းတဲ့ဘဝပုံစံတွေနဲ့ အကောင်တွေ... သူတို့က လူတွေကို ဒုက္ခပေးဖို့ အခွင့်အလမ်းကို စောင့်နေကြတာ... အရေအတွက်က မမြင်နိုင်လောက်အောင် များတယ်... မင်းအထက်က ပျံသန်းရင် မင်းကို နတ်ဆိုးတွေက လိုက်ဖမ်းလိမ့်မယ်... မင်းရဲ့ခန္ဓာကိုယ်ကို တွယ်ကပ်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်လိမ့်မယ်...ချန်ကျွမ့်ယွမ် အဲဒီလူတွေကို လိုက်ချင်ရင် ဒီလမ်းအတိုင်းသာ သွားပါ... ငါလမ်းပြပေးမယ်...."

ချန်ရှီ သူ့ကို ကျေးဇူးတင်လိုက်သည်။ ထိုစဥ် ဆေးဘုရင်ဂိုဏ်းမှ မိန်းကလေးတစ်ယောက် ထွက်လာသည်။

"ဂိုဏ်းချုပ်..ကျွန်မ ဒေသရဲ့ ပထဝီဝင်နဲ့ ကျွမ်းတယ်... ရှင်တို့ကို ကျွန်မ လမ်းပြပေးပါ့မယ်!"

ထုံချန်းရှို့သည် ဂရုတစိုက် မကြည့်မိပါက သူတို့ကို ဆုံးရှုံးရမှာကို စိုးရိမ်တဲ့အတွက် သူမကိုပဲ ကြည့်လိုက်သည်။

"မင်း ငါတို့နောက်က လိုက်ခဲ့လို့ ရပါတယ်"

မိန်းကလေး: "ချန်ကျွမ့်ယွမ်... ကျွန်မနာမည် စန်းရှီးရှီးပါ... ဆေးဘုရင်ဂိုဏ်းရဲ့ ဘဏ္ဍာစိုး"

ချန်ရှီ ခေါင်းညိတ်ပြလိုက်သည်။

"မြန်မြန်သွားရအောင်"

ထုံချန်းရှို့က တခြားအရိုးစုတွေကို အမြန် လှည့်ပြောလေ၏။

"မင်းတို့အရင်ပြန်သွားကြ.... ဘဏ္ဍာစိုးစန်းနဲ့ ချန်ကျွမ့်ယွမ်အတွက် ငါလမ်းပြ​ပေးလိုက်ဦးမယ်!"

အရိုးစုတွေက သဘောတူကြသည်။

စန်းရှီးရှီးက အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားသည်။ ပြေးသွားစဥ် သူမ၏ခြေရင်းအောက်တွင် တိမ်များပေါ်လာသည်။ သူမက လေကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်နေသကဲ့သို့ သူမလက်များမှ လေညှင်းများ ထွက်လာသည်။ သူမ နောက်ကို လှမ်းကြည့်သော် ချန်ရှီနဲ့ ထုံချန်းရှို့က ဘေးချင်းကပ်လျက်ဖြင့် သူမနောက်ကို တစိုက်မတ်မတ် လိုက်လာနေတာ တွေ့လိုက်ရသည်။

"ဒီထိပ်တန်း ပညာရှင်ရဲ့ ကျင့်ကြံမှု ခွန်အားက တော်တော် အားကောင်းလိမ့်မယ်"

ချန်ရှီဟာ အသက်မပြည့်သေးသော်လည်း ဆယ်ကျော်သက်အရွယ်သာ ဖြစ်သင့်သည်။ သို့သော် သူ့ရဲ့ ပြေးနှုန်းကို ကြည့်လျှင် လေ့ကျင့်မှုသည် သူမထက် မနိမ့်ကျကြောင်း သူမ ပြောပြနိုင်သည်။

ချန်ရှီ : "ဂိုဏ်းချုပ်ထုံက ဘယ်လိုဆေးပင်မျိုးကို စုဆောင်းခဲ့တာလဲ"

ထုံချန်းရှို့ : "ယင်ချန်ပန်း ဆိုတဲ့ ပန်းမျိုးပါ!"

