← Chapters

အခန်း (၁၉၁)

Vol. 13 Ch. 191

အခန်း (၁၉၁)

Vol. 13 Ch. 191

နှစ်တစ်နှစ်၏ အဆုံးသတ်ကို နီးကပ်လာသည့်အချိန်တွင် ရာသီဥတုက တဖြည်းဖြည်းပို၍ အေးစက်လာသည်။ ရွှံ့ပုလင်းလမ်းကြားထဲရှိ ကျဉ်းမြောင်းပြီး ပေပွနေသည့် လမ်းများကလည်း အလွန်အမင်းကို မာကျောလာခဲ့သည်။

ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး သူ့ရှေ့တွင် ရှိနေသော အရပ်မြင့်မြင့် လူငယ်ကို မော့ကြည့်လိုက်သည်။

“အစ်ကိုလီ…”

သူက တိုးတိုးလေး ခေါ်လိုက်၏။

လီကျိရှန်က ပြန်လှည့်မကြည့်ခဲ့ပေ။ သူက အပြုံးနှင့် ပြောလိုက်၏။

“ဘာမှမစိုးရိမ်ပါနဲ့။ ငါက သူ့ကို ရင်ဆိုင်နိုင်ပါတယ်။ တကယ်လို့ ငါက သူ့ထက် ပိုပြီးတော့ အားနည်းမယ်ဆိုရင်တောင် မြို့ငယ်လေးထဲမှာ ကိစ္စတွေကို အလွန်အကျွံ မလုပ်အောင် ကာကွယ်ထားနိုင်တဲ့ စည်းမျဉ်းတွေ ရှိနေသေးတယ်…”

သူ့ကိုယ်သူ ချောင်ကျွင်းဟု ခေါ်ခဲ့သော လူငယ်ဓားသမားက ပြောလိုက်သည်။

“မင်းက တာ့လီအင်ပါယာရဲ့ နန်းတွင်းကို ပြောချင်နေတာလား။ ဒါမှမဟုတ် စစ်ကျောင်းသူတော်စင် ရွမ်ချုံကို ပြောနေတာလား။ တကယ်လို့ ပထမတစ်ခု ဆိုရင်တော့ မင်းက အဲဒီအတွေးကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်။ တကယ်လို့ တော်ဝင်မိသားစုဆီမှာသာ အမှန်တကယ် ကျောထောက်နောက်ခံတစ်ခု ရှိမယ်ဆိုရင် သူတို့က အခုလို ကြောက်ရွံ့နေကြမှာ မဟုတ်ဘူး။ တကယ်လို့ ဒုတိယတစ်ခုဆိုရင်တော့ ဟား..ဟား..ဟား.. ဟား ငါ့ရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို အရင်ဆုံး ဖြေရှင်းပါဦး။ မင်းတို့တွေက စောင့်ကြည့်ရင် တွေ့ပါလိမ့်မယ်…”

ချောင်ကျွင်းက အလွန်ချောမောခန့်ညားသော စိမ်းပြာဝတ် စာသင်သားလေးကို စိုက်ကြည့်လိုက်သည်။ ငယ်ရွယ်နုပျိုသော သူ၏ရုပ်ရည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုစာသင်သားလေးက အလွန်ငယ်သေးပုံရသည်။ ထို့ကြောင့် သူက အနည်းငယ် ဝမ်းမသာသလို ခံစားနေခဲ့ရ၏။

သူက ဓားတိုကို တင်းတင်းဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“မင်းက တကယ် တိုက်ခိုက်ချင်တာလား။ တစ်ခါတစ်လေမှာ အရှုံးကို လက်ခံလိုက်တာကလည်း ပိုပြီးတော့ ကောင်းတယ်။ မင်းက နောက်ပိုင်း ပြန်ကြည့်တဲ့အချိန်ကျရင် ဒီဆုံးရှုံးမှုအသေးလေးက ဖုံးကွယ်ထားတဲ့ ကံကောင်းမှုကြီးတစ်ခု ဖြစ်နေတာကို တွေ့ရနိုင်တယ်…”

လီကျိရှန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“မင်းရဲ့အကြောင်းပြချက်တွေက မင်းရဲ့ဓားအိမ်ထဲမှာလို့ ပြောနေမှတော့ ငါကလည်း အဲဒီအရာကို ကြားချင်ပါတယ်…”

