← Chapters

လူအဖြစ် မွေးဖွားလာပြီ၊ သေပြီးနောက် တစ္ဆေဖြစ်လာပြီ

Vol. 24 Ch. 344

လူအဖြစ် မွေးဖွားလာပြီ၊ သေပြီးနောက် တစ္ဆေဖြစ်လာပြီ

Vol. 24 Ch. 344

ချန်ရှီ ခဏမျှ တုံ့ဆိုင်းသွားပြီး သဘောတူလိုက်သည်။

ယခု သူသည် သရဲတစ္ဆေ ဖြစ်နေသောကြောင့် မရဏကမ္ဘာတွင် အဆင်မပြေမှုများ များစွာရှိနေသည်။ အချိန်မရွေး နားမလည်နိုင်သော လောကဓာတ်၏ သက်ရောက်မှုကိုလည်း ခံရနိုင်ပြီး မည်သည့်နေရာသို့ သွားရမည်ကို မသိတာကြောင့် ထိုသရဲတစ္ဆေများ​​နောက်ကို အလိုအလျောက် လိုက်သွားရမည် ဖြစ်သည်။ ထို့အပြင် မရဏကမ္ဘာတွင် အန္တရာယ်များစွာရှိ၏။ သူ အမှန်တကယ် အကူအညီ လိုအပ်နေပါသည်။ အရှေ့နန်းတော်အတွက် အလုပ်လုပ်ပေးရမယ့် ကိစ္စများကို သူ သေချာပေါက် မလုပ်တတ်ပါ။

ဖန်ကျွီက လမ်းကို ဦးဆောင်ပြီး နှစ်ယောက်သား တောင်ပေါ်မှ မြူခိုးများနောက်သို့ လိုက်သွားကြသည်။ ယင်တောင်တန်းတွေကြားက မြေပြင်တစ်လျှောက်မှာ မြူခိုးဖြူတွေ စီးဆင်းနေကာ လမ်းတိုင်းမှာ မြူမှုန်တွေထဲ လျှောက်သွားနေတဲ့ လူတွေကို တွေ့နေရလေ၏။

ဤလူများသည် သရဲတစ္ဆေများ၊ စိတ်ရှုပ်ထွေးမှုများ၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ထိန်းချုပ်ခံထားရပြီး တူညီသော ဦးတည်ရာဆီသို့ မမောမပန်းနိုင် လျှောက်လှမ်းနေကြသည်။

ဖန်ကျွီက တောင်ပံများ ဒဏ်ရာရထားလေသည်။ အတောင်ပံများက မပျံသန်းနိုင်သောကြောင့် ၎င်းတို့နှစ်ဦးသည် လမ်း၏ အစွန်းဘက်ကနေသာ လျှောက်သွားခဲ့ကြသည်။

ထိုသရဲများသည် အချည်းနှီး သေဆုံးသွားရသော သရဲတစ္ဆေများ ဖြစ်ပေ၏။ ၎င်းတို့သည် ယွမ်ချန် နန်းတော်တွင် ပေါ်လာမည် မဟုတ်တာကြောင့် အထီးကျန်သော သရဲတစ္ဆေများဖြစ်လာကာ မရဏကမ္ဘာ၏ ဦးဆောင်မှုကို ခံရမည် ဖြစ်သည်။

ချန်ရှီသည် သူ့အဖိုး ချန်ယင်တူး၏ အစောပိုင်းနှစ်များတွင် လပွဲတော်သို့ လိုက်သွားသောအခါတွင် ရွာတစ်ရွာရှိ အထီးကျန်သရဲများဟာ မြေအောက်ကမ္ဘာသို့ မသွားနိုင်ကြောင်းကို ပြောပြခဲ့တာကို ရုတ်တရက် သတိရမိသွားသည်။ အကြောင်းရင်းကို ယခင်က မသိခဲ့သော်လည်း ယခုမူ နားလည်သွားခဲ့ပါပြီ။

မိသားစု ၁၃ စုသည် မြေအောက်ကမ္ဘာတွင် အာဏာကို သိမ်းပိုက်ပြီး ငရဲဘုရင်ဆယ်ပါးနှင့် တိုက်ပွဲဝင်ကာ မြေအောက်ကမ္ဘာ၏ ငရဲခန်းမများသို့ ဦးတည်သွားသောကြောင့် အထီးကျန်သော သရဲတစ္ဆေများစွာကို ငရဲပြည်သို့ လွှဲအပ်ခြင်း မပြုနိုင်ခဲ့ပေ။

"အရှေ့နန်းတော်ဆိုတာ ဘာလဲ"

ဖန်ကျွီ: "အရှေ့နန်းတော်က မင်းသားလေး နေထိုင်တဲ့ နေရာ...."

