← Chapters

နတ်ဆိုးကို ထုတ်မယ်

Vol. 24 Ch. 342

နတ်ဆိုးကို ထုတ်မယ်

Vol. 24 Ch. 342

"ငါတို့ဒါကို သက်ရှိကမ္ဘာကြီးမှာ မလုပ်​နိုင်​ဘူး!"

အဘွားရှားက ချင်းယန်ကို အမြန်ရပ်ခိုင်းလိုက်ပြီး။

"ငါတို့ အဲဒါကို မရဏကမ္ဘာမှာ လုပ်ရမယ်... ငါတို့ ဒီလောကထဲမှာ လုပ်ရင် အကြီးအကျယ် ရှုပ်ကုန်လိမ့်မယ်... တရားခံကို အရင်ရှာရအောင်"

သူတို့ငါးယောက် ဟွမ်ဖောရွာကို ချက်ချင်း သွားကြသည်။

တုယိရန်: "ငါတို့ ချန်ထန်ကိုရော ခေါ်ကြမလား... သူလည်း ဆရာကြီးလို့ ကြားတယ်..."

အဖွားရှားက ခေါင်းယမ်းပြီး :"မလိုပါဘူး...ရှောင်ထန်က အရမ်းနည်းစနစ်ကျတယ် သူ့ကိုခေါ်ရင် သူက ပြီးပြည့်စုံတဲ့ အစီအစဥ်တစ်ခု သေချာလုပ်မှာ...ပျော်စရာ မကောင်းတော့ဘူး..."

ချင်းယန်၊ အားကျိုးတို့ကလည်း ခေါင်းတညိတ်ညိတ်နှင့် တညီတညွတ်တည်း ပြော​ကြသည်။

"သူက အရမ်းပျင်းစရာကောင်းတယ်!"

တုယိရန် : "လူအိုချန် ဒီလောက်တုံးတဲ့ သားလေးကို ဘယ်လိုလုပ် မွေးနိုင်ခဲ့ပါလိမ့်... သူ့ကို ဘယ်သူမွေးတာလဲ"

အဖွားရှားက ခေါင်းယမ်းပြီး ပြော၏။

"မသိဘူး.... လူအိုချန်မှာ မိန်းမတွေ အများကြီးရှိနေတယ်... ရှောင်ထန် မွေးတဲ့နေ့ကစပြီး အဲဒီအချိန်က ကောင်းမိသားစုက အမျိုးသမီးနဲ့ အရမ်းရင်းနှီးနေသလိုပဲ... သူတို့နှစ်ယောက်က မကြာခဏ အတူတူ ရှိနေခဲ့ကြတာ... နောက်တော့ သူမ ကောင်းမိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာတော့ နှစ်ယောက်သား လမ်းခွဲလိုက်ကြတယ်တဲ့..."

ဟူရှောင်လျောင်က တုံ့ဆိုင်းနေပြီးမှ: "အဲဒီတုန်းက သူ ရေလရှန့်ကျင့်ကို ပြန်သွားပုံရတယ်... အဲ့ဒီမှာ ဘုရားလောင်း အမျိုးသမီး တော်တော်များများက သူ့ကို ဆွဲဆောင်နေတယ်လို့ ကြားတယ်"

ချင်းယန်: "စန့်ရန် လူတွေကြားထဲက အမျိုးသမီးတစ်ယောက်လို့ ငါကြားတယ်... နောက်ပိုင်းမှာ ရှားချိုးထုန် မင်း သူ့ကို မွေးခဲ့တာပဲလို့ ကောလာဟလတွေတောင် ထွက်လာသေးတယ်လေ..."

အဖွားရှားမှာ ဒေါသတကြီးနဲ့ သေတဲ့အထိ တိုက်ချင်လာတော့သည်။ အားကျိုးနဲ့ ဟူရှောင်လျောင်က သူမကို အမြန်ဆွဲကိုင်လိုက်ရ၏။

"စိတ်အေးအေးထားပါ စိတ်အေးအေးထားပါ!"

တုယိရန်က ချောင်းဆိုးပြီး :"စိတ်ပျက်ဖွယ်ကုန်းစောင်းက အမျိုးသမီးတစ်ယောက်နဲ့ ရှောင်ထန်က တွဲနေတယ်လို့ ကောလဟာလတွေလည်း ကြားခဲ့​သေးတယ်"

လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။

အဖွားရှားသည် ချင်းယန်ကို မတိုက်ခိုက်ချင်တော့ဘဲ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ ဟွမ်ဖောရွာကို ရောက်တဲ့အခါ ချန်ရှီ အိမ်မှာ မရှိခဲ့။ ချန်ရှီမိခင်ကပဲ သူတို့ကို လမ်းညွှန်ပေးလိုက်သည်။

"တစ်ဆယ်လေးက လျှောစောက်ပေါ်မှာ လေ့ကျင့်နေတာဖြစ်မယ်"

လူငါးဦး ခပ်နိမ့်နိမ့် တောင်စောင်းသို့ ရောက်သောအခါ အဝေးက မိုးမခပင်အောက်တွင် ထိုင်နေသော ချန်ရှီကို တွေ့လိုက်ရသည်။ အဖြူရောင်ဝတ် မိန်းက​လေးတစ်ဦးကလည်း ဒူးထောက်လျက်။ ချန်ရှီက မိန်းကလေးရဲ့ နားရွက်ကို ရွေးရန် ခေါင်းငုံ့ကြည့်နေကာ အဖြူရောင်ဝတ်စုံဝတ် မိန်းကလေးက တခစ်ခစ်ရယ်ကာ နားရွက်ကို အုပ်ထားလေသည်။

ချန်ရှီ : "မင်းလက်တွေကို ချလိုက်ပါ ငါမင်းကို ရွေးပေးပါ့မယ်"

အဖြူရောင် ၀တ်စုံ မိန်းကလေးက လျင်မြန်စွာ ထ၍ နားရွက်ကို အုပ်ကာ ရှောင်ထွက်သွားခဲ့သည်။ ချန်ရှီ သူမနောက်ကို လိုက်သွားပြီး အပြုံးလေးနဲ့ ပြောလိုက်၏။

"မမလေး... မင်းငါ့ကို အသားယူသွားပြီ ငါပြန်ယူရမှ ဖြစ်မှာလေ..."