“အရင်တုန်းက လီကျူးသုခဘုံက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်မျိုးစုံ အသုံးပြုမှုကို ကန့်သတ်ထားတယ်လို့ ငါကြားတယ်။ အခု ကမ္ဘာငယ်လေးက ပျက်စီးသွားပြီး မြေပေါ်ကို ကျလာပြီ။ မင်းက တစ်နှစ်အတွင်း အလယ်ဘုံ (၅)ဆင့်ကို တက်လှမ်း တက်လှမ်းနိုင်တာ တော်တော် အံ့ဩစရာကောင်းတဲ့ အခြေအနေပဲ…”

ချောင်ကျွင်း၏ မျက်နှာပေါ်တွင် လက်ခံသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သို့သော် သူက လျင်မြန်စွာ ခေါင်းခါပြီး အံ့ဩနေသော အမူအရာနှင့် ပြောလိုက်၏။

“ဒါပေမယ့် နှမြောစရာပဲ…”

လီကျိရှန်က လက်တစ်ဖက်ထုတ်ပြီး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး တိုက်ခိုက်ပါ…”

ချောင်ကျွင်းက ရယ်လိုက်မိ၏။

“သဘောထားသေးပြီး အခြေအနေကို နားမလည်ဘူး။ ဒါက သူသေကိုယ်သေ တိုက်ပွဲတစ်ခု မဟုတ်မှတော့ ငါ့ရဲ့ကျင့်စဉ်အဆင့်ကို ဖိနှိပ်လိုက်မယ်။ ဒီလိုဆိုရင် မင်းရဲ့ဘဝတစ်လျှောက်လုံး ပထမဆုံး တိုက်ခိုက်ရတဲ့ တိုက်ပွဲမှာ စောစောစီးစီး မရှုံးတော့ဘူးပေါ့…”

လီကျိရှန်က အပြုံးနှင့် တိတ်ဆိတ်နေခဲ့သည်။

“နောက်ပိုင်း မင်းက ရေတွင်းအောက်ခြေကနေ အပြင်ကိုထွက်နိုင်တဲ့ အချိန်ကျရင် ငါ့လို လူတစ်ယောက်က ဘယ်လိုသတ်မှတ်နိုင်လဲဆိုတာ နားလည်လာလိမ့်မယ်…”

ချောင်ကျွင်းက ခြေထောက်ကို အသာအယာ အားယူလိုက်ပြီး ရှေ့သို့ ပြေးထွက်လာခဲ့သည်။ သူက လီကျိရှန်ဆီသို့ ပြေးဝင်လာခဲ့၏။ ဓားသမားက ကျယ်လောင်စွာ ရယ်လိုက်သည့်အချိန်တွင် သူ၏အငွေ့အသက်များက ချက်ချင်း မြင့်တက်လာခဲ့သည်။ သူ၏နောက်ဆုံးစကားလုံးများက ကျဉ်းမြောင်းပြီး ပျက်စီးနေသော ရွှံ့ပုလင်းလမ်းကြားလေးထဲတွင် ပဲ့တင်ထပ်နေခဲ့၏။

“သနားကြင်နာတတ်ပြီး ခွင့်လွှတ်တတ်တယ်…”

အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်တစ်ခုကလည်း လမ်းကြားလေးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အလွန်ထူးခြားသော ချောင်ကျွင်း၏အရှိန်နှင့် ပေါင်းစည်းလိုက်သည့်အချိန်တွင် ဝေဝါးပြီး စစ်ဆေးကြည့်၍ မရနိုင်သော သူ့ပုံစံက ပေါက်ကွဲနေသော ဓားချီစွမ်းအင် တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်နေသည်။

အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် ရေလှိုင်းကြီးတစ်ခုက လမ်းကြားလေးထဲကို ဖြတ်သန်း စီးဆင်းသွားသလို ထင်မှတ်ရနိုင်သည်။ ထို့နောက် လီကျိရှန်နှင့် တခြားသူများကို လှိုင်းလုံးကြီးကဲ့သို့ ပြင်းပြင်းထန်ထန် ဖျက်ဆီးပစ်ချင်နေခဲ့၏။

လမ်းကြားလေးထဲတွင် အဖြူရောင် စာရွက်လေးတစ်ခု လွှမ်းခြုံထားသည်။ သို့သော် ကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်များ၏ အလယ်တွင်တော့ ပို၍ပင်တောက်ပသော အဖြူရောင်အလင်းတန်းလေးတစ်ခုကို ဝိုးတဝါး မြင်နေရ၏။ အဖြူရောင်ငါးလေး တစ်ကောင်က မြစ်ထဲတွင် တိတ်တဆိတ် ကူးခတ်နေသလို ထင်မှတ်ရသည်။ ဓားချီစွမ်းအင် စီးဆင်းမှုက ရပ်တန့်သွား၏။

