← Chapters

အခန်း (၁၈၂)

Vol. 13 Ch. 182

အခန်း (၁၈၂)

Vol. 13 Ch. 182

ဝေ့ကျင်းက လမ်းမဘေးတွင် ရှိနေသော အရက်ဆိုင်မှ အရက်တစ်အိုး ဝယ်လာခဲ့ပြီး လက်ဖဝါးပေါ်သို့ အရက်အချို့ လောင်းချလိုက်သည်။ သူ့ဘေးတွင် ရှိနေသော မြည်းဖြူလေးက ချက်ချင်းခေါင်းငုံ့ပြီး အရက်ကို လျက်နေခဲ့၏။ ထိုနေရာတွင် ရှိနေသော လူများအားလုံးက ထိုအပြုအမူကို မြင်ဖူးထားခဲ့သည်မှာ ကံကောင်းသွားသည်။

ထို့ကြောင့် မြည်း အရက်သောက်နေသည့် မြင်ကွင်းကို မည်သူကမျှ မျက်ခုံးပင့်၍ ကြည့်မိကြခြင်း မရှိကြပေ။ အကယ်၍ သူတို့က ပါးစပ်ဟပြီး စကားပြောလိုက်မည်ဆိုလျှင်ပင် အံ့ဩသလို မဖြစ်တော့ပေ။

ဝေ့ကျင်းက တစ်ယောက်တည်း အရက်သောက်နေပြီး အရက်ဆိုင်မှ ထွက်လာ၍ လမ်းမပေါ်တွင် ဦးတည်ရာမဲ့ သွားလာနေခဲ့သည်။ သူ့မြည်းကတော့ သူ့နောက်မှနေ၍ လိုက်လာခဲ့၏။ ဝေ့ကျင်းက သူ့ကိုယ်သူ လူအများကြားထဲမှ ယောကျ်ား တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်။

နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်း ရှိနေသည့်နေရာမှ ထွက်လာပြီးသွားသည်ကိုပင် သူကတော့ ဓားပျံပေါ်တွင် ခရီးသွားလာရန် ဆန္ဒမရှိသေးပေ။ ထိုအစား သူက အရက်မူးသွားသည်အထိ သောက်ပြီး ဘေး ဘယ်ညာ မတည်မငြိမ် ယိမ်းထိုးနေခဲ့၏။ ထို့နောက် မြည်းပေါ်တွင် လှဲပြီး မြည်းကို စိတ်ကြိုက်သွားလာခွင့် ပေးထားခဲ့သည်။

သူက အချို့သော နေရာဟောင်းများကို ဖြတ်ကျော်လာခဲ့ပြီး အဆုံးတွင်တော့ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်၏ မြို့တော်ကို ရောက်လာခဲ့သည်။ မြို့တံခါးတွင်တော့ လူတိုင်းက ရပ်စောင့်နေကြပြီး သူ၏ဝင်ခွင့်ကတ်ကို ပြသပြီးမှသာ သူလည်း မြို့ထဲသို့ ဝင်ခွင့်ရခဲ့သည်။

ထိုအချိန်တွင် ဝေ့ကျင်းက အတော်လေးကို အရက်မူးနေပြီဖြစ်သည့်အတွက် မြို့ထဲတွင် ရှိနေသော မိတ်ဆွေတစ်ယောက်ကို လှမ်းခေါ်ရန် အတော်လေး အချိန်ယူခဲ့ရသည်။ လွန်ခဲ့သော (၇)နှစ် သို့မဟုတ် (၈)နှစ်ခန့်တွင် သူတို့နှစ်ယောက်က ခရီးတစ်ခုကို အတူတူ သွားလာခဲ့ကြဖူးသည်။ ထိုလူက ခမ်းနားခြင်းဂိုဏ်းဟူသော နာမည်ရှိသည့် ဂိုဏ်းချုပ်၏ သားဖြစ်ကြောင်း ပြောခဲ့သည်ကို ဝေ့ကျင်းက အမှတ်ရနေသေး၏။

ပညာမတတ်သော သူ၏ဘိုးဘေးများက ဂိုဏ်းနာမည်ပေးခြင်းအပေါ် ထိုလူက အတော်လေး မကျေမနပ် ဖြစ်နေကြောင်း ပြောခဲ့သည်ကိုလည်း အမှတ်ရခဲ့သည်။ အရှေ့ပိုင်းကုန်းမြေကြီး၏ တောင်ဘက်ပိုင်းတွင် အလွန်ကြီးမားသော အင်မော်တယ်ဂိုဏ်းတစ်ခုရှိခဲ့ကြောင်း သူ့ကိုပြောပြီး ဝေ့ကျင်းက နှစ်သိမ့်ခဲ့ရ၏။