ချန်ရှီ ရုတ်​တရက်​ တစ်ခုခုကို သဘောပေါက်သွား၏။

"ဒါဆို မင်းက ငရဲမင်းသားရဲ့ နန်း​တော်​မှာ အလုပ်​လုပ်​​နေတာလား... ဘယ်​ငရဲခန်းမက မင်းသားလဲ"

ဖန်ကျွီ :"အရှေ့နန်းတော်ရဲ့ မင်းသားက ထျန်းကျစ်ပြည်ရဲ့မင်းသားပါ မင်းပြောနေတဲ့ ငရဲမင်းသားက ဘာလဲ"

"မင်း ငရဲဘုရင်ဆယ်ပါးကို မသိဘူးလား... ငရဲဆယ့်ရှစ်ထပ်ကို မသိဘူးလား"

ဖန်ကျွီက ခေါင်းခါလိုက်ပြီး :"ငရဲဆိုတာ ဘာလဲ...ငရဲမင်းသားကရော ဘယ်သူလဲ"

ချန်ရှီလည်း ငရဲဘုရင်ဆယ်ပါးနှင့် ငရဲဆယ့်ရှစ်ငရဲထပ် အကြောင်း ရှင်းပြလိုက်သည်။

"ငရဲဘုရင်ဆယ်ပါးမှာ ငရဲခန်းမဆယ်ခု ရှိတယ်.. ငရဲတစ်ခုစီကို စောင့်ကြည့်ရတယ်... ငရဲဆယ့်ရှစ်ထပ်မှာလည်း ကိုယ်ပိုင်မရဏအုပ်စိုးသူ၊ တရားသူကြီး၊ မရဏတမန်နဲ့ မရဏကျွန်တွေ ရှိတယ်... သူတို့က လူသေတစ္ဆေတွေကို ငရဲထဲ ဆွဲခေါ်လာဖို့ တာဝန်ရှိတယ်... အပြစ်ပေးတယ် တရား စီရင်တယ်..."

ဖန်ကျွီက အံ့သြသွားပြီး :"မရဏကမ္ဘာမှာ ငရဲဆယ့်ရှစ်ခုရှိနေတာလား ငါတစ်ခါမှလည်း မကြားဖူးဘူး... ငရဲဘုရင် ဆယ်ပါးရဲ့ အနေအထားက ငါတို့ ထျန်းကျစ်ဘုရင်ထက် ပိုမြင့်နေတာလား မဖြစ်နိုင်ပါဘူး ငါတို့ရဲ့ ထျန်းကျစ်ပြည်က အရမ်းကျယ်ပြောတယ်... ယင်တောင်တန်းမှာ အကြီးဆုံးနိုင်ငံပဲ!"

ချန်ရှီက သူ့ထက်တောင် ပိုအံ့သြသွားသေးသည်။

ချန်ရှီ၏ အထင်အမြင်တွင် မရဏပြည်အားလုံးသည် မရဏကမ္ဘာ၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်သော်လည်း ထျန်းကျစ်ပြည်ကတော့ မရဏကမ္ဘာ၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိနေတာ ထင်ရှားလေ၏။

ဤသရဲတစ္ဆေများသည် မရဏကမ္ဘာကိုပင် မကြားဖူးပေ။

ရုတ်တရက်ဆိုသလို ချန်ရှီ တုန်လှုပ်သွားသဖြင့် ဖန်ကျွီက သူ့ကို အမြန်ဆွဲကိုင်လိုက်သည်။ ချန်ရှီ ပြန်နိုးလာတဲ့အခါ သူတို့က သရဲတစ္ဆေအဖွဲ့ထဲ ပြန်ဝင်လာတာကို တွေ့လိုက်ရပြီး စိတ်ထဲ၌ တုန်လှုပ်ချောက်ချားနေခဲ့၏။

"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ... ဘာလို့ ငါ့ကို ဆွဲထုတ်ပြီး ဒီလမ်းပေါ် ပို့လိုက်တာလဲ?"

သူ မသေခင်မှာ အဲဒီထူးဆန်းတဲ့ စွမ်းအားကို ခံစားမိသည်။ သူသေပြီးမှသာ သူ့ကို အဲဒီတန်ခိုးက ဒီရောက်လာအောင် ခေါ်လာတာ ဖြစ်လိမ့်မည်။ အကယ်၍ သူသည် ၎င်းကို ဆန့်ကျင်ပါက အလွန်ခက်ခဲသော ဓားနှင့် မီးပင်လယ်ကြီးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရလိမ့်မည်။

အကယ်၍ ကျင့်ကြံသူဟာ အသက်ရှင်နေသေးလျှင် ဤတန်ခိုးဖြင့် ဆွဲငင်ခြင်းခံရမည် မဟုတ်ပေ။ ဤမျှလောက် ကြီးမားသော တန်ခိုးရှိမှန်းလည်း မသိနိုင်လောက်ပေ။

ဖန်ကျွီ ရပ်လိုက်ပြီး မြူခိုးတွေကြားထဲက ဦးခေါင်းခွံကို ထိမိသွားသည်။ ဝမ်းသာအားရဖြင့် ဦးခေါင်းခွံကို ဆွဲကိုင်ကာ မြှောက်လိုက်၏။ ထို့နောက် ပြီးပြည့်စုံသော အရိုးစုတစ်ခုသည် ဦးခေါင်းခွံနှင့်အတူ မတ်တပ်ရပ်လိုက်သည်။