လီကျိရှန်ကတော့ အေးအေးဆေးဆေးနှင့် အလျင်လိုနေပုံ မရချေ။ သူက ဘေးတစ်ဖက်သို့ လှည့်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်၍ ငါးဖြူလေး တစ်ကောင်ကဲ့သို့ ထင်မှတ်ရသော ဓားတိုဆီကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူက ချောင်ကျွင်း၏ လက်ကောက်ဝတ်ကို တိတိကျကျ ဖမ်းဆုပ်လိုက်၏။

ချောင်ကျွင်းက ပြုံးလိုက်ပြီး သူ၏လက်ကို လွှတ်လိုက်ရာ လီကျိရှန်၏ ရင်ဘတ်နှင့် တစ်မီတာခန့် အကွာတွင် ရှိနေသော ဓားတိုလေးက ရှေ့ကို ဆက်ထွက်သွားခဲ့သည်။

လီကျိရှန်ကတော့ တည်ငြိမ်သော အမူအရာတစ်ခု ရှိနေပြီး ဘယ်ဘက်လက်ကို မြှောက်၍ လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်လိုက်သည်။ ထိုကဲ့သို့ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သော အခြေအနေမျိုးတွင် သူက လက်ချောင်းလေးများနှင့် ဓားတိုကို တိတိကျကျ ဖမ်းဆုပ်လိုက်သည်။

အဖြူရောင်ငါးလေးက ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့၏။ ဓားတိုလေးက သူ့နောက်မှ လိုက်လာပြီး ဓားသွားက လှုပ်ရှားနေခဲ့သည်။ လီကျိရှန်က ရွေးချယ်စရာ မရှိတော့ဘဲ နောက်သို့ ပြန်ဆုတ်လိုက်ရ၏။

ချောင်ကျွင်းက ထိုအခွင့်အရေးကို အရယူပြီး ရှေ့သို့ တက်လာခဲ့သည်။ ဓားကိုင်ထားသော လက်ကလည်း လက်သီးအဖြစ် ပြောင်းလဲပြီး လီကျိရှန်၏ လည်ပင်းကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။

လီကျိရှန်က တံတောင်ဆစ်ကို မြှောက်ပြီး ချောင်ကျွင်း၏ လက်သီးကို တိုက်ခိုက်လိုက်သည့် တစ်ချိန်တည်းတွင် အဖြူရောင်ငါးလေးကလည်း သူ့ကို တိုက်ခိုက်လိုက်သည်။ လီကျိရှန်က တခြားလက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ အဖြူရောင်ငါးလေးက လီကျိရှန်၏ အင်္ကျီလက်ထဲသို့ ကူးခတ်သွားခဲ့သည်။

ချောင်ကျွင်းက ရယ်လိုက်ပြီး လီကျိရှန်၏ ဗိုက်ကို ခြေထောက်နှင့် လှမ်းကန်လိုက်သည့်အတွက် စိမ်းပြာဝတ်စာသင်သားက နောက်ကို မီတာပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။ သို့သော် သူက တိုက်ခိုက်ရန် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိချေ။

ထိုအစား သူက လက်တစ်ဖက်ကို နောက်ကျောတွင် ထိန်းထားပြီး လက်တစ်ဖက်က ရှေ့တွင် ထိန်းထားခဲ့၏။ သူ့ပုံစံက အလွန်အမင်းကို ယုံကြည်ချက်ရှိပြီး လွတ်လပ်ပေါ့ပါးနေပုံရသည်။ လီကျိရှန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်နိုင်သော်လည်း သူမျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

ချောင်ကျွင်းက ဓားသမားတစ်ယောက် ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်က အလွန်အစွမ်းထက်၏။ ထိုအရာက အဆင့်(၅)အထွဋ်အထိပ်တွင် ရှိနေသော သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်ထက် အားနည်းနေခြင်း မရှိချေ။

ထိုအရာက ဓားသမားတစ်ယောက်နှင့် စစ်ကျောင်းကျင့်ကြံသူများ၏ ကြောက်စရာကောင်းသော သဘာဝဖြစ်သည်။ သူတို့က ချီသန့်စင်မှုနှင့် ခန္ဓာကိုယ်သန့်စင်မှု နှစ်မျိုးလုံးကို လေ့ကျင့်ကြ၏။ ထိုကန်ချက်ကို ခံလိုက်ရပြီးနောက် လီကျိရှန်က အလွန်ကောင်းမွန်နေသေးသည်ဟု ခံစားခဲ့ရခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင် လှည့်ပတ်မှုက အတိုင်းအတာတစ်ခုအထိ သက်ရောက်ခံရနိုင်သည်။