ထိုဂိုဏ်းက အလွန်အစွမ်းထက်လွန်းလှပြီး အတွင်းထဲတွင် တိုင်းပြည်တစ်ပြည်၏ ပုံစံကဲ့သို့ ပုံစံကဲ့သို့ ဖြစ်နေသည်။ သို့သော် တည်ထောင်သူကတော့ ပြိုင်ဘက်ကင်းနတ်ဘုရားလက်သီးဂိုဏ်းဟု နာမည်ပေးထားသည်မှာ လုံးဝကံဆိုးသော နာမည်တစ်ခု ဖြစ်နေသည်။ မတူညီသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ စုရုံးသည့် အချိန်တိုင်း ထိုဂိုဏ်းမှ တပည့်များအားလုံးက ရှက်ရွံ့နေသည့်အတွက် သူတို့၏ အဆုံးသတ်ကို တွေးကြည့်၍ပင် ရနိုင်သည်။

ဝေ့ကျင်းက လမ်းမပေါ်တွင် ဖြည်းညင်းစွာ သွားလာနေရင်း လမ်းပေါ်ရှိ ကံကြမ္မာဟောပြောဆိုင် တစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ ထိုဆိုင်၏ နောက်တွင်တော့ လူငယ်တာအိုသခင် တစ်ယောက် ထိုင်နေပြီး သူက စားပွဲနောက်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်နေကြောင်း သိသာနေသည်။

သူက သူ့လက်ထဲတွင် တုတ်ထိုးသကြားလုံးတစ်ခုကို ကိုင်ပြီး လူငယ်တစ်ယောက်ကို စာသင်ကြားပေးနေခဲ့၏။

“ဒီကမ္ဘာကြီးက တော်တော်ဆိုးတဲ့ နေရာတစ်ခုပဲ။ ဒါပေမဲ့ တခြားသူတွေကို တင်းတင်းကျပ်ကျပ် ဆက်ဆံချင်တာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တာပဲဖြစ်ဖြစ် အဲဒါက သူတို့တွေရဲ့ကိစ္စပဲ…”

တာအိုသခင်က ပို၍တည်ငြိမ်သောအသံနှင့် ဆက်ပြောလိုက်သည်။

“တကယ်လို့ မင်းကသာ အဲဒီလို စဉ်းစားလိုက်မယ်ဆိုရင် မင်းက တကယ့်အစစ်အမှန် အရူးတစ်ယောက်ဖြစ်သွားပြီ နားလည်လား…”

ခံစားချက်ကင်းမဲ့သော လူငယ်ကတော့ နှာခေါင်းရှုံ့လိုက်ရာ စီးကျလာသော နှာရည်များက နှာခေါင်းထဲသို့ ချက်ချင်း ပြန်ရောက်သွားခဲ့၏။ ထိုလူငယ်က သူ၏ တုတ်ထိုးသကြားလုံးကိုသာ စားနေခဲ့သည်။

တာအိုသခင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခုပေါ်လာပြီး ကျိန်းမောင်းပြောဆိုလိုက်၏။

“အဲဒီတုတ်ထိုးသကြားလုံးကို အာရုံမစိုက်နဲ့။ ငါ မင်းကို အရေးကြီးတဲ့အရာတွေ သင်ပေးနေတာ…”

လူငယ်ကတော့ လုံးဝကို မလှုပ်မယှက်ဖြစ်နေပြီး တုတ်ထိုးသကြားလုံးကိုသာ ဆက်၍စားနေခဲ့သည်။

လူငယ်တာအိုသခင်က မသက်မသာ ခံစားလိုက်ရပြီး သက်ပြင်းချလိုက်မိ၏။

“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အသိဉာဏ်တစ်စက်မှ မရှိဘူး။ ခွေးကောင်လေး။ ငါကတော့ မင်းရဲ့ကံကြမ္မာကို စေတနာနဲ့ ပြောပြခဲ့တယ်။ မင်းနဲ့ မင်းရဲ့ အိမ်နီးချင်း အဲဒီကောင်မလေးက ပြီးပြည့်စုံတဲ့ ဖူးစာဖက်တွေအဖြစ် သတ်မှတ်နိုင်တယ်။ ငါက မင်းကို ကြေးပြားတစ်ပြားတောင် မတောင်းခဲ့ဘူး။ ဒါကလည်း ကရုဏာထားတာပဲ မဟုတ်လား။ အဲဒီလို ကရုဏာတရားတွေက ပြန်ပြီးပေးဖို့လိုတယ်ဆိုတာ မင်းမသိဘူးလား…”

