အခန်း (၁၈၁)
Vol. 13 Ch. 181
နောက်တစ်နေ့မနက်တွင် ချန်းပင်အန်းတို့ (၃)ယောက်က သူတို့၏ခရီးကို ဆက်လက်ထွက်ခွာလာခဲ့ပြီး လေလှိုင်းနှင့် နှင်းများကြားထဲတွင် သွားလာခဲ့ကြသည်။ ချန်းပင်အန်းက ရှေ့မှဦးဆောင်နေပြီး ရုတ်တရက်ဆိုသလို သူ၏လမ်းလျှောက်ကျင့်စဉ်ကို ရပ်တန့်လိုက်၏။
“ဆရာက ဘယ်သူ့အကြောင်း စဉ်းစားနေတာလဲမသိဘူး…”
ပန်းရောင်ဝတ် ကလေးမလေးက တိတ်တဆိတ် စဉ်းစားနေမိခဲ့သည်။
“ဒီလို နတ်ဘုရားတွေ ဖန်တီးပေးထားတဲ့ ရာသီဥတုမျိုးမှာ ဆရာက နေရာမြင်ကွင်းတစ်ခုကို ရှာဖို့ပဲ စဉ်းစားနေမှာပေါ့။ ဒါဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က နှင်းဒဏ်ခံရမှာ မဟုတ်တော့ဘူး…”
စိမ်းပြာဝတ်ကောင်လေးက ပျင်းရိနေသော အသံနှင့် ပြောလိုက်သည်။
“ဒါက တော်တော်လေး ရွံစရာကောင်းတယ်…”
ပန်းရောင်ဝတ် ကလေးမလေးက ဒေါသထွက်နေသော အသံနှင့် ပြန်ဖြေလိုက်၏။
“ဒါဆိုရင် ငါက ဘာပြောရမှာလဲ။ အမှန်တရားဆိုတာ တစ်ခါတစ်လေ နာကျင်ရတတ်တာပဲ…”
စိမ်းပြာဝတ်ကောင်လေးက သက်ပြင်းချမိခဲ့သည်။
ယခုနှစ်တွင် တောင်ပိုင်းစမ်းချောင်းတိုင်းပြည်က အတော်လေးကို သက်ဝင်လှုပ်ရှားနေခဲ့ပြီး အလွန်ကြီးမားသော ပျော်ပွဲရွှင်ပွဲကြီးတစ်ခု ကျင်းပနေခဲ့၏။ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်၏ နယ်စပ်တွင်တော့ တိမ်တိုက်များထဲသို့ ထိုးတက်နေသော တောင်တန်းကြီးတစ်ခု ရှိနေပြီး ထိုတောင်တန်း၏ နောက်ဘက်တွင်တော့ သစ်တောတစ်ခု ရှိသည်။
တာအိုမိန်းမပျိုတစ်ယောက်က သစ်တောထဲတွင် ရှိနေသော လမ်းကြားငယ်လေး တစ်ခုအတိုင်း ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူမ၏လက်ထဲတွင်တော့ အစိမ်းရောင်ဝါးတုတ်တစ်ချောင်းကို ကိုင်ထားပြီး သူမ၏နောက်မှနေ၍ သမင်ဖြူလေးတစ်ကောင် လိုက်လာနေခဲ့သည်။ ထိုသမင်ဖြူလေး၏ မျက်လုံးများက ဉာဏ်ကောင်းမှုကြောင့် အလွန်ဝင်းလက်တောက်ပနေခဲ့၏။
နောက်ကျောတွင် ဓားရှည်လွယ်ထားသော အဖြူဝတ် လူငယ်တစ်ယောက်ကလည်း သူမနှင့်အတူ လမ်းလျှောက်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင်တော့ စိတ်ပျက်နေသော အမူအရာတစ်ခု ရှိနေခဲ့၏။
“ငါ နင့်ကို တစ်ကြိမ်ထက်မက ပြောခဲ့ဖူးပါတယ်။ တကယ်လို့ နင်က အောက်ဘုံ(၅)ဆင့် ဖြစ်နေတဲ့အတွက် ငါက နင့်ကို မကြိုက်မှာမဟုတ်ဘူး။ တကယ်လို့ နင်က အထက်ဘုံ(၅)ဆင့်ကို ရောက်သွားမယ်ဆိုရင်တောင် ငါက နင့်ကို ကြိုက်ပါ့မယ်လို့ အာမ မခံနိုင်သေးဘူး…”
တာအိုမိန်းမပျိုက စိတ်ပျက်လက်ပျက် အမူအရာနှင့် ပြောလိုက်သည်။
“ငါတို့တွေက ဘာမှအဓိပ္ပာယ်မရှိဘူးလေ ဝေ့ကျင်း။ ဘာလို့ နင်က ငါ့ကို လက်မလျှော့နိုင်ရသေးတာလဲ။ နင် ငါ့ကို လက်လျှော့ဖို့အတွက် ငါက ဘာတွေလုပ်ပေးဖို့ လိုတာလဲ ပြောပြလို့ရနိုင်မလား…”
တာအိုမိန်းမပျိုက ထိုအကြောင်းအရာကို တည့်တည့်သာ ပြောလိုက်သည့်အတွက် သူမက ထိုလူ၏ ဆက်တိုးလာမှုအပေါ် အတော်လေး စိတ်ညစ်နေပုံရသည်။