နှစ်ယောက်သား မိုးမခပင်အိုကို လှည့်ပတ်ပြေးရင်း ပျော်​မြူးနေကြသည်။ တုယိရန် ချောင်းဆိုးပြီး အဖြူရောင်ဝတ် မိန်းကလေးလည်း လန့်ဖျပ်သွားပြီး သေးငယ်သော ဘုံကျောင်းထဲသို့ ပြေးဝင်သွား၏။ ချန်ရှီ လူငါးယောက်ကို ကြည့်ပြီး။

"ဒေါ်လေးချိုးထုန်... ဦးလေးတု.. ဘာလို့ ဒီကို ရောက်နေတာလဲ ဦးလေးအားကျိုးရော ရောက်လာတာလား!"

သူအရမ်းပျော်သွားသည်။

ပျားထိန်းအားကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ အဘွားရှားနဲ့ တုယိရန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် "တစ်ဆယ်လေးက ငါ့ကို ဦးလေးလို့ ခေါ်တာ အဆင်ပြေပေမယ့် သူတို့ကို အဖွားနဲ့ အဘိုးလို့ မခေါ်သင့်ဘူးလား "

သူသည် ဖြူစင်သော စိတ်ရှိသဖြင့် အဘွားရှားနဲ့ အခြားသူများ၏ ခိုင်မာသောအချက်များကို မသိပါ။ အဘွားရှားက သူတို့ကို နှုတ်ဆိတ်နေရန် အမူအရာလုပ်ကာ။

"ငါတို့ ဟေးကော်ကို လာငှားတာ!"

ချန်ရှီ: "ဟေးကော်... ဟေးကော် ဒေါ်လေးချိုးထုန် မင်းကို ရှာနေတယ်!"

ဟေးကော်က နန်းနန်းလက်ကို ကိုင်ထားရင်း ကုန်းစောင်းဆီသို့ ပြေးလာကာ နားမလည်သလို ပြန်ကြည့်နေလေသည်။ အဘွားရှား၊ တုယိရန်တို့ ငါးယောက်က ဟေးကော်ကို ချက်ချင်းဝိုင်းလိုက်ကြသည်။

“အရေးကြီးတာ ဆွေးနွေးစရာရှိတယ်”

လူငါးဦးနှင့် ခွေးတို့ အချင်းချင်း တိုးတိုးပြော​နေကြပြီး ဘာတွေ ဆွေးနွေးနေကြသလဲ မသိရပေ။ ရံဖန်ရံခါ သူတို့က ချန်ရှီကိုလည်း လှမ်းကြည့်ကြသေးသည်။

နန်းနန်းက သူတို့ကြားထဲ တိုးဝင်သွားပြီး လေးနက်တဲ့ မျက်နှာနဲ့ နားထောင်လိုက်၏။ သူမသည် ခဏခဏ ခေါင်းညိတ်ကာ ခေါင်းယမ်းပြီးနောက် ချန်ရှီကိုကြည့်ကာ ဆက်၍ ခေါင်းညိတ် သို့မဟုတ် ခေါင်းခါလိုက်သည်။ သူမနားလည်သည်ဖြစ်စေ မသိနိုင်ပါ။

ချန်ရှီ : "အဖွားရှားနဲ့ တခြားသူတွေလည်း ငါ နတ်ဆိုးဖြစ်သွားတာ သိသွားတာလား"

သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ကျင့်ကြံမှု၌ ရုန်းကန်​နေခဲ့ရပြီး နတ်ဆိုးပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေခဲ့သည်။ ဒါကို ချန်ထန်၊ လီထျန်းချင်၊ တခြားသူတွေနဲ့လည်း ဆွေးနွေးခဲ့ဖူးပေမယ့် သူတို့ရဲ့ ကျင့်ကြံမှုလမ်းကြောင်းက သူ့နဲ့မတူတာကြောင့် အဖြေမရှာနိုင်ခဲ့ပါဘူး။

သူကိုယ်တိုင်သာ စူးစမ်းလေ့လာနိုင်ခဲ့သည်။

သို့သော် ဒီအတိုင်း ဆက်လက်လေ့ကျင့်ပါက ခန္ဓာ ပေါင်းစပ်အခြေအနေသို့ ရောက်သောအခါ သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်သားတည်းဖြစ်လာရမည် ဖြစ်ပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ပြင်ပကမ္ဘာနှင့် ဆက်စပ်နေသောကြောင့် ပြင်းထန်သော နတ်ဆိုးရှိလာလိမ့်မည်။

ထို့နောက် ခန္ဓာသုံးပါးကို ခေါင်းဖြတ်၍ နာမ်ကို ပြုပြင်သည်ဖြစ်စေ၊ အနတ္တပြန်ခြင်းဘုံ ရောက်သည်ဖြစ်စေ အနတ္တလေဟာပြင်ဘုံကို ဖွင့်ကာ မဟာယာန နယ်ပယ်သို့ ရောက်စေကာမူ ခန္ဓာကိုယ်တွင်းရှိ နတ်ဆိုးများက ပိုမိုဆိုးရွားစေလိမ့်မည်။