“တုတ်ထိုးသကြားလုံးတစ်ချောင်းကို ဘယ်လောက်တန်ကြေးရှိလဲ။ အဲဒါက အနာဂတ်ဇနီးတစ်ယောက်နဲ့ လုံးဝမယှဉ်နိုင်ဘူး…”

လူငယ်ကတော့ တစ်ချိန်လုံး လူငယ် တာအိုသခင်ကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့သည်။

သူက ရုတ်တရက် အပြုံးနှင့်ပြောလိုက်၏။

“ကျွန်တော်က အဲဒီအတွက် စိတ်မဝင်စားဘူး…”

ထို့နောက် သူက ပြန်လှည့်ပြီး အဝေးကို ခုန်ထွက်သွားခဲ့သည်။ တုတ်ထိုးသကြားလုံးကိုတော့ ခေါင်းပေါ်တွင် ဝမ်းသာအားရ မြှောက်နေခဲ့၏။

လူငယ်တာအိုသခင်က စားပွဲခုံကို လက်သီးနှင့်ထိုးလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ…”

ဝေ့ကျင်းက ကံကြမ္မာဟောပြောဆိုင်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက ရုတ်တရက် ရပ်လိုက်သော်လည်း ပြန်လှည့်လာခဲ့ခြင်း မရှိချေ။ သူက ထိုတာအိုသခင် ဝတ်ဆင်ထားသော ပုံသဏ္ဌာန်ကို ပြန်လည်စဉ်းစားမိနေပြီး မည်သို့ဆက်သွားရမည်ဖြစ်ကြောင်း အနည်းငယ် တွေဝေနေခဲ့ခြင်း ဖြစ်သည်။

တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။

“ငါတို့ရဲ့ တွေ့ဆုံမှုကို ကံကြမ္မာက စီစဉ်ထားပြီးသားပဲ။ ဒီတော့ မင်းက ဘာလို့ငါ့ကို ပြန်လှည့်ပြီး မကြည့်တာလဲ…”

ဝေ့ကျင်းက သူ့မြည်းနှင့်အတူ ချက်ချင်းထွက်ခွာသွားခဲ့သည်။

တာအိုသခင်၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသော အမူအရာတစ်ခုပေါ်လာပြီး သက်ပြင်းချလိုက်၏။

“ငါက ဒီလိုမျိုးအကြာကြီး ဆက်သွားလို့ မရနိုင်တော့ဘူး..။ တောင်ပိုင်းစမ်းချောင်းတိုင်ူပြည်ကလူတွေက ဘာလို့ အရမ်းကောက်ကျစ်ပြီး သတိထားနေကြရတာလဲ..။ ဘာလို့ သူတို့က ရိုးရိုးရှင်းရှင်း မတွေးနိုင်ကြရတာလဲ..”

သူက ထိုင်ခုံတွင် စိတ်ပျက်လက်ပျက်နှင့် ပြန်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ဘက်တွင် တင်၍ နေမင်းကြီးကို မော့ကြည့်နေခဲ့သည်။ သူ့ခေါင်းပေါ်ရှိ တာအိုဆံထိုးက လှုပ်ရှားသွားသည့်အချိန်တွင် တစ်ယောက်တည်း သက်ပြင်းချမိခဲ့၏။

“ငါက အရမ်းပျင်းနေပြီ…”

ထိုအချိန်တွင် မိန်းမလှလေးတစ်ယောက်က ထိတ်လန့်နေသော အမူအရာနှင့် အနားကို ရောက်လာပြီး အားတင်း၍ မေးလိုက်သည်။

“တာအိုသခင်…

ကျွန်မရဲ့ဖူးစာရေးကို ပြောပြပေးလို့ ရနိုင်မလား….”