ထိုအချိန်တွင် ချောင်ကျွင်း၏ ဓားငယ်လေးကို ချုပ်နှောင်ထားရန် လီကျိရှန် အသုံးပြုခဲ့သော အင်္ကျီလက်ထဲမှနေ၍ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ ခဏကြာပြီးနောက် အဝတ်အစား ဆုတ်ပြဲသည့် အသံတစ်ခု ကြားလိုက်ရ၏။

ထို့နောက် အဖြူရောင်ဓားအလင်းတန်းလေးက ဆုတ်ပြဲသွားသော လီကျိရှန်၏ အင်္ကျီလက်ထဲမှနေ၍ ထွက်လာခဲ့၏။ အလွန်ထူးခြားသော အင်္ကျီလက်တစ်ဖက်ကို အသုံးပြုပြီး လီကျိရှန်က လက်ချောင်းလေးများကို တာအိုလက်တံဆိပ်တစ်ခုအဖြစ် လျင်မြန်စွာ ဖန်တီးလိုက်သည်။ တစ်ချိန်တည်းတွင် သူက ဖိနှိပ်ခြင်းဟူသော စကားလုံးကို စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်၏။

လှုပ်ရှားနေသော သူ၏အင်္ကျီလက်က နောက်တစ်ကြိမ် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သူ၏အင်္ကျီလက်ကို တိုက်ခိုက်နေသော ဓားငယ်လေး၏ အသံကလည်း တဖြည်းဖြည်း တိုးလာခဲ့၏။

ချောင်ကျွင်းက အံ့ဩနေခြင်း မရှိဘဲ အပြုံးနှင့် ပြောလိုက်သည်။

“အဆင့်(၇)…”

လီကျိရှန်၏ အင်္ကျီလက်က တံတောင်ဆစ်ထိ ချက်ချင်း စုတ်ပြဲသွားခဲ့သည်။ သူ၏ လက်ကောက်ဝတ်အနားတွင် အလွန်တောက်ပသော ဓားအလင်းရောင်တစ်ခု ပေါ်လာခဲ့၏။ ထိုအရာက အင်္ကျီလက်ထဲတွင် လမင်းကြီးတစ်ခုကို ဆုပ်ကိုင်ထားသလို လှပသည့် မြင်ကွင်းတစ်ခုနှင့် တူညီနေသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ ထိုအရာက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသော ကြောက်စရာကောင်းသည့် ဓားအလင်းတန်းတစ်ခု ဖြစ်သည်။

လီကျိရှန်၏ လက်ချောင်းလေးများက လျင်မြန်စွာ လှုပ်ရှားသွားပြီး နောက်ထပ် လက်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအချိန်တွင် သူ၏ လက်ဖဝါး အရေးအကြောင်းများက ပျောက်ကွယ်သွားပြီး သူတို့က စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ လမ်းကြောင်းများ ပြောင်းလဲသွားခဲ့သည်။

တခဏအတွင်း ဝေဝါးနေသော ခရမ်းပြာရောင်အလင်းတန်းလေးတစ်ခုက သူ၏တံတောင်ဆစ်ပတ်လည်တွင် ပေါ်လာခဲ့သည်။ လီကျိရှန်၏ အင်္ကျီလက်ထဲတွင် လှည့်ပတ်နေသော အဖြူရောင်ငါးလေးက ထိုလူငယ်စာသင်သား၏ တံတောင်ဆစ်ထဲမှ ထွက်ပေါ်လာသော ခရမ်းပြာရောင်အလင်းတန်းများနှင့် အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။

သူတို့၏ တိုက်ခိုက်မှုကြောင့် ကျောက်တုံးချင်း ထိခိုက်သည့်အသံများ ထွက်ပေါ်လာနေပြီး နားထဲတွင် အူထွက်သွားစေနိုင်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ လမ်းကြားလေး၏ တစ်ဖက်တွင် ရှိနေသော နံရံပေါ်မှ ဖုန်မှုန့်များ ၊ ကျောက်တုံးလေးများပင် ကျဆင်းလာခဲ့၏။

