ကောင်းကင်အာဏာစက်ကျောင်းတော်မှ တိုက်ပွဲ
Vol. 018 Ch. 1762
ရီဖူရှင်းသည် ဘုံကိုးဘုံမှ အင်အားမည်မျှရောက်ရှိလာသည်ကို အတိအကျမသိရသေးပေ။ သို့သော် ကောင်းကင်အာဏာစက်မြို့တော်တွင်ပင် တစ်ချိန်လုံးလှုပ်ရှားနေကြသောထိပ်တန်းတပ်ဖွဲ့များရှိနှင့်နေပြီဟု သူသိသည်။
ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ခဲ့ဖူးသော တပ်ဖွဲ့များကလွဲ၍ တေးသံသာနန်းမြို့တော်က သူ့အား သူတို့၏နေရာသို့ လာရောက်ရန်ဖိတ်ခေါ်သည့် ပထမဆုံးသောတပ်ဖွဲ့ဖြစ်သည်။
ရီဖူရှင်းသည် စကားတစ်ခွန်းမှမပြောပဲတိတ်ဆိတ်စွာထိုင်နေပြီး အခြားသူတွေဆက်စကားပြောလာမည်ကိုစောင့်နေသည်။
တေးသံသာနန်းမြို့တော်၏အကြီးအကဲက ဆက်ပြောလိုက်သည်။ “ကောင်းကင်ဒေသမှ ပြန်လာပြီးတဲ့နောက် လေဟာနယ်ဘုံမှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေကို အနည်းငယ်နားလည်လာတယ်။ လောလောဆယ် ကောင်းကင်အာဏာစက်မြို့တော်က အခက်အခဲတချို့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း ကျုပ်ကြားထားတယ်”
“ကျွန်တော်တို့ကောင်းကောင်းလုပ်နေပါတယ်” ရီဖူရှင်းကပြန်ဖြေလိုက်သည်။ “စီနီယာ စိုးရိမ်ပူပန်ပေးတာ ကျေးဇူးတင်ပါတယ်”
“နတ်တစ္ဆေအဖွဲ့ဆိုတာ မိစ္ဆာနက်အဖွဲ့ပိုင်ဆိုင်တဲ့ အင်အားစုတစ်ခုပဲ” အကြီးအကဲကဆက်ပြောလိုက်သည်။ “ မရဏပလ္လင်ရဲ့ အရှင်သခင်ကတောင် ကိုယ်တိုင်ရောက်လာတာ။သူ့ကို မေ့ထန်ကချုပ်ကိုင်ထားခဲ့ပေမယ့် မေ့ထန်က အဲ့အချိန်တုန်းက နိုင်တယ်ဆိုရုံလေးပဲ။ နောက်တစ်ခါဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်က ပိုပြီးအခက်တွေ့လာနိုင်တယ်။ မင်းက နယ်ခံအင်အားစုတွေနဲ့ပူးပေါင်းရင်တောင် သူတို့ကိုဆန့်ကျင်ပြီးရပ်တည်နိုင်ဖို့က ခက်ခဲလိမ့်မယ်။ ငါသိသလောက်တော့ ကောင်းကင်အာဏာစက်ကျောင်းတော်က လေဟာနယ်ဘုံမှာ ရန်သူတွေအများကြီးရှိနေတယ်။အထက်ဘုံမှာဆိုရင် ရှန်ကလန်က ထိပ်သီးအင်အားစုတစ်ခုပဲ...”