လူငယ်တာအိုသခင်က အလျင်အမြန် မတ်မတ်ထိုင်ပြီး ပြန်ပြောလိုက်သည်။

“သေချာတာပေါ့။ ရလဒ်မကောင်းရင် ငွေတစ်ပြားမှ ပေးစရာမလိုအပ်ဘူး…”

ထိုစကားကို ကြားသည့်အခါ မိန်းမပျိုက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ချက်ချင်း လှည့်ထွက်သွားခဲ့၏။ထိုအရာက အလိမ်အညာဖြစ်ကြောင်း သိသာနေသည်။ တာအိုသခင်က အရှက်မရှိသော လူလိမ်တစ်ယောက် ဖြစ်နေ၏။ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ထဲတွင် ထိုကဲ့သို့ ဆင်းရဲနွမ်းပါးပြီး ဆုတ်ချာသော တာအိုသခင်တစ်ယောက်မှ တစ်ယောက်မျှ မရှိချေ။

သူမက သူ့ကိုယ်သူသာ စိတ်ထဲမှ အပြစ်တင်မိခဲ့၏။ သူမ၏ အနာဂတ်ဖူးစာဖက်က အလွန်အမင်းကို အရေးပါသော ကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် သူမက ထိုလူလိမ်ဆီ သွားမည့်အစား မျက်နှာပြင်လမ်းကြားထဲရှိ သူမ၏ကံကြမ္မာကို ဟောပြောပေးနိုင်သည့် အစစ်အမှန်တာအိုသခင်ဆီကိုသာ သွားသင့်သည်။

မျက်နှာပြင်လမ်းကြားထဲတွင် ရှိနေသော တာအိုသခင်များက အနည်းငယ် ပို၍ ပို၍ကုန်ကျသည်မှာ မှန်သော်လည်း အနည်းဆုံးတော့ သူမက အလိမ်မခံရသည်မှာ အမှန်ဖြစ်သည်။

ထိုလူလိမ်က အတော်လေးကို ချောမောသောလူတစ်ယောက် ဖြစ်သည်။ ထို ထိုသို့ဆိုလျှင် ဘာကြောင့် သူက အမှန်အတိုင်း မပြောနိုင်ရသနည်း။ ခေါင်းထဲတွင် ထိုအရာကို တွေးမိခဲ့သည့်အတွက် သူမ၏မျက်နှာက ချက်ချင်းပင် ဆူပုတ်သွားခဲ့သည်။

လူငယ်တာအိုသခင်က မျက်နှာကို လက်နှစ်ဖက်နှင့် ပွတ်လိုက်ပြီး ရှုံးနိမ့်သွားသော အမူအရာနှင့် သက်ပြင်းချလိုက်မိ၏။

“ငါက ဒီနေရာမှာပဲ အရာအားလုံးကို အဆုံးသတ်သင့်ပြီ။ ကံကြမ္မာက မင်းဘက်မှာ ရှိနေတယ်။ ကောင်းကင်နဲ့မြေကြီးကလည်း မင်းကို ပိုပြီးမြင့်မြင့်မားမား ရောက်ဖို့အတွက် တွန်းအားပေးနေတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ကံကြမ္မာက မင်းကို ဆန့်ကျင်မှာလဲ။ အကြီးမြတ်ဆုံး သူရဲကောင်းတွေကတောင် ပြုတ်ကျသွားရသေးတာပဲလေ..”

အဆုံးတွင်တော့ လူငယ်တာအိုသခင်က သက်ပြင်းချလိုက်မိသည်။

“ငါ့လို လူကြီးလူကောင်းတစ်ယောက်က ဒါကို တာဝန်ယူရမှာပေါ့။ ဒီနေရာက ငါ့အပေါ် ရန်လိုနေတယ်ဆိုတော့ ငါက အချိန်အကြာကြီးနေတာကို မကြိုဆိုဘူး..ထင်တယ်..”

သူက တစ်ယောက်တည်း ရေရွတ်နေပြီး သူ၏ ကံကြမ္မာဟောပြောဆိုင်ကို စတင်သိမ်းဆည်းလိုက်သည်။

“ငါက တစ်နေ့နေ့တော့ ဒီနေရာကို ပြန်လာနိုင်မှာပါ…”

သို့သော် သူက နောက်တစ်ကြိမ်သက်ပြင်းချလိုက်ပြီး ခေါင်းခါ၍ ပြန်ပြောလိုက်၏။

“မဖြစ်နိုင်ပါဘူးလေ…”

………..