ထိုလူကတော့ ဖုန်းရွှယ်ကျောင်းဆောင် နတ်ဘုရားစင်မြင့်မှ ပါရမီရှင်ဓားသမား ဝေ့ကျင်းပင် ဖြစ်သည်။ ကျင့်ကြံသူများနှင့် ပတ်သက်လာသည့်အချိန်တွင် ပါရမီရှင်များကြားထဲတွင်ပင် ဝါစဉ်တစ်ခု ရှိတတ်သည်။ ဝေ့ကျင်းက အသက်ငယ်ငယ်လေးနှင့် အဆင့်(၁၁)ကို ရောက်နိုင်ခဲ့သည့်အတွက် သူက သေချာပေါက်ထိပ်တန်းဟု ဆိုနိုင်ပြီး ကျင့်ကြံမှုပါရမီရှင်များ ကြားထဲတွင်ပင် အမြင့်ဆုံးထဲမှတစ်ယောက်ဟု ဆိုနိုင်သည်။
လက်ရှိအချိန်တွင် ဝေ့ကျင်းကတော့ အတော်လေးကို စိတ်ပျက်နေပုံရပြီး သူ့ပုံစံက အထက်ဘုံ(၅)ဆင့်ကို ရောက်နေသော လူတစ်ယောက်နှင့်ပင် မတူတော့ပေ။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မေးလိုက်၏။
“နင့်မှာ ကြိုက်နေတဲ့လူတစ်ယောက် ရှိနေလို့လား။ အဲဒါက နင့်ဂိုဏ်းက ဆရာဦးလေးလား…”
တာအိုမိန်းမပျိုက နေရာတွင် ရပ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက ပို၍ပင် ထင်ရှားလာခဲ့သည်။ သူမက ဝေ့ကျင်းကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်၏။
“ဝေ့ကျင်း …
ဘာလို့ ဒီလိုမသင့်တော်တဲ့ စကားမျိုးတွေ ပြောနေရတာလဲ…”
ဝေ့ကျင်း၏အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ အနည်းငယ် ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။ သို့သော် သူက သူ့ကိုယ်သူမည်သို့ ရှင်းပြရမှန်း မသိသလို သူပြောသည့်စကားကို မည်သို့ရုတ်သိမ်းရမှန်းလည်း မသိခဲ့ပေ။ ထို့ကြောင့် သူက တိတ်တိတ်နေရန်သာ ဆုံးဖြတ်ခဲ့၏။
လက်ရှိစိတ်ပျက်နေသော အခြေအနေနှင့်ပင် တခြားသူများ၏ မျက်လုံးထဲတွင်တော့ သူက ကောင်းကင်ဘုံအောက်တွင် နံပါတ်(၁)ထိပ်တန်း လူငယ်ဓားသမားတစ်ယောက် ဖြစ်နေသေးသည်။ သို့သော် သူ့အတွက် ကံဆိုးသွားသည်မှာ သူက တာအိုမိန်းမပျို၏ နှလုံးသားကိုတော့ အနိုင်ရရန် မလုံလောက်သေးပေ။
အချစ်ဟူသည်မှာ ကောင်းကင်ဘုံအောက်တွင် ကျိုးကြောင်းသင့်တော်မှုမရှိဆုံး အရာတစ်ခု ဖြစ်သည်။ ဝေ့ကျင်းက အချစ်နှင့် ပတ်သက်သောကိစ္စတွင် ပထမဆုံး စိတ်ပျက်ခဲ့ရသည့် လူတစ်ယောက်တော့ မဟုတ်ချေ။ သို့သော် သူက သေချာပေါက် နောက်ဆုံးလည်း မဖြစ်နိုင်သေးပေ။
“ငါ နင့်ကို နောက်ဆုံးမေးခွန်းတစ်ခု မေးချင်တယ် ဟယ်ရှောင်လျန့်…”
ဝေ့ကျင်းက သိမ်မွေ့သောအသံနှင့် ပြောလိုက်သည်။
“မေးပါ…”
ဟယ်ရှောင်လျန့်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
ဝေ့ကျင်းက ခဏကြာ စဉ်းစားနေပြီး အဝေးကို ငေးကြည့်နေရင်း ပြောလိုက်၏။
“နင်က ကံကြမ္မာကို အရမ်းလေးလေးနက်နက် တန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ။ တကယ်လို့ တစ်နေ့နေ့ နင်ကသာ နင်နဲ့ ရေစက်ရှိတဲ့ လူတစ်ယောက်ကို တွေ့ခွင့်ရခဲ့ပြီး နင့်ရဲ့မဟာတာအိုလို့ခေါ်တဲ့အရာအတွက် သူ့ကိုတာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ရမယ်ဆိုရင် နင့်ရင်ထဲမှာ ဘာမှမရှိရင်တောင် သူ့ကို တကယ်ပဲ လက်ခံမှာလား…”
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထိုခဏတွင် သစ်တောလေးကို ဖြတ်၍ တိုက်ခတ်လာသော လေပြေလေညင်းလေးကပင် ရပ်တန့်သွားခဲ့၏။
“ငါ သေချာပေါက် လက်ခံမှာပဲ…”