စိမ်းလန်းသော အပင်များစွာသည် လက်တံရှည်များကို ခိုးကြောင်ခိုးဝှက် ဖြန့်ထားကြသည်။ ထုံချန်းရှို့က တောင်စောင်းကို လက်ညှိုးထိုးပြလိုက်သည်။ အဆုံးတွင် ရေလှောင်ကန် အရွယ်အစားရှိ ပန်းဖူးပွင့်များ၊ ဝတ်ဆံဖိုများ ပွင့်ထွက်လာကာ ဝတ်ဆံ၏အဆုံးတွင် မျက်လုံးများ ပေါက်နေပြီး ၎င်းတို့ကို ကြည့်နေတာ တွေ့လိုက်ရသည်။

"ဒီပန်းကို မြေအောက်ကမ္ဘာမှာပဲ တွေ့ရတာ... စပျစ်နွယ်ပင်လို ပေါက်တယ်... သူ့အပွင့်က လူတစ်ယောက်ရဲ့ သက်တမ်းကို ရှည်စေပြီး ရတနာတွေကို သန့်စင်ဖို့ သုံးနိုင်တဲ့ အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းတစ်ခုပဲ.... ငါတို့ အဲဒါကို ကောက်ယူပြီးရင် ဆေးဘုရင်ဂိုဏ်းကို ပို့လိုက်မယ် ဂိုဏ်းထဲက အဂ္ဂိရတ်ဆရာသမားတွေက အဲဒါကို အသက်ရှည်တဲ့ အဂ္ဂိရတ်ဆေး ဖြစ်လာအောင် သန့်စင်ပေးလိမ့်မယ်... စျေးကောင်းကောင်းနဲ့ ရောင်းပြီး မိသားစုကို ထောက်ပံ့လို့ရတယ်"

ချန်ရှီ : "ကျင့်ကြံသူတွေက သေဆုံးသွားပြီးမှ ဝိညာဉ်က ဒီကိုလာပြီး အရိုးစုထဲမှာ တွယ်ကပ်နိုင်တယ်လို့ ကျနော် ကြားဖူးတယ်... ခင်ဗျားတို့ ဒီကို ဘယ်လိုရောက်လာတာလဲ..."

ထုံချန်းရှို့က ပြုံးပြီးပြောသည်။

"ငါတို့က ဆေးဘုရင်ဂိုဏ်းမို့လို့ ဆေးဖက်ဝင် အပင်အမျိုးမျိုးနဲ့ သဘာဝအတိုင်း ရင်းနှီးကြတယ်လေ... ငရဲရဲ့ သဘောသဘာဝကို ငါတို့အားလုံးသိတယ်... မြေအောက်ကမ္ဘာကို မသွားကြခင် သေခြင်းအတု အ​ခြေအနေ ရောက်သွားအောင် ငါတို့ ဆေးတွေသောက်ပြီး ခေါင်းတလားထဲ အိပ်ကြတယ်.... မြေအောက်ကမ္ဘာက ငါတို့ရဲ့ဝိညာဉ်တွေကို ဖယ်ထုတ်ပြီးရင် ဒီနေရာကို ရောက်လာမှာပဲ... ဒီအချိန်မှာ ငါတို့ကို စက္ကူပိုက်ဆံတွေ ထပ်ပြီး ပြင်ထားရင် ငါတို့ကို မြေအောက်ကမ္ဘာမှာ နေခွင့်ရအောင် လုပ်လို့ရတယ်... ယင်ချန်ပန်းကို ခူးပြီးရင် မြေအောက်ကမ္ဘာက ငါတို့ကို ပြန်​​ခေါ်​ဖို့ ကြိုးစားလိမ့်မယ်... ငါတို့ ယင်ချန်ပန်းကို အချိန်မရွေး ခူးလို့ရတယ်..."

ဤကဲ့သို့ အလုပ်မျိုးသည် ကြံရာပါများ လိုအပ်သည်။ ယင်ချန်ပန်းအချို့ကို ကောက်ယူပြီးနောက် ကြံရာပါများသည် ဝိညာဉ်များကို ဆင့်ခေါ်ပြီး တကယ် မသေစေရန် သက်ရှိလောကသို့ ပြန်ခေါ်သွားရမည် ဖြစ်သည်။

ထုံချန်းရှို့ : "ယင်ချန်ပန်းတွေက အရမ်းအစွမ်းထက်တာ.. တစ်ခါတလေ ပန်းတွေ မခူးနိုင်တော့တဲ့ ငါတို့ဂိုဏ်းထဲက လူတော်တော်များများဆို ယင်ချန်ပန်းတွေဆီမှာ အဖမ်းခံရပြီး ပန်းတွေရဲ့ အမြစ်အောက်မှာ မြေသြဇာဖြစ်သွားကြတယ်"