တာ့လီတိုင်းပြည်၏ တောင်ပိုင်းနယ်စပ်တွင် ချန်းပင်အန်းတို့ (၃)ယောက်က လေလှိုင်းနှင့် နှင်းများပြည့်နှက်နေသော တောင်ကြားတစ်ခုထဲတွင် လမ်းလျှောက်နေကြသည်။

ချန်းပင်အန်းက သူ၏ လမ်းလျှောက်ကျင့်စဉ်ကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရ၏။ ထိုသို့လုပ်ဆောင်နေသည့်အချိန်တွင် သူ၏အသက်ရှူသံက တဖြည်းဖြည်းပို၍ ပြင်းထန်လာခဲ့သည်။ သူ အသက်တစ်ကြိမ် ရှူလိုက်သည့်အချိန်တိုင်း သူ၏အရေပြားကို မြောက်မြားလွန်းလှသော ဓားတိုများနှင့်ထိုးနေသလို ခံစားနေရ၏။ သူ့မျက်နှာကလည်း အနည်းငယ် ခရမ်းရောင် ပြောင်းနေခဲ့သည်။

ပန်းရောင်ဝတ် ကလေးမလေးက နောက်ကျောတွင် ချွေးချန်း၏ စာအုပ်သေတ္တာကို ဆက်၍ သယ်ဆောင်ထားနေသေးသည်။ သူမက သတိပေးလိုက်၏။ “ပစ္စည်းကောင်းတွေ အရမ်းများတာကလည်း ဆိုးတဲ့အရာတစ်ခုဖြစ်နိုင်တယ် ဆရာ။ ကျွန်မက စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ကိစ္စတစ်ခုကို ပိုပြီးတော့ လိုချင်လေလေ ပိုပြီးတော့ ရနိုင်လေလေပဲ။ ဆရာက လမ်းလျှောက်ကျင့်စဉ်ကို သာမန်ထက်ပိုပြီးတော့ အချိန်ကြာကြာလေ့ကျင့်မိနေပြီ…”

ချန်းပင်အန်းက ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။ သူက စကားမပြောခဲ့ပေ။ မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်ထဲတွင် စုဆောင်းထားသော ချီစွမ်းအင်များကို ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။

စိမ်းပြာဝတ် ကောင်လေးကတော့ တမင်တကာ နောက်ချန်နေခဲ့ပြီး လှမ်းအော်လိုက်၏။

“ဟေ့အရူးလေး…”

ပန်းရောင်ဝတ် ကလေးမလေးကတော့ သူ့ကို ပြန်လှည့်ကြည့်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ သူမက သူ့ကို လျစ်လျူရှုတော့မည်ဖြစ်သော်လည်း စိမ်းပြာဝတ် ကောင်လေးက ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။ သူက သူမကို အရှိန်လျှော့ရန် အချက်ပြလိုက်ခြင်းဖြစ်ပြီး သိပ်မကြာခင် သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ လမ်းလျှောက်လာခဲ့ကြသည်။

စိမ်းပြာဝတ်ကောင်လေး ကောင်လေးကတော့ တည့်တည့်စိုက် လမ်းလျှောက်နေရင်း အတော်လေး မျက်နှာပျက်နေခဲ့၏။

ပန်းရောင်ဝတ် ကလေးမလေးကလည်း ခဏကြာတိတ်ဆိတ်သွားပြီး အကြံပေးလိုက်သည်။

“နင်က ဆရာ့ကို တောင်းပန်သင့်တယ်…”

ထိုစကားကိုကြားသည့်အခါ စိမ်းပြာဝတ်ကောင်လေးက အလွန်ဒေါသထွက်သွားခဲ့သည်။ သို့သော် သူက သူ့အသံကို ထိန်းပြီး ပြန်ပြောလိုက်၏။

“တောင်းပန်ရမှာလား။ နင့်ခေါင်းထဲကို မြစ်ကြီးတစ်စင်း စီးကျလာလို့ အဲဒီလို ရယ်စရာကောင်းတဲ့ အကြံပေးချက်မျိုး ရောက်လာတာလား..”