"ချန်ရှီ မင်းလည်း ကြိုက်တာရွေးလိုက်"

ဒါကိုကြားတော့ ချန်ရှီ ရှေ့ကို တိုးလာပြီး သူ့နတ်ဝိညာဉ်ဖြင့် ဒီအဖြူရောင်အရိုးစုနဲ့ တွဲနေလိုက်သည်။ ခဏအကြာတွင် ဝင်ပူးလိုက်တာက ပြီးမြောက်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားခဲ့၏။

သူ့လက်ကို မြှောက်လိုက်တာတဲ့ သူ့လက်ချောင်းအရိုးတွေကို စိတ်သဘောအတိုင်း လှုပ်ရှားကြည့်သည်။ သူ မရယ်နိုင်ဘဲ မနေနိုင်သဖြင့် ရယ်ချလိုက်တဲ့အခါ သူ့ပါးစပ်က ပွင့်သွားလေသည်။

ဖန်ကျွီက စိုးရိမ်စိတ်ဖြင့် မေးလာသည်။

"အခုထိ ဆွဲအားကို ခံစားနေရသေးလား"

ချန်ရှီလည်း ဤတော့မှ ၎င်းကို ဂရုတစိုက် သတိပြုမိလိုက်သည်။ သူခံစားနေရတဲ့ ဆွဲအားကို အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ပေ။

"သရဲတစ္ဆေတွေက ဒီလိုဆွဲအားကို ဖယ်ရှားနိုင်တယ်ဆိုတာ မင်းဘယ်လိုသိလဲ"

"နတ်ဆိုးတွေက ဒီလိုသေပြီးတဲ့ အရာတွေကို ခဏခဏ ဝင်ကပ်နေတတ်တယ်... အရိုးစုတွေနဲ့ ပတ်ပြီး ပြေးရတာ ကြိုက်တဲ့ ကျင့်ကြံသူတွေလည်း ရှိတယ်... သူတို့က ငါတို့နဲ့ စီးပွားရေး လုပ်တဲ့ လုပ်ငန်းရှင်တွေပေါ့"

ချန်ရှီ အရမ်းသိချင်လာသည်။

"တကယ်ကြီး သရဲတစ္ဆေတွေနဲ့ စီးပွားရေးလုပ်နေတဲ့ လူသားတွေ ရှိတယ်ပေါ့... သူတို့က ဘယ်သူလဲ... ရှောက်ကျင်လည်း ကျွိရှန်းမျှော်စင်ကို ဒီမှာဖွင့်လို့ရလောက်တယ်... ဒါကြီးက လုပ်ငန်းကောင်းပဲ... ဒါပေမယ့် ဒီလုပ်ငန်းက သေတဲ့လူကို ထိန်းဖို့ လိုနေတယ်"

သူသည် ရိုင်းစိုင်းစွာ ပြေးကာ ရုတ်တရက် ခုန်ပေါက်ကြည့်သည်။ ဤခန္ဓာကိုယ်၏ ပျော့ပြောင်းမှုကို စမ်းသပ်ရန် ဆက်တိုက် ပျံသန်းနေရင်း ကန်ချက်များကိုလည်း လေထဲတွင် စမ်းကြည့်နေ၏။

အရိုးစု၏ ခန္ဓာကိုယ်သည် ပျော့ပြောင်းလွန်းသည်ဟု ဆိုရပေမည်။ ပေါင်နဲ့ ခြေထောက်ကျိုးမှာကို စိုးရိမ်စရာမလိုဘဲ တင်ပါးရိုးတစ်လျှောက် လှည့်ပစ်နိုင်သည်။ ဦးခေါင်းကိုလည်း အလိုအလျောက် လှည့်နိုင်ကာ နံရိုးနှစ်ချောင်းကို ဓားအဖြစ် ထိုးလို့ရသည်။ သူဟာ တခြားလူတွေကို အနိုင်ယူဖို့ သူ့လက်မောင်းကိုတောင် ချွတ်နိုင်၏။

ရန်သူကို ပစ်သတ်ရန် အရိုးဓားသွားအဖြစ် သူ့လက်ဆယ်ချောင်းနှင့် အရိုး ၂၈ ချောင်း ကိုလည်း အသုံးပြုနိုင်သေးသည်။

"အရိုးစုဖြစ်ရတာ ကောင်းသားပဲ!"