ဒီလို ပြောပြီးနောက် သူနည်းနည်း ဝမ်းနည်းသွားသည်။

ဆေးဘုရင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သဖြင့် ဆေးဘုရင်ဂိုဏ်း၏ တပည့်များသည် ဆေးပင် ခူးခြင်းကြောင့် သေဆုံးသွားသော်လည်း သူသည် အစွမ်းမရှိသဖြင့် မကယ်နိုင်လိုက်ရာ သူ့ကိုယ်သူ အပြစ်တင်ရလေသည်။

ထုံချန်းရှို့ : "ယင်တောင်တန်းမှာ တစ္ဆေနတ်ဘုရားတွေ ​နေရာတွေ အများကြီးရှိတယ်... အဲဒီနေရာတွေကို ရှောင်ရမယ် မဟုတ်ရင် အဲဒီ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေကို စော်ကားမိမှာ... သူတို့ရဲ့ စွမ်းအားက မဟာယာန နယ်ပယ်ထက် မပျော့ဘူး"

သရဲတ​စ္ဆေနှင့် တစ္ဆေနတ်ဘုရားတို့၏ အစွမ်းသတ္တိမှာ ကွဲပြားသည်။ အဆင့်မြင့်သောသူများသည် မဟာယာနကိုတောင် ကျော်လွန်သွားနိုင်သော်လည်း အဆင့် နိမ့်ပါးသူများသည် နတ်အသွင်ပြောင်းနယ်ပယ်က လူသားကျင့်ကြံသူများနှင့် ညီမျှ​ပေသည်။

ဥပမာအားဖြင့် ဇီးကွက်မျိုးနွယ် ကြီးပြင်းလာသောအခါ ၎င်းတို့သည် အမြင့်ပေများစွာ ရှိလာမည်။ သူတို့မှာ ပိုက်ဆံရှိရင် နေ့တိုင်း သူတို့အတွက် နံ့သာပေါင်းမီးရှို့ဖို့ ငရဲနတ်လေး အနည်းငယ်ကို ဝယ်နိုင်မည်။ ပြီးတော့ သူတို့ဟာ သရဲနဲ့ နတ်တစ်ပိုင်း ဖြစ်သွားနိုင်ပေမယ့် သူတို့ရဲ့ အစွမ်းကတော့ နတ်အသွင်ပြောင်းနယ်ပယ်က လူတွေထက် အနည်းငယ် ပိုပြင်းထန်နိုင်သည်။

ပေထောင်ချီမြင့်သော နတ်တစ္ဆေများဆို အလွန်အစွမ်းထက်လှသည်။ ဒါကြောင့် သူတို့သည် နတ်တစ္ဆေများကို ရှောင်ရှားသွားရန် လိုအပ်သည်။

သို့သော် ဤနတ်တစ္ဆေသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများရှိပြီး မရေမတွက်နိုင်သော တစ္ဆေဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ကွပ်ကဲမှုအောက်တွင် သရဲတစ္ဆေလေးများလည်း ရှိသည်။ သူတို့နယ်မြေတွေထဲကို မကျူးကျော်သရွေ့ ချန်ရှီလို အရိုးစု သရဲတစ္ဆေတွေကို နှောင့်ယှက်မှာ မဟုတ်ချေ။

ချန်ရှီသည် ယင်တောင်အကြောင်း များများစားစား မသိသောကြောင့် အခုနတုန်းကလို ပျံသန်းခြင်းက အန္တရာယ်ကို ဘယ်လောက်တောင် လက်ယက်ခေါ်နေမိသလဲ သူ့အတွက် ဘယ်လောက် အန္တရာယ်ရှိသလဲ နားလည်သွားတော့သည်။

"ချန်ကျွမ့်ယွမ်က ဘာလို့ ဒီသရဲတစ္ဆေတွေကို ရှာနေတာလဲ"

"သူ့ညီမကို ပြုစုစောင့်ရှောက်​ပေးမယ်လို့ ဖန်ကျွီလို့ခေါ်တဲ့ သရဲတစ္ဆေတစ်ကောင်ကို ကျ​နော် ကတိပေးခဲ့တယ်... အခု သူ့ညီမကို အဲဒီသရဲတစ္ဆေတွေက ဖမ်းသွားပြီ.... ကျနော် သူ့ကို သွားကယ်ရမယ်"

ထုံချန်းရှို့က အနည်းငယ် မျက်မှောင်ကြုတ်ကာ။

"ငါတို့ကို ဖြတ်သွားခဲ့တဲ့ သရဲတစ္ဆေတွေထဲမှာ ခေါင်းသုံးလုံး သန်မာတဲ့ တစ္ဆေနတ်ဘုရားလည်း ရှိတယ်...အဲ့ကောင်ကို ငါတို့ ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး..."