ချောင်ကျွင်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး ရယ်လိုက်သည်။

“တော်တော်လေး စိတ်ဝင်စားစရာကောင်းသားပဲ။ တာအိုဂိုဏ်းမှာ တံဆိပ်(၁)သောင်းလောက် ရှိတယ်လို့ ပြောကြတယ်။ ငါက (၂၀၀)ထက်မနည်း မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်း သုံးခဲ့သလို ရိုးရှင်းပြီး အဆင်ပြေတဲ့ တံဆိပ်တွေကိုတော့ မမြင်ဖူးသေးဘူး…”

“မင်းရဲ့အဆင့်(၆)ကျင့်ကြံမှုက အရမ်းကို တည်ငြိမ်ပြီး အစွမ်းထက်တယ်။ မဟုတ်ဘူးလား။ အဆင့်(၆)ဓားသမား ဓားသမားတစ်ယောက်က အဆင့်(၇) ချီကျင့်ကြံသူတစ်ယောက်ကို အမြဲတမ်း ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် မင်းလို အဆင့် အဆင့်(၆) ချီကျင့်ကြံသူတစ်ယောက်က အဆင့်(၇) ဓားသမားတစ်ယောက်ကို ဘယ်အချိန်တုန်းကများ ထိပ်တိုက် ရင်ဆိုင်နိုင်ရတာလဲ။ တကယ်လို့ ဒီသတင်းသာ ပျံ့သွားမယ်ဆိုရင် ငါ ချောင်ကျွင်းက လောကကြီးထဲမှာရှိတဲ့ ဓားကျင့်ကြံသူတွေထဲမှာ ရယ်စရာ ဖြစ်မသွားနိုင်ဘူးလား…”

ကနဦးအတွေ့အကြုံကို ရင်ဆိုင်ကျော်လွှားခဲ့ပြီးနောက် လီကျိရှန်ကတော့ အလွန်တည်ငြိမ်နေပုံရသည်။ အမှန်အတိုင်း ပြောရလျှင် သူက အပြုံးနှင့်ပင် ပြန်ဖြေလိုက်၏။

“အကြောင်းပြချက်ကတော့ မင်းရဲ့ဓားအိမ်ထဲမှာရှိတဲ့ သဘောတရားတွေက မလုံလောက်သေးလို့ ဖြစ်နိုင်တယ် မဟုတ်လား…”

ချောင်ကျွင်းက ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။

“အဆင့်(၈)…”

“ငါးဖြူလေး…”

အဖြူရောင် ငါးလေးတစ်ကောင်ကဲ့သို့ သွက်လက်ပေါ့ပါးသော ဓားက သူ့ပိုင်ရှင် ချောင်ကျွင်းဆီသို့ ပြန်လာခဲ့သည်။ သူ့ရှေ့သို့ ရောက်လာပြီးနောက် သူက ချက်ချင်း ရပ်တန့်နေပြီး အလင်းရောင်များ ပျောက်ဆုံးသွားခဲ့သည်။ ထိုဓားတိုလေးက သာမန်ဓားတစ်ချောင်း ဖြစ်သွားသလို ထင်မှတ်ရ၏။ သူ့ဆီမှ ဓားချီစွမ်းအင်များ ထွက်မလာတော့ပေ။ သူက မူလတုန်းကအတိုင်း တောက်ပသည့် ပုံသဏ္ဌာန်မျိုး မရှိတော့ချေ။ သူ့ကိုယ်ထည်ထဲတွင် ထွက်ပေါ်လာနေသော ထူးဆန်းပြီး အေးစက်သည့် ဓားသဏ္ဍာန်များက ချက်ချင်းပင် တောက်ပပြီး အမှန်တရားဆန်လာခဲ့သည်။

ထိုဓားပျံလေးက မြင်ကွင်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူတို့၏ ဘေးတွင် ရှိနေသော နံရံပေါ်တွင် အလွန်သေးငယ်သော အပေါက်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် ထိုအရာက အပေါက်ငယ်လေးတစ်ခုသာ ဖြစ်၏။

လီကျိရှန်က ညာဘက်လက်ကို မြှောက်လိုက်ပြီး ပျံသန်းလာသော ဓားပျံလေးကို လက်နှစ်ချောင်းနှင့် ဖမ်းထားလိုက်သည်။ သို့သော် စာသင်သားလူငယ်ကတော့ ရုတ်တရက် ခေါင်းကို ပြန်လှည့်လိုက်၏။ တခဏကြာပြီးနောက် လီကျိရှန်၏ နောက်တွင် ရှိနေသော နံရံထဲသို့ ဖောက်ဝင်သွားသည့် ဓားပျံက လီကျိရှန်၏ ပုခုံးဆီသို့ ရောက်လာခဲ့သည်။ ဓားပျံက နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်၏။