ချန်ရှီ ဝမ်းသာသွားသည်။ ထိုစဥ် သူ ကောင်းကင်ကနေ ပြုတ်ကျလာပြီး အက်ကွဲသံတစ်ချက်ကို ကြားလိုက်ရလေ၏။ သူ့ဘယ်ဘက်ခြေထောက် ကျိုးသွားပြီ။

"ဒါပေမယ့် ဒီခန္ဓာကိုယ်က အားနည်းလွန်းတယ်"

ချန်ရှီ ခေါင်းယမ်းလိုက်သည်။

ဤအရိုးစုသည် မြေအောက်ကမ္ဘာထဲတွင် အကြာကြီး ရှိနေခဲ့သဖြင့် ပျက်စီးယိုယွင်းပြီး အပေါက်များက ပြည့်နေပါသည်။ သူပစ်ချတာ၊ ခုန်ချတာကို မခံနိုင်ချေ။

ဖန်ကျွီက အလျင်အမြန် ရောက်လာကာ သူ့ဘယ်ဘက်ခြေထောက်ကို ဆွဲဖြုတ်ပြီး မြူခိုးထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် မြူခိုးထဲတွင် ခဏကြာအောင် ရှာနေ၏။ ချန်ရှီ သူ၏ ညာဘက်ခြေထောက်နှင့် နှိုင်းယှဥ်ကြည့်ရင်း မြူထဲမှ တခြားအရိုးများကို ထုတ်ယူလိုက်ရာ အနည်းငယ်တိုသွားတာ တွေ့လိုက်ရသည်။

သူသည် ဘယ်ဘက်ခြေထောက် အရိုးအနည်းငယ်ကို ပြေးယူလိုက်သည်။ နောက်ဆုံးမှသာ ချန်ရှီ၏ညာဘက်ခြေထောက်လောက် မြင့်သည့် ခြေထောက်အရိုးကို တွေ့ရှိခဲ့သည်။ ထိုမှသာ ချန်ရှီလည်း သူ့ဘယ်ခြေထောက်ကို ပြန်တပ်နိုင်ခဲ့သည်။

ချန်ရှီ သူ့ကို အမြန်ကျေးဇူးတင်လိုက်ပြီး ​ပြုံးပြုံးလေးနဲ့။

"ဖန်ကျွီ မင်းက သရဲတစ္ဆေတွေကို ထိန်းတဲ့နေရာမှာ တကယ်တော်တာပဲ"

"ငါက အရှေ့နန်းတော်မှာ တစ္ဆေလေ... အိမ်ပြန်ရောက်ရင် ညီမလေးကို ဂရုစိုက်ပေးရတယ် ဒီတစ်ခါ သုံးရက်လောက်နေရင် ပြန်လာမယ်လို့ ပြောထားတာ... အခု နှစ်ရက်တောင် နောက်ကျသွားပြီ။ မြန်မြန် ပြန်ကြရအောင်!"

ချန်ရှီ သူ့ခြေရာအတိုင်း လိုက်ကာ သွေးအိုင်ကျမ်းကို အသက်သွင်း​ကြည့်ရန် ကြိုးစားခဲ့သည်။ ရုတ်တရက် မည်သည့်နေရာမှ သွေးရောင်လေများ ထွက်ပေါ်လာမသိ သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာကာ နတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွား၏။ သူ၏ ဝိညာဉ်သုံးပါးနှင့် ဆန္ဒဝိညာဉ်ခုနစ်ပါးကို အာဟာရကျွေးမွေးကာ နတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး သူ၏ "လက်ရှိခန္ဓာကိုယ်" ကိုပင် အားကောင်းလာစေခဲ့သည်။

ဖန်ကျွီက အံ့အားသင့်စွာ လှည့်ကြည့်လာသည်။ သူ သွေးအိုင်ကျမ်းကို နားမလည်သေးသော်လည်း ချန်ရှီကတော့ ၎င်းကို ကျွမ်းကျင်နေပြီ ဖြစ်သည်။

သွေးအိုင်ကျမ်း လည်ပတ်နေချိန်တွင် ချန်ရှီ နတ်ဘာသာစကားကိုလည်း တိတ်တဆိတ် ရွတ်ဆို​နေခဲ့သည်။

"ခံယူချက်ဟာ ထိုက်မင်ကျစ်လင်... နတ်ကိုးပါးကို ကယ်တင်လို့ ကျောက်စိမ်းအစစ်ကို ဖွင့်ပါ.... ကံခြောက်ပါး၊ မကောင်းမှုမှန်သမျှကို ဖျက်စီးလို့ အမတတစ်သောင်း ဖြစ်လာစေဖို့ ရွှမ်မော် သရဖူကို ပြန်လည်ရယူပါ..."

နတ်ဘာသာစကားများ ရွတ်ဆိုပြီးနောက် ချန်ရှီ၏ ဦးခေါင်းအနောက်တွင် သွေးများတဖြည်းဖြည်း စီးစင်းလာပြီး ပုံမမှန်သော စက်ဝိုင်းပုံသဏ္ဌာန်မျိုး ပေါ်လာ၏။ ထိုအဝိုင်းထဲတွင် သွေးအိုင်များ ရှိ​ပေသည်။

သွေးအိုင်ထဲရှိ ထူးဆန်းသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာနေပြီး အဆက်မပြတ် တုန်ယင်နေလေသည်။ ခဏအကြာတွင်တော့ ချန်ရှီ၏ အရိုးများက တောက်ပလာ၏။ နတ်ဝိညာဉ်မှ စားသုံးလိုက်သော သွေးနှင့် ချီများလည်း ပြည့်လာသလို ခံစားလိုက်ရသည်။