ဟယ်ရှောင်လျန့်က အပြုံးနှင့် ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ဝေ့ကျင်း၏မျက်လုံးထဲတွင် ရှိနေသော မျှော်လင့်ချက် အရိပ်အယောင်များက လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။ သူက ဟယ်ရှောင်လျန့်ဆီမှ အဝေးကို ငေးကြည့်လိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်စများ ပြည့်နှက်လာသည်။
“တကယ်လို့ နင်က မချစ်မနှစ်သက်တဲ့လူတစ်ယောက်နဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်လာမယ်ဆိုရင် သေချာပေါက် ပျော်ရွှင်ရမှာ မဟုတ်ဘူး။ တကယ်လို့ နင်နဲ့ နင့်ရဲ့တာအိုလက်တွဲဖော်တွေက လောကကြီးတစ်ခုလုံးရဲ့ အားကျမှုကို ခံရမယ်ဆိုရင်တောင် နင်ကတော့ ပျော်ရွှင်ရမှာ မဟုတ်ဘူး။ ငါက နင်မပျော်တာကို မမြင်ချင်ဘူး ဟယ်ရှောင်လျန့်…”
ဟယ်ရှောင်လျန့်က တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ သူမ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အနည်းငယ် ပေါ်လာခဲ့၏။ သို့သော် သူမ၏ တာအိုနှလုံးသားကတော့ မူလတုန်းကကဲ့သို့ ပြတ်သားနေဆဲသာ ဖြစ်သည်။
“ဝေ့ကျင်း…
တကယ်လို့ အဲဒီလိုနေ့တစ်နေ့ ရောက်လာခဲ့မယ်ဆိုရင်တောင် ငါက ငါ့ရဲ့ဘဝကြီးကို အကောင်းဆုံး ဆက်ပြီးတော့ ကြိုးစားနေဦးမှာပဲ။ ငါ့ရဲ့ဆုံးဖြတ်ချက်အတွက် လုံးဝနောင်တရဦးမှာ မဟုတ်ဘူး။ အဲဒီအစား ငါက နင့်ကို သေချာပေါက် သဘောကျသွားမှာလည်း မဟုတ်ဘူး…”
“အဲဒီလိုလား…”
ဝေ့ကျင်းက တိတ်တဆိတ် ရေရွတ်လိုက်သည်။
ဟယ်ရှောင်လျန့်က ပြန်လှည့်သွားခဲ့ပြီး ဝေ့ကျင်းကတော့ သစ်တောထဲတွင် ဆက်လက် ဆက်လက်ရပ်နေခဲ့၏။
သူမက မည်သည့်အရာကိုမျှ နောင်တရနေခြင်း မရှိချေ။ သို့သော် ထိုကဲ့သို့ ယုတ္တိမရှိသော မေးခွန်းမျိုးမေးလိုက်ခြင်းက ဟယ်ရှောင်လျန့်နှင့် သူတို့နှစ်ယောက်စလုံးကို ထိခိုက်စေနိုင်သည့် ထိခိုက်စေနိုင်သည့် အရာမျိုးသာ ဖြစ်သည်။
သစ်တောထဲမှနေ၍ လူငယ်တာအိုသခင်တစ်ယောက် ထွက်ပေါ်လာပြီး သူနှင့်အတူ အလွန်ကြီးမားသော ငါးတစ်စုံ ပါလာခဲ့သည်။ သူတို့က လေထဲတွင် ပျံသန်းနေပြီး တစ်ကောင်က စိမ်းပြာ တစ်ကောင်က အနီရောင်ဖြစ်သည်။
ဝေ့ကျင်းက မျက်လုံးအကြည့်ကို ရုတ်သိမ်းလိုက်ပြီး ဟယ်ရှောင်လျန့်က သူနှင့်အဝေးကို ရောက်သွားမှသာ ထွက်ခွာသွားသော သူမကို ပြန်လှည့်ကြည့်ရဲခဲ့သည်။ လူငယ်တာအိုသခင်ကတော့ အရှေ့ပိုင်းကုန်းမြေကြီး၏ ရွှေလူငယ်ဖြစ်သည်။
ဝေ့ကျင်းက သူ့ကို အေးစက်စွာ ပြောလိုက်၏။
“တကယ်လို့ မင်းက ဒီအရာနှင့်ပတ်သက်ပြီး တခြားသူတွေကို ပြောရဲမယ်ဆိုရင် ငါ မင်းကို သတ်ပစ်မယ်…”
လူငယ်တာအိုသခင်ကတော့ ဝေ့ကျင်းကို အတော်လေး ကြောက်လန့်ပုံရသည်။ သူက အဆင့်(၁၁) ဓားသမားတစ်ယောက်ဖြစ်သော်လည်း ဤသစ်တောကတော့ သူတို့ဂိုဏ်း၏ နောက်ကျောတွင် ရှိနေသော တောင်ပေါ်တွင် ရှိနေခဲ့၏။ ဝေ့ကျင်းက သူ့ကို အမှန်တကယ် အမှန်တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု သံသယဝင်နေခြင်း မရှိချေ။ အကယ်၍ ဝေ့ကျင်းက သူ့ကို အမှန်တကယ် တိုက်ခိုက်ခဲ့လျှင်ပင် သူက အသက်ရှင်နိုင်သည်ဟု ယုံကြည်ချက် ရှိနေသေး၏။
ထို့ကြောင့် သူက ပြန်ပြောလိုက်သည်။
“ဖုန်းရွှယ်ကျောင်းဆောင်က အဆင့်(၁၁) ဓားသမားတစ်ယောက်က ငါတို့ နတ်ဘုရား အမိန့်ပြန်တမ်း ဂိုဏ်းထဲမှာ ဒီလိုခြိမ်းခြောက်မှုမျိုး လုပ်ရဲတာလား…”