“စီနီယာက သတင်းတွေသေချာရထားတဲ့ပုံရတယ်” ရီဖူရှင်းက ပြုံးပြီးပြောလိုက်သည်။တစ်ဖက်လူများက ဤကိစ္စကိုအသေအချာစုံစမ်းပြီးဖြစ်သည်။
“ငါဒီကိုလာပြီဆိုမှတော့ ဒါတွေကိုသေသေချာချာသိသင့်တာကပုံမှန်ပါပဲ။ ငါက ကောင်းကင်အာဏာစက်ကျောင်းတော်အကြောင်းသိရုံတင်မဟုတ်ဘဲ လေဟာနယ်ဘုံမှာရှိတဲ့ ထိပ်သီးအင်အားစုတွေအကြောင်းကိုလည်း အကြမ်းဖျင်း သိထားတယ်။ ဥပမာအနေနဲ့ ထျန်ရှန်းကျောင်းတော်ရဲ့နောက်ခံအင်အားကို မင်းသိလား” အကြီးအကဲကမေးလိုက်သည်။
“ထျန်ရှန်းကျောင်းတော်ကရော ဇာတ်ကြောင်းတွေရှိတာလား” ရီဖူရှင်းက မေးလိုက်သည်။
“ထျန်ရှန်းကျောင်းတော်က လေဟာနယ်ဘုံမှာ ထိပ်တန်းကျောင်းတော်ဖြစ်လာဖို့ဆိုတာ တကယ်တော့ ဒါတွေကနောက်ကွယ်ကနေ မဟာအင်ပါယာရဲ့ ကြိုးကိုင်မှုတွေပဲ” လူကြီးကရှင်းပြလိုက်သည်။ “ထျန်ရှန်းကျောင်းတော်ရဲ့ကျန်းမိသားစုက အရင်က ကောင်းကင်ဒေသမှာကျော်ကြားတဲ့ ရှေးဟောင်းကလန်တစ်ခုပဲ။ သူတို့မှာ ကျင့်ကြံရေးအရင်းအမြစ်တွေအများကြီးပိုင်ဆိုင်ထားပြီးအလွန်အစွမ်းထက်တဲ့ အင်အားစုတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ကောင်းကင်ဒေသမှာ အပြစ်လုပ်ခဲ့မိလို့ မဟာအင်ပါယာက သူတို့ကို လေဟာနယ်ဘုံမှာပြည်နှင်ဒဏ်ပေးခဲ့တာ။ မဟာအင်ပါယာက အမှုထမ်းတဲ့နည်းလမ်းနဲ့ သူတို့ကိုယ်သူတို့ ပြန်လည်ရွေးချယ်စေခဲ့တယ်။ အဲ့ဒီလိုနဲ့ လေဟာနယ်ဘုံမှာ ထိပ်သီးအင်အားစုတစ်ခု မွေးဖွားလာခဲ့တာပဲ...”
“ကျန်းမိသားစုက အလွန်အစွမ်းထက်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတာ။ဒါပေမဲ့ လေဟာနယ်ဘုံက အဖွဲ့ဝင်တွေက ဒီအကြောင်းကို သေသေချာချာမသိကြဘူး” အကြီးအကဲက ဆက်ပြောလိုက်သည်။
ရီဖူရှင်းသည် စကားတစ်ခွန်းမှမပြောပဲ တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ ကျန်းချင်းကျူသည် ကျန်းမိသားစု၏မိသားစုဝင်တစ်ယောက်ဖြစ်သင့်သည်။ရီဖူရှင်းသည် သူတို့၌ ဤကဲ့သို့နောက်ကြောင်းရာဇဝင်တွေရှိလိမ့်မည်ဟု လုံးဝမတွေးခဲ့ဖူးပေ။
“နေမင်းနန်းတော်၊ယောင်ယွဲ့နန်းတော်နှင့် နတ်ဘုရားမာန်ဟုန်ကျောင်းတော်လို အင်အားစုတွေက တကယ်တော့ ပြင်ပဘုံက အင်အားစုတွေပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာအကြာက မဟာအင်ပါယာက လေဟာနယ်ဘုံနဲ့ ပြင်ပဘုံကြား အဆက်အဆံမရှိအောင်လို့ လေဟာနယ်ဘုံကို ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ အခု လမ်းကြောင်းကပြန်ပွင့်လာပြီဆိုတော့ အပြောင်းအလဲတွေအများကြီးဖြစ်လာတော့မယ်။ မိတ်ဆွေလေးရီ ကောင်းကင်အာဏာစက်ကျောင်းတော်ကို လေဟာနယ်ဘုံရဲ့ ထိပ်သီးကျောင်းတော်ဖြစ်လာဖို့ မင်းစဉ်းစားခဲ့ဖူးလား...”