ဤလမ်းစဉ်အတိုင်း ဆက်၍ လေ့ကျင့်ခြင်းသည် နတ်ဆိုးဖြစ်လာမယ့် လမ်းကြောင်းပေါ် မလွဲမသွေ ရောက်သွားမှာပင်။

စစ်မှန်သောဘုရင်ခေတ်တွင် သူ့လို လူတစ်စုရှိခဲ့မည်ဟုပင် မှန်းဆခဲ့သည်။ ဤလူများသည် အလွန်မြင့်မားသော နယ်ပယ်သို့ လေ့ကျင့်ပြီးနောက် ၎င်းတို့သည် မကောင်းဆိုးဝါးများ ဖြစ်လာကြပြီး ၎င်းတို့၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်များက ပြောင်းလဲသွားခဲ့လိမ့်မည်။

လမ်းသစ်ကို လျှောက်တဲ့သူတွေက ဒါကို ရှောင်နိုင်တယ်!

သူ ရိုင်းစိုင်းစွာ တွေးတောနေစဥ် အဘွားရှားတို့ အခြားငါးယောက်က ဟေးကော်နှင့် ဆွေးနွေးမှုပြီးသွားကာ ပြုံးပြရင်း ပြန်လှည့်လာခဲ့သည်။ အဘွားရှားက သူ့ကို စကားမပြောဖို့ အချက်ပြပြီး ဟေးကော်က အသံပေး၏။

"ဝုတ် ဝုတ် ဝုတ် !"

ချန်ရှီ သဘောပေါက်သွားသည်။

'အဘွားရှားနဲ့ တခြားသူတွေက ငါ့ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ကိုင်တွယ်တော့မှာကွ... ဒီနတ်ဆိုးတွေက ငါ့စကာကို ခိုးနားထောင်မှာကို စိုးရိမ်လို့ တိတ်တဆိတ် သွားဆွေးနွေးကြတာ... သူတို့နဲ့ ဆက်ဆံတော့မယ်ဆိုတဲ့ သတင်းကြားရင် ကြိုပြီး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်!'

အဖွားရှား တစ်ချက် ကြည့်လိုက်သော် ဟေးကော်က လေချွန်သံနဲ့အတူ လူးလိမ့်ပြီး အမှောင်တိမ်တိုက်ကို ချက်ချင်း နင်းဝင်သွားလိုက်သည်။ နောက်အခိုက်အတန့်တွင်တော့ ချန်ရှီ၊ အဘွားရှားနဲ့ တခြားလူတွေလည်း ဟေးကော်နဲ့ အတူ မြေအောက်ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။

ချန်ရှီ နိမ့်ပါးသော တောင်စောင်းမှ မြေအောက်ကမ္ဘာထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းပင်။ နေရာသည် အပျက်အစီးများ ဖုံးလွှမ်းနေသော ကုန်းမြင့်ကြီး တစ်ခုဖြစ်သည်။ ရှေးဟောင်း အမွေအနှစ်တစ်ခု ဖြစ်သင့်ပြီး ပြိုကျနေသော နန်းတော်များကို မြင်တွေ့နိုင်သည်။

ကောင်းကင်ကြီးက အုံ့မှိုင်းမှိုင်း။ အကွာအဝေး တစ်ခုတွင်တော့ ထူထပ်သော အမြစ်များသည် ကောင်းကင်မှ ဆင်းသက်လာပြီး မြေကြီးထဲတွင် အမြစ်စွဲနေကာ အရပ်ရပ်သို့ ပြန့်ကျဲနေသည်။ အလွန်ကြီးမားသော သစ်ပင်၏ အမြစ်များ ရှိပေမည်။

"ဒီအမြစ်တွေက ကောက်ကွေးနေတဲ့ မိုးမခပင်အိုရဲ့ အမြစ်တွေဖြစ်နိုင်လား"

ချန်ရှီ အံ့သြသွားသည်။ သူ လှည့်ကြည့်လိုက်တော့ မရေမတွက်နိုင်သည့် ကြီးမားသော အမြစ်များ ရစ်ပတ်ထားပြီး ကျောက်စာတန်းကြီး၏ ကျန်တစ်ဖက်မှာ ကုန်းမြင့်ပေါ်တွင် အမြစ်တွယ်နေတာ တွေ့လိုက်ရသည်။ ပြိုကျနေသော ဘုံဗိမာန်များသည် တစ်ဖက်စွန်းက သက်ရှိကမ္ဘာတွင် တည်ရှိနေပုံရသည်။

သက်ရှိများနှင့် သေလွန်သူများ၏ ကမ္ဘာနှစ်ခုကို လွှမ်းခြုံထားသော ခမ်းနားသော အဆောက်အအုံတစ်ခု ရှိပေ၏။ ဤမြင်ကွင်းက အလွန်ခမ်းနားလှကာ သူ့ကို အလွန် ထိတ်လန့်သွားစေခဲ့သည်။

"ကုန်းစောင်းအောက်မှာ မြှုပ်နှံထားတာ ဘာကြီးလဲ? ကျောက်ပြားကန့်ညောင်ရဲ့ လက္ခဏာက ဘာများလဲ"

ချန်ရှီ နဂါးဆံထုံးလို ထူထပ်တဲ့ ရှေးဟောင်းသစ်ပင်ရဲ့ အမြစ်တွေကို ကြည့်လိုက်သည်။

"သစ်ပင်အောက်ခြေကနေ မော့ကြည့်လိုက်ရင် ကျူးရှို့ချိုင်ကို တွေ့နိုင်​လောက်လား ကျူးရှို့ချိုင်က ဘယ်လိုလုပ် တောင်စောင်းပေါ်တက်ပြီး သူ့ကိုယ်သူ ​ကြိုးဆွဲချခဲ့တာလဲ "

မြေအောက်ကမ္ဘာကို ရောက်ပြီးနောက် သူသည် ဤဇာတိမြို့နှင့် သိပ်မရင်းနှီးပုံပေါ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

"တစ်ဆယ်လေး မကြည့်နဲ့တော့... ဒါက တောင်စောင်းအောက်မှာ မြှုပ်ထားတဲ့ အရာတွေပဲ သရဲနဲ့ နတ်ဘုရားတွေ ဒီကို မချဉ်းကပ်ရဲဘူး!"