လူငယ်တာအိုသခင်က သူ၏စကားလုံးထဲတွင် နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်း ဟူသော စကားလုံးကို သေချာအလေးထား၍ ပြောခဲ့သည်။ အရှေ့ပိုင်းကုန်းမြေကြီး၏ တာအိုဂိုဏ်း (၃)ခုထဲတွင် တောင်ပိုင်းစမ်းချောင်းတိုင်းပြည်မှ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းက ထိပ်တန်းဖြစ်ပြီး အမွေအနှစ်နှင့် ပူဇော်မှုအများဆုံးကို ရရှိခဲ့သည်။
ယခင်တစ်ခေါက်တွင် သူနှင့် ဟယ်ရှောင်လျန့်တို့က မြောက်ပိုင်းတွင် ရှိနေသော တာလီအင်ပါယာမှ လီကျူးသုခဘုံသို့ ခရီးသွားခဲ့သည်။ သူတို့က နေရာအားလုံးကို ဖြတ်ကျော်သွားခဲ့ရပြီး သာမန်လူသားတိုင်းပြည်မှ ရှင်ဘုရင်များ၊ အစစ်အမှန် အရှင်သခင်များနှင့် သူတို့တွေ့ခဲ့ရသော မြေပြင်နတ်ဘုရားများအားလုံးကပင် ချွင်းချက်မရှိဘဲ သူတို့ကိုတလေးတစား တလေးတစား ဆက်ဆံခဲ့ကြသည်။
နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းက တောင်ပိုင်းစမ်းချောင်းတိုင်းပြည်၏နယ်စပ်တွင် တည်ရှိနေပြီး သုခဘုံ(၇၂)ခုထဲမှ တစ်ခုဖြစ်သော ကြည်လင်ရေကန်သုခဘုံကို ပိုင်ဆိုင်ထားခဲ့သည်။ သူတို့၏ဂိုဏ်း၏ဂိုဏ်းချုပ်ချီကျန်းက မတူညီသော တိုင်းပြည်(၄)ခုတွင် အစစ်အမှန် အရှင်သခင်တစ်ယောက်ဖြစ်ပြီး ခန့်မှန်း၍မရနိုင်သည့် အစွမ်းမျိုးကို ပိုင်ဆိုင်ထားသည်။
သူက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော အစစ်အမှန်အင်မော်တယ် အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းက တာအိုလမ်းစဉ်ဂိုဏ်းခွဲထဲတွင် အဆင့်နိမ့်သော ဂိုဏ်းတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ချီကျန်းကတော့ အလယ်မြေနတ်ဘုရားကုန်းမြေကြီးပေါ်တွင် ရှိနေသော တရားဝင်ဂိုဏ်းသို့ သွားလျှင်ပင် အလွန်အမင်း အရေးပါသော လူတစ်ယောက်ဟု သတ်မှတ်နိုင်သေးသည်။
ထိုရွှေလူငယ်ကတော့ ဂိုဏ်းချုပ်ချီကျန်း၏ တန်ဖိုးအထားရဆုံး တပည့်တစ်ယောက် ဖြစ်သည်။ သူ၏ဂိုဏ်းတူအစ်မ ဟယ်ရှောင်လျန့်ကတော့ ဆန်းကြယ်အဆောင် သူတော်စင်၏ တပည့်တစ်ယောက်ဖြစ်သည်။ ထိုအရာကတော့ ဂိုဏ်းချုပ်ချီကျန်း၏ ဆရာတူအစ်ကိုလည်း ဖြစ်၏။ ချီကျန်းနှင့် ဆန့်ကျင်နေသည်မှာ ဆန်းကြယ်အဆောင် သူတော်စင်ဆီတွင် မြင့်မားသော ရည်မှန်းချက်မျိုး မရှိချေ။
ဟယ်ရှောင်လျန့်က သူ၏တစ်ဦးတည်းသော တပည့်လည်းဖြစ်သည်။ ဟယ်ရှောင်လျန့်က နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းကို ပထမဆုံး ရောက်လာခဲ့သည့် အချိန်တွင် သူမကို မည်သူမျှမသိခဲ့ကြပေ။ သူမ၏ပါရမီကလည်း ထူးခြားမှုမရှိသလို သူမ၏နောက်ခံကလည်း ဝေဝေဝါးဝါးသာ ဖြစ်သည်။
ဆန်းကြယ်အဆောင် သူတော်စင်ကသာ သူမကို သဘောကျခဲ့ပြီး လူတိုင်းကတော့ သူမအပေါ် မှားယွင်းသုံးသပ်မိခဲ့သည်မှာ ထင်ရှားသည်။ ဆန်းကြယ်အဆောင် သူတော်စင်ကတော့ အကြမ်းထည်စိန်တုံးလေးကို အမှန်တကယ် ရွေးချယ်ထားနိုင်ခဲ့၏။ သူကတော့ ထိုစိန်တုံးလေးကို မြန်မြန်ဆန်ဆန် အရောင်တင်ခဲ့ခြင်းပင် မရှိချေ။