လူကြီး၏စကားကိုရီဖူရှင်းကြားသောအခါ သူ၏ခေါင်းကိုမော့လိုက်သည်။ အကြီးအကဲသည် သူ၏အမြင်ကိုသိလို၍မေးသည်ကို သူသိသည်။
တေးသံသာနန်းမြို့တော်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို စောင့်ကြည့်နေခဲ့သည်လား...။
“ကောင်းကင်အာဏာစက်ကျောင်းတော်က သိုင်းပညာတွေသင်ကြားပေးတဲ့နေရာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးမားခြင်းကလည်း သိုင်းပညာသင်ကြားရခြင်းရဲ့အခြေခံပဲမဟုတ်လား” ရီဖူရှင်းက ပြန်ပြောလိုက်သည်။
“အင်း...” အကြီးအကဲက ခေါင်းငြိမ့်ပြီးပြောလိုက်သည်။ “ အခုလောလောဆယ် ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့လုပ်နိုင်စွမ်းက မလျော့သေးပါဘူး။ ကျောင်းတော်က အင်အားစုတော်တော်များများနဲ့လည်း မဟာမိတ်ဖွဲ့ထားတာပဲ။ဒါပေမဲ့ သူတို့တွေက ကောင်းကင်အာဏာစက်ကျောင်းတော် ကိုယ်တိုင်တော့ မဟုတ်ဘူးပေါ့။ မိတ်ဆွေလေးရီ အခြားအင်အားစုတွေကို ကောင်းကင်အာဏာစက်ကျောင်းတော်ထဲကိုထည့်ဖို့ မင်းစဉ်းစားမိလား။ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုကိုသာ နောက်ခံအနေနဲ့ထားနိုင်မယ်ဆိုရင် နတ်တစ္ဆေအဖွဲ့ကို တောင့်ခံနိုင်ရုံတင်မကဘူး လေဟာနယ်ဘုံရဲ့ အထွဋ်အထိပ်တမှာလည်း ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီး လေဟာနယ်ဘုံမှာ ထိပ်တန်းကျင့်ကြံရေးတော်ဝင်မြေဖြစ်လာလိမ့်မယ်...။”
အကြီးအကဲက ထိုစကားကိုတိုက်ရိုက်ပြောပြီးသော်လည်း ရီဖူရှင်းက သူဘာကိုဆိုလိုသလဲဆိုတာကို မည်သို့နားမလည်နိုင်ရသည်နည်း။
တေးသံသာနန်းမြို့တော်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုအပိုင်သိမ်းယူချင်နေသည်။
ကောင်းကင်ဒေသမှ ထိုထိပ်တန်းအင်အားစုတပ်ဖွဲ့များသည်လည်း လေဟာနယ်ဘုံတွင် အာဏာကိုဆုပ်ကိုင်ထားနိုင်ရန်လိုလားနေကြသည်။
“စီနီယာ စီနီယာကရော ဘာကိုလိုချင်လဲ” ရီဖူရှင်းက မသွယ်ဝိုက်ပဲ တိုက်ရိုက်မေးလိုက်သည်။
အကြီးအကဲက ရီဖူရှင်းကို ပြုံး၍ကြည့်ပြီးပြန်ဖြေလိုက်သည်။ “ တေးသံသာနန်းမြို့တော်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အင်အားကြီးလာအောင် ကူညီနိုင်တယ်။ ဒါပေမဲ့ ငါတို့က ထျန်ရှန်းကျောင်းတော်အတွက် ကျန်းမိသားစုတည်ရှိနေသလိုမျိုး ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့နောက်ကွယ်က ကလန်ဖြစ်ချင်တယ်။ သေချာတာပေါ့ အပေါ်ယံအနေနဲ့ကြည့်မည်ဆိုရင် ကျောင်းတော်ရဲ့အရှင်သခင်က အရှင်ထိုက်ရွမ်ဖြစ်နေဦးမှာပါ။ အနာဂတ်မှာတော့ အဲ့ဒီနေရာက မင်းအတွက်ဖြစ်လာလိမ့်မယ်”
တေးသံသာနန်းမြို့တော်သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏နောက်တွင် ရပ်တည်ချင်ပြီးနောက်ကွယ်မှ ထိန်းချုပ်နိုင်သည့်အင်အားစုဖြစ်လာချင်နေသည်။၎င်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို အပိုင်သိမ်းယူချင်နေသည်။