သွေးအိုင်ကျမ်းဟာ သာမန်ပဲလို့ ထင်ရပေမယ့် ဝိညာဉ်အ​ပေါ် တိုးတက်မှုကတော့ ဧကရာဇ်ရှောင်းလန်စွမ်းရည်ထက် အားနည်းပုံ မပေါ်ချေ။ ဧကရာဇ်ရှောင်းလန်စွမ်းရည်သည် အဓိကအားဖြင့် နတ်ဝိညာဉ်ကို တိုးတက်စေရန် ဖြစ်ပြီး သွေးအိုင်ကျမ်းသည်လည်း နတ်ဝိညာဉ်ကို တိုးတက်စေရန် အဓိကထားသည်။ ကျင့်စဥ် နှစ်ခု၏ အာရုံစူးစိုက်မှုကတော့ အလွန်ကွာခြားပါသည်။

"နတ်ဝိညာဥ်က အခြေတည်ဝိညာဥ်ကနေ ဖြစ်လာတယ... အခြေတည်ဝိညာဥ်ကို အရွယ်တစ်ခုအထိ မွေးမြူလိုက်ရင် ဝိညာဉ်နဲ့ တစ်သားတည်း ဖြစ်လာပြီး နတ်ဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲလာနိုင်တယ်... အဲဒါကြောင့် သက်ရှိလောကရဲ့ ကျင့်ကြံသူမှုလမ်းကြောင်းမှာ အခြေတည်ဝိညာဥ်ကို အရင်သန့်စင်ရတယ်... ဆန့်ကျင်ဘက်အနေနဲ့ မြေအောက်မှာတော့ နတ်ဝိညာဉ်ကို လေ့ကျင့်လို့ရတယ်"

ချန်ရှီ တွေးလိုက်သည်။

သွေးအိုင်ကျမ်းကို အသက်သွင်းနေစဉ်တွင် ဖန်ကျွီကိုလည်း ရှင်းပြ​နေခဲ့သည်။

တစ်ရက်ခွဲ ကြာပြီးနောက် ဖန်ကျွီလည်း ဤအလေ့အကျင့်ကို နားလည်သွားခဲ့ပြီး ၎င်းကို လေ့ကျင့်ရန် အလွန် ကြိုးစားလာခဲ့သည်။ သို့သော် သူသည် သူ့အသွေး၌ စွမ်းအားကို အားကိုးပြီး ယခင်က မလေ့ကျင့်ခဲ့ဖူးပေ။ ဒါဟာ သူ့ရဲ့ ပထမဆုံးအကြိမ် လေ့ကျင့်မှုပင်။

ချန်ရှီကလည်း လုံးဝမပျင်းဘဲ သူ့စိတ်ကို အာရုံစိုက်နည်း၊ ထိုက်မင်ခရမ်းရောင်ဝိညာဉ်ကို နိုးထစေပုံနှင့် နတ်ကိုးပါးဖြင့် ဝိညာဉ်ကို ကယ်တင်ပုံတို့ကို သင်ကြားပေးခဲ့သည်။ ဖန်ကျွီအတွက်က နာရီပေါင်းများစွာ အချိန်ယူခဲ့ရ၏။

ချန်ရှီ သူ့အား အကြိမ်ပေါင်းများစွာ လည်ပတ် ညွှန်ကြား​ပေးခဲ့သည်။ စေ့စေ့စပ်စပ် ကျွမ်းကျင်လာသောအခါတွင် သူပြုံးပြီး ပြောလိုက်သည်။

"မင်းတို့မိသားစုဆီက ဆင်းသက်လာတဲ့ ကျင့်စဥ်က မဆိုးဘူး တကယ် ကျင့်စဥ်ကောင်းပဲ"

"တကယ်လား?"

ဖန်ကျွီရဲ့ မျက်လုံးများလည်း တောက်ပလာသည်။

"အင်း... ငါ့အမြင်အာရုံက မရဏကမ္ဘာမှာ အကောင်းဆုံးလို့ မပြောရဲပေမယ့် ဒါက သက်ရှိလောကရဲ့ အကောင်းဆုံးတွေထဲက တစ်ခုပဲ!"

သူတို့နှစ်ဦးသည် သွေးအိုင်ကျမ်းကို လမ်းမပေါ်တွင် အပြေးအလွှား လေ့ကျင့်နေကြစဉ် ချန်ရှီသည်လည်း သူ့ဝိညာဉ်နှင့် အရိုးစုများက အားကောင်းလာနေပြီလို့ ခံစားမိရာ သူ့စိတ်ထဲတွင် ဤကျင့်စဥ် မှော်အတတ်ကို တိတ်တဆိတ် ချီးကျူး​နေခဲ့သည်။ ဖန်ကျွီရဲ့ တိုးတက်မှုကလည်း အလွန်လျင်မြန်လှသည်။ သွေးအိုင်ကျမ်းက သူ့စိတ်ဝိညာဉ်ကို အားကောင်းစေရုံသာမက သူ့ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအားကိုလည်း လှုံ့ဆော်ပေးကာ ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်သန်မာလာစေသည်။