သို့သော် လီကျိရှန်၏ ဘယ်ဘက်ပါးပေါ်တွင် သွေးစီးကြောင်းတစ်ခု ပေါ်လာပြီး ထိုအရာက တစ်လက်မခန့် အရွယ်အစား ရှိသည်။ ကြားထားရသည့် အရာများက အမှန်သာ ဖြစ်၏။ ဓားသမားတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်သည့်အချိန်တွင် သေခြင်းရှင်ခြင်းကို မျဉ်းကြောင်းပါးပါးလေးသာ ခြားထားသည်။ ထိုအရာက အဆင့်(၈) ဓားသမားတစ်ယောက် ဖြစ်၏။ အမှန်တကယ်လည်း အံ့ဩစရာကောင်းလှသည်။ လီကျိရှန်က တစ်ယောက်တည်း တွေးနေမိခဲ့သည်။

ဓားပညာရှင်များက ချီကျင့်ကြံသူ ဂိုဏ်းခွဲ(၁၀၀)ခန့်တွင် အစွမ်းထက်ဆုံးဟု လူအများက အသိအမှတ်ပြုထားကြသည်။ အထူးသဖြင့် သူတို့၏ ဓားပျံများကြောင့် ဖြစ်၏။ သူတို့က တစ်နေရာကို ပစ်မှတ်ထားပြီး တိုက်ပွဲကို အဆုံးသတ်နိုင်လောက်အောင် အစွမ်းထက်ကြသည်။ သူတို့က တစ်ချက်တည်းနှင့် သိုင်းကွက်များ အားလုံးကို ဖျက်စီးပစ်ရန် အလေးထားကြ၏။

ချောင်ကျွင်းက လက်နောက်ပစ်ပြီး မောက်မာသည့် အမူအရာနှင့် ရပ်နေခဲ့သည်။ သူက တခြားဓား၏ ဓားအိမ်ကို လက်နှင့်ပုတ်ပြီး ပြောလိုက်သည်။

“မင်းလို ကျင့်ကြံရေးပါရမီရှင်တစ်ယောက်က ကလန်တစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေကို သေချာပေါက် သယ်ဆောင်ထားနိုင်တယ်။ မင်းမှာ အကာအကွယ်ရတနာ တစ်ခုမှ မရှိဘူးလား။ မင်းမှာ တစ်ခုမှ မရှိတာကို ငါလည်း ယုံကြည်ဖို့ ခက်ခဲနေတယ်။ ငါက ဒီကိစ္စကို အရင်ဆုံးပြောမယ်။ မင်းရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် တကယ်လို့ မင်းသာ မင်းရဲ့အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ဖို့ ဆက်ပြီး ကြိုးစားနေမယ်ဆိုရင်တော့ လူတစ်ယောက်က သေရလိမ့်မယ်။ ငါက အရမ်းကို စိတ်လှုပ်ရှားပြီး ထိန်းမထားနိုင်မှာ စိုးရတယ်။ အဲဒီအချိန်ကျရင်တော့ မင်းက အကျိုးမဲ့ သေဆုံးသွားရလိမ့်မယ်…”

ပြိုင်ဘက်၏ လှောင်ပြောင်မှုကြောင့် လီကျိရှန်က ဒေါသထွက်နေခြင်း မရှိချေ။ သူ့အသံက နွေးထွေးတည်ငြိမ်နေဆဲသာ ဖြစ်သည်။

“ချန်းပင်အန်း…

မင်းက နောက်ကို ခြေလှမ်း(၃)လှမ်းလောက် ပြန်ဆုတ်သွားစေချင်တယ်။ တကယ်လို့ မင်းက (၁၀)မီတာ ဒါမှမဟုတ် (၁၅)မီတာလောက် နောက်ဆုတ်သွားနိုင်ရင်တော့ အကောင်းဆုံးပဲ…”

ချောင်ကျွင်းက သူ၏နဖူးကို လက်နှင့်ရိုက်လိုက်ပြီး နာကျင်နေသော အမူအရာနှင့် ပြောလိုက်သည်။

“မင်းရဲ့ ပြိုင်ဘက်က မင်းရှေ့မှာ ရပ်နေတယ်။ မင်းကတော့ တခြားသူနဲ့ အေးအေးဆေးဆေး စကားပြောနေနိုင်တုန်းပဲလား။ ငါ အရမ်း ဒေါသထွက်လာပြီ..”