ရည်ရွယ်ချက်က ကြီးမားလွန်းသည်။ တေးသံသာနန်းမြို့တော်သည် ရီဖူရှင်းစိတ်ကူးထားသည်ထက် အဆပေါင်းများစွာအင်အားကြီးပုံရသည်။ ထိုသို့မဟုတ်လျှင် သူတို့၏တပ်မက်မှုက ဤမျှလောက်မကြီးမားနိုင်ပေ။
ယခင်က ရီဖူရှင်းသည် ကောင်းကင်နန်းတော်၏ အရှင်သခင်နှင့်စကားပြောဆိုခဲ့စဥ်က သူတို့သည် ပြင်ပဘုံမှ အခြားသောတပ်ဖွဲ့အင်အားစုများသည် ဘုံကိုးခု၏ ထိပ်သီးအင်အားစုများကိုသိမ်းပိုက်ရန်လာနေသည့်အကြောင်းကိုပြောဖြစ်ခဲ့ကြသည်။ ယခုတွင် ရီဖူရှင်းသည်ထိုကဲ့သို့သောကိစ္စရပ်ကိုကြုံတွေ့နေရသည်။
သို့သော် ရီဖူရှင်းသည် ဤအရာကိုသဘောတူရန်မှာ ပုံမှန်အားဖြင့်မဖြစ်နိုင်ပေ။သူ၏ အတွေးအမြင်များသည် အရှင်ထိုက်ရွှမ်နှင့်အတူတူပင်ဖြစ်သည်။ အမှီအခိုကင်းစွာနေခြင်းကသာလျှင်ကောင်းကင်အာဏာစက်ကျောင်းတော်၏လုပ်ပိုင်ခွင့်ကို သူတို့ကောင်းမွန်စွာထိန်းချုပ်နိုင်မည်ဖြစ်သည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို သူတို့ထိန်းချုပ်ထားသည့်အင်အားအဖြစ် ဘယ်သောအခါကမှ မဆက်ဆံခဲ့ပေ။သို့သော်သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တေးသံသာနန်းမြိုတော်၏ သိမ်းပိုက်ခြင်းကိုခွင့်ပြုလိုက်မည်ဆိုပါက အရာအားလုံးသည် ပြောင်းလဲသွားမည်ဖြစ်သည်။ကောင်းကင်အာဏာစက်ကျောင်းတော်သည် ယခင်အတိုင်းရှိနေနိုင်ပါမည်လား။သူ၏တည်ရှိမှုသည် အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပေ။
“စီနီယာ၏ စိတ်ရင်းအတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါပဲ။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘယ်သူပိုင်ဆိုင်သလဲဆိုတာ ဆုံးဖြတ်ဖို့ ကျွန်တော်က အရည်အချင်းမပြည့်မှီပါဘူး...” ရီဖူရှင်းက ရှင်းပြလိုက်သည်။ “ဟုတ်တယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘယ်အင်အားစုကမှ ထိန်းချုပ်ထားတာမျိုးဖြစ်လာမှာ မဟုတ်ဘူး။ ကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးအနေနဲ့ အရှင်ထိုက်ရွှမ်က သင်ကြားပို့ချပေးတာပဲလုပ်တာ။ ဒါကြောင့်ကျွန်တော်က စီနီယာရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုဖို့ပဲတတ်နိုင်ပါတယ်”
“ ရီဖူရှင်း မင်းက အနှေးနဲ့အမြန် လေဟာနယ်ဘုံကနေ ထွက်ခွာသွားမှာပဲ။ မင်းကို ဒီနေရာက မပိုင်ပါဘူး။ တေးသံသာနန်းမြို့တော်က မင်းအတွက် နေရာကောင်းတစ်ခုဖြစ်လာလိမ့်မယ်။မင်းအနေနဲ့ ကောင်းကင်ဒေသက ပင်မအင်အားစုတွေကို တိုက်ရိုက်ဆက်သွယ်လို့ရတာပဲ...” လူကြီးသည် ရီဖူရှင်းအား ဆက်လက်ဆွဲဆောင်ကာ သူ၏အနာဂတ်ကိုပုံဖေါ်ပြခဲ့သည်။
“ စီနီယာက ကျွန်တော့ရဲ့စကားကို အခုထိ နားမလည်သေးဘူးထင်တယ်” ရီဖူရှင်းကပြောလိုက်သည်။ “ကျွန်တော်ပြောခဲ့သမျှအားလုံးက အမှန်တရားတွေပဲ။ တစ်ခုမှ လိမ်လည်ထားတာမရှိဘူး။ အဲ့ဒါကြောင့် အခု စီနီယာပြောသမျှအကြောင်းအရာအားလုံးက ကျွန်တော့်အတွက်အဓိပ္ပါယ်မရှိဘူး ဖြစ်နေတယ်”
ရီဖူရှင်း၏စကားကိုနားထောင်ပြီးနောက် အကြီးအကဲသည် ငြိမ်သက်သွားပြီး ရီဖူရှင်းကို တိတ်တဆိတ်စိုက်ကြည့်နေခဲ့သည်။ ရီဖူရှင်းသည် အကြီးအကဲ၏မျက်လုံးကို ကြည့်လိုက်ပြီးသူ၏အကြည့်ကို မရုတ်သိမ်းခဲ့ပေ။