သွေးစွမ်းအားတွေ တိုးလာတာနဲ့အမျှ သူ့တောင်ပံပေါ်က ဒဏ်ရာကလည်း တဖြည်းဖြည်း သက်သာလာ၏။

ထိုကာလတွင် တောင်ပေါင်း တစ်ဒါဇင်ကျော်ကို ဖြတ်လျှောက်ခဲ့ကြသည်။ မြူခိုးများဖြင့် ခင်းထားသော လမ်းများသည် နေရာအနှံ့ ပျံ့နှံ့သွားပြီး သရဲတစ္ဆေများစွာက လမ်းများပေါ်တွင် လျှောက်သွားကြသည်။ ချန်ရှီမှာ အရိုးစုတစ်ခု ရှိလာပြီးနောက် ဘာပြဿနာမှမရှိ​တော့ဘဲ နောက်ပြန်​တောင် လမ်းလျှောက်နိုင်​နေ​ပြီ။ ဓားမီးတောင်တွေနဲ့ မီးပင်လယ်တွေလည်း သူ့ကို မနှိပ်စက်တော့ချေ။

"အပိုင်မရှိရင် နောက်ပြန်လျှောက်ဖို့ တော်တော်ခက်လိမ့်မယ်!"

ချန်ရှီသည် လမ်းတစ်လမ်းသို့ ပေါင်းစည်းနေသော မြူဖြူများ မြောက်များစွာကို လှမ်းကြည့်လိုက်သည်။ ထောင်ပေါင်းများစွာသော ဝိညာဉ်များသည် ဤလမ်းပေါ်တွင် လျှောက်လှမ်းကာ အဝေးသို့ လျှောက်​နေကြ၏။ သူ အနည်းငယ် စပ်စုချင်လာပြီး ထိုသရဲတစ္ဆေများအား ဘယ်အရာကများ ဆွဲငင်နေသလဲ သိရန် လိုက်သွားချင်သည်။

"ငါ အခု မသန်​စွမ်း​သေးဘူး... ငါ့နတ်ဝိညာဥ်ကို သန်​မာ​လာအောင်​ ပြုစုပျိုး​ထောင်​ပြီးမှ သွားရှာ​တော့မယ်​..."

ချန်ရှီ သူ့အကြည့်ကို ဆုတ်လိုက်ပြီး ဖန်ကျွီ နောက်သို့ အမြန်လိုက်သွားခဲ့သည်။

ယင်တောင်တန်းရှိ သစ်ပင်များသည် အလွန်မြင့်သော ဟွိုင်အပင်များဖြစ်​လေသည်။ သစ်ပင်များပေါ်တွင် ငှက်သိုက်ပုံသဏ္ဌာန် တွဲလောင်းအိမ်များ ရှိသည်။ ရွာတစ်ရွာဖွဲ့ကာ သစ်ပင်တစ်ပင်ပေါ်တွင် ဤကဲ့သို့သော ငှက်သိုက်အိမ်များ ဒါဇင်များစွာ ရှိ​နေတတ်သည်။

မြေအောက်ကမ္ဘာတွင် ဖန်ကျွီနဲ့ ခပ်ဆင်ဆင်တူသေယ သတ္တဝါများစွာသည် ၎င်းတို့၏ အတောင်ပံများကို ခတ်ကာ ထိုအိမ်များအတွင်းမှ ပျံဝဲသွားကြသည်။

ချန်ရှီ ထိုရွာများကို ဖြတ်သွားသောအခါ ငှက်နှုတ်သီးရှိသော ထူးဆန်းသော အမျိုးသားများသည် ငှက်သိုက်အိမ်များထဲမှ ထွက်လာကြပြီး အတောင်များကို ခေါက်ကာ ဘေးတိုက်ပုံစံဖြင့် သူတို့ကို အလွန်သိချင်နေသကဲ့သို့ပင် ကြည့်နေကြ၏။

ချန်ရှီ ဖန်ကျွီကို မေးမြန်းကြည့်လိုက်ရာ ၎င်းတို့သည် နွားမျက်နှာ၊ မြင်းမျက်နှာနဲ့ ငရဲနတ်လေးတွေလို မြေအောက်ကမ္ဘာတွင် နေသော ကြီးမားသော မျိုးနွယ်စုဖြစ်သည့် ဇီးကွက်မျိုးနွယ် ဖြစ်တာ သိလိုက်ရသည်။ ဒါပေမယ့် သူတို့ရဲ့ အင်အားက နည်းပြီး မျိုးပွားမှု အလွန်အကျွံ နည်းတာကြောင့် အဆင့်အတန်းက မမြင့်မားချေ။

ယင်တောင်တန်းများတွင် မြင့်မားသော အပင်များသည် တောင်များကြား သို့မဟုတ် တောင်ထိပ်များကြားတွင် မြင့်မားစွာ ရပ်နေကာ ဇီးကွက်ရွာများကလည်း တစ်ခုပြီးတစ်ခု တည်ရှိနေသည်။