ပန်းရောင်ဝတ်ကလေးမလေးက အလွန်ထိတ်လန့်သွားသည့်အတွက် နောက်ထပ်ပင် စကားမပြောရဲတော့ပေ။

ခဏကြာတွေဝေနေပြီးနောက် စိမ်းပြာဝတ်ကောင်လေးက မေးလိုက်၏။

“ဆရာက ငါ့အပေါ် အပြစ်တင်မယ်လို့ နင်ထင်နေတာလား။ ဆရာက ငါ့အပေါ် ရန်ငြိုးထားမယ်လို့ နင်ထင်လား…”

“သူ အဲဒီလိုလုပ်မှာ မဟုတ်ဘူး…”

ပန်းရောင်ဝတ် ကလေးမလေးက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“တကယ်ပဲလား…”

စိမ်းပြာဝတ်ကောင်လေးက အတော်လေးကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“ဟုတ်တယ် တကယ်ပဲ…”

ပန်းရောင်ဝတ် ကလေးမလေးက အလွန်ယုံကြည်ချက်ရှိနေခဲ့သည်။

သို့သော် သူမ၏ ယုံကြည်ချက်များက လျင်မြန်စွာ လှုပ်ရှားလာပြီး ကောက်ချက်ချလိုက်၏။

“ငါ ထင်တာကို ပြောတာ…”

စိမ်းပြာဝတ်ကောင်လေးက ပို၍ပင် ဒေါသထွက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေထဲကို ရောက်လာခဲ့သည်။ သူက သူ၏အစစ်အမှန်ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ပြီး တောင်ကြား၏ ဘေးနှစ်ဖက်တွင် ရှိနေသော ကမ်းပါးများကို ဖြိုခွဲဖျက်စီးပစ်ချင်ခဲ့သည်။ သို့သော် အဆုံးတွင်တော့ အံကြိတ်ပြီး အားတင်၍ ပြုံးလိုက်ရ၏။

“ငါက ဆရာ့ကို ဒူးထောက်ပြီး တောင်းပန်လိုက်မယ်…”

“ဘယ်လို…”

ထိုစကားကို ကြားသည့်အခါ ပန်းရောင်ဝတ်ကလေးမလေးက မှင်တက်မိသွားသည်။

သိပ်မကြာခင် စိမ်းပြာဝတ်ကောင်လေးက စိတ်ပျက်နေသော အမူအရာနှင့် သူမ၏အနားကို ပြန်ရောက်လာခဲ့၏။

“ဘာဖြစ်တာလဲ…”

ပန်းရောင်ဝတ်ကလေးမလေးက မေးလိုက်သည်။

“ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်စမ်းပါ…”

စိမ်းပြာဝတ်ကောင်လေးက ဒေါသထွက်နေသော အမူအရာနှင့် ပြန်ပြောလိုက်၏။

ထို့နောက် သူက ဆူပုတ်ပုတ်မျက်နှာနှင့် မြေကြီးပေါ်တွင် ထိုင်ချပြီး ပြောလိုက်သည်။

“ငါက သူ့ကို စကားတောင် မပြောရဲဘူး။ ဘာလို့ ငါက ဒီလိုခံစားနေရတာလဲဆိုတာ ငါလည်း နားမလည်နိုင်တော့ဘူး။ ငါက အရမ်းရူးနေပြီ။ ဒါပေမဲ့ ငါ ဘာမှမလုပ်နိုင်ဘူး..”

ပန်းရောင်ဝတ်ကလေးမလေးက ချန်းပင်အန်းကို စိုက်ကြည့်လိုက်၏။ ထို့နောက် စိမ်းပြာဝတ်ကောင်လေး ကောင်လေးကို လှမ်းကြည့်လိုက်ပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ ပြောလိုက်၏။

“ဆရာက ဘယ်လိုခံစားနေရလဲဆိုတာ ငါ ကောင်းကောင်းကြီး နားလည်ပြီလို့ ထင်တယ်။ နင်က ငါ့ရဲ့အတွေးကို ကြားချင်လား။ တကယ်လို့ နင်မကြားချင်ဘူး ဆိုရင်တော့ ငါဘာမှမပြောတော့ဘူး။ ဒါပေမဲ့ နင်က ငါပြောမယ့်စကားကို ကြားချင်တယ်ဆိုရင်တော့ နင်က ရူးမသွားပါဘူး။ ငါ့ကို သေချာပေါက် မစားပါဘူးလို့ ကတိပေးရမယ်…”

“ကောင်းပြီ၊ ကောင်းပြီ။ ငါ ကတိပေးတယ်။ နင်ပြောစရာရှိတာကိုသာ ပြောစမ်းပါ…”

စိမ်းပြာဝတ်ကောင်လေးက အလျင်အမြန် ပြန်ပြောလိုက်သည်။

ပန်းရောင်ဝတ် ကလေးမလေး၏ မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်လာခဲ့၏။