အကြီးအကဲက ရီဖူရှင်း၏စကားများကို မယုံကြည်သည်မှာထင်ရှားသည်။ အကြီးအကဲရရှိလာသည့်သတင်းအချက်အလက်များအရ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင်ဆုံးဖြတ်ချက်များကို ချမှတ်သူဖြစ်သည်။ကောင်းကင်အာဏာစက်ကျောင်းတော်တွင် သူ၏လွှမ်းမိုးမှုသည် ကျောင်းတော်၏အကြီးအကဲ အရှင်ထိုက်ရွှမ်ထက်ပင် ကျော်လွန်နိုင်သည်။ထို့ကြောင့် အကြီးအကဲက ရီဖူရှင်းကို ချဉ်းကပ်ခြင်းဖြစ်လေသည်။
“ မင်းက ငါ့ရဲ့ကမ်းလှမ်းမှုတွေကို မစဉ်းစားတော့ဘူးလား” အကြီးအကဲကမေးလိုက်သည်။
ရီဖူရှင်းသည် မတ်တပ်ရပ်လိုက်ပြီး အနည်းငယ်ဦးညွတ်ကာပြောလိုက်သည်။ “ဂျူနီယာလေးက သွားပါတော့မယ်...”
သူသည်အနည်းငယ်စိတ်တိုသွားသော်လည်း အခုအချိန်တွင် ရန်သူပိုများလာအောင်မလုပ်ချင်ပေ။ ထို့ကြောင့် ရီဖူရှင်းသည် အကြီးအကဲနှင့်စကားပြောဆိုရာတွင်စိတ်ဝင်စားမှုမရှိသော်လည်းသူ၏အပြုအမူကိုထိန်းထားခဲ့ခြင်းဖြစ်သည်။
ရုတ်တရတ် တေးဂီတသံသည် ပြင်းထန်လာပြီး ရီဖူရှင်း၏နားထဲတွင် မြည်လာခဲ့သည်။ သူနောက်သို့လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးသည် တူရိယာတီးခတ်ခြင်းအား ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသည်။ သူမသည် ရီဖူရှင်းကိုစိုက်ကြည့်နေလေသည်။ သူမ၏မျက်လုံးများက အလွန်စွဲမက်ဖွယ်ကောင်းလှသော်လည်း သီးသန့်ဆန်သည့်ဟန်ပေါ် နေသည်။ သူမက သူမကိုသူမ တခြားသူများနှင့် အကွာအဝေးတစ်ခုထား၍ သီးခြားနေသည်ဟု ခံစားကြရသည်။
ရီဖူရှင်းသည် သူမကိုတစ်ချက်ကြည့်ပြီး ထွက်ခွာခဲ့သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏အဖွဲ့ဝင်များသည် သူနှင့်အတူထွက်ခွာခဲ့ကြသည်။
သူတို့ထွက်သွားခဲ့ပြီးနောက် အကြီးအကဲသည် သူ၏နေရာ၌ပင် ထိုင်နေခဲ့သည်။
“သူတို့က သူတို့ရဲ့လက်ရှိအခြေအနေကို မသိကြဘူးပဲ” အကြီးအကဲ၏နောက်တွင်ရပ်နေသော လူလတ်ပိုင်းအရွယ်တင်းမာခက်ထန်ပုံပေါ်သည့် အမျိုးသားတစ်ယောက်က မှတ်ချက်ချလိုက်သည်။ သူ၏အရှိန်အဝါက အလွန်လွှမ်းမိုးနိုင်ပေသည်။ ရီဖူရှင်းနှင့်ကျန်လူများမထွက်ခွာမှီ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူတိုင်းကို သူ၏အရှိန်အဝါဖြင့် ဖိအားပေးနေခဲ့သည်။ အကြီးအကဲကသာ အမိန့်ပေးခဲ့လျှင် သူသည် ချက်ချင်းတိုက်ခိုက်မည်ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် ငါတို့ကအပြင်လူတွေပဲလေ။ သူတို့က ဒီနေရာရဲ့ ပိုင်ရှင်တွေပဲ။ သူတို့က သူတို့ရဲ့လုပ်ပိုင်ခွင့်ကို လွယ်လွယ်နဲ့ လွှဲပြောင်းပေးမှာမဟုတ်တာ သဘာဝကျပါတယ်” အကြီးအကဲက တုန့်ပြန်လိုက်သည်။ “ပြီးတော့ ရီဖူရှင်းကအရည်အချင်းရှိပြီး နာမည်ကြီးလူသိများသည်။သေချာတာကတော့ သူက တော်တော်မာနကြီးမှာပဲ။သူ့ရဲ့စိတ်နေစိတ်ထားအရ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ငါတို့ကိုလိုလိုလားလားပါဝင်ခွင့်ပေးဖို့က မဖြစ်နိုင်ဘူး...”