ဟယ်ရှောင်လျန့်က အလွန်ကြီးမားသော ကံကြမ္မာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး သူမဆရာ၏ အထောက်အပံ့ပင် မလိုအပ်ဘဲ အလွန်ကြောက်စရာကောင်းစွာ တိုးတက်လာခဲ့ရသည်။ သူမ၏ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်လာမှုက ဂိုဏ်းတစ်ခုလုံးကိုပင် အားကျသွားစေခဲ့သည်။
အရှေ့ပိုင်းကုန်းမြေကြီး၏ ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျိုတို့က တာအိုလက်တွဲဖော်များ ဖြစ်လာရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ရှိသည်။ အကယ်၍ သူတို့က ဂိုဏ်းတစ်ခုတည်း မဟုတ်လျှင်ပင် အမှန်တကယ် ဖြစ်လာနိုင်၏။ ကုန်းမြေကြီးပေါ်တွင် ရှိနေသော ဂိုဏ်းများအားလုံးက ထိုကဲ့သို့သော မင်္ဂလာပွဲတစ်ခုကို မျှော်လင့်စောင့်စားနေခဲ့ကြသည်။
အရှေ့ပိုင်းကုန်းမြေကြီး၏ နှစ်ပေါင်းတစ်ထောင် ကာလ အတောအတွင်း ယခုတစ်ကြိမ်အပါအဝင် ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျို (၃)တွဲသာ ဂိုဏ်းတစ်ခုတည်းမှ ထွက်ပေါ်လာခဲ့ဖူးသည်။ ယခင် အဖြစ်အပျက်နှစ်ခုတွင် ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျိုတို့က အထက်ဘုံ(၅)ဆင့်ကို ရောက်သွားသော တာအိုလက်တွဲဖော်များ ဖြစ်လာကြ၏။ သူတို့က ထိုဖြစ်စဉ်ကို သွေဖယ်သွားလိုခြင်း မရှိချေ။
ဝေ့ကျင်းက လူငယ်တာအိုသခင်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသော အမူအရာနှင့် ပြောလိုက်၏။
“တကယ်လို့ မင်းဆရာချီကျန်းသာ ဒီမှာရှိတယ်ဆိုရင်တော့ ငါက သူ့ကို တိုက်ခိုက်ဖို့အတွက် စိန်ခေါ်ချင်တယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ဓားကိုမြင်ဖို့ မထိုက်တန်ဘူး…”
ထိုအရာက ထိုအရာက အဆင့်(၁၂) ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရန် လုံလောက်သော အဆင့်(၁၁) ဓားသမားတစ်ယောက်၏ သာမန်အသိအမှတ်ပြုမှုသာ ဖြစ်သည်။ သူတို့ကသာ စစ်ကြောင်းကျင့်ကြံသူတစ်ယောက် မဟုတ်သ၍ အနိုင်ရရန် ခက်ခဲနိုင်၏။
ချီကျန်းက အဆင့်(၁၁)တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့၏။ သိပ်မကြာခင် ကျင်းပခဲ့သော အခမ်းအနားက သူ၏ အဆင့်တက်မှုကို အောင်ပွဲခံရန် ပြုလုပ်သော အခမ်းအနားလည်း ဖြစ်သည်။ ထို့ကြောင့် ဝေ့ကျင်းနှင့် ချီကျန်းတို့က မကြာသေးခင်ကမှ အဆင့်တက်ထားသော ချီကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။
အကယ်၍ တခြားသော အခြေအနေသာဆိုလျှင် တိုက်ပွဲထဲ၌ မည်သူက အနိုင်ရမည်ဖြစ်ကြောင်း ပြောရန် ခက်ခဲ၏။ သို့သော် ဤနေရာက နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်း၏ ပိုင်နက်ဖြစ်သည်။ ဤနေရာတွင် မြောက်များစွာသော ဝင်္ကပါများ ပြည့်နှက်နေသည့်အတွက် မြေပြင်အခြေအနေအရ ချီကျန်းက အသာစီးရနေခဲ့၏။ ထို့ကြောင့် သူက သာမန်အဆင့်(၁၂) ကျင့်ကြံသူ တစ်ယောက်အဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။
လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။
“အဲဒီတော့ဘာဖြစ်လဲ…”
ဝေ့ကျင်းက ဟယ်ရှောင်လျန့်၏ နောက်တစ်ကြိမ် ငြင်းဆန်ခံခဲ့ရသည့်အတွက် အတော်လေး မသက်မသာ ခံစားနေရခြင်း ဖြစ်သည်။ သူက လူငယ်တာအိုသခင်၏ ရန်စမှုကို စိတ်ရှည်နိုင်ခြင်း မရှိချေ။
“မင်းက အဲဒါကို တောင်းဆိုတာနော်…”