ရုတ်တရက်ဆိုသလို စန်းရှီးရှီးက အရှိန်လျှော့လိုက်သည်။

"သူတို့ရှေ့မှာ!"

ချန်ရှီနဲ့ ထုံချန်းရှို့လည်း အရှိန်လျှော့လိုက်သည်။ ချန်ရှီ အရှေ့ကို မျှော်ကြည့်လိုက်တော့ အရှေ့ဘက်တွင် တောင်တန်းများ နည်းပါးလာတာ တွေ့လိုက်ရပြီး အရွယ်အစား မတူညီသော ပုံမှန်မဟုတ်သော ရေကန်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ဤကန်များက အကွာအဝေး မခြားပေ။ တစ်ခုစီတွင် ၎င်းတို့ကို ဆက်သွယ်ထားသော ရေလမ်းရှိသလို ပြန့်ကျဲနေပြီး ရှုပ်ထွေးသော ရေစနစ်တစ်ခုလည်း ဖြစ်သည်။ ရေအရင်းအမြစ်၏ အစတွင် အက်ကွဲနေသော ကောင်းကင်တစ်ခု ရှိကာ ကောင်းကင်မှ ရေများသွန်ချ​နေသလိုပင်။ အကွာအဝေးကနေ ကြည့်ရင် ကောင်းကင်မှာ တွဲလောင်းကျနေတဲ့ နဂါးငွေ့တန်းအလား။

အနီးဆုံး ရေကန်ရဲ့အစွန်းမှာ ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ သရဲတစ်ဒါဇင်ကျော် လမ်းလျှောက်နေ၏။ ၎င်းတို့သည် အရပ်အမောင်း အမျိုးမျိုးရှိကြပြီး အပုဆုံးမှာ သုံးပေ သို့မဟုတ် လေးပေမြင့်ကာ အများစုမှာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ငရဲနတ်လေးများကို သယ်ထားကြကာ နံ့သာပေါင်းကို မီးရှို့လျက် ရှိခိုး​နေကြသည်။

ချန်ရှီသည် သူ့ခေါင်းနောက်က သွေးအိုင်တွေကို ဖြန့်ခွဲပြီး သရဲတစ္ဆေတွေဆီ ရုတ်ချည်း ပြေးထွက်သွားသည်။

ထုံချန်းရှို့ကလည်း သူ့အနောက်က လိုက်လာ၏။

"ချန်ကျွမ့်ယွမ်...လက်နှစ်ဖက်မှာ ဓားရှည်နှစ်ချောင်းနဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိတဲ့ သရဲကို မြင်လား... သူက ဓားထောင်မျိုးနွယ်ရဲ့ နတ်တစ္ဆေ... သူ့လက်တွေက အကြိမ်ပေါင်း ထောင်ချီပြီး ပြန်ထွက်နိုင်လို့ အရမ်းကို အစွမ်းထက်တယ်"

ချန်ရှီ အပေါ်ကို လှမ်းကြည့်လိုက်တော့ ထွားကျိုင်းတဲ့ ခန္ဓာကိုယ်သာ ရှိကာ နှာခေါင်း ၊ နားရွက် မရှိတဲ့ ထူးဆန်းတဲ့ သရဲတစ္ဆေ တစ်ကောင်ကို တွေ့လိုက်သည်။ ၎င်း၏နှာခေါင်းများသည် နောက်ကျောတွင် ရှိ​နေပြီး လက်သီးအရွယ် အပေါက်များပင်။ ၎င်း အသက်ရှူလိုက်သောအခါတွင် လေစိမ်းများကို မှုတ်ထုတ်လိုက်လေသည်။

"ပုဆိန်ကိုင်ထားသူက မိုးကြိုးမျောက်ဝံမျိုးနွယ်ထဲက နတ်တစ္ဆေ... သူက တိမ်မည်းတွေထဲမှာ ရပ်ပြီး အပေါ်စီးကနေ လူတွေကို တိုက်ခိုက်နိုင်တယ်..."

"ဗိုက်ကြီးပြီး ဦးခေါင်းမရှိတဲ့ နတ်တစ္ဆေက ဒီထောင့်ကနေ မမြင်နိုင်တဲ့ သူ့ဗိုက်ရှေ့မှာပဲ မျက်နှာကရှိတာ.... နားရွက်က တင်ပါးနှစ်ဖက်မှာရှိတယ်... သူက ဗိုက်ကြီးမျိုးနွယ်စုထဲက နတ်တစ္ဆေ...."