အဖွားရှားက နတ်ဘုရားရှာအိတ်ကို ထုတ်ယူပြီး လူတိုင်းကို ဖြန့်ဝေပေးလိုက်သည်။

"ဒီရက်ပိုင်း ငါအများကြီး သန့်စင်ထားပြီးပြီ... ဒါတွေကို သိမ်းထားတာထက် သုံးလိုက်တာကမှ အကောင်းဆုံးပဲ... မင်းလည်း ဒီထက်ပိုပြီး ပြင်ဆင်ထားသင့်တယ်"

နတ်ဖွေရှာအိတ်သည် အကြီးအကဲနှစ်ဦးဖြစ်သည့် ဟန်နဲ့ချန်း ဖန်တီးထားသော ရတနာတစ်ခုဖြစ်သည်။ နတ်ဆိုးကို တံဆိပ်ခတ်ပြီး အိတ်ထဲတွင် ဖမ်းချုပ်ထားဖို့ အသုံးပြုနိုင်သည်။

ဒီလိုအိတ်မျိုးဟာ သန့်စင်ဖို့ခက်ခဲပြီး ငွေကုန်ကြေးကျများပါ၏။ အုတ်မြစ်အဖြစ် တောင်နီခန်းမနဲ့ ကျွိရှန်းမျှော်စင်ဘက်က အကူအညီကြောင့်သာ မဟုတ်ပါက အဖွားရှားသည် ဤမျှလောက်သော နတ်ဖွေရှာအိတ်များကို ပြုပြင်မွမ်းမံနိုင်မည် မဟုတ်ပေ။

ချန်ရှီ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မိုင်တစ်ရာအကွာရှိ ယဇ်ပလ္လင်အချို့နဲ့ မိုင်အနည်းငယ်ကြာတိုင်း ယဇ်ပုလ္လင်တွေ ချထားတာ တွေ့လိုက်ရသည်။ အဲဒါကို အဖွားရှားက စီစဉ်ပေးထားမှန်း သိပေမယ့် ဘာအတွက် သုံးတာလဲတော့ မသိပါ။

လူတိုင်းသည် အရေးပေါ် အခြေအနေအတွက် နတ်ဖွေရှာအိတ်ကို ၎င်းတို့၏ခါးတွင် ချိတ်ဆွဲထားပြီး အသင့်ဖြစ်နေကြသည်။

ချန်ရှီသည် သူ့သတ္တိကို စုဆောင်းပြီး မေးတော့မည် ဖြစ်သော်လည်း ရုတ်တရက် သူ့ရင်ဘတ်က ယားယံလာ​လေသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ အစိမ်းရောင် လက်သည်းတစ်ချောင်းက သူ့နောက်ကျောကို ထိုးဖောက်ပြီး သူ့နှလုံးသားကို ညှစ်ဖို့ ရင်ဘတ်အထိ ရောက်ရှိလာတာကို တွေ့လိုက်ရသည်။

နာကျင်မှုကို မခံစားရတဲ့ အကြောင်းရင်းမှာ ချင်းယန်ရဲ့ နတ်ဝိညာဥ်က ဒီစစ်ပွဲက လှုပ်ရှားလိုက်ကြောင့်ပဲ ဖြစ်သည်။ နတ်ဝိညာဥ်ဟာ လေထဲမှာ ရပ်နေပြီး ရန်သူ၏ အဝတ်အစား၊ အရေပြားနှင့် ကြွက်သားများကို မထိခိုက်စေဘဲ ရန်သူ့နှလုံးသားကို ညှစ်ယူနိုင်သည်။ မမြင်နိုင်သော ဒဏ်ရာများမရှိဘဲ နှလုံးကို ဖြတ်ထုတ်နိုင်သည်။

သူက ပြိုင်ဘက်ရဲ့ ဦးနှောက်ကို ဖြုတ်လိုက်ရင်တောင် ပြင်ပဒဏ်ရာတွေ ရှိမှာ မဟုတ်ချေ။ ချင်းယန်သည် ချန်ရှီ နှလုံးကို မဖယ်ထုတ်ဘဲ ဖြည်းဖြည်းချင်းသာ ညှစ်လိုက်သည်။ ခဏအကြာတွင်တော့ ချန်ရှီ၏ နှလုံးခုန်ရပ်သွားသောအခါ ချင်ယန်က လွှတ်လိုက်ပြီး လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်သည်။

ချန်ရှီ ပြင်းပြင်းထန်ထန် မောဟိုက်သွားသော်လည်း နှလုံးခုန်ရပ်သွားပြီး မကြာမီပင် သူ့မျက်လုံးများ မည်းမှောင်သွားကာ ခန္ဓာကိုယ်က တဆက်ဆက် တုန်ခါရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ချန်ရှီရဲ့ နတ်ဝိညာဥ်ဟာလည်း သူ့ခန္ဓာကိုယ်ထဲက ပျံထွက်သွား၏။ အဘွားရှားက သူ့ကို ချက်ချင်း နေရာကနေ ထွက်သွားဖို့ အချက်ပြလိုက်သည်။ ချန်ရှီလည်း လွင့်ပျံပြီး ထွက်သွားလေ၏။

ထိုအချိန်တွင် အနောက်မှ ဆိုးသွမ်းသော အသံတစ်ခု ထွက်လာသည်- "ဒါဆို အိမ်ရှင်သေပြီ... ဒီတစ်ခါ နောက်ဆုံးတော့ ငါ့အလှည့်ပဲ မဟုတ်လား"

ချန်ရှီ နောက်ပြန်ကြည့်လိုက်တော့ သူ့ရဲ့ကျဆုံးသွားတဲ့ "အလောင်း" ဟာ ဖြည်းညှင်းစွာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရလေ၏။ သူ လှည့်ပတ်ကြည့်ရင်း။

"ဒါက... မြေအောက်ကမ္ဘာလား?"