ဝေ့ကျင်းက အေးစက်စွာ အေးစက်စွာ ပြောလိုက်၏။
လူငယ်တာအိုသခင်က ဝေ့ကျင်း ဓားထုတ်လိုက်သည်ကိုပင် မမြင်ရသေးခင် ဓားချီစွမ်းအင် အလင်းတန်းတစ်ခုက သူ့ခေါင်းနှင့် တစ်လက်မခန့်အကွာမှ ဖြတ်ကျော်သွားခဲ့၏။
လူငယ်တာအိုသခင်က အသက်ကယ်အဆောင်တစ်ခုကို ဆုံးရှုံးရတော့မည့်အချိန်တွင် အလွန်ချောမွေ့သောလက်တစ်ဖက်က သူ့ခေါင်းပေါ်တွင် ပေါ်လာပြီး ထိုအစွမ်းထက်သော ဓားချီစွမ်းအင်ကို ဖမ်းထားလိုက်သည်။ လေထဲတွင် သွေးအနည်းငယ် ထွက်လာပြီး အလွန် တိတ်ဆိတ်တည်ငြိမ်သော တည်ငြိမ်သော သစ်တောကြီးကပင် လှုပ်ရှားသွားခဲ့ရသည်။
ဝေ့ကျင်းက မကြိုဆိုသောဧည့်သည်ကို ကြည့်လိုက်ပြီးနောက် ဓားလက်ကိုင်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့ပြီး ခြိမ်းခြောက်ထားခဲ့၏။
“မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာပိုကောင်းမယ်…”
ရွှေလူငယ်၏ရှေ့တွင် သာမန်မျက်နှာအမူအရာရှိသော တာအိုသခင်တစ်ယောက်က ဝေ့ကျင်း၏ ဓားချီစွမ်းအင် ကာကွယ်ပေးထားသောလက်ကို ပြန်ချလိုက်သည်။ သူ၏ အရိုးအောက်တွင် ဓားရာတစ်ခုပေါ်နေပြီး လက်ဖဝါးပေါ်ကို အမြှောင်းလိုက် ကွဲသွားခဲ့ခြင်းဖြစ်၏။
“ငါတို့လို တာအိုသခင်တွေက ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုအတွက် ငါတို့ရဲ့စိတ်ကို လေ့ကျင့်သင့်တယ်။ ဘာလို့ တကိုယ်ရည် စိတ်ကျေနပ်မှုအတွက်နဲ့ တခြားသူကို လှောင်ပြောင်ချင်ရတာလဲ…”
တာအိုသခင်က သိမ်မွေ့ညင်သာစွာ မေးလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် ဆရာဦးလေး ။ ကျွန်တော့်ရဲ့လမ်းကြောင်းမှာ အမှားကိုမြင်ပါပြီ…”
ရွှေလူငယ်က တလေးတစား ပြန်ဖြေလိုက်သည်။
တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။
“တကယ်လို့ မင်းက မင်းရဲ့လမ်းကြောင်းမှာ အမှားမြင်တယ်ဆိုရင်တော့ ပိုကောင်းတယ်။ ဒီကိစ္စအတွက်နဲ့ မတောင်းပန်ပါနဲ့…”
ထိုစကားကို ကြားသည့်အခါ ရွှေလူငယ်၏မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အမူအရာတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော် တကယ် တောင်းပန်တာပါ ဆရာဦးလေး။ ကျွန်တော်က ပိုကောင်းလာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သေချာပေါက်ပြောင်းလဲပါ့မယ်…”
ဆရာဦးလေးဟု သတ်မှတ်ခံထားရသော တာအိုသခင်က အသက်(၃၀)ပင် မရှိသေးသလို မရှိသလို ထင်ရသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“တကယ်လို့ မင်းက မပြောင်းချင်ဘူးဆိုရင်တောင် ငါလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘူး။ မင်းရဲ့ဆရာက ငါ့ရဲ့ဆရာတူအစ်ကိုဖြစ်သလို ဂိုဏ်းချုပ်လည်း ဖြစ်နေတယ်။ ဒီတော့ ငါ မင်းကို ဘာမှမလုပ်နိုင်ဘူး…”
ရွှေလူငယ်က မည်သို့တုံ့ပြန်ရမှန်း မသိခဲ့ပေ။ သူ၏ဆရာဦးလေးနှင့် စကားပြောရသည့် အချိန်တိုင်း သူကတော့ အလွန်အမင်းကို ခေါင်းကိုက်ခဲ့ရသည်။ သူ့ဆရာချီကျန်းလည်း အတူတူသာ ဖြစ်၏။
သူက ဆူပုတ်ပုတ်ဖြစ်သွားပြီး ပြောလိုက်သည်။
“ကျွန်တော်က အခုချက်ချင်းပင် တာအိုကျမ်းစာတစ်ခုကို ကူးယူဖို့သွားတော့မယ် ဆရာဦးလေး…”