ချန်ရှီ: "ခေါင်းသုံးလုံးရှိတဲ့ ကောင်ကရော?"

"သူက ချင်းရှားမျိုးနွယ် လို့ခေါ်တဲ့ မြေအောက်ကမ္ဘာက ထင်ရှားတဲ့ တိုက်ပွဲပြိုင်ပွဲတစ်ခုကလာတဲ့ မျိုးနွယ်... အံ့သြစရာ ကောင်းလောက်အောင် တိုက်ခိုက်နိုင်တဲ့ စွမ်းအားနဲ့ ဒီချင်းရှားတွေကို ကျုပ် ထျန်းကျစ်ပြည်မှာ အကြိမ်ပေါင်းများစွာ မြင်ဖူးတယ်... တစ်ခါက သူ့ရဲ့ သန့်ရှင်းမှုကို ပြသပြီး ပေတစ်ရာရှိတဲ့ နတ်တစ္ဆေတစ်ကောင်ကို ပြသခဲ့ဖူးတယ်... နတ်သန့်စင်နယ်ပယ် ရောက်မှ ခြေထောက်တစ်ရာရဲ့ ဝိညာဉ်ကို ပေါင်းစည်းနိုင်မှာ အဲ့ကျမှ အသက်တစ်ရာရှိလာမှာ... သူအခု နတ်သန့်စင် နယ်ပယ်က သန်မာတဲ့ လူတွေနဲ့ ယှဥ်နိုင်လောက်တယ်!"

ချန်ရှီက ခေါင်းယမ်းပြီး :"အဖြစ်မရှိဘူး... ကျင့်စဥ်အတိုင်း မလေ့ကျင့်ဘဲနဲ့ သွေးရဲ့ စွမ်းအားကို အားကိုးနေတာ... သူ့ရဲ့ အစွမ်းက အလောင်းနတ်သုံးကောင် ဘုံပဲ"

ထုံချန်းရှို့လည်း ခဏ တုံ့ဆိုင်းသွားသည်။

"အမှန်အတိုင်း ပြောရရင် ချန်ကျွမ့်ယွမ် ကျုပ်လည်း အလောင်းသုံးလောင်းကို မသတ်ရသေးဘူး... ကျုပ်က ခန္ဓာပေါင်းစည်းနယ်ပယ်ထဲမှာပဲ ရှိသေးတယ်.... ဒီသုံးခုက နတ်သန္ဓေသား၊ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ထားတာ ကျုပ် မကူညီနိုင်တော့မှာကိုပဲ ကြောက်တယ်...."

သူ့အတွက် ခန္ဓာပေါင်းစည်းနယ်ပယ်ကို ကျင့်ကြံနိုင်တာကတင် အလွန်ထူးခြားနေပြီ ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း အပြင်းထန်ဆုံး ဂိုဏ်းဆရာအဖြစ် သတ်မှတ်ခံရသည်။ မျိုးဆက်အားလုံး၏ ဂိုဏ်းဆရာများက သူ့လောက်မတော်ပါ။

သို့သော် ခန္ဓာပေါင်းစည်းနယ်ပယ်သည် အလောင်းသုံးကောင်ဘုံထက် နိမ့်သောနယ်ပယ်တစ်ခုဖြစ်ပြီး အင်အား ကွာခြားချက်မှာလည်း ကြီးမားပါသည်။ အဆင့်မြင့်သည်နှင့်အမျှ အမီလိုက်ရန် ပို၍ပင် ခက်ခဲသည်။

စန်းရှီးရှီး : "ဂိုဏ်းချုပ်... ကျွန်မတို့ ဆေးဘုရင်ဂိုဏ်းရဲ့ ရတနာကို ဘာလို့ မသုံးတာလဲ"

ထုံချန်းရှို့: "မင်းဘာကိုဆိုလိုတာလဲ...?"

စန်းရှီးရှီးက စိတ်လှုပ်ရှားစွာနဲ့ :"သူတို့ကို မှုတ်ဖို့ ယမ်းမှုန့်သုံးလို့ ရတယ်လေ!"

ထုံချန်းရှို့က ခေါင်းယမ်းပြီး :"ငါ မယူခဲ့ဘူး..."

"သေနတ် ယူလာခဲ့တယ်!"

အရိုးစုတစ္ဆေက ပိုလို့တောင် စိတ်လှုပ်ရှားသွားပြီး ချန်ခွမ်အိတ်ကို ထုတ်လိုက်သည်။ ထုံချန်းရှို့လည်း အံကြိတ်ကာ။

"ငါ့ကိုထားခဲ့လိုက်ပါ... ကျေးဇူးရှင်... မင်းအခွင့်အရေးကို အရယူလိုက်တော့...."