အဘွားရှား: "တစ်ဆယ်လေး... ဒီကနေ ထွက်သွားတော့!"

ချန်ရှီ ဟေးကော်နဲ့ ပြေးထွက်သွားတော့ သူ့နောက်က အသံက ပိုလို့တောင် အံသြသွားသလို ပြောလာသည်။

"ငါ ဘယ်လိုလုပ် မရဏကမ္ဘာကို ပြန်ရောက်လာတာလဲ... ဒီမှာ တစ်ခုခုတော့ မှားနေပြီ... ဒါပေမယ့် ငါက မရဏကမ္ဘာမှာ ပိုမြန်တယ်လေ!"

ချန်ရှီသည် ပြေးထွက်သွားပြီး မိုင်ပေါင်းများစွာ ဝေးကွာသော ခဏအတွင်း ရောက်လာသည်။ ပြန်ကြည့်လိုက်တော့ သူ့ "အလောင်း" ရဲ့ ဦးခေါင်းဟာ ရုတ်တရက် ကွဲထွက်သွားပြီး ပန်းတစ်ပွင့်လို ပွင့်လာကာ လည်ပင်းက လှည့်လာပြီး ခေါင်းပေါ်မှာ မှော်အပွင့်ကြီးကြီး ပွင့်လာတာကို မြင်လိုက်ရလေသည်။

"ကောင်းလိုက်တာ! ဘယ်လောက် ကောင်လိုက်လဲ! ငါ့ခွန်အားကို အပြည့်အ၀ သုံးနိုင်ပြီ!"

သူ၏ "အလောင်း" သည် စူးစူးရှရှ ရယ်မောပြီးနောက် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျယ်လာပြီး ပိုကြီးလာကာ တခဏချင်းပင် အမြင့်ပေပေါင်းများစွာအထိ ကြီးထွားလာသည်။

"ဗွမ်း!"

ပွင့်ချပ်နှင့်တူသော ဦးခေါင်းရှိ မှော်အလင်းသည် ကောင်းကင်သို့ ပြေးဝင်သွားပြီး လှပသောအလင်းရောင် ကန့်လန့်ကာသည် ကောင်းကင်တစ်လျှောက် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

"မှော်ပြောင်းလဲမှုရဲ့ လွှမ်းခြုံမှုက မျှော်လင့်ထားတာထက် ပိုကြီးနေတယ်!"

အဘွားရှားက ရုတ်တရက် ထအော်လိုက်သည်။

"ဒီနတ်ဆိုးက ငါတို့တွေ့ဖူးသမျှ နတ်ဆိုးတွေထက် ပိုသန်မာတယ်...ချတော့! ဟေးကော် လာကူပေး!"

ချန်ရှီအနားမှ ဟေးကော်လည်း ချက်ချင်း လှည့်ပြီး ပြန်ပြေးသွားတယ်။

တစ်ချိန်တည်းမှာပင် ချန်ရှီသည် လျှပ်စီးကြောင်းအတိုင်း ရှေ့သို့ အရှိန်ပြင်းစွာ ပြေးသွားသော်လည်း သူ့ခေါင်းအထက်တွင် မှော်အလင်းဖြင့် ဖွဲ့စည်းထားသော အလင်းတန်းက တဖြည်းဖြည်း သူ့ဆီသို့ တိုးဝင်လာနေသည်။

သူ့နှလုံးခုန်သံ ခုန်သွားကာ အောက်ကိုငုံ့ကြည့်လိုက်တော့ အဘွားရှားက သူ့ခြေထောက်အောက်၌ အဘွားကြီးစီစဉ်ထားသော ယဇ်ပလ္လင်များကို မြင်လိုက်ရသည်။

"ဒီယဇ်ပလ္လင်တွေကို အဘွားရှားက နတ်ဆိုးနယ်မြေ အပြင်ဘက်မှာ ချထားတာလား ဒါမှမဟုတ် အထဲမှာ ခက်ခက်ခဲခဲ ချထားရတာလား?"

တစ်ခုခုမှားနေပြီလို့ သူ ခံစားလိုက်ရသည်။

၎င်းတို့ကို နတ်ဆိုးနယ်မြေထဲမှာ ထည့်ထားရင် ကောင်းလိမ့်မည်။ အကယ်၍ ၎င်းတို့ကို နတ်ဆိုးနယ်မြေ ပြင်ပတွင် ထားရှိပါက ယခုထွက်လာသော နတ်ဆိုးနယ်မြေက ဤယဇ်ပလ္လင်များကို ကျော်လွန်သွားပါပြီ။

တစ်နည်းဆိုရသော် အဘွားရှားမှ ကြီးကြီးမားမား ခက်ခက်ခဲခဲ စီစဉ်ထားသော ယဇ်ပလ္လင်များက လုံးဝ အသုံးမဝင်နိုင်တော့ပေ။

"အဘွားလည်း ဒါကို သဘောပေါက်သွားလို့ ကြောက်ပြီး ဟေးကော်ကို နေခဲ့ပြီး ကူညီခိုင်းတာ ဖြစ်မယ်... ဟေးကော်ရဲ့အကူအညီနဲ့ အဆင်ပြေသွားလိမ့်မယ် နောက်ပြီး၊ အဖွားက ငါ့ဝိညာဉ်ကို ပြန်ခေါ်ပြီး အဲဒီနတ်ဆိုးတွေကို နှိမ်နင်းဖို့ ခန္ဓာကိုယ်ထဲကို ပြန်ချိတ်ပိတ်ထားလို့ ရတယ်!"