လူငယ်ဓားသမား၏ အပြုံးနှင့် စကားလုံးများနောက်ကွယ်တွင် ဖုံးကွယ်ထားသော သတ်ဖြတ်ချင်စိတ်များ ရှိနေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့နဖူးကို ရိုက်လိုက်သည့် တစ်ချိန်တည်းတွင် သူ၏ဓားပျံက လီကျိရှန်၏ နောက်ကျောမှ ပျံသန်းလာခဲ့၏။ ထိုအရာက တိတ်ဆိတ်ပြီး ထူးခြားလှသည်။

ရွှံ့ပုလင်းလမ်းကြားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ချောင်ကျွင်းက ခဏတာ လှုပ်ရှားသွားခဲ့ပြီး အားရပါးရ ရယ်လိုက်သည်။

“တကယ်ပဲလား။ ဒါလည်း အလုပ်ဖြစ်တာပဲလား။ ဒါဆိုရင်တော့ ငါက ဘာမှထပ်ပြီးတော့ ထိန်းမထားတော့ဘူး…”

ထိုအချိန်တွင် လီကျိရှန်၏ နောက်ကျောဘက်တွင်တော့ အစိမ်းရောင် ဝါးရွက်ကလေးတစ်ခု ပေါ်လာပြီး ဓားပျံ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို တားဆီးထားခဲ့သည်။

“ချွမ်….ချွင်…ချွင်. …”

လမ်းကြားလေးထဲတွင် လီကျိရှန်ဆီမှ အသံပေါင်းများစွာ ဆက်၍ ထွက်လာနေခဲ့၏။ ဝါးရွက်ပေါင်းများစွာအပြင် သူ့ဆီ၌ မက်မွန်ရွက်များ ၊ မိုးမခရွက်များ ၊ သစ်ခါးရွက်များနှင့် တခြားသစ်ရွက်ပေါင်းများစွာလည်း ရှိနေသေး၏။ သူ့ဆီတွင် စိမ်းလန်းသော သစ်ရွက်မျိုးစုံ ရှိနေခဲ့၏။

ချောင်ကျွင်းက သူ့ပြိုင်ဘက်၏ ပတ်ပတ်လည်တွင် အလွန်ပြင်းထန်စွာ တိုက်ခိုက်နေသည်။

လီကျိရှန်ကတော့ နေရာတွင် ရပ်နေပြီး သစ်ရွက်များက သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်နေခဲ့၏။ ထိုအချိန်တွင် ငါးဖြူလေးဟု အမည်ပေးထားသော ဓားတိုလေးက သူတို့၏ ကြားထဲတွင် ပျံသန်းနေပြီး ဝင်္ကပါနှင့် ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သို့သော် ရှေ့ကို ဆက်တိုးနိုင်ခြင်း မရှိချေ။

အစိမ်းရောင်သစ်ရွက်များက မြေပေါ်သို့ ဆက်လက်ကျဆင်းနေသော်လည်း ချောင်ကျွင်းကတော့ အနည်းငယ် မသက်မသာ ခံစားနေရသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကလည်း သူ၏တွက်ချက်မှုကြောင့် ဖြစ်၏။ လူငယ်စာသင်သားဆီတွင် အနိမ့်ဆုံး သစ်ရွက်(၁၀၀)ခန့် ရှိနိုင်၏။ ထို့ကြောင့် ယခု ချောင်ကျွင်းက အတော်လေး ခံစားချက် ဆိုးဝါးနေခဲ့၏။

“မင်းရဲ့မိသားစုက သစ်ရွက်ရောင်းတာလား။ ဒါမှမဟုတ် တခြားတစ်ခုခုလား။ တကယ်လို့ သူတို့က အဲဒီလိုဆိုရင်တောင် သူတို့က တစ်ယောက်ယောက်က ဝယ်မှာမို့လို့လား…”

သို့သော် ချောင်ကျွင်းက ထိုကဲ့သို့ နောက်ဆုတ်သွားလိုခြင်း မရှိချေ။ အဆင့်(၆) ကျင့်ကြံသူတစ်ယောက်က သူ့ကို အဆုံးထိ ထိန်းချုပ်ထားနိုင်မည်ဟု ယုံကြည်ပေးရန် ခက်ခဲနေသည်။ အလွန်များပြားသော သစ်ရွက်များကို တစ်ကြိမ်တည်း ထိန်းချုပ်နိုင်ခြင်းက လွယ်ကူလိမ့်မည် သေချာပေါက် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ထိုအရာကို အာရုံစိုက်မှုက အတော်လေးကို ကြီးမားနိုင်သည်။