ချန်ရှီ: "ကျနော် သူတို့နဲ့ ရင်းနှီးဖို့ လိုတယ်"

ထုံချန်းရှို့ အံ့သြသွားသည်: "ဘာ?"

ချန်ရှီသည် ဖီချစ်နှင့် အခြားသော နတ်တစ္ဆေများဆီသို့ လျှောက်သွားခဲ့သည်။ ထုံချန်းရှို့က ချန်ခွမ်အိတ်ကို ကိုင်လိုက်ပြီး စန်းရှီးရှီးဘက် လှည့်ပြောလိုက်၏။

"ရှီးရှီး... မင်းက ဆေးဘုရင်ဂိုဏ်းဆီ ချက်ချင်းပြန်သွားပါ... ငါပြန်မလာနိုင်ရင် မင်းက ဆေးဘုရင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ!"

သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကာ ချန်ရှီကို အလျင်အမြန် လိုက်သွားလေသည်။ သူ့နှလုံးသားကတော့ အလွန်ထိတ်လန့်နေလျက်။

ဖီချစ်နဲ့ သရဲ၊ နတ်တစ္ဆေတို့ကလည်း လျင်မြန်စွာ လျှောက်လှမ်းကြသည်မဟုတ်။ စကားတွေပြောပြီး ရယ်မော​နေကြ၏။ အရိုးစု သရဲတစ္ဆေများ လာနေသည်ကိုလည်း သတိပြုမိသော်လည်း ဂရုမစိုက်ပေ။ ထျန်းကျစ်မြို့တော်တွင် ယခုလို အရိုးစုသရဲများက အများကြီးပင်။ ၎င်းတို့သည် စီးပွားရေးလုပ်ရာတွင် ကောင်းမွန်ပြီး သူတို့နှင့် မလိုအပ်သော အရာများကို ရောင်းဝယ်ကြသည်။

ချန်ရှီသည် ဖီချစ်၊ အခြားသော သရဲတစ္ဆေများနှင့် နတ်တစ္ဆေများနဲ့ ခြေလှမ်း ဒါဇင်အနည်းငယ်သာ ဝေး​တော့သည်။ ထုံချန်းရှို့က အနောက်မှလာကာ ချန်ရှီကို အမြန်ဖမ်းလိုက်သည်။

ထိုအချိန်တွင် တစ္ဆေနတ်ဘုရား တစ်ပါးသည် ထုံချန်းရှို့လက်ထဲရှိ ချန်ခွမ်အိတ်ကို သတိပြုမိသွားပြီး သူ၏လေးနှင့်မြှားကို ဆွဲကာ ထုံချန်းရှို့ဘက် အော်လိုက်သည်။

"မင်း ဘာကိုင်ထားတာလဲ"

ထုံချန်းရှို့ကလည်း ကမန်းကတန်း ပြုံးပြီး။

"ဆေးပါ... ယင်စွမ်းအင် အားဖြည့်ဆေး!"

သူက ချန်ခွမ်အိတ်ကို လှုပ်ယမ်းပြီး ပြုံးပြလိုက်သည်။

"ချစ်လှစွာသော သရဲတစ္ဆေ နတ်ဘုရားတို့... ဒီအဘိုးကြီးက အသွေးအသား မျိုးပွားခြင်းထက် အဆတစ်ရာ ပိုကောင်းစေတဲ့ ယင်အသက်ရှည်ဆေးကို သန့်စင်နေတာပါ..."

"အဆတစ်ရာ?"

နတ်တစ္ဆေများက တစ္ဆေနတ်ဘုရားကို ပြန်မေးလေ၏။

"လူကြီးမင်းဖီချစ်... ကြည့်လိုက်..."

ဖီချစ်၏ မျက်လုံးများသည် ထုံချန်းရှို့ အနားရှိ ချန်ရှီကို စိုက်ကြည့်လိုက်ပေသည်။

"သူတို့ကို လာခိုင်းလိုက်..."

ဓားထောင် နတ်တစ္ဆေ : "မင်းတို့ လာခဲ့!"