သူစိတ်သက်သာရာရသွားပြီး သူ့ခြေဖဝါးအောက်မှာ လျှပ်စီးလက်လာကာ သူ့အရှိန်က အရမ်းတိုးလာကာ မှော်အလင်းရောင်ကြောင့် ဖြစ်ပေါ်လာတဲ့ ကန့်လန့်ကာကို ဖြတ်သွားခဲ့သည်။ သူ့နောက်တွင်မူ မှော်အသွင်ပြောင်းမှုဖြင့် ဖွဲ့စည်းထားသော နတ်ဆိုးနယ်မြေရဲ့ အကွာအဝေးသည် မိုင်တစ်ရာကျော်သွားပြီး မိုင်နှစ်ရာကျော်အထိ ရောက်ရှိသွားသည်။

ဤနတ်ဆိုးသည် မိုင်တစ်ရာသာ ဖြစ်ထွန်းနိုင်သော ယခင်နတ်ဆိုးများထက် အမှန်တကယ်ပင် အားကောင်းလှသည်။ ၎င်းသည် ဘေးဥပဒ်အဖြစ်သို့ ပြောင်းလဲနေသော နတ်ဆိုးဖြစ်ပြီး ယခု ၂၀ % အထိ တိုးတက်လာပြီ။

ချန်ရှီနောက်ကွယ်တွင် ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာပြီး မှော်အလင်းဖြင့် ပြုလုပ်ထားသည့် ကန့်လန့်ကာသည် ကောင်းကင်မှ ပြုတ်ကျကာ ရုတ်တရက် ပြန်ပိတ်သွားပြီး အဘွားရှား၊ အားကျိုးနှင့် အခြားသူများအောက်ကို ဖုံးအုပ်ထားသည်။

  "ဟူး--"

ရုတ်တရက် ကုန်းမြင့်မြင့်မှ မကောင်းဆိုးဝါးလေများ မှုတ်ထုတ်လိုက်ရာ လူးလိမ့်နေသော နတ်ဆိုးစွမ်းအင်များသည် အနက်ရောင်မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး မှော်အလင်း၏ ကန့်လန့်ကာသို့ ပျံသန်းသွားလေသည်။ ထိုနတ်ဆိုးသည် သူ့ကိုယ်သူ ခိုင်ခံ့စေရန် ကောင်းကင်နှင့်မြေကြီး ကြားရှိ နတ်ဆိုးစွမ်းအင်ကို စုပ်ယူနေချေပြီ။

  "ဗုန်း!"

နတ်ဆိုးနယ်မြေအတွင်း ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်သွားကာ ချင်းယန်က ဦးဆောင်၍ နတ်ဆိုး "ချန်ရှီ" ကို တိုက်ခိုက်ရန် ပြိုင်ဘက်ကင်းသော ဧရာမသိုးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ အလွန်ကြီးမားပြီး ခေါင်းကို ငုံ့ထားလိုက်လျှင် တောင်တစ်လုံးတောင် ပြိုကျလိမ့်မည်။

"ချန်ရှီ" သည် နှစ်ပေ သို့မဟုတ် သုံးပေမျှသာ အရပ်ရှည်သော်လည်း သူ့လက်ကို မြှောက်ကာ မလှုပ်မရှား ရိုက်ချလိုက်လေသည်။ ခေါင်းပေါ်တွင် ပွင့်နေသော ပန်းပွင့်ကြီးတွင် ဝတ်ဆံဖိုများက ကခုန်နေပြီး လျင်မြန်စွာ ကြီးထွားလာ၏။ ဝတ်ဆံတို့သည် ချင်းယန်၏ ဦးချိုနှစ်ချောင်းကို ချည်နှောင်ကာ လွှင့်ပစ်ကြသည်။ တစ်ခါတလေ ပြင်းထန်စွာ ရိုက်ချိုးလိုက်ဖို့ ကြိုးစားကြ၏။

အဲဒီကုန်းမြင့်က ဘာလဲဆိုတာ မသိရသေးပေမယ့် တောင်အရွယ်အစားကတော့ ချင်းယန်ရဲ့ ထိမှန်မှုကြောင့် ပျက်စီးမှုမရှိဘဲ အဝါရောင်အလင်းတန်းအဖြစ် တောက်လောင်သွားခဲ့သည်။

"ချန်ရှီ" သည် လေထဲသို့ပျံတက်ကာ ဟူရှောင်လျောင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ အဘွားရှား အသက်သွင်းထားသော သိုးချိုကောင်းကင်ဝိညာဥ် မီးခွက်ကို ခုခံထားခဲ့သည်။ အနည်းငယ် လှုပ်ရုံမျှမက သူ့ခန္ဓာကိုယ်မှာ အဖွားရှားကြောင်း ပေါက်ကွဲထွက်ခြင်း မရှိပေ။

တုယိရန်က လက်တစ်ဖက်၌ ပုဆိန်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကျန်တစ်ဖက်တွင်တော့ ဆောက်တစ်ချောင်းကို လက်နှစ်ဖက်စလုံးတွင် မတူညီသော မှော်လက်နက်များဖြင့် လှုပ်ရှားနေသည်။ သူသည် သူ့လှုပ်ရှားမှုကို အသုံးပြုပြီးသည်နှင့် တပြိုင်နက်၊ ပုဆိန်အရိပ်များနှင့် ဆောက်အရိပ်များသည် "ချန်ရှီ"ကို နေရာတိုင်းကနေ တိုက်ခိုက်နေတော့သည်။