သရဲတစ္ဆေများစွာသည် တောင်များကို ဖြတ်ကျော်သွားသော်လည်း ငှက်များကတော့ ၎င်းတို့ကို လျစ်လျူရှုခဲ့သည်။

ရုတ်တရက်ဆိုသလိုပဲ စိတ်မငြိမ်မသက် ဖြစ်လာတဲ့ ငှက်ကလေးတွေဟာ အိမ်အနားကို ခုန်ဆင်းကာ တူညီတဲ့ ဦးတည်ရာကို လှမ်းကြည့်လိုက်ကြသည်။ ချန်ရှီမှာ ဘာဖြစ်သွားမှန်းမသိတာမို့ အလိုလို မော့ကြည့်လိုက်စဥ် ဖန်ကျွီမျက်နှာက အနည်းငယ် ပြောင်းသွားပြီး သူ့ကို အမြန်ဆွဲထုတ်ကာ လမ်းအပြင်ဘက် တောင်ပေါ်တွင် ရပ်လိုက်သည်။

အကွာအဝေး တစ်ခုတွင်တော့ မြူလှိုင်းများ ရောက်လာသည်။ မြူခိုးများထဲက ရယ်မောသံတွေလည်း ကြားလာရ၏။ ချန်ရှီ မျက်လုံးများ ပြူးကျယ်သွားသည်။ မြူခိုးကြီးထဲမှ လက်တစ်ဖက် ထွက်လာပြီး တစ္ဆေတစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် တစ္ဆေကို မြှောက်ကာ မြူထဲသို့ ​ဆွဲခေါ်သွားသည်။

ထို့နောက် ထူးဆန်းသော လက်များစွာက မြူထဲမှ ဆန့်ထုတ်ကာ လမ်းမပေါ်ရှိ သရဲတစ္ဆေများကို ဖမ်းဆုပ်သွားသည်။ နီမြန်းသော လျှာရှည်ရှည်များကလည်း ပျံဝဲကာ သရဲတစ္ဆေများကို ထုပ်ပိုးထားလေ၏။ ဤသရဲတစ္ဆေများကို သက်သက် ကိုက်စားနေသော တစ္တေကြီးများက မြူခိုးများထဲ အုပ်စုလိုက်ကြီး ရှိပုံရသည်။

ချန်ရှီလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။

"ဒါ ယင်တောင် မဟုတ်ဘူး... ချန်ယန်တောင်ပဲ!"

သူသည် ယခင်က အလားတူ အခြေအနေများကို မြင်ဖူးကြောင်း ရုတ်တရက် သတိပြုမိလိုက်ခြင်းပင်။ အစိမ်းရောင် တစ္ဆေလက်ဆီက ကိုက်သတ်ခံရသည့် အလားတူ အခြေအနေများကို သူ မြင်ဖူးသည်လေ။ ထိုအချိန်တွင် သူသည်လည်း မြူခိုးထဲက ဤဘီလူးများဆီက အစားခံလုနီးပါး ဖြစ်ခဲ့သည်။

"ဒါဆို ငါ ချန်ယန်တောင်မှာ ရှိ​နေသေးတာပဲ! ဟွမ်ဖောရွာနဲ့တောင် မဝေးဘူး!"

ဒါပေမယ့် ချန်ယန် တောင်ဟာလည်း မြေအောက်ကမ္ဘာမှာ ကျယ်ပြောလှပါသည်။ အဘွားရှားသည် မြေအောက်ကမ္ဘာ၏ ဧရိယာအား ပထဝီဝင်မြေပုံအရ ကိုးခုအဖြစ် ခွဲထားခဲ့၏။ မြေအောက်ကမ္ဘာရှိ ချန်ယန်တောင်၏ အတိုင်းအတာသည် ယင်​​တောင်ထက် အဆပေါင်းများစွာ နည်းပါးနေပေလိမ့်မည်။

"ချန်ယန်.... ယင်တောင်တန်း.... ယင်ယန်......"

ချန်ရှီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ချန်ယန်တောင်နှင့် ယင်တောင်တန်း အကြားက ဆက်ဆံရေးသည် ယင်နဲ့ယန် ကမ္ဘာများ၏ ပထဝီဝင်အနေအထားနှင့် မကိုက်ညီချေ။

သို့သော် သူ့တွင် သိပ်စဉ်းစားရန် အချိန်မရှိ။ စိတ်က ဒေါသတွေနဲ့ ပြည့်နှက်နေပြီး မတွေးနေတော့ဘဲ မြူဖြူလမ်းပေါ်ကို ပြေးတက်သွားတော့သည်။ သူသည် လက်ကိုမြှောက်ကာ လက်ဖဝါးကို ဖြန့်ရင်း စတုတ္ထမြောက် စာလုံးအသစ်ကို အသက်သွင်းလိုက်သည်။ ကျိုးထျန်းမီးနယ်မြေက လှည့်ပတ်ကာ သူ့လက်ထဲမှ ပြေးထွက်သွားလေ၏။ ၎င်းက ဧကပေါင်းများစွာ အရွယ်အစားသို့ ပြောင်းလဲသွားကာ ဆန့်ထွက်နေသော ခြေသည်းများဆီသို့ ဦးတည်သွားသည်။

"ဝှစ်!"