“တကယ်လို့ နင့်ရဲ့မူလရည်ရွယ်ချက်က ဘဝအခက်အခဲတွေ ကြုံခဲ့ရတဲ့ အဲဒီကောင်လေးကို လောကကြီးက ဘယ်လောက်ရက်စက်ကြမ်းကြုတ်တဲ့အကြောင်း သင်ကြားပေးချင်တယ်ဆိုရင် နင်က မှန်ကန်တဲ့အရာကို လုပ်ခဲ့တာပဲ။ ဆရာကတောင် နင့်ကို တောင်းပန်ရလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ပျော်စရာကောင်းတယ်လို့ ထင်ပြီး သူ့ကို ထိခိုက်စေချင်ရုံသက်သက်ပဲ နင်ပြောလိုက်တာဆိုရင်တော့ နင့်ရဲ့လုပ်ရပ်တွေက ရလဒ်ကောင်းတွေ ထွက်လာမယ်ဆိုရင်တောင် ဆရာကတော့ မှန်ကန်တဲ့အရာလို့ တွေးမှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ စိတ်အခြေအနေကို ငါတွေးမိသလောက်ပဲ…”

“ဒါက မှန်ချင်မှလည်း မှန်လိမ့်မယ်။ ဆရာ ဘာတွေတွေးနေလဲဆိုတာကို ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ့ကို နင်ကိုယ်တိုင် စကားသွားပြီး ပြောလိုက်တာပဲ…”

စိမ်းပြာဝတ်ကောင်လေးက ခဏကြာ အံ့ဩသွားခဲ့ပြီး ပြန်ဖြေလိုက်၏။

“ဟုတ်တယ်၊ ငါလုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက ပျော်စရာကောင်းတယ်လို့ ခံစားမိခဲ့လို့ပဲ။ အဲဒီကောင်လေး သေတာရှင်တာက ငါနဲ့ ဘာဆိုင်လို့လဲ…”

ပန်းရောင်ဝတ် ကလေးမလေး၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

“အဲဒါဆိုရင်တော့ ငါလည်း နင့်ကို မကူညီနိုင်တော့ဘူး…”

“ငါလုပ်တာ မှားတယ်လို့ နင်ထင်နေတာလား…”

စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက်မေးလိုက်၏။

ပန်းရောင်ဝတ်ကလေးမလေးက တစ်စုံတစ်ခု ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားပြန်မပြောရန် ဆုံးဖြတ်လိုက်သည်။

“ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ…”

စိမ်းပြာဝတ်ကောင်လေးက ဒေါသသံနှင့် ဆက်၍ မေးလိုက်၏။

ပန်းရောင်ဝတ် ကလေးမလေးက နောက်ကျောတွင် လွယ်ထားသော စာအုပ်သေတ္တာကို လှုပ်ရှားနေရင်း စာအုပ်သေတ္တာအောက်တွင် ပုန်းအောင်းနေခဲ့သည်။ သူမက ထိုသို့လုပ်နေသည်မှာ စိတ်ကို လုံခြုံစိတ်ချရမှုတစ်ခု ရစေချင်ရုံသက်သက်ဟု ခံစားရသည်။

“ဆရာက သေချာပေါက် မှန်တယ်လို့ ငါထင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာလည်း သူ ဘာတွေတွေးနေလဲဆိုတာကို နင်က ဒီလောက်ဂရုစိုက်ဖို့ မလိုဘူး။ တကယ်လို့ သူတွေးနေတဲ့အရာကို နင်ဂရုစိုက်တယ်ဆိုရင်တောင် ဆရာကတော့ ဂရုစိုက်မှာ မဟုတ်ဘူး။ တကယ်လို့ နင်က အဲဒီလို တွေးနိုင်မယ်ဆိုရင်တော့ အရာအားလုံးက အရမ်းရိုးရှင်းသွားလိမ့်မယ်…”

စိမ်းပြာဝတ်ကောင်လေးက စဉ်းစားနေသော အမူအရာနှင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဆက်ပြောပါ…”