ထုံချန်းရှို့က ချန်ရှီအရှေ့မှာ လျှောက်သွားရင်း ခပ်တိုးတိုး ပြော၏။

"မင်းနောက်က လိုက်ခဲ့... သိပ်မကပ်နဲ့"

သူ့ခြေထောက်တွေ နည်းနည်း တုန်သွားသည်။ သူနဲ့ ဖီချစ်ကြားက အကွာအဝေးကို တွက်ချက်ကြည့်ရင်း တွေးနေမိသည်။

"ငါတို့ ဒီထက်ပိုပြီးသွားရင် ယမ်းမှုန့်က ငါတို့ကိုပါ အပိုင်းပိုင်း ကွဲသွား​စေလိမ့်မယ်"

ခြေလှမ်းသုံးဆယ်။

ဤအကွာအဝေးတွင် ယမ်းမှုန့် ကီလိုဂရမ် နှစ်ရာ နှင့် ကောင်းကင်ကိုးလွှာ မိုးကြိုးအဆောင်လက်ဖွဲ့က ဖီချစ်ကို သတ်နိုင်ပါ့မလား။

သူကတော့ သေချာမသိ။

ထုံချန်းရှို့ ရှေ့ကို ဆက်လျှောက်သွား၏။

ခြေလှမ်းနှစ်ဆယ်။

ဤအကွာအဝေးတွင် ဖီချစ်ကို သတ်ပစ်နိုင်သော်လည်း သူ ချန်ခွမ်အိတ်ကို ကမ်းလှမ်းပါက အိတ် ပျံတက်သွားသောအခါ ဖီချစ်က ချက်ချင်း ပြန်ဆုတ်သွားပေလိမ့်မည်။ ထို့ကြောင့် အကွာအဝေးက ကျယ်လာမည်ဖြစ်သည်။

ထုံချန်းရှို့ အံကြိတ်ကာ ရှေ့ကို ဆက်လျှောက်နေဆဲ။

"နောက်ထပ် ဆယ်လှမ်း... နောက်ထပ် ဆယ်လှမ်းဆို ငါလုပ်လိုက်​တော့မယ်..."

ဓားထောင် တစ္ဆေက :"တစ္ဆေငယ်လေး... မင်းခြေထောက်တွေ လှုပ်နေတယ်... ရပ်တော့ ရပ်!"

ထုံချန်းရှို့ရဲ့ ခန္ဓာကိုယ်လည်း တုန်လှုပ်သွားပြီး အရှေ့ ပြေးသွားမည်အလုပ် ချန်ရှီအသံက အနောက်မှ အသံထွက်လာသည်။

"ဒီအကွာအဝေးက လုံလောက်ပြီ"

ခရက်!

ပြိုးပြိုးပြက်ပြက် လျှပ်စီးကြောင်းများ သူ့အနောက်မှ ပေါက်ကွဲသွားသည်။ ချန်ရှီသည် လှိမ့်နေသော မိုးခြိမ်းသံကို နင်းကာ ရှေ့သို့ ဇတ်ခနဲ ပြေးသွားကာ တစ္ဆေနှင့် နတ်တစ္ဆေ ဆယ်ယောက်ထက်မနည်းကြားထဲသို့ ပြေးဝင်သွား​ပေသည်။

သူ့ဦးခေါင်းနောက်ကနေ သွေးအိုင်တစ်ခု ခုန်ထွက်လာပြီး လေချွန်သံနဲ့ လှည့်လိုက်ရာ သွေးရောင်ဓားစွမ်းအင်က ဓားလက်ချောင်းတွေနဲ့အတူ ပြေးထွက်လာ၏။ နတ်တစ္ဆေတွေရဲ့ ကြီးမားလှတဲ့ အလောင်းတွေဟာ လျှပ်စီးလက်သလို တစ်ခု​ပြီးတစ်ခု ထိုးဖောက်ပစ်သည်။ သူတို့ရဲ့ သွေးတွေနဲ့ ဝိညာဉ်တွေက လျှပ်စီးကြောင်းအတိုင်း ဖြတ်တောက်ခံလိုက်ရသည်။

တခဏချင်းတွင် လျှပ်စီးကြောင်းသည် သွေး​ရောင်နီလာရဲပြီး တောက်ပသွားသည်။ သွေးရောင်ဓားစွမ်းအင်က သရဲတစ္ဆေများနှင့် နတ်တစ္ဆေ ဆယ်ပါးကျော်တို့၏ သွေးများကို သယ်ဆောင်သွားကာ စွမ်းအားများ တဟုန်ထိုး တက်လာပြီး ဖီဖျစ်ဆီသို့ ဓားစွမ်းအင်အား ထိုးချလိုက်လေသည်။