သူသည် အာကာသပညာ၌ ထူးကဲသော သမ္ပတ္တိများ ရှိသည်။ အဝေးမှ ပစ်လွှတ်လိုက်သော လှုပ်ရှားမှုများသည် ပြိုင်ဘက်ဘေးတွင် ပေါ်လာပြီး ပြိုင်ဘက်ကို အံ့အားသင့်စွာ သတ်ပစ်နိုင်၏။

သို့သော် ဤပုဆိန်မီးများ "ချန်ရှီ" အပေါ် မကျရောက်မီ" မရေမတွက်နိုင်သော ၀တ်ဆံဖိုများသည် "ချန်ရှီ" ၏ခေါင်းအထက်တွင် ပေါ်လာပြီး သူ့တိုက်ခိုက်မှု အားလုံးကို တားဆီးကာ အရှိန်အဟုန်ဖြင့် တားဆီးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အားကျိုးသည် သူ၏ရုပ်ခန္ဓာနှင့် သဟဇာတဖြစ်အောင် အနတ္တလေဟာပြင်ဘုံကို ထုတ်လွှတ်ကာ ကိုယ်ခန္ဓာအတွင်းရှိ ကြီးမားလှသော မှော်အစွမ်းများဖြင့် "ချန်ရှီ" ကို ထိပ်တိုက် ရင်ဆိုင်ရလေသည်။

ချင်းယန်နဲ့ ဟူရှောင်လျောင်တို့က ချက်ချင်းပင် ပြန်လည်စုဖွဲ့ကြပြီး ဘယ်နဲ့ ညာဖက်မှ ပြေးထွက်သွားကြသည်။

တုယိရန်သည် "ချန်ရှီ" ခေါင်းရှိ ဝတ်မှုန်များကို တိုက်ခိုက်နေတာအား ကန့်သတ်ရန် တတ်နိုင်သမျှ အရှိန်မြှင့်ခဲ့ပြီး ထိုဝတ်မှုန်များသည် အခြားလူများကို မတိုက်ခိုက်စေရန် ကိုင်တွယ်ထားခဲ့သည်။

အဘွားရှားသည် ဧကရာဇ်မင်းမြတ်၏ သမီးတော်အဖြစ် အသွင်သဏ္ဌာန်ကို ထုတ်ဖော်ပြသကာ ပါးကွာ့ခန္ဓာကာကွယ် အစီအရင်ကို အသက်သွင်းထားလေသည်။ သူမ နားလည်ထားသော ရေနှင့်မီးကို ဖော်ထုတ်ကာ "ချန်ရှီ" ၏နတ်ဆိုးဝိညာဉ်ကို ရေနှင့်မီးဖြင့် သန့်စင်ပေးပြီး တစ်ချိန်တည်းမှာပင် သိုးချိုကို ဖောက်ခွဲလိုက်ကာ "ချန်ရှီ" ၏ နတ်ဆိုးဝိညာဉ်ကို ဖောက်ခွဲလိုက်သည်။

နောက်ဆုံးတွင်တော့ "ချန်ရှီ" ၏ နတ်ဆိုးဝိညာဉ်လည်း ယိမ်းယိုင်သွားခဲ့သည်။ အားလုံး စိတ်လှုပ်ရှားလာပြီး တစ်ချက်တည်းနဲ့ ရှေ့ကို ပြေးသွားကြပါ၏။

အဘွားရှား ထပ်ခါတလဲလဲ အော်နေတော့ ဧကရာဇ်ရဲ့သမီးတော်က သိုးချိုမိုးကောင်းကင် ဝိညာဥ်မီးအိမ်ရှိ မီးတောက်ကလည်း ပေရာနဲ့ချီ ရုတ်တရက် မြင့်တက်လာပြီး အလင်းရောင်က "ချန်ရှီ" ရဲ့ နတ်ဆိုးဝိညာဉ်ကို ခန္ဓာကိုယ်ထဲက ပေါက်ကွဲထွက်လာစေ၏။

ဟေးကော်က ထိုအခိုက်တွင် နတ်ဆိုးဝိညာဉ်ကို ကိုက်ယူရန် အခွင့်​ကောင်းကိုယူကာ ချန်ရှီ၏ ခန္ဓာကိုယ်မှ နတ်ဆိုးဝိညာဉ်ကို အတင်း ဆွဲထုတ်ပစ်ခဲ့သည်။ တုယိရန် ချက်ချင်း ရှေ့သို့ လှမ်းတက်ကာ နတ်ဖွေရှာအိတ်ကို ယဇ်ပူဇော်ပြီး နတ်ဆိုးဝိညာဉ်ကို အိတ်ထဲသို့ ပစ်ထည့်ကာ တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်သည်။

ချန်ရှီ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံအား ကျောခိုင်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုအခါ မိုင် ၂၀၀ အချင်းဝက်ကို ဖုံးလွှမ်းထားသည့် နတ်ဆိုးနယ်မြေသည်လည်း တဖြည်းဖြည်း မှိန်ဖျော့သွားပြီး တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

အဖွားရှား ချက်ချင်း လှည့်ပြောလိုက်၏။

"ငါ့အစီအစဉ်က မှားသွားပြီ... ဒီပလ္လင်တွေကို ဝေးဝေးမှာ ရွှေ့လိုက်မယ်..."

"ဟားဟား!"