ချောင်ကျွင်းက တစ်ယောက်တည်း တိတ်တဆိတ် ပြောနေခဲ့၏။ ထိုအရာက သေချာပေါက် နိုင်ပွဲတစ်ခု ဖြစ်နေရပါလိမ့်မည်။ သူကတော့ သူ၏ဓားကို သွေးနိုင်သော နည်းလမ်းတစ်ခုအဖြစ်သာ သတ်မှတ်ထားနေသေးသည်။ ထိုစာသင်သားက မည်မျှ အချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိမရှိ သူလည်း သူက သိချင်နေခဲ့၏။

ကြောက်စရာကောင်းသော ဓားပျံက လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေခဲ့သည်။ လမ်းကြားလေး၏ အတွင်းထဲတွင်တော့ သစ်ရွက်များက မြေပေါ်သို့ ဆက်၍ ကျဆင်းလာနေခဲ့၏။ သူတို့က အစိမ်းရောင်မှ အဝါရောင်သို့ ဆက်လက်ပြောင်းလဲနေကြသည်။

“တကယ်လို့ ငါတို့သာ ဒီလို ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ငါတို့က နောက်နှစ်အထိ တိုက်ခိုက်နိုင်လိမ့်မယ်…”

လီကျိရှန်က ရုတ်တရက် သတိပေးလိုက်သည်။

“လုပ်ပါဦး။ မင်းက ဒီဓားရဲ့ သဘောတရားတွေကို ပြောပြီးသွားရင် တခြားဓားရဲ့ သဘောတရားကိုရော ဘာလို့ မပြောရတာလဲ။ တကယ်လို့ မင်းသာ ဆန္ဒရှိမယ်ဆိုရင် မင်းရဲ့အသက်ဓားပျံကိုလည်း ထုတ်လွှတ်လိုက်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အနိုင်ရသူကို အရင်ဆုံး ဆုံးဖြတ်သင့်တယ် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မိတ်ဆွေက ငါ့ကို စောင့်နေသေးတယ်…”

ချောင်ကျွင်းက မျက်လုံးပြူးသွားပြီး မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားသည်။

“မင်းက မင်း မင်းက မထိန်းနိုင်ဘဲ သေချင်နေတာလား…”

လီကျိရှန်က သက်ပြင်းချခဲ့ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက မပျက်စီးသေးသော အင်္ကျီလက်ကို ရိုးရှင်းစွာ လှုပ်ရှားလိုက်ရာ အလွန်အံ့ဩစရာကောင်းပြီး များပြားသော ပစ္စည်းပေါင်းများစွာ ထွက်လာခဲ့သည်။ သူတို့ထဲတွင် နွေဦးသစ်ရွက် အနည်းငယ်လည်း ပါနေသေး၏။ ထို့ပြင် လက်သည်းအရွယ်အစားခန့် ရှိနေသော နွေရာသီ မိုးကြိုးလုံးများ၊ လက်ညှိုးအရွယ်အစားခန့် ဆောင်းဦးလေပြေများနှင့် ငှက်အတောင် အရွယ်အစားခန့်ရှိသော ဆောင်းရာသီ နှင်းပွင့်လေးများလည်း ပါဝင်နေခဲ့သည်။

သူ့ပြိုင်ဘက်ဆီတွင် နည်းလမ်း(၁)သောင်းကို ဖျက်ဆီးနိုင်သော ဓားတစ်ချောင်း ရှိသည်။ ထို့ကြောင့် သူက ဘာလုပ်နိုင်မည်နည်း။ သူက နည်းလမ်း(၁)သောင်းကို သုံးနိုင်မည်လော။ ထို့ကြောင့် လီကျိရှန်ဟု ခေါ်ပြီး အလယ်ဘုံ(၅)ဆင့်ကို ယခုမှ ရောက်လာသော လူငယ်စာသင်သားလေးက နွေဦးသစ်ရွက်၊ နွေရာသီမိုးကြိုး၊ ဆောင်းဦးလေပြေနှင့် ဆောင်းရာသီနှင်းပွင့်လေးများကို ထုတ်ဖော်ပြသခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် သူ့ဆီတွင် နောက်ထပ် ပိုင်ဆိုင်ထားသော အရာများ ရှိနေသေး၏။ ထိုအရာများက ပို၍ပင် များပြားနေသေးသည်။

Translated by Hein Htet.

All Chapters