ပန်းရောင်ဝတ် ကလေးမလေး၏အသံက တဖြည်းဖြည်းပို၍ တိတ်ဆိတ်လာပြီး ဆက်ပြောလိုက်သည်။

“ပြီးတော့ ငါတို့တွေအားလုံးက လေ့ကျင့်နေတာ။ ငါတို့ရဲ့ ကျင့်စဉ်အဆင့်တွေကလည်း ဆရာ့ထက် အဆပေါင်းများစွာ ပိုပြီးတော့မြင်တယ်။ တကယ်လို့ နင့်ရဲ့ကျင့်ကြံမှုကသာ ပိုကောင်းပြီး ပိုမြန်လာမယ်ဆိုရင် တစ်နေ့နေ့မှာ သူပဲ မှားသွားတယ်ဆိုတာကို ဆရာက တွေးလာလိမ့်မယ်။ ဆရာ ငါ့ကို တစ်ကြိမ်ပြောခဲ့ဖူးတယ်။ တကယ်လို့ သူမှားနေတယ်ဆိုရင် ငါ သူ့ကို တိုက်ရိုက်ပြောရမယ်လို့ ပြောတယ်။ သူ သင်ပေးတဲ့အရာတွေက အမြဲတမ်းမှန်နေတယ်လို့ သူလည်း မတွေးဘူး။ ဒါကြောင့်လည်း ငါက ဆရာ့ကို သဘောကျရတာပဲ…”

ပန်းရောင်ဝတ် ကလေးမလေးက ထိုအကြောင်းကို ပြောနေရင်း မျက်နှာပေါ်တွင် ဝမ်းသာနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက မျက်ခုံးပင့်၍ ပြောလိုက်၏။

“ကျင့်ကြံမှုဆိုတာက ပါရမီနဲ့ပဲ သက်ဆိုင်တယ်။ ကြိုးစားအားထုတ်မှုနဲ့ မဆိုင်ဘူးလို့ ငါနင့်ကို ပြောခဲ့တယ်လေ…”

“နောက်တစ်ကြိမ် လုပ်ပြန်ပြီ။ ဒါကြောင့်လည်း ဆရာက နင့်ကို သဘောမကျတာပဲ..”

ပန်းရောင်ဝတ် ကလေးမလေးက မတ်တပ်ရပ်လိုက်ပြီး အမြန်လျှောက်သွား၍ ချန်းပင်အန်းကို အမီလိုက်ခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးကတော့ လက်တစ်ဖက်ကို လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ထဲတွင်နှင်းလုံးတစ်ခု ဖန်တီး၍ ပါးစပ်ထဲသို့ ပစ်ထည့်ကာ ဝါးနေခဲ့သည်။ သူ၏ အတွင်းစိတ်ပဋိပက္ခများက တဖြည်းဖြည်း ဆက်၍ ပြင်းထန်လာခဲ့၏။

သူက အလွန်ဉာဏ်ထိုင်းသော သူ့ဆရာကို သတ်ပစ်ချင်နေသည်။ ထိုသို့ဆိုလျှင် သူက နောက်ထပ်ဆက်ဆံစရာ မလိုတော့ပေ။ သို့သော် တစ်ချိန်တည်းတွင်လည်း သူက သူ၏မာနကို မြိုချပြီး တောင်းပန်ချင်နေခဲ့သည်။ သို့သော် သူက ထိုသို့လည်း မလုပ်နိုင်ပေ။

ရုတ်တရက်ဆိုသလို သူက အမှန်တကယ် အိမ်လွမ်းသော ဝေဒနာတစ်ခုကို ခံစားခဲ့ရ၏။ သူက သူတို့လာခဲ့သောနေရာကိုသာ ချက်ချင်း လှည့်ပြန်ချင်ခဲ့သည်။ ဤနေရာတွင် မည်သူကမျှ သူ့လို စိတ်ဓာတ်ကျမှုမျိုးကို ကြုံခဲ့ဖူးမည် မဟုတ်ချေ။ အိမ်တွင် သူ့စိတ်ကြိုက်စားနိုင်သောက်နိုင်သည်။ သူ့ဆီတွင် မိတ်ဆွေပေါင်းများစွာ ရှိနေပြီး သူလုပ်ချင်သည့်အရာကို လွတ်လပ်စွာ လုပ်နိုင်၏။ သူက မှန်သည် မှားသည်ဟူသော သဘောတရားမျိုးကို စဉ်းစားစရာမလိုအပ်ပေ။

သူက ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ ဆိုးရွားသော စည်းမျဉ်းများအားလုံးကိုလည်း နားထောင်နေခဲ့ခြင်းမရှိချေ။ သူ့ဆီတွင် ထိုကဲ့သို့ စိတ်ပျက်စရာကောင်းသော ဆရာတစ်ယောက်လည်း သေချာပေါက် မရှိခဲ့ချေ။

Translated by Hein Htet.

All Chapters