သူ့အရှိန်က မယုံနိုင်လောက်အောင် မြန်ပေမယ့် ဖီချစ်က မြင့်မားတဲ့ သွေးလိုင်းကို နိုးထစေခဲ့တဲ့ တစ္ဆေနတ်ဘုရားပင်။ ဓားအလင်းက သူ့အား ထိုးချလိုက်သောအခါ သူ့ခန္ဓာကိုယ်သည် ဖောင်းကားလာကာ ခြေဖဝါးကို နောက်သို့ ဆန့်ထုတ်ကာ လက်ဖဝါးကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူ့လက်ဖဝါးရှိ ပြိုးပြိုးပြက်ပြက် စာလုံးပုံစံများသည် အကာအရံ ပုံသဏ္ဌာန်အဖြစ် စီးဆင်းရင်း ရောယှက်နေ၏။

ဤသည်မှာ ချင်းရှားမျိုးနွယ်၏ အမြင့်ဆုံးသော ကာကွယ်ရေး ဖြစ်ပြီး ဖျက်ဆီး၍မရပါ။

ချင်းရှားမျိုးနွယ်သည် ၎င်း၏ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားကြောင့် လူသိများသော သရဲများနှင့် နတ်ဘုရားများကြားတွင် တိုက်ပွဲဝင်မျိုးနွယ် ဖြစ်သည်။ ချန်ရှီဓားကို တားဆီးနိုင်သရွေ့ ချန်ရှီကို အပိုင်းပိုင်း ပိုင်းဖြတ်သတ်ပစ်ရန် မိုးကြိုးနှင့် လျှပ်စီးကြောင်းများကို အသုံးပြုနိုင်သည်။

သူ့လက်ဖဝါးက ဒီသွေးရောင်ဓားစွမ်းအင်ကို ထိလိုက်တာနဲ့ ချန်ရှီက အော်လိုက်သည်။ ထိုအခိုက် သူ့ခေါင်းနောက်က သွေးကန်အထက်ရှိ ဘုံကျောင်းငယ်လေးကနေ နတ်သွေးတစ်စက် ထွက်လာပြီး သွေးကန်ထဲကို ထိုးကျသွားပါ၏။

ဗုန်း!

ကြမ်းတမ်းသော နတ်သွေးကို သွေးကန်က နှိုးဆော်ပေးလိုက်ရာ နတ်တန်ခိုးက ချက်ချင်းဆိုသလို ရုတ်ချည်းဆိုသလို သွေးအိုင်ထဲမှ တဟုန်ထိုး တက်လာရာ ချန်ရှီ၏ အရိုးစုလေးကို ပေါက်ကွဲလုနီးပါး ဖြစ်သွား​စေသည်။

သူသည် ဤသွေးရောင် ဓားအလင်းထဲသို့ သူ မချေဖျက်နိုင်သော နတ်သွေး၏ စွမ်းအားအားလုံးကို ထည့်သွင်းလိုက်ရာ ဓားအလင်း ပိုမိုတောက်လောင်လာသည်။

ဖီချစ်လည်း မျက်လုံးများကို ပြူးကျယ်သွား၏။ လက်ဖဝါးပေါ်ရှိ အကာအကွယ်ပုံစံက ပေါက်ကွဲသွားကာ နီမြန်းသော ဓားမီးတစ်လက် သူ့နောက်ကျောမှ ဖောက်ထွက်လာသည်။

သူ့လက်ဖဝါး တစ်ဝက်လောက်က လေထဲမှာတင် လွင့်ပျံသွားပေသည်။ ချန်ရှီသည် မိုးခြိမ်းသံဖြင့် သူ့ရှေ့တွင် ပေါ်လာပြီး ပျံသန်းနေသော ဓားအလင်းကို ဖမ်းမိလိုက်သည်။

ချွင်း!

ဓားကို လွှဲခုတ်လိုက်သည်။

သွေးဓားက သူ့လည်ပင်းကို ဖြတ်သွား၏။

ချန်ရှီ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားစဥ် သူ့အရိုးများ အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ဦးခေါင်းနောက်ဘက်ရှိ သွေးအိုင်သည် ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး သရဲတစ္ဆေများနှင့် နတ်တ​စ္ဆေဆယ်ပါးကျော်၏ ဝိညာဉ်များအပြင် ဖီချစ်၏ဝိညာဉ်ပါ သွေးကန်ထဲသို့ ဆွဲငင်ခံလိုက်ရသည်။

သွေးကန်ကျင့်စဥ်ဟာ နောက်နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ​သွေးကန်ငရဲကို တည်ထောင်ခဲ့ချေပြီ။

All Chapters