ဤအချိန်တွင် တေးသံသာနန်းမြို့တော်မှအုပ်စုပ လုပ်ဆောင်ရန်တာဝန်တစ်ခုနှင့်အတူ ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူတို့သည် လေဟာနယ်ဘုံရှိ အင်အားစုတစ်ခု၏လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ရန်လာရောက်ခဲ့ခြင်းဖြစ်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်ကား သံသယဖြစ်စရာမရှိပင် သူတို့၏ပထမဦးစားပေး ရွေးချယ်မှုဖြစ်ပေသည်။ထိုအင်အားစုသည် ကြီးမားသောလွှမ်းမိုးမှုရှိပြီး အလားအလာကောင်းပေသည်။သူတို့က ရီဖူရှင်းကိုသာ သူတို့၏တေးသံသာနန်းမြို့တော်သို့ လာရောက်ရန် ခေါ်ဆိုနိုင်ခဲ့မည်ဆိုပါက ပို၍ပင် ပြည့်စုံသွားပေလိမ့်မည်။
မမျှော်လင့်ပဲ သူတို့၏အစီအစဉ်မှာ ရှုံးနိမ့်ခဲ့သည်။
သို့သော် သူတို့တွင် အချိန်များစွာကျန်ရှိနေသေး၍ အလျင်စလိုဖြစ်မနေပေ။ ယခု လမ်းကြောင်းက ပွင့်လာပြီဖြစ်၍ လေဟာနယ်ဘုံရှိ မငြိမ်သက်မှုများသည် အချိန်အတော်ကြာရှိနေဦးမည်ဖြစ်သည်။ကောင်းကင်ဒေသမှ တခြားအင်အားစုများသည်လည်း လှုပ်ရှားလာနိုင်ဖွယ်ရှိသည်။
ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ပြန်လာပြီးနောက် သူသည် ဖြစ်ပျက်ခဲ့သမျှကို အရှင်ထိုက်ရွှမ်နှင့်အခြားသူများအား သတင်းပို့ခဲ့သည်။အရှင်ထိုက်ရွှမ်နှင့် အခြားသူများသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုသိမ်းယူချင်သည့် ပြင်ပဘုံမှအင်အားစုများရှိနေသည်ကို နားလည်ထားပြီးသားဖြစ်သည်။
ဤကိစ္စမတိုင်ခင်က အခြားအင်အားစုများသည်လည်း ထိုသို့သိမ်းသွင်းရန် ကြိုးစားခဲ့ကြပြီး မအောင်မြင်ခဲ့ကြပေ။
တေးသံသာနန်းမြို့တော်သည်လည်း ထိုသို့ သိမ်းပိုက်ရန်ကြိုးစားသည့် နောက်ဆုံးအင်အားစုဖြစ်လိမ့်မည်မဟုတ်ပေ။
မျှော်လင့်ထားသကဲ့သို့ နောက်တစ်ရက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်ကောင်းကင်၌ ကျင့်ကြံသူအများအပြားဆင်းသက်လာကြသည်။ သူတို့၏အရှိန်အဝါများကကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံးအား ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းက ထိုသည်အားရှင်းရှင်းလင်းလင်းခံစားမိကြသည်။
အရှင်ထိုက်ရွှမ်၊ ရီဖူရှင်းနှင့် အခြားသူများသည်ရှေ့သို့တက်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်၏အထက်ကောင်းကင်သို့တက်လာကြသည်။ သူတို့သည် အဝေးမှကောင်းကင်သို့ ကြည့်လိုက်ကြသည်။
“လူကြီးမင်းတို့အားလုံး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘာလို့ရောက်လာကြသလဲဆိုတာ သိခွင့်ရှိမလား” အရှင်ထိုက်ရွှမ်က အဝေးမှမေးလိုက်သည်။