ကျိုးထျန်းမီးနယ်မြေက လည်ချောင်းများကို မီးသွေးဖြစ်သွားစေတဲ့အထိ လှည့်ပတ်ကာ ထူထဲသော ရှေ့မျက်နှာစာတစ်လျှောက် ရှေ့သို့ တောက်လောင်သွားသည်။ ထိုအခိုက် မြူခိုးထဲက ဘီလူးတစ်ကောင်ကို လင်းလက်တောက်ပသွားစေခဲ့သည်။ အော်ကြီးဟစ်ကျယ်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော တစ္ဆေဦးခေါင်း ဘီလူး၏ ရှေ့မျက်နှာစာများသည် ပြာများ လောင်ကျွမ်းသွားသည်။

ဘီလူးသည် ထိတ်လန့်သော အမူအရာဖြင့် အဖြူရောင်အရိုးစုငယ်လေး ချန်ရှီကို ကြည့်နေသည်။ ချန်ရှီ၏ ခြေဖဝါးအောက်တွင် လျှပ်စီးများ လက်လာသည်။ နောက်အခိုက်အတန့်တွင်တော့ သူသည် ဘီလူး၏နဖူးအနားသို့ ရောက်လာပြီး လက်သီးတစ်ချက် ကျွေးလိုက်သည်။ ဘီလူးကြီး၏ ဦးခေါင်းခွံကြီးလညိး နစ်မြုပ်သွားပြီး ကြမ်းပြင်တစ်ခုလုံး ဦးနှောက်အနှစ်များ ပျံ့ကုန်လေသည်။

"မင်း ဘာလုပ်နေတာလဲ?"

ဖန်ကျွီ အော်လိုက်သည်။

"သူက လူကိုစားနေတာ!" ချန်ရှီက ဒေါသကြီးဆဲ။

"ဒါတွေက တစ္ဆေတွေနဲ့ နတ်တွေက မွေးမြူထားတဲ့ တိရစ္ဆာန်တွေပဲ!"

ဖန်ကျွီလည်း ထိတ်လန့်သွားသည်။

"မင်းဒုက္ခရောက်လိမ့်မယ်!"

ချန်ရှီ ဒေါသတကြီးနဲ့ :"သူမွေးမြူထားတဲ့ တိရစ္ဆာန်တွေက ငါတို့လို သရဲတစ္ဆေတွေကို စားနေတာ!"

"ဒါက မြေအောက်ကမ္ဘာရဲ့ ပုံစံပဲ"

ဖန်ကျွီလည်း သူ့ဆီ အမြန်ပြေးသွားပြီး ပျံသန်းဖို့ ဆွဲထုတ်လိုက်သည်။

"မင်း မြေအောက်ကမ္ဘာထဲကို ကျသွားတဲ့အခါ သရဲတစ္ဆေတွေက မြက်တွေလို ဖြစ်သွားမှာ... သူတို့ အမြဲစားနေမှာပဲ ရှေးခေတ်ကတည်းက ဒီလိုမျိုး ဖြစ်နေခဲ့တာ"

"အမြဲဒီလိုပဲလား?"

ချန်ရှီ အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရပြီး သူ့လက်နှစ်ဖက်ကို တွန်းထုတ်လိုက်သည်။ ဖန်ကျွီက မပျံသန်းတော့ပေ။ ဒေါသကို မထိန်းနိုင်တော့ဘဲ သူက အော်လိုက်၏။

"ဒါက အမြဲဖြစ်နေတာပဲ... မင်း သရဲဖြစ်သွားပြီ လူမဟုတ်တော့ဘူး မင်းက မြက်ခင်းပြင်ပဲ... ငါနဲ့အတူ လိုက်လာခဲ့... နတ်တစ္ဆေတွေ ရောက်လာတော့မယ်"

ချန်ရှီ မလှုပ်ဘဲ သူ့လက်ဖဝါးကိုသာ ပြန်ဆွဲထုတ်လိုက်သည်။

"ငါမသွားဘူး... ငါက လူသားတစ်ယောက် အနေနဲ့ မွေးဖွားလာကတည်းက ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး"

ဖန်ကျွီ အနည်းငယ် ထိတ်လန့်သွားသည်။ ဤအရိုးစုလေး၏ ပေါ့ပါးသော်လည်း အားကောင်းသည့် အသံကို ထုတ်နိုင်လေ၏။

"ငါ သေပြီးရင် တစ္ဆေဖြစ်လာမှာပဲ... ဘာကိုကြောက်ရမှာလဲ.... ငါတို့လူသားမျိုးနွယ်ကို မြက်ခင်းပြင်လို ဆက်ဆံရဲတဲ့သူကို ငါ တွေ့ချင်တယ်!"

All Chapters