မြေပြင်ပေါ်တွင် ပက်လက် လှဲလျောင်းနေသော ချန်ရှီက ရုတ်တရက် ရယ်မောလိုက်ပြီး မတ်တပ်ထရပ်ကာ ခေါင်းခါလိုက်သည်။

"ဒီနေ့ကို ငါစောင့်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ"

သူ့လက်ကို ကျောနောက်မှာ ပစ်ထားပြီး သူ့ခန္ဓာကိုယ်က ငြိမ်သွားအောင် သူ့ခေါင်းကို လှည့်ကာ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ ဟေးကော်ကို ကြည့်လိုက်သည်။

အဘွားရှား : " တစ်ဆယ်လေးရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းထားစမ်း! လည်ပင်းကို မချိုးပစ်နဲ့!"

"ချန်ရှီ" သည် အရိုးမရှိသကဲ့သို့ ဂရုမစိုက်ဘဲ စက်ဝိုင်းတစ်ခြမ်းကို တစ်ဖန်လှည့်ကာ လည်ပင်းကိုဆန့်လိုက်သည်။ ပြီးမှ မူလအနေအထားသို့ ပြန်ထားလိုက်၏။

"ဒီခန္ဓာကိုယ်က တကယ်သန့်စင်တာပဲ... နတ်ဆိုးလို့ခေါ်တဲ့ ငါတို့က တကယ်တော့ မြေအောက်ကမ္ဘာက အရာခပ်သိမ်းရဲ့ ဝိညာဥ်တွေ... ကံမကောင်းတာက ငါတို့က သူတို့လို တစ္ဆေတွေနဲ့ မတူဘူး... ကိုယ်ခန္ဓာ မရှိတော့ သက်ရှိလောကထဲကို ဝင်ဖို့က သိပ်ခက်တယ်... ဒါကြောင့် ငါတို့က ဒီလိုပဲ နေလို့ရတာ...."

သူက ထူးဆန်းတဲ့ အပြုံးနဲ့ :"နောက်ဆုံးတော့ ငါမှာ ခန္ဓာကိုယ်ရှိလာပြီ!"

"ဝူး--"

သူက နားမလည်နိုင်စွာ စိတ်လှုပ်ရှားနေပုံရပြီး အလွန်ထူထဲသော လက်မောင်း ဒါဇင်များစွာသည် သူ့နောက်ကျောမှ ရုတ်တရက် ပေါက်ထွက်လာကာ ယင်နဲ့ယန် ကမ္ဘာကြီးကြား အတားအဆီးထဲသို့ တိုးဝင်လာကာ ဟောက်သံနှင့်အတူ မရဏကမ္ဘာမှ ထွက်ပြေးသွား၏။

အဘွားရှား အံ့အားသင့်သွားသည်။

"ဟေးကော်! သူ့ကို လိုက်ဖမ်း!"

ဟေးကော်လည်း ယင်လေကို နှိုးဆော်ပြီး လူတိုင်းကို သက်ရှိလောကသို့ ပြန်ခေါ်ဆောင်လာခဲ့သည်။

တုယိရန် : "ငါတို့ သူ့ကို မှော်နယ်မြေကို ဖွင့်ပြီး မှော်အသွင်ပြောင်းတာကို အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူး! မဟုတ်ရင် မရေမတွက်နိုင်တဲ့ လူတွေ သေလိမ့်မယ်!"

ချင်းယန် ဒေါသတကြီးနဲ့ :"ရှားချိုးထုန် မင်းရဲ့ အစီအစဉ်က အသုံးကိုမကျဘူး!"

"ဟားဟား!"

"ချန်ရှီ" ၏ ရယ်သံသည် လက်နှစ်ဖက်ပါသော မျောက်ကြီးတစ်ကောင်ကဲ့သို့ အဝေးမှ ထွက်ပေါ်လာပြီး တောင်ကုန်းများကြားမှ ခုန်ဆင်းကာ အဝေးသို့ ပြေးသွားလေသည်။

"ငါ လွတ်လပ်ပြီ!"

"ချန်ရှီ" က အော်လိုက်သည်။

ချန်ရှီသည် မိုးမခပင်အို၏ အမြစ်တွယ်နေသော အမြစ်များဆီသို့ ရောက်လာသည်။ သူသည် ကြီးမားသော အရာဝတ္တုကို မျှော်ကြည့်ကာ ကျောက်ပြားကို အသေအချာ စစ်ဆေးနေ၏။

“ဒီကျောက်ပြားကို ငါမတူးနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး... ဒီကျောက်စာက မြေအောက်ကမ္ဘာထဲမှာ ပိတ်မိနေပြီး အမြစ်တွေ တွယ်ကပ်နေတော့ တူးဖော်လို့မရနိုင်တော့ဘူး”

သူသည် သက်ရှိလောကရှိ မြင်ကွင်းကို မျှော်ကြည့်လိုက်ရာ ကောင်းကင်ယံအထိ မြင့်သော သစ်ပင်ကြီးကို ယောင်ဝါးဝါး မြင်နေရလေသည်။

"ဒီမိုးမခပင်က တကယ်ပဲ သက်ရှိလောကကို တိုက်ရိုက်ပို့ဆောင်နိုင်တယ်!"

ပေတစ်ထောင်ရှိတဲ့ ဧရာမတစ်ကောင်လို သစ်ပင်မှာ ကြိုးဆွဲချထားတဲ့ ကျူးရှို့ချိုင်ကိုတောင် မြင်နေရ၏။ ချန်ရှီ အတွေးတစ်ချက်လေးနဲ့တင် သူ့ခန္ဓာကိုယ်က သက်ရှိကမ္ဘာထဲ ပြန်ရောက်သွားတာ တွေ့လိုက်ရတော့ အလွန်ထိတ်လန့်သွားရသည်။

All Chapters