တာအိုသခင်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
“မင်းက ငွေ့ရည်ဖွဲ့ကျမ်းစာတစ်စုံ ကူးပြီးတော့ ငါ့ကို(၃)ရက်အတွင်း ပေးပါ…”
ရွှေလူငယ်က သနားစဖွယ် အမူအရာနှင့် အလျင်အမြန် ထွက်သွားခဲ့သည်။ ထိုတာဝန်က နေ့ရောညပါ ရေးသားလျှင်ပင် (၃)ရက်တိတိ လုပ်ဆောင်ရသည်။
ရွှေလူငယ် ထွက်ခွာသွားသည့်အချိန်တွင် တာအိုသခင်က ရှေ့ကို တစ်လှမ်း လျှောက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက ကြာပန်းရေကန်တစ်ခုကို ဖြတ်ကျော်သွားခဲ့ပြီး ဟယ်ရှောင်လျန့်အနားကို ရောက်လာခဲ့၏။ သူက ပြောလိုက်သည်။
“မဟာတာအိုလမ်းစဉ်တွေက လောကကြီးရဲ့ခံစားချက်တွေ၊ ဆန္ဒတွေနှင့် ဆန့်ကျင်နေတယ်။ မင်းက ဆုံးဖြတ်ပြီးသွားပြီလား…”
“ဆုံးဖြတ်ပြီးသွားပါပြီ ဆရာဦးလေး…”
ဟယ်ရှောင်လျန့်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ သူမက ဘေးတွင် ရှိနေသော သမင်ဖြူလေး၏ နောက်ကျောကို ဖွဖွလေး ပွတ်ပေးနေခဲ့၏။
တာအိုသခင်က ရေကန်ထဲတွင် ရှိနေသော ကြာရွက်ကလေးများကို ငေးကြည့်နေခဲ့သည်။ ဆောင်းရာသီရောက်ပြီ ဖြစ်သည့်အတွက် တောင်တန်း၏ အပြင်ဘက်တွင် ကြာရွက်ပေါင်းများစွာ ရှိနေသည်။ သို့သော် ဤနေရာတွင် ရှိနေသော ကြာရွက်များအားလုံးကတော့ နွေရာသီကို ရောက်နေသည့်အလား များပြားနေဆဲသာ ဖြစ်၏။
“တကယ်လို့ အဲဒီလိုအခြေအနေမျိုး တကယ်ရောက်လာမယ်ဆိုရင် ငါက မင်းဘက်ကနေ ရပ်တည်ပေးမယ်…”
တာအိုသခင်က စိတ်ချစေရန် ပြောလိုက်သည်။
တာအိုသခင်ကို ကျေးဇူးတင် ကျေးဇူးတင်ကြောင်းပြသရမည့်အစား ဟယ်ရှောင်လျန့်က ပြုံးလိုက်၏။
“မဟာတာအိုက တကယ့်ကိုနှလုံးသားမရှိတာပဲ…”
တာအိုသခင်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
“မင်းက ဒါကို နားလည်မှပဲ မင်းရဲ့ကျင့်ကြံမှုအတွက် အကျိုးရှိလိမ့်မယ်…”
သူက ဟယ်ရှောင်လျန့်နှင့် ရပ်တည်ပေးပြီး သူ၏ဆရာတူအစ်ကို ဆန်းကြယ်အဆောင် သူတော်စင်ကို ဆန့်ကျင်ရန် ရွေးချယ်လိုက်ရသည့် အကြောင်းပြချက်ကတော့ ဟယ်ရှောင်လျန့်ကို သနားနေခြင်းကြောင့် မဟုတ်ချေ။ ဟယ်ရှောင်လျန့်က သူ သူနှင့်တူညီသော မဟာတာအိုလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ဟယ်ရှောင်လျန့်နှင့် ဆန်းကြယ်အဆောင်သူတော်စင်တို့က တစ်နေ့နေ့ နေရာပြောင်းလဲသွားမည်ဆိုလျှင် သူကတော့ တူညီသော ရွေးချယ်မှုကိုသာ လုပ်ဆောင်မည်သာဖြစ်သည်။
ဟယ်ရှောင်လျန့်က သူမ၏ အတွေးများကို ဖယ်ရှားလိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။
“ဆရာဦးလေး …
ကျွန်မတို့က ဦးလေးငယ်လုလို့ စနောက်ပြီး ခေါ်နေတဲ့သူက ဘယ်သူလဲ။ အခုဆိုရင် သူက တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ရဲ့နယ်စပ်မှာ ရောက်နေတာ တစ်နှစ်တောင် ပြည့်တော့မယ်…”
တာအိုသခင်က ခေါင်းခါပြီး ပြောလိုက်သည်။
“ငါလည်း သူ့ကို သေချာမမြင်နိုင်ဘူး။ ဒါပေမဲ့ သူက ငါ့ကို သူ့ရဲ့ဂိုဏ်းတူအစ်ကို တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ကျားကစားပွဲမှာ ငါ့ကို အနိုင်ရခဲ့တယ်။ ဒီတော့ သူ့စိတ်ကြိုက် လုပ်ခွင့်ပေးရတာပေါ့။ ငါ သိတာကတော့ သူက လီကျူးသုခဘုံထဲမှာ သေမင်းထောင်ချောက်တစ်ခု စီစဉ်ထားခဲ့တယ်။ ဒါပေမဲ့ ချီကျင့်ချွန်က လူတိုင်းကို အံ့အားသွားအောင် လုပ်ခဲ့ပြန်တယ်။ ဒါကြောင့် အဆုံးမှာတော့ သူက တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရှာမတွေ့ခဲ့ဘူး။ အဲဒီအပြင် သူက ငါတို့ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းရဲ့ အပေါ်မှာရှိတဲ့ တရားဝင်ဂိုဏ်းနဲ့လည်း ဆက်သွယ်မှုတချို့ ရှိနေတယ်ဆိုတာကို ငါသိတယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့တွက်ချက်မှုတွေနဲ့ ရှာဖွေလို့မရနိုင်တဲ့ အခြေအနေမျိုးပဲ…”
ထိုစကားကိုကြားသည့်အခါ ဟယ်ရှောင်လျန့်က အနည်းငယ် အံ့ဩသွားသလို ခံစားခဲ့ရသည်။ သူတော်စင်များက ချီကျင့်ချွန်၏နောက်ဆုံးတိုက်ပွဲကို လျင်မြန်စွာ ဖုံးကွယ်ထားခဲ့သော်လည်း ဟယ်ရှောင်လျန့်ကတော့ ထိုတိုက်ပွဲ၏အစကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထို့ပြင် သူမက တိုက်ပွဲ၏ အကျိုးဆက်များကိုလည်း ခံစားမိခဲ့၏။
လက်ရှိအချိန်တွင် သူမက မည်သည့်အရာများဖြစ်နေကြောင်း စစ်ဆေးနိုင်ပြီး ထိုတိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ကြောင်း သိခဲ့သည်။ သို့သော် သူမကတော့ ခံစားခဲ့ရသော အရာများကြောင့် အလွန်အံ့ဩနေခဲ့သလို တစ်ချိန်တည်းတွင်လည်း သူမ လျှောက်လှမ်းနေသော မဟာတာအိုလမ်းစဉ်အတိုင်း လျှောက်လှမ်းရန် ပို၍ဆုံးဖြတ်ချက် ခိုင်မာလာခဲ့သည်။
လောကကြီးက အလွန်ကျယ်ပြန့်ပြီး လောကကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော လူများက အလွန်အစွမ်းထက်သည်။ သူမက လောကကြီးကို တစ်ယောက်တည်း ကြည့်ချင်နေပြီး တစ်နေ့နေ့တွင် ထိုကဲ့သို့ အမြင့်မျိုးကို ရောက်ချင်နေခဲ့၏။
တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။
“ကိစ္စတွေကို အလွန်အကျွံစဉ်းစားနေဖို့ မလိုဘူး။ အရာအားလုံးက သူ့အလိုလို ဖြစ်လာလိမ့်မယ်…”
ထို့နောက် သူက ကြာပန်းရေကန်၏အစပ်သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ တာအိုသခင်က ကောင်းကင်ဘုံအောက်တွင် အခြေခံအကျဆုံး မေးခွန်း မေးခွန်းတချို့ကို စဉ်းစားနေခဲ့၏။ ဥပမာအနေနှင့်ပြောရလျှင် ‘ဘာကြောင့်မိုးရွာတာလဲ’ ၊ ‘ဘာကြောင့်လူသားတွေက သက်ရှိတွေအားလုံးရဲ့ အထက်မှာရှိတယ်လို့သတ်မှတ်နိုင်တာလဲ’ ၊ ‘ဘာကြောင့် လ က တစ်ပတ်လည်နေရတာလဲ’ ၊ ‘ဘာကြောင့်သုခဘုံတွေ ရှိနေရတာလဲ’ ထိုမေးခွန်းများအားလုံးက သာမန်လူများစဉ်းစားရန် စကားပြောရန်ပင် အလွန်ပျင်းရိသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ထို့ကြောင့်လည်း သူတို့က ထိုကိစ္စများနှင့် ပတ်သက်ပြီး အနည်းငယ်လေးသာ သိထားခြင်းကြောင့် ဖြစ်သည်။
ဟယ်ရှောင်လျန့်က တာအိုသခင်ကိုကြည့်ပြီး ရင်ထဲတွင် နိမ့်ကျမှုကို ခံစားနေခဲ့ရ၏။ သူမ၏နိမ့်ကျမှုက ကျင့်စဉ်အဆင့်နှင့် ဝါစဉ်အရ ဆက်စပ်နေခြင်း မဟုတ်ချေ။ ထိုအစား သူက အသက်ငယ်ငယ်လေးနှင့် မဟာတာအိုကို အတော်ဝေးဝေးသို့ လျှောက်လှမ်းနိုင်နေခြင်းကြောင့် ဖြစ်သည်။ သူက ထိုကဲ့သို့အဆင့်မျိုးထိ ရောက်နေသည့်အတွက် သူမက သူ့ကို မော့ကြည့်နေခဲ့ရလေ၏။
Translated by Hein Htet.