“ကျုပ်တို့က ကောင်းကင်ဒေသရဲ့ လေ့ကျင့်ရေးဝောာ်ဝင်မြေဖြစ်တဲ့ ထိုက်ချူဝောာ်ဝင်မြေကပါ။ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံမှာ ကျင့်စဥ်တွေကိုသင်ကြားပို့ချပေးနေတယ်လို့ သတင်းကြားထားတယ်။ ထိုက်ချူတော်ဝင်မြေက ဒီလေဟာနယ်ဘုံမှာ ကျင့်ကြံရေးကျောင်းတော်ကိုတည်ထောင်ဖို့ဆန္ဒရှိပါတယ်။ ဆိုတော့ ဘာလို့ ကျုပ်တို့အင်အားစုနှစ်ခုအတူပူပေါင်းပြီး အတူမတည်ထောင်ကြမှာလဲ...။ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကျုပ်တို့ရဲ့ ထိုက်ချူတော်ဝင်မြေက အစိတ်အပိုင်းတစ်ခုအနေနဲ့သတ်မှတ်ပေးလို့ရတယ်။ အဲ့လိုဖြစ်လာရင် ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့တိုက်ရိုက်ဆက်သွယ်ပြီး ကျင့်ကြံခြင်းမှာသင်ကြားပြသပေးဖို့ကောင်းကင်ဒေသက ကျင့်ကြံသူတွေကို ကျောင်းတော်ကို စေလွှတ်ပေးမှာပါ...။”
ထွက်ပေါ်လာသောအသံကို ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံးမှ ကြားနိုင်သည်။သူတို့သည် ယခင်တေးသံသာနန်းမြို့တော်ထက်ပင် ပို၍ တည့်တိုးဆန်ပြီး မောက်မာကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ထိုက်ချူတော်ဝင်မြေ၏ အစိတ်အပိုင်းဖြစ်လာစေချင်ကြသည်။ ထိုအပြုအမူက အလွန်ပင်မောက်မာလှပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက အနည်းငယ် အံ့ဩသွားကြသည်။ထိုက်ချူတော်ဝင်မြေသည် အမှန်တကယ်ပင် မြင့်မြတ်၍ အဆင့်အတန်းမြင့်သလိုပြုမူနေလေသည်။
သူတို့သည် ပြင်ပဘုံမှ လာရောက်ခြင်းဖြစ်သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်အား သူတို့ကို လွှဲပေးရန် လိုလားနေကြသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်ပါပဲ။ ဒီနေရာမှာ တခြားအင်အားစုတွေက လာရောက်သင်ကြားပြသပေးဖို့ မလိုအပ်ပါဘူး” အရှင်ထိုက်ရွှမ်သည် တစ်ဖက်အဖွဲ့၏စကားကိုကြားသောအခါ သူ၏သွင်ပြင်သည် ချက်ချင်းအေးစက်သွားသည်။ ဤသည်မှာ အလွန်ပင်ရဲတင်းလှပေသည်။ထိုက်ချူတော်ဝင်မြေသည် သူတို့ကို လုံးဝအထင်သေးခြင်းဖြစ်သည်။
“မင်းတို့က ကျင့်ကြံရေးနည်းလမ်းတွေကို သင်ကြားပေးနေတဲ့အင်အားစုဖြစ်မယ်ဆိုရင် နာမည်ကအရေးမကြီးပါဘူး။ ကျင့်ကြံရေးနည်းလမ်းတွေကို လက်ဆင့်ကမ်းပြီး ကျင့်ကြံသူတွေရဲ့အခြေအနေကို တိုးတက်အောင်လုပ်နိုင်သရွေ့အဆင်ပြေပါတယ်” တစ်ဖက်လူက ဆက်ပြောသည်။ “ထိုက်ချူရှန့်ထိုအင်ပါယာမှာ ပြိုင်ဘက်ကင်း ကျင့်ကြံသူရှိပြီး သူ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေအများကြီးပဲ။ သူက မရေတွက်နိုင်တဲ့ ပါရမီရှင်တွေကို လေ့ကျင့်ပေးခဲ့တယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ထိုက်ချုတော်ဝင်မြေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမယ်ဆိုရင် ဒါကက အမှန်တကယ် အကျိုးရှိမယ့်ကိစ္စပဲလေ။ ဘာဆုံးရှုံးမှုမှမရှိပါဘူး။ ကောင်းကင်အာဏာစက်ကျောင်းတော်ကတပည့်တွေလည်း လက်ခံမယ်လို့ ကျုပ်တို့က ယုံကြည်ပါတယ် “
“ကျေးဇူးပြုပြီး ကိုယ့်ဘာသာကိုပြန်ကြပါ။ ကျုပ်လိုက်မပို့တော့ဘူး...”
အရှင်ထိုက်ရွှမ်က သူတို့အား ချက်ချင်း မောင်းထုတ်လိုက်သည်။သူတို့သည် ဤမျှမောက်မာနေလေရာ သူတို့နှင့်စကားပြောဆိုရန်မှာမဖြစ်နိုင်ပေ။
“ဒီလိုဆိုမှတော့ ကျုပ်တို့နောက်ခုနှစ်ရက်နေရင်ပြန်လာပါ့မယ်။ ကျုပ်တို့ပြန်လာတဲ့အခါ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကျင့်စဥ်တွေသင်ကြားပေးထားတဲ့အအရည်အချင်းကို မြင်ခွင့်ရဖို့မျှော်လင့်ပါတယ်။ မင်းတို့ရဲ့အရည်အချင်းကမလုံလောက်ခဲ့ဘူးဆိုရင် ကျောင်းတော်က ဘေးဖယ်နေသင့်ပြီး တိုက်ချူတော်ဝင်မြေကို ဒီနေရာမှာ သင်ကြားပို့ချဖို့ လက်ခံသင့်တယ်” တစ်ဖက်လူမှ ပြောလိုက်သည်။ ထို့နောက် သူသည် ချက်ချင်းထွက်သွားခဲ့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်၏အဖွဲ့ဝင်များသည် ထိုသည်ကိုကြားသောအခါ တစ်ဖက်လူသည် သူတို့ကို အသိပေးရန်သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်းကို လူတိုင်းနားလည်ခဲ့သည်။ သူတို့သည် တေးသံသာနန်းမြို့တော်ကဲ့သို့ ဆွဲဆောင်သည့် နည်းလမ်းများသုံးရန်ပင် စီစဉ်မထားပေ။ ယင်းအစား သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်အားတိုက်ရိုက်ဖြုတ်ချလိုကြသည်။
ဤ” ဖြုတ်ချခြင်း” သည်လည်း အနည်းငယ်ခြားနားသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အဖွဲ့ဝင်များအား သင်ကြားပို့ချပေးသည့်အရည်အချင်းဖြင့် ဖိနှိပ်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
ဤနည်းလမ်းဖြင့် ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်အာဏာစက်ကျောင်းတော်နေရာတွင် တိုက်ရိုက်အစားဝင်ရောက်နိုင်ပေမည်။ သူတို့ပြောသကဲ့သို့ ဤနေရာတွင် သူတို့၏ပို့ချချက်များကို လိုက်နာခြင်းအားဖြင့် ဒေသခံကျင့်ကြံသူများသည်လည်းစိုးရိမ်စရာမရှိပေ။ ထိုက်ချူတော်ဝင်မြေ၏သင်ကြားပို့ချပေးခြင်းကသာ ပို၍ကောင်းမည်ဆိုပါက သူတို့သည် ကျင့်ကြံသူများအတွက် ပိုပြီးသင့်လျော်မည်ဖြစ်သည်။
ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ကြိုးစားအားထုတ်မှုများကို သိမ်းယူပြီး သူတို့နေရာ၌ တိုက်ရိုက်အစားထိုးချင်ရုံသာဖြစ်